ကရင် ရိုးရာအစားအစာများ
တိုင်းရင်းသားများ၏ ရိုးရာအစားအစာများအား လေ့လာသိရှိရန်ရန် ဖော်ပြထားပါသည်။ 3
ဆက်လက်ဖတ်ရှုပါရန်ကရင်လူမျိုးများသည် မြန်မာနိုင်ငံ၊ ဧရာဝတီမြစ်ကြောင်း၊ မြစ်ဝကျွန်းပေါ်ဒေသတစ်လျှောက်နှင့် ပဲခူး ရိုးမဒေသတစ်ဝိုက်တွင်လည်းကောင်း၊ အချို့မှာ သံလွင်မြစ်ကြောင်းအတိုင်း ကုန်းမြင့်ဒေသကို ဖြတ်ကျော်ကာ တောင်ငူခရိုင်နှင့် တနင်္သာရီတောင်တန်း တစ်လျှောက်တွင်လည်းကောင်း ၊ မဲခေါင်မြစ်ဝှမ်း၊ ရွှေလီမြစ်ဝှမ်းနှင့် မြစ်ကြောင်းများကို စုန်ဆင်းလျက် ရှမ်းကုန်းမြင့်တွင် တစ်ချို့နေထိုင်ကျန်ရစ်ခဲ့ပြီး ကယားပြည်နယ်နှင့် တနင်္သာရီတောင် တန်းမှတဆင့် ယိုးဒယား(ထိုင်း)၊လာအိုနှင့် ဖိလစ်ပိုင်နိုင်ငံဘက် သို့ပျံ့နှံ့နေထိုင်ခဲ့ကြသည်။ကရင်လူမျိုးတို့သည်အသားဝါပြီးမျက်နှာကျယ်ပြီးဝိုင်းသည်၊မေးရိုးဖောင်းပြီး ကားသည်၊ မျက်လုံးမည်းသည်၊ နှာခေါင်းပွပြီးကျယ်သည်၊ ဆံပင်မဲပြီးဖြောင့်သည်၊ ခြေသလုံးကြီးသည်၊ ဝတ်စားဆင်ယင်ပုံအနေဖြင့် အမျိုးသားများတွင် သင်တိုင်းခါးရှည်၊အနီရောင်ပေါ်တွင် အဖြူနှင့်အပြာ အစင်းဖော်၍ ရက်လုပ်ကြသည်။ ၎င်းသင်တိုင်းကို ခေါင်းမြီးချုံစွပ်၍ သော် လည်းကောင်း၊ ရင်ခွဲပြီး ခါးသိမ်ချုပ်ခြင်း၊ အဖြူရောင်အင်္ကျီအပေါ်ထပ်၍ ဝတ်ဆင်ခြင်းများရှိသည်။ အမျိုးသမီးများတို့တွင် အသက်အရွယ်အလိုက်အောက်ပိုင်းထဘီကိုဝတ်ဆင်ကြသော်လည်းအင်္ကျီကိုမူခေါင်းစွပ်သင်တိုင်းများသာဝတ်ဆင်ရသည်။ရင်ကွဲ၊ရင်စေ့၊ရင်ဖုံးများမဝတ်ဆင်ရ၊ ကရင်လူမျိုး တို့၏ ရိုးရာအဝတ်အစားတို့တွင် ထူးခြား မှုမရှိသော်လည်းနေ့ထူးနေ့မြတ်ရိုးရာပွဲတော်ရက်များတွင်စုံစုံလင်လင်ဝတ်ဆင်လေ့ရှိကြသည်။
တိုင်းရင်းသားများ၏ ရိုးရာအစားအစာများအား လေ့လာသိရှိရန်ရန် ဖော်ပြထားပါသည်။ 3
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံများအား လေ့လာသိရှိရန်ရန် ဖော်ပြထားပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားများ၏ ပွဲတော်များ နှင့် အထိမ်းအမှတ်နေ့များအား လေ့လာသိရှိရန်ရန် ဖော်ပြထားပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားများ၏ လူမျိုးစားများ နှင့် နေထိုင်ရာ အရပ်ဒေသများအား လေ့လာသိရှိရန်ရန် ဖော်ပြထားပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံများအား တစ်နေရာတည်းတွင် လေ့လာသိရှိရန်ရန်အတွက် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ အနေဖြင့်ဖော်ပြထားပါသည်။
ဆက်လက်ဖတ်ရှုပါရန်