ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများ

တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဉီးစီးဌာန

မူဝါဒ

  • တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုဖြင့် စစ်မှန်သောပြည်ထောင်စုစိတ်ဓာတ် အခြေခံ၍ ထာဝစဉ်အတူတကွ လက်တွဲနေထိုင်ကြစေရေး၊
  • တိုင်းရင်းသားလူမျိုးများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်း၊ အမျိုးသားရေးလက္ခဏာနှင့် သမိုင်းအမွေအနှစ်တို့ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး နှင့်ဖွံ့ဖြိုးတိုးတက်ရေး၊
  • တိုးတက်ဖွံ့ဖြိုးမှုနည်းပါးနေသည့် တိုင်းရင်းသားလူမျိုးများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး စသည့်လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊

မျှော်မှန်းချက်

  • တိုင်းရင်းသားများ၏စာပေနှင့်ယဉ်ကျေးမှုများကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ အခွင့်အရေးများ ကို ကာကွယ်စောင့်ရှောက်ခြင်းဖြင့် ပြည်ထောင်စုစိတ်ဓာတ် တိုးတက်ခိုင်မာစေပြီး တိုင်းရင်းသား လူမျိုးများ၏ လူမှုစီးပွားဘဝမြင့်မားတိုးတက်စေရန်။

ရည်မှန်းချက်

  • တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုဖြင့် စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ် အခြေခံ၍ ထာဝစဉ်အတူတကွ လက်တွဲနေထိုင်ကြစေရန်၊
  • တိုင်းရင်းသားလူမျိုးများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်း၊ အမျိုးသားရေးလက္ခဏာနှင့် သမိုင်းအမွေအနှစ်တို့ကို ထိန်းသိမ်းစောင့်ရှောက်ရန်၊
  • တိုင်းရင်းသားလူမျိုးအချင်းချင်း စည်းလုံးညီညွတ်ရေး၊ ချစ်ကြည်လေးစားရေးနှင့် ရိုင်းပင်း ကူညီရေးတို့ တိုးတက်ဖြစ်ထွန်းစေရန်၊
  • တိုးတက်ဖွံ့ဖြိုးမှုနည်းပါးနေသည့် တိုင်းရင်းသားလူမျိုးများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးစသည့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန်၊

တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနကို ဌာနခွဲ ၄ ခု၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ညွှန်ကြားရေးမှူးရုံး ၁၄ ရုံးနှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)တို့ဖြင့် ဖွဲ့စည်းထားပြီး ၎င်းတို့၏လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် −

စာပေနှင့်ဘာသာစကားဌာနခွဲ၏ လုပ်ငန်းတာဝန်များ

  • တိုင်းရင်းသားလူမျိုးများ၏စာပေ၊ဘာသာစကားများပြန့်ပွားထွန်းကားရေးဆောင်ရွက်ခြင်း၊
  • သက်ဆိုင်ရာဒေသအလိုက် တိုင်းရင်းသားစာပေ၊ ဘာသာစကားများ လွတ်လပ်စွာ သင်ကြား နိုင်ရေးအတွက်ဆောင်ရွက်ခြင်း၊
  • ကွယ်ပျောက်လုနီးပါးဖြစ်သည့် တိုင်းရင်းသားလူမျိုးများ၏ စာပေများ၊ ဘာသာစကားများ ရေရှည်တည်တံ့ရေးအတွက် ဆောင်ရွက်ခြင်း၊
  • နိုင်ငံတော်၏ မူဝါဒများနှင့် ဆောင်ရွက်ချက်များကို တိုင်းရင်းသားလူမျိုးများ၏ ဘာသာ စကားများအလိုက် ပုံနှိပ်ထုတ်ဝေခြင်း။

ရိုးရာဓလေ့နှင့်အမွေအနှစ်ဌာနခွဲ၏ လုပ်ငန်းတာဝန်များ

  • တိုင်းရင်းသားလူမျိုးများ၏ ရိုးရာဓလေ့နှင့်ထုံးတမ်းများ လွတ်လပ်စွာ ဆောင်ရွက်နိုင်ရေး အတွက် ကူညီပံ့ပိုးခြင်း၊
  • သက်ဆိုင်ရာဒေသအလိုက် တိမ်မြုပ်နေသော တိုင်းရင်းသားရိုးရာဓလေ့နှင့် အမွေအနှစ်များ ဖော်ထုတ်ခြင်း၊
  • တိုင်းရင်းသားလူမျိုးများ၏ ကွယ်ပျောက်လုနီးပါးဖြစ်သည့် ရိုးရာဓလေ့နှင့် အမွေအနှစ်များ ရေရှည်တည်တံ့ရေးအတွက်ဆောင်ရွက်ခြင်း၊
  • တိုင်းရင်းသားများ၏ ရိုးရာဓလေ့နှင့် အမွေအနှစ်များအား မှတ်တမ်းတင် နိုင်ရေးဆောင်ရွက် ခြင်း၊
  • ယဉ်ကျေးမှုဓလေ့ထုံးတမ်းအရ ဆောင်ရွက်သော အခမ်းအနားများနှင့် နေ့ထူးနေ့မြတ်များ ကျင်းပနိုင်ရေးအတွက် ပံ့ပိုးကူညီခြင်း။

တိုင်းရင်းသားလူမှုဘဝမြှင့်တင်ရေးဌာနခွဲ၏ လုပ်ငန်းတာဝန်များ

  • ဖွံ့ဖြိုးတိုးတက်မှုနည်းပါးသော တိုင်းရင်းသားလူမျိုးများ၏ လူမှုဘဝမြင့်မား ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လမ်းပန်းဆက်သွယ်ရေး စသည့် လုပ်ငန်းရပ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ခြင်း၊
  • တိုင်းရင်းသားလူမျိုးများ၏ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အစီအမံများ ရေးဆွဲခြင်း၊ လူမှု ဘဝမြင့်မားရေးအတွက် လုပ်ငန်းစီမံချက်၊ စီမံကိန်းများ အဆိုပြုတင်ပြခြင်း၊
  • အတည်ပြုပြီးသည့် လုပ်ငန်းစီမံချက်များကို ထိရောက်စွာ အကောင်အထည် ဖော်ရာတွင် လိုအပ်သည့် ဘဏ္ဍာရန်ပုံငွေ ခွဲဝေသုံးစွဲခွင့် ရရှိနိုင်ရေးအား သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း၊
  • တိုင်းရင်းသားလူမျိုးများ၏ ဒေသဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများအတွက် ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးရေး မိတ်ဖက်နိုင်ငံများမှ အကူအညီ အထောက်အပံ့များ ရရှိရေးဆောင်ရွက်ခြင်း။

စီမံခန့်ခွဲရေးနှင့်ငွေစာရင်းဌာနခွဲ၏ လုပ်ငန်းတာဝန်များ

  • တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ဝန်ထမ်းရေးရာကိစ္စရပ်များ ဆောင်ရွက်ခြင်း၊
  • တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ခြင်း၊
  • တိုင်းရင်းသားလူမျိုးများ၏ ဘာသာ၊ စာပေစကား ပြန့်ပွားရေးအတွက် အခြားဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းခြင်း၊
  • တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၏ ရသုံးခန့်မှန်းခြေငွေစာရင်းများကို ဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်းနှင့်အညီရေးဆွဲခြင်း၊
  • တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၏ ၆လပတ် အစီရင်ခံစာနှင့် နှစ်ပတ်လည် အစီရင်ခံစာပြုစုခြင်း၊
  • တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှု အခြေ အနေအပေါ် စိစစ်သုံးသပ်၍ ပြည်ထောင်စုဝန်ကြီးဌာနသို့ တင်ပြခြင်း။

တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ် ညွှန်ကြားရေးမှူးရုံးများ၏ လုပ်ငန်းတာဝန်မျာ

  • တိုင်းရင်းသားလူမျိုးများ၏ စာပေ၊ ဘာသာစကား၊ ရိုးရာယဉ်ကျေးမှုများ မြှင့်တင်ခြင်းနှင့် ပြန့်ပွားထွန်းကားရေးတို့အတွက် ဆောင်ရွက်ခြင်း၊
  • ဒေသအလိုက် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာဓလေ့ထုံးတမ်းများကို ဖော်ထုတ်ခြင်းနှင့် ထိန်းသိမ်းခြင်း၊
  • ဒေသအလိုက် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာဓလေ့ထုံးတမ်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် အစီအမံများ ရေးဆွဲခြင်း၊
  • ဒေသအလိုက် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာဓလေ့ထုံးတမ်းများကို လွတ်လပ်စွာ ဆောင်ရွက်နိုင်ရေးအတွက် ကူညီပံ့ပိုးခြင်း၊
  • တိုင်းရင်းသားလူမျိုးများ၏ စာပေ၊ ဘာသာစကား၊ ရိုးရာယဉ်ကျေးမှု မှတ်တမ်းများ ထိန်းသိမ်းဆောင်ရွက်ခြင်း၊
  • တိုင်းဒေသကြီး/ပြည်နယ်ဦးစီးဌာန၏ ရသုံးခန့်မှန်းခြေငွေစာရင်းရေးဆွဲခြင်း၊
  • တိုင်းဒေသကြီး/ပြည်နယ်ဦးစီးဌာန၏ (၃)လပတ်၊ (၆)လပတ်နှင့် နှစ်ပတ်လည် အစီရင်ခံစာ များပြုစု၍ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြခြင်း၊
  • တိုင်းဒေသကြီး/ပြည်နယ်ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေအပေါ် စိစစ် သုံးသပ် ခြင်း။

ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ၏ လုပ်ငန်းတာဝန်များ

(၁) တိုင်းရင်းသားကျေးရွာအတွင်းရှိ ရိုးရာအိမ်များ၊ ပြတိုက်များ၊ ခန်းမများ၊ အဆောက်အဦများ၊ အမှတ်တရရုပ်တုများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး ပြုပြင်ထိန်းသိမ်း စောင့်ရှောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(၂) တိုင်းရင်းသားကျေးရွာအတွင်းသို့ လာရောက်သည့် ဧည့်သည်တော်များအား ယဉ်ကျေးမှု အကအလှများဖြင့် သရုပ်ပြတင်ဆက်ကပြခြင်း၊ ရိုးရာယဉ်ကျေးမှု အကြောင်းအရာများအား ရှင်းလင်းပြောကြားခြင်း၊ ပြတိုက်များနှင့် ရိုးရာအိမ်များရှိ ရိုးရာအသုံးအဆောင်ပစ္စည်းများ နှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများဆောင်ရွက်ခြင်း၊
(၃) ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)၌ ဖျော်ဖြေရေးအစီအစဉ်တင်ဆက်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(၄) ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ၏ စိမ်းလန်းစိုပြေ သန့်ရှင်းသာယာလှပရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ကြိုးပမ်းဆောင်ရွက်ခြင်း၊
(၅) တိုင်းရင်းသားကျေးရွာဝန်းအတွင်း သန့်ရှင်းသပ်ရပ်သာယာလှပရေး လုပ်ငန်းများ၊ စိမ်းလန်း စိုပြေရေးလုပ်ငန်းများ၊ ပန်းအလှပင် စိုက်ပျိုးရေးလုပ်ငန်းများ၊ နှစ်ရှည်ပင်ထိန်းသိမ်းရေး လုပ်ငန်းများ၊ ဒီရေရောက်တောနှင့် ဒီရေရောက်အပင်များ ထိန်းသိမ်းစောင့်ရှောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(၆) ကျေးရွာအတွင်း လာရောက်လေ့လာသော ပြည်သူများအား ထိခိုက်အန္တရာယ်မရှိစေရေး၊ မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်စေရေးဆောင်ရွက်ခြင်းနှင့် ကွင်းလုံခြုံရေး ဆောင်ရွက်ခြင်း၊
(၇) ဂိတ်ဝင်ကြေးကောက်ခံမှုအား ကြီးကြပ်ခြင်း၊ ရငွေများအား အဖွဲ့ရုံးသို့ အပ်နှံခြင်း၊ ပြေစာ စာအုပ်များအား စနစ်တကျထုတ်ယူခြင်း၊ ရေးသွင်းခြင်း၊ မှတ်တမ်းတင်ခြင်း၊ ဂိတ်လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(၈) စီမံရေးရာကိစ္စရပ်များ၊ ငွေစာရင်းဆိုင်ရာကိစ္စရပ်များ၊ အင်ဂျင်နီယာဆိုင်ရာကိစ္စရပ်များ၊ ရိုးရာယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များအား ဆောင်ရွက်ခြင်း၊
(၉) ရိုးရာယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ၊ အခွန်ဆိုင်ရာကိစ္စရပ်များ ထိန်းသိမ်း ဆောင်ရွက်ခြင်း၊
(၁၀) ပြည်ထောင်စုတိုင်းရင်းသားကျေးရွာအတွင်းရှိ ရိုးရာအိမ်များ၊ အဆောက်အဦများ၊ လမ်း၊ တံတားများနှင့် အင်ဂျင်နီယာဆိုင်ရာ လုပ်ငန်းတာဝန်များ ဆောင်ရွက်ခြင်း၊
(၁၁) တိုင်းရင်းသားကျေးရွာအတွင်းရှိ လျှပ်စစ်မီးလိုင်းများ၊ ယာဉ်/စက်ယန္တရားများ ပျက်စီးမှု မရှိ စေရေး ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(၁၂) ကွင်းအတွင်းရှိ မီးစက်များ၊ ရေစက်များကောင်းမွန်ရေး၊ ပျက်စီးမှုမရှိစေရေးနှင့် မီးလိုင်းများ၊ မီးတိုင်များကောင်းမွန်ရေး၊ မီးရရှိရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(၁၃) အဖွဲ့ပိုင်ကားများမောင်းနှင်ခြင်း၊ မော်တော်ယာဉ်များ ပြင်ဆင်ထိန်းသိမ်းခြင်း၊ ဘာဂီယာဉ် များ မောင်းနှင်ခြင်းလုပ်ငန်းများ၊ ရေပေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ရေပိုက်လိုင်းများ ကောင်းမွန်စေရေး ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း။
(၁၄) စားသောက်ဆိုင်များနှင့်ကျေးရွာအတွင်း မွေးမြူထားသော တိရစ္ဆာန်များအား ထိန်းသိမ်း စောင့်ရှောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(၁၅) ရိုးရာအိမ်(၈)လုံး၏ သန့်ရှင်းသာယာလှပရေး၊ ရိုးရာအိမ်ရှိ ရိုးရာအသုံး အဆောင် ပစ္စည်းများ စနစ်တကျထိန်းသိမ်းကြီးကြပ်ကွပ်ကဲရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း။