ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

အခြားသတင်းများ

  • 14
  • MAY

  • 14 May 2024
  • မော်လမြိုင်

မွန်ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် မွန်ပြည်နယ်၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းတို့ ပူးပေါင်း၍ ကရင်တိုင်းရင်းသား စာပေသင် ဆရာ/ ဆရာမများ မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ခုနှစ်၊ မေလ(၉)ရက်နေ့တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ မွန်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူများနှင့် မြို့နယ် အသီးသီးမှ  သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်နယ်ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးစောအောင်ကျော်သိန်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော ရန်ပုံငွေကျပ်သိန်း(၃၀)အား လူမှုရေးရာဝန်ကြီးမှ သင်တန်းကျင်းပရေး တာဝန်ရှိသူများထံ ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူး၍ သင်တန်းသား/သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ  အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။ 

ဆက်လက်ဖတ်ရှုပါရန်
  • 14
  • MAY

  • 14 May 2024
  • ဧရာဝတီတိုင်းဒေသကြီး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် တိုင်းရင်းသားရိုးရာအကသင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၄  ခုနှစ်၊ မေလ ၇ ရက်နေ့၊ နံနက် (၈:၀၀) အချိန်တွင် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ ညွှန်ကြားရေးမှူးရုံးရှိ ဦးစီးဌာန (၂) ခုမှ အရာထမ်း၊ အမှုထမ်းများ၊ တိုင်းအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ကရင်/ရခိုင်/ချင်း တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့ဝင်များ၊ သင်တန်းနည်းပြဆရာမများ၊ သင်တန်းသူများ နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာမများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ချီးမြှင့်ငွေ များ ပေးအပ်ခဲ့ပါသည်။  ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာ ဝန်ကြီး စောလင်းခယ်က သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ အသီးသီးပေးအပ် ခဲ့ပြီး သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ ထို့နောက် သင်တန်းသူများနှင့် Azalea Stars အကအဖွဲ့တို့က တိုင်းရင်းသားရိုးရာအကများဖြင့် ကပြဖျော်ဖြေခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ ပါသည်။  ၎င်းနောက် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူး၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 30
  • APR

  • 30 April 2024
  • ဧရာဝတီတိုင်းဒေသကြီး

တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊တိုင်းရင်းသား ရေးရာဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး ကရင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းတို့ ပူးပေါင်း၍ ပုံနှိပ်ထုတ်ဝေသော မြန်မာ-အနောက်ပိုးကရင်-စကောကရင် စကားပြောစာအုပ်၊ G-3 ဆရာကိုင် နှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ ဖြန့်ဝေပေးအပ်ပွဲအခမ်းအနားကို ၂၀၂၄ခုနှစ်၊ဧပြီလ ၂၃ ရက်နေ့၊ နံနက် (၉:၀၀) အချိန်တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသား ရေးရာဝန်ကြီးနှင့်အတူ ညွှန်ကြားရေးမှူးရုံးရှိ ဦးစီးဌာန (၂) ခုမှ  အရာထမ်း၊ အမှုထမ်းများ၊ ကရင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌနှင့် အသင်းဝင်များ၊ ရခိုင်/ချင်းတိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး စောလင်းခယ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီး ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ မန်းသိန်းကျော်က စာအုပ်ဖြန့်ဝေပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းများထံသို့ မြန်မာ-အနောက်ပိုးကရင်-စကောကရင် စကားပြောစာအုပ်၊ G-3 ဆရာကိုင် နှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များအသီးသီး ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူး၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။ 

ဆက်လက်ဖတ်ရှုပါရန်
  • 30
  • APR

  • 30 April 2024
  • ဧရာဝတီတိုင်းဒေသကြီး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနတို့ ပူးပေါင်း၍ တိုင်းရင်းသားရိုးရာအကသင်တန်း ဖွင့်ပွဲအခမ်းအနားကို ၂၀၂၄  ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့်အတူ ညွှန်ကြားရေးမှူးရုံးရှိ ဦးစီးဌာန(၂) ခုမှ အရာထမ်း၊ အမှုထမ်း များ၊ တိုင်းအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကရင်/ရခိုင်/ချင်း တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်း ဥက္ကဋ္ဌများ၊ သင်တန်းနည်းပြဆရာမများ၊ သင်တန်းသားများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး စောလင်းခယ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးကျော့ရီက သင်တန်းဖွင့်လှစ်မည့် အစီအစဉ် အား ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ သင်တန်းနည်းပြဆရာမများက တိုင်းရင်းသားရိုးရာ အကဖြင့် ကပြဖျော်ဖြေခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးခဲ့ပါသည်။ အဆိုပါသင်တန်းကို  ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့မှ မေလ ၇ ရက်နေ့အထိ (၁၅)ရက်တာ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး ကရင်၊ရခိုင်နှင့် ချင်း တိုင်းရင်းသားသင်တန်းသူ (၄၈) ဦး တက်ရောက်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 26
  • APR

  • 26 April 2024
  • နေပြည်တော်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဘဏ္ဍာငွေ ခွဲဝေချထားမှုနှင့် (၄) လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် အရာထမ်းများ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်ညွှန်ကြားရေးမှူး ရုံးနှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာတို့မှ တာဝန်ခံများက Online စနစ်ဖြင့် တက်ရောက်ကြပါသည်။ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အစည်း အဝေးသည် ရုံးချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေခွဲဝေချထားမှုနှင့်  (၄) လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖြစ်ပါကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းဥပဒေတွင် ဝန်ကြီးဌာနမှ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် (၁၈)ချက်ကို အလေးထား၍ စီမံကိန်းရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ခွဲဝေရရှိသည့် အသုံးစရိတ်များကို ခွဲဝေသုံးစွဲရာတွင် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအပြင် မိမိ၏ ဌာနတွင်းမှာရှိသော ဝန်ထမ်းများအတွက် တိုက်ရိုက်အကျိုးသက်ရောက်ဖြစ်ထွန်းစေမည့် အသုံးစရိတ်များကို စနစ်တကျ သုံးစွဲရမည်ဖြစ်ပါကြောင်း၊ အသုံးစရိတ်များကိုလည်း လျာထား သည့်အတိုင်း အချိန်မီ ပြည့်ပြည့်ဝဝသုံးစွဲရန် လိုအပ်ပါကြောင်း၊ ခေါင်းစဉ်ပြောင်းသုံးစွဲမှု မဖြစ်စေရန်နှင့်  ပြန်လည်အပ်နှံခြင်း မရှိစေရန် ဘဏ္ဍာငွေများကို ချင့်ချိန်သုံးစွဲဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ငွေလုံးငွေရင်း အသုံးစရိတ်များကို သုံးစွဲရာတွင် တင်ဒါ စည်းမျဉ်းစည်းကမ်း (၁/၂၀၁၇)၊ (၁/၂၀၂၂)  လုပ်ထုံးလုပ်နည်းများနှင့်အညီ အရည်အသွေး စံချိန်စံနှုန်းပြည်မီအောင် အလေးထားဆောင်ရွက်သွားကြရန်နှင့် ချမှတ်ထားသည့် သုံးလပတ် ငွေသားစီမံချက်များ နှင့်အညီ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ၊ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်း၊ အမိန့်ညွန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီတိကျစွာ လိုက်နာ ဆောင်ရွက်သွားကြရန်၊ အသုံးစရိတ်များကို စနစ်တကျ စီစစ်ချွေတာသုံးစွဲသွားရန်၊ အကျိုးရှိ သည့်နေရာတွင် သုံးစွဲကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉) ရပ်တို့နှင့်အညီ နိုင်ငံတော်မှခွဲဝေချပေးသော ၂၀၂၄-၂၀၂၅ ခုနှစ် ဘဏ္ဍာငွေများကို အလေအလွင့် နစ်နာဆုံးရှုံးမှုများ(လုံးဝ) မရှိစေရေးအတွက် မှန်ကန်စွာဖြင့် သုံးစွဲမှုစနစ်ကို အလေးအနက်ထား ဂရုပြုဆောင်ရွက်သွားရန် တိုက်တွန်း ပြောကြားပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ယခင်နှစ်က စီမံကိန်း (၂၄) ခုကို ရာနှုန်းပြည့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး ယခုဘဏ္ဍာရေးနှစ်တွင် စီမံကိန်း (၁၈) ခုရှိပြီး Calendar ရေးဆွဲ၍ ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ ရငွေနှင့် သုံးငွေများ၏ တိုးတက် ဆောင်ရွက်မှုကို သိရှိနိုင်ရန် သုံးလပတ်အစီရင်ခံစာတွင် ထည့်သွင်းနိုင်ရေး အထူးဂရုပြု ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ရငွေများကို ပိုမိုရှာဖွေ၍ သုံးစွဲငွေကို တတ်နိုင်သမျှ ချွေတာရန်ဖြစ်ပါကြောင်း၊ လျာထားသည့်ငွေကို လျာထားသည့်အချိန်၊ ငွေ အတိုင်း သုံးစွဲရန်ဖြစ်ပါကြောင်း၊  တိုင်းဒေသကြီး၊ ပြည်နယ် ညွှန်ကြားရေးမှူးရုံးများမှ တာဝန်ခံများအနေဖြင့်လည်း ရငွေ သုံးငွေများကို ကိုယ်တိုင် စိစစ်ကြပ်မတ်ကွပ်ကဲ၍ အထူး ဂရုပြုဆောင်ရွက်ကြစေလိုပါကြောင်း၊  ပိုမိုကောင်းမွန်သော ရလဒ်များရရှိနိုင်ရေးအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် စီမံကိန်းများနှင့် ပတ်သက်၍ သုတေသနပြု၍ ပြန်လည်တင်ပြရန် ဖြစ်ပါကြောင်း၊  မိမိတို့ဝန်ကြီးဌာန၊ တိုင်းရင်းသား ပြည်သူများနှင့် နိုင်ငံတော်၏ အကျိုးစီးပွားရလဒ်ကောင်းများကို မိမိကျရာ အခန်းကဏ္ဍမှ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်နိုင်ကြပါစေကြောင်း  ပြောကြားပါသည်။ထို့နောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီးရုံးမှ အမြဲတမ်းအတွင်းဝန်က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဝန်ကြီးဌာန၏ ဘဏ္ဍာငွေရရှိမှု အခြေ အနေအားလည်းကောင်း၊  တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် နှင့်တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် တို့က တိုင်းဒေသကြီး/ပြည်နယ်များသို့ ဘဏ္ဍာငွေခွဲဝေချထားမှု အခြေအနေများနှင့် စပ်လျဉ်း၍ လည်းကောင်း အသီးသီး ဆွေးနွေးတင်ပြကြပါသည်။ ၎င်းနောက် တိုင်းဒေသကြီး၊ ပြည်နယ်ညွှန်ကြားရေးမှူးရုံး၊ ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာတို့မှ တာဝန်ခံများနှင့် တက်ရောက်လာသူများက လိုအပ်သည်များကို တင်ပြ ဆွေးနွေးကြပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင် ဒုတိယဝန်ကြီးတို့က ခြုံငုံသုံးသပ်၍ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။ 

ဆက်လက်ဖတ်ရှုပါရန်
  • 23
  • APR

  • 23 April 2024
  • ရန်ကုန်တိုင်းဒေသကြီး

ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးနှင့် ဗမာလူမျိုးတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းတို့ပူးပေါင်း၍  မြန်မာသက္ကရာဇ် ၁၃၈၅-၁၃၈၆ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်အား ကြိုဆိုဂုဏ်ပြုသောအားဖြင့်  ဗမာ့ရိုးရာကျေးလက်သင်္ကြန်ပွဲတော်အခမ်းအနားကို ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ ဗမာတိုင်းရင်းသားရိုးရာနေအိမ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ အရာထမ်း၊ အမှုထမ်းများ၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်မှ တာဝန်ရှိသူများ၊ ဗမာလူမျိုးတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူများ၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ အခမ်းအနားကို မြူမှောင်ဝေကင်းသီချင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက နှစ်သစ်ကူး အကြိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။ ထို့နောက် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ် ယဉ်ကျေးမှုအဖွဲ့မှ အတာင်္ကြန် တေးသီချင်းများဖြင့် ဖေျာ်ဖြေခဲ့ပြီး၊ ဗမာသိုင်း အကျော်အမော်များမှ ဗန်တို၊ ဗန်ရှည် သိုင်းပညာ၊ ဝါးရင်းတုတ်သိုင်းပညာ၊ ဓားသိုင်းပညာရပ်များအား သရုပ်ပြတင်ဆက်ခဲ့ပြီး ရိုးရာခြင်းလုံးပညာရှင်များမှ ဗမာ့ရိုးရာခြင်းလုံးအားကစားနည်းအား အလှပြတင်ဆက်ခဲ့ကြပါသည်။ ထို့နောက် တိုင်းရင်းသားရေးရာဝန်ကြီးက ဗမာလူမျိုးစာပေနှင့် ယဉ်ကျေးမှုအသင်းနှင့် ကပြဖျော်ဖြေသရုပ်ပြခဲ့ကြသည့် ယဉ်ကျေးမှုအဖွဲ့များအား ချီးမြှင့်ထောက်ပံ့ ငွေများပေးအပ်ခဲ့ပါသည်။ ထို့နောက်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဆောင်သော တိုင်းရင်းသား မိသားစုများက မန်းတောင်ရိပ်ခို တေးသီချင်းအား စုပေါင်းသီဆို၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ပါသည်။ 

ဆက်လက်ဖတ်ရှုပါရန်
  • 23
  • APR

  • 23 April 2024
  • ရန်ကုန်တိုင်းဒေသကြီး

တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး ဦးဆောင်မှုဖြင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး၊ ကရင်စာပေနှင့်ယဉ်ကျေးမှု အသင်း၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းများ ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသား ဘာသာသင်ထောက်ကူ(TA)နှင့် တိုင်းရင်းသား ဘာသာသင်(LT)ဆရာ၊ ဆရာမများ မွမ်းမံသင်တန်း (၁/၂၀၂၄)ကို ၂၀၂၄ ခုနှစ် ဧပြီလ(၃)ရက်နေ့မှ (၁၀)ရက်နေ့အထိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)၌ ဖွင့်လှစ်ခဲ့ပါသည်။  အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားကို ဧပြီလ (၁၀)ရက်နေ့တွင်ကျင်းပရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ သင်တန်းသား သင်တန်းသူဆရာ၊ ဆရာမများ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ ကြပါသည်။  အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ကရင်နှင့် ရှမ်း တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဌများမှ သင်တန်း၏ အားသာချက်၊ အားနည်းချက် များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားရေးရာဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသား ဘာသာသင်ထောက်ကူ Teaching Assistant (TA)နှင့် တိုင်းရင်းသားဘာသာသင် Language Teacher (LT)ဆရာ၊ ဆရာမ(၁၇၃)ဦးအတွက် ဆန်၊ ဆီ၊ အားလူးနှင့် ကြက်သွန်များ ပေးအပ် ထောက်ပံ့ခဲ့ပါသည်။ ထို့နောက် မွမ်းမံသင်တန်းတက်ရောက်ခဲ့ကြသည့်(TA/LT) ဆရာ၊ဆရာမများက ကရင် တိုင်းရင်းသားရိုးရာ စကောအကဖြင့် လည်းကောင်း၊ ရှမ်းတိုင်းရင်းသားရိုးရာ ယိမ်းအကဖြင့် လည်းကောင်း ကပြဖျော်ဖြေခဲ့ပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 22
  • APR

  • 22 April 2024
  • နေပြည်တော်

၁၃၈၆ ခုနှစ် မြန်မာနှစ်ဆန်း (၁) ရက်နေ့ အန္တရာယ်ကင်း ပရိတ်တရားတော် နာယူခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲ (၄:၀၀) နာရီတွင် နေပြည်တော်ရှိ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ဇနီးနှင့်မိသားစု၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။အခမ်းအနားသို့ အေးမြရွှေပြည် ကျောင်းတိုက်မှ ဆရာတော်၊ သံဃာတော်များ ကြွရောက် ချီးမြှင့်တော်မူကြပြီး ဦးစွာ နမောတဿ (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကာ အေးမြရွှေပြည်ကျောင်းတိုက် ဆရာတော် ဦးမဉ္ဇူသကထံမှ ငါးပါးသီလ ခံယူပြီး ဆရာတော်၊ သံဃာတော်များက အန္တရာယ်ကင်း ပရိတ်တရားတော်များနှင့် အနန္တရာယိက ကမ္မဝါစာများကို ရွတ်ပွားသရဇ္စျယ်တော်မူကြရာ ဒုတိယဝန်ကြီး၊ ဇနီးနှင့် မိသားစု နှင့် ဧည့်ပရိတ်သတ်များက နာယူကြည်ညိုကြပါသည်။ ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ဇနီးနှင့်မိသားစုနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား နဝကမ္မအလှူငွေနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းကြပြီး ကောင်းမှုကုသိုလ်များအတွက် ရေစက်သွန်းချ အမျှပေးဝေခြင်း နှင့် သာဓုအနုမောဒနာခေါ်ဆိုကာ  အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။    

ဆက်လက်ဖတ်ရှုပါရန်
  • 22
  • APR

  • 22 April 2024
  • ဧရာဝတီတိုင်းဒေသကြီး

ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး အနေဖြင့် ချင်းအမျိုးသားစာပေနှင့်ယဉ်ကျေးမှုအသင်းနှင့် ပူးပေါင်း၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် နွေရာသီ အရှိုချင်းစာပေဆရာဖြစ်မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်း ဆင်းပွဲအခမ်းအနားကို ၂၀၂၄  ခုနှစ်၊ ဧပြီလ ၆ ရက်နေ့တွင် မြန်အောင်မြို့နယ်၊ ရေတာကျေးရွာ၊ အ.လ.က-ဘန့်ဘွေးကုန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီး ဌာနမှ တာဝန်ခံအရာရှိနှင့်အတူ အမှုထမ်းများ၊ သက်ဆိုင်ရ ဌာနများမှ တာဝန်ရှိသူများ၊ ချင်းအမျိုးသား စာပေနှင့်ယဉ်ကျေးမှုအသင်းဝင်များ၊ ချင်းတိုင်းရင်းသားဘာသာစာပေသင် TA/LT ဆရာ၊ ဆရာမ များနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားကို အရှိုချင်းတိုင်းရင်းသားသဘာပတိကြီးက အမှာစကားပြောကြား၍ စတင် ဖွင့်လှစ်ခဲ့ပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်အေးကျော့ရီက တိုင်းရင်းသားရေးရာကိစ္စရပ်များအား ရှင်းလင်းပြောကြားခြင်း၊ ဧရာဝတီ တိုင်းဒေသကြီး ချင်းအမျိုးသားစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက် နှင့် အတွင်းရေးမှူးက အသင်း၏ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်လျာထားချက်များအား ရှင်းလင်း တင်ပြခဲ့ပါသည်။ ထို့နောက် သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပြီး အရှိုချင်းတိုင်းရင်းသူများက ရိုးရာအကပဒေသာများဖြင့် ကပြဖျော်ဖြေခဲ့ရာ တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ခဲ့ကြပါသည်။ ဆက်လက်၍ ဒေသခံအရှိုချင်းတိုင်းရင်းသားတစ်ဦးက ကျေးဇူးတင် စကားပြောကြား၍ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးခဲ့ပါသည်။ အဆိုပါသင်တန်းကို  ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့မှ ၆ ရက်နေ့အထိ (၅)ရက်တာကာလအတွင်း ဖွင့်လှစ်သင်ကြားပို့ချခဲ့ပြီး ငပုတော၊ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူ မြို့နယ် (၄) မြို့နယ်ရှိ အရှိုချင်းတိုင်းရင်းသားဘာသာစာပေသင် TA/LT ဆရာ၊ ဆရာမ (၅၂) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 11
  • APR

  • 11 April 2024
  • ရှမ်းပြည်နယ်

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖြင့် “ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာ နှင့် သက်မွေးပညာသင်တန်းစင်တာ” ကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ် (၂) ရပ်ကွက်၊ အကွက်အမှတ် (၂၂) ၊ ခပေါင်းရေကြည်ရပ်၌ ဖွင့်လှစ်လျက်ရှိပါသည်။ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းသည် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူး ရုံးမှ တာဝန်ရှိသူများလိုက်ပါလျက် ဧပြီလ(၅)ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီး မြို့နယ်၊ အေးသာယာမြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ် တိုင်းရင်းသား ရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ၌ ဖွင့်လှစ်သည့် မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်း (၂/၂၀၂၄) ဆင်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်း ကို (၂) ကြိမ်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ သင်တန်းသားအားလုံး အခြေခံအားဖြင့် တက် မြောက်ပြီဟု ယုံကြည်ပါကြောင်း၊ ပထမအကြိမ်သင်တန်းကို အားရပါကြောင်း၊ ယခု အကြိမ်တွင် လည်း ထိုကဲ့သို့ဖြစ်မည်ဟု ထင်မြင်ယူဆပါကြောင်း၊ “ပညာလိုအိုသည်မရှိ” ဆိုသည့် စကားပုံ အတိုင်း လေ့လာဆည်းပူးနေကြရန်လိုပါကြောင်း၊ ယခုမော်တော်ဆိုင်ကယ်စက်ပြင်သင်တန်းမှ စ၍ အင်ဂျင်သဘောတရားနားလည်သွားပြီး မော်တော်ယာဉ်များပြင်ဆင်နိုင်သည်အထိ အထောက် အကူပြုနိုင်ပါကြောင်း၊ သင်တန်းမှပညာရပ်များကိုမမေ့ကြရန်နှင့် အပတ်တကုတ် ကြိုးစားအား ထုတ်ကြရန် တိုက်တွန်းလိုပါကြောင်း မှာကြားခဲ့ပါသည်။ထို့နောက် သင်တန်းဆင်းလက်မှတ်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးသည့် သင်ထောက်ကူပစ္စည်းများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊  တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊  ကယားပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများ၊  တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူးနှင့် ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ တာဝန် ရှိသူတို့က သင်တန်းနည်းပြဆရာများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေ တို့ကို ပေးအပ်ခြင်း၊  သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခြင်းနှင့် စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့ပြီး အခမ်းအနားကို ပိတ်သိမ်းခဲ့ပါသည်။ အဆိုပါသင်တန်းကို (၁၁-၃-၂၀၂၄)ရက်နေ့မှ (၅-၄-၂၀၂၄) ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး ရှမ်းပြည်နယ်အတွင်းရှိ ရှမ်း၊ ပအိုဝ်း၊ ဓနု၊ တောင်ရိုး၊ အင်းသား၊ ဗမာ၊ ကယား၊ ထနော့ စသည့် တိုင်းရင်းသားမျိုးနွယ်စုများမှ သင်တန်းသား (၂၀)ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သတင်း ရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 11
  • APR

  • 11 April 2024
  • နေပြည်တော်

ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအချက်အလက်များ ရှင်းလင်းခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ် ညွှန်ကြားရေးမှူးရုံးများနှင့် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာတို့မှ တာဝန်ခံများနှင့် အရာထမ်း၊ အမှုထမ်းများက Online စနစ်ဖြင့် တက်ရောက်ကြပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ပြည်သူ့စစ်မှုထမ်း ဥပဒေ ရှင်းလင်းအသိပညာပေးဟောပြောပွဲကို ပထမအကြိမ်အဖြစ် (၂၅-၃-၂၀၂၄) ရက်နေ့တွင် ရှင်းလင်းပြောကြားခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုအခါ ကာကွယ်ရေးဝန်ကြီးဌာနမှ (၂၆-၃-၂၀၂၄) ရက်နေ့တွင် ထုတ်ပြန်လာသည့် ပြည်သူ့စစ်မှုထမ်းတာဝန်မှ ကင်းလွတ်ခွင့်နှင့် ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရေးအတွက် ကျင်းပရခြင်းဖြစ်ပြီး အလေးအနက်ထား၍ မှတ်သား ကြစေလိုပါကြောင်း၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ တိုင်းရင်းသားတိုင်းသည် နိုင်ငံသား ဖြစ်ပြီး နိုင်ငံသားတိုင်းသည် ဒို့တာဝန်အရေး (၃)ပါး ဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဟူသော ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်လိုအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် တိုင်းရင်းသား လူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားရှိသဖြင့် ချစ်ခင်စည်းလုံး ညီညွတ်စွာ နေထိုင်ကြရမည် ဖြစ်ပါ ကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ် ညွှန်ကြားရေးမှူးရုံးများမှ တာဝန်ခံများအနေဖြင့်လည်း ယခု ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအချက်အလက်များကို ပိုမိုကျယ်ကျယ်ပျံ့ပျံ့ သိရှိစေရန် ထပ်ဆင့် ရှင်းလင်းကြရမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရန်နှင့် အခက်အခဲများရှိပါကလည်း အထက်သို့ အဆင့်ဆင့် တင်ပြကြရန် ဖြစ်ပါ ကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားရှိသဖြင့် ချစ်ခင် စည်းလုံးညီညွတ်စွာ နေထိုင်ကြရမည်ဖြစ်ပြီး တစ်ဦးလိုအပ်ချက်ကို တစ်ဦးက ဖြည့်ဆည်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉)ရပ်တို့နှင့်အညီ မိသားစုအကျိုး၊ ဌာနအကျိုး၊နိုင်ငံအကျိုးတို့ကို မိသားစု စိတ်ဓာတ်ဖြင့် ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း ပြောကြားပါသည်။ယင်းနောက် ဒုတိယဝန်ကြီးက ရှင်းလင်းပြောကြားရာတွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို နိုင်ငံသားတိုင်းသည် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိသဖြင့် ယင်းတာဝန်ကို ထမ်းဆောင်နိုင်ရေးအလို့ငှာ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်း ဆောင်နိုင်ရန်ရည်ရွယ်ပါကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ (၂၆-၃-၂၀၂၄) ရက်နေ့ပါ စာအမှတ် ၂/၄၆၀/ပ-၂/ကကန ဖြင့် ဆက်လက်ထုတ်ပြန်သည့် ပြည်သူ့စစ်မှုထမ်း တာဝန်မှ ကင်းလွတ်ခွင့်နှင့်ပတ်သက်၍ ဉာဏ်ရည်မမီခြင်းနှင့် အကျင့်စာရိတ္ထပျက်ပြားသူများ၊ အစားထိုးရန် မဖြစ်နိုင်သေးသော နိုင်ငံ့ဝန်ထမ်း အသိပညာရှင် အတတ်ပညာရှင်များ၊ တိုက်ပွဲကျ တပ်မတော်သား/ရဲ/  ပြည်သူ့စစ် အဖွဲ့ဝင်များ၏ သားသမီးအရင်းအချာများ၊ အာဆီယံ/အာရှ/ ကမ္ဘာအဆင့်ပြိုင်ပွဲများတွင် ရွှေ၊ ငွေ၊ ကြေး တစ်ခုခုရရှိသူများ၊ လုပ်သက်(၂)နှစ်အထက်ရှိ စစ်သည်အစားခန့် အရပ်သားဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းဆရာဝန်/ သူနာပြုများ၊ ကင်းလွတ်ခွင့် ပြုရန် လိုအပ်နေသူဖြစ်ကြောင်း ကျိုးကြောင်းခိုင်လုံစွာ တင်ပြနိုင်သူများဖြစ်ပါကြောင်း၊  ရွှေ့ဆိုင်း ခွင့်ပြုနိုင်သူများနှင့်ပတ်သက်၍ ဆင့်ခေါ်စာရရှိပြီး သတင်းမပို့ရသေးမီ ပြင်းထန်ဒဏ်ရာ ရရှိသူ/ မိဘ(သို့မဟုတ်) ဇနီးသေဆုံးသူ၊ ချုပ်နှောင်ခံနေရသူ/အမှုရင်ဆိုင်နေရသူ၊ နိုင်ငံတော် လိုအပ်ချက်များအရ ပညာရပ်များကို သင်ယူနေသူ၊ ယာယီရွှေ့ဆိုင်းပေးရန် မဖြစ်မနေလိုအပ်သူ စသည်တို့ဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေအရ လတ်တလောတွင် အကျုံးဝင်သူနိုင်ငံသား တိုင်း စစ်မှုထမ်းရန် မလိုအပ်သေးပါကြောင်း၊ ရွေးချယ်ရေးအဖွဲ့များဖွဲ့စည်း၍ ရပ်ကျေးအဆင့် လိုအပ်သည့်ပမာဏကိုသာခေါ်ယူပြီး   ဆေးစစ်ပြီး အောင်မြင်မှသာ တာဝန်ထမ်းဆောင် ရမည် ဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေကို မြန်မာတစ်နိုင်ငံတည်းတွင်သာ ထူးခြားပြီး ပြဋ္ဌာန်း ထားခြင်းမဟုတ်ဘဲ အခြားကမ္ဘာ့နိုင်ငံများတွင်လည်း ပြဋ္ဌာန်းကျင့်သုံးလျက်ရှိသည့် ဥပဒေ ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့်  ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍   မိမိတို့ ပတ်ဝန်းကျင်ရှိ တိုင်းရင်းသားပြည်သူများအား မိမိတို့သိရှိထားသည်များကို အပြုသဘောဖြင့် ပြန်လည်ဝေမျှပြီး နိုင်ငံတော်၏ အကျိုးအတွက် ကျရာအခန်းကဏ္ဍမှ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း  ပြောကြားပါသည်။ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 11
  • APR

  • 11 April 2024
  • ရန်ကုန်တိုင်းဒေသကြီး

ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်း၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းများနှင့် ပူးပေါင်း၍ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားဘာသာသင်ထောက်ကူ (TA)နှင့် တိုင်းရင်းသားဘာသာသင်(LT)ဆရာ၊ ဆရာမများ မွမ်းမံသင်တန်း (၁/၂၀၂၄)ကို ၂၀၂၄ ခုနှစ် ဧပြီလ(၃)ရက်နေ့မှ (၁၀)ရက်နေ့အထိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)၌ ဖွင့်လှစ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းပညာရေးမှူးနှင့် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ အရာထမ်း၊ အမှုထမ်းများ၊ တိုင်းအဆင့် ဌာနဆိုင်ရာ အကြီး အကဲများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။  အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက သင်တန်းဖွင့်လှစ်ရခြင်း နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ရာ ကရင်၊ ရှမ်း စာပေနှင့်ယဉ်ကျေးမှုအသင်းများမှ ဥက္ကဌများက လက်ခံခဲ့ပါသည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက သင်တန်းတွင် အသုံးပြုရန်အတွက် ထောက်ပံ့ငွေပေးအပ်ရာ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဦးပြေဟိန်းနိုင်မှ လက်ခံခဲ့ပါသည်။ ထို့နောက် ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းမှ ကရင်ရိုးရာ ဝါးညှပ်အက၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ရှမ်းရိုးရာယိမ်းအက၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ ယဉ်ကျေးမှုအဖွဲ့မှ အကများဖြင့် ကပြဖျော်ဖြေခဲ့ပါသည်။ အဆိုပါသင်တန်းသို့ ကရင်နှင့် ရှမ်း တိုင်းရင်းသားဘာသာစာပေသင်(TA/LT)ဆရာ၊ ဆရာမ (၁၁၀)ဦး တက်ရောက်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။  

ဆက်လက်ဖတ်ရှုပါရန်
  • 05
  • APR

  • 05 April 2024
  • ရှမ်းပြည်နယ် ၊ တောင်ကြီးမြို့နယ်

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖြင့် “ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာ နှင့် သက်မွေးပညာသင်တန်းစင်တာ” ကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ် (၂) ရပ်ကွက်၊ အကွက်အမှတ် (၂၂) ၊ ခပေါင်းရေကြည်ရပ်၌ ဖွင့်လှစ်လျက်ရှိပါသည်။ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းသည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ကယားပြည်နယ်ညွှန်ကြားရေးမှူးရုံးနှင့် ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ကယားနှင့်ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူများ လိုက်ပါလျက် မတ်လ(၂၉)ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ၌ ဖွင့်လှစ်ခဲ့သည့် Bakery & Snack အမျိုးအမျိုးထုတ်လုပ်မှုနည်းပညာသင်တန်း ဆင်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနသည် တိုင်းရင်းသားမျိုးနွယ်စုများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးရန် ရည်ရွယ်၍ ဤအဆောက်အဦ ကို ဆောက်လုပ်ခဲ့ပါကြောင်း၊ ဤသင်တန်းစင်တာတွင်ဖွင့်လှစ်မည့် သင်တန်းများကိုလည်း ပြည်ထောင်စုနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှရရှိသည့် ရန်ပုံငွေများပေါ်မူတည်၍ ဖွင့်လှစ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပထမအကြိမ်မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်း ဖွင့်လှစ် ပေးခဲ့ပြီး ယခုဒုတိယအကြိမ်ထပ်မံဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ အခြေခံကွန်ပျူတာသင်တန်း တစ်ကြိမ်လည်းဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ယခု Bakery & Snack အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်းသည်လည်း သင်တန်းသား၊ သင်တန်းသူများအတွက် အကျိုးစီးပွားဖြစ်ထွန်း စေမည့် အသေးစား၊ အလတ်စားကုန်ထုပ်လုပ်မှုလုပ်ငန်း ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ် ပေးခြင်းဖြစ်ပါကြောင်း၊ သင်တန်းကာလသည် ရက်သတ္တ(၁)ပါတ် ဖြစ်သော်လည်း မုန့်ပြုလုပ်နည်း (၂၁) မျိုးသင်ကြားပေးနိုင်သည့်အပြင် တက်ရောက်လာသည့်သင်တန်းသားသူများသည်လည်း ဉာဏ်ကွန့်ပြီးတီထွင်ကြံဆ ကြိုးစားသင်ယူကြသည်ကိုတွေ့ရပါကြောင်း၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ တတ်ကျွမ်းသည့် ပညာရှင်များ လာရောက်သင်ကြားပေးသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ တိုင်းရင်းသားများအတွက် အကျိုး ပြုမည့်အခြားသင်တန်းများကိုလည်း သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဖွင့်လှစ်ဆောင်ရွက် သွား မည်ဖြစ်ပါကြောင်း၊ နောင်တွင်ရပ်ဝေးမှ သင်တန်းသားများပါ ပါဝင်တက်ရောက်နိုင်ရန် ထပ်မံ ကြိုးစားသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသား၊ သင်တန်းသူများက သင်တန်းမှ သင်ကြားပေး သည့်မုန့်အမျိုးအစားများအားလုံးကို စိတ်ပါဝင်စားစွာ လေ့လာသင်ယူနေသည်ကို တွေ့ရသည့် အတွက် များစွာ ကျေးဇူးတင်ပါကြောင်း အမှာစကားပြောကြားခဲ့ပါသည်။ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းအောင်လက်မှတ်၊ သင်တန်းနည်းပြဆရာမများ အား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်း၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကယားပြည်နယ်နှင့်ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးများမှ တာဝန်ရှိသူများ၊ ကယားပြည်နယ်နှင့်ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူတို့က ရှမ်းပြည်နယ် အစိုးရအဖွဲ့မှပေးအပ်သည့် ထောက်ပံ့ပစ္စည်းများအား တက်ရောက် လာသည့် သင်တန်းသား၊ သင်တန်းသူများထံသို့ ပေးအပ်ခြင်း၊ သင်တန်းသူတစ်ဦးမှ ကျေးဇူးတင် စကားပြောကြားခြင်းနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့ပြီး အခမ်း အနားကို ပိတ်သိမ်းခဲ့ပါသည်။ အဆိုပါသင်တန်းကို (၂၂-၃-၂၀၂၄)ရက်နေ့မှ (၂၈-၃-၂၀၂၄) ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး ရှမ်းပြည်နယ် အတွင်းရှိ ရှမ်း၊ ပအိုဝ်း၊ လီဆူ၊ ကယား၊ ဗမာ၊ လားဟူ၊ ဓနု၊ ပလောင် စသည့် တိုင်းရင်းသားမျိုးနွယ်စုမှ သင်တန်းသား၊ သင်တန်းသူ(၂၀)ဦး တက်ရောက်သင်ကြားခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 05
  • APR

  • 05 April 2024
  • နေပြည်တော်

      တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ သင်္ကြန်ယိမ်းအဖွဲ့က ၁၃၈၅ ခုနှစ်၊ နေပြည်တော် မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်နှင့် နေပြည်တော်လမ်းလျှောက်သင်္ကြန် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနမဏ္ဍပ်တို့တွင် သင်္ကြန်အကအလှများဖြင့် ပါဝင်ဖျော်ဖြေဆင်နွှဲရန်အတွက် ယိမ်းလှပျိုဖြူများ ယိမ်းအကကြိုတင်လေ့ကျင့်နေမှုကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တာဝန် ရှိသူများနှင့်  အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့်ဒုတိယဝန်ကြီးတို့က ယိမ်းကကွက်များညီညာစေရန်၊ မျက်နှာအမူအရာပြုံးရွှင်စေရန်၊ကိုယ်နေဟန်ထားကျော့ရှင်းလှပမှုရှိစေရန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ ဝတ်စားဆင်ယင်ကြရန် စသည်ဖြင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားပါသည်။ ဝန်ကြီးဌာနအနေဖြင့် နေပြည်တော်မြို့တော်ဝန် မဟာသင်္ကန်မဏ္ဍပ်တွင် “ချမ်းခိုက်ခိုက်တုန်” တေးသီချင်းဖြင့်လည်းကောင်း၊ နေပြည်တော်လမ်းလျှောက်သင်္ကြန် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနမဏ္ဍပ်တွင် “ပျော်သလားဟေ့”နှင့် “ထာဝရသစ္စာ” စသည့် တေးသီချင်းများဖြင့် လည်းကောင်း ပါဝင်ကပြဖျော်ဖြေသွားကြမည်ဖြစ်ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 05
  • APR

  • 05 April 2024
  • ဧရာဝတီတိုင်းဒေသကြီး

ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး အနေဖြင့် ရခိုင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းနှင့် ပူးပေါင်း၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ရခိုင်တိုင်းရင်းသားစာပေဆရာဖြစ်မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၄) ကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့မှ ၃၁ ရက်နေ့အထိ (၅)ရက်တာကာလအတွင်း ပုသိမ်မြို့၊ မဟာရံသီ ကျောင်းတိုက်၌ ဖွင့်လှစ်ခဲ့ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသား ရေးရာဝန်ကြီးနှင့်အတူ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန နှင့် တိုင်းရင်းသားအခွင့်အရေး များကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ တိုင်းအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရခိုင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းဝင်များ၊ ရခိုင်တိုင်းရင်းသားဘာသာ စာပေသင် TA/LT ဆရာ၊ ဆရာမများ၊ ကရင် နှင့် ချင်းတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး စောလင်းခယ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးရခိုင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း နာယက ဦးအောင်ဘသိန်းက သင်တန်းသား/သူများကို အားပေးတိုက်တွန်းစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးတင်ထွန်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်းသည့် ရည်ရွယ်ချက်နှင့် ကျေးဇူးတင်စကား ပြောကြားခြင်း၊ သင်တန်းသား/သူများကိုယ်စား သင်တန်းသား(၂)ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ပါသည်။ ထို့နောက် သင်တန်းဆင်းပွဲတွင် သင်တန်းနည်းပြ ဆရာ/ဆရာမများအား ဂုဏ်ပြုချီးမြှင့် ငွေပေးအပ်ခြင်း နှင့် သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးခဲ့ပါသည်။ အဆိုပါသင်တန်းကို ပုသိမ်၊ ငပုတော၊ ဖျာပုံ နှင့် လပွတ္တာ မြို့နယ် (၄)မြို့နယ်ရှိ ရခိုင်တိုင်းရင်းသားဘာသာစာပေသင် TA/LT ဆရာ၊ ဆရာမ (၉၅) ဦး တက်ရောက် ခဲ့ပါကြောင်း သတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်