ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

တိုင်ရင်းသားရေးရာ

အညာသခွပ်ပွင့်သုတ်

ethnic-image

၁။ သခွပ်ပွင့် (၂၀) သား
၂။ ကြက်သွန်ဖြူ (၂) လုံး

၃။ ကြက်သွန်နီ (၂) လုံး

၄။ ပဲဆီ (၁၀) သား 

၅။ ပုဇွန်ခြောက်မှုန့် (၅) ကျပ်သား

၆။ မြေပဲ (၅) ကျပ်သား

၇။ ဆား အနည်းငယ်

၈။ သံပုရာသီး (၅) လုံး

၉။ ငရုတ်သီးအကျက်မှုန့် အနည်းငယ်


ရှေးဦးစွာ နေခြောက်အောင်လှန်းထားသည့် သခွပ်ပွင့်ကို ရေနွေးနှင့်မိနစ်အနည်းငယ် ဖျောရပါမည်။ ထို့နောက် ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် ပဲဆီတို့ကို ဆီသတ်ထားရပါမည်။ ရေနွေးဖျောထားသည့်သခွပ်ပွင့်ကို အနေတော်ညှပ်ပြီး ဆီသတ်ထားသည်များနှင့် ပါဝင်ပစ္စည်း များကိုထည့်ပြီး သုတ်ပါ။ ထိုအခါ မိုးဦးကျကာလများတွင် စားသုံးလေ့ရှိပြီး ခံတွင်းမြိန်စေမည့် အညာသခွပ်ပွင့်သုတ်ကို ရရှိမည်ဖြစ်ပါသည်။