ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

လူမှုဘဝမြှင့်တင်ရေး

၂၀၂၁ -၂၀၂၂ ဘဏ္ဍာနှစ် (၆) လ အတွင်း လုပ်ငန်းဆောင်ရွက်ချက်များ

၂၀၂၁ -၂၀၂၂ ဘဏ္ဍာနှစ် (၆) လ အတွင်း လုပ်ငန်းဆောင်ရွက်ချက်များ

၂၀၂၁ -၂၀၂၂ ဘဏ္ဍာနှစ် () လ အတွင်း လုပ်ငန်းဆောင်ရွက်ချက်များ

လူမှုဘဝများ မြင့်မားရေးအတွက် ဆောင်ရွက်ခြင်း

          ဖွံ့ဖြိုးတိုးတက်မှုနည်းပါးသည့် တိုင်းရင်းသားလူမျိုးများနှင့် ၎င်းတို့၏ဒေသများ၌ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့်လမ်းပန်းဆက်သွယ်ရေးစသည့် ကဏ္ဍများတွင်ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အစိုးရအဖွဲ့အစည်းများ၊ ဆက်စပ်ပတ်သက်သူများနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ပေးခြင်းတို့ကို အောက်ပါအတိုင်း ဆောင်ရွက်နိုင်ခဲ့ပါသည်-

(က)    လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ပန်းခင်းစီမံချက်ဖြင့် မှတ်ပုံတင်ရရှိရေးအတွက် သက်ဆိုင်ရာတိုင်းရင်းသားစာပေ နှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

(ခ)    ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တိုင်းရင်းသားဘာသာ စာပေသင်ကြားရေး အထောက်အကူပြု ဆရာ၊ ဆရာမများ (Teaching Assistant-TA)၁၁၈၉ ဦးနှင့် တိုင်းရင်းသား စာပေသင် ဆရာ၊ ဆရာမများ (Language Teacher-LT)  ၂၅ ဦး၊ စုစုပေါင်း ၁၂၁၄ ဦး ခန့်ထားပေးနိုင်ရေးအတွက် (SOP)နှင့်အညီစိစစ်၍ ပညာရေး ဝန်ကြီးဌာနသို့ ညှိနှိုင်းဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။

(ဂ)     ရခိုင်ပြည်နယ်ရှိ လောက်တူ(ချင်း)စာပေသင်ကြားခွင့်ရရှိရေး ကိစ္စရပ်နှင့်စပ်လျဉ်း၍ ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ပါသည်။

(ဃ)    မန္တလေးတိုင်းဒေသကြီး မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ ပြင်ဆင်ဖွဲ့စည်းခဲ့ရာ မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ၁ ဦးက အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။

(င)      ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှ “ပဲခူးတိုင်းဒေသကြီး မြေလွတ်၊ မြေ လပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ”အား ဖွဲ့စည်းခဲ့ရာ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ၁ ဦးက အဖွဲ့ဝင်အဖြစ်ပါဝင် ဆောင်ရွက်လျက်ရှိပါသည်။

(စ)     ဖွံ့ဖြိုးတိုးတက်မှုနည်းပါးသည့် တိုင်းရင်းသားလူမျိုးများနှင့် ၎င်းတို့၏ဒေသများ၌ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့်လမ်းပန်းဆက်သွယ်ရေးစသည့် ကဏ္ဍများတွင် လူမှုဘဝမြင့်မားရေးအတွက် ဆောင်ရွက်ပြီးစီးမှုအခြေအနေမှာ  အောက်ပါအတိုင်း ဖြစ်ပါသည်- 

                  

စဉ် သင်တန်းအမည် ဦးရေ (က) နယ်စပ်ဒေသ တိုင်းရင်းသားငယ်များ စက်မှုလက်မှုသင်တန်း ကျောင်း (ပုဏ္ဏားကျွန်း၊ အောင်ပန်း) ၂၂ (ခ) အမျိုးသမီး အိမ်တွင်းမှု အသက်မွေးပညာ သင်တန်းကျောင်း (မင်းပြား) ၅ (ဂ) အစိုးရ စက်မှုလက်မှု သိပ္ပံကျောင်း (သံတွဲမြို့) ၂၀ (ဃ) ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း (စစ်တွေမြို့) ၁၁ (င) အစိုးရနည်းပညာအထက်တန်းကျောင်း (စစ်တွေမြို့၊ သံတွဲမြို့) ၃၁ (စ) ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) ၂၀ (ဆ) “အဆင့်မြင့်စက်ချုပ်နှင့် ရိုးရာဖက်ရှင် ဒီဇိုင်းသင်တန်း” (စစ်တွေမြို့) ၂၀   စုစုပေါင်း တက်ရောက်သည့် (ဦးရေ) ၁၂၉

          (ဆ)    နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံသားများအကျိုးကို အထောက်အကူပြုနိုင်စေရန် နှင့်လူမှုအဖွဲ့အစည်းများ ခိုင်မာအားကောင်းစေရန်အတွက် တိုင်းရင်းသားလူမျိုးများ၏ လူမှုရေးအသင်းအဖွဲ့များ မှတ်ပုံတင်ခွင့်ရရှိရေး တည်ဆဲဥပဒေပြဋ္ဌာန်းချက်များနှင့် အညီ စိစစ်၍ သဘောထားမှတ်ချက်များ ပြန်ကြားပေးလျက်ရှိပါသည်။

          (ဇ)     အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း)တွင် ၁၀-၃-၂၀၂၂ ရက်နေ့မှ ၇-၄-၂၀၂၂ ရက်နေ့အထိ ဖွင့်လှစ်သည့် လေအေးပေးစက်သင်တန်း၌ မွန်၊ ရခိုင်နှင့် ကရင်တိုင်းရင်းသား ၁၂ ဦး တက်ရောက် နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဆောင်ရွက်‌ပေးခဲ့ပါ သည်။

          (ဈ)     တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ရန်ပုံငွေမှ ထောက်ပံ့ငွေ ကျပ်သန်း ၁၀၀ ဖြင့် ကျွန်းစုမြို့နယ်၊ ဘုတ်ပြင်းမြို့နယ်၊ ကော့သောင်းမြို့နယ် အတွင်းရှိ ဆလုံတိုင်းရင်းသားများအတွက် ဆလုံကင်းမွန်မျှားဖိုင်ဘာလှေ ၂၂၆ စီး၊ ကင်းမွန်မျှား  ၇၁၃ စုံ၊ ၃ လက်မခွဲ ကဏန်းပိုက် ၄၁၅ စုံ ဝယ်ယူပြီး ထောက်ပံ့ ပေးနိုင်ခဲ့ပါသည်။

          (ည)    ဖွံ့ဖြိုးတိုးတက်မှုနည်းပါးသည့် တိုင်းရင်းသားလူမျိုးများနှင့် ၎င်းတို့၏ဒေသများ၌ ပညာရေး၊ကျန်းမာရေး၊ စီးပွားရေးနှင့် လမ်းပန်းဆက်သွယ်ရေးစသည့် ကဏ္ဍများတွင် လူမှုဘဝမြင့်မားရေးအတွက် ထောက်ပံ့ငွေများပေးနိုင်မှု အခြေအနေမှာ  အောက်ပါ အတိုင်း ဖြစ်ပါသည်-

စဉ် တိုင်းဒေသကြီး/ ပြည်နယ် ကျင်းပသည့် အခမ်းအနားများ ထောက်ပံ့ငွေ (ကျပ်) (က) ဧရာဝတီတိုင်း ဒေသကြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ များအား ထောက်ပံ့ငွေ ၃,၀၀၀,၀၀၀ (ခ) ကချင်ပြည်နယ် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ များအား ထောက်ပံ့ငွေ ၃,၀၀၀,၀၀၀ (ဂ) ကရင်ပြည်နယ် (၈၄)နှစ်မြောက် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနား ၃,၀၀၀,၀၀၀ (ဃ) ရခိုင်ပြည်နယ် ရခိုင်ပြည်နယ် အထိမ်းအမှတ် ၅၀၀,၀၀၀ (င) ကချင်ပြည်နယ် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (၁၃)ဖွဲ့သို့ ထောက်ပံ့ငွေ ၆,၅၀၀,၀၀၀ (စ) ကချင်ပြည်နယ် ကချင်ပြည်နယ်အခမ်းအနားတွင် မြန်မာနိုင်ငံလီဆူတိုင်းရင်းသား ဗဟိုကော်မတီသို့ ထောက်ပံ့ငွေ ၁,၄၀၀,၀၀၀ (ဆ) ရခိုင်ပြည်နယ် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေး မှုအဖွဲ့များအား ထောက်ပံ့ငွေ ၁,၅၀၀,၀၀၀ (ဇ) ရှမ်းပြည်နယ် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေး မှုအဖွဲ့များအား ထောက်ပံ့ငွေ ၄,၀၀၀,၀၀၀ (ဈ) မန္တလေးတိုင်း ဒေသကြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေး မှုအဖွဲ့များအား ထောက်ပံ့ငွေ ၃,၆၀၀,၀၀၀   (ည) ရန်ကုန်တိုင်း ဒေသကြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေး မှုအဖွဲ့များအား ထောက်ပံ့ငွေ ၈,၅၀၀,၀၀၀ (ဋ) တနင်္သာရီတိုင်း ဒေသကြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေး မှုအဖွဲ့များအား ထောက်ပံ့ငွေ ၇,၀၀၀,၀၀၀ (ဌ) မွန်ပြည်နယ် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အဖွဲ့များအား ထောက်ပံ့ငွေ ၈,၀၀၀,၀၀၀   စုစုပေါင်း ၅၀,၀၀၀,၀၀၀