ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

23 FEB

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြလေ့ကျင့်ခြင်းအခမ်းအနား ကျင်းပ

  • နေပြည်တော်
  • 23 February 2026

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြလေ့ကျင့်ခြင်းအခမ်းအနားကို  ယနေ့ နံနက်ပိုင်း၌ ဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်ရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများနှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ နေပြည်တော်တိုင်း မီးသတ်ဦးစီးဌာန၊ ဥတ္တရခရိုင် မီးသတ်ဦးစီးမှူး နှင့် အဖွဲ့တို့ တက်ရောက်ကြပါသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင် ဦးဆောင်၍ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ နေပြည်တော် တိုင်း မီးသတ်ဦးစီးဌာန၊ ဥတ္တရခရိုင် မီးသတ်တပ်ဖွဲ့က နိုင်ငံတော်အလံကို စုပေါင်း အလေးပြု ကြပြီး နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဌာန် (၆)ချက်ကို ရွတ်ဆိုကြပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မီး ဆိုသည်မှာ အမျိုးအစား အမျိုးမျိုးရှိသကဲ့သို့ မသုံးတတ်လျှင် ဘေးဖြစ်စေတတ်ပြီး “မီးဘေးရှောင် မလောင်ခင်တား” ဆိုသည့် ဆောင်ပုဒ်အတိုင်း မီးဘေးကြိုတင်ကာကွယ်ရေး စီမံချက်များ ရေးဆွဲ၍ စနစ်တကျ ဇာတ်တိုက်လေ့ကျင့်ထားရန် လိုအပ်ပါကြောင်း၊ မီးလောင်မှုသည် အခြေအနေအမျိုးမျိုးတွင် ဖြစ်ပေါ်တတ်သဖြင့် မီးနှင့်ပတ်သက်၍ မပေါ့ဆကြရန်နှင့် မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားရှိသည့် ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်၏ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းများတွင်လည်း အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ခံယူပြီး ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားပါသည်။

ထို့နောက်  ပြည်ထဲရေးဝန်ကြီးဌာန၊ နေပြည်တော်တိုင်း မီးသတ်ဦးစီးဌာန၊ ဥတ္တရခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးသက်နောင်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆိုင်ရာ အသိပညာများကို Power Point ဖြင့် ရှင်းလင်းဆွေးနွေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

ယင်းနောက် မီးငြိမ်းသတ်မှု သရုပ်ပြလေ့ကျင့်ခြင်းအစီအစဉ်ကို ဆောင်ရွက်ရာ ဒုတိယဝန်ကြီးနှင့်အတူ ဝန်ကြီးဌာနရှိ အရာထမ်း၊  အမှုထမ်းများက ကြည့်ရှုအားပေးခဲ့ကြပြီး လက်တွေ့ပါဝင် စမ်းသပ်လေ့ကျင့်ခဲ့ကြကြောင်း သိရှိရပါသည်။