ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

အခြားသတင်းများ

  • 29
  • DEC

  • 29 December 2023
  • ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ဦးစီး၍ “တိုင်းရင်းသားအခွင့်အရေး ဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ် ချက်တို့ကိုဆန်းစစ်စီမံခြင်းအစီအစဉ်” ၆-၁၂-၂၀၂၃ ရက်နေ့၌ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ ခရိုင်၊ ကျိုင်းတုံမြို့နယ်၊ ပင်းတောင်ကျေးရွာအုပ်စု၊ နမ့်လင်းမိုင်ကျေးရွာ အဲန်စာပေနှင့် ယဉ်ကျေးမှု ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။  အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျိုင်းတုံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးလှိုင်းမောင်မောင်က ကြိုဆိုနှုတ်ခွန်ဆက်စကားနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများကိုလည်းကောင်း၊ တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးချစ်ဇော်လင်းက တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက် သည့် ဥပဒေ၊ နည်းဥပဒေများပါ အချက်အလက်များနှင့် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ မဟာဗျူဟာတို့ကိုလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးဇော်အောင်က တိုင်းရင်းသားဘာသာသင် ဆရာ၊ ဆရာမ Teaching Assistant (TA)နှင့် Language Teacher (LT) များခန့်အပ်ထားမှုကိစ္စများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများအကြောင်းကိုလည်းကောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တပ်ဖွဲ့ခွဲ(၇) မူးယစ်ရဲတပ်ဖွဲ့ခွဲမှ ရဲမှူးနိုင်သိန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ အန္တရာယ်တို့ကိုလည်းကောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ ဒုတိယရဲမှူး အောင်ကျော်ဇင်က လူကုန် ကူးမှုတားဆီးနှိမ်နင်းရေးဆိုင်ရာ ကိစ္စရပ်များအကြောင်းကိုလည်းကောင်း၊ တာချီလိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးချမ်းမြေ့စိုးက ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကိစ္စရပ်များ အကြောင်းကိုလည်း ကောင်း၊ ကျိုင်းတုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိအိခိုင်က အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးကိစ္စရပ်များနှင့် လူမှုရေးပင်စင်တို့နှင့်စပ်လျဉ်းသည့်ကိစ္စရပ်များအကြောင်းကိုလည်းကောင်းပြောကြားခဲ့ပါသည်။   ဆက်လက်၍ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် စစ်တမ်းကောက်ယူခဲ့ရာ  တက်ရောက်လာကြသော ဒေသခံတိုင်းရင်းသား (၁၀၀)ဦးဖြေဆိုခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားသို့ ကျိုင်းတုံမြို့နယ်အတွင်းရှိ အဲန်တိုင်းတိုင်းရင်းသားများနှင့် ဖိတ်ကြားထားသော ဧည့်သည်များတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 29
  • DEC

  • 29 December 2023
  • ရန်ကုန်

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ရန်ကုန်တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးမှဦးစီး၍ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ “တိုင်းရင်း သား ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးချွန်စွမ်းရည်ပြပွဲ၊ ပြိုင်ပွဲ အခမ်းအနား" ကို ၁၃-၁၂-၂၀၂၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီမြို့နယ်၊ လိပ္ပုတ်ကျေးရွာ၊ မူလတန်း ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။  အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးက ဦးစောဂျက်ကော့ထူးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် မှော်ဘီခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က မှော်ဘီခရိုင်အတွင်းရှိလုပ်ငန်းစီမံချက်များအကြောင်းကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက် ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအကြောင်း၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့်  ဗလငါးတန်နှင့် ပြည့်စုံသော ကျောင်းသားလူငယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်၍ အခမ်းအနားကျင်းပရခြင်းဖြစ်ကြောင်းနှင့်  တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးများ ကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေများအကြောင်း၊ တိုင်းရင်းသား အချင်းချင်း အမုန်းစကားနှင့် အကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော်မှုကို တားဆီးရေးဆိုင်ရာ သိကောင်းစရာများကို လည်းကောင်း ပြောကြားခဲ့ပါသည်။ဆက်လက်၍ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်နှင့်အကအဖွဲ့က ပြည်ထောင်စုအင်အားသီချင်း၊ စည်းလုံးခြင်းအတွက် သီချင်း တစ်ပုဒ်စသည့် သီချင်းများဖြင့် ကပြဖျော်ဖြေခြင်း၊ ကျီးပင်ဆိပ်ကျေးရွာ မူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ဝါးညှပ်အက၊ ဒုံးယိမ်းအကများဖြင့် ကပြဖျော်ဖြေခြင်း၊ လိပ္ပုတ်ကျေးရွာ မူလတန်းလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ကပြဖျော်ဖြေခြင်း၊ ရှမ်း(တိုက်ကြီး)အဖွဲ့မှ ရှမ်းရိုးရာအကများဖြင့် ကပြဖျော်ဖြေခြင်းတို့ကို ကပြဖျော်ဖြေခဲ့ကြပါသည်။  ထို့နောက် ဗလငါးတန်နှင့် ပြည့်စုံသော ပြပွဲပြိုင်ပွဲများဖြစ်သည့် အပြေးပြိုင်ပွဲ၊ အာလူး ကောက်ပြိုင်ပွဲ၊ ကြက်တောင်ရိုက်ပြိုင်ပွဲ၊ ဘောလုံးဖောက်ပြိုင်ပွဲ၊ ထုတ်ဆီးထိုးပြိုင်ပွဲ၊ ဘောလီ ဘောပုတ်ပြိုင်ပွဲစသည့် ပြိုင်ပွဲများကို ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသား ရေးရာဝန်ကြီးက ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား  ဆုချီးမြှင့်ခြင်းနှင့်  လိပ္ပုတ်ကျေးရွာ၊ မူလတန်းလွန်ကျောင်းတွင် လိုအပ်သည့် Sound Box နှင့် အားကစားပစ္စည်းများ ပေးအပ်ခဲ့ပြီး မှော်ဘီမြို့နယ်ပညာရေးမှူး ဒေါ်စမ်းစမ်းဝင်းက ဗလငါးတန်နှင့် ပြည့်စုံသော ကျောင်းသား၊ ကျောင်းသူများအား ပေါ်ထွန်းလာစေရန် ရည်ရွယ်၍  မိမိတို့ရပ်ရွာသို့ လာရောက် ကျင်းပပေးခြင်းအတွက် ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး၊ မှော်ဘီခရိုင်အုပ်ချုပ်ရေးမှူး ၊ မှော်ဘီမြို့နယ်အုပ်ချုပ်ရေးမှူး၊ လိပ္ပုတ်ကျေးရွာအုပ်ချုပ်ရေးမှူး၊ မှော်ဘီ မြို့နယ်ပညာရေးမှူး၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူများ၊ မှော်ဘီ မြို့နယ် ကျီးပင်ဆိပ်ကျေးရွာ၊ မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး၊ မှော်ဘီမြို့နယ် သဲကုန်းကျေးရွာ၊ မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး၊ မှော်ဘီမြို့နယ် လိပ္ပုတ်ကျေးရွာ မူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်းသိရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 29
  • DEC

  • 29 December 2023
  • မကွေးတိုင်းဒေသကြီး ၊ မင်းဘူးမြို့နယ်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဦးစီး၍ “တိုင်းရင်းသားရေးရာ နှင့် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနား” ကို ၁၄-၁၂-၂၀၂၃ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊  ရွာသာယာကျေးရွာ၊  အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။  အခမ်းအနားတွင် မကွေးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင် က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မင်းဘူး(စကု)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင်နှင့် မင်းဘူး(စကု)မြို့နယ်၊ မြို့နယ်ပညာရေးမှူး ဒေါ်သွယ်သွယ်တို့က ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့် ပြည့်စုံပြီး ဘက်စုံထူးချွန်သော လူတော်လူကောင်းများ ဖြစ်စေရန် စဉ်ဆက်မပြတ် ကြိုးစားသင်ယူလေ့လာကြရန် ဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်‌ရှောက်ရေးဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ  ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြတ်သန္တာဝင်းက တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဌာန ပေါ်ပေါက်လာပုံ၊   ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအကြောင်း သိမှတ် ဖွယ်ရာများကို လည်းကောင်း၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမောင်မောင်‌ကျော်က လူငယ်များ ဗလငါးတန်ပြည့်ဝစေရေး အတွက် ကျောင်းစာအပြင် ပြင်ပအသိပညာ ဗဟုသုတကြွယ်ဝစေရန် စာပေလေ့လာဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများကိုလည်းကောင်း၊ မင်းဘူးခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နှင်းယုဇံက ကျောင်းသား၊ ကျောင်းသူလူငယ်များ သိထားသင့်သည့် ဗလ ငါးတန်ဖွံ့ဖြိုးရေး အဆင့်အတန်း မြင့်မားတိုးတက်စေရေးဆိုင်ရာ သိမှတ်ဖွယ်ရာ၊  အားကစား ပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများကိုလည်းကောင်း၊ မင်းဘူးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ခိုင်စိုးက လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများ၊  လူငယ်နှင့် မှုခင်းပြဿနာ ဖြစ်ပွားရခြင်း၏ အဓိကအကြောင်းအရင်းများနှင့် မှုခင်းအမျိုးအစား အလိုက် အရေးယူခံရမည့် ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်နှင်းနုထွေးက တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးများကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေများ၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ သိကောင်းစရာများကို လည်းကောင်း၊ အသီးသီး ရှင်းလင်း ဆွေးနွေးဟောပြောခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဟောပြောသည့် အကြောင်းအရာများအပေါ် ဉာဏ်စမ်းမေးခွန်းများမေးမြန်းခဲ့ပြီး ဖြေဆိုနိုင်သူ ကျောင်းသား၊ ကျောင်းသူများအား ဆုလက်ဆောင်များ ချီးမြှင့်ခြင်း၊ ရွာသာယာကျေးရွာ၊ အထက် တန်းကျောင်း စာကြည့်တိုက်အတွက် တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက် သည့်ဥပဒေ၊ နည်းဥပဒေစာအုပ်များနှင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာဥပဒေ သိမှတ်ဖွယ် ရာ စာအုပ်များပေးအပ်ခဲ့ပြီး ရွာသာယာကျေးရွာ၊ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ယုယုရွှေက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။  ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများကို လူကုန်ကူးမှုအန္တရာယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာ များ၊ ကွမ်းစားသုံးခြင်း၏ ဆိုးကျိုးများနှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား ဝင်ရောက်လေ့လာ ဖတ်ရှုကြပါသည်။ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရွာသာယာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 29
  • DEC

  • 29 December 2023
  • ရန်ကုန်

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဦးစီး၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ “တိုင်းရင်းသားကျောင်းသား လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးချွန် စွမ်းရည်ပြပွဲ၊ ပြိုင်ပွဲ အခမ်းအနား" ကို ၁၅-၁၂-၂၀၂၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ သဲကုန်ကျေးရွာ၊ မူလ တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးက ဦးစောဂျက်ကော့ထူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မှော်ဘီခရိုင်ပညာရေးမှူးက ဦးအေးလွင်က ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ထို့နောက် မှော်ဘီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးအောင်ကြည် က မှော်ဘီမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစီမံချက်များကို လည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအကြောင်း၊ တိုင်းရင်းသားလူမျိုးများ ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများအကြောင်း၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့်  ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များ ပေါ်ထွန်း လာစေရန် ရည်ရွယ်၍ အခမ်းအနားကျင်းပရခြင်းဖြစ်ကြောင်းနှင့်  တိုင်းရင်းသားအချင်းချင်း အမုန်းစကားနှင့် အကြမ်းဖက်မှုဖြစ်စေရန်လှုံ့ဆော်မှုကို တားဆီးရေးဆိုင်ရာ သိကောင်းစရာများ ကိုလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးပြေဟိန်းနိုင် က ပုံပြပုံပြင်စာ အုပ်ထုတ်ဝေပေးမှုနှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအကြောင်းကိုလည်း ကောင်း ပြောကြားခဲ့ပါသည်။ဆက်လက်၍ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်နှင့် အကအဖွဲ့က ထာဝရမြန်မာသီချင်း၊ စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ် စသည့် သီချင်းများဖြင့် ကပြဖျော်ဖြေခြင်း၊ ကျီးပင်ဆိပ်ကျေးရွာ မူလတန်းကျောင်းမှကျောင်းသား၊ ကျောင်းသူများက ကရင်ရိုးရာအကဖြစ်သော ဝါးညှပ်အက၊ ဒုံးယိမ်းအကများဖြင့် ကပြဖျော်ဖြေ ခြင်း၊ သဲကုန်ကျေးရွာ မူလတန်းကျောင်းမှ ကျောင်းသား၊  ကျောင်းသူများက ကပြဖျော်ဖြေခြင်း၊ ရှမ်း (တိုက်ကြီး)အဖွဲ့မှ ရှမ်းရိုးရာအကများဖြင့် ကပြဖျော်ဖြေခဲ့ကြပါသည်။ ထို့နောက် ဗလငါးတန်နှင့်ပြည့်စုံသော ပြပွဲပြိုင်ပွဲများဖြစ်သည့် အပြေးပြိုင်ပွဲ၊ အာလူး ကောက်ပြိုင်ပွဲ၊ ဘောလုံးဖောက်ပြိုင်ပွဲ၊ စာအုပ်ရွက်ပြိုင်ပွဲစသည့် ပြိုင်ပွဲများကို ကျင်းပခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့်  ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်တို့က ဆုရရှိသည့် ကျောင်းသား၊  ကျောင်းသူများအား  ဆုများချီးမြှင့်ခြင်း၊ သဲကုန်ကျေးရွာ၊ မူလတန်းကျောင်းတွင် လိုအပ်သည့် Sound Box နှင့် အားကစား ပစ္စည်းများပေးအပ်ခဲ့ပါသည်။အခမ်းအနားသို့ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူများ၊ မှော်ဘီ မြို့နယ် ကျီးပင်ဆိပ်ကျေးရွာ၊ မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး၊ မှော်ဘီမြို့နယ် လိပ္ပုတ်ကျေးရွာ၊ မူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး၊ မှော်ဘီမြို့နယ် သဲကုန်ရွာ မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများအပါအဝင် စုစုပေါင်း (၂၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိပါသည်။ 

ဆက်လက်ဖတ်ရှုပါရန်
  • 29
  • DEC

  • 29 December 2023
  • ကရင်

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဦးစီး၍ "တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကိုဆန်းစစ်စီမံခြင်းအစီအစဉ်နှင့် ဗလ ငါးတန်ဖွံ့ဖြိုးစေရေး လူငယ်ရေးရာ အသိပညာပေးခြင်း အခမ်းအနား"ကို ၁၅-၁၂-၂၀၂၃ ရက်နေ့ တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ နောင်သငဲ့ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးကျော်စိုးက ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်တို့ကို စစ်တမ်းကောက်ယူရခြင်းအကြောင်းနှင့် ကျောင်း သား၊ ကျောင်းသူများ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်ပေါ်စေရေး အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစတင်အောင်မြင့် က ဗလငါးတန်ဖွံ့ဖြိုးစေရေး အားကစားနှင့်လူငယ်၊ အားကစားနှင့် ကိုယ်ကာယကြံ့ခိုင်ရေးကို လည်းကောင်း၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းက ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကိစ္စရပ်များ၊ ပတ်ဝန်း ကျင်နှင့် လူငယ်၊ ပလပ်စတစ်စွန့်ပစ်မှုဆိုင်ရာကိစ္စရပ်များကို တိုင်းရင်းသားပြည်သူများ အသိအမြင် များ တိုးပွားလာစေရန်လည်းကောင်း၊  လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူး ဦးစိုင်းရန်နောင်က ကလေး သူငယ်အခွင့်အရေးများ၊ ကလေးသူငယ်အလုပ်သမားပပျောက်ရေး ဆိုင်ရာကိစ္စရပ်များကို လည်း ကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစေသော်တာလင်းသန့် က ဗလငါးတန်ဖွံ့ဖြိုးစေရေး လူငယ်ရေးရာ စကားဝိုင်းများ၊ စာပေနှင့်လူငယ်ခေါင်းစဉ်ဖြင့် လည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝေယံထက်က တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများ၊ ရှေ့လုပ်ငန်းစဉ်များ၊ မဟာဗျူဟာများကို ဒေသခံတိုင်းရင်းသားများအား လည်းကောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြတ်သီရိအောင်က တိုင်းရင်းသားဘာသာသင်ဆရာ၊ ဆရာမများ ခန့်အပ်ထားရှိမှု အခြေအနေနှင့် ဦးစီးဌာန၏ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပါသည်။   ဆက်လက်၍ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများအား အသိပညာနှင့် ဗဟုသုတများတိုးပွားစေပြီး ဗလငါးတန်နှင့် ပြည့်စုံစေရန် ဒေသန္တရမေးခွန်းများကို ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်စိုးက မေးမြန်းခဲ့ပြီး ဖြေဆိုနိုင်သူများအား ဆုလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ  ကျောင်းအတွက် လိုအပ်သော အားကစား ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။  ဆက်လက်၍ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်စစ်တမ်းကို ကောက်ယူခဲ့ရာ တက်ရောက်လာကြသော ဒေသခံတိုင်းရင်းသား (၈၅) ဦးဖြေဆိုခဲ့ကြပါသည်။ အခမ်းအနားသို့ အ.မ.က (နောင်သငဲ့) ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ပြည်နယ် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များမှ အဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 29
  • DEC

  • 29 December 2023
  • ဧရာဝတီ

နိုင်ငံ၏ အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် အသိဉာဏ်ပညာ၊ ဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ပုသိမ်မြို့၊ အထက(၁၁)၊ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌လည်းကောင်း၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ပုသိမ်မြို့၊ အမှတ်(၂)၊ အခြေခံပညာအထက်တန်းကျောင်း၊ ပညာရွှေရည်ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါအခမ်းအနားတွင် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုသိမ်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းရှိန် က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် အား ရှင်းလင်းပြောကြား၍ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှ တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးကျော့ရီ က တိုင်းရင်းသားလူမျိုးများ၏ စာပေနှင့်ယဉ်ကျေးမှုအကြောင်း သိကောင်းစရာများအား  ဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်၍ လူငယ်စကားဝိုင်း စတင်ရန်အတွက် ပါဝင်ဆွေးနွေးမည့် ကျောင်းသား/ကျောင်းသူများက လူငယ်နှင့် မူးယစ်ဆေး၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ယဉ်ကျေးမှု စသည့်အကြောင်းအရာ များအား ဆွေးနွေးခြင်း၊ ဖြေကြားခြင်းများဆောင်ရွက်ခဲ့ကြပါသည်။ထို့နောက် ပုသိမ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အထက(၁၁)၊ အခြေခံ ပညာအထက်တန်းကျောင်းနှင့် အမှတ်(၂)၊ အခြေခံပညာအထက်တန်းကျောင်း စာကြည့်တိုက်အတွက် စာအုပ်များပေးအပ်လှူဒါန်းခြင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနက လူငယ်စကားဝိုင်း အစီအစဉ်တွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ ကြောင်း သတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 29
  • DEC

  • 29 December 2023
  • ဧရာဝတီ

ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး အနေဖြင့် ရခိုင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းနှင့်ပူးပေါင်း၍ တိုင်းဒေသကြီးအဆင့် (၄၉) ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်နေ့၊ နံနက် (၉:၀၀)နာရီအချိန်တွင် ပုသိမ်မြို့၊ ပစ္ဆိမာရုံကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန နှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ တိုင်းအဆင့် ဌာနဆိုင်ရာအကြီးအကဲ များ၊ ရခိုင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းဝင်များ၊ ဒေသခံရခိုင်တိုင်းရင်းသား၊ တိုင်းရင်းသူ များ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြပါသည်။အခမ်းအနားကို နမောတဿ (၃)ကြိမ် ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး ပုသိမ်မြို့၊ ပစ္ဆိမာရုံကျောင်းတိုက် ဦးစီးပဓာန နာယက အဂ္ဂမဟာပဏ္ဍိတ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် ဆရာတော်ဘုရားကြီးမှ ငါးပါးသီလနှင့် ဩဝါဒချီးမြှင့်ပေးခြင်း၊ ကြွရောက်တော်မူလာကြသည့် ဆရာတော်ကြီးများက ပရိတ် တရားတော်ချီးမြှင့်ပေးခြင်း၊ ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုနှင့် သင်္ကန်းဆက်ကပ် လှူဒါန်းခြင်း၊ အခမ်းအနား ကျင်းပရေးကော်မတီ နာယကကြီး ဦးအောင်ဘသိန်းက ရခိုင်ပြည်နယ်နေ့ အကြောင်းနှင့် ကျေးဇူးတင်စကား ပြောကြားခြင်း၊ မင်္ဂလာအောင်မြေကျောင်းတိုက် ဆရာတော်မှ ရေစက် ချတရားချီးမြှင့်ပေးခဲ့ပြီး အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဌတု (၃) ကြိမ် ရွတ်ဆိုပူဇော်၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ပါသည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့်ဇနီးက ပင့်သံဃာ ဆရာတော် များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ အခမ်းအနား တက်ရောက်သူများအား နေ့လည်စာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြောင်း သတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 29
  • DEC

  • 29 December 2023
  • ဧရာဝတီ

ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး အနေဖြင့် ရခိုင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းနှင့်ပူးပေါင်း၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ရခိုင်တိုင်းရင်းသားဘာသာစာပေကျောင်းသုံး ပုံနှိပ်စာအုပ်များ အခမဲ့ဖြန့်ဝေပေးအပ်ခြင်းအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်နေ့၊ နေ့လည် (၁:၀၀) အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းရင်းသားစာပေ နှင့်ယဉ်ကျေးမှုဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ ရခိုင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းဝင် များ၊ ရခိုင်တိုင်းရင်းသားဘာသာစာပေသင် TA/LT ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှ တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးကျော့ရီက အဖွင့် အမှာစကားပြောကြားခဲ့ပြီး ရခိုင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးတင်ထွန်းက ရခိုင်တိုင်းရင်းသားဘာသာစာပေကျောင်းသုံးပုံနှိပ်စာအုပ် အခမဲ့ဖြန့်ဝေပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ထို့နောက် တက်ရောက်လာကြသည့် TA/LT ဆရာ၊ ဆရာမများ၏ကိုယ်စား သက်ဆိုင်ရာ မြို့နယ်ရခိုင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းများက ရခိုင်တိုင်းရင်းသားဘာသာစာပေ ကျောင်းသုံးပုံနှိပ်စာအုပ်များအား လက်ခံရယူခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြ ကြောင်း သတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 27
  • DEC

  • 27 December 2023

နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်၍ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်သော  လူငယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြ သာစည်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီး ဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတို့ပူးပေါင်း၍ “လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ”ကို မန္တလေး မြို့၊ အမှတ် (၃၀) အခြေခံ ပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် အမှတ် (၃၀) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်မြင့်မြင့်ခိုင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့် အရေးများကာ ကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းညို၊ အားကစားနှင့်ကာယပညာဦးစီး ဌာန၊ မြို့နယ်ဦးစီးမှူး ဦးတင်မောင်ဝင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်း၊ တိုင်းရင်းသားစာပေ နှင့်ယဉ်ကျေးမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သက်ထားဆွေတို့က အသီးသီး ရှင်းလင်းဟောပြောခဲ့ကြပါသည်။ ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများအား တိုင်းရင်းသားလူမျိုးများ ၏ အခွင့်အရေး နှင့် ရပိုင်ခွင့်များကို ရိုက်နှိပ်ထားသည့် Pamphlet များဝေငှခဲ့ပြီးကျောင်းစာကြည့်တိုက်အတွက်တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့် ရှောက်သည့် ဥပဒေ၊ နည်းဥပဒေစာအုပ်များအားလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ တိုင်းရင်းသားပုံပြ၊ ပုံပြင်စာအုပ်များနှင့် လက်ကမ်းစာစောင်များအား ကျောင်းအုပ်ဆရာမကြီးထံသို့ ပေးအပ်လှူဒါန်းခဲ့ ကြောင်း သိရှိရပါသည်။ 

ဆက်လက်ဖတ်ရှုပါရန်
  • 27
  • DEC

  • 27 December 2023
  • မန္တလေးတိုင်းဒေသကြီး

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးက ဦးစီး၍ “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိ ပညာပေးဟောပြောခြင်း၊ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကိုဆန်းစစ်စီမံခြင်းအစီအစဉ်နှင့်ဗလငါးတန်ဖွံ့ဖြိုးစေရေးအသိပညာပေးဟောပြောခြင်း” အစီအစဉ်ကို (၁၅-၁၂-၂၀၂၃) ရက်နေ့တွင် မန္တလေးတက္ကသိုလ်၊ အင်းဝ (၉) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။  အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနွမ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သက်ထားဆွေက တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနအကြောင်း မိတ်ဆက်ခြင်း၊ တိုင်းရင်း သားအခွင့်အရေးများကာကွယ်စောင့်ရှောက် ရေးဦးစီးဌာနမှ  ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းညိုက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများအကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ လူငယ်ရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးက လူငယ်နှင့် အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက လူငယ်နှင့်စာပေ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးရှင်းလင်းဟောပြောခဲ့ကြပါသည်။ ထို့နောက်တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးမှဒုတိယညွှန်ကြားရေးမှူး ဒေါ်ငြိမ်းနုဝေ က ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်ကို စစ်တမ်းကောက်ယူခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် စစ်တမ်းကောက်ယူခဲ့ရာ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူ (၁၁၀) ဦးတို့က ဖြေဆိုခဲ့ကြကြောင်း သိရှိရပါသည်။ 

ဆက်လက်ဖတ်ရှုပါရန်
  • 21
  • DEC

  • 21 December 2023
  • မန္တလေး

နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်၍ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်သော လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို  (၂၁-၁၁-၂၀၂၃) ရက်နေ့တွင် အမှတ်(၂၆)၊ အခြေခံပညာအထက်ကျောင်း၊ တကောင်းသစ္စာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် အမှတ်(၂၆)၊ အခြေခံပညာအထက်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးမျိုးမျိုးလွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့် ရှောက်ရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သန်းသန်း ညို၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်မှူး ဦးတင်မောင်ဝင်း ၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သက်ထားဆွေတို့က အသီးသီးအသိပညာပေး ဟောပြောခဲ့ကြပါသည်။ ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မန္တလေး တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးမှ ကျောင်းစာကြည့်တိုက်အတွက် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့်နည်းဥပဒေစာအုပ်များအားလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ပုံပြ၊ ပုံပြင်စာအုပ်များနှင့် လက်ကမ်းစာစောင် များအားလည်းကောင်း ကျောင်းအုပ်ဆရာကြီးထံ ပေးအပ်လှူဒါန်းခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ အပါအဝင် စုစုပေါင်း (၂၅၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။ 

ဆက်လက်ဖတ်ရှုပါရန်
  • 11
  • DEC

  • 11 December 2023
  • ရန်ကုန်

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသ ကြီးညွှန်ကြားရေးမှူးရုံးကကြီးမှူးကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသား ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးချွန်စွမ်းရည် ပြပွဲ၊ ပြိုင်ပွဲ အခမ်းအနားကို (၆-၁၂-၂၀၂၃) ရက်နေ့၊ နံနက် (၇:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ကျီးပင်ဆိပ်ကျေးရွာ၊ မူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန  ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းကတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအကြောင်းမိတ်ဆက်ပြောကြားခဲ့ပြီးအခမ်းအနားကျင်းပရခြင်းရည်ရွယ်ချက်၊တိုင်းရင်းသားလူမျိုးများ၏အခွင့် အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများအကြောင်း၊ တိုင်းရင်းသားအချင်းချင်း အမုန်းစကားနှင့် အကြမ်းဖက်မှု ဖြစ်စေရန် လှုံ့ဆော်မှုကို တားဆီးရေးဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှဦးစီးအရာရှိဦးငါးရယ်ကတိုင်းရင်းသားပုံပြပုံပြင် စာအုပ်ထုတ်ဝေပေးမှုအခြေ အနေနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဉီးစီးဌာန၏ လုပ်ငန်းဆောင် ရွက်နေမှု အကြောင်းတို့ကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ကြပါသည်။ ဆက်လက်၍ ဗလငါးတန်နှင့် ပြည့်စုံသော ပြပွဲပြိုင်ပွဲများဖြစ်သည့် အာလူးကောက်ပြိုင်ပွဲ၊ ကြက်တောင်ရိုက်ပြိုင်ပွဲ၊ ဘောလုံးဖောက်ပြိုင်ပွဲ၊ ထုတ်ဆီးထိုးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ဆေးရောင်ချယ်ပြိုင်ပွဲ၊ စက္ကူဖြင့် စုပေါင်းအရုပ်ခေါက်ပြိုင်ပွဲစသည့်ပြိုင်ပွဲများကို ကျင်းပခဲ့ပြီး ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား  ဆုချီးမြှင့်ပေးအပ်ခြင်းနှင့် ကျီးပင်ဆိပ် ကျေးရွာ၊ မူလတန်းကျောင်းတွင် လိုအပ်သည့် Sound Box နှင့် အားကစားပစ္စည်းများပေးအပ်ခဲ့ပါသည်။ ထို့နောက် လက်ထောက်မြို့နယ်ပညာရေးမှူး ဒေါ်ခင်မိမိထွန်းက ကျေးဇူးတင်စကားပြောကြားခဲ့ပြီးနောက်  ကျောင်းသား၊ကျောင်းသူလေးများက ဝါးညှပ်အက၊ ဒုံးယိမ်းအကများဖြင့် ကပြဖျော်ဖြေခြင်း၊  စုပေါင်းအမှတ်တရဓါတ်ပုံများ ရိုက်ကူးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ 

ဆက်လက်ဖတ်ရှုပါရန်
  • 08
  • DEC

  • 08 December 2023
  • ချင်း

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ချင်းပြည်နယ် ညွှန်ကြားရေးမှူးရုံးက ဦးစီး၍ အခြေခံပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသား လူငယ်များဖြစ်စေရေး အသိပညာဟောပြောပွဲအခမ်းအနားကို (၃၀-၁၁-၂၀၂၃) ရက်နေ့တွင် ဟားခါးမြို့၊ အီးကေအိမ်ငင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။  အခမ်းအနားတွင် ချင်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်း ထန်က နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့် ရှောက်ရေးဦးစီးဌာန၊ ချင်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မောင် လွင်က အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်တို့ကို ရှင်းလင်းတင်ပြခဲ့ပါ သည်။ ဆက်လက်၍ ကျောင်းအလိုက်စာစီစာကုံးပြိုင်ပွဲတွင် ထူးချွန်ဆုရရှိသူများအား ဆုချီးမြှင့် ခဲ့ပြီး  အခမ်းအနားသို့ တက်ရောက်လာကြသူများအား ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန် သီချင်းဖြင့်လည်းကောင်း၊ ချင်းတိုင်းရင်းသားရိုးရာအကများဖြင့်လည်းကောင်း၊ အေရိုးဗစ်ကကွက် များဖြင့် လည်းကောင်း ဖျော်ဖြေခဲ့ကြကာ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။ ထိုနောက် အသိပညာပေးဟောပြောပွဲခြင်းကို  ဆက်လက်ကျင်းပရာ တိုင်းရင်းသားအခွင့် အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ချင်းပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးတင်မောင်လွင်က “လူငယ်နှင့်အခွင့်အရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊  ပြည်နယ် ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှညွန့်က “လူငယ်နှင့် အသက်မွေးဝမ်း ကျောင်းပညာရပ် ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဂိုဇာခုပ်က “လူငယ်နှင့် ကာယကြံ့ခိုင်မှုပြုလုပ်ခြင်းအကျိုး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီလာဝင်း က “လူငယ်နှင့် စာဖတ်ခြင်းအကျိုး” ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောခဲ့ကြ ပါသည်။ ဆက်လက်၍ ပြည်နယ် သတ္ထုတွင်းဦးစီးဌာန ဦးစီးမှူး ဦးသိန်းဝင်းက “ပုံသေ အတွေး အခေါ်များကို ဖြောင့်မတ်မှန်ကန်သော အတွေးအခေါ်ဖြစ်စေရေး” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဦးစီးမှူး ဒေါ်နီနီခိုင်က “ဆောင်းရာသီ၌ ဖြစ်တတ်သော ရောဂါငယ်လေးများအပေါ် မီးဖိုချောင်သုံး ဆေးပစ္စည်း၊ ဆေးပင်အသုံးဝင်ပုံ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဦးစံကုန်း က “သဘာဝဘေးနှင့်စပ်လျဉ်း၍ ဘေး(၄)မျိုး” ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ ပြည်နယ် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနက ဦးစီးမှူး ဦးဟုန်းကီး က “အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေဖြင်းခံရသည့် ကလေးသူငယ်များ အသိပညာပေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြည်နယ် စားသုံးသူရေးရာဦးစီး ဌာနမှ ဦးစီးမှူး ဦးလှမိုးနိုင်က “လူငယ်နှင့် စားသုံးမှုအကာအကွယ်” ခေါင်းစဉ်ဖြင့် လည်းကောင်း  ဟောပြောခဲ့ကြပါသည်။အဆိုပါ အခမ်းအနားသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၁၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။ 

ဆက်လက်ဖတ်ရှုပါရန်
  • 08
  • DEC

  • 08 December 2023
  • ဘားအံ

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဦးစီး၍ "တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်း နှင့်ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ် နှင့် ဗလငါးတန်ဖွံ့ဖြိုးစေရေး လူငယ်ရေးရာ အသိပညာပေးခြင်း အခမ်းအနား"ကို ၈-၁၂-၂၀၂၃ ရက် နေ့တွင်  ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့ကူးကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးကျော်စိုးက ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို စစ်တမ်းကောက်ယူရခြင်းအကြောင်းနှင့် ကျောင်းသား/ ကျောင်းသူများ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်ပေါ်စေရေး ပြောကြား ခဲ့ပါသည်။   ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစတင်အောင်မြင့်က ဗလငါးတန်ဖွံ့ဖြိုးစေရေး အားကစားနှင့်လူငယ်၊ အားကစားနှင့် ကိုယ်ကာယကြံ့ခိုင်ရေးကို လည်းကောင်း၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းက ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကိစ္စရပ်များ၊ ပတ်ဝန်း ကျင်နှင့်လူငယ်၊  ပလပ်စတစ်စွန့်ပစ်မှုဆိုင်ရာကိစ္စရပ်များကို တိုင်းရင်းသား ပြည်သူများအသိပညာ အသိအမြင်များ တိုးပွားလာစေရန်လည်ကောင်း၊ ဘားအံမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် (၂) ဦးဝင်းတင်က ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရေး  ပညာရေးနှင့် လူငယ်ခေါင်းစဉ်ဖြင့် လည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝေယံထက်က တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများ၊ ရှေ့လုပ်ငန်းစဉ်များ၊ မဟာဗျူဟာများကိုလည်း ကောင်း၊  တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြတ်သီရိအောင်က တိုင်းရင်းသားဘာသာသင်ဆရာ၊ ဆရာမများ ခန့်အပ်ထားရှိမှု အခြေအနေနှင့် ဦးစီးဌာန၏ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပါသည်။  ဆက်လက်၍ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများအား အသိပညာနှင့် ဗဟုသုတများတိုးပွားစေပြီး ဗလငါးတန်နှင့် ပြည့်စုံစေရန် ဒေသန္တရမေးခွန်းများကို ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်စိုးက မေးမြန်းခဲ့ပြီး ဖြေဆိုနိုင်သူများအား ဆုလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး တိုင်းရင်းသားဘာသာဖြင့်ထုတ်ဝေထားသော ပုံပြ/ပုံပြင် စာအုပ်များကို ကျောင်းအုပ် ဆရာမကြီးထံသို့ လည်းကောင်း၊  အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးစတင်အောင်မြင့်က ကျောင်းအတွက် လိုအပ်သော အားကစားပစ္စည်းများကို လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်စစ်တမ်းကို ကောက်ယူခဲ့ရာ တက်ရောက်လာကြသော ဒေသခံတိုင်းရင်းသား (၉၁) ဦးဖြေဆိုခဲ့ကြပါသည်။ အခမ်းအနားသို့ အ.ထ.က (မိဇံ) ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ပြည်နယ် စာပေနှင့် ယဉ်ကျေးမှုအသင်း/ အဖွဲ့များမှ အဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 05
  • DEC

  • 05 December 2023
  • ဧရာဝတီတိုင်းဒေသကြီး

ဧရာဝတီတိုင်းဒေသကြီး ချင်းအမျိုးသားစာပေနှင့်ယဉ်ကျေးမှုအသင်းက ကြီးမှူးကျင်းပသည့်တိုင်းဒေသကြီးအဆင့် အရှိုချင်းရိုးရာကောက်သစ်စားပွဲတော်နှင့် သက်ကြီး ဘိုးဘွားပူဇော်ကန်တော့ပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊  နိုဝင်ဘာလ (၂၈)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် အင်္ဂပူ မြို့နယ်၊ မြို့နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ချင်းအမျိုးသား စာပေနှင့်ယဉ်ကျေးမှုအသင်းဝင်များ၊ ဒေသခံ ချင်းတိုင်းရင်းသားများနှင့် ကရင်တိုင်းရင်းသားညီအစ်ကိုမောင်နှမများ တက်ရောက်အားပေးချီးမြှင့်ခဲ့ပါသည်။ အခမ်းအနားကို အရှိုချင်းတိုင်းရင်းသားသဘာပတိကြီးက မင်္ဂလာမောင်း(၃)ချက်တီး၍ ဖွင့်လှစ်ပေးခဲ့ပြီး သဘာပတိကြီးက မိန့်ခွန်းပြောကြားခဲ့ပါသည်။ ထို့နောက် ဧရာ ဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးကနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး ချင်းအမျိုးသားစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဆလိုင်းလှမြင့်က အရှိုချင်းရိုးရာ ကောက်သစ်စားပွဲတော် ကျင်းပရခြင်းရည်ရွယ်ချက်အား ရှင်းလင်းတင်ပြခြင်း၊ သက်ကြီးဘိုးဘွား များအား ကန်တော့ငွေများပေးအပ်ခြင်း၊ အတွင်းရေးမှူးက ကျေးဇူးတင်စကား ပြောကြားခြင်း၊ ချင်းတိုင်းရင်းသား/သူများက ချင်းရိုးရာဝါးညှပ်အက၊ ယိမ်းအကများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ တိုင်းရင်းသားရေးရာဝန်ကြီးတို့က ဂုဏ်ပြုချီးမြှင့် ငွေများပေးအပ်ခဲ့ပါသည်။အခမ်းအနားသို့တက်ရောက်ချီးမြှင့်ကြသည့်ဧည့်သည်တော်များအားချင်းရိုးရာကောက်သစ်စားပွဲတော် မိတ်ဆုံစားပွဲဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြောင်း သတင်း ရရှိပါသည်။  

ဆက်လက်ဖတ်ရှုပါရန်