ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

တိုင်းရင်းသားရေးရာ

မွန်

ethnic-image

မွန်-ခမာဘာသာစကားအုပ်စုဝင် မွန်လူမျိုးတို့သည်  မြန်မာနိုင်ငံအတွင်းသို့ မဲခေါင်မြစ်ဝှမ်းမှ တစ်ဆင့် မဲနမ်မြစ်ဝှမ်း ၊ ဧရာဝတီမြစ်ဝှမ်းတစ်လျောက် စိုက်ပျိုးရေး ကောင်းမွန်သော နေရာများသို့ တဖြည်းဖြည်း ပျံ့နှံ့ရောက်ရှိလာကြသည်။ မြန်မာနိုင်ငံအတွင်းသို့ တိဗက်-မြန်မာအုပ်စုဝင်များ ဝင်ရောက်လာရာ အထူးသဖြင့် ပျူတို့အင်အားဖြင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ဆင်းသက်လာသည့်အခါတွင် မွန်လူမျိုးတို့သည် ဧရာဝတီမြစ်ဝှမ်းဒေသများနှင့် စစ်တောင်းမြစ်ဝှမ်း ဒေသများသို့ သွားရောက်နေထိုင်ကြသည်။ ယခုအခါ မွန်လူမျိုးများသည် မွန်ပြည်နယ်၊ သထုံ၊ ကျိုက်ထို၊ ဘီးလင်း၊ ပေါင်၊ မုတ္တမ၊ မော်လမြိုင်၊ သံဖြူဇရပ်၊ မုဒုံ၊ ရေး၊ ကျိုက်မရော၊ ချောင်းဆုံ၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ဂျိုင်းမြစ်ဝှမ်းတစ်လျှောက်ရှိ ရွာကြီးများ၊သံလွင်မြစ်ဝှမ်း၊စစ်တောင်းမြစ်ဝှမ်း၊ ဧရာဝတီမြစ်ဝှမ်းနှင့် မြစ်ဝကျွန်းပေါ်များတွင် အနှံ့ အပြား နေထိုင်ကြသည်။