ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

16 MAY

ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညို ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ဘက်စုံအဆင့် မြှင့်တင်ရေး ကြည့်ရှုစစ်ဆေး

  • ရန်ကုန်
  • 16 May 2026

           တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညိုသည် ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးတွင် မေလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် တာဝန်ထမ်းဆောင် နေသော ဝန်ထမ်းများနှင့် အဆိုပါညွှန်ကြားရေးမှူးရုံး အစည်းအဝေး ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြာရာ ဝန်ထမ်းများ၏တင်ပြဆွေးနွေးမှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

          နေလည်ပိုင်းတွင် ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညိုသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးနေမင်းထွန်း နှင့် တာဝန်ရှိသူများလိုက်ပါလျက် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်) ဘက်စုံအဆင့်မြင့်တင်ရေးအတွက် လုပ်ငန်းလုပ်ကိုင်နေသော လုပ်ငန်းရှင်များ၊ တာဝန်ထမ်း ဆောင်နေသော ဝန်ထမ်းများနှင့် အဆိုပါ အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ပထမဦးစွာ ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညိုက တွေ့ဆုံအမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာသည် နိုင်ငံတော်အတွက် ပြည်ထောင်စုစိတ်ဓာတ် တိုးတက်ခိုင်မာစေရန်နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို သရုပ်ဖော်ပြသရာတွင် အဓိကကျသော ပုံရိပ်တစ်ခုဖြစ်ပါကြောင်း၊ တိုင်းရင်းသားများ၏ ယဉ်ကျေးမှုများ၊ ၎င်းတို့၏သမိုင်းအစဉ်အလာများ၊ ရိုးရာနေအိမ်များကို မူလရိုးရာအစဉ် အလာအတိုင်း မပျောက်ပျက်အောင် ဂရုပြုထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်ပြီး စဉ်ဆက် မပြတ်ပြုပြင်မွမ်းမံ ထိန်းသိမ်းကြရန်လိုအပ်ပါကြောင်း၊ အများပြည်သူများ စိတ်အပန်းဖြေ လေ့လာရန်နေရာတစ်ခုဖြစ်သည့်အတွက် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာ လှပရေးကို အလေးထားဆောင်ရွက်စေလိုကြောင်း၊    နိုင်ငံတော်အတွက် ဘဏ္ဍာငွေများရရှိနိုင်ရေး ဆောင်ရွက်စေလိုကြောင်း၊ တိုင်းရင်းသာကျေးရွာ အဆင့်မြှင့်တင်ရေး လုပ်ငန်းများ အောင်မြင် စွာဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးကြစေလိုပါကြောင်း၊ တိုင်းရင်းသားကျေးရွာ (ရန်ကုန်)အား အဆင့်မြှင့်တင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် ပွင့်လင်းမြင်သာစွာ တင်ပြဆောင်ရွက်ကြရန် ပြောကြားခဲ့ပါသည်။

၎င်းနောက် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) တာဝန်ခံအရာရှိက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းများကို power point ဖြင့်ရှင်းလင်းတင်ပြပါသည်။

ဆက်လက်ပြီး တက်ရာက်လာသည့် လုပ်ငန်းရှင်များက ဆွေးနွေးတင်ပြကြရာ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးနေမင်းထွန်းက အထွေထွေဆွေးနွေးတင်ပြချက်  များအပေါ် ဖြည့်စွက်ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညိုက လုပ်ငန်းများ အောင်မြင်စွာအကောင်အထည်ဖော် ဆောင်နိုင်ရေးအတွက် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ပါသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ဒုတိယဝန်ကြီးက တွေ့ဆုံအမှာစကားပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် မိမိတာဝန်ကိုသိရှိပြီး ကျေပွန် အောင်ဆောင်ရွက်ကြရန်၊ လာရောက်လည်ပတ်ကြသော ပြည်သူများအား ဗဟုသုတများ ရရှိနိုင်ရေးအတွက် တိုင်းရင်းသားများ၏ ရိုးရာဓလေ့များကို ရှင်းလင်းပြသနိုင်ရေး ဆောင်ရွက်ထားရှိရန်လိုအပ်ပါကြောင်း၊  နိုင်ငံတော်၏ ပုံရိပ်တစ်ခုဖြစ်သော ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ(ရန်ကုန်)အား ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန်နှင့် ဝန်ထမ်း များ၏ တင်ပြဆွေးနွေးမှုများအား ဒုတိယဝန်ကြီးက  ဖြည့်ဆည်းဆောင်ရွက်ခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးရာ ပထမဦးစွာ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်နှင့် ရှမ်း တိုင်းရင်းသားများ၏ ရိုးရာနေအိမ်များနှင့် ဆိပ်ခံဘောတံတားအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိ သူများ၏ ရှင်းလင်းတင်ပြမှုများအပေါ်  ဒုတိယဝန်ကြီးက လိုအပ်သည်များကို လမ်းညွှန်ပေး ခဲ့ပြီး လာရောက်လည်ပတ်ကြသော ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ ပါသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများလိုက်ပါလျက် သန်လျင်မြို့ရှိ ဝန်ထမ်းအိမ်ရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။