ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

တိုင်ရင်းသားရေးရာ

ရှမ်းရိုးရာမုန်ညင်းစော

ethnic-image

၁။ မုန်ညင်းစော (၃) စည်း

၂။ ခရမ်းချဉ်သီး (၁၀) သား

၃။ ဝက်နံရိုး (၃၀) သား

၄။ ဆား အနည်းငယ်

၅။ နနွင်း အနည်းငယ်

၆။ မှည့်လိမ်ဖတ် အနည်းငယ်

၇။ နံနံပင် အနည်းငယ်

၈။ ငရုတ်သီး (၂) တောင့်


ပထမဦးစွာ ဝက်နံရိုးကိုဆား၊ နနွင်းအနည်းငယ်နယ်ပြီး နူးလာသည်အထိ ရေနှင့်ပြုတ် ရပါမည်။ ဝက်နံရိုးနူးလာပြီဆိုပါက အနေတော်လှီးထားသည့် ခရမ်းချဉ်သီးနှင့် ရေဆေးထား သည့် မုန်ညင်းကိုထည့်ရပါမည်။  ပြီးလျှင် မှည့်လိမ်ဖတ်ထည့်ရပါမည်။ အားလုံးပြီးပါက ငရုတ်သီး (၂) တောင့်နှင့် နံနံပင် အနည်းငယ်ထည့်ပါ။ ထိုအခါ အနံ့အရသာနှင့်ပြည့်စုံပြီး ခံတွင်းမြိန်စေမည့် ရှမ်းရိုးရာမုန်ညင်းစောကိုရရှိမည်ဖြစ်ပါသည်။