ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သုတေသနနှင့် ဖွံ့ဖြိုးရေး

၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်များ

၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်များ

၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်များ

လေ့လာသုတေသနပြုခြင်း

          (က)    စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်နှင့် ဗန်းမောက်မြို့နယ်တို့မှ ဗမာ တိုင်းရင်းသားမျိုးနွယ်စုဝင် ကတူး၊ ကနန်းတိုင်းရင်းသားတို့၏ စာပေပေါ်ထွန်းလာ ရေးအတွက် ကူညီဆောင်ရွက်ခဲ့ပါသည်။

          ( ခ )    မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားများပျံ့နှံ့နေထိုင်ပုံများကို စာအုပ်စာတမ်းများမှ ရှာဖွေ၍ စုဆောင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာ တိုင်း ဒေသကြီးနှင့် ပြည်နယ်အလိုက် တိုင်းရင်းသားမျိုးနွယ်စု (၉၀) ခန့်၏ ပျံ့နှံ့နေထိုင်မှု များကို မှတ်တမ်း ပြုစုခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          (ဂ)     “တိုင်းရင်းသားများ၏ သက်မွေးဝမ်းကျောင်းဆိုင်ရာ ရိုးရာလက်မှုပညာများအား လေ့လာ သုတေသနပြုခြင်း”၊ “အစိုးရဌာနများမှဆောင်ရွက်လျက်ရှိသော သက်မွေး ပညာသင်တန်းများနှင့်သင်တန်းကျောင်းများ” ခေါင်းစဉ်များဖြင့် သုတေသနစာတမ်း ရေးသားခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

          ( ဃ )   “တိုင်းရင်းသားလူမျိုးများ၏ နေ့ထူးနေ့မြတ်များ၊ ရိုးရာပွဲတော်အခမ်းအနားများ ကျင်းပခြင်းဆိုင်ရာ ဓလေ့ထုံးတမ်းများ” သုတေသနစာတမ်းရေးသားခြင်းကို ဆောင်ရွက်လျက်ရှိပါသည်။