ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

တိုင်ရင်းသားရေးရာ

ရှမ်းရိုးရာပဲပုပ်ငါးပိချက်

ethnic-image

ပါဝင်ပစ္စည်းမျာ

၁။ ပဲပုပ်စေ့

၂။ ခရမ်းချဉ်သီး

၃။ ငရုတ်သီးစိမ်း

၄။ နံနံပင်

၅။ ဆီ

၆။ ဆား

၇။ နနွင်းမှုန့်

၈။ အရသာမှုန့်


ချက်ပြုတ်ပုံအဆင့်ဆင့်

 ခရမ်းချဉ်သီးကို ရေစင်အောင်ဆေးပြီး လှီးထားရပါမည်။ မီးဖိုပေါ်သို့အိုးတင်ပြီး ဆီအနည်းငယ် ထည့်၍ ဆီဆူလာလျှင် နနွင်းမှုန့်အနည်းငယ်ထည့်၍ လှီးထားသော ခရမ်းချဉ်သီးကို ဆီသတ် ရပါမည်။ ခရမ်းချဉ်သီးများအားလုံးနူးသွားလျှင် ပဲပုပ်၊ ဆား၊ အရသာမှုန့်တို့နှင့် ရေအနည်းငယ် ထည့်ပြီး အဖုံးဖုံးထားရပါမည်။ ဆီပြန်လာလျှင် နံနံပင်အနည်းငယ်ထည့်ရပါမည်။ အနံ့လေးမွှေး လာပြီဆိုပါက အနံ့အရသာနှင့်ပြည့်စုံသော ရှမ်းရိုးရာပဲပုပ်ငါးပိချက်ကို သုံးဆောင်နိုင်မည်ဖြစ်ပါသည်။