ဗမာ ရိုးရာအစားအစာများ
တိုင်းရင်းသားများ၏ ရိုးရာအစားအစာများအား လေ့လာသိရှိရန်ရန် ဖော်ပြထားပါသည်။ 5
ဆက်လက်ဖတ်ရှုပါရန်ဗမာလူမျိုးတို့သည်လွန်ခဲ့သောခရစ်နှစ်(၈၀၀)ခန့်က ဗမာအနွယ်ဝင်လူမျိုးစုတို့သည် သံလွင်မြစ်ကြောင်းကို လိုက်၍ ကျောက်ဆည်မြို့၏ အရှေ့တောင်ဘက်ရှိ နတ်ထိပ်တောင်းကြားမှ မြန်မာပြည်တွင်းသို့ စတင်ဝင်ရောက်ခဲ့ကြသည်။ ပန်းလောင်မြစ်၊ဇော်ဂျီမြစ် ၊ စမုန်မြစ်တို့ ဖြတ်သန်းစီးဆင်းရာဒေသအား “မြစ်သားဆယ့်တစ်ခရိုင်” ဟူ၍ လည်း ကောင်း၊“လယ်တွင်းဆယ့်တစ်ခရိုင်”ဟူ၍လည်းကောင်း မြေဆီဩဇာကောင်းမွန်ခြင်း၊ ရေအလုံအလောက်ရရှိခြင်းစသဖြင့်လူမျိုးစုများ အခြေချစုစည်း နေထိုင်ခဲ့ကြလေသည်။ နောင်တွင် အချို့သည် တောင်တွင်းကြီးဒေသ၊ စလင်းချောင်းမုန်းချောင်းတို့ရှိရာ “မင်းဘူးခြောက်ခရိုင်” နှင့် အချို့သည် “ပုံတောင် ၊ ပုံညာဒေသ” အပါ အဝင် ချင်းတောင်တန်းဒေသနှင့် “မူးမြစ်ဝှမ်း” ဒေသများသို့ ပျံနှံ့ရောက်ရှိသွားကြောင်း လေ့လာတွေ့ရှိရသည်။ “မြန်မာအစ တကောင်းက ဆိုရိုးစကားနှင့်အညီ ဂေါတမမြတ်စွာဘုရား ပွင့်တော်မမူမီ မဇ္ဈိမဒေသကပိလဝတ်ပြည်မှ“အဘိရာဇာ” မည်သောသကျသာကီမင်းသည် မြန်မာနိုင်ငံဘက်သို့ရွှေ့ပြောင်းလာ၍ တကောင်းပြည်ကို တည်ထောင်လာသည်မှစ၍ မြတ် စွာဘုရားသက်တော် ထင်ရှားရှိစဉ်ကာလ ကပိလဝတ်ပြည်ပျက်၍ “ဓဇရာဇါ” မည်သော သာကီဝင်မင်းရောက်ရှိလာကာ တကောင်းပြည်ကို ပြန်လည်တည်ထောင်ခဲ့ရာမှ မင်းဆက်အနွယ်တို့သည် ရခိုင်ပြည် “ ဓညဝတီ”“သရေခေတ္တရာပြည်” မှစကာ “ပုဂံ”ကို ဆက်လက်တည်ထောင်၍ “ကုန်းဘောင်ခေတ်” အထိ အဆက်ဆက်အုပ် ချုပ် ခဲ့ ပေရာ ဤအဆိုအရ “တကောင်း” မှာ ဗမာ လူမျိုး တို့၏ အစ ဟုမဆိုသာဘဲ “ဗမာနိုင်ငံထီးဆောင်းမင်း”တို့၏ အစဟု ဆင်ခြင်သုံးသပ်နိုင်ပေသည်။
တိုင်းရင်းသားများ၏ ရိုးရာအစားအစာများအား လေ့လာသိရှိရန်ရန် ဖော်ပြထားပါသည်။ 5
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံများအား လေ့လာသိရှိရန်ရန် ဖော်ပြထားပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားများ၏ ပွဲတော်များ နှင့် အထိမ်းအမှတ်နေ့များအား လေ့လာသိရှိရန်ရန် ဖော်ပြထားပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားများ၏ လူမျိုးစားများ နှင့် နေထိုင်ရာ အရပ်ဒေသများအား လေ့လာသိရှိရန်ရန် ဖော်ပြထားပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံများအား တစ်နေရာတည်းတွင် လေ့လာသိရှိရန်ရန်အတွက် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ အနေဖြင့်ဖော်ပြထားပါသည်။
ဆက်လက်ဖတ်ရှုပါရန်