ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သုတေသနနှင့် ဖွံ့ဖြိုးရေး

၂၀၂၁ -၂၀၂၂ ဘဏ္ဍာရေးနှစ် (၆)လအတွင်း လုပ်ငန်းဆောင်ရွက်ချက်များ

၂၀၂၁ -၂၀၂၂ ဘဏ္ဍာရေးနှစ် (၆)လအတွင်း လုပ်ငန်းဆောင်ရွက်ချက်များ

၂၀၂၁ -၂၀၂၂ ဘဏ္ဍာရေးနှစ် () လအတွင်း လုပ်ငန်းဆောင်ရွက်ချက်များ

လေ့လာသုတေသနပြုခြင်း

(က) မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားများ ပျံ့နှံ့နေထိုင်ပုံများကို စာအုပ်စာတမ်းများမှ ရှာဖွေ၍ စုဆောင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တိုင်းရင်းသားမျိုးနွယ်စုများ၏ ပျံ့နှံ့နေထိုင်မှု မှတ်တမ်းဆောင်ရွက်လျက်ရှိပါသည်။

 ( ခ ) “တိုင်းရင်းသားလူမျိုးများ၏ နေ့ထူးနေ့မြတ်များ၊ ရိုးရာပွဲတော်အခမ်းအနားများ ကျင်းပခြင်းဆိုင်ရာ ဓလေ့ထုံးတမ်းများ” သုတေသနစာတမ်းရေးသားခြင်းကို ဆောင်ရွက်လျက်ရှိပါသည်။

  (ဂ )   “အစိုးရဌာနများမှ ဆောင်ရွက်လျက်ရှိသော သက်မွေးပညာသင်တန်းများနှင့် သင်တန်းကျောင်းများ” ခေါင်းစဉ်ဖြင့် စာအုပ်ထုတ်ဝေနိုင်ရေး အချက်အလက်များကို စုစည်းဆောင်ရွက်လျက်ရှိပါသည်။

 (ဃ)  မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ၊နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေနှင့် မြန်မာနိုင်ငံတိုင်းရင်းဆေး ကောင်စီ ဥပဒေ တို့တွင် တိုင်းရင်းသားရေးရာကဏ္ဍပါဝင်မှု ရာခိုင်နှုန်းဆန်းစစ်ခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

(င)      မြန်မာနိုင်ငံသားဥပဒေ၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ဥပဒေနှင့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေတို့တွင် တိုင်းရင်းသားရေးရာကဏ္ဍ ပါဝင်မှု ရာခိုင်နှုန်းဆန်းစစ်ခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

(စ)     တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနသည် “မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဥပဒေ”၊ “အခြေခံပညာရေးဥပဒေ” “ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ”၊ မသန်စွမ်း သူများ၏ အခွင့်အရေး ဥပဒေ”၊ “ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥပဒေ” နှင့် “မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ” တို့တွင် တိုင်းရင်းသားရေးရာကဏ္ဍပါဝင်မှု ရာခိုင်နှုန်းဆန်းစစ်ခြင်းကို ဆောင်ရွက်ခဲ့ပါသည်။