ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများ

ပြည်ထောင်စုဝန်ကြီးရုံး

ပြည်ထောင်စုဝန်ကြီးရုံး၏ ဖွဲ့စည်းပုံတွင် ဦးစီးရုံးနှင့် ဌာနခွဲ ၆ ခုပါဝင်၍ ယင်းတို့၏ လုပ်ငန်း တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည် -

အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်စီမံခန့်ခွဲမှုဌာနခွဲ

  • ဝန်ကြီးဌာနပိုင်ရုံး၊ အဆောက်အအုံအတွင်းရှိ လူပုဂ္ဂိုလ်လုံခြုံရေး၊ စာရွက်စာတမ်း လုံခြုံရေးတို့ကို စနစ်တကျရှိစေရေး ကြပ်မတ်ဆောင်ရွက်ခြင်း၊
  • ဝန်ကြီးဌာန အဆောက်အအုံအတွင်းအပြင် သန့်ရှင်းသာယာလှပရေး၊ အဖွဲ့ပိုင်ပစ္စည်းများ စနစ်တကျ အသုံးပြုရေး၊ ပျက်စီးဆုံးရှုံးမှု မရှိစေရေး ပြုပြင် ထိန်းသိမ်းဆောင်ရွက်ခြင်း၊
  • ဝန်ကြီးဌာန ဝန်ထမ်းအိမ်ရာများ လုံခြုံရေး၊ သန့်ရှင်းသာယာရေး၊ စည်းကမ်းထိန်းသိမ်းရေး၊ နေရာချထားရေးဆိုင်ရာကိစ္စရပ်များအား သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်း၍ ကြပ်မတ်ဆောင်ရွက်ခြင်း၊
  • ဝန်ကြီးဌာန၏လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့်အစီအမံများအား ဤဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း၊

မူဝါဒနှင့် ဥပဒေလုပ်ထုံးလုပ်နည်းစိစစ်ရေးနှင့် လုပ်ငန်းစစ်ဆေးရေးဌာနခွဲ

  • တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေပါ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် မူဝါဒနှင့်လုပ်ငန်းစဉ်များချမှတ်ခြင်းနှင့် လုပ်ထုံးလုပ်နည်းများ၊ အမိန့်များထုတ်ပြန်ခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းများကို ဆောင်ရွက်ခြင်း၊
  • ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေပါ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများကို ဥပဒေနှင့်အညီ အပြည့်အဝရရှိခံစားနိုင်ရေးအတွက် ကာကွယ်စောင့်ရှောက်ခြင်း၊
  • တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေပါကိစ္စရပ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊
  • ပြည်ထောင်စုအစိုးရအဖွဲ့ကဖြစ်စေ ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ ပေးအပ်သော တိုင်းရင်းသားလူမျိုးရေးရာ လုပ်ငန်းတာဝန်များဆောင်ရွက်ခြင်း၊

စီမံကိန်းနှင့်စာရင်းအင်းဌာနခွဲ

  • ဝန်ကြီးဌာန လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ (၃)လပတ်၊ (၆)လပတ်၊ နှစ်ပတ်လည် အစီရင်ခံစာများကို စုစည်းပြုစု၍ သက်ဆိုင်ရာအဖွဲ့အစည်းများသို့ ပေးပို့အစီရင်ခံ တင်ပြခြင်း၊
  • တိုင်းရင်းသားလူမျိုးများ၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းစီမံချက်များရေးဆွဲခြင်း၊ သဘောထားမှတ်ချက်ပြု ပြန်ကြားခြင်းနှင့် ဦးစီးဌာနအလိုက် လုပ်ငန်းပြီးစီးမှုကို စနစ်တကျ မှတ်တမ်းတင်ခြင်း၊
  • မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီးဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan - MSDP) ရေးဆွဲ ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်း၊

ဝန်ကြီးဌာနတွင်းစာရင်းစစ်နှင့်ဘဏ္ဍာရေးဌာနခွဲ

  • ဝန်ကြီးဌာန၏ ရသုံးမှန်းခြေငွေစာရင်းများကို ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ ပြုစုရေးဆွဲခြင်း၊
  • ဘဏ္ဍာရေးနှင့်စာရင်းစစ်ဆေးရေးဆိုင်ရာကိစ္စရပ်များအတွက် ဝန်ကြီးဌာနကိုယ်စား ပြုစုရေးဆွဲ၍ သက်ဆိုင်ရာဌာနများနှင့် တာဝန်ခံညှိနှိုင်း ဆောင်ရွက်ခြင်း၊
  • ဝန်ကြီးဌာန၏ ရငွေနှင့် အသုံးစရိတ်စာရင်းများကို လစဉ်၊ ၃လပတ်၊ ၆လပတ်၊ နှစ်ပတ်လည်အစီရင်ခံစာ စာရင်းများကို ပြုစုပေးပို့ဆောင်ရွက်ခြင်း၊
  • ဌာနများ၏ လုပ်ငန်းဆောင်ရွက်မှုများ စီမံကြီးကြပ်ခြင်းနှင့် ငွေကြေးဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ဖြစ်စေရန်နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ စာရင်းစစ်ဆေး အကြံပြုတွေ့ရှိချက်များ လျော့နည်းစေရန် ဌာနတွင်း စာရင်းစစ်လုပ်ငန်းများဆောင်ရွက်ခြင်း၊

ပြည်တွင်းပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲ

  • တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်ပအစိုးရ အဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
  • ပြည်တွင်းပြည်ပ ကိုယ်စားလှယ်များ လာရောက်ခြင်း၊ စေလွှတ်ခြင်းနှင့် ပြည်ပသို့ ပညာသင်စေလွှတ်ခြင်းဆိုင်ရာကိစ္စများ ဆောင်ရွက်ခြင်း၊
  • ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်နှင့် သတင်းများ ထုတ်ပြန်နိုင်ရေးအတွက် ဆောင်ရွက်ခြင်း။

e-Government ဌာနခွဲ

  • ဝန်ကြီးဌာန၏ သတင်းအချက်အလက်လုံခြုံရေး စီမံခန့်ခွဲခြင်း၊
  • ဝန်ကြီးဌာန၏ ရုံးလုပ်ငန်းများအပါအဝင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများတွင် စွမ်းဆောင်ရည်တိုးတက်မြင့်မားစေရန် IT နည်းပညာ အသုံးချဆောင်ရွက်မှု အခန်းကဏ္ဍအား မြှင့်တင်နိုင်ရေးဆောင်ရွက်ခြင်း၊
  • ကွန်ပျူတာများ၊ ဆက်စပ်ပစ္စည်းများနှင့် ကွန်ရက်များလုံခြုံရေးတို့ကို စနစ်တကျရှိစေရေး ကြပ်မတ်ဆောင်ရွက်ခြင်းနှင့် e-Government သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊

ပြည်တွင်းပြည်ပဆက်ဆံရေးနှင့်

  • ဌာနများအကြား ပေါင်းစပ်ညှိနှိုင်းမှုအတွက် ပူးပေါင်းဆောင်ရွက်ခြင်း၊
  • တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်မှုများအတွက် ပံ့ပိုးကူညီ ဆောင်ရွက်ခြင်း။