ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

တိုင်းရင်းသားရေးရာ

ရှမ်း

ethnic-image

ရှမ်း(သျှမ်း)၏ အဓိပ္ပါယ်မှာ ရှေးရှမ်းသုတတေသီတို့၏အဆိုအရ အရှင်သခင်အဖြစ် အစိုးရတတ်ခြင်း၊ ရွှေအဆင်းနှင့် တူသော ဝါဝင်းသော ကိုယ်အဆင်းရှိခြင်း၊ မညီညာသောတောင်ကုန်း၊ တောင်တန်းဒေသတို့၌ နေထိုင်ခြင်း၊ ကုန်သွယ်မှုပြုခြင်း၊ တစ်ဦးနှင့်တစ်ဦးစိတ်ဝမ်းမကွဲမပြားဆောင်ရွက်နိုင်စွမ်း၊သတ္တိရှိခြင်းဟူ၍အဓိပ္ပါယ်ဖွင့်ဆိုခဲ့သည်။ တိုင်း(ရှမ်း)တို့သည် အရှေ့တောင်အာရှဘက်သို့ အစုလိုက်အပြုံလိုက် ဝင်ရောက်လာကြပြီး မဲခေါင်မြစ်၊ မဲနမ်မြစ်၊ သံလွင်မြစ်၊ ရွှေလီမြစ်၊ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ ဗြဟ္မာပုတ္တရမြစ်အတိုင်း စုန်ဆင်း နေထိုင်ကြသည်။ တိုင်း(ရှမ်း)တို့သည် ရွှေလီမြစ်တစ်လျောက်နေထိုင်ပြီး မောအင်ပါယာကို တည်ထောင်ခဲ့သည်။ မောနိုင်ငံပျက်စီးသွားပြီးနောက် ရှမ်းလူမျိုးတို့သည် နေရာအနှံ့အပြားသို့ ရောက်ရှိကာ စော်ဘွားနယ်များအဖြစ် တည်ထောင်နေထိုင်ကြသည်။ ရှမ်းလူမျိုးစုတွင် ရှမ်း၊ ယွန်း (လာအို)၊ ကွီ၊ ဖျင်၊ သအို၊ ဓနော၊ ပလေး၊ အင်၊ စုံ(ဆံ)၊ ခမူ၊ ကော်(အာခါ-အီကော) ၊ ကိုးကန့်၊ ထနော့၊ ခန္တီးရှမ်း ၊ ဂုံ(ခွန်)၊ တောင်ရိုး၊ ဓနု၊ ပလောင်၊ မြောင်ဇီး၊ယင်းကြား၊ယင်းနက်၊ရှမ်းကလေး၊ ရှမ်းကြီး၊ လားဟူ၊ အင်း သား၊အိုက်ဆွယ်၊ပအို့ဝ် (တောင်သူ)၊ တိုင်းလွယ်၊ တိုင်လျမ် ၊ တိုင်းလုံ၊ တိုင်းလေ့၊ မိုင်းသာ၊ မော ရှမ်း၊ ဝ စသည်ဖြင့် (၃၃)မျိုး ပါဝင်သည်။