တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးက ဦးစီး၍ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်ကို (၂၄-၁၀-၂၀၂၃) ရက်နေ့တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မဲဆမိတ်ကျေးရွာ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စိုးက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများအကြောင်း၊ ရှေ့လုပ်ငန်းစဉ်များနှင့် မဟာဗျူဟာကိစ္စများအားလည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းက ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် ရာသီ ဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စ ရပ်များအား တိုင်းရင်းသားပြည်သူများ အသိပညာအသိအမြင်များ တိုးပွားလာစေရန် ရှင်းလင်းဟောပြောခဲ့ပါသည်။ ဆက်လက်၍ လှိုင်းဘွဲမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူး ဦးစိုင်းရန်နိုင်က ကလေးသူငယ်အခွင့်အရေးများ၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာကိစ္စများ၊ အမျိုးသမီး အခွင့်အရေးများ၊ နိုင်ငံသားအခွင့်အရေးများ၊ မသန်စွမ်းအခွင့်အရေးများ၊ လူမှုရေးပင်စင်များ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ ထောက်ပံ့ပေးမှုကိစ္စများအားလည်းကောင်း၊ ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နွယ်နွယ်အောင်က ဦးစီးဌာနမှ ဖွင့်လှစ် ထားသော အသက်မွေးဝမ်းကျောင်းပညာဆိုင်ရာသင်တန်းများမှ အခြေခံစားသောက်ကုန် သင်တန်း၊ အခြေခံအိမ်တွင်းမှု သင်တန်းများ၊ ရိုးရာရက်ကန်း သင်တန်းများအကြောင်း ရှင်းလင်း ပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ကရင်ပြည်နယ်၊ ညွှန်ကြားရေး မှူးရုံးမှ ဦးစီးအရာရှိ ဒေါ်မြတ်သီရိအောင်က တိုင်းရင်းသားဘာသာသင် ဆရာ/ ဆရာမ Teaching Assistant (TA)နှင့် Language Teacher (LT) များခန့်အပ်ထားမှုကိစ္စများ၊ တိုင်းရင်းသား စာပေ နှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူးရုံး၏ ဆောင်ရွက်နေမှုများကို ရှင်းလင်းပြော ကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှအငယ်တန်းစာရေးဦးအောင်ဖြိုးသော်ကအမုန်းစကားနှင့်အကြမ်းဖက်မှုဖြစ်စေရန်လှုံ့ဆော်မှုကိုတားဆီးခြင်းဆိုင်ရာ အသိပညာပေးခြင်းကိစ္စများအကြောင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း စစ်တမ်းမေးခွန်းလွှာနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် စစ်တမ်းကောက်ယူခဲ့ရာ တက်ရောက်လာကြသော ဒေသခံတိုင်းရင်းသား (၈၉) ဦးတို့က ဖြေဆိုခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကိုရုတ်သိမ်းခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ပြည်နယ်စာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များမှ အဖွဲ့ဝင်များလည်း တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် “သီးနှံအခြေခံယို၊ ဖျော်ရည်အမျိုးမျိုးနှင့် သီးနှံခြောက်တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း” ဖွင့်ပွဲအခမ်းအနားကို (၂၃-၁၀-၂၀၂၃) ရက်နေ့ နံနက် (၁၀:၀၀) နာရီ အချိန် တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ကျီးပင်ဆိပ်ကျေးရွာ၊ မူလတန်းကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များကိုလည်းကောင်း၊ အသေးစားစက်မှုလက်မှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းထွေးက အသေးစားစက်မှုလက်မှုဦးစီးဌာနအကြောင်း၊ အသေးစားစက်မှုနှင့် လက်မှုတို့၏ အဓိပ္ပါယ်၊ အသေးစားစက်မှုနှင့်အသေးစားလက်မှုလုပ်ငန်းအကြောင်း၊ သင်တန်း ဖွင့်လှစ်ပေးမှု အခြေအနေနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ သင်တန်းတွင် သင်ကြားပေးမည့် အကြောင်းအရာများနှင့် အမျိုးအစားတို့ကိုလည်းကောင်း ရှင်းလင်းပြောကြား ခဲ့ပါသည်။ ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသူများ၊ သင်တန်းတက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူများနှင့် စုပေါင်းအမှတ်တရဓါတ်ပုံများ ရိုက်ကူးခဲ့ပါသည်။ စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို (၂၃-၁၀-၂၀၂၃) ရက်နေ့မှ (၂၇-၁၀-၂၀၂၃) ရက်နေ့အထိ (၅) ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၃၀) ဦးတို့က တက်ရောက်သင်ကြားသွားမည်ဖြစ်ပါသည်။ အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းမှ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးက ဦးစီး၍ “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်”ကို (၁၈-၁၀-၂၀၂၃) ရက်နေ့တွင် ဧရာဝတီ တိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောင်းကုန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက မိတ်ဆက်စကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါ်မြမာလာစိုးက ကိုယ်ဝန်ဆောင်မိခင်များအခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ကလေးသူငယ်အခွင့်အရေး၊မသန်စွမ်းအခွင့်အရေးများနှင့်လူမှုရေးပင်စင်စသည့်အကြောင်းအရာများကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းက ဝန်ကြီးဌာနပေါ်ပေါက်လာပုံ၊ တိုင်းရင်းသား လူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများအကြောင်းနှင့် စစ်တမ်းကောက်ယူရသည့် ရည်ရွယ်ချက်များကိုလည်းကောင်းအသိပညာပေး ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီ တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးမြင့်မောင်မောင်က နိုင်ငံသားအခွင့်အရေး၊ တိုင်းရင်းသားများ၏ ဝိသေသရှေ့ဆောင်စကားလုံးများမှန်ကန်စွာ ရေးသွင်းဆောင်ရွက်နိုင်ရေး၊ အမုန်းစကားနှင့် အကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော်မှုကို တားဆီးရေးဆိုင်ရာ ကိစ္စရပ်များ၊ လူမျိုးပြုန်းတီးမှု တားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေး နိုင်ငံတကာ သဘောတူစာချုပ်ပါ လိုက်နာဆောင်ရွက်ရန် အချက်များကိုလည်း ကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်သန္တာဦးက ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကျောင်းကုန်းမြို့နယ်ဦးစီးမှူး ဦးကျော်ဌေးက စပါးတစ်ဧက (၁၀) တင်းနှုန်း ပိုမိုအထွက်တိုးစေရေးနှင့် စားသုံးဆီဖူလုံရေး စိုက်ပျိုးဆောင်ရွက်ရမည့် နည်းစနစ် များကိုလည်းကောင်း အသိပညာပေး ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဝန်ထမ်းများက ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်မှုဆန်းစစ်ချက်စစ်တမ်းများကို ကောက်ယူခဲ့ရာ ဒေသခံတိုင်းရင်းသား (၈၁)ဦးတို့မှ ဖြေဆိုခဲ့ကြပြီး တက်ရောက်လာကြသူများအား တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့် ရှောက်သည့်ဥပဒေ၊ နည်းဥပဒေစာအုပ်များ၊ လက်ကမ်းစာစောင်များနှင့် အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ပြီးနောက် အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။ အခမ်းအနားသို့ မြို့နယ် ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီဝင်များလည်း တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ချင်းပြည်နယ် ညွှန်ကြားရေးမှူးရုံးက ဦးစီး၍ “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း” အစီအစဉ်ကို ၁၂-၁၀-၂၀၂၃ ရက်နေ့တွင် ချင်းပြည်နယ်၊ ဟားခါးတက္ကသိုလ်၊ ဘက်စုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ဟားခါးတက္ကသိုလ်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာနွယ်သင်းနီက နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ ချင်း ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မောင်လွင်က တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေများ အကြောင်းကိုလည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီနိုင်က ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာအကြောင်းအရာများကိုလည်းကောင်း၊အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ပြည်နယ်ဦးစီးမှူးဦးဟုန်းကီးကအလုပ်သမားရေးရာကိစ္စရပ်များကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးလှမိုးနိုင်က စားသုံးသူရေးရာကိစ္စရပ်များကိုလည်းကောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်သန်းဝင်းက မှုခင်းကျဆင်းရေးအကြောင်းအရာများကို လည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဟားခါးတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေကြသော ဆရာ/ဆရာမများ၊ စီမံရေးရာဝန်ထမ်းများ၊ တိုင်းရင်းသားဒေသများမှ လာရောက်ပညာသင်ယူနေသော တိုင်းရင်းသားကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြ ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးက ဦးစီး၍ “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်” ကို မောင်တောမြို့နယ်၊ မကျည်းကုန်းကျေးရွာ ဓမ္မသုခဘုန်းတော်ကြီးကျောင်းတွင် ၂၅-၁၀-၂၀၂၃ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် မောင်တောမြို့နယ်၊ ဝေသာလီရပ်ကွက်မှ ရပ်မိရပ်ဖဦးစံမောင်သိန်းနှင့် သက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးဦးဘဦးတို့က ကြိုဆိုနှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စိန်သန်းကြည်က အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ ကလေးသူငယ်အခွင့် အရေး၊ သက်ကြီးရွယ်အိုအခွင့်အရေး၊ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုး ရေးဆိုင်ရာမူဝါဒ တို့ကိုလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနဦးစီးအရာရှိ ဦးဝေယံအောင်က လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှု ကိစ္စရပ်များကို လည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးမောင်သန်းဦးက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မိတ်ဆက်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး များကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သိန်းဦးက “ရာသီဥတုပြောင်းလဲမှုလျော့ချဖို့ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စို့” ခေါင်းစဉ် ဖြင့်လည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မီမီဝင်းရွှေက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေကိုလည်းကောင်း၊ မောင်တောခရိုင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ခိုင်က ကျေးလက်နေပြည်သူများ အသိပညာဗဟုသုတရရှိရေး ကိစ္စရပ်များကိုလည်းကောင်း အသိပညာ ပေးဟောပြောခဲ့ပါသည်။ ထို့နောက် ဒုတိယညွှန်ကြားရေးမှူးဦးဆောင်၍ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်း ပညာလိုအပ်မှု ဆန်းစစ်ချက်စစ်တမ်းများကို ကောက်ယူခဲ့ရာ ဒေသခံတိုင်းရင်းသား (၆၀)ဦး တို့မှ ဖြေဆိုခဲ့ကြပါသည်။ အခမ်းအနားသို့ ဒေသခံတိုင်းရင်းသားများဖြစ်သည့် ရခိုင်၊ သက်နှင့် မြို တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ဆက်လက်ဖတ်ရှုပါရန်နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် အေးသာယာမြို့ရှိ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ တည်ဆောက်နေမှုကို လာရောက် ကြည့်ရှုစစ်ဆေးပါသည်။ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ထို့နောက်အစည်းအဝေးခန်းမ၌ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာ သင်တန်းစင်တာ တည်ဆောက်နေမှု၊ စီမံကိန်း၏ရည်ရွယ်ချက်၊ စီမံကိန်းတည်နေရာနှင့် အကျယ်အဝန်း၊ မဲခေါင်း-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၊ နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သော လုပ်ငန်းများ၊ အဆောက်အအုံ ဆောက်လုပ် ပြီးစီးမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပါသည်။ရှင်းလင်း တင်ပြမှုများအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တိုင်းရင်းသားရေးရာနှင့် သက်မွေး သင်တန်းစင်တာသို့ ဝင်ထွက်သည့်လမ်းများ စနစ်တကျရှိစေရေး၊ ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပမှုရှိစေရေး၊ သင်တန်းများ ဖွင့်လှစ်ချိန်တွင် သင်တန်းသားများ၏ နေထိုင် စားသောက်ရေးအတွက် ကြိုတင် စီမံဆောင်ရွက်ထားရှိရန် လိုအပ်မှုများနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ ဆောက်လုပ်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် အဆောက်အအုံအား စံချိန်စံညွှန်း သတ်မှတ်ချက်များနှင့်အညီ စနစ်တကျတည်ဆောက်ရန်၊ သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးနှင့် အရည်အသွေးပြည့်မီစွာ တည်ဆောက်ရန်နှင့် အခြား လိုအပ်သည်များကို လမ်းညွှန်မှာကြားပါသည်။ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်း စင်တာကို ရှမ်းပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွား တိုးတက်မြင့်မားစေရန်အတွက် အသက်မွေးဝမ်းကျောင်း သင်တန်းများ ဖွင့်လှစ်ပို့ချပေးရန်၊ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို အချင်းချင်း ဖလှယ်နိုင်ရန်၊ တိုင်းရင်းသားများ၏ ဒေသအတွင်း တည်ငြိမ်အေးချမ်းရေး၊ တရား ဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အထောက်အကူပြုစေရန်နှင့် မဲခေါင်ဒေသတွင်း နိုင်ငံများအကြား ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်ကို လျှော့ချရန် ရည်ရွယ်၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေနှင့် နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေတို့ဖြင့် ၂၀၂၂ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကချင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးက ဦးစီး၍ “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း” အစီအစဉ်ကို ၁၇-၁၀-၂၀၂၃ ရက်နေ့တွင် မြစ်ကြီးနားမြို့နယ်၊ မန်ခိန်ရပ်ကွက်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဉီးစီးဌာန၊ကချင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှညွှန်ကြားရေးမှူးဦးရန်နိုင်လွင်ကဝန်ကြီးဌာနအကြောင်းမိတ်ဆက်ခြင်းနှင့်နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က တက်ရောက်လာသည့် တိုင်းရင်းသားမျိုးနွယ်စုများအား Skynet စက်တစ်စုံစီ အားလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဉီးစီးဌာန၊ ကချင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးရန်နိုင်လွင်က တိုင်းရင်း သားလူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေများ(ဂျိန်းဖော့နှင့်ရဝမ်) ဘာသာပြန်စာအုပ် (၁၀၀) အုပ်စီတို့အားလည်းကောင်း ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသန်းအောင်က အမျိုးသမီးအခွင့် အရေး၊ မသန်စွမ်းအခွင့်အရေး၊ လူမှုရေးပင်စင်အကြောင်းအရာတို့ကိုလည်းကောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါက်တာလှိုင်လှိုင်ဌေးက ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာများကိုလည်းကောင်း၊ တိုင်းရင်း သား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အိအိအေးက TA/LT ခန့်ထားရေးဆိုင်ရာ ကိစ္စရပ်များနှင့် လုပ်ငန်းဆောင်ရွက်နေမှုများအား လည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးအောင်ကျော် က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ရွယ်ဆိုင်းက တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများအကြောင်း၊ အမုန်းစကားနှင့် အကြမ်းဖက်မှု ဖြစ်စေရန် လှုံ့ဆော်မှုကို တားဆီးရေးဆိုင်ရာကိစ္စရပ်များ၊ လူမျိုးပြုန်းတီးမှု တားဆီးရေးနှင့် ပြစ်ဒဏ် ပေးရေး နိုင်ငံတကာ သဘောတူစာချုပ်ပါ လိုက်နာဆောင်ရွက်ရန် အချက်များနှင့် စစ်တမ်းကောက်ယူခြင်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကချင်ပြည်နယ် ၊ ညွှန်ကြားရေးမှူးရုံးမှဝန်ထမ်းများက ရပ်ရွာအခြေပြု အသက်မွေး ဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းစစ်တမ်းမေးခွန်းလွှာများကိုကောက်ယူခဲ့ရာ ဒေသခံတိုင်းရင်းသား(၇၅)ဦးတို့မှ ဖြေဆိုခဲ့ကြပါသည်။ အဆိုပါ အခမ်း အနားသို့ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့ အသီးသီးတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးကဦးစီး၍ “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ်” ကို (၇-၁၀-၂၀၂၃) ရက်နေ့တွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်မင်းအုန်းက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေလင်းက နိုင်ငံသားအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ လူ့အခွင့်အရေးများနှင့် လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများအားလည်းကောင်း၊ တိုင်းရင်းသားအခွင့် အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူးဦးသန်းနိုင်က တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများနှင့် တိုင်းရင်းသားလူမျိုးများ၏ ဒြပ်ရှိ၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်ထိန်းသိမ်းခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း အသီးသီးရှင်းလင်း ပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးသန်းနိုင်က ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း စစ်တမ်းမေးခွန်းလွှာ ကောက်ယူရသည့် ရည်ရွယ်ချက်နှင့် မေးခွန်းလွှာတွင်ဖြေဆိုရမည့် ပုံစံများအား ရှင်းလင်းပြောကြားပြီးနောက် စစ်တမ်းကောက်ယူခဲ့ရာ တက်ရောက်လာကြသည့် ဒေသခံတိုင်းရင်းသား (၇၄) ဦးတို့က ဖြေဆိုခဲ့ ကြကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန် ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝိုင်းမော်မြို့နယ်ရဲတပ်ဖွဲ့၊ ကချင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းအသင်း၊ ဝိုင်းမော်မြို့နယ်ရှိ အခြေခံပညာကျောင်းများနှင့် ပူးပေါင်း၍ ကျောင်းပေါင်းစုံ စာစီစာကုံး၊ ပန်းချီ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို စက်တင်ဘာ ၂၃ ရက်နေ့ နံနက်ပိုင်းက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ တေဇခန်းမ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။ ရှေးဦးစွာ ကချင်ပြည်နယ် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ပြည်နယ်တာဝန်ခံ ဒေါ်အိအိအေးက အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်သူက ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပေးရခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြား ခဲ့ပါသည်။ ဆက်လက်ပြီးစာရေးဆရာအကြီးကိုကို(ကသာ)က ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများနှင့် ပြိုင်ပွဲများကျင်းပပြုလုပ်ပေးခဲ့မှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲအားဆက်လက်ကျင်းပရာ ဝိုင်းမော်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (၆)ကျောင်းမှ ကျောင်းသား/ကျောင်းသူ (၁၈)ဦးတို့က ပါဝင် ယှဉ်ပြိုင်ခဲ့ကြပါသည်။ အဲ့ဒီနောက် ကျောင်းပေါင်းစုံစာစီစာကုံး၊ ပန်းချီ၊ ကျပန်းစကားပြောပြိုင်ပွဲများ တွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆုရရှိသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဒိုင်အဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြပါသည်။ ယင်းနောက် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲဝင်များ၌ ရေးသားပုံဖော်ထားသည့် လက်ရာများအား နံရံကပ်ပြဘုတ်တွင် ပြသထားရှိမှုများအား လေ့လာကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ မကွေးတိုင်းဒေသကြီးအတွင်းရှိအရှိုချင်းနှင့်ဥပ်ပူးချင်းတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များသို့တိုင်းရင်းသားပုံပြ၊ပုံပြင်စာအုပ်များပေးအပ်ပွဲအခမ်းအနားကို ၂၀၂၃ခုနှစ်၊ အောက်တို ဘာလ ၅ရက်နေ့ နံနက်ပိုင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ဦးထွန်းခင်က အဖွင့်အမှာစကားပြောကြားပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး တာဝန်ခံ ဒုတိယညွှန်ကြာရေးမှူး ဒေါ်ရီရီဝင်းက တိုင်းရင်းသားပုံပြ၊ ပုံပြင် စာအုပ်များပေးအပ်ရခြင်းရည်ရွယ်ချက်များ၊ တိုင်းရင်းသားလူမျိုးများဟူသော အဓိပ္ပါယ်၊ တိုင်းရင်းသားရေးရာဟူသော အဓိပ္ပါယ်များ၊ တိုင်းရင်းသားဘာသာစာပေသင် Teaching Assistant (TA)နှင့် Language Teacher (LT)ဆရာ၊ ဆရာမများ လျှောက်လွှာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ တာဝန်ရှိသူများက သက်ဆိုင်ရာ ဌာနလုပ်ဆောင်ချက်များ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များမှ အသင်းအဖွဲ့မှတ်ပုံတင်သက်တမ်းတိုးခြင်းဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်း ပြောကြားခဲ့ကြပြီး တိုင်းရင်းသားပုံပြ၊ ပုံပြင်စာအုပ်များကို သက်ဆိုင်ရာစာပေနှင့်ယဉ်ကျေးမှုအသင်း အဖွဲ့များသို့ပေးအပ်ခဲ့ပါသည်။ ထို့နောက် မင်းတုန်းမြို့နယ် အရှိုချင်းတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့ ဥက္ကဋ္ဌမှ အဖွဲ့များကိုယ်စား ကျေးဇူးတင်စကားပြောကြားပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြ ပါသည်။ အဆိုပါ တိုင်းရင်းသားပုံပြ၊ ပုံပြင်စာအုပ်ပေးအပ်ပွဲတွင် အရှိုချင်းနှင့် ဥပ်ပူးချင်း ပုံပြ၊ ပုံပြင် စာအုပ် စုစုပေါင်း (၂၈၄၁)အုပ်ကို ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့် တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ၏ နှီးနှောဖလှယ် တွေ့ဆုံပွဲကို၂၀၂၃ခုနှစ်အောက်တိုဘာလ (၆)ရက်နေ့က တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံး၊ ရန်ကုန်တိုင်းဒေသကြီး ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက တိုင်းဒေသကြီးအတွင်း ဆက်လက်ဆောင်ရွက်သွားမည့် တိုင်းရင်းသား ရေးရာကိစ္စရပ်များ၊ ၂၀၂၂ အသင်းအဖွဲ့မှတ်ပုံတင်ဥပဒေနှင့်အညီ အသင်းအဖွဲ့များ ပြန်လည် မှတ်ပုံတင်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ဆက်လက်၍ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး တာဝန်ခံ ညွှန်ကြားရေးမှူး ဦးပြေဟိန်းနိုင်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းရင်းသားများ၏ စာပေ ယဉ်ကျေးမှုထိန်းသိမ်းဖော်ထုတ်မြှင့်တင်ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြ ခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့အသီးသီးမှ တာဝန်ရှိသူများက အသင်းအဖွဲ့အလိုက် ဆက်လက်ဆောင်ရွက်ကြမည့် တိုင်းရင်းသားအရေး ကိစ္စရပ်များနှင့် ဖြည့်ဆည်း ဆောင်ရွက်ပေးရမည့် အချက်များအား ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့တွင် ကျရောက်မည့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement- NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်း ဗဟိုဌာန (၂) တွင် နိုင်ငံတော်အဆင့်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ထိုအခမ်းအနားသို့ ပြည်နယ် (၇)ခုမှ တိုင်းရင်းသားညီအစ်ကိုမောင်နှမများက တိုင်းရင်းသား ယဉ်ကျေးမှုရိုးရာအကအလှများဖြင့် လာရောက်ကပြဖျော်ဖြေကြမည်ဖြစ်ပါသည်။ လာရောက် ကပြဖျော်ဖြေကြမည့် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ တိုင်းရင်းသားယဉ်ကျေးမှုအကအဖွဲ့များသည် အောက်တိုဘာလ (၉) ရက်နေ့နှင့် (၁၀) ရက်နေ့တို့တွင် နေပြည်တော်သို့ ရောက်ရှိကြရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် တာဝန်ရှိသူများက သွားရောက်ကြိုဆိုပြီး ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကြပါသည်။ ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများက တိုင်းရင်းသားယဉ်ကျေးမှု အကအဖွဲ့များအား တွေ့ဆုံနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများသည် တိုင်းရင်းသားယဉ်ကျေးမှုအကအဖွဲ့များအား စာပေနှင့်ယဉ်ကျေးမှု မြှင့်တင်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ တစ်ဖွဲ့လျှင် ကျပ် (၁၀)သိန်းတိတိ ထောက်ပံ့ငွေများပေးအပ်ကာ ရင်းရင်းနှီးနှီးဖြင့် လိုက်လံ နှုတ်ဆက်ကြပါသည်။၎င်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည် တိုင်းရင်းသားယဉ်ကျေးမှုအကအဖွဲ့များ၏ ကျန်းမာရေးကိစ္စရပ်များအတွက် ဆေးပေးခန်း၊ လိုအပ်သည့်ဆေးဝါးများ ထားရှိမှုအခြေအနေများနှင့် ဧည့်ခံကျွေးမွေးမည့် စားရိပ်သာ ဆောင်အတွင်း အစားအသောက်များ သန့်ရှင်းသပ်ရပ်စွာ ပြင်ဆင်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement- NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပရေးနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနတွင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်းများ တက်ရောက်ခဲ့ကြပါသည်။ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အမှာစကား ပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့နှင့်အညီ နိုင်ငံတော်မှ ပြဋ္ဌာန်းထားရှိသည့် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများ၊ ဘဏ္ဍာရေးလုပ်ထုံး လုပ်နည်းများ၊ နိုင်ငံ့ဝန်ထမ်းများ လိုက်နာရမည့် ကျင့်ဝတ် (၃၀) ပါးနှင့် နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဋ္ဌာန် (၆) ချက်တို့ကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးလိုက်နာပြီး မိမိတို့၏ တာဝန်ဝတ္တရားများကို ရိုးသား ကြိုးစား သစ္စာရှိစွာဖြင့် ထမ်းဆောင်ကြရန် ဖြစ်ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည် နိုင်ငံ့အရေးကို ဆောင်ရွက်သည့် နိုင်ငံရေးဆိုင်ရာပုဂ္ဂိုလ်များဖြစ်သလို တစ်နည်းအားဖြင့် ပြည်သူ့ဝန်ထမ်းများလည်း ဖြစ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ခန့်အပ်တာဝန် ပေးအပ်ထားသည့် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များမှစ၍ သစ္စာရှိရှိ လုပ်ငန်းကျွမ်းကျင်ပိုင်နိုင်စွာဖြင့် အဆင့်ဆင့် တာဝန်ခံ၍ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ယနေ့ဆွေးနွေးပွဲသည် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် မိမိတို့ဝန်ကြီးဌာနက ပါဝင်ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးရန်ဖြစ် ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနမှ အကောင်းဆုံး ဝိုင်းဝန်းပံ့ပိုး ဆောင်ရွက်ကြရန်နှင့် အပြုသဘောဖြင့် ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြရန် ဖြစ်ပါကြောင်း ပြောကြားပါသည်။ဆက်လက်၍ ဒုတိယဝန်ကြီးက တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားသည် အလေးထားဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်သဖြင့် ဝန်ထမ်းများအားလုံးက ကြိုးပမ်း ပါဝင်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်းနှင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပါဝင်ဆောင်ရွက်ရမည့် ကိစ္စရပ်များဖြစ်သည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနပြခန်းတွင် ခင်းကျင်းပြသမည့်ပြခန်းဆိုင်ရာကိစ္စရပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ် တိုင်းရင်း သားရိုးရာအကအဖွဲ့များနှင့် စပ်လျဉ်းသည့် ကြိုဆိုနေရာချထားရေးနှင့် အုပ်ချုပ် မှုဆိုင်ရာ ကိစ္စရပ်များကို အသေးစိတ်ဆွေးနွေးပါသည်။ယင်းနောက် ပြည်ထောင်စုဝန်ကြီးရုံးမှ အမြဲတမ်းအတွင်းဝန်၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တို့က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကဏ္ဍအလိုက် အသီးသီး ဆွေးနွေးတင်ပြကြပါသည်။ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(ပုသိမ်)တို့ ပူးပေါင်းဖွင့်လှစ်သည့် “အခြေခံ မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဆင်းပွဲအခမ်းအနား”ကို (၂၉-၉-၂၀၂၃)ရက်နေ့ ညနေပိုင်း တွင် ပုသိမ်မြို့၊ အစိုးရနည်းပညာအထက်တန်းကျောင်း၊ ဧရာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်း အနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်၊ အစိုးရ နည်းပညာအထက်တန်းကျောင်း(ပုသိမ်)မှ ကျောင်းအုပ်ဆရာကြီး ဦးအေးမင်းထွန်း၊ ဧရာဝတီတိုင်း ဒေသကြီး ညွှန်ကြားရေးမှူးရုံးတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်း၊ ပုသိမ်မြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဝန်ထမ်းများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ ကြပါသည်။အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ် က အဖွင့်အမှာစကားကိုလည်းကောင်း၊ ကျောင်းအုပ်ဆရာကြီး ဦးအေးမင်းထွန်းက သင်တန်းဆင်း အမှာ စကားကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ဧရာဝတီတိုင်း ဒေသကြီးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းက သင်တန်းဖွင့်လှစ်ဆောင်ရွက်ပြီးစီးမှု အခြေအနေကို လည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ဆက်လက်၍ သင်တန်းတွင် ထူးချွန်ဆု(ပထမ၊ ဒုတိယ၊ တတိယ)ရရှိသူ သင်တန်းသားများအား ဆုချီးမြှင့်ခြင်း၊ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်း၊ သင်တန်းနည်းပြ ဆရာ/ ဆရာမများအား ဂုဏ်ပြုလက်ဆောင်ပေးအပ်ခြင်း အစီအစဉ်များကို ဆောင်ရွက်ခဲ့ပြီး သင်တန်းသား တစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသားရေးရာဝန်ကြီးနှင့်အတူ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာ/ဆရာမများ၊ သင်တန်းသားများ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ပါသည်။ “အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်း”ကို (၁၁-၉-၂၀၂၃)ရက်နေ့မှ (၂၉-၉-၂၀၂၃) ရက်နေ့အထိ (၁၅)ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းသား(၂၂)ဦး တက်ရောက် သင်ကြားခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ အသိပညာ၊ ဗဟုသုတနှင့် ဗလငါးတန်ဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ်၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကချင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းအသင်းတို့ ပူးပေါင်း၍ မြစ်ကြီးနားမြို့၊ အခြေခံပညာအထက်တန်း ကျောင်း (စီတာပူ)၌ ဗလငါးတန်ဖွံ့ဖြိုးရေး အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၂၇ ရက် နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာ ကချင်ပြည်နယ်၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ဒုတိယပြည်နယ် ဦးစီးမှူး ဦးခင်မောင်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြစ်ကြီးနားခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဌာနမှူး ဦးကျော်ထက်က လူငယ်ရေးရာအသိပညာပေး ဟောပြောကာ ကချင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်း၊ ဥက္ကဋ္ဌ စာရေးဆရာ အကြီးကိုကို(ကသာ)က လူငယ်နှင့် ကိုယ်ကျင့်တရား ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ကြပါသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များအား မေးမြန်းခဲ့ကြရာ စာရေးဆရာ အကြီးကိုကို(ကသာ)နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြား ပေးခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဌာနမှူး ဦးကျော်ထက်နှင့် ကချင် ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းအသင်း၊ ဥက္ကဋ္ဌ စာရေးဆရာ အကြီးကိုကို(ကသာ) တို့က ကျောင်းစာကြည့်တိုက်အတွက် သုတရသစာအုပ်များ လှူဒါန်းပေးအပ်ခဲ့ကြပါသည်။ အဆိုပါဟောပြောပွဲသို့ အခြေခံပညာအထက်တန်းကျောင်း (စီတာပူ)မှ ကျောင်းအုပ်ဆရာမ ကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြ ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်