ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

တိုင်ရင်းသားရေးရာ

ဗမာရိုးရာအညာပုန်းရည်ကြီး ဝက်သားချက်

ethnic-image

၁။ ဝက်သား (၃၀) ဆယ်သား
၂။ ပုန်းရည်ကြီး (၂) ထုပ်

၃။ ပဲဆီ (၅) ကျပ်သား

၄။ ကြက်သွန်ဖြူ (၁၂) မွှာ

၅။ ဆား အနည်းငယ်

၆။ သကြား အနည်းငယ်

၇။ ပဲငံပြာရည် အနည်းငယ်

၈။ ကြက်သွန်နီ (၁) လုံး

၉။ နနွင်းမှုန့် အနည်းငယ်

၁၀။ ဂျင်း အနည်းငယ်


          ပထမဦးစွာ ဝက်သားကို အနေတော်တုံးထားရပါမည်။ ထို့နောက် ဝက်သားသုံးထပ် သားကို ရေစင်အောင်ဆေး ပြီးလျှင် ဆား၊နနွင်းနယ်ပြီး နှပ်ထားပါ။ ဝက်သားနှပ်ထားစဉ် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း အနည်းငယ်စီ ထောင်းထားရပါမည်။ ပြီးပါက အိုးထဲသို့  ဝက်သားနှင့် ထောင်းထားသည့် ပစ္စည်းများထည့်ရပါမည်။ ထို့နောက် ရေအနည်းငယ်ထည့်ပြီး အဖုံးအုပ်ထားပါ။ရေခမ်းပြီဆိုလျှင် ပုန်းရည်ကြီးအနှစ်ထည့်ပြီး မွှေရပါမည်။ ထိုအခါ အနံ့ အရသာနှင့်ပြည့်စုံပြီး အချိန်အခါမရွေး စားသုံးနိုင်သည့် အညာပုန်းရည်ကြီးဝက်သားချက်ကို ရရှိမည်ဖြစ်ပါသည်။