ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

အခြားသတင်းများ

  • 16
  • JUN

  • 16 June 2023
  • ဧရာဝတီ

  ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့်  တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော ရပ်ရွာအခြေပြု အသက်မွေးဝမးကျောင်းဆိုင်ရာ နည်းပညာပေးသင်တန်းကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့တွင် ဟင်္သာတမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။         အခမ်းအနားတွင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက မိတ်ဆက်စကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းက ဝန်ကြီးဌာန ပေါ်ပေါက်လာပုံ၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများအကြောင်း၊ ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက် ချက်များနှင့်  သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်တို့ကိုလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးကျော့ရီက ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှု၊ TA/LT ဆရာဆရာမများခန့်အပ်ထားမှုအခြေအနေနှင့် လျှောက်လွှာများတင်ရာတွင် လိုက်နာဆောင်ရွက် ရမည့် အချက်အလက်များကိုလည်းကောင်း  ရှင်းလင်းပြောကြားခဲ့ပါသည်။        ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူး ဒေါက်တာအောင်သူမျိုး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူး ဒေါက်တာယုန္ဒာအောင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဟင်္သာတခရိုင်၊ မြေအသုံးချရေးဌာနခွဲတာဝန်ခံ ဒေါ်သင်းသင်းဟန် တို့က မွေးမြူရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ အသိပညာများအားလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဟင်္သာတခရိုင်မျိုးစေ့ဌာနခွဲတာဝန်ခံ ဒေါ်ဇာနီမောင်နှင့် ခရိုင်သီးနှံကာကွယ်ရေးဌာနခွဲတာဝန်ခံ ဒေါ်တင်မိုးခိုင်တို့ကမျိုးစေ့နှင့် ရောဂါပိုးမွှားများ အန္တရာယ် အကြောင်း အသိပညာပေးဟောပြောခဲ့ကြပြီး တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တက်ရောက်လာသူများအား အမှတ်တရလက်ဆောင်ပေးအပ်ကာ အခမ်းအနားအစီအစဉ်ကို ရုပ်သိမ်းခဲ့ပါသည်။ အခမ်းအနားသို့ ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များလည်း တက်ရောက်ခဲ့ကြပါသည်။ 

ဆက်လက်ဖတ်ရှုပါရန်
  • 13
  • JUN

  • 13 June 2023
  • ပဲခူး

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဦးစီး၍ “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း” အစီအစဉ်ကို ပဲခူး တိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့၊ သရက်ကုန်းကျေးရွာခန်းမ၌ ၈-၆-၂၀၂၃ ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။    အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဘုရားကြီးမြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ပိုင်ဖြိုးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပဲခူးမြို့၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာက လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် အမျိုးသမီးအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ နိုင်ငံသား အခွင့်အရေး၊ သက်ကြီးရွယ်အို၊ ရှေးဦးအရွယ်ကလေးသူငယ်၊ လူငယ်ရေးရာမူဝါဒတို့နှင့် ပတ်သက် သည့်အခွင့်အရေးဆိုင်ရာအသိပညာပေး အစီအစဉ်တို့ကို လည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေး များကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆုသီရိအေးက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ လုပ်ငန်းစဉ်၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအား လည်းကောင်း၊ ဒုတိယဦးစီးမှူး ဦးစန်းယုဝင်းက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက် သည့် ဥပဒေအကြောင်းအားလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်အေးမြတ်သူက တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေများအကြောင်း အသိပညာပေး ဟောပြောခဲ့ကြပြီး ကရင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။    ဆက်လက်၍ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်မှုဆန်းစစ်ချက် စစ်တမ်းများကို ကောက်ယူခဲ့ရာ  ဒေသခံတိုင်းရင်းသား (၈၀)ဦးတို့ မှ ဖြေဆိုခဲ့ကြပြီး  တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တက်ရောက်လာကြသူများအား တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေစာအုပ်များ၊ လက်ကမ်းစာစောင်များနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ အခမ်းအနားသို့ ကရင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီဝင်များလည်း တက်ရောက်ခဲ့ကြပါသည်။ 

ဆက်လက်ဖတ်ရှုပါရန်
  • 12
  • JUN

  • 12 June 2023
  • ကရင်ပြည်နယ်၊ ဘားအံ

       ကရင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး၏ကြီးကြပ်မှုဖြင့် တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ကြီး မှူး၍ "တိုင်းရင်းသားအခွင့်အရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက် မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကိုဆန်းစစ်စီမံခြင်းအစီအစဉ်" ကို (၆-၆-၂၀၂၃) ရက်နေ့၊ နံနက် (၉:၀၀) နာရီအချိန်တွင်  ဘားအံမြို့နယ်၊ မိန်းမလှကျွန်းကျေးရွာ၊ သုဇိတာရာမဘုန်း တော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ပထမဦးစွာ ကရင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ/ နည်းဥပဒေများအား သိရှိစေရန်၊ ဒေသခံတိုင်းရင်းသားများ၏ အသက်မွေးဝမ်းကျောင်းပညာလိုအပ်မှုတို့ကို သိရှိနိုင်ရန်နှင့် လိုအပ်ပါ က သက်ဆိုင်ရာ ဦးစီးဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ရန်အတွက် စစ်တမ်းကောက်ယူရ ခြင်းဖြစ်ကြောင်း စသည်ဖြင့်  အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည် နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးကျော်စိုးက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ/နည်းဥပဒေများ၊ ရှေ့လုပ်ငန်းစဉ်များ၊ မဟာဗျူဟာ များကိုလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ကရင်ပြည်နယ်၊ ညွှန်ကြားရေး မှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုင်းညီသောင်းစိန်က တိုင်းရင်းသားဘာသာသင် ဆရာ/ ဆရာမ Teaching Assistant (TA)နှင့် Language Teacher (LT) များခန့်အပ်ထားမှုကိစ္စများ၊ ပြည်နယ်အစိုးရရန်ပုံငွေဖြင့် တိုင်းရင်းသားဘာသာသင်စာအုပ် (G1,G2,G3) စာအုပ်များ၊ ပုံပြ/ ပုံပြင်စာအုပ်များထုတ်ဝေဖြန့်ဝေလျက်ရှိကြောင်းကိုလည်းကောင်း၊ ပြည်နယ်အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူစိန်က ဦးစီးဌာနမှ ဖွင့်လှစ် ထားသော အသက်မွေးဝမ်းကျောင်းပညာဆိုင်ရာ သင်တန်းများနှင့်ပတ်သက်၍လည်ကောင်း၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းလှိုင်က ကလေးသူငယ်အခွင့်အရေးများ၊ အမျိုးသမီးအခွင့်အရေးများ၊ နိုင်ငံသားအခွင့်အရေးများ၊ မသန်စွမ်းအခွင့်အရေးများ၊ လူမှုရေးပင်စင် များ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ ထောက်ပံ့ပေးမှု ကိစ္စများအားလည်းကောင်း၊ တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ အငယ်တန်းစာရေး ဦးအောင်ဖြိုးသော်က အမုန်းစကားနှင့် အကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော်မှုကို တားဆီးခြင်းဆိုင်ရာ အသိပညာပေးခြင်းကိစ္စများ ပြောကြားခဲ့ပါသည်။  ဆက်လက်၍ စစ်တမ်းကောက်ယူရခြင်းလုပ်ငန်းစဉ်၊  ရည်ရွယ်ချက်နှင့် စစ်တမ်းဖြေဆိုပုံ မေးခွန်းများကို ရှင်းလင်းပြောကြားခဲ့ပြီး ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် တို့ကိုစစ်တမ်းကောက်ယူခဲ့ရာ တက်ရောက်လာကြသော ဒေသခံ တိုင်းရင်းသား (၉၉) ဦးက ဖြေဆိုခဲ့ကြပါသည်။ အခမ်းအနားသို့ ကရင်စာပေနှင့်ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်းမှ အဖွဲ့ဝင်များ၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှု တိုးတက်ပြန့်ပွားရေးအသင်းမှ အဖွဲ့ဝင်များ၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေး အသင်းမှ အဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံတိုင်းရင်းသားများ၊ တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ 

ဆက်လက်ဖတ်ရှုပါရန်
  • 12
  • JUN

  • 12 June 2023
  • ရန်ကုန်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး၏ ကြီးကြပ်မှုဖြင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် ကရင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း၊ ရှမ်းတိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်းတို့နှင့်  ပူးပေါင်း၍ တိုင်းရင်းသားဘာသာသင် Language  Teacher (LT) ဆရာ၊ ဆရာမသင်တန်းများ မွမ်းမံသင်တန်း(၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို မေလ (၃၀) ရက်နေ့က ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အခမ်းအနားတွင်  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက ကရင်စာပေနှင့်ပတ်သက်၍ ၂၀၁၆ ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးနှင့် ၂၀၁၇ ခုနှစ်တွင်  ရန်ကုန်တိုင်းဒေသကြီးများ၌ စတင်သင်ကြားခဲ့ပါကြောင်း၊ ၂၀၁၈ ခုနှစ်တွင် KG+ Grade-12 သင်ရိုးညွှန်းတမ်း ပြောင်းလဲခဲ့သည့်အတွက် KG သင်ရိုးညွှန်းတမ်းအား ၂၀၁၈ ခုနှစ်တွင် လည်းကောင်း၊ Grade-1, 2 သင်ရိုးညွှန်းတမ်းအား ၂၀၁၉ ခုနှစ်တွင် ရေးဆွဲပြီးစီးခဲ့ပြီး Grade-3 သင်ရိုးညွှန်းတမ်းအား ၂၀၂၀ ပြည့်နှစ်တွင်  စတင်ရေးဆွဲခဲ့ကာ ၂၀၂၃ ခုနှစ်တွင်ပြီးစီးခဲ့ကြောင်း၊ ယခု Grade-4 သင်ရိုးညွှန်းတမ်းအား စတင်ရေးဆွဲလျက်ရှိပါကြောင်း၊ မိမိတို့၏ စာပေကိုလေ့လာ သင်ယူလိုစိတ်ဖြစ်အောင် ဆရာ၊ဆရာမများမှ ကျောင်းသား၊ကျောင်းသူများအား ပြောကြားရန် လိုအပ်ပြီး ကိုယ်ပိုင်ဘာသာစကားကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ဆက်လက်၍ ကရင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း ဉက္ကဋ္ဌက မွမ်းမံသင်တန်း၏ အားသာချက်၊ အားနည်းချက်နှင့်စပ်လျဉ်းဆွေးနွေးခဲ့ပြီး ရှမ်းတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်း ဉက္ကဋ္ဌက မွမ်းမံသင်တန်းမှ ရရှိသော အကျိုးကျေးဇူးအကြောင်းကို ပြောကြားခဲ့ပါသည်။ထို့နောက် ဆုရရှိသူ သင်တန်းသား၊သင်တန်းသူ ဆရာ၊ဆရာမများအား တိုင်းရင်းသားရေးရာဝန်ကြီးက ဆုချီးမြှင့်ခဲ့ပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးပြေဟိန်းနိုင် ၊ ကရင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းဉက္ကဋ္ဌ၊ ရှမ်းတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းဉက္ကဋ္ဌတို့က မွမ်းမံသင်တန်း တက်ရောက်ခဲ့သည့် TA/LT ဆရာ ၊ ဆရာမများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပါသည်။၎င်းနောက် သင်တန်းသို့ တက်ရောက်ခဲ့ကြသည့် ကရင်၊ ရှမ်း TA/LT ဆရာ၊ ဆရာမများက သင်တန်းမှ သင်ယူခဲ့သည့် ကရင်ရိုးရာဝါးညှပ်ဝါးထောက်အက၊ ရှမ်းရိုးရာအကများဖြင့် တင်ဆက် ကပြဖျော်ဖြေခဲ့ရာ တိုင်းရင်းသားရေးရာဝန်ကြီးက ဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။အဆိုပါ သင်တန်းကို မေလ (၂၃)ရက်နေ့မှ မေလ (၃၀) ရက်နေ့အထိ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ(ရန်ကုန်)တွင် ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ပြီး ကရင် TA/LT ဆရာ၊ ဆရာမ (၈၀)ဦး နှင့် ရှမ်း TA/LT ဆရာ၊ ဆရာမ (၂၀)ဦး၊ စုစုပေါင်း TA/LT ဆရာ၊ ဆရာမ (၁၀၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 12
  • JUN

  • 12 June 2023
  • နေပြည်တော်

ပထမအကြိမ် ရုံးလုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန၊ အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ ဝန်ကြီးဌာနရှိ ဝန်ထမ်းတစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်မြင့်မားစေရေးကို အထောက်အကူပြုစေရန်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများကို ကောင်းစွာလိုက်နာတတ်စေရန်၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ဘဏ္ဍာရေးစည်းမျဉ်းများ၊ အမိန့်နှင့် ညွှန်ကြားချက်များ၊ ငွေစာရင်း ထိန်းသိမ်းရေးနည်းလမ်းများ၊ စာရင်းစစ်ဆေးခြင်းဆိုင်ရာကိစ္စရပ်များ စသည်တို့ကို ပိုမိုသိရှိ နားလည်လာပြီး စွမ်းဆောင်ရည်မြင့်မားသည့် ဝန်ထမ်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ တိုင်းဒေသကြီး/ ပြည်နယ် ရန်ပုံငွေဖြင့်လည်း ဆောင်ရွက်ရသည့် လုပ်ငန်းများရှိပါကြောင်း၊ သင်တန်းသား သင်တန်းသူများအနေဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဆရာမများ သင်ကြားပို့ချပေးသည့် ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို အလေးထား လေ့လာမှတ်သားလိုက်နာကြမှသာ နိုင်ငံတော်ဘဏ္ဍာ ရန်ပုံငွေများဖြင့် လုပ်ငန်းများ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် အခြေခံရုံးလုပ်ငန်းများကို သိရှိရန်လိုအပ်သကဲ့သို့ လိုက်နာကျင့်သုံး စောင့်ထိန်းရမည့် နိုင်ငံဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆)ချက်နှင့် ဝန်ထမ်းကျင့်ဝတ် အပါး (၃၀)တို့ကိုလည်း  လိုက်နာကြရမည် ဖြစ်ပါကြောင်း၊ သင်တန်းမှသိရှိ နားလည်လာသော အသိပညာ ဗဟုသုတများကို အခြေခံ၍ စဉ်ဆက်မပြတ်လေ့လာပြီး မိမိတို့တာဝန်ယူ ဆောင်ရွက်ရသော လုပ်ငန်းတာဝန်အသီးသီးတွင် ပြန်လည်အသုံးချကာ လုပ်ငန်းစွမ်းဆောင်ရည် ပြည့်ဝသောဝန်ထမ်းများ ဖြစ်လာရန် ကြိုးစားကြစေလိုပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများအနေဖြင့်လည်း နိုင်ငံ့တာဝန်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ကိုယ်ရည်ကိုယ်သွေး မြင့်မားစွာ တာဝန်သိသိ သစ္စာရှိရှိ စနစ်တကျမှန်ကန်စွာ ထမ်းဆောင်နိုင်ကြပါစေကြောင်း ပြောကြားပါသည်။  ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေးတို့သည် အရေးကြီးပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ဘဏ္ဍာရေးစည်းမျဉ်း၊ ဝန်ထမ်းစည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းတို့ကို သိရှိထားရန် လိုအပ် ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ရငွေကို ပိုမိုရှာဖွေရမည်ဖြစ်ပြီး သုံးငွေကို တတ်နိုင်သမျှ ချွေတာသုံးစွဲရန်လိုအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အမျိုးသားစီမံကိန်းလုပ်ငန်းစဉ် (၂၄) ခု ရှိပြီး  calendar ရေးဆွဲ၍  အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် ညွှန်ကြားရေးမှူးရုံးများမှ ဝန်ထမ်းများအနေဖြင့်လည်း ဝန်ကြီးဌာန၏ရည်ရွယ်ချက်များ၊ လုပ်ငန်းစဉ်များကို တတ်စွမ်းသမျှ အကောင်အထည်ဖော်ဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ ရငွေနှင့် သုံးငွေများကို ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းနှင့်အညီ အသုံးပြုရန် လိုအပ်ပါကြောင်း၊ သင်တန်းသား သင်တန်းသူများအနေဖြင့် သင်ခန်းစာများကို  ဂရုတစိုက် လေ့လာမှတ်သားပြီး မိမိတို့ဌာနတိုးတက်ရေးအတွက်  ပြန်လည်အသုံးချစေလိုပါကြောင်း၊ မိမိတို့ဌာနတိုးတက်မှ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ပိုမိုအကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း ပြောကြားပါသည်။ ဆက်လက်၍ သင်တန်းနည်းပြဆရာမများက တစ်ဦးချင်းမိတ်ဆက်စကားပြောကြာ ကြပြီး ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီး၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သင်တန်းနည်းပြ ဆရာမများ၊ သင်တန်းသား သင်တန်းသူ(၃၀)ဦးနှင့် အရာထမ်းများ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီး/ ပြည်နယ် ညွှန်ကြားရေးမှူးရုံးများနှင့် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်)မှ သင်တန်းသား၊ သင်တန်းသူ(၅၈)ဦးတို့က  Online မှ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 12
  • JUN

  • 12 June 2023
  • ရန်ကုန်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး၏ကြီးကြပ်မှုဖြင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် ကရင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း၊ ရှမ်းတိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်းတို့နှင့် ပူးပေါင်း၍ တိုင်းရင်းသားသင်ထောက်ကူ  Teaching Assistant (TA)နှင့် တိုင်းရင်းသားဘာသာသင် Language  Teacher (LT) ဆရာ၊ ဆရာမများ မွမ်းမံသင်တန်း (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို မေလ (၂၃)ရက်နေ့က ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အခမ်းအနားတွင်  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက ယခုဖွင့်လှစ်သည့် မွမ်းမံသင်တန်းသည် KG နှင့် Grade -1 တိုင်းရင်းသား ဘာသာသင်ကြားသင်ယူမှုနည်းစနစ်များ ပိုမိုကောင်းမွန်လာစေရေး၊ နောင်နှစ်များတွင် TA/LT ဆရာ၊ ဆရာမများအနေဖြင့် Grade2-Grade3, Grade3-Grade4 မွမ်းမံသင်တန်းများကို ဆက်လက် တက်ရောက်၍ စဉ်ဆက်မပြတ်တိုးတက်အောင်ဆောင်ရွက်ရေး၊ သင်တန်းဖွင့်လှစ်မှုကြောင့် ထိရောက်သည့် အခြေအနေများကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ကွင်းဆင်းစစ်ဆေးပြီး ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားရေး စသည်တို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။  ဆက်လက်၍ ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းမှ ကရင်ရိုးရာဝါးညှပ်အက၊ ရှမ်းတိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်း(တိုက်ကြီး)မှ ရှမ်းရိုးရာအက၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)ယဉ်ကျေးမှုအဖွဲ့မှ ရိုးရာအကများဖြင့် တင်ဆက်ကပြဖျော်ဖြေခဲ့ရာ တိုင်းရင်းသားရေးရာ ဝန်ကြီးမှ ဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။အဆိုပါ မွမ်းမံသင်တန်းသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၆)မြို့နယ်မှ သင်တန်း သား၊ သင်တန်းသူ စုစုပေါင်း (၁၀၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 05
  • JUN

  • 05 June 2023
  • ဧရာဝတီ၊ မြန်အောင်

  ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော “ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းဆိုင်ရာ နည်းပညာပေး သင်တန်း”ကို ၂၀၂၃ ခုနှစ်၊ မေလ ၂၇ ရက်နေ့တွင် မြန်အောင်မြို့၊ မြို့နယ်ပညာရေးမှူးရုံး၊ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြန်အောင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ မြန်အောင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းနှင့်အဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိ သူများ၊ တိုင်းဒေသကြီးအရှိုချင်းစာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသား တောင်သူများ စုစုပေါင်း (၁၅၃)ဦး တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် မြန်အောင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးလှိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်အောင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းက မိတ်ဆက်စကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ရုံးတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မိတ်ဆက်နှင့် တိုင်းရင်းသား လူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေများ အကြောင်းကို လည်းကောင်း၊ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ဦးစီးဌာန၏ဆောင်ရွက်ချက်များကိုလည်းကောင်း ရှင်းလင်း ပြောကြားခဲ့ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ကြံခင်းမြို့နယ်ဦးစီးမှူး ဒေါက်တာဝင်းကိုက ကျွဲ၊ နွား၊ ဝက်မွေးမြူရေးအကြောင်းနှင့် ရရှိလာမည့် အကျိုးကျေးဇူးများ၊ ရာသီအလိုက်ကျရောက်တတ်သော တိရစ္ဆာန် ရောဂါများ၊ မွေးမြူရေးတောင်သူများအားလုံး ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ၊ မျိုးကောင်းမျိုးသန့်များ ရွေးချယ်မွေးမြူနိုင်ရေးနှင့် မေထုံမဲ့မျိုးစပ်ခြင်းဆိုင်ရာကိစ္စရပ်များ အကျိုး ကျေးဇူးများ၊ ရောဂါကာကွယ်ထိန်းချုပ်ရေးနည်းစနစ်များ အကြောင်းကိုအကျယ်တဝင့် ရှင်းလင်း အသိပညာပေး ပြောကြားခဲ့ပါသည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်အောင်ခရိုင်မျိုးစေ့ဌာနခွဲတာဝန်ခံ ဒုတိယဦးစီးမှုး ဦးအောင်ဇော်ဦးက မျိုးစေ့၊သီးနှံစေ့များအကြောင်း၊ စပါးမျိုးစေ့အရည်အသွေးစစ်ဆေးရေး စံချိန်စံညွှန်းများ၊ မျိုးကောင်း/မျိုးသန့် ၏ အရည်အချင်းလက္ခဏာများ၊ မျိုးကောင်းမျိုးသန့် မျိုးစေ့များ စိုက်ပျိုးခြင်းဖြင့် ရရှိနိုင် သောအကျိုးကျေးဇူးများ၊ စပါးအထွက်တိုးရေး နည်းပညာ(၁၀)ချက်နှင့် စပါးအထွက်နှုန်းတိုးတက်ရေး အတွက် အထွက်နှုန်းမိတ်ဖက်(၄)မျိုးအကြောင်း၊ တစ်ဧကကောက်ကွက်ပြည့်မီအောင် ဆောင်ရွက်ရမည့် အချက်များ၊ တစ်ယူနစ်ဧရိယာအတွင်း အနှံအရေအတွက် မြင့်မားအောင် ဆောင်ရွက်ရမည့် နည်းလမ်းများ၊ တစ်နှံပါ အစေ့အရေအတွက်နှင့် အောင်စေ့ရာခိုင်နှုန်း မြင့်မားအောင် လုပ်ဆောင်ရမည့်နည်းလမ်းများ၊ အစေ့(၁၀၀၀) အလေးချိန်မြင့်မားအောင် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ မျိုးစေ့ဆားရည်စိမ်ခြင်း နည်းလမ်းများကို အကျယ်တဝင့် အသိပညာပေးရှင်းလင်း ပြောကြားခဲ့ပါသည်။  ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်အောင်ခရိုင်မြေအသုံးချရေးဌာနခွဲတာဝန်ခံ လက်ထောက်ဦးစီးမှူး ဒေါ်ဝင်းမာမြင့်က မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး ထုံးထည့်သွင်းရခြင်း၏ ရည်ရွယ်ချက်၊ ထည့်သွင်း နိုင်သော ထုံးအမျိုးအစားများအကြောင်း၊ မြေအမျိုးအစားအလိုက် ထုံးထည့်သွင်းသည့် နှုန်းထားများ၊ ထုံးထည့်သွင်းခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ထည့်သွင်းရခြင်း၏ ရည်ရွယ်ချက်နှင့် ရရှိနိုင်သော အကျိုုးကျေးဇူးများ၊ စပါးခွံမြေဆွေး ထည့်သွင်းရခြင်း၏ ရည်ရွယ်ချက်နှင့် ရရှိနိုင်သော အကျိုးကျေးဇူးများ၊ တစ်ဧကအတွက် စပါးခွံမြေဆွေးပုံပြုလုပ်နည်းနှင့် အချိုးအစားအလိုက် ထည့်သွင်းရမည့် ပါဝင်ပစ္စည်းများအကြောင်း၊ စပါးပင်သက်တမ်းအလိုက် ပုလဲမြေဩဇာ အချိန်ကိုက်၊ အချိုးကျ ထည့်သွင်းနည်းများကို အသိပညာပေး ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်အောင်ခရိုင်သီးနှံကာကွယ်ရေးဌာနခွဲတာဝန်ခံ ဒု-လက်ထောက် ဦးစီးမှူး ဒေါ်စန္ဒီမောင်က စပါးမျိုးစေ့ချအဆင့်တွင် ကျရောက်နိုင်သောဖျက်ပိုးများအကြောင်းနှင့် ရောဂါ ကာကွယ်နှိမ်နင်းနည်းများ၊ ပျိုးခင်းအဆင့်တွင် ကျရောက်နိုင်သော ဖျက်ပိုးများအကြောင်းနှင့်ရောဂါ ကာကွယ် နှိမ်နင်းနည်းများ၊ ပင်ပွားအဆင့်တွင် ကျရောက်နိုင်သောဖျက်ပိုးများအကြောင်းနှင့်ရောဂါကာကွယ် နှိမ်နင်းနည်းများ၊ အနှံထွက်ချိန်တွင် ကျရောက်နိုင်သော ဖျက်ပိုးများအကြောင်းနှင့်ရောဂါကာကွယ်နှိမ်နင်း နည်းများ၊ ဖျက်ပိုးအမျိုးအစားအလိုက် အသုံးပြုသင့်သည့် ပိုးသတ်ဆေးအမျိုးအစားများအကြောင်းကို အကျယ်တဝင့် အသိပညာပေး ရှင်းလင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်အောင်ခရိုင်ဦးစီးမှူး ဦးစိုးမြင့်အောင်က စိုက်ပျိုးရေးဆိုင်ရာ(မြေ၊ မျိုး၊ ပိုး သင်တန်းပေးခြင်း)အနှစ်ချုပ်အနေဖြင့် ပြောကြားရာတွင် လက်ရှိစပါးအထွက်နှုန်းထက် တစ်ဧက လျှင် (၁၀)တင်းနှုန်း ပိုမိုထွက်ရှိရေး၊ အခြောက်သမန်းနှင့် အစိုသမန်း ကြဲပက်စိုက်ပျိုးခြင်းတွင် စပါးပင်ပိုမို ဖြစ်ထွန်းစေသည့် အစိုသမန်းကိုသာ လုပ်ကိုင်ဆောင်ရွက်ရေး၊  မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရေး၊ မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးခြင်းဖြင့် ပိုးမွှားရောဂါဒဏ်ခံနိုင်မည့်အကြောင်းနှင့် အထွက်နှုန်းတိုးတက် လာမည့်အကြောင်း၊ သဘာဝမြေဩဇာဖြစ်သည့် ပိုက်ဆံလျှော်မြေမြှုပ် လုပ်ကိုင်နည်းများကို ရှင်းလင်း အသိပညာပေး ပြောကြားခဲ့ပါသည်။ ထို့နောက်အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူး၍ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 02
  • JUN

  • 02 June 2023
  • ဧရာဝတီ၊ ကျိုက်လတ်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့်  တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော “ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းဆိုင်ရာနည်းပညာပေးသင်တန်း”ကို ၂၀၂၃ ခုနှစ်၊မေလ ၂၃ရက်နေ့တွင် ကျိုက်လတ်မြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်စိုးလွင်၊ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းနှင့်အဖွဲ့ဝင်များ၊ ကျိုက်လတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသား တောင်သူများ စုစုပေါင်း (၁၈၃)ဦး တက်ရောက်ခဲ့ပါသည်။အခမ်းအနားကို နှစ်ပိုင်းခွဲ၍ ကျင်းပခဲ့ရာ  ပထမပိုင်းအစီအစဉ်တွင် ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးတင်လင်းက မိတ်ဆက်စကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မိတ်ဆက်နှင့် တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများ အကြောင်းကို လည်းကောင်း၊ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ဦးစီးဌာန၏ဆောင်ရွက်ချက်များကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ  တာဝန်ခံလက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အေးကျော့ရီက ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ၊ တိုင်းရင်းသားစာပေသင်ကြား သည့် Teaching Assistant (TA) နှင့် Language Teacher (LT) ဆရာ/ဆရာမများခန့်အပ်ထားမှု အခြေအနေနှင့် လျှောက်လွှာများတင်သွင်းရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များကို  ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများနှင့် မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။အခမ်းအနားအစီအစဉ် ဒုတိယပိုင်းတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူး ဒေါက်တာ ကျော်မြင့်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ကျိုက်လတ်မြို့နယ်ဦးစီးမှူး ဒေါက်တာမျိုးမြင့်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဖျာပုံခရိုင်မြေအသုံးချရေးဌာနခွဲတာဝန်ခံ ဦးစီးအရာရှိ ဒေါ်အဲလစ်ခင်မာဝေ၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဖျာပုံခရိုင်မျိုးစေ့ဌာနခွဲတာဝန်ခံ ဦးစီးအရာရှိ ဒေါ်အေးအေးမြင့်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဖျာပုံခရိုင်သီးနှံကာကွယ်ရေးဌာနခွဲတာဝန်ခံ ဦးစီးအရာရှိ ဦးဇော်သန်းဦးတို့က မွေးမြူရေး၊ စိုက်ပျိုးရေး၊ သဘာဝမြေဩဇာထုတ်လုပ်မှုနှင့် အသုံးချမှုတို့နှင့်ပတ်သက်၍အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ကြပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တက်ရောက်လာသူများအား အမှတ်တရလက်ဆောင်ပေးအပ်ကာ အခမ်းအနား အစီအစဉ်ကို ရုပ်သိမ်းခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 02
  • JUN

  • 02 June 2023
  • ဧရာဝတီ၊ ပုသိမ်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး၏ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းများအား အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေနှင့်အညီ တရားဝင်မှတ်ပုံတင်ဆောင်ရွက်နိုင်ရေးအတွက် တွေ့ဆုံ ဆွေးနွေးခြင်းအခမ်းအနားပုသိမ်၊ မေ ၂၉ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးသည် သက်ဆိုင်ရာတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များနှင့်ပူးပေါင်း၍ အခြေခံပညာကျောင်းများတွင် Teaching Assistant (TA) နှင့် Language Teacher (LT)များ ခန့်ထားနိုင်ရေးနှင့် အမြဲတမ်းဝန်ထမ်းများအဖြစ် ခန့်ထားနိုင်ရေး၊ တိုင်းရင်းသား စာပေသင်ကြားနိုင်ရေး၊ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများတွင် တိုင်းရင်းသား ဘာသာဖြင့်ပြန်ဆိုရေး၊ တိုင်းရင်းသားစာပေသင်ကြားနိုင်ရေး၊ တိုင်းရင်းသား စာပေပုံနှိပ်ရေးနှင့် အခြားသောတိုင်းရင်းသားရေးရာကိစ္စရပ်များကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေး၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရေးတို့ အတွက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ ဖွဲ့စည်းခြင်းနှင့် အသင်းအဖွဲ့ တစ်စုတစ်စည်းတည်း ရှိစေရေးအတွက်လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များမှ သက်ဆိုင်ရာ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များသို့ ရန်ပုံငွေ ထောက်ပံ့ပေးအပ်ခြင်းနှင့် တိုင်းရင်းသားရေးရာ ကိစ္စရပ်များ ဆောင်ရွက်ရာ၌ စီမံခန့်ခွဲမှုလွယ်ကူစေရန်အတွက်လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ ပြည်ထောင်စုအစိုးရအဖွဲ့များနှင့် ဆက်သွယ်ဆောင်ရွက်ရာ၌ ပိုမိုလွယ်ကူ လျင်မြန်စေရေး စသည့်ရည်ရွယ်ချက်များဖြင့် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့်အညီ တရားဝင်မှတ်ပုံတင်ဆောင်ရွက်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးခြင်း အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ မေလ ၂၉ ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် ပုသိမ်မြို့၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း များ၊ တိုင်းဒေသကြီးအဆင့်၊ မြို့နယ်အဆင့် ကရင်၊ ရခိုင်၊ ချင်း စာပေနှင့်ယဉ်ကျေးမှု အသင်း ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှ တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းက ဦးစီးဌာန၏ လုပ်ငန်း ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှ တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးကျော့ရီ က ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက် နိုင်ငံတော်စီမံအုပ်ရေးကောင်စီ ဥပဒေအမှတ် (၄၆/၂၀၂၂)ဖြင့် ပြဋ္ဌာန်းထားသည့် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေနှင့် အညီ လိုက်နာဆောင်ရွက်နိုင်စေရေး၊ အသင်းအဖွဲ့မှတ်ပုံတင်လျှောက်ထားရာတွင် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေပါ အခန်း(၄) ပြည်တွင်းအသင်းအဖွဲ့မှတ်ပုံတင်ခြင်း၊ အခန်း(၇) အသင်း အဖွဲ့၏ အခွင့်အရေးနှင့် တာဝန်များ၊ အခန်း(၉) တားမြစ်ချက်များ၊ အခန်း(၁၀) ပြစ်ဒဏ် များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊ ကရင် ၊ ရခိုင် နှင့် ချင်း တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များက သိလိုသည်များအား မေးမြန်းဆွေးနွေးခြင်း၊ တိုင်းအဆင့် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များအား ဆောင်ရွက်ခြင်းနှင့် မှတ်တမ်းဓါတ်ပုံ ရိုက်ကူးခဲ့ပြီး အခမ်း အနားကို ရုပ်သိမ်းခဲ့ကြပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 01
  • JUN

  • 01 June 2023
  • ရန်ကုန်

တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေး ဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်နှင့် ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲ၊  လက်သန့်ဆေးရည် လူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနား ရန်ကုန်တိုင်းဒေသကြီးတွင် ကျင်းပပြုလုပ်               ရန်ကုန်၊ မေလ (၂၄)ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊  တိုင်းရင်းသားရေးရာဝန်ကြီး၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှု ဦးစီးဌာနတို့ပူးပေါင်း၍ “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကိုဆန်းစစ်စီမံခြင်းအစီအစဉ်”  နှင့် “ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲ၊လက်သန့်ဆေးရည် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းဖွင့်ပွဲအခမ်းအနား”ကို (၂၄-၅-၂၀၂၃) ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်တွင် ရန်ကုန် တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ကင်မလင်းချောင်းကျေးရွာ၊ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ဦးပြေဟိန်းနိုင်၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းနှင့် အရာထမ်း၊ အမှုထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြောက်ပိုင်းခရိုင်မှူး ဒေါ်ဥမ္မာညွန့်၊ မှော်ဘီခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်စန်းမြင့်၊ မှော်ဘီမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၂)ဦး၊ မှော်ဘီမြို့နယ်အုပ်ချုပ် ရေးမှူး၊ အသေးစားစက်မှုလက်မှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲဇော်ထွန်း၊ သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်သူစိုး၊ တိုက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် များ၊ ရန်ကုန်တိုင်းဒေသကြီး ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းမှဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ မှော်ဘီမြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားများ အပါအဝင် စုစုပေါင်း( ၁၂၀ ) ဦး တက်ရောက်ခဲ့ကြပါသည်။ ပထမဦးစွာ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးမှ အဖွင့်အမှာစကား‌ပြောကြားခဲ့ပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးပြေဟိန်းနိုင်မှ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအကြောင်း မိတ်ဆက်ခြင်း၊ တိုင်းရင်း သားဘာသာသင် TA/LT ဆရာများခန့်ထားခြင်းဆိုင်ရာအကြောင်းတို့ကိုလည်းကောင်း၊ တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်ဖြူဖြူဝင်းမှ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်သည့်  ဥပဒေ၊ နည်းဥပဒေများ အကြောင်း နှင့် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ဥပဒေတွင်ပါရှိသည့် အခွင့်အရေးဆိုင်ရာများကို ပိုမိုသိရှိစေရန် စစ်တမ်းများကောက်ယူရခြင်းနှင့် လိုအပ်သည့် အသိပညာများကို ပို့ချစေရန် ရည်ရွယ်ချက်ဖြင့် မဟာဗျူဟာရေးဆွဲရာတွင် အထောက်အကူပြုစေရန်အတွက် ဆောင်ရွက်ရခြင်းများကိုလည်း ကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြောက်ပိုင်းခရိုင်မှူး ဒေါ်ဥမ္မာညွန့်မှ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ အကြောင်း၊ နိုင်ငံသားစိစစ်ရေးကဒ်ပြားနှင့် အိမ်ထောင်စုဇယားဆောင်ရွက်ရန် လိုအပ်မှုအခြေ အနေ၊ ပန်းခင်းစီမံချက်(၂) ဆောင်ရွက်မှုအခြေအနေ၊ တိုင်းရင်းသားလူငယ်များကျောင်းစတင် အပ်နှံချိန်မှစ၍ မိမိတို့လူမျိုးများ၏ ဝိသေသအရှေ့ဆောင်စကားလုံးများ ပါဝင်ထည့်သွင်း၍ ကျောင်းအမည်စာရင်းသွင်းရန်အကြောင်းတို့ကိုလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လက် ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ခင်စန်းမြင့်မှ မသန်စွမ်းသူများ၏အခွင့်အရေးဆိုင်ရာအကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားရှိသည့် သင်တန်းကျောင်းများအခြေအနေ၊ အသက်(၈၅) နှစ်အထက် သက်ကြီးရွယ်အိုများ လူမှုရေးပင်စင်ထောက်ပံ့ခြင်းဆိုင်ရာအကြောင်း၊ အမျိုးသမီး အခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအကြောင်းနှင့် မိဘများမှ ကလေးများအား တန်ဖိုးထားရန်အကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ဆက်လက်၍ အသေးစားစက်မှုလက်မှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲဇော်ထွန်းက အသေးစားစက်မှုလက်မှုဦးစီးဌာန၏အကြောင်း၊ အသေးစားစက်မှုနှင့် လက်မှု တို့၏ အဓိပ္ပါယ်၊ အသေးစားစက်မှုနှင့်အသေးစားလက်မှုလုပ်ငန်းအကြောင်း၊ သင်တန်းဖွင့်လှစ် ပေးမှုအခြေအနေနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ သင်တန်းတွင် သင်ကြားပေးမည့် အကြောင်းအရာများနှင့် အမျိုးအစားတို့ကိုလည်းကောင်း၊ သမဝါယမဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးဦးကျော်သူစိုးက သမဝါယမဦးစီးဌာန၏ လုပ်ငန်းစဉ်များနှင့်လက်ရှိ ဆောင်ရွက်လျက် ရှိသည့်အခြေအနေ၊ သမဝါယမပေါ်ပေါက်လာပုံအကြောင်း၊ အသင်းချေးငွေအကြောင်း၊  သင်တန်း ဖွင့်လှစ်ထားရှိမှုအခြေအနေ၊ အခြေခံစားသောက်ကုန်ရောင်းချပေးနေမှု အခြေအနေတို့ကိုလည်း ကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ထို့နောက် မှော်ဘီခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က မိမိတို့ရပ်ရွာဒေသများတွင် သင်တန်းများ လာရောက်ဖွင့်လှစ်ပေးမှုအပေါ် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် သက်မွေးပညာသင်တန်း တက်ရောက်မည့် သင်တန်းသား/သူများကို အားပေးစကား ပြောကြားခဲ့ပါသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများအား အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်ခြင်း၊ စုပေါင်းအမှတ်တရဓါတ်ပုံများရိုက်ကူးခြင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက တိုင်းရင်းသားဒေသများ၏ ရပ်ရွာ အခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်မှုဆန်းစစ်ချက် စစ်တမ်းမေးခွန်းလွှာများအား ရှင်းလင်းခြင်းနှင့် စစ်တမ်းကောက်ယူခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 31
  • MAY

  • 31 May 2023
  • ကရင်ပြည်နယ်၊ ဘားအံ

ကရင်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဦးဆောင်မှုဖြင့်  တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် ဗမာတိုင်းရင်းသားလူမျိုးရေးရာအသင်းတို့ပူးပေါင်းပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး အခြေခံ သင်တန်းဆင်းပွဲအခမ်းအနားကို မေလ (၂၀)ရက်နေ့က တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်စေရေး၊ ထိန်းသိမ်း စောင့်ရှောက်မြှင့်တင်ရန်နှင့် တိုင်းရင်းသားများ၏ စာပေ၊ ဘာသာစကား ပြန့်ပွားထွန်းကားရေးနှင့် ရိုးရာဓလေ့ထုံးတမ်းများ၊ ယဉ်ကျေးမှုများ ထိန်းသိမ်းမြှင့်တင်ရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်မှ ထောက်ပံ့ငွေနှင့် သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းမှ သင်တန်းနည်းပြ ဆရာ၊ဆရာမများအား အမှတ်တရလက်ဆောင်ပစ္စည်းများကို လည်းကောင်းပေးအပ်ခဲ့ကြပါသည်။ထို့နောက် သင်တန်းသား၊သင်တန်းသူများမှ အဆိုအကများဖြင့် ကပြဖျော်ဖြေခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့များက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။  အဆိုပါ သင်တန်းကို မေလ (၁၁) ရက်နေ့မှ မေလ (၂၀)ရက်နေ့အထိ ကရင်ပြည်နယ်၊ ဘားအံမြို့ အမိတာရာမရဲကျောင်းတိုက်တွင် ဖွင့်လှစ်သင်ကြားခဲ့ရာ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၃၆)ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 26
  • MAY

  • 26 May 2023
  • ကရင်ပြည်နယ်၊ ဘားအံ

ကရင်ပြည်နယ်အစိုးရအဖွဲ့၊  တိုင်းရင်းသားရေးရာဝန်ကြီး ဦးဆောင်မှုဖြင့် တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးက  “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်း ကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ်” ကို ၂၀၂၃ ခုနှစ်၊ မေလ (၂၆)ရက်နေ့ တွင်  ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ရသဝေါ်ကျေးရွာ၊ သာနုံးတိုက်ကျောင်း၊ ဓမ္မာရုံတွင် ပြုလုပ် ခဲ့ရာ အခမ်းအနားသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကို၊ ဘားအံ မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၂)ဦးဝင်းတင်နှင့် ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူ များ၊  ဒေသခံတိုင်းရင်းသားများ စုစုပေါင်း (၉၇) ဦး တက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင် ကရင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကို က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင် ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးကျော်စိုးက တိုင်းရင်းသားလူမျိုးများ ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများနှင့် ဝန်ကြီးဌာန၏ ရှေ့လုပ်ငန်းစဉ်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။ဆက်လက်၍ ဘားအံမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ အဖွဲ့ဝင်(၂)ဦးဝင်းတင်က တိုင်းရင်းသားကလေးငယ်များ ကျောင်းစတင်အပ်နှံချိန်တွင် မိမိတို့လူမျိုး၏ ဝိသေသရှေ့ဆောင် စကားလုံးများပါဝင်သည့် အမည်များဖြင့် ကျောင်းအမည်စာရင်းရေးသွင်းနိုင်ရေးနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ၊ ကျေးလက်ဒေသဆိုင်ရာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကိုလည်းကောင်း၊   တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ကရင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်မြတ်သီရိအောင်က တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ထိန်းသိမ်းမှုဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းရင်းသားစာပေသင်ကြားသည့် Teaching Assistant (TA) နှင့် Language Teacher  (LT) ဆရာ/ဆရာမများ ခန့်ထားခြင်းဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းရင်းသား ပွဲတော်များ ကျင်းပရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့ကူညီပေးမှုများနှင့် တိုင်းရင်းသားဘာသာသင် ပုံပြ/ပုံပြင် စာအုပ် များဖြန့်ဝေခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီး အရာရှိ ဒေါ်စန်းစန်းလှိုင်က အမျိုးသမီးအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ မသန်စွမ်း အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး၊ လူမှုရေးပင်စင်၊ လူငယ်ရေးရာမူဝါဒဆိုင်ရာကိစ္စရပ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ထောက်ပံ့ကြေးပေးအပ်မှု အခြေအနေများကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ညွှန်ကြား ရေးမှူးရုံးမှ အငယ်တန်းစာရေး ဦးအောင်ဖြိုးသော်က အမုန်းစကားနှင့် အကြမ်းဖက်လှုံ့ဆော်မှုကို တားဆီးခြင်းဆိုင်ရာ အသိပညာပေးကိစ္စရပ်များနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း စစ်တမ်းကောက်ယူရခြင်း ရည်ရွယ်ချက်နှင့် စစ်တမ်းဖြေဆိုပုံ မေးခွန်းများကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် စစ်တမ်းကို ကောက်ယူ ခဲ့ရာ တက်ရောက်လာကြသော ဒေသခံတိုင်းရင်းသား (၉၂) ဦးဖြေဆိုခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 26
  • MAY

  • 26 May 2023
  • မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ညွှန်ကြား‌ရေးမှူးရုံးမှဦးစီး၍  “တိုင်းရင်းသား အခွင့်အ‌ရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း” အစီအစဉ်ကို ၂၀၂၃ ခုနှစ်၊ မေလ (၂၆) ရက်နေ့တွင် မကွေးတိုင်း ဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ နဘဲကုန်းကျေးရွာ၊ ရွာဦးဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံတိုင်းရင်းသားများ စုစုပေါင်း(၁၇၀)ဦး တို့တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် မကွေးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့သစ်မြို့နယ်၊ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းသာက  နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်‌ရှောက်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ  တာဝန်ခံ ဒုတိယညွှန်ကြား ရေးမှူး ဒေါ်မြတ်သန္တာဝင်း က တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မိတ်ဆက်၊ ရှေ့လုပ်ငန်းစဉ် များ၊ “အသက်မွေးဝမ်း ကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း စစ်တမ်းကောက်ယူရခြင်း” ရည်ရွယ်ချက်ကိုလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ မကွေးတိုင်း‌ဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရီရီဝင်းက တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သဲစုမွန် က တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက် သည့် ဥပဒေ၊ နည်းဥပဒေပါ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့်ရပိုင်ခွင့်များ၊ တားမြစ်ချက် များ၊ ပြစ်ဒဏ်များ အကြောင်းကိုလည်းကောင်း၊ မြို့သစ်မြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီး အရာရှိ ဒေါ်ရင်မိုးက အမျိုးသမီးများအတွက် အခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ ကလေးသူငယ် အခွင့်အရေး၊ လူငယ်ရေးရာမူဝါဒများ အကြောင်းကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်အိဖြူခိုင်က အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းပါ လူ့အခွင့်အရေးများအကြောင်း နှင့် အမုန်းစကားနှင့် အကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော်မှုကိုတားဆီးခြင်းနှင့် လူမျိုးပြုန်းစေမှုကို တားဆီးရေးနှင့်ပြစ်ဒဏ်ပေးရေး နိုင်ငံတကာသဘောတူစာချုပ်ပါ အကြောင်းအရာများကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ ပါသည်။ ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများက “ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်မှုဆန်းစစ်ချက် စစ်တမ်း” မေးခွန်းလွှာများအား ရှင်းလင်းပြောကြား၍ စစ်တမ်းကောက်ယူ ခဲ့ရာ ဒေသခံတိုင်းရင်းသား(၈၀)ဦး ဖြေဆိုခဲ့ကြပြီး နေ့လည်ပိုင်းတွင် အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 24
  • MAY

  • 24 May 2023
  • ရန်ကုန်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ယနေ့မေလ(၂၄)ရက်နေ့ နေ့လယ်(၁၅:၀၀)နာရီအချိန်၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေ နှင့်ယဉ်ကျေးမှုဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးဝင်းနိုင်၊ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ပြည်ထောင် စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)တွင် သဘာဝ ဘေးအန္တရာယ်ကြောင့် ကျေးရွာအတွင်း ပျက်စီးခဲ့သည့် အခြေအနေများအား ပြန်လည်ပြင်ဆင်နိုင်ရေး ကြည့်ရှု့စစ်ဆေးခြင်းနှင့် ၂၀၂၂−၂၀၂၃ခုဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သည့် ဆိပ်ခံဗောတံတားစီမံကိန်းလုပ်ငန်း (၁၀၀%) ပြည့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ကြည့်ရှု့စစ်ဆေးရာ ဌာနဆိုင်ရာတာဝန်ရှိသူများမှ ရှင်းလင်းတင်ပြခဲ့ပြီး ဒုတိယဝန်ကြီး ဦးဇော်အေးမောင်မှ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကလေးငယ်များ တိုင်းရင်းသားဘာသာအခက်အခဲကို ကျော်လွန်၍ ကျောင်းနေပျော်ပြီး ကျောင်းထွက်နှုန်းလျော့ကျစေရန် တိုင်းရင်းသားဘာသာသင်ကြားနည်းစနစ်များ ပိုမိုစနစ်ကျကောင်းမွန်လာစေရန် ရည်ရွယ်၍ တိုင်းရင်း သားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဖွင့်လှစ်ဆောင်ရွက် လျှက်ရှိသည့် တိုင်းရင်းသားသင်ထောက်ကူ Teaching Assistant (TA) နှင့် တိုင်းရင်းသားဘာသာသင် Language Teacher (LT) ဆရာ၊ ဆရာမများ မွမ်းမံသင်တန်း ၁/၂၀၂၃တွင် တက်ရောက်နေသည့် တိုင်းရင်းသားဆရာ၊ဆရာမများအားတွေ့ဆုံ၍ မြန်မာ့ပထဝီနိုင်ငံရေး၊ ကမ္ဘာ့ပထဝီနိုင်ငံရေးနှင့် ပြည်ထောင်စုစိတ်ဓာတ်ခေါင်းစဉ်ဖြင့် ဆွေးနွေးပို့ချခဲ့ကြောင်း သတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 22
  • MAY

  • 22 May 2023
  • ကရင်ပြည်နယ်၊ ဘားအံ

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးဦးဆောင်မှုဖြင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် ကရင်အမျိုးသားမျိုးနွယ်စုအသင်းတို့ ပူးပေါင်းပြီး  ကရင်စာပေနှင့် ယဉ်ကျေးမှုစုပေါင်းသင်တန်းဆင်းပွဲအခမ်းအနားကို မေလ (၂၂) ရက်နေ့က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက နွေရာသီကျောင်းပိတ်ရက်ကာလများတွင် အချိန်ကို အကျိုးရှိစွာဖြင့် မိမိတို့၏စာပေကို လေ့လာသင်ယူပါက မိမိတို့ ဘိုးဘွားတွေ ထားရှိခဲ့တဲ့ အမွေအနှစ်ဖြစ်တဲ့ ကိုယ်ပိုင်စကား၊ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဘာသာ စကား၊ အနုပညာ၊ ရိုးရာဓလေ့ထုံးတမ်းတွေကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ကြ နိုင်မှာဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့်လည်း မိမိတို့၏ တိုင်းရင်းသားလူမျိုးများအတွက်၊ နိုင်ငံ ကောင်းကျိုးအတွက် ကျရာအခန်းကဏ္ဍမှ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးစေ လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။ဆက်လက်ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ထောက်ပံ့ငွေနှင့် ဆုရသင်တန်းသားအား သင်တန်းဆင်း‌အောင်လက်မှတ်အားလည်းကောင်း   ၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများကလည်း ဆုရသင်တန်းသား/ သင်တန်းသူများအား သင်တန်းဆင်းအောင်လက်မှတ်များကို ပေးအပ် ချီးမြှင့်ခဲ့ပါသည်။ထို့နောက် ကရင်ရိုးရာတူရိယာများဖြင့် တေးသီချင်းများ၊ ကိုလိုနီခေတ်ဒုံးအက၊ မျက်မှောက်ခေတ် ဒုံးအကများဖြင့်  တင်ဆက် ကပြ ဖျော်ဖြေခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဆုများအသီးသီး‌ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။အဆိုပါ သင်တန်းကို ကရင်ပြည်နယ် ဘားအံမြို့နယ်မှ  ကျေးရွာပေါင်း(၁၃)ရွာမှ သင်တန်းသား/ သင်တန်းသူ စုစုပေါင်း (၂၂၆၄)ဦး  တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ဧပြီလ (၁၈) ရက်နေ့မှ မေလ (၁၅)ရက်နေ့အထိ သင်ကြားပို့ချပေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါရန်