ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

တိုင်းရင်းသားရေးရာ

ကချင်

ethnic-image

ကချင်လူမျိုးများသည် အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းဒေသရှိ အာသံပြည်နယ်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနောက်တောင်ပိုင်းဒေသရှိ ယူနန်ပြည်နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျှက်ရှိသော မြန်မာ နိုင်ငံမြောက်ပိုင်းတွင် အခြေချနေထိုင်ကြသည်။ ဟိမဝန္တာတောင်တန်း၏ ရေခဲဖုံးတောင်များအနက် ကချင်ပြည်နယ်မြောက်ဖက်စွန်းဒေသရှိ ခါကာဘိုရာဇီတောင်သည် အရှေ့တောင်အာရှ၏ အမြင့်ဆုံးတောင်ထွတ်လည်းဖြစ်သည်။ ကချင်လူမျိုးတို့သည် တိဗက်-မြန်မာ (Tibeto-Burma) မျိုးနွယ်စုမှ ဆင်းသက်ခဲ့ပြီး မြန်မာနိုင်ငံနယ်နိမိတ်အတွင်းသို့ နောက်အကျဆုံး ဝင်ရောက်လာသည့် လူမျိုးစုများ ဖြစ်သည်။ ကချင်လူမျိုးတို့ ကျင်းပပြုလုပ်လေ့ရှိသည့် ပွဲတော်များအနက် ရောင်စုံမနောတိုင်များ၊ အလံ များဖြင့် အလှဆင်ထားသော ကွင်းပြင်တွင် ကျင်းပသည့် မနောပွဲတော်သည် အထင်ရှားဆုံး ပွဲတော် ဖြစ်သည်။ အဆိုပါပွဲတော်တွင် ပါဝင်ဆင်နွှဲကြသူများသည် ကချင်ရိုးရာတေးသွားများနှင့်အတူ ဝိုင်းပတ် ၍ ကခုန်ကြသည်။ ကျောက်စိမ်းနှင့် ပယင်းကဲ့သို့သော တွင်းထွက်ရတနာများသည် ကချင်ပြည်နယ်၏ အဓိကထွက်ကုန်များ ဖြစ်ကြသည်။