ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

တိုင်ရင်းသားရေးရာ

ကချင်ရိုးရာ အမဲသားထောင်း

ethnic-image

၁။   အမဲသားခြောက် (၁၀) သား

၂။ ဖက်ဖယ်ရွက် (၁) စည်း

၃။ ဂျင်း အနည်းငယ်

၄။ ကြက်သွန်ဖြူ (၃) မွှာ

၅။ ငရုတ်သီးစိမ်း (၁၅)တောင့်

၆။ ဆား အနည်းငယ်


အမဲသားခြောက်ကို ပွက်ပွက်ဆူနေတဲ့အိုးမှာ (၁၅) မိနစ်ခန့် ပြုတ်ပါ။ ပြုတ်နေစဉ် အတွင်း ငရုတ်သီး၊ ကြက်သွန်ဖြူ၊ ဂျင်းကိုထောင်းပါ။ ဆားအနည်းငယ်ထည့်ပါ။ ဖက်ဖယ်ရွက် ကို ထည့်ထောင်းပါ။ အားလုံးပြီးလျှင်· ပြုတ်ထားတဲ့ အမဲသားကို အနေတော် ပိုင်းဖြတ် ပြီးထောင်းပါ။ ထိုအခါ အနံ့အရသာနှင့် ပြည့်စုံပြီး အချိန်အခါမရွေးစားသုံးနိုင်သည့် ကချင် လူမျိုးတို့၏ ရိုးရာဟင်းဖြစ်သည့် အမဲသားထောင်းကို ရရှိနိုင်ပါသည်။