ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

တိုင်းရင်းသားရေးရာ

ကယား

ethnic-image

ကယားတိုင်းရင်းသားများသည် မွန်ဂိုလီယားကုန်ပြင်မြင့်မှတစ်ဆင့် ဆင်းသက်လာကြသော လူမျိုးများဖြစ်ကြသည်။ ကယားလူမျိုးများသည် ကယား ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကရင်ပြည်နယ်မြောက်ပိုင်း ၊ မန္တလေးတိုင်းဒေသကြီး အရှေ့ပိုင်းတောင်တန်းဒေသ ၊ ပဲခူးတိုင်း-တောင်ငူခရိုင်တို့တွင်နေထိုင်ကြပါသည်။ ကယားတိုင်းရင်းသားအချင်းချင်း ပြောဆိုရာတွင် ကယားစကားကို ပြောဆိုကြသော်လည်း ရောင်းရေးဝယ်မှုစသည့်  ဝေါဟာ ရစကားမှာ ရှမ်းနှင့်မြန်မာစကားကို သုံးနှုန်းကြလေသည်။ ရုံးသုံးစကားကိုမူကျယ်ဖိုးကြီးစာပေကိုအသုံးပြုပါသည်။ ကယားအမျိုးသားတို့သည် အနက် ရောင် ဘောင်းဘီရှည်နှင့် ရှပ်အင်္ကျီဖြူကို တွဲဘက်ဝတ်ဆင်ပြီးခေါင်းပေါင်းအနီရောင်ပေါင်း၍ ခါးစည်းပန်းရောင်စည်းထားသည်။ အမျိုးသမီးများမှာ ဆံထုံးထုံး၍ အနီရောင်ပုဝါ ပေါင်းသည်။ အနီရောင်(သို့မဟုတ်) အနက်ရောင်ခြုံထည်ကို လွှမ်းခြုံထားသည်။ (၆)ပေခန့်ရှည်သော အဖြူရောင်ခါးစည်းစည်းကြသည်။ အနက်ရောင် (သို့မဟုတ်) အနီရောင်ထမိန်တိုကို ဝတ်၍ ခြေသလုံးတွင် သစ်စေးသုတ်ထားသော ချည်ကွင်းများစွပ်ထားသည်။