ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

အခြားသတင်းများ

  • 21
  • MAR

  • 21 March 2023
  • နေပြည်တော်

 တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် “လူသုံးကုန်ပစ္စည်းများထုတ်လုပ်မှု နည်းပညာသင်တန်း” ဆင်းပွဲအခမ်းအနားကို မတ်လ ၂၁ ရက်နေ့ မွန်းလွဲပိုင်းတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်းများ၊ အမှုထမ်းများ၊ သင်တန်းကြီးကြပ်သူ၊ သင်တန်းနည်းပြဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ  တက်ရောက်ကြပါသည်။  ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ဤသင်တန်းကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနရှိ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့်နည်းပညာများကို သင်ယူတတ်မြောက်စေရန်၊  နည်းပညာများကို နားလည်တတ်မြောက်ပြီး ကိုယ်ပိုင် အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်းများကို ထူထောင်နိုင်ကာ မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိစေရန်နှင့် ဝန်ထမ်းမိသားစုများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးခဲ့ရာ ယနေ့တွင် သင်တန်းပြီးမြောက် အောင်မြင်သွားပြီဖြစ်ပါကြောင်း၊ သင်တန်းနည်းပြများက စေတနာအပြည့်အဝဖြင့် သင်ကြားပေးကြသလို သင်တန်းသား၊ သင်တန်းသူများကလည်း စိတ်ပါဝင်စားစွာ လေ့လာသင်ယူကြသည်ကို တွေ့ရှိရသဖြင့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့်နည်းပညာများကို အပြည့်အဝ သင်ယူတတ်မြောက်သွားကြပြီဟု ယုံကြည်ပါကြောင်း၊ ဆရာသမားဂုဏ်နှင့်အညီ သင်ကြားပေးကြပါသော သင်တန်းနည်းပြဆရာမများအား ကျေးဇူးတင်ရှိပါကြောင်းကို ပြောကြားလိုပါကြောင်း၊ ဤသင်တန်းမှ သင်ကြားပေးလိုက်သည့် အခြေခံနည်းပညာများကို လက်ကိုင်ထားပြီး မိမိဘာသာ ဆန်းသစ်တီထွင်ကာ ပစ္စည်းအရည်အသွေးကို အကောင်းဆုံးနှင့် နည်းစနစ်တကျထုပ်ပိုးပြီး ဈေးကွက်ထိုးဖောက်နိုင်မည်ဆိုပါက အရင်းအနှီး အနည်းဆုံးနှင့် အချိန်တိုတိုအတွင်း စီးပွားဖြစ်နိုင်မည့်  အလုပ်အကိုင်အခွင့်အလမ်းတစ်ရပ်ကို သင်တန်းသား၊ သင်တန်းသူများအား ပေးအပ်ပြီးဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေနှင့်လည်း ပြည်သူများ၏ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စီးပွားရေးဦးတည်ချက် (၄) ရပ်တွင် “သွင်းကုန် အစားထိုးရန်နှင့် ပို့ကုန်မြှင့်တင်နိုင်ရေး ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း(MSME) များကို ရေရှည်အာမခံချက် ရှိအောင် အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာထုတ်လုပ်နိုင်သည့် အလုပ်အကိုင် အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေး”ဟုလမ်းညွှန်ချမှတ်ထားသည်ကို  အားလုံးအသိပင် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် ဒေသထွက်ကုန်ကြမ်းပစ္စည်းများ ပေါများစုံလင်သဖြင့် ယင်း ကုန်ကြမ်းများကို ထိထိရောက်ရောက်အသုံးချပြီး အဆင့်မြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်မည် ဆိုလျှင် ပြည်ပသွင်းကုန်များနှင့် အစားထိုးနိုင်မည်ဖြစ်သလို ယခုထက်တစ်ဆင့်မြှင့်ပြီး နိုင်ငံတကာအရည်အသွေးမီ ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပသို့တင်ပို့နိုင်မည် ဖြစ်ပါကြောင်း၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအနေဖြင့် သင်တန်းမှ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးလိုက်သည့် လူသုံးကုန်ပစ္စည်းများ  ထုတ်လုပ်သည့်နည်းပညာများကို လက်တွေ့ အသုံးချပြီး ကိုယ်ပိုင် အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများကို နောင်တစ်ချိန်တွင် ဆက်လက်တည်ထောင်ပြီး မိသားစုဝင်ငွေ တိုးပွားရုံသာမက ဌာနနှင့် နိုင်ငံ့ဝင်ငွေတိုးပွားအောင်လည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုပါဝင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သင်တန်းသား၊ သင်တန်းသူများကို သင်တန်းဆင်း လက်မှတ်၊ သင်တန်းနည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ပါသည်။ ယင်းနောက် သင်တန်းတွင် ပထမဆုရရှိသည့် သင်တန်းသူအား အမြဲတမ်းအတွင်းဝန်က လည်ကောင်း၊ ဒုတိယဆုရရှိသည့် သင်တန်းသူအား တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ကလည်းကောင်း၊ တတိယဆုရရှိသည့် သင်တန်းသားအား တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က လည်းကောင်း အသီးသီး ဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားပါသည်။  ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများ၊ သင်တန်းကြီးကြပ်သူ၊ သင်တန်း နည်းပြဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြပြီး  သင်တန်းသား၊ သင်တန်းသူများမှ ထုတ်လုပ်ထားသည့် လူသုံးကုန် ပစ္စည်းများကို လှည့်လည်ကြည့်ရှုရာ ဆုရရှိကြသည့် သင်တန်းသား၊ သင်တန်းသူများက ထုတ်ကုန်ပစ္စည်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 20
  • MAR

  • 20 March 2023
  • ရန်ကုန်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ကြီးမှူး၍ “ရိုးရာဂျက်ခုတ်ရက်ကန်းသင်တန်းဖွင့်ပွဲ” အခမ်းအနားကို (၂၀-၃-၂၀၂၃) ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ၊ ကပွဲခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ဗိုလ်တထောင်ခရိုင်၊ အုပ်ချုပ်ရေးမှူး ဦးအောင်လွင်၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးပြေဟိန်းနိုင်၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)မှ ညွှန်ကြားရေးမှူး ဦးမျိုးဝင်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးစန်းလှိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးညွန့်ဝင်း၊ တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သူရိန်ဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးညွန့်ဝေ၊ ရန်ကုန်တိုင်းဒေသကြီးတိုင်းရင်း သားစာပေနှင့်ယဉ်ကျေးမှုအသင်းတို့မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ သင်တန်းဆရာနှင့်နည်းပြများ၊ သင်တန်းသားများ၊ ဒေသခံတိုင်းရင်းသားများ အပါအဝင် စုစုပေါင်း(၉၀)ဦး တက်ရောက်ခဲ့ကြပါသည်။ ပထမဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးမှ အဖွင့် အမှာစကားပြောကြားခဲ့ပြီး၊ ဗိုလ်တထောင်ခရိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်လွင်မှ အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးဒေါ်ဖြူဖြူဝင်းက ဝန်ကြီးဌာနအကြောင်းမိတ်ဆက်ခြင်း၊ တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရိုးရာဂျက်ခုတ်ရက်ကန်းသင်တန်း ဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်တို့ကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့်အဖွဲ့သည် ချင်းရိုးရာအိမ်၌ ပြသထားသည့် ရက်ကန်းစင်နှင့် လိုအပ်သည့်ပစ္စည်းတို့ကို ကြည့်ရှုပြီး သင်တန်းသားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ လိုအပ်သည်များကို မှာကြားခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 13
  • MAR

  • 13 March 2023
  • ရန်ကုန်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ကြီးမှူး၍ “အခြေခံစက်ချုပ်နှင့်မော်တာနင်းသင်တန်းဖွင့်ပွဲ” အခမ်းအနားကို (၁၃-၃-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ သဲဖြူအုပ်စု၊ ကျောင်းစုကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။        အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ဦးစောဂျက်ကော့ထူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ ဦးမြဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)၊ ဗိုလ်မှူးကြီးလွင်မင်းရှိန်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)၊ ဦးစိုးဝင်းမောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ ဦးအောင်ကျော်စိုး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူး၊ ဒေါ်သန်းသန်းဝင်းနှင့် လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ခင်စန်းမြင့်၊ တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်း၊ အိမ်တွင်းမှုသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန္ဒာမြင့်နှင့် သင်တန်းနည်းပြ ဆရာမ များ၊ အဖျောက်မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးဇော်မင်းထွေးနှင့်အဖွဲ့ဝင်များ၊ အဖျောက်မြို့နယ်ကရင် စာပေနှင့်ယဉ်ကျေးမှုအသင်းမှ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ကျောင်းစုကျေးရွာမှ ဒေသခံတိုင်းရင်း သားများအပါအဝင် စုစုပေါင်း(၅၀)ဦး တက်ရောက်ခဲ့ကြပါသည်။  ပထမဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးမှ အဖွင့် အမှာစကားပြောကြားခဲ့ပြီး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်သန်းသန်းဝင်း မှ ဝန်ကြီးဌာနဖွဲ့စည်းပုံနှင့် ဦးစီးဌာန၏လုပ်ငန်းတာဝန်များ၊  သင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည် ရွယ်ချက်တို့ကို ရှင်းလင်းပြောကြားခြင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက် ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်ဖြူဖြူဝင်းက ဝန်ကြီးဌာနအကြောင်း မိတ်ဆက်ခြင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ စက် ချုပ်သင်တန်းဖွင့်လှစ်ပေးရခြင်း၏ရည်ရွယ်ချက်တို့ကို ရှင်းလင်းပြောကြားခဲ့ကြပြီး ခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ ဦးမြဝင်းမှ သင်တန်းသားများအား အားပေးစကား ပြောကြားခဲ့ပါသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် စုပေါင်းအမှတ်တရဓါတ်ပုံ ရိုက်ကူးခြင်းတို့ကို ပြုလုပ်ခဲ့ပြီးနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာ ဝန်ကြီးနှင့်အဖွဲ့သည် စက်ချုပ်သင်တန်းသို့ တက်ရောက်သည့် သင်တန်းသားများ၏ သင်ကြား ပေးနေမှု အခြေအနေနှင့် စက်ချုပ်သင်တန်းအတွက် လိုအပ်သည့်ပစ္စည်းများ ခင်းကျင်းပြသမှုအား ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရှိရပါသည်။ 

ဆက်လက်ဖတ်ရှုပါရန်
  • 13
  • MAR

  • 13 March 2023
  • နေပြည်တော်

    မတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ တိုင်းရင်းသားအခွင့် အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် လူသုံးကုန်ပစ္စည်းများထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီးဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ ၊ အရာထမ်းများ၊ အမှုထမ်းများ၊ သင်တန်းကြီးကြပ်သူ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ  တက်ရောက်ခဲ့ ကြပါသည်။      ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ဤသင်တန်းကို မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့် နည်းပညာများကို သင်ယူတတ်မြောက်စေရန်၊ နည်းပညာများကို နားလည်တတ်မြောက်ပြီး ကိုယ်ပိုင်အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်းများကို ထူထောင်နိုင်ကာ မိသားစု စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှဝင်ငွေရရှိစေရန်နှင့် ဝန်ထမ်းမိသားစုများ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန်ရည်ရွယ်ပြီး ဖွင့်လှစ်ပို့ချရခြင်း ဖြစ်ပါကြောင်း၊ ယခုသင်တန်းတွင် နေ့စဉ်လူအများ မရှိမဖြစ်သုံးစွဲလျက်ရှိသော လူသုံးကုန်ပစ္စည်းများဖြစ်သည့် ဘက်စုံသုံးဆပ်ပြာရည်၊ အဝတ်လျှော်ဆပ်ပြာရည် ၊ ရေချိုးဆပ်ပြာရည် ၊ ပန်းကန်ဆေးဆပ်ပြာ ရည်၊ ဆပ်ပြာခဲအမျိုးမျိုး၊  သဘာဝခေါင်းလျှော်ရည်၊ ဆပ်ပြာကရင်မ် နှင့် Hand Gel တို့ကို ထုတ်လုပ်သည့် နည်းပညာများကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ သင်တန်းနည်းပြများက မေတ္တာ၊ စေတနာ၊ ဝါသနာကို အရင်းခံပြီး (၅)ရက်ကြာ သင်ကြားပို့ချပေးသွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်မှလည်း “သွင်းကုန်အစားထိုးရန်နှင့်ပို့ကုန်မြှင့်တင်နိုင်ရေးဒေသထွက်ကုန်ကြမ်းများကိုအခြေခံသည့်အသေးစား၊အငယ်စား၊ အလတ် စား စီးပွားရေးလုပ်ငန်း (MSME)များကို ရေရှည် အာမခံချက် ရှိအောင်အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာထုတ်လုပ်နိုင်သည့်  အလုပ်အကိုင် အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေး” ဟု စီးပွားရေးဦးတည်ချက် (၄) ရပ်တွင် လမ်းညွှန်ချမှတ်ထားပါကြောင်း၊ အဆိုပါလမ်းညွှန်ချက်နှင့်အညီ မိမိတို့ဝန်ကြီးဌာနသည် တိုင်းရင်းသား လူမျိုးများ၏ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် တိုင်းရင်းသားဒေသများတွင် လိုအပ်လျက်ရှိသော အသက်မွေးဝမ်းကျောင်းပညာ သင်တန်းများကို ဖွင့်လှစ်ပို့ချပေးလျက်ရှိပါကြောင်း၊ ၂၀၂၀-၂၀၂၁ နှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်များတွင် ဦးစီးဌာန၏ဘဏ္ဍာငွေဖြင့်  ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် အသက်မွေးဝမ်း ကျောင်း ပညာသင်တန်း (၃)ခုကို ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး သင်တန်းသား/ သူ  (၇၃) ဦးကို သင်ကြားပေးနိုင်ခဲ့ပါကြောင်း၊ ထို့အပြင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်များတွင်လည်း ကချင်ပြည်နယ်တွင် အသေးစားစက်မှုလက်မှုဦးစီးဌာနနှင့်ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်းပညာ သင်တန်း(၃)ခု၊ တနင်္သာရီတိုင်းဒေသကြီးတွင် တိုင်းဒေသကြီး ဘဏ္ဍာငွေဖြင့် (၁)ခု၊ ရန်ကုန် တိုင်းဒေသကြီးတွင် တိုင်းဒေသကြီး ဘဏ္ဍာငွေဖြင့် (၁၂)ခု၊ ရှမ်းပြည်နယ်တွင် ပြည်နယ်ဘဏ္ဍာငွေဖြင့် (၄)ခုတို့ကို ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းသား/ သူ စုစုပေါင်း (၄၄၅) ဦးကို အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားပို့ချပေးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ နောင်တွင်လည်း တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှမ်းပြည်နယ်တွင် “တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာ”ကို မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ(၂၀၂၁)အထောက်အပံ့ ဖြင့်တည်ဆောက်လျက်ရှိပါကြောင်း၊ထိုသင်တန်းစင်တာအဆောက်အဦကို၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ်တွင် တည်ဆောက်ပြီးစီးမည်ဖြစ်ပါကြောင်း၊ ထိုစင်တာပြီးစီးပါက မိမိတို့နိုင်ငံတွင်းသာမက နိုင်ငံတကာနှင့်ပူးပေါင်းပြီး  အသက်မွေးဝမ်းကြောင်း နည်းပညာသင်တန်းများ ဖွင့်လှစ်နိုင်ရေး ကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် “တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုများကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက် ခြင်းဖြင့် ပြည်ထောင်စုစိတ်ဓာတ်တိုးတက်ခိုင်မာစေပြီး တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်စေရန်” ဟူသော ဝန်ကြီးဌာန၏ မျှော်မှန်းချက် ပြည့်ဝအောင်မြင်နိုင်ရေးအတွက် အစဉ်တစိုက် ကြိုးပမ်းဆောင် ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ယခုဖွင့်လှစ်မည့် လူသုံးကုန် ပစ္စည်းများ ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် ပါဝင်တက်ရောက်ကြမည့် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအနေဖြင့် သင်တန်းမှသင်ကြားပို့ချပေးမည့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ် သည့်နည်းပညာများကို အပတ်တကုတ် ကြိုးစားသင်ယူပြီး တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေ ရရှိရေးအတွက် အသုံးချနိုင်ကြပါစေကြောင်းနှင့် (MSME) ကိုယ်ပိုင်အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်းများကိုထူထောင်နိုင်ပြီး တစ်ပိုင်တစ်နိုင်လုပ်ငန်းမှသည် နိုင်ငံ၏စီးပွားရေးလုပ်ငန်းတိုး တက်ရေးအတွက် အထောက်အကူပြုပြုသို့ တက်လှမ်းနိုင်အောင် ကြိုးစားကြပါရန် တိုက်တွန်း လိုပါကြောင်း ပြောကြားပါသည်။    ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နန်းလောဝ်ဟွမ်က သင်တန်းဖွင့်လှစ်မှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြ ပါသည်။  ၎င်းနောက် အခမ်းအနားတွင် သင်တန်းနည်းပြများနှင့် သင်တန်းတက်ရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူများက  တစ်ဦးချင်း မိတ်ဆက်စကားပြောကြားကြပါသည်။     ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီး၊ တာဝန်ရှိသူများ၊ သင်တန်းကြီးကြပ်သူ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများနှင့်အတူ  စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြပါသည်။    ယင်းနောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းတွင် အသုံးပြုမည့် အ‌ထောက်အကူပစ္စည်း များကို လိုက်လံကြည့်ရှုပြီး သင်တန်းနည်းပြများက ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။      ဤသင်တန်းကို (၁၃-၃-၂၀၂၃) ရက်နေ့မှ (၁၇-၃-၂၀၂၃) ရက်နေ့အထိ (၅) ရက်ကြာ စာတွေ့ လက်တွေ့ သင်ကြားပို့ချ‌ပေးမည်ဖြစ်ပြီး သင်တန်းသား/ သင်တန်းသူ စုစုပေါင်း (၂၀) ဦး တက်ရောက်သင်ကြားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 12
  • MAR

  • 12 March 2023
  • ညောင်တုန်း

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက် ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးမှ ဦးဆောင်၍ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံ ခြင်းအစီအစဉ်ကို (၁၂.၃.၂၀၂၃)ရက်နေ့တွင် ညောင်တုန်းမြို့၊ မြို့တော်ခန်းမ၌  ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့  ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးဦးစောလင်းခယ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်စာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသားများ စုစုပေါင်း(၂၀၁)ဦး တက်ရောက်ခဲ့ပါသည်။        အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်း ခယ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ညောင်တုန်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးက မိတ်ဆက်စကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြား‌ရေးမှူး နော်သဝါးက အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး များကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်း ဒေသကြီးတာဝန်ခံ၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းက ဝန်ကြီးဌာနပေါ်ပေါက်လာပုံနှင့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများကို လည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ဦးစီးအရာရှိ နမ့်စီးဖောင်က Teaching Assistant (TA) ၊ Language Teacher (LT) ခန့်ထားခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ညောင်တုန်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူးက သီးနှံအထွက်တိုးစေမည့်နည်းလမ်းများကိုလည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးက သားငါးမွေးမြူခြင်း၊ ကုသခြင်း နည်းလမ်းများကိုလည်းကောင်း အသိပညာပေး ဟောပြောခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ပြီး တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီးနောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်‌ရေးဦးစီးဌာနမှ တက်ရောက်လာသူများအား အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ပါသည်။      ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်စန်းက ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်မှုဆန်းစစ်ချက် စစ်တမ်းမေးခွန်းလွှာများအား ရှင်းလင်းပြောကြားပြီး စစ်တမ်းကောက်ယူခဲ့ရာ ဒေသခံ တိုင်းရင်းသား(၈၁)ဦး တို့မှ ဖြေဆိုခဲ့ကြပြီးနောက် အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 11
  • MAR

  • 11 March 2023
  • သာယာဝတီ

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဦးစီး၍ ဒုတိယအကြိမ် “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာပညာ ပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်း စစ်စီမံခြင်း” အစီအစဉ်ကို ၁၁-၃-၂၀၂၃ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊  သာယာဝတီမြို့၊  ကရင်စုရပ်ကွက်၊  ဇေယျာသိရီအကျဉ်းဦးစီးကျောင်းတိုက်ဝန်း၌ ကျင်းပပြု လုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး၊ ဦးစောလင်းအောင်၊  သာယာဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  မြို့နယ် အုပ်ချုပ်ရေးမှူး၊ သာယာဝတီခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းရင်းသား အခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊  တိုင်းရင်းစာပေနှင့် ယဉ်ကျေးမှုကော်မတီဝင်များနှင့် ဒေသခံတိုင်းရင်းသား(၉၀)ဦး၊ စုစုပေါင်း(၁၁၀)ဦး တက် ရောက်ခဲ့ပါသည်။ အခမ်းအနားကို နံနက်(၀၉:၀၀)နာရီအချိန်တွင် စတင်ကျင်းပခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောလင်းအောင်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး သာယာဝတီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းဟိုက နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆုသီရိအေးက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအကြောင်း မိတ်ဆက်စကား ပြောကြားခြင်း၊ သာယာဝတီခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သီသီထွန်းက လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် အမျိုးသမီးအခွင့်အရေး၊ ကလေး သူငယ်အခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး၊ သက်ကြီးရွယ်အို၊ ရှေးဦး ကလေးသူငယ်၊ လူငယ်ရေးရာမူဝါဒတို့နှင့်ပတ်သက်သည့် အခွင့်အရေးဆိုင်ရာအသိပညာ ပေးအစီအစဉ်တို့ကို အသိပညာပေးပြောကြားခြင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးစန်းယုဝင်းက တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ အကြောင်း အသိပညာပေးပြောကြားခြင်း၊ ဒုတိယဦးစီးမှူး ဒေါ်အေးမြတ်သူက နည်းဥပဒေ အကြောင်း အသိပေးပြောကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။ ထို့နောက် ဧည့်သည်တော်များကို အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ပါသည်။ ဆက်လက်၍  ဒေသခံတိုင်းရင်းသား (၈၀)ဦးတို့အား ရပ်ရွာအခြေပြုအသက်မွေးဝမ်း ကျောင်းပညာ လိုအပ်မှုဆန်းစစ်ချက် စစ်တမ်းမေးခွန်းလွှာများကို အုပ်စုခွဲ၍ ကောက်ယူပြီး တက်ရောက်လာသည့် တိုင်းရင်းသားများအား အမှတ်တရလက်ဆောင်များ ပေးအပ်ပြီးနောက် အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 07
  • MAR

  • 07 March 2023
  • နေပြည်တော်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ဌာနတွင်း အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကို မတ်လ (၇) ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်းများ၊ အမှုထမ်းများ၊ သင်တန်းမှူး၊ သင်တန်းနည်းပြ နှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် သင်တန်းတက်ရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူများက တစ်ဦးချင်း မိတ်ဆက်စကားပြောကြားကြပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနအစီအစဉ်ဖြင့် ဖွင့်လှစ်မည့် ဌာနတွင်းအခြေခံကွန်ပျူတာ သင်တန်း အမှတ်စဉ်(၁/၂၀၂၃) သင်တန်းဖွင့်ပွဲနေ့ ဖြစ်ပါကြောင်း၊ “တတ်သင့်တတ်အပ်သည့် အတတ်ပညာများကို တတ်မြောက်ခြင်းသည် မင်္ဂလာတစ်ပါး” ဟူသည့် ဆိုရိုးစကားနှင့်အညီ ယနေ့သည် မင်္ဂလာရှိသောနေ့တစ်နေ့ဟု ခေါ်ဆိုနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၁၂)ရပ်တွင်ပါဝင်သည့် လူမှုရေးဦးတည်ချက်၏ စတုတ္ထ အချက်ဖြစ်သော "ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရန် ဘက်စုံပညာရေးကဏ္ဍမြှင့်တင်ရေး" ဆိုသည့် ဦးတည်ချက်နှင့်အညီ မိမိတို့ဝန်ကြီးဌာနတွင်း၌ ဘက်စုံထူးချွန်ထက်မြက်သော လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်၊ ဝန်ထမ်းများ ရုံးလုပ်ငန်းအထောက်အကူပြု ကွန်ပျူတာကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်စေရန်နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန် ဤသင်တန်းကို ရည်ရွယ် ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ ယနေ့ကမ္ဘာပေါ်တွင် နည်းပညာဖွံ့ဖြိုးမှုသည် တစ်နေ့ထက် တစ်နေ့ ပြောင်းလဲတိုးတက်လာပြီး (Global Village) ကမ္ဘာကြီးက ရွာကြီးတစ်ရွာသဖွယ် ထိတွေ့ ဆက်ဆံမှုများ ပိုမိုလျင်မြန်လာနေသည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ ယနေ့ကာလတွင် ဝန်ကြီးဌာနအတွင်းဖြစ်စေ၊ အခြားမိတ်ဖက်ဝန်ကြီးဌာနနှင့်ဖြစ်စေ၊ နိုင်ငံတကာအစိုးရများနှင့် ဖြစ်စေ၊ NGO၊ INGO၊ CSO တို့နှင့်ဖြစ်စေ ချိတ်ဆက် ပူးပေါင်းဆောင်ရွက်ရာတွင် ပိုမို လွယ်ကူလျင်မြန်စေရန် ကွန်ပျူတာစွမ်းရည်သည် မရှိမဖြစ် လိုအပ်နေပြီး မိမိတို့ဌာနအနေဖြင့် တစ်ဆင့်ပြီးတစ်ဆင့် မြှင့်တင်ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်သောကြောင့် တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှဝန်ထမ်းများက အစပြုပြီး လူ့စွမ်းအားအရင်းအမြစ်ကောင်းများ ပေါ်ပေါက်စေရန်နှင့် သက်ဆိုင်ရာပညာရပ်များတွင်လည်း ယခင်ထက် ကျွမ်းကျင်တတ်မြောက် စေရန်အတွက် သင်တန်းများစဉ်ဆက်မပြတ် ဆက်တိုက်ဖွင့်လှစ်ပေးရမည်ဖြစ်ပါကြောင်း၊ သင်တန်းမှ သင်ကြားပေးမှုများအပေါ် အခြေခံပြီး အခြေခံပညာရပ်မှတဆင့် အဆင့်မြင့်ပညာရပ် များကို ဆက်လက်လေ့လာသင်ယူမှုများ၊ လေ့ကျင့်မှုများ ပြုလုပ်သွားကြမည်ဆိုပါက ရုံးလုပ်ငန်းတွင် ကွန်ပျူတာကျွမ်းကျင်သည့် အရာထမ်း၊ အမှုထမ်းများ ဖြစ်လာကြမည်ဟု ယုံကြည်ပါကြောင်း၊ ထို့ကြောင့် ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် ဝန်ထမ်းများဖြစ်ရန် ကွန်ပျူတာကို သင်တန်းဆင်းပြီးသည့် နောက်ပိုင်းတွင်လည်း လုပ်ငန်းခွင်တွင် ဆက်လက်လုပ်ကိုင်ရင်း လေ့လာသွားကြရန် တိုက်တွန်းလိုပါကြောင်း၊ ယခုသင်တန်းမှ ထူးချွန်သင်တန်းသား (၃)ဦးကို စိစစ်ရွေးထုတ်ပြီး ဂုဏ်ပြုဆုများ ချီးမြှင့်သွားမည်ဖြစ်ပါကြောင်း၊ ဤသင်တန်း အောင်မြင်ပြီး မြောက်အောင် အဖက်ဖက်မှ ကြိုးပမ်းဆောင်ရွက်ပေးကြသည့် သင်တန်းမှူး၊ သင်တန်းနည်းပြ နှင့်တကွ တာဝန်ရှိသူများအား ကျေးဇူးတင်ကြောင်းကို ပြောကြားလိုပါကြောင်း၊ ရာထူး၊ အဆင့်၊ တာဝန်မခွဲခြားဘဲ အချင်းချင်း အပြန်အလှန်သင်ယူခြင်း၊ အချင်းချင်းပူးပေါင်း ဆောင်ရွက်ခြင်း များ အစဉ်တစိုက် ဆောင်ရွက်ကြပြီး မိမိဘဝတိုးတက်ရေး၊ မိမိဌာန တိုးတက်ရေးမှသည် မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအထိ နိုင်ငံ့သားကောင်းများနှင့် နိုင်ငံ့ဝန်ထမ်းများပီပီ သယ်ပိုးဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ကွန်ပျူတာအကြောင်း သိကောင်း စရာသတင်း၊ Information Technology (IT)ခေတ်တွင် ကွန်ပျူတာသည် မရှိမဖြစ် အသုံးဝင် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ကွန်ပျူတာအခြေခံကောင်းမှ အဆင့်မြင့်တက်လှမ်း နိုင်မည်ဖြစ်ပါကြောင်း၊ ကွန်ပျူတာနှင့် ဆက်စပ်သော နည်းပညာများကို အကျိုးရှိစွာ အသုံးချ ရမည်ဖြစ်ပါကြောင်း၊ ကမ္ဘာပေါ်တွင် နည်းပညာတိုးတက်မှုကြောင့် နိုင်ငံများ၊ အဖွဲ့အစည်းများ၊ ကုမ္ပဏီများ ကြီးပွားတိုးတက်လာ သည်ကို မြင်တွေ့ရမည်ဖြစ်ပါကြောင်း၊ ကွန်ပျူတာသည် ကမ္ဘာကြီးကို ကြီးစိုးသော Artificial Intelligence (AI) ဖြစ်သဖြင့် အခြေခံကွန်ပျူတာ တတ်မြောက်ပြီးပါက ယင်း Artificial Intelligence (AI) ကို ဆက်လက်လေ့လာကြရန် တိုက်တွန်းလိုပါကြောင်း၊ ယနေ့ ခေတ်သည် Information Technology (IT) တိုးတက်လာ သည့်အတွက် Information Technology (IT) ကို မိမိနှင့် မိသားစု၊ ဝန်ကြီးဌာန၊ နိုင်ငံနှင့် ကမ္ဘာကြီးအတွက် အကောင်းဆုံးအသုံးချနိုင်သော ပညာများကိုသင်ယူနိုင်သည့် သင်တန်း တစ်ခု ဖြစ်ပါစေကြောင်း ပြောကြားပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်းများ၊ အမှုထမ်းများ၊ သင်တန်းမှူး၊ သင်တန်းနည်းပြ၊ သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် တိုင်းရင်းသားစာပေ နှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ဌာနတွင်း အခြေခံကွန်ပျူတာသင်တန်းလက်တွေ့ပို့ချနေမှုကို သွားရောက် ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ပါသည်။ ယနေ့ဖွင့်လှစ်သည့်သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၁၇) ဦး တက်ရောက် ကြပြီး သင်တန်းကာလမှာ (၃) ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 06
  • MAR

  • 06 March 2023
  • ရန်ကုန်

     ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ကြီးမှူးကျင်းပသော “တိုင်းရင်းသားအခွင့် အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း” နှင့်  “Bakery and Snack အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်း”  အခမ်းအနားကို (၆-၃-၂၀၂၃)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မှော်ဘီမြို့နယ်၊ စွယ်တော်ကုန်းကျေးရွာ၊ အ.မ.ကကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကရင် စာပေနှင့်ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားများ စုစုပေါင်း (၁၀၀)ဦး တက်ရောက်ခဲ့ကြပါသည်။      အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်ဖြူဖြူဝင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအကြောင်း မိတ်ဆက်ခြင်းနှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများ အကြောင်းကိုလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ရွှေမြတ်သူ က တိုင်းရင်းသား စာပေသင်ကြားသည့် Teaching Assistant (TA) နှင့် Language Teacher  (LT) ဆရာများ ခန့်ထားခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ  လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ခင်စန်းမြင့် က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကိစ္စရပ်များ၊ သက်ကြီးရွယ်အိုများ လူမှုရေး ပင်စင်ထောက်ပံ့ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊ မှော်ဘီခရိုင် ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဥမ္မာညွန့်က ကျောင်းအမည် စာရင်းရေးသွင်းရာတွင် တိုင်းရင်းသားလူမျိုးများ၏ အမည်ရှေ့တွင် ဝိသေသရှေ့ဆောင် စကားလုံးများဖြင့် ရေးသွင်းနိုင်ရေးကိစ္စရပ်များကိုလည်းကောင်း၊ ပန်းခင်းစီမံချက်အမှတ်(၂)နှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို လည်းကောင်း၊ သမဝါယမဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်သူစော က သမဝါယမအသင်း၏ ဥပဒေ၊ နည်းဥပဒေများ၊ အသင်းသားများ လိုက်နာရမည့်စည်းကမ်းများ၊ သမဝါယမဦးစီးဌာန၏ လုပ်ငန်းစဉ်များနှင့် လက်ရှိဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များကိုလည်းကောင်း၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးရဲဇော်ထွန်းက Bakery and Snack အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်၍ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုတ်ကူးခဲ့ပါသည်။      ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက “ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ် စီမံခြင်း” စစ်တမ်းမေးခွန်းလွှာများအား ရှင်းလင်းခြင်းနှင့် စစ်တမ်းကောက်ယူခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ တက်ရောက်လာကြသူ (၆၀)ဦး တို့က စစ်တမ်းဖြေဆိုခဲ့ကြပါသည်။ ယင်းနောက် အခမ်းအနားသို့ တက်ရောက်ကြသူများအား နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံ၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 25
  • FEB

  • 25 February 2023
  • ဧရာဝတီ

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီး ဌာန၊ ဧရာဝတီတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးမှ ဦးစီး၍ “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း” အခမ်းအနားကို (၂၅-၂-၂၀၂၃)ရက်နေ့နံနက်ပိုင်းတွင် ဝါးခယ်မမြို့၊ ရွှေခယ်သီရိ အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်း အနားသို့  ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်စာပေနှင့်ယဉ်ကျေးမှု ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသားများ စုစုပေါင်း(၂၀၇)ဦး တက်ရောက်ခဲ့ပါသည်။အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြောင်းမြခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက မိတ်ဆက်စကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြား‌ရေးမှူး နော်သဝါးက အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေးများအကြောင်းကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး တာဝန်ခံ၊ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်စန်းက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေများ၊ အမုန်းစကားနှင့်လူမျိုးပြုန်းတီးမှုတားဆီးရေး နိုင်ငံတကာသဘောတူစာချုပ်ပါ အကြောင်းအရာများကိုလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ဦးစီးအရာရှိ နန့်စီးဖောင်က TA/LT ခန့်ထားခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းက “ရပ်ရွာအခြေပြုအသက်မွေးဝမ်း ကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း” စစ်တမ်းကောက်ယူရခြင်း၏ ရည်ရွယ်ချက်နှင့် စစ်တမ်းမေးခွန်းလွှာများကို ရှင်းလင်းပြောကြားပြီး စစ်တမ်းကောက်ယူခဲ့ရာ ဒေသခံ တိုင်းရင်းသား(၁၀၀)ဦးတို့မှ ဖြေဆိုခဲ့ကြပါသည်။ ထို့နောက် တက်ရောက် လာသူများအား အမှတ်တရလက်ဆောင်များပေးအပ်၍ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 25
  • FEB

  • 25 February 2023
  • ချင်း

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ ချင်းပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဦးစီး၍ “တိုင်းရင်းသား အခွင့်အရေးဆိုင်ရာပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း” အခမ်းအနားကို (၂၅.၂.၂၀၂၃)ရက်နေ့နံနက်ပိုင်းတွင် ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ အီးကေကိမ်ငဲင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ချင်းပြည်နယ် အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံတိုင်းရင်းသားများ စုစုပေါင်း(၁၀၀)ဦး တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ချင်းပြည်နယ် အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့် အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ချင်းပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးတင်မောင်လွင်က တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ဆောင်ရွကလျက်ရှိသော လုပ်ငန်းများ၊ တိုင်းရင်းသား လူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊နည်းဥပဒေများ အကြောင်းကိုလည်းကောင်း၊ ချင်းပြည်နယ်၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ လက်ထောက်ညွှန်ကြား‌ရေးမှူး ဦးနေဝါထွန်းက လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်လျက် ရှိသော လုပ်ငန်းများကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများကိုယ်စား ဟားခါးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်မိညိုညိုရှိန်က ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ လက်ထောက်ညွှန်ကြားရေးမှူး ဦးထန်မွမ်းခိုင်က “ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း” စစ်တမ်းကောက်ယူရခြင်း၏ ရည်ရွယ်ချက်နှင့် စစ်တမ်းမေးခွန်းလွှာများကို ရှင်းလင်းပြောကြားပြီး စစ်တမ်းကောက်ယူခဲ့ရာ ဒေသခံ တိုင်းရင်းသား(၁၀၀)ဦးတို့မှ ဖြေဆိုခဲ့ကြပါသည်။ ထို့နောက် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ကူး၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 19
  • FEB

  • 19 February 2023
  • မွန်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန မွန်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှဦးစီး၍ “တိုင်းရင်းသားအခွင့်အရေး ဆိုင်ရာပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း” အခမ်းအနားကို (၁၉-၂-၂၀၂၃) ရက်နေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ သံဖြူဇရပ် မြို့နယ်၊ ဖောင်စိန်ရပ်ကွက်၊ မူလတန်းလွန်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦး၊ ပြည်နယ်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဖောင်စိန်ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဒေသခံ တိုင်းရင်းသား များ စုစုပေါင်း (၈၀) ဦး တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦး က နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေး ဦးစီးဌာန၊ မွန်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးမောင်မောင်ဦး က တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန မိတ်ဆက်နှင့် လုပ်ငန်းဆောင်ရွက်မှုများ အကြောင်းကိုလည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်ဌေးမို့မို့ က တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများတွင် ပြဋ္ဌာန်းထားရှိသည့် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာကိစ္စရပ်များကို လည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သံယောဇဉ်မိုး က တိုင်းရင်းသားစာပေသင်ကြားသည့် Teaching Assistant (TA) နှင့် Language Teacher (LT) ခန့်ထားခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးသန်းအေး က နိုင်ငံသားအခွင့်အရေးနှင့် ကျောင်းအမည်စာရင်းရေးသွင်းရာတွင် တိုင်းရင်းသားလူမျိုးများ၏ အမည်ရှေ့တွင် ဝိသေသရှေ့ဆောင် စကားလုံးများဖြင့် ရေးသွင်းနိုင်ရေး ကိစ္စရပ်များကိုလည်းကောင်း၊ မွန်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမာ က အမျိုးသမီး အခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး ၊ ကလေးသူငယ်အခွင့်အရေး၊ လူငယ်ရေးရာမူဝါဒ၊ လူမှုရေး ပင်စင်ဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းအိမှ ရပ်ရွာအခြေပြု အသက်မွေး ဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း စစ်တမ်းကောက်ယူရခြင်း၏ ရည်ရွယ်ချက်နှင့် မေးခွန်းလွှာများ အကြောင်းကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် စစ်တမ်းကောက်ယူခဲ့ရာ တက်ရောက်လာကြသော ဒေသခံတိုင်းရင်းသား(၇၀)ဦးတို့မှ ဖြေဆိုခဲ့ကြပါသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်ကြသူများအား အစားအသောက်များဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး နေ့လယ်ပိုင်းတွင် အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 17
  • FEB

  • 17 February 2023
  • နေပြည်တော်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တတိယအကြိမ် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန၊ ရုံးအမှတ် (၁၄) ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် အရာထမ်း၊ အမှုထမ်းများ  စုံညီစွာတက်ရောက်ကြပြီး ပျော်ရွှင်စွာပါဝင် ဆင်နွှဲကြပါသည်။ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသည် လူမျိုးပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံ၊ ဘာသာပေါင်းစုံရှိသည့် နိုင်ငံတစ်ခုဖြစ်သည်ကို အားလုံးသိရှိ ပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာဝင် အများစုနေထိုင်ကြသည့်တိုင်းပြည် ဖြစ်သောကြောင့် ကျင်းပပြုလုပ်သောပွဲတော်များသည် ဗုဒ္ဓဘာသာယဉ်ကျေးမှုမှတဆင့် မြစ်ဖျားခံပြီး ဖြစ်ပေါ်လာခြင်းဖြစ်ပါကြောင်း၊ နှင်းရည်စိုရွှဲ တပို့တွဲလသည် မြန်မာလ တစ်ဆယ့်နှစ်လတွင် တစ်ဆယ်တစ်လမြောက်ဖြစ်သော ကုံရာသီကာလဖြစ်ပါကြောင်း၊ ထန်းပင်မှ ထန်းပို့များ တွဲကျနေသောလဖြစ်၍ “ထန်းပို့တွဲ” မှ “တပို့တွဲ” ဟု ရွေ့လျားလာခြင်း ဖြစ်ပါကြောင်း၊ တပို့တွဲလနှင့်အတူ ယှဉ်တွဲကျင်းပသည့်ပွဲတော်သည် ထမနဲထိုးပွဲဖြစ်ပါကြောင်း၊ ထမနဲသည် ကောက်ညှင်း၊ အုန်းသီး၊ နှမ်းဆီ၊ နှမ်း၊ မြေပဲ၊ ချင်း(ဂျင်း)တို့ကို စီမံပြုလုပ်ရပြီး စုပေါင်း၍ ပူးပေါင်းဆောင်ရွက်မှုကြောင့်ရရှိလာသော မြန်မာအစားအစာ တစ်မျိုးဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဦးစီးဌာနအလိုက် ပြိုင်ပွဲဝင်ကြမည့်သူများအနေဖြင့် ထမနဲတွင် ပါဝင်မည့်ပစ္စည်းများ၏ အချိုးအစားကိုက်ညီမှု ၊ ချိန်သားကိုက် လှုပ်ရှားဆောင်ရွက်တတ်မှု၊ စည်းစည်းလုံးလုံးဆောင်ရွက်တတ်မှု၊ အဖွဲ့အစည်းစိတ်ဓာတ်ရှိမှု၊ စည်းကမ်းတကျရှိမှုတို့ကို ပြသသွားကြရန် အထူးတိုက်တွန်းပြောကြားလိုပါကြောင်း၊ ထမနဲထိုးပြိုင်ပွဲမှတဆင့် မိမိတို့၏ ဦးစီးဌာနကို ချစ်မြတ်နိုးသည့်စိတ်ဓာတ်၊ မိမိတို့၏ဝန်ကြီးဌာနကို ချစ်မြတ်နိုးဂုဏ်ယူသည့် စိတ်ဓာတ်၊ မိမိလူမျိုး၊ မိမိတိုင်းပြည်ကို ချစ်မြတ်နိုးသည့် စိတ်ဓာတ်များ တိုးတက်ဖြစ်ပေါ် လာအောင်မွေးမြူကြရန် တိုက်တွန်းလိုပါကြောင်း၊ ရှေးမြန်မာမင်းများလက်ထက်က ကိုယ့်ထီး ကိုယ့်နန်း၊ ကိုယ့်ကြငှန်းနှင့် တင့်တယ်ဝင့်ကြွားစွာ နေထိုင်ခဲ့ကြသည့်နှင့်အညီ မြန်မာ့ရိုးရာ ပွဲတော်များနှင့် ဓလေ့ထုံးတမ်းများကို အစဉ်အလာမပျက် ဆက်လက်ထိန်းသိမ်းရမည် ဖြစ်ပါကြောင်း၊ ယဉ်ကျေးမှုဆိုသည်မှာလည်း လက်ခံလိုက်နာကျင့်သုံးသောသူများ မရှိတော့လျှင် ရေများ၏သဘောသဘာဝအတိုင်း မြင့်ရာမှ နိမ့်ရာသို့ စီးဆင်းသကဲ့သို့ မိမိယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်း စောင့်ရှောက်မည့်သူမရှိခဲ့လျှင် ထိန်းသိမ်းစောင့်ရှောက်မည့်နိုင်ငံ၊ တိုင်းပြည်များသို့ ကူးပြောင်း စီးဆင်းသွားမည်ဖြစ်ပါကြောင်း၊ ဂလိုဘယ်လိုက်ဇေးရှင်း  (Globalization) ကမ္ဘာလုံးဆိုင်ရာ ကူးလူးဆက်နွယ်မှုအရ ယဉ်ကျေးမှုများ ရောယှက်လာ သည်ကို သတင်းအချက်အလက် မီဒီယာများတွင် တွေ့ရှိလေ့လာနိုင်မည်ဖြစ်သည့်အပြင် မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုပွဲတော်များ၊ မြန်မာမှု၊ မြန်မာ့ဟန်များ မပျောက်ပျက်အောင် မျိုးဆက်သစ်လူငယ်များအနေဖြင့် ဆက်လက်ထိန်းသိမ်းသွားရန် အထူးလိုအပ်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၁၂)ရပ်တွင်  လူမှုရေးဦးတည်ချက် (၄)ရပ်၏ ဒုတိယအချက်ဖြစ်သည့် “တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားရေးစိတ်ဓာတ်ကို အခြေခံသည့် ကိုးကွယ်ယုံကြည်မှု၊ ယဉ်ကျေးမှု၊ အမျိုးသားရေးစရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး” ဆိုသည့် ဦးတည်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းအားဖြင့် ကမ္ဘာတည်နေသရွေ့ မြန်မာ့ ဓလေ့ထုံးစံများ ပျောက်ပျက်မသွားစေဘဲ အရှည်တည်တံ့၍ နောင်လာနောက်သားများ ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများနှင့် ဓလေ့ထုံးတမ်းများကိုချစ်မြတ်နိုး၍ အစဉ်တန်ဖိုးထား ထိန်းသိမ်းပြီး မိမိတို့ဌာန ကိုယ်စားပြုယှဉ်ပြိုင်မည့် အသင်းများအနေဖြင့် တရားသောယှဉ်ပြိုင် ခြင်းဖြင့် အားကြိုးမာန်တက် ယှဉ်ပြိုင်သွားကြရန် တိုက်တွန်းမှာကြားလိုပါကြောင်းပြောကြား ပါသည်။ထို့နောက် ပြည်ထောင်စုဝန်ကြီးက မင်္ဂလာမောင်းတီးခတ်ပြီး ထမနဲထိုးပြိုင်ပွဲ စတင်ကြောင်း ကြေညာပါသည်။ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ထမနဲထိုး ယှဉ်ပြိုင်မည့်အဖွဲ့များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ထမနဲထိုးယှဉ်ပြိုင်နေမှုများကို လိုက်လံ ကြည့်ရှုအားပေးပါသည်။ထမနဲထိုးပြိုင်ပွဲကို ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ စုစုပေါင်း အသင်း (၃) သင်း ပါဝင်ယှဉ်ပြိုင်ကြရာ တတိယဆုရရှိသော ပြည်ထောင်စုဝန်ကြီးရုံး အသင်းအား အမြဲတမ်းအတွင်းဝန် ဒေါက်တာအယ်လ်တူးမိန်းဂေါင်ကလည်းကောင်း၊ ဒုတိယဆု ရရှိသော တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန အသင်းအား ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က လည်းကောင်း၊ ပထမဆုရရှိသော တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနအသင်းအား ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က လည်းကောင်း အသီးသီးဆုများပေးအပ်ချီးမြှင့်ကြပြီး ဝန်ကြီးဌာနမှ ဝန်ထမ်းများက တေးသီချင်းဖြင့် ဖျော်ဖြေကြကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ထို့နောက် ပြိုင်ပွဲဝင်အသင်းများ၏ ဆုရရှိသော ထမနဲများဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ ပြိုင်ပွဲဝင်အဖွဲ့များသည် စည်းလုံးညီညွှတ်မှု အားကောင်းကောင်းဖြင့် တက်ကြွစွာပါဝင်ယှဉ်ပြိုင် ကြကာ ဝန်ထမ်းများကလည်း မြိုင်မြိုင်ဆိုင်ဆိုင် အားပေးခဲ့ကြကြောင်းသိရှိရသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 10
  • FEB

  • 10 February 2023
  • ကရင်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန ကရင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှဦးစီး၍ တိုင်းရင်းသားအခွင့်အရေး ဆိုင်ရာပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း” အခမ်းအနားကို (၁၀-၂-၂၀၂၃) ရက်နေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ နောင်ထလုံကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဘားအံမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးဝင်းတင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စာပေနှင့် ယဉ်ကျေးမှုအသင်း/အဖွဲ့များမှ တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားများ စုစုပေါင်း (၁၂၃)ဦး တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များ၊ တိုင်းရင်းသား  အခွင့်အရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ ရှေ့လုပ်ငန်းစဉ်နှင့် မဟာဗျူဟာရေးဆွဲမှု အခြေအနေများကို လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးဝါက လူမှုဝန်ထမ်း ဦးစီးဌာနမှ ဆောင်ရွက်လျက်သည့် လုပ်ငန်းများအကြောင်းကို လည်းကောင်း၊ တိုင်းရင်းသားစာပေ နှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်မြတ်သီရိအောင် က တိုင်းရင်းသားစာပေသင်ကြားသည့် Teaching Assistant (TA) နှင့် Language Teacher (LT) ခန့်ထားခြင်းဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းရင်းသားရိုးရာပွဲတော်များ ကျင်းပနိုင်ရေးနှင့် ကရင်စာပေ၊ ပအိုးဝ်စာပေနှင့် မွန်စာပေယဉ်ကျေးမှုသင်တန်းများ ဖွင့်လှစ်နိုင်ရေး ပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့ကူညီမှုများ အကြောင်းကိုလည်းကောင်း၊ တိုင်းရင်းသားဘာသာဖြင့် ထုတ်ဝေလျက်ရှိ သည့် Grade 1, 2, 3 သင်ရိုးစာအုပ်များ၊ တိုင်းရင်းသားဘာသာသင် ပုံပြ/ပုံပြင်စာအုပ်များ ထုတ်ဝေ ဖြန့်ဖြူးလျက်ရှိသော ပုံပြ/ပုံပြင်စာအုပ်များအကြောင်းကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေး များကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်ကျော်လွင်က အမုန်းစကားနှင့်အကြမ်းဖက်လှုံ့ဆော်မှုကိုတားဆီးခြင်း ဆိုင်ရာ အသိပညာပေးကိစ္စရပ်များ၊ လူမျိုးပြုန်းတီးမှုတားဆီးရေးနှင့်  ပြစ်ဒဏ်ပေးရေး နိုင်ငံတကာ သဘောတူစာချုပ်များ အကြောင်းကိုလည်းကောင်း၊ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း စစ်တမ်းကောက်ယူရခြင်း၏ ရည်ရွယ်ချက်နှင့် မေးခွန်းလွှာများ အကြောင်းကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ “ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ် စီမံခြင်း" စစ်တမ်းကို ကောက်ယူခဲ့ရာ တက်ရောက်လာသူ(၁၀၀)ဦးတို့မှ ဖြေဆိုခဲ့ပြီး စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူး၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 06
  • FEB

  • 06 February 2023
  • တောင်ကြီး

     (၇၆) နှစ်မြောက် ရှမ်းပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အင်္ဂလိပ်၊ ဂျပန်၊ ကိုးရီးယား၊ တရုတ် ဘာသာစကားသင်တန်းဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ (၆) ရက်နေ့ နေ့လယ်ပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ထမ်းများ၊ သင်တန်းဆရာများနှင့် သင်တန်းသား/သူများ တက်ရောက်ကြပါသည်။   ပထမဦးစွာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး       Jeng Phang နော်တောင်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၁၂) ရပ်ချမှတ်ပြီး နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးများသာမက တန်ဖိုးမြှင့်လူ့စွမ်းအားအရင်းအမြစ်ပေါ်ထွန်းလာရန်အတွက် ပညာရေးကဏ္ဍမြှင့်တင်ရေးကိုပါ အလေးထားဆောင်ရွက်လျက်ရှိရာ မိမိတို့ဝန်ကြီးဌာန အနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် တိုင်းရင်းသားလူမျိုးများ၏လူ့စွမ်းအား အရင်းအမြစ်တိုးတက်ရေးနှင့် လူမှုစီးပွားဘဝတိုးတက်မြင့်မားစေရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးထောက်ပံ့မှုရန်ပုံငွေဖြင့် သင်တန်းများ ဖွင့်လှစ် ပေးလျက်ရှိပါကြောင်း၊ ကချင်ပြည်နယ်တွင် အခြေခံစက်ချုပ်သင်တန်း၊ မန္တလေးတိုင်း ဒေသကြီးတွင် ကျောက်မျက်သင်တန်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် တိုင်းရင်းသား ရိုးရာအစားအစာချက်ပြုတ်သင်တန်း၊ ရခိုင်ပြည်နယ်တွင် အိမ်တွင်းမှုသင်တန်း၊ အခြေခံနှင့် အဆင့်မြင့်စက်ချုပ်သင်တန်း၊ ရှမ်းပြည်နယ်တွင် ဝါးလက်မှုအခြေခံသင်တန်းနှင့် အခြေခံ စက်ချုပ်သင်တန်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ရေခဲမုန့်သင်တန်း၊ အဖျော်ယမကာ သင်တန်းနှင့် ကွန်ပျူတာသင်တန်းများကို တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ပူးပေါင်းဖွင့်လှစ်ပေးနိုင်ခဲ့ပါကြောင်းမြန်မာနိုင်ငံ၏ ရုံးသုံးဘာသာစကားသည် မြန်မာစာဖြစ်သည့်အတွက် ပြောဆိုသုံးနှုန်း ရေးသားရာတွင် သဒ္ဒါအထားအသိုမှန်ကန်စွာနှင့် ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ရန် လိုအပ်သလို အခြားကမ္ဘာ့သုံးဘာသာစကားများဖြစ်သည့် အင်္ဂလိပ်၊ ဂျပန်၊ ကိုးရီးယား၊ တရုတ်စသည့် ဘာသာစကားများကိုပါ တတ်ကျွမ်းနားလည်ပါက အလုပ်အကိုင် အခွင့်အလမ်းများပိုမိုရရှိစေမည်ဖြစ်ပြီး နိုင်ငံတကာပေါင်းသင်းဆက်ဆံရေးနှင့် ကမ္ဘာ့လူမှု နယ်ပယ်တွင် အထောက်အကူဖြစ်စေမည်ဖြစ်ပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ယခုဖွင့်လှစ်မည့်သင်တန်းမှာ သင်တန်းသား/သူများအနေဖြင့် သင်တန်း၏ စည်းမျဉ်း၊ စည်းကမ်းများကိုလိုက်နာပြီး သင်တန်းမှပို့ချသည့် သင်ခန်းစာများကို အပတ်တကုတ် သေချာကြိုးစားလေ့လာသင်ယူကြရန်နှင့် စဉ်ဆက်မပြတ်သင်ယူမှသာ မိမိတို့၏ စွမ်းဆောင်ရည်မြင့်မားမည်ဖြစ်သည့်အတွက် စဉ်ဆက်မပြတ်လေ့လာ သင်ယူကြရန် မှာကြားလိုပါကြောင်း၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေအထောက်အပံ့ဖြင့် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာကို တည်ဆောက်လျက်ရှိရာ မကြာမီ ဆောက်လုပ်ပြီးစီးတော့မည်ဖြစ်၍ ရှမ်းပြည်နယ်အတွင်းသာမက အနီးပတ်ဝန်းကျင် ဒေသများတွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးများအားလုံး အသက် မွေးဝမ်းကျောင်းသင်တန်းများ တက်ရောက်နိုင်မည်ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်တော့မည်ကို သတင်းကောင်းပါးလိုပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။     ဆက်လက်ပြီး ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက အမှာစကားပြောကြား ရာတွင် မိမိတို့ ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံတွင် အကြီးဆုံးပြည်နယ်ဖြစ်သည်နှင့်အညီ တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်သည့် ပြည်နယ်လည်းဖြစ်ပါကြောင်း၊ တိုင်းရင်းသားများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များနှင့်စပ်လျဉ်းပြီး ဖွံ့ဖြိုးရေး လုပ်ငန်းများကို တတ်နိုင်သမျှ ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ လိုအပ်သည့် ရန်ပုံငွေများကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ထောက်ပံ့ဆောင်ရွက်ပေးလျက်ရှိ ပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားရေးရာကိစ္စရပ်များဆောင်ရွက်နိုင်ရန်အတွက် ရန်ပုံငွေ ကျပ်သန်း (၂၇၀) ထောက်ပံ့ပေးခဲ့သည့်အပြင် တိုင်းရင်းသားဒေသများဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း အခြေခံလိုအပ်ချက်များဖြစ်သည့် လမ်းပန်းဆက်သွယ်ရေး၊ ရေနှင့်လျှပ်စစ်မီး ရရှိရေးများကို အခါအားလျော်စွာ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။     ၎င်းနောက် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေးတို့က သင်တန်းသား/သင်တန်းသူများအား သင်ရိုး ညွှန်းတမ်းစာအုပ်များ၊ သင်ထောက်ကူပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် ထောက်ပံ့ ငွေများကို ပေးအပ်ခဲ့ပါသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းနည်းပြဆရာများ၊ သင်တန်းသား/သူများနှင့်အတူ စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က သင်တန်းနည်းပြဆရာများ၊ သင်တန်းသား/သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် ခဲ့ပါသည်။   ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများနှင့် တွေ့ဆုံ ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက လမ်းညွှန်အမှာစကားပြောကြားရာတွင် ဝန်ထမ်းများသည် ဝန်ထမ်းသစ္စာအဓိဋ္ဌာန(၆)ချက်ကို လိုက်နာရမည်ဖြစ်ပါကြောင်း၊ ပါတီနိုင်ငံရေးကင်းရှင်းပြီး ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာကြရမည်ဖြစ်ပါကြောင်း၊ လောကဓံတရား (၈)ပါး၊ ဗြဟ္မစိုရ်တရား(၄)ပါးနှင့် သီလ(၅)ပါးတို့နှင့်အညီ ပြုမူနေထိုင်ကြရန်လိုပါကြောင်း၊ အသုံးစရိတ်သုံးစွဲရာတွင် ဘဏ္ဍာရေး စည်းမျဉ်းနှင့်အညီ သုံးစွဲပြီး စာရင်းစစ်ဆေးခံနိုင်ရန် အတွက်လည်း ပြင်ဆင်ထားကြရမည် ဖြစ်ပါကြောင်း၊ စည်းစည်းလုံးလုံးဖြင့် လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ကြရန် မှာကြား လိုပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။ ၎င်းနောက် ဝန်ထမ်းများက အထွေထွေဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး ဝန်ထမ်းများအား ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဝန်ထမ်းများ၏ ရုံးလုပ်ငန်း ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြား ခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 03
  • FEB

  • 03 February 2023
  • နေပြည်တော်

တိုင်းရင်းသားလူမျိုများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ယနေ့ မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် လုပ်ငန်းတွေ့ဆုံ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍  အမှာစကားပြောကြားပါသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနရှိ ဝန်ထမ်းများသည် အခြားဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် အရည်အသွေးမီ ရင်ဘောင်တန်းနိုင်ရန် လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနအတွင်း လှည့်လည်စစ်ဆေးရာတွင် စနစ်တကျရှိသည်ကို တွေ့ရှိရပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဝတ်စားဆင်ယင်မှု သပ်ရပ်ရမည်ဖြစ်ပြီး  ပြောဆိုဆက်ဆံရာတွင် ပြေပြစ်ရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်တာများကို ဌာနစည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ငန်းကိုစည်းလုံးညီညွတ်စွာဖြင့် တာဝန်ကျေပွန်စွာ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများသည် အရာထမ်း၊ အမှုထမ်းများအလိုက် မိမိတို့၏တာဝန်နှင့် ဝတ္တရားများကို ပိုမိုသိရှိလိုက်နာပြီး စေတနာထားဆောင်ရွက်ရမည် ဖြစ်ပါ‌ကြောင်း၊ သင်တန်းများတက်ရောက်ပြီး အရည်အသွေး မြှင့်တင်ထားရှိရန် မှာကြားလိုပါကြောင်း၊ သို့မှသာ လုပ်ငန်းများဆောင်ရွက်ရာတွင် ဦးစီးတာဝန်နှင့်အညီ မှန်ကန်မြန်ဆန်ပြီး အမှားအယွင်းနည်းစွာဖြင့် အချိန်နှင့်တစ်ပြေးညီ ပြီးစီးအောင်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများ လုပ်ဆောင်ရာတွင် မိသားစုစိတ်ဓါတ်ကို အခြေခံ၍ ဥပဒေဘောင်အတွင်းမှ လုပ်ကိုင်ဆောင်ရွက်ကြရန်နှင့်  မေတ္တာတရား၊ ကိုယ်ချင်းစာတရား စိတ်ဓါတ်တို့ဖြင့် လက်အောက်ငယ်သားများကို နာယကဂုဏ်များနှင့်အညီ ကြီးကြပ်စီမံကွပ်ကဲရန် မှာကြားလိုပါကြောင်းနှင့် နိဂုံးချုပ်တွင် လက်ရှိဆောင်ရွက်ဆဲလုပ်ငန်းများကို ဘဏ္ဍာရေးနှစ်အမီ ဆောင်ရွက်နိုင်ရေးအတွက် တွန်းအားပေး ကြီးကြပ်ဆောင်ရွက်ရန် လိုအပ်ပါကြာင်း လမ်းညွှန်ပြောကြားပါသည်။ယင်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ဝန်ထမ်းများသည် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုနှင့်အညီ နိုင်ငံဝန်ထမ်းဥပဒေ၊ နည်းဥပဒေပြဋ္ဌာန်းချက်များအတိုင်း  လိုက်နာ ဆောင်ရွက်သွားရန် ပြောကြားပါသည်။ ဆက်လက်၍ အမြဲတမ်းအတွင်းဝန်၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ဝန်ကြီးဌာနတွင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းဆောင်ရွက်ချက်များကို  တင်ပြခဲ့ကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်နှင့် မူဝါဒများကို ရှေ့ရှုပြီး တိုင်းရင်းသားလူမျိုးများအတွက် ဝိုင်းဝန်းပြီး ကြိုးစားဆောင်ရွက်သွားကြမည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စု ဝန်ကြီးရုံးနှင့် ဦးစီးဌာနများရှိဌာနခွဲတာဝန်ခံများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်