ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

တိုင်းရင်းသားရေးရာ

ရခိုင်

ethnic-image

ရခိုင်လူမျိုးတို့သည် ရခိုင်ပြည်နှင့်နယ်နိမိတ်ချင်းဆက်စပ်နေသော အိန္ဒိယအရှေ့မြောက်ပိုင်းဒေသမှ ဝင်ရောက်လာသူများ ဖြစ်သည်။ ရခိုင်တွင်တစ်ချိန်ကရှေးဦးလူမျိုးတစ်မျိုးရှိခဲ့၍ ရခိုင်ရာဇဝင်၌ မူလရှိနေသူများကို ‘ရက္ခိုသ်’ ဟူ၍ ခေါ်သည်။ရခိုင်လူမျိုးများသည်ရခိုင်ပြည်နယ်အတွင်းရှိမြစ်ဝှမ်း၊ချောင်းရိုး ၊ မြစ်ဝမြေနုကျွန်းပေါ်များနှင့် ရမ်းဗြဲ၊ မာန်အောင် စသည့်ကျွန်းကြီးများပေါ်တွင်နေထိုင်ကြပြီး လူဦးရေနှစ်သန်းကျော်ရှိ၍ စတုရန်းတစ်မိုင်လျှင်လူဦးရေ ၁၃၀ခန့် နေထိုင်ကြသည်။ မြေနိမ့်လွင်ပြင်ဒေသများတွင် လူဦးရေထူထပ်ပြီး တောင်ကုန်းဒေသများတွင် လူဦးရေအလွန်နည်းသည်။ ရခိုင်လူမျိုးများသည် တိဘက်-မြန်မာ အနွယ်ဝင်များဖြစ်ပြီး တခြားသောမြန်မာမျိုးနွယ်ဝင် တိုင်းရင်းသားများနှင့် မျက်နှာသွင်ပြင် နီးစပ်မှုရှိပြီး အင်ဒိုအာရီယာန်များဘက်သို့လည်း နှီးနွှယ်မှုရှိသည့် သွင်ပြင်လက္ခဏာများကို တွေ့ရသည်။