ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

တိုင်ရင်းသားရေးရာ

ချင်းအနွယ်ဝင်များသည် ချင်းပြည်နယ် ကန်ပက်လက်၊ မင်းတပ်၊ မတူပီ၊ ပလက်ဝ၊ တီးတိန်၊ တွန်းဇံ၊ ထန်တလန်၊ ဟားခါး၊ ဖလမ်း စသည့် မြို့နယ်များတွင် အများစု မှီတင်းနေထိုင်ကြပြီး ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးတို့တွင်လည်းကောင်း၊ အိန္ဒိယနိုင်ငံရှိ အာသံပြည်နယ်၊ မဏိပူရပြည်နယ်၊ မီဇိုပြည်နယ်၊ နာဂပြည်နယ်တို့တွင်လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခရိုင်တစ်ခု၌လည်းကောင်း ပျံ့နှံ့နေထိုင်ကြပါသည်။

မြောက်ပိုင်းချင်းတောင်တွင် Thado, Yo, Siyin, Sokte, Kamhow လူမျိုးများ နေထိုင်ကြသည်။ ဗဟိုချင်းနယ်ဖလမ်းတွင် Tashon, Lomban, Laizo, Kwangli, Whelngo, Yahow တို့နေထိုင်ကြသည်။ တောင်ပိုင်းချင်းပြည်နယ်တွင် Hsemtang, Zhotung, Lawhtu, Wahtu, Haka, Yokwa, Klang, Bwal, Kwalringtlang, Lai တို့နေထိုင်ကြသည်။ ကန်ပက်လက်ဝန်းကျင် စလင်းနှင့် ပေါက်ကဒူး- ပိုင်ဒေါ် ချောင်းများတွင် Yindu လူမျိုးများနေကြသည်။ နယ်စပ်တစ်လျှောက်ရှိ ချင်းများမှာ Matu-Yopa, M'Gan(ကြိမ်ခွေခါးပတ်ချင်း) တို့ဖြစ်ကြသည်။

ဆလိုင်းရွှေလင်း၊ ချင်းလူမျိုးဆိုင်ရာ အနှစ်ချုပ်မှတ်စုများ

မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးစုများ၊ Races of Burma (Page 18 - 19)   

ချင်း

မြန်မာမင်းများ လက်ထက်ကပင် မဏိပူရပြည်သားများသည် မြန်မာနိုင်ငံတွင်းသို့ ရောက်ရှိနေထိုင်ခဲ့ကြသည်။ ထိုမဏိပူရပြည်သားများနှင့် ယင်းတို့မှဆင်းသက်ပေါက်ဖွားလာသူတို့ကို မြန်မာဝေါဟာရအားဖြင့် ကသည်း ဟုခေါ်သည်။ ပြောဆိုသောမူရင်းဘာသာစကားအရ ထိုကသည်းတို့မှာ ကုကီချင်းအုပ်စုဝင် ချင်းလူမျိုးတစ်မျိုးဖြစ်ကြောင်း တွေ့ရှိရသည်။ ကုကီချင်းအစုကို မေထေးနှင့်ချင်းရိုးရိုးဟူ၍ နှစ်စုခွဲထားရာ ကသည်းတို့မှာ ပထမအစုဖြစ်သော မေထေးတို့တွင် အပါအဝင်ဖြစ်သည်။ မေထေးမှာ မဏိပူရသားတို့ကို ခေါ်ဝေါ်သော အမည်တစ်မျိုးဖြစ်သည်။ မြန်မာတို့ကမူ မဏိပူရပြည်နှင့် မေထေးလူမျိုးတို့အား ကသည်းပြည်နှင့် ကသည်းလူမျိုးဟုပင် ခေါ်ဝေါ်ကြသည်။ ကသည်းတို့မှာ အများအားဖြင့် ဟိန္ဒူဘာသာဝင်များဖြစ်ကြသည်။ ကသည်းတို့သည် အိန္ဒိယနိုင်ငံ အာသံပြည်နယ်၊ မဏိပူရပြည်နယ်၊ မီဇိုပြည်နယ်၊ မြန်မာနိုင်ငံ နာဂတောင်တန်းဒေသများတွင် အများစုနေထိုင်ကြပြီး မန္တလေးမြို့တွင်လည်း ပျံ့နှံ့နေထိုင်ကြသည်။

မောင်ပုဆိုးကြမ်း၊ တိုင်းရင်းသားအဘိဓာန်(စာ-၁၁၁)၊ ဆလိုင်းရွှေလင်း၊ ချင်းလူမျိုးများဆိုင်ရာအနှစ်ချုပ်မှတ်စုများ

မယ်တိုင်(ကသဲ)

လူမျိုးစုအမည်မဟုတ်ပါ။ လူမျိုးအမည်အရှေ့မှ "ဦး" ကဲ့သို့ အမျိုးသားအမည်ကို ဖော်ပြသော စကားလုံးဖြစ်ပါသည်။

ချင်းအမျိူးသားအထောက်အကူပြုကော်မတီ

ဆလိုင်း

လူမျိုးစုအစည်းအဝေးအရ ခေါ်စေလိုသောအမည်မှာ လူရှိုင်း (Lashai) ဖြစ်၍ လိုင်မီး(Laimi) အုပ်စုတွင် ပါဝင်ပါသည်။ 

ကလင်ကော(လုရှေ)တို့သည် မွန်ဂိုလီးယားမှ တိဗက်၊ ထိုမှတစ်ဆင့် အိန္ဒိယနိုင်ငံရှိ လူရိုင်းတောင်တန်းများသို့ ရောက်ရှိလာသည်ဟုဆိုသည်။ လူရိုင်းတောင်တန်းများမှ ချင်းတောင်ဘက်သို့လည်းကောင်း၊ ချင်းတွင်းမြစ်တစ်လျှောက် ကလေးမြို့ဘက်သို့လည်းကောင်း၊ ပလက်ဝနယ်ဘက်သို့လည်းကောင်း ပျံ့နှံ့ရောက်ရှိလာကြသည်။ ပလက်ဝနယ်တွင် ကလင်ကော(လုရှေ)တို့သည် မရာတို့နှင့် ရောနှောနေထိုင်ကြရာ ဘာသာစကားနှင့် နေထိုင်ပုံများစွာတူညီကြသည့်အလျောက် အချင်းချင်း လက်ဆက်မှုများ ရှိသည်ဟုဆိုသည်။ မရာတို့က ကလင်ကော(လုရှေ)တို့ကို မော်ကျေစာဟု လည်းကောင်း၊ တလိုက်ကို့ဟု လည်းကောင်းခေါ်ဝေါ်လေ့ရှိကြသည်။

ချင်းအမျိုးသားအထောက်အကူပြုကော်မတီ

မောင်ပုဆိုးကြမ်း၊ တိုင်းရင်းသားလူမျိုးများအဘိဓာန် (စာ၁၀၆၊ ၁၀၉)

ကလင်ကော(လုရှေ)

လူမျိုးစုအစည်းအဝေးအရ ခေါ်စေလိုသောအမည်မှာ ခူမီး/ခမီး (Khumi/Khami) ဖြစ်၍ ခူမီး (Khumi) အုပ်စုတွင်ပါဝင်ပါသည်။ 

ခမီလူမျိုးများသည် ရခိုင်ပြည်နယ် စစ်တွေခရိုင်နှင့် ပလက်ဝနယ်တို့တွင် အများဆုံးနေထိုင်ကြပြီး (ချင်းလူမျိုးဆိုင်ရာ အနှစ်ချုပ်မှတ်စု စာ ၆၀) ခမီတို့သည် ကန်ပက်လက်၊ မင်းတပ်၊ မတူပီ၊ ပလက်ဝ၊ တီးတိန်၊ တွန်းဇံ၊ ထန်တလန်၊ ဟားခါး၊ ဖလမ်း စသည့်မြို့နယ်များတွင် မှီတင်းနေထိုင်ကြပါသည်။

ချင်းအမျိုးသားအထောက်အကူပြုကော်မတီ

ခမီ

လူမျိုးစုအစည်းအဝေးအရ ခေါ်စေလိုသောအမည်မှာ အဝခမီ(Awa- Khami) ဖြစ်၍ ခူမီး(Khumi) အုပ်စုတွင်ပါဝင်ပါသည်။ အဝခမီတို့သည် ရခိုင်ပြည်နယ်ရှိ ကျောက်တော်၊ ပုဏ္ဏားကျွန်းနှင့် ပေါက်တောမြို့နယ်ရှိ ကျေးရွာတို့တွင် နေထိုင်ကြပါသည်။

အဝခမီ လူမျိုးများသည် မြောက်ပိုင်းချင်းတောင်များမှ ခမီတို့နှင့်အတူ တဖြည်းဖြည်းဆင်းလာကြသည့် ခမီတို့နှင့် အနွယ်တူလူမျိုးတစ်စုဟု ယူဆရပေသည်။ ခန်းလုံးတောင်တွင် ခမီ အုပ်စုများနှင့်ခွဲကာ မီးချောင်း၊ ရန်ချောင်း၊ သိရီချောင်းအတိုင်း စုန်ဆင်းသွားပြီး ယင်းချောင်းဝ တစ်ဝိုက်၌နေသော လူမျိုးများကို အဝခမီများဖြစ်သည်ဟု ထင်ရသည်။ အဝခမီစကားနှင့် ခမီ စကားတို့သည် အများအားဖြင့် တူညီကြသည်။ အချိန်ကာလ ကြာညောင်းလာခြင်း၊ ဒေသကွဲသွားခြင်း၊ အဆက်အသွယ်နည်းပါးခြင်းတို့ကြောင့် ပြောဆိုသော စကားများ ကွဲပြားသွားသည်ဟု ယူဆစရာရှိလေသည်။ 

ချင်းအမျိုးသားအထောက်အကူပြုကော်မတီ

အောင်ခမီ

လူမျိုးစုအစည်းအဝေးအရ ခေါ်စေလိုသောအမည်မှာ ခွာနိုး(Khawno) ဖြစ်၍ ဇိုမီး(Zomi) အုပ်စုတွင်ပါဝင်ပါသည်။ တီးတိန်မြို့နယ်တွင်တွေ့ရပါသည်။

ချင်းအမျိုးသားအထောက်အကူပြုကော်မတီ

ခေါနိုး

လူမျိုးစုအစည်းအဝေးတွင် လူမျိုးစုပါဝင်ရန် ဆွေးနွေးဆဲဖြစ်ပါသည်။ ပလက်ဝမြို့နယ်တွင် တွေ့ရှိရပါသည်။

ချင်းအမျိုးသားအထောက်အကူပြုကော်မတီ

ခေါင်စို

လူမျိုးစုအစည်းအဝေးအရ ခေါ်စေလိုသောအမည်မှာ ထာဒိုကူကီး(Thadoukuki) ဖြစ်၍ ဇိုမီး(Zomi) အုပ်စုတွင် ပါဝင်ပါသည်။ ထာဒို (Thado) လူမျိုးနှင့် တူညီပါသည်ဟု ဖော်ပြထားသည်။

ခေါင်ဆိုင်လူမျိုးစုများသည် တမူးမြို့နယ်တွင် နေထိုင်သော ချင်းမျိုးနွယ်စုများအနက် အများဆုံးဖြစ်သလို ပထမဦးဆုံး နေထိုင်ခဲ့ကြသူများဖြစ်သည်။ 

ချင်းလူမျိုးဆိုင်ရာအနှစ်ချုပ်မှတ်စု (စာ၁၄)

ခေါင်ဆိုင်ချင်း

လူမျိုးစုအစည်းအဝေးအရ ခေါ်စေလိုသောအမည်မှာ ခွာလ်ဆိမ်း (Khualsim) ဖြစ်ပြီး လိုင်မီး (Laimi) အုပ်စုတွင်ပါဝင်ပါသည်။ ဖလမ်းမြို့နယ်တွင် နေထိုင်ကြပါသည်။ 

ချင်းအမျိုးသားအထောက်အကူပြုကော်မတီ

ခွာဆင်း(မ်)

လူမျိုးစုအစည်းအဝေးအရ ခေါ်စေလိုသောအမည်မှာ ဆင်မ် (Sim) ဖြစ်ပြီး လိုင်မီး (Laimi) အုပ်စုတွင် ပါဝင်ပါသည်။ ဖလမ်းမြို့နယ်တွင် နေထိုင်ကြပါသည်။

ချင်းအမျိုးသားအထောက်အကူပြုကော်မတီ

ခွန်လီ(ဆင်မ်)

လူမျိုးစုအစည်းအဝေးအရ ခေါ်စေလိုသောအမည်မှာ ဂန်းတဲ(Gangte) ဖြစ်ပြီး ဇိုမီး (Zomi) အုပ်စုတွင်ပါဝင်ပါသည်။ တီးတိန်၊ တွန်းဇံနှင့် တမူးတို့တွင်‌နေထိုင်ပါသည်။

ချင်းအမျိုးသားအထောက်အကူပြုကော်မတီ

ဂန်တဲ့

လူမျိုးစုအစည်းအဝေးအရ ခေါ်စေလိုသောအမည်မှာ ဂွီးတဲ(Guite) ဖြစ်ပြီး ဇိုမီး(Zomi) အုပ်စုတွင်ပါဝင်ပါသည်။ တီးတိန်၊ တွန်းဇံနှင့် တမူးမြို့တို့တွင် နေထိုင်ကြပါသည်။ ဂွေးတဲလူမျိုးစုများသည် တမူးမြို့နယ်အတွင်းရှိ ကျွန်းတောရေရှင်နှင့် ခမ်းပတ်၊ ဘုက္ကန်မြို့သစ်ကျေးရွာနှင့် တမူးမြို့တို့တွင် နေထိုင်ကြပါသည်။

ချင်းအမျိုးသားအထောက်အကူပြုကော်မတီ

ချင်းလူမျိုးဆိုင်ရာအနှစ်ချုပ်မှတ်စုများ (စာ၁၅)

ဂွေးတဲ

လူမျိုးစုအစည်းအဝေးအရ ခေါ်စေလိုသောအမည်မှာ ငေါန်(Ngawn) ဖြစ်ပြီး လိုင်မီး(Laimi) အုပ်စုတွင် ပါဝင်ပါသည်။ ငွန်းလူမျိုးများသည် ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် အများစုနေထိုင်ကြပါသည်။ 

ချင်းအမျိုးသားအထောက်အကူပြုကော်မတီ

ငွန်း

လူမျိုးစုအစည်းအဝေးအရ ခေါ်စေလိုသောအမည်မှာ စီးယင်း(Siyin/Sizang) ဖြစ်ပြီး ဇိုမီး(Zomi) အုပ်စုတွင်ပါဝင်ပါသည်။

ဆီစာန်လူမျိုးစုများသည် ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်နယ်တွင် ပျံ့နှံ့နေထိုင်လျက်ရှိသည်။

ချင်းအမျိုးသားအထောက်အကူပြုကော်မတီ

ဦးမင်းနိုင်၊ ဒို့သွေး ဒို့သား တိုင်းရင်းဘွား (စာ-၂၀)

ဆီစာန်