ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

တိုင်ရင်းသားရေးရာ

ရှမ်းလူမျိုးများသည် မြောက်သိန္နီ၊ တောင်သိန္နီ၊ သီပေါ၊ မိုးမိတ်၊ လားရှိုး၊ မိုးနဲ၊ မိုင်းနောင်၊ နောင်မွန်၊ လွယ်လင်၊လဲခြား၊ မိုင်းကိုင်၊ ညောင်ရွှေ၊ ကျေးစီ၊ မန်းဆန်၊ ပင်လုံ၊ ကျိုင်းတုံ၊ နမ်းခမ်းနှင့် မိုးကုတ်၊ ကချင်ပြည်နယ်မိုးကောင်း၊ မိုးညှင်း၊ ဗန်းမော်၊ အင်းတော်ကြီးနယ်များတွင် အများဆုံးနေထိုင်ကြပြီး စစ်ကိုင်တိုင်းဒေသကြီး ကသာ၊ အထက်ချင်းတွင်း၊ဟုမ္မလင်း၊ သောင်သွတ်၊ ခန္တီးနယ်များနှင့် မြေပြန့်အရပ်များတွင် အနည်းငယ်စီပျံ့နှံ့နေထိုင်ကြသည်။ ရှမ်းများသည် ယူနန်နှင့် ယိုးဒယားနယ်စပ် တိုင်အောင် ပျံ့နှံ့နေထိုင်လျက်ရှိကြသည်။

၁၉၃၁ခုနှစ်တွင် ရှမ်းဦးရေ(၁,၀၃၇,၄၀၆)ဦးရှိခဲ့ပါသည်။ အောက်မြန်မာပြည်တွင် ရှမ်းလူမျိုး အနည်းငယ်အား ပဲခူးတိုင်းဒေသကြီး တောင်ငူ၊ မွန်ပြည်နယ် သထုံနှင့် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်များတွင် တွေ့ရသည်။ ထိုင်းနိုင်ငံတွင် ရှမ်းလူမျိုး(၅)သန်းခန့်နှင့် လာအိုနိုင်ငံ၌ ရှမ်းလူမျိုး(၃)သန်းခွဲခန့် ရှိမည်ဟု ခန့်မှန်းရသည်။ ကန်တုံနှင့် ကွမ်စီတွင် ရှမ်းလူမျိုး(၇)သန်းခန့် ရှိနိုင်သည်။ တရုတ်ပြည်နှင့် အင်ဒိုချိုင်းနား ကျွန်းဆွယ်တွင် ရှမ်းလူမျိုး သန်း(၂၀) အောက် မလျော့နည်းနိုင်ကြောင်း ခန့်မှန်းခဲ့သည်။

ဦးမင်းနိုင်၊ ဒို့သွေး ဒို့သား တိုင်းရင်းဘွား (စာ-၈၄)

Races of Burma(Page-67,70,71)

ရှမ်း

ယွန်းလူမျိုးတို့သည်လည်း ရှမ်းအနွယ်ဝင်များဖြစ်ကြသည်။ ၎င်းတို့သည် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံနှင့် တာချီလိတ် ဒေသတစ်ဝိုက်တို့တွင် ပျံ့နှံ့နေထိုင်ကြသည်။

တိုင်းရင်းသားယဉ်ကျေးမှုရိုးရာဓလေ့ထုံးစံများ(ရှမ်း)(စာ-၃၃၊၅၈)

ယွန်း(လာအို)

ကွီလူမျိုးများသည် လားဟူဟုခေါ်သော ရှမ်းလူမျိုးစုတွင် ပါဝင်သည်။ လားဟူတို့ကို ရှမ်းတို့က မုဆိုးလူမျိုးဟုခေါ်ဝေါ်ကြသည်။ ၎င်းတို့သည် ရှေးနှစ်ပေါင်းများစွာက သံလွင်မြစ်၏ မြောက်ဘက် တရုတ်-မြန်မာနယ်စပ်တွင်တည်ရှိသော မိုင်းလင်းဒေသမှ ပြောင်းရွှေ့ လာခဲ့ကြသူများဖြစ်သည်။ ယခုအခါ ကွီလူမျိုးတို့သည် ရှမ်းပြည်နယ် ကျိုင်းတုံ၊ မိုင်းဆပ်၊ မိုင်းပန်ဒေသ တစ်ဝိုက်တွင် ပျံ့နှံ့နေထိုင်ကြပါသည်။

၁၉၃၁ခုနှစ် သန်းခေါင်စာရင်းတွင် ကွီ(၃,၈၃၂) ယောက်ရှိခဲ့သည်။ လားဟူအဝါကို ကွီဟု ခေါ်ဆိုသည်ဟု ဖော်ပြခဲ့သည်။

မြန်မာ့စွယ်စုံကျမ်း အတွဲ(၂)

Races of Burma (Page-67,70,71)

ကွီ

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်တစ်ဝိုက်တွင် နေထိုင်ခဲ့ကြပြီး ယခုအခါ လူအနည်းငယ်သာ ကျန်ရှိတော့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်၊ စာပေနှင့် ယဉ်ကျေးမှုအသင်းများမှ ဖြေကြားချက်

သအို

ဓနောလူမျိုးများသည် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်နှင့် ကလောမြို့နယ်တို့တွင် နေထိုင်ကြသည်။

တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန(လက်ကမ်းစာစောင်)

ဓနော့/ထနော့

ပလေးလူမျိုးများသည် ရှမ်းပြည်တောင်ပိုင်း နမ့်ဆန်မြို့ကို ဗဟိုပြု၍ နေထိုင်ကြသည်။

ဦးမင်းနိုင် တိုင်းရင်းသားလူမျိုးများအဘိဓာန်(စာ-၁၆၂)

ပလေး

ပလေးလူမျိုးများသည် ရှမ်းပြည်တောင်ပိုင်း နမ့်ဆန်မြို့ကို ဗဟိုပြု၍ နေထိုင်ကြသည်။

ဦးမင်းနိုင် တိုင်းရင်းသားလူမျိုးများအဘိဓာန်(စာ-၁၆၂)

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်တစ်ဝိုက်တွင် နေထိုင်ခဲ့ကြပြီး ယခုအခါ လူအနည်းငယ်သာ ကျန်ရှိတော့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်၊ စာပေနှင့် ယဉ်ကျေးမှုအသင်းများမှဖြေကြားချက်

စုံ(ဆံ)

အင်လူမျိုးများသည် ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် နေထိုင်သူများဖြစ်ကြပြီး ကျိုင်းတုံမြို့နယ်၊ မိုင်းခေတ်မြို့နယ်၊ မိုင်းဖြတ်မြို့နယ်တို့တွင် အများဆုံးနေထိုင်ကြသည်။ အခြားလူမျိုးစုများနှင့် ရောနှောနေထိုင်လေ့မရှိဘဲ တောင်ကုန်း၊ တောင်စောင်းများတွင် ရွာတည်ကာ သီးသန့်နေထိုင်သောလူမျိုးစုဖြစ်သည်။

တိုင်းရင်းသားယဉ်ကျေးမှုရိုးရာဓလေ့ထုံးစံများ(ရှမ်း) (စာ ၃၂၊ ၃၃၊ ၃၄၊၃၅၊ ၇၂၊၇၄၊)

အင်/အဲန်

ခမူလူမျိုးများသည် ယူနန်ပြည်နယ် စစ်ဆောင်ပန်နားမှ ရှမ်းပြည်နယ် အရှေ့ပိုင်းသို့ ပြောင်းရွှေ့အခြေချလာသည့် လူမျိုးများဖြစ်ကြပါသည်။

ခမူ

ဖျင်လူမျိုးများသည် မိုင်းယန်းမြို့အနီး ကျေးရွာတစ်ရွာတွင် နေထိုင်ကြပြီး လူဦးရေ(၇၀၀)ခန့်ရှိပါသည်။

ရှေးမြန်မာလူမျိုးများ(Wekipedia Webpage)

ဖျင်

အာခါလူမျိုးတို့သည် မွန်ဂိုအနွယ်များဖြစ်ကြ၍ ရေကြည်ရာ၊ မြက်နုရာ အရပ်ဒေသများသို့ ပြောင်းရွှေ့နေထိုင်ကြရာမှ မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိလာကြသည်။ အာခါလူမျိုးတို့သည် ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံနှင့် တာချီလိတ်နယ်စပ်တို့တွင် အများစုနေထိုင်ကြပါသည်။

အာခါလူမျိုးတို့သည် လိုလို မျိုးနွယ်စုဝင် ဖြစ်သည်။ အာခါလူမျိုး အများစုမှာ ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ တောင်စောင်းများပေါ်တွင် အနေများကြသည်။

၁၉၃၁ခုနှစ်သန်းခေါင်စာရင်းတွင် (၄၀,၅၁၂)ဦးရှိသည်။ အာခါ(Ahka)တို့သည် သံလွင်နှင့် မဲခေါင်မြစ်များအကြား နယ်မြေတောင်ကုန်းများတွင် အများဆုံးနေထိုင်ကြသော တောင်ပေါ် တိုင်းရင်းသားများဖြစ်သည်။

တိုင်းရင်းသားယဉ်ကျေးမှုရိုးရာဓလေ့ထုံးစံများ(ရှမ်း)(စာ ၃၂၊၃၃၊၃၄၊၃၅၊၇၂၊၇၄)

Races of Burma(Page_68,69)

အာခါ(ကော်)

ရှမ်းပြည်နယ်ရှိ ကုန်းကြမ်းမြို့နယ်နှင့် လောက်ကိုင်မြို့နယ်တို့ကို စုစည်းထားသည့် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် အများစုနေထိုင်ကြပြီး ဝနယ်ရှိ ပန်းလုံး၊ မိုင်းမော်တို့တွင်လည်း နေထိုင်ကြပါသည်။

ကိုးကန့်ဟူသော ဝေါဟာရ၏ အဓိပ္ပါယ်မှာ နှစ်မျိုးရှိသည်။ ပထမ အဓိပ္ပာယ် ကိုးကန့်မှာ ကိုး=စိမ်းလန်းသောဒေသ၊ ကန့်=ရဲရင့်သူများ နေထိုင်သောစိမ်းလန်းသည့်ဒေသဟူ၍ လည်းကောင်း၊ ဒုတိယအဓိပ္ပာယ် ကောက်ကန့်မှာ ကောက်=ကိုး(၉)၊ ကန့်= အုပ်ချုပ်သူ အကြီးအကဲ သူကြီးဖြစ်သည်။ သူကြီး(၉)ဦး အုပ်ချုပ်သော နယ်(၉)နယ်ဟူ၍ အဓိပ္ပာယ်ရ၏။ ၎င်းနယ်များမှာ (၁)တောင်ညို၊ (၂)ယင်းဖန်၊ (၃)ပန်းဆုံ၊ (၄)ပန်းရုံ၊ (၅)ကန်ငယ်၊ (၆)ကန်ဖန်၊ (၇)ကန်ပွိုင်၊ (၈) မော်ထေး၊ (၉) မောင်းဟောင် တို့ဖြစ်ကြသည်။

၁၉၃၁ခုနှစ်တွင် ကိုးကန့်လူမျိုး (၄၅,၀၀၀)ဦးရှိခဲ့သည်။ နမ့်ခမ်းအရှေ့ သံလွင်မြစ်ကို ဖြတ်၍ Tawnyo or Malipa ဒေသများတွင် ကိုးကန့်များ နေထိုင်ကြပါသည်။

တိုင်းရင်းသားယဉ်ကျေးမှုရိုးရာဓလေ့ထုံးစံများ(ရှမ်း) (စာ ၃၂၊ ၃၃၊၃၄၊၃၅၊၇၂၊၇၄)

Races of BurmaL( Page-79)

ကိုးကန့်

သက္ကရာဇ် ဘီစီ (၁၀၀၀)ခန့်တွင် တိဘက်အနွယ်ဝင် စဝ်ဇေယျထိတာနှင့် အပေါင်းအပါ (၁၀၀၀) ကျော်တို့သည် နောင်အခါခမ်းတီးလုန်ဒေသဟုခေါ်တွင်မည့် နေရာသို့ ရောက်ရှိလာပြီး မန္ဓရာဇ်တိုင်းကို တည်ထောင်ခဲ့ပါသည်။ ဘီစီ(၆၀၀)မတိုင်မီတွင် စုနိုင်ငံရှမ်းတိုင်းပြည့်ရှင် စဝ်ဖရှမ် ခေါ်  ခမ်းတီထျန်တို့ အဖွဲ့ရောက်ရှိလာပြီး စဝ်ဇေယျထိတာမှ ဆင်းသက်ပေါက်ဖွားလာသော တိဘက် အနွယ်ဝင်များနှင့် ပေါင်းစပ်သွားရာမှ ခမ်းတီလူမျိုးများဟူသော လူမျိုးတစ်မျိုးဖြစ်ပေါ်လာခဲ့ပါသည်။

အေဒီ(၂၂၆)ခန့်တွင် အိုက်လောနိုင်ငံမှ ရှင်းမင်းသား စဝ်ကျမ်မိန်းဟိန်းဟောက်သည် စစ်သည် ဗိုလ်ပါအင်အား (၁၁၀) ဖြင့် ခမ်းတီးပြည်သို့လာရောက်နေထိုင်ခဲ့ပြီး ထိုရှမ်းအဖွဲ့ကြီးသည် မြို့ပြယဉ်ကျေးမှုကို ခမ်းတီးပြည်၍ စတင်ထူထောင်ခဲ့ပါသည်။ ၎င်းနောက် အေဒီ(၈)ရာစုမှ (၁၃)ရာစုအတွင်း ရှမ်းအနွယ်ဝင်များ ခမ်းတီးလုန်ပြည်သို့ အသီးသီး အသုတ်လိုက် ရောက်ရှိခဲ့ပါသည်။ ထိုအချိန်မှစ၍ ခမ်းတီးပြည်ကြီးတွင် ရှမ်းယဉ်ကျေးမှု ဓလေ့များ လွှမ်းမိုးလာခဲ့ပါသည်။ ထိုအချိန်မှစ၍ ခမ်းတီးပြည်ကြီးတွင် ရှမ်းယဉ်ကျေးမှု ဓလေ့များ လွှမ်းမိုးလာခဲ့ပါသည်။ ခမ်းတီးလူမျိုးများနှင့် ရှမ်းလူမျိုးများ တဖြည်းဖြည်း သွေးရောနှောပေါင်းစပ်လာပြီး ခမ်းတီးရှမ်းလူမျိုးများ၊ တိုင်းရှမ်းအနွယ်ဝင်များ ဖြစ်လာခဲ့သည်။ဤသို့ဖြင့် ခမ်းတီးနှင့်ရှမ်းများ သွေးရောနှောပေါင်းစပ်ကာ တိုင်းခမ်းတီ(ခန္တီးရှမ်း) ဟူ၍ ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။

ခန္တီးရှမ်း(တိုင်းခမ်းတီ)တို့သည် စစ်ကိုင်းတိုင်း ၊ ခန္တီး၊ ဟုမ္မလင်း၊ ဆောင်ဆွပ်၊ ကချင်ပြည်နယ်၊ မြစ်ကြီးနား၊ မိုးကောင်း၊ ဝိုင်းမော်၊ မိုးညှင်း၊ ကာမိုင်း၊ ခမ်းတီးလုံးဒေသဖြစ်သော ပူတာအိုနှင့် မချမ်းဘောမြို့နယ်များတွင် ပျံ့နှံ့နေထိုင်ကြပါသည်။

စဝ်နွဲ့ဆားတော်၏(တိုင်းခမ်းတီ ရှမ်းတိုင်းရင်းသားတို့၏ သမိုင်း၊ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှုစာတမ်း)

ခန္တီးရှမ်း

ဂုံရှမ်းလူမျိုးတို့သည် ထိုင်း-တရုတ်အုပ်စုမှ ပေါက်ဖွားလာသော အနွယ်များ ဖြစ်ကြသည်။ ရှမ်းတို့က ၎င်းတို့ကိုတိုင်းခွံဟု ခေါ်၍ ၎င်းတို့ကရှမ်းတို့ကို သျှမ်းဟု ခေါ်ခြင်းကို ထောက်ရှုခြင်းအားဖြင့် အမျိုးချင်းတူကြောင်း သိရှိရသည်။ ဂုံတို့သည် ထိုင်း-တရုတ် အုပ်စုတို့နှင့်အတူ တရုတ်ပြည်မှ တောင်ဘက်သို့ ဆင်းသက်လာသူများ ဖြစ်သည်။

မြန်မာနိုင်ငံအတွင်းသို့ ရွှေလီမြစ်ကြောင်းအတိုင်း ဆင်းသက်လာကြပြီး ရှမ်းကုန်းပြင်မြင့်ကို ဖြတ်၍ အရှေ့စူးစူးသို့ ရွှေ့ပြောင်းခဲ့ရာ ယခုရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ လာအိုနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်နယ်စပ်ဒေသများတွင် အနှံ့အပြားနေထိုင်ခဲ့ကြသည်။ ဂုံလူမျိုးတို့ အများဆုံး နေထိုင်ရာဒေသမှာ ကျိုင်းတုံနယ်ဖြစ်သည်။

တိုင်းရင်းသားယဉ်ကျေးမှုရိုးရာဓလေ့ထုံးစံများ(ရှမ်း) (စာ-၅၆၊ ၆၃၊ ၆၅)

ဂုံ(ခွန်)

တောင်ရိုးလူမျိုးတို့က မိမိတို့သည် မြေပြန့်မှ တောင်ပေါ်သို့ တက်လာသော မြန်မာလူမျိုး အနွယ်များဟု ပြောဆိုကြသည်။ ၎င်းတို့ပြောသော စကားတွင် မြန်မာပေါရာဏနှင့် ရှေးဝေါဟာရများပါဝင်နေခြင်းက သက်သေခံလျက်ရှိသည်။ တောင်ရိုးတို့မှာ တိဗက်-မြန်မာ အုပ်စုဝင် မြန်မာ အစုတွင် အကျုံးဝင်သည်။ ပအိုဝ်းလူမျိုးတို့နှင့် နေထိုင်မှုနီးစပ် သော်လည်း မျိုးနွယ်ချင်း မတူချေ။ ပုဂံခေတ်က မြန်မာစကားအသုံးအနှုန်းမျိုးကို ပြောကြခြင်းကြောင့် ပုဂံအနွယ်မြန်မာ လူမျိုးဖြစ်သည်ဟု အချို့သုတေသီတို့က ယူဆကြသည်။ အချို့ကမူ တောင်ရိုးတို့သည် ထားဝယ်ဘက်မှ် ထွက်ပြေးလာသော မြန်မာအချို့မှ ပေါက်ဖွား လာကြသူများဟု ဆိုကြပြန်သည်။ တစ်ဖန် တောင်ရိုး လူမျိုးမှာ ရခိုင်နှင့်ကရင်တို့ ပေါင်းစပ်ပြီး ပေါက်ဖွားလာသော မျိုးဆက်များဟု ဆိုပြန်သည်။

တောင်ရိုးလူမျိုးတို့သည် တိဗက်-ဗမာအုပ်စုတွင် နောက်ပိုင်းယူနန်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းကို ဖြတ်၍ မြန်မာနိုင်ငံသို့ ဝင်ရောက်လာကြဟန်တူသည်။တောင်ရိုးတိုင်းရင်းသားများသည် ပုဂံခေတ်တွင် ရှမ်းရိုးမတောင်ပေါ်သို့ ပြောင်းရွှေ့အခြေချရင်း တောင်ကုန်း၊ ရိုးမပါမကျန် လုပ်ကိုင်စားသောက်ကြသဖြင့် တောင်ရိုးပျော်သူများဟု ခေါ်ဆိုရာမှ ယခုတောင်ရိုးလူမျိုးများ ပေါက်ဖွားလာကြခြင်းဖြစ်သည်။ တောင်ရိုးတိုင်းရင်းသားများသည် ရှမ်းပြည်နယ်တောင်ပိုင်းတွင် အများဆုံးနေထိုင်ကြပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများဖြစ်သော ပင်လောင်းမြို့နယ်၊ ဟိုပုန်းမြို့နယ်နှင့် ဆီဆိုင်မြို့နယ်တို့တွင်လည်းကောင်း၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများဖြစ်သော ရွာငံနှင့် ပင်းတယဒေသများတွင်လည်းကောင်း၊ တောင်ကြီးမြို့နယ်၊ ကလောမြို့နယ်နှင့် နမ့်ဆန်မြို့နယ်တို့တွင်လည်းကောင်း ပျံ့နှံ့နေထိုင်လျက်ရှိကြောင်း သိရှိရပါသည်။ တောင်ရိုး တိုင်းရင်းသားဘာသာစကားသည် ရခိုင်၊ အင်းသား၊ ထားဝယ်စသော တိုင်းရင်းသားစကားများနှင့် ဆင်တူသည်။

တိုင်းရင်းသားယဉ်ကျေးမှုရိုးရာဓလေ့ထုံးစံများ(ရှမ်း) (စာ-၅၆၊ ၆၃၊၆၅)

တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီး(လက်ကမ်းစာစောင်)

တောင်ရိုး