ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

ရှေ့ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်းဥပဒေအရ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ

(၁)     တိုင်းရင်းသားများ၏ ဓလေ့ထုံးတမ်းအစဉ်အလာအရ ဆောင်ရွက်သော ပွဲတော်များ၊ အခမ်းအနားများ၊ စာပေ၊ ယဉ်ကျေးမှုမြှင့်တင်ခြင်းနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ထောက်ပံ့ခြင်း ဆောင်ရွက်မည်။

(၂)      သဘာဝဘေးအန္တရာယ်၊ တိုက်ပွဲအန္တရာယ်ခံစားရသော တိုင်းရင်းသားများအား ကူညီ ထောက်ပံ့ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်။

(၃)     လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း များဖွင့်လှစ်ခြင်းနှင့် အခြားဆက်စပ်ဌာနများမှ ဖွင့်လှစ်သည့် သင်တန်းများသို့ တက်ရောက် နိုင်ရန် ဝန်ထမ်းများစေလွှတ်ခြင်း ဆောင်ရွက်မည်။

(၄)     e-Government လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်။

(၅)     ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်။

(၆)     ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ တိုင်းရင်းသားလူငယ်များ သင်တန်းကျောင်း မြေနေရာ ရှင်းလင်းပြုပြင်ခြင်း၊ တိုင်းဒေသကြီး/ပြည်နယ် ညွှန်ကြားရေးမှူးရုံးများ၊ ဝန်ထမ်းအိမ်ရာများ၊ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ အဆောက်အဦးများ ပြန်လည်ပြုပြင်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်မည်။

(၇)     အခြေခံလိုအပ်ချက်ဖြစ်သော ရုံးသုံးစက်ကိရိယာပစ္စည်းများ၊ ရုံးသုံးပရိဘောဂများ၊ ယာဉ်နှင့် အခြားပစ္စည်းများကို ပြုပြင်ထိန်းသိမ်းခြင်း၊ ဖြည့်တင်းခြင်းနှင့် ဝယ်ယူခြင်းလုပ်ငန်း ဆောင်ရွက်မည်။

(၈)     တိုင်းဒေသကြီး/ပြည်နယ်များရှိ တိုင်းရင်းသားလူမျိုးများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိ စေရေး လေ့လာရေးခရီးစဉ်များ ပြုလုပ်ပေးခြင်း ဆောင်ရွက်မည်။

(၉)     တိုင်းရင်းသားများနှင့် သက်ဆိုင်သော ရိုးရာယဉ်ကျေးမှု စာအုပ်စာပေများ၊ တိုင်းရင်းသား မဂ္ဂဇင်း၊ သိမှတ်ဖွယ်ရာ စာအုပ်စာစောင်များ ထုတ်ဝေခြင်းနှင့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေ စာအုပ်များကို တိုင်းရင်းသား ဘာသာဖြင့် ပုံနှိပ်ခြင်းလုပ်ငန်းများဆောင်ရွက်မည်။

(၁၀)   တိုင်းရင်းသားလူမျိုးများ၏ ဝတ်စားဆင်ယင်မှု၊ ပျောက်ကွယ်လုနီးပါးဖြစ်နေသည့် တိုင်းရင်းသား လူမျိုးများ၏ အသုံးအဆောင်ပစ္စည်းများနှင့် တူရိယာပစ္စည်းများ ဝယ်ယူစုဆောင်းခြင်း ဆောင်ရွက်မည်။

(၁၁)   ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)တွင် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုကို အခြေခံသည့် ပွဲတော်များ၊ အခမ်းအနားများ၊ အကအလှများ ဖျော်ဖြေတင်ဆက်ခြင်းကို ဆောင်ရွက်မည်။

(၁၂)    ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးနှင့် တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်မည်။

(၁၃)   တိုင်းရင်းသားရေးရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေး ဝမ်းကျောင်းပညာလိုအပ်ချက် ဆန်းစစ်စီမံခြင်းလုပ်ငန်းများ ဆောင်ရွက်မည်။

(၁၄)   တိုင်းရင်းသားများ၏ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေးအတွက် သင်တန်းကျောင်း အခြေပြုနှင့် ရပ်ရွာအခြေပြု သက်မွေးပညာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးမည်။

(၁၅)   မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုကော်မတီသို့ လျှောက်ထားလာမှုအား ကွင်းဆင်းစစ်ဆေးခြင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေတို့နှင့်အညီ စီမံကိန်းဆိုင်ရာလုပ်ငန်းများကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်မည်။

(၁၆)   တိုင်းရင်းသားစာပေ သင်ကြားသည့် ဆရာ/မများ ခန့်ထားနိုင်ရေး၊ တိုင်းရင်းသားဘာသာသင် ဆရာ/မများ မူလတန်းဆရာအတတ်သင်စာပေးစာယူသင်တန်း တက်ရောက်ခွင့်ရရှိရေ ပညာရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် တိုင်းရင်းသားဘာသာစကားများကို အခြေခံသည့် သင်ရိုးပြဋ္ဌာန်းနိုင်ရေး သက်ဆိုင်ရာဌာန အသင်းအဖွဲ့များနှင့်ပူးပေါင်းဆောင်ရွက်မည်။

(၁၇)   အမျိုးသမီး၊ ကလေးသူငယ်၊ လူငယ်နှင့်မသန်စွမ်းများဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာ စီမံကိန်းလုပ်ငန်းစဉ်အား အကောင်အထည်ဖော်‌ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်မည်။