ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

အခြားသတင်းများ

  • 19
  • FEB

  • 19 February 2023
  • မွန်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန မွန်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှဦးစီး၍ “တိုင်းရင်းသားအခွင့်အရေး ဆိုင်ရာပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း” အခမ်းအနားကို (၁၉-၂-၂၀၂၃) ရက်နေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ သံဖြူဇရပ် မြို့နယ်၊ ဖောင်စိန်ရပ်ကွက်၊ မူလတန်းလွန်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦး၊ ပြည်နယ်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဖောင်စိန်ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဒေသခံ တိုင်းရင်းသား များ စုစုပေါင်း (၈၀) ဦး တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦး က နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေး ဦးစီးဌာန၊ မွန်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးမောင်မောင်ဦး က တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန မိတ်ဆက်နှင့် လုပ်ငန်းဆောင်ရွက်မှုများ အကြောင်းကိုလည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်ဌေးမို့မို့ က တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများတွင် ပြဋ္ဌာန်းထားရှိသည့် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာကိစ္စရပ်များကို လည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သံယောဇဉ်မိုး က တိုင်းရင်းသားစာပေသင်ကြားသည့် Teaching Assistant (TA) နှင့် Language Teacher (LT) ခန့်ထားခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးသန်းအေး က နိုင်ငံသားအခွင့်အရေးနှင့် ကျောင်းအမည်စာရင်းရေးသွင်းရာတွင် တိုင်းရင်းသားလူမျိုးများ၏ အမည်ရှေ့တွင် ဝိသေသရှေ့ဆောင် စကားလုံးများဖြင့် ရေးသွင်းနိုင်ရေး ကိစ္စရပ်များကိုလည်းကောင်း၊ မွန်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမာ က အမျိုးသမီး အခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး ၊ ကလေးသူငယ်အခွင့်အရေး၊ လူငယ်ရေးရာမူဝါဒ၊ လူမှုရေး ပင်စင်ဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းအိမှ ရပ်ရွာအခြေပြု အသက်မွေး ဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း စစ်တမ်းကောက်ယူရခြင်း၏ ရည်ရွယ်ချက်နှင့် မေးခွန်းလွှာများ အကြောင်းကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် စစ်တမ်းကောက်ယူခဲ့ရာ တက်ရောက်လာကြသော ဒေသခံတိုင်းရင်းသား(၇၀)ဦးတို့မှ ဖြေဆိုခဲ့ကြပါသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်ကြသူများအား အစားအသောက်များဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး နေ့လယ်ပိုင်းတွင် အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 10
  • FEB

  • 10 February 2023
  • ကရင်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန ကရင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှဦးစီး၍ တိုင်းရင်းသားအခွင့်အရေး ဆိုင်ရာပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း” အခမ်းအနားကို (၁၀-၂-၂၀၂၃) ရက်နေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ နောင်ထလုံကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဘားအံမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးဝင်းတင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စာပေနှင့် ယဉ်ကျေးမှုအသင်း/အဖွဲ့များမှ တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားများ စုစုပေါင်း (၁၂၃)ဦး တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များ၊ တိုင်းရင်းသား  အခွင့်အရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ ရှေ့လုပ်ငန်းစဉ်နှင့် မဟာဗျူဟာရေးဆွဲမှု အခြေအနေများကို လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးဝါက လူမှုဝန်ထမ်း ဦးစီးဌာနမှ ဆောင်ရွက်လျက်သည့် လုပ်ငန်းများအကြောင်းကို လည်းကောင်း၊ တိုင်းရင်းသားစာပေ နှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်မြတ်သီရိအောင် က တိုင်းရင်းသားစာပေသင်ကြားသည့် Teaching Assistant (TA) နှင့် Language Teacher (LT) ခန့်ထားခြင်းဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းရင်းသားရိုးရာပွဲတော်များ ကျင်းပနိုင်ရေးနှင့် ကရင်စာပေ၊ ပအိုးဝ်စာပေနှင့် မွန်စာပေယဉ်ကျေးမှုသင်တန်းများ ဖွင့်လှစ်နိုင်ရေး ပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့ကူညီမှုများ အကြောင်းကိုလည်းကောင်း၊ တိုင်းရင်းသားဘာသာဖြင့် ထုတ်ဝေလျက်ရှိ သည့် Grade 1, 2, 3 သင်ရိုးစာအုပ်များ၊ တိုင်းရင်းသားဘာသာသင် ပုံပြ/ပုံပြင်စာအုပ်များ ထုတ်ဝေ ဖြန့်ဖြူးလျက်ရှိသော ပုံပြ/ပုံပြင်စာအုပ်များအကြောင်းကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေး များကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်ကျော်လွင်က အမုန်းစကားနှင့်အကြမ်းဖက်လှုံ့ဆော်မှုကိုတားဆီးခြင်း ဆိုင်ရာ အသိပညာပေးကိစ္စရပ်များ၊ လူမျိုးပြုန်းတီးမှုတားဆီးရေးနှင့်  ပြစ်ဒဏ်ပေးရေး နိုင်ငံတကာ သဘောတူစာချုပ်များ အကြောင်းကိုလည်းကောင်း၊ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း စစ်တမ်းကောက်ယူရခြင်း၏ ရည်ရွယ်ချက်နှင့် မေးခွန်းလွှာများ အကြောင်းကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ “ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ် စီမံခြင်း" စစ်တမ်းကို ကောက်ယူခဲ့ရာ တက်ရောက်လာသူ(၁၀၀)ဦးတို့မှ ဖြေဆိုခဲ့ပြီး စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူး၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 08
  • DEC

  • 08 December 2022

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ သနပ်ပင်ကျေးရွာ၊ ဘုန်းကြီးကျောင်းတွင် ကျင်းပ၁ - ၁၂ - ၂၀၂၂ (ကြာသပတေးနေ့) ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ကြီးမှူးကျင်းပသော “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာပညာပေး ဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ် စီမံခြင်း” နှင့် “Bakery & Snack အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနား” ကို (၁-၁၂-၂၀၂၂) ရက်နေ့၊ နံနက် (၉:၃၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင် မြို့နယ်၊ သနပ်ပင်ကျေးရွာ၊ ဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး (ကိုယ်စား) ဦးစီးအရာရှိ ဦးသန့်ဇော်ထွန်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဥမ္မာညွန့်၊ ဦးစီးအရာရှိ ဒေါ်မော်မော်ဦးနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်မှူးဦးမင်းဆွေ၊  အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲဇော်ထွန်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်စန်းမြင့်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်ဦးနှင့် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းဇော်၊ ထန်းတပင် မြို့နယ်ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သင်တန်းသားများနှင့် ထန်းတပင်မြို့နယ်အတွင်းရှိဒေသခံ ကရင်နှင့်ဗမာ တိုင်းရင်းသားများအပါအဝင် စုစုပေါင်း (၁၀၀) ဦး တက်ရောက်ခဲ့ကြပါသည်။  ပထမဦးစွာ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး(ကိုယ်စား) ဦးစီးအရာရှိ ဦးသန့်ဇော်ထွန်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအကြောင်း မိတ်ဆက်ခြင်း၊ ပုံပြပုံပြင်စာအုပ် ထုတ်ဝေ ပေးမှုနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအကြောင်း၊ တိုင်းရင်းသားဘာသာသင် TA/LT ဆရာများ ခန့်ထားခြင်းဆိုင်ရာအကြောင်းတို့ကို ရှင်းလင်းပြောကြားခြင်း၊ တိုင်းရင်းသားအခွင့်အရေး များကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်ဖြူဖြူဝင်းက စစ်တမ်းကောက်ယူရခြင်း ရည်ရွယ်ချက်များနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့် ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများအကြောင်းတို့ကို ရှင်းလင်းပြောကြားခြင်း၊ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဥမ္မာညွန့်မှ နိုင်ငံသားစိစစ်ရေး ကဒ်ပြားနှင့် အိမ်ထောင်စုဇယားဆောင်ရွက်ရန်လိုအပ်မှု အခြေအနေ၊ ပန်းခင်းစီမံချက်ဆောင် ရွက်မှုအခြေအနေ၊ တိုင်းရင်းသားလူငယ်များကျောင်း စတင်အပ်နှံချိန်မှစ၍ မိမိတို့လူမျိုးများ၏ ဝိသေသအရှေ့ဆောင်စကားလုံးများပါဝင်ထည့်သွင်း၍ကျောင်းအမည်စာရင်းသွင်းရန် အကြောင်း၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေတို့ကို ရှင်းလင်းပြောကြား ခြင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲဇော်ထွန်းမှ ဦးစီးဌာနအကြောင်း မိတ်ဆက်ခြင်း၊ သင်တန်းများ ဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်၊ အသေးစားစက်မှုနှင့်လက်မှုလုပ်ငန်း ဆောင်ရွက်မှုအခြေအနေ၊ ဌာနမှသင်တန်းဖွင့်လှစ်ပို့ချ ပေးလျက်ရှိသည့် သင်တန်းအမျိုးအစားများ၊ လုပ်ငန်းမှတ်ပုံတင် ဆောင်ရွက်ပေးနေမှုအခြေအနေ တို့ကို ရှင်းလင်းပြောကြားခဲ့ပြီး သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းဇော်က သမဝါယမ ဦးစီးဌာန၏ လုပ်ငန်းစဉ်များနှင့် လက်ရှိဆောင်ရွက်လျက်ရှိသည့်အခြေအနေ၊ သမဝါယမပေါ် ပေါက်လာပုံအကြောင်း၊ သမဝါယမအသင်းချေးငွေအကြောင်း၊ ဌာနမှ ရောင်းအားမြှင့်တင်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိမှုအခြေအနေ၊ ဈေးကွက်ဖော်ဆောင်ပေးမှု၊ အသင်းဖွဲ့စည်းမှု အခြေအနေတို့ကို အသီးသီးရှင်းလင်းပြောကြားခဲ့ကြပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 08
  • NOV

  • 08 November 2022

နိုင်ဝင်ဘာ ၇ ရက်နေ့ တဆောင်မုန်းလပြည်အခါသမရတွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) အား လာရောက်လည်ပတ်သူများနှင့် စည်ကားလျက်ရှိနေပြည်တော် နိုဝင်ဘာ ၇ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)သို့ တဆောင်မုန်းလပြည်နေ့ အများပြည်သူအားလပ်ရက်နေ့၌ တိုင်းရင်းသားယဉ်ကျေးမှု အမွေအနှစ်လေ့လာသူများနှင့် အပန်းဖြေလာရောက်လည်ပတ်သူများတို့ဖြင့် အထူးစည်ကား များပြားလျက်ရှိကြောင်းသတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်