မူဝါဒ
-
တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များကို ဥပဒေပါ သတ်မှတ်ချက်များ အတိုင်းအပြည့်အဝ ခံစားရရှိရေး၊
-
တိုင်းရင်းသားလူမျိုးများအချင်းချင်း သို့မဟုတ် တိုင်းရင်းသားလူမျိုးများအကြား ဖြစ်ပွား သည့် အငြင်းပွားမှုများဖြေရှင်းရေးနှင့် ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်ရေး၊
-
တိုင်းရင်းသားလူမျိုးများအချင်းချင်း ထာဝစဉ်အတူတကွ လက်တွဲနေထိုင်လိုသည့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ခိုင်မာစေရေး။
မျှော်မှန်းချက်
-
တိုင်းရင်းသားလူမျိုးများအားလုံး တန်းတူညီမျှသော နိုင်ငံသားအခွင့်အရေးများနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေးများကို အပြည့်အဝရရှိ၍ ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံပြီး ချစ်ကြည်ရင်းနှီးစွာ ထာဝစဉ်လက်တွဲနေထိုင်နိုင်ရေးအတွက် အထောက်အကူပြုစေရန်။
ရည်မှန်းချက်
-
နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ ပြည်သူတို့ ကိုယ်ကျင့်တရားများကို မဆန့်ကျင်စေဘဲ တိုင်းရင်းသားများ၏ အခွင့်အရေးများနှင့် ရပိုင်ခွင့်များ ရရှိရေးအတွက် ဆောင်ရွက်ရန်၊
-
တိုင်းရင်းသားလူမျိုးများအကြားဖြစ်ပွားသည့် အငြင်းပွားမှုများနှင့် စပ်လျဉ်း၍ ပေါင်းစပ် ညှိနှိုင်း ဖြေရှင်းဆောင်ရွက်သွားရန်၊
-
တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်ရေး၊ အငြင်းပွားမှုဖြေရှင်း ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် သုတေသနပြု ဆောင်ရွက်ရန်။
တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနကို ဌာနခွဲ ၄ ခု၊ တိုင်း ဒေသကြီးနှင့် ပြည်နယ် ညွှန်ကြားရေးမှူးရုံး ၁၄ ရုံးတို့ဖြင့် ဖွဲ့စည်းထားပြီး ၎င်းတို့၏ လုပ်ငန်း တာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် −
စီမံခန့်ခွဲရေးနှင့်ငွေစာရင်းဌာနခွဲ၏ လုပ်ငန်းတာဝန်မျာ
-
တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၏ ဝန်ထမ်းရေးရာကိစ္စရပ်များ ဆောင်ရွက်ခြင်း၊
-
တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခြင်း၊
-
တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးအတွက် အခြား ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းခြင်း၊ တိုင်းရင်းသား
-
အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၏ ရသုံးမှန်းခြေ ငွေစာရင်းများကို ဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်းနှင့်အညီ ရေးဆွဲခြင်း၊
-
တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၏ (၆)လပတ်နှင့် နှစ်ပတ်လည် အစီရင်ခံစာပြုစုခြင်း၊
-
တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေပေါ် စိစစ်သုံးသပ်၍ ပြည်ထောင်စုဝန်ကြီးဌာနသို့ တင်ပြခြင်း။
သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ၏ လုပ်ငန်းတာဝန်များ
-
တိုင်းရင်းသားလူမျိုးများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်စေမည့် ကိစ္စရပ်များအတွက် သုတေသနပြု ဆောင်ရွက်ခြင်း၊
-
သုတေသနရလာဒ်များကို လက်တွေ့အသုံးပြုနိုင်ရေး ဆောင်ရွက်ခြင်း၊
-
တိုင်းရင်းသားလူမျိုးများအကြား အငြင်းပွားမှုများ ဖြေရှင်းနိုင်ရေးကိစ္စရပ်များအတွက် သုတေသန ပြုဆောင်ရွက်ခြင်း၊
-
လုပ်ငန်းစီမံချက်၊ စီမံကိန်းများ အတည်ပြုနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်း သုတေသနပြု ဆောင်ရွက်ခြင်း။
တိုင်းရင်းသားများအခွင့်အရေးဆိုင်ရာဌာနခွဲ၏ လုပ်ငန်းတာဝန်များ
-
နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ ပြည်သူတို့၏ ကိုယ်ကျင့်တရားများကို မဆန့်ကျင်စေဘဲ တိုင်းရင်းသားများ၏ အခွင့်အရေးများနှင့် ရပိုင် ခွင့်များ ရရှိရေးအတွက် ဆောင်ရွက်ခြင်း၊
-
တိုင်းရင်းသားလူမျိုးများ၏ ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ စီမံကိန်းကြီးများ၊ စီးပွားရေးလုပ်ငန်းများ၊ သဘာ၀သယံဇာတ ထုတ်ယူသုံးစွဲခြင်း လုပ်ငန်းများဆောင်ရွက်ရန်ရှိပါက ဒေသခံတိုင်းရင်းသားလူမျိုးများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊
-
တိုင်းရင်းသားများ၏ အခွင့်အရေးများကို သက်ဆိုင်ရာ ဓလေ့ထုံးတမ်းများ၊ တည်ဆဲ ဥပဒေများနှင့်အညီ ထိရောက်စွာ အကာအကွယ်ပေးနိုင်ရေးအတွက် ဥပဒေပိုင်းဆိုင်ရာ အကြံဉာဏ်လိုအပ်ပါက ဥပဒေကြောင်းအရ ကူညီဆောင်ရွက်ခြင်း၊
-
ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားရေးရာအခွင့်အရေးများ ရရှိခံစားနိုင်ရေးအတွက် ဆောင်ရွက်ခြင်း။
ငြိမ်းချမ်းရေးနှင့် အငြင်းပွားမှုများ ဖြေရှင်းရေး အထောက်အကူပြုဌာနခွဲ၏ လုပ်ငန်းတာဝန်များ
-
တိုင်းရင်းသားလူမျိုးများအကြား ဖြစ်ပွားသည့် အငြင်းပွားမှုများနှင့်စပ်လျဉ်း၍ ဖြေရှင်းနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများအကြား၊အစိုးရအဖွဲ့အစည်းများအကြား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ဒေသများအကြား ပေါင်းစပ်ညှိနှိုင်းခြင်းနှင့် ဖြေရှင်းဆောင်ရွက်ခြင်း၊
-
တိုင်းရင်းသားလူမျိုးများအကြား အငြင်းပွားမှုများ ဖြေရှင်းနိုင်ရန် ခိုင်မာသည့် အထောက်အထားများ ရရှိရေးအတွက် ရှာဖွေစုစည်းခြင်း၊
-
တိုင်းရင်းသားလူမျိုးများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ငြိမ်းချမ်းသာယာဝပြောမှုကို တည်ဆောက်နိုင်ရေးအတွက် ဆောင်ရွက်ခြင်း၊
-
တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေပါအခွင့်အရေးနှင့် ရပိုင်ခွင့်များ ဆုံးရှုံးမှုများအတွက် တိုင်တန်းမှုများကို စိစစ်လက်ခံ၍ ဖြေရှင်း ဆောင်ရွက်ခြင်း။
တိုင်းဒေသကြီး၊ ပြည်နယ်ညွှန်ကြားရေးမှူးရုံးများ၏ လုပ်ငန်းတာဝန်များ
-
ခွင့်ပြုဖွဲ့စည်းပုံနှင့်အညီ ဝန်ထမ်းအင်အားဖြည့်တင်းခြင်း၊
-
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှာက် သည့် ဥပဒေနှင့်အညီ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကို အပြည့်အဝ ရရှိခံစား နိုင်စေရေးအတွက် ဆောင်ရွက်ခြင်း၊
-
တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများကို ဥပဒေနှင့်အညီ ထိရောက်စွာ အကာ အကွယ်ပေးခြင်း၊
-
တိုင်းရင်းသားလူမျိုးများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်စေမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
-
တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေပါ တိုင်းရင်း သားရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာအစိုးရဌာန/အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခြင်း၊
-
တိုင်းရင်းသားအချင်းချင်း သို့မဟုတ် တိုင်းရင်းသားလူမျိုးများအကြား ဖြစ်ပွားသည့် အငြင်းပွားမှုများနှင့် ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်းဖြေရှင်းခြင်း၊
-
ပြည်ထောင်စုအစိုးရအဖွဲ့ကဖြစ်စေ၊ ဥပဒေတစ်ရပ်ရပ်ကဖြစ်စေ ပေးအပ်သော တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့် စပ်လျဉ်းသည့်လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း၊
-
ဒေသအတွင်းရှိ တိုင်းရင်းသားလူမျိုးများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ငြိမ်းချမ်းသာယာဝပြောမှုကို တည်ဆောက်နိုင်ရေးဆောင်ရွက်ခြင်း၊
-
ဒေသအတွင်းရှိ တိုင်းရင်းသားများ၏ အခွင့်အရေးနှင့်ရပိုင်ခွင့်များရရှိရေး၊ မဆုံးရှုံးစေရေးအတွက် ဆောင်ရွက်ခြင်း။
ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ၏ လုပ်ငန်းတာဝန်များ
(၁) တိုင်းရင်းသားကျေးရွာအတွင်းရှိ ရိုးရာအိမ်များ၊ ပြတိုက်များ၊ ခန်းမများ၊ အဆောက်အဦများ၊ အမှတ်တရရုပ်တုများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး ပြုပြင်ထိန်းသိမ်း စောင့်ရှောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(၂) တိုင်းရင်းသားကျေးရွာအတွင်းသို့ လာရောက်သည့် ဧည့်သည်တော်များအား ယဉ်ကျေးမှု အကအလှများဖြင့် သရုပ်ပြတင်ဆက်ကပြခြင်း၊ ရိုးရာယဉ်ကျေးမှု အကြောင်းအရာများအား ရှင်းလင်းပြောကြားခြင်း၊ ပြတိုက်များနှင့် ရိုးရာအိမ်များရှိ ရိုးရာအသုံးအဆောင်ပစ္စည်းများ နှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများဆောင်ရွက်ခြင်း၊
(၃) ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)၌ ဖျော်ဖြေရေးအစီအစဉ်တင်ဆက်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(၄) ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ၏ စိမ်းလန်းစိုပြေ သန့်ရှင်းသာယာလှပရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ကြိုးပမ်းဆောင်ရွက်ခြင်း၊
(၅) တိုင်းရင်းသားကျေးရွာဝန်းအတွင်း သန့်ရှင်းသပ်ရပ်သာယာလှပရေး လုပ်ငန်းများ၊ စိမ်းလန်း စိုပြေရေးလုပ်ငန်းများ၊ ပန်းအလှပင် စိုက်ပျိုးရေးလုပ်ငန်းများ၊ နှစ်ရှည်ပင်ထိန်းသိမ်းရေး လုပ်ငန်းများ၊ ဒီရေရောက်တောနှင့် ဒီရေရောက်အပင်များ ထိန်းသိမ်းစောင့်ရှောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(၆) ကျေးရွာအတွင်း လာရောက်လေ့လာသော ပြည်သူများအား ထိခိုက်အန္တရာယ်မရှိစေရေး၊ မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်စေရေးဆောင်ရွက်ခြင်းနှင့် ကွင်းလုံခြုံရေး ဆောင်ရွက်ခြင်း၊
(၇) ဂိတ်ဝင်ကြေးကောက်ခံမှုအား ကြီးကြပ်ခြင်း၊ ရငွေများအား အဖွဲ့ရုံးသို့ အပ်နှံခြင်း၊ ပြေစာ စာအုပ်များအား စနစ်တကျထုတ်ယူခြင်း၊ ရေးသွင်းခြင်း၊ မှတ်တမ်းတင်ခြင်း၊ ဂိတ်လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(၈) စီမံရေးရာကိစ္စရပ်များ၊ ငွေစာရင်းဆိုင်ရာကိစ္စရပ်များ၊ အင်ဂျင်နီယာဆိုင်ရာကိစ္စရပ်များ၊ ရိုးရာယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များအား ဆောင်ရွက်ခြင်း၊
(၉) ရိုးရာယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ၊ အခွန်ဆိုင်ရာကိစ္စရပ်များ ထိန်းသိမ်း ဆောင်ရွက်ခြင်း၊
(၁၀) ပြည်ထောင်စုတိုင်းရင်းသားကျေးရွာအတွင်းရှိ ရိုးရာအိမ်များ၊ အဆောက်အဦများ၊ လမ်း၊ တံတားများနှင့် အင်ဂျင်နီယာဆိုင်ရာ လုပ်ငန်းတာဝန်များ ဆောင်ရွက်ခြင်း၊
(၁၁) တိုင်းရင်းသားကျေးရွာအတွင်းရှိ လျှပ်စစ်မီးလိုင်းများ၊ ယာဉ်/စက်ယန္တရားများ ပျက်စီးမှု မရှိ စေရေး ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(၁၂) ကွင်းအတွင်းရှိ မီးစက်များ၊ ရေစက်များကောင်းမွန်ရေး၊ ပျက်စီးမှုမရှိစေရေးနှင့် မီးလိုင်းများ၊ မီးတိုင်များကောင်းမွန်ရေး၊ မီးရရှိရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(၁၃) အဖွဲ့ပိုင်ကားများမောင်းနှင်ခြင်း၊ မော်တော်ယာဉ်များ ပြင်ဆင်ထိန်းသိမ်းခြင်း၊ ဘာဂီယာဉ် များ မောင်းနှင်ခြင်းလုပ်ငန်းများ၊ ရေပေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ရေပိုက်လိုင်းများ ကောင်းမွန်စေရေး ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း။
(၁၄) စားသောက်ဆိုင်များနှင့်ကျေးရွာအတွင်း မွေးမြူထားသော တိရစ္ဆာန်များအား ထိန်းသိမ်း စောင့်ရှောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(၁၅) ရိုးရာအိမ်(၈)လုံး၏ သန့်ရှင်းသာယာလှပရေး၊ ရိုးရာအိမ်ရှိ ရိုးရာအသုံး အဆောင် ပစ္စည်းများ စနစ်တကျထိန်းသိမ်းကြီးကြပ်ကွပ်ကဲရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း။