ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

အခြားသတင်းများ

  • 15
  • AUG

  • 15 August 2024
  • ကရင်ပြည်နယ်၊ ဘားအံ

ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များဖြစ်စေရန် ရည်ရွယ်၍ အသိပညာပေးစာပေ ဟောပြောပွဲကို တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ကရင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ  ဦးဆောင်၍ ဩဂုတ်လ (၉) ရက်နေ့က ကရင်ပြည်နယ်၊ ဘားအံမြို့နယ် အ.ထ.က(ခွဲ) ကမော့ကစင် ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ရီရီဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ခရိုင်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေး က လူငယ်နှင့်စာဖတ်ခြင်း အကျိုးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းက “လူငယ်နှင့်ပတ်ဝန်းကျင်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နော်အော်လျဖောက “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်စာကြည့်တိုက်ဖောင်ဒေးရှင်းအသင်းမှ ဆရာကြီး ဦးသန်းအောင်က “လူငယ်နှင့်ဗလငါးတန်” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးအသီး ဟောပြောခဲ့ကြပြီး  ကျောင်းသား၊ ကျောင်းသူများမှ  ပြန်လည် ဆွေးနွေးခဲ့ကြပါသည်။ထို့နောက် ဟောပြောပို့ချခဲ့သည့် ဆရာ၊ ဆရာမများနှင့် ဆွေးနွေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကာ အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ဌာနဆိုင်ရာမှ ဖိတ်ကြားထားသူများ၊ အ.ထ.က(ခွဲ)ကမော့ကစင်ကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၀၂)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 13
  • AUG

  • 13 August 2024
  • ရှမ်းပြည်နယ်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ကြီးမှူးဖွင့်လှစ် သည့် ကွန်ပျူတာအဆင့်မြင့် ပြုပြင်ထိန်းသိမ်းခြင်းသင်တန်းအမှတ်စဉ်(၁/၂၀၂၄)ဖွင့်ပွဲ အခမ်းအနား ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ(၅) ရက်နေ့က အေးသာယာမြို့၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာ၌ ကျင်းပခဲ့ပါသည်။ ပထမဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း က သင်တန်းဖွင့်ပွဲ အမှာစကားပြောကြားရာတွင် ဤရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေး ပညာသင်တန်းစင်တာ၌သာမက အခြားဖွင့်လှစ်သည့် သင်တန်းတိုင်း၌ တစ်ဆင့်မြင့်သည့် သင်တန်း များကို ထပ်မံသင်ယူလေ့လာကြရန် မှာကြားခဲ့ပါကြောင်း၊ သို့မှသာ Capacity Building မြင့်လာပြီး အလုပ်အကိုင်အခွင့်အလမ်းရရှိရန် ပိုမိုလွယ်ကူလာမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားများ၏ လူနေမှု ဘဝဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ ပြည်နယ်အစိုးရဘဏ္ဍာရန်ပုံငွေ များဖြင့် သင်တန်းများအား ဖွင့်လှစ်ပေးနေပါကြောင်း၊ သင်တန်း သား/သူများအနေဖြင့် မျိုးဆက်သစ် များအား အခွင့်အလမ်းသာလျှင်သာသလို ယခုကဲ့သို့ ဖွင့်လှစ်သည့်သင်တန်းများသို့ ညွှန်းပို့ပေးစေ လိုပါကြောင်းနှင့် သင်တန်းသား/သူအချင်းချင်း စည်းစည်းလုံးလုံးဖြင့် သင်ကြားသင်ယူကြစေလို ပါကြောင်း နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ  ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုက အခြေခံကွန်ပျူတာသင်တန်းများကို ဖွင့်လှစ်ပေးခဲ့ပြီး ဖြစ်၍ မိမိအသုံးပြုသည့်ကွန်ပျူတာကို ပြုပြင်တတ်စေရန် ယခုကဲ့သို့ ကွန်ပျူတာအဆင့်မြင့်ပြုပြင်ထိန်းသိမ်း ခြင်းသင်တန်းကို ထပ်မံဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ ဝန်ထမ်းများသာမက အခြေခံအဆင့်တက်ရောက် ခဲ့ပြီးသည့် သင်တန်းသားများ ပါဝင်ပါကြောင်း၊ နိုင်ငံတော်မှ E-government စနစ်ကို ထိရောက်စွာ အသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက်နေသည့်အတွက် E-government စနစ်သို့ပြောင်းလဲရာတွင် ကွန်ပျူတာ ကို အသုံးချရန်အတွက်သာ တတ်မြောက်ပြီး ပျက်စီးမှုကိုမသိရှိလျှင် လုပ်ငန်းစဉ်နှောင့်နှေးနိုင်သည့် အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်၊ တစ်ပိုင်တစ်နိုင်လုပ်ငန်း လုပ်ကိုင်နိုင်စေရန် နှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် လက်တွေ့ အသုံးချနိုင်အောင် သင်ယူရန်နှင့် ဆရာများအနေဖြင့်လည်း အုပ်စုများစုဖွဲ့၍ လေ့ကျင့်သင်ကြား ပေးစေလိုပါကြောင်း၊ သင်တန်းပြီးမြောက်သည့်အခါ ဌာနတွင်းနှင့်ပြင်ပတွင် အသုံးချနိုင်သည့်အတွက် အထူးအလေးထား သင်ယူစေလိုကြောင်းနှင့် ဝန်ထမ်းများအနေဖြင့် အထူးလိုက်နာသင်ယူကြစေ လိုပါကြောင်းဖြင့် အမှာစကားပြောကြားပါသည်။ ထို့နောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ထောက်ပံ့ပေးသည့် ပစ္စည်းများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့် တိုင်းရင်းသားအခွင့် အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကို၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးတို့မှ တာဝန်ခံအရာရှိများ ကပေးအပ်ခြင်း၊ သင်တန်းသားသင်တန်းသူများမှ အသီသီးမိတ်ဆက်စကားပြောကြားခြင်းတို့ ဆောင်ရွက်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ပါသည်။ အဆိုပါ ကွန်ပျူတာအဆင့်မြင့် ပြုပြင်ထိန်းသိမ်းခြင်းသင်တန်း(၁/၂၀၂၄)ကို (၅-၈-၂၀၂၄) ရက်နေ့မှ (၁၄-၈-၂၀၂၄) ရက်နေ့အထိ ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး  တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနတို့မှ ဝန်ထမ်းများ၊ ရှှမ်းပြည်နယ် အတွင်းရှိ  ပအိုဝ်း၊ ဓနု၊ ကချင်နှင့် လားဟူစသည့် တိုင်းရင်းသားမျိုးနွယ်စုမှ သင်တန်းသူ/သားများ စုစုပေါင်း(၂၀)ဦးတို့ဖြင့် ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 07
  • AUG

  • 07 August 2024
  • နေပြည်တော်

 ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးတို့အတွက် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို မိမိတို့၏အသက်ကို ပဓာနမထားပဲ ရဲရင့်စွာ စွမ်းစွမ်းတမံထမ်းဆောင်နေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်ပြည်သူများနှင့် ဝန်ကြီးဌာနဝန်ထမ်းမိသားစုများက  အလှူငွေများနှင့် စားသောက်ဖွယ်ရာများကို ပေးပို့လှူဒါန်းလျက်ရှိသည်။ထိုသို့ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများက စာနာမှု၊ စေတနာ၊ မေတ္တာ ပြည့်ဝစွာဖြင့် စုပေါင်းချက်ပြုတ်ကြော်လှော်ကြပြီး စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်းနိုင်ရေး စိတ်အားထက်သန်စွာဖြင့် ပြင်ဆင်ဆောင်ရွက် ထုပ်ပိုးနေမှုများကို ပြည်ထောင်စုဝန်ကြီးJeng Phang နော်တောင်နှင့် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့ လိုက်လံကြည့်ရှုအားပေးသည်။တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ငါးနီတူ အသားတု မြေပဲ ဘာလချောင်ကြော်၊ ငါးနီတူ ပဲပုပ် ဘာလချောင်ကြော်၊ ကော်ဖီ/လက်ဖက်ရည်ထုပ်၊ ကောင်းသန့်ဆန်ပြုတ်ထုပ်၊ မားမားခေါက်ဆွဲခြောက်ထုပ်၊ အသင့်စားဇလုံကြီးချဉ်ပေါင်ကြော်၊ ရှမ်းရွှေတောင်ရှူးရှဲလက်ဖက်၊ ဘုရင်ဘီစကစ်၊ Love သကြားလုံး၊ ကျောက်ဆူး ဆေးပေါ့လိပ်များကို ပေးပို့လှူဒါန်းသွားမည်ဖြစ်သည့်အပြင် ဝန်ကြီး ဌာနမှ အရာထမ်း၊ အမှုထမ်းများက ရှေ့တန်းရောက်  တပ်မတော်သားများ စိတ်ဓာတ်ခွန်အား တက်ကြွစေရန် “တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် တိုက်ပွဲဝင် နေသော ပြည်ချစ်စစ်သည်များ၏ တရားသောစစ် မုချအောင်ရမည်”၊ “လှေခွက်ချည်းကျန် အလံမလှဲသည့် စိတ်ဓာတ်ဖြင့် ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်နေသော တပ်မတော်သားများအားလုံး  ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသမားများ၏ ဂုဏ်ကျေးဇူးတော်ကြောင့် ကျန်းမာပါစေ၊ ဘေးအန္တရာယ် ကင်းရှင်းပါစေ၊ ဆင်နွှဲသည့်စစ်ပွဲတိုင်းအောင်မြင်ကြပါစေ” အစရှိသည့် ဆုတောင်းမေတ္တာစာလွှာ များကို ရေးသားထည့်သွင်းခဲ့ကြပြီး ငွေကျပ် ၅၇,၀၀,၀၀၀ိ/- (ကျပ် ငါးဆယ့်ခုနှစ်သိန်းတိတိ)  တန်ဖိုးရှိ စားသောက်ဖွယ်ရာ (၁၀) မျိုးပါဝင်သော အထုပ်ပေါင်း (၅၀၀) နှင့် လှူဒါန်းငွေကျပ်  ၄၂,၀၀,၀၀၀ိ/- (ကျပ် လေးဆယ့်နှစ်သိန်းတိတိ)၊ စုစုပေါင်းငွေကျပ် ၉၉,၀၀,၀၀၀ိ/- (ကျပ် ကိုးဆယ့်ကိုးသိန်းတိတိ) တန်ဖိုးရှိသည့် အလှူငွေနှင့် စားသောက်ဖွယ်ရာများကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်သို့ သွားရောက်ပေးပို့လှူဒါန်းခဲ့ကြပါသည်။အဆိုပါ စားသောက်ဖွယ်ရာများကို တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များ၊ မော်တော် ယာဉ်များဖြင့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ် အရောက် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 01
  • AUG

  • 01 August 2024
  • ကရင်ပြည်နယ်

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ  ဦးစီး၍ ကရင်ပြည်နယ်အတွင်း နေထိုင်ကြသော ဒေသခံတိုင်းရင်းသား လူမျိုးများ တိုင်းရင်းသားရေးရာ အသိပညာတိုးပွားစေရန်နှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်တို့ကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍ “တိုင်းရင်းသားရေးရာ အသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ်” ကို ၂၆-၇-၂၀၂၄ ရက်နေ့တွင်  ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ကမော့ကချူးကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းခွဲ စာသင်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးကျော်စိုးက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများနှင့် ပတ်သက်၍ ဒေသခံ တိုင်းရင်းသားလူမျိုးများ သိရှိစေရန် အသိပညာပေးရှင်းလင်းပြောကြားခဲ့ပါသည်။ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က ဗလငါးတန်ဖွံ့ဖြိုးစေရေး လူငယ်ဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူး ဦးစိုင်းရန်နောင်က ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကိစ္စရပ် များကိုလည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်စိုးသူက ပလပ်စတစ်ညစ်ညမ်းမှု အန္တရာယ်ကိစ္စရပ်များကို လည်းကောင်း ရှင်းလင်း ပြောကြားသည်။ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ရပ်ရွာ အခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် စစ်တမ်းကို ကောက်ယူခဲ့ရာ ဒေသခံ  တိုင်းရင်းသား (၁၀၀) ဦး ဖြေဆိုခဲ့ကြပါသည်။ 

ဆက်လက်ဖတ်ရှုပါရန်
  • 25
  • JUL

  • 25 July 2024
  • တောင်ကြီး

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ကြီးမှူးဖွင့်လှစ် သည့် မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်းအမှတ်စဉ် (၄/၂၀၂၄)၊ အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ် (၃/၂၀၂၄)၊ Bakery&Snack အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်းအမှတ်စဉ် (၂/၂၀၂၄)၊ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုနည်းပညာသင်တန်းအမှ3တ်စဉ်(၁/၂၀၂၄)၊ Bakery&Snack အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်းအမှတ်စဉ် (၃/၂၀၂၄)သင်တန်းများဆင်းပွဲကို ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(၁၈) ရက်နေ့က အေးသာယာမြို့၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ၌ ကျင်းပခဲ့ပါသည်။အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းတို့က အမှာစကားပြောကြားခဲ့ပါသည်။ ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကို တို့ကရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့ပေးသည့် ထောက်ပံ့ပစ္စည်းများ၊ သင်တန်းဆင်းလက်မှတ်များကို သင်တန်းသား/သူများ အား ပေးအပ်ခဲ့ပါသည်။ထို့နောက်သင်တန်းမှထွက်ရှိသည့် မု့န်နှင့် လူသုံးကုန်ပစ္စည်းများခင်းကျင်း ပြသထားမှုများကို လှည့်လည်ကြည့်ရှုရာ သင်တန်းနည်းပြနှင့် သင်တန်းသား/သူများမှ ကုန်ပစ္စည်းများ နှင့်စပ်လျဉ်း၍ လိုက်လံရှင်းလင်းပြသခဲ့ပါသည်။အဆိုပါသင်တန်းများတွင် ရှမ်းပြည်နယ်အတွင်းရှိ ရှမ်း၊ ပအိုဝ်း၊ ဓနု၊ တောင်ရိုး၊ အင်းသား၊ လီဆူ၊ ထနော့၊ ဗမာ စသည့် တိုင်းရင်းသား မျိုးနွယ်စုများမှ  သင်တန်းသား/သူစုစုပေါင်း(၁၀၁)ဦး တက်ရောက် သင်ကြားခဲ့ပါသည်။ 

ဆက်လက်ဖတ်ရှုပါရန်
  • 25
  • JUL

  • 25 July 2024
  • ရန်ကုန်တိုင်းဒေသကြီး

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ လမ်းညွှန်မှုဖြင့်  တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ကြီးမှူး ကျင်းပသော “ဂဟေဆက်သင်တန်း” ဖွင့်ပွဲအခမ်းအနားကို (၁၆-၇-၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ကွမ်းခြံကုန်းမြို့နယ်၊ ထင်းပုံကေျးရွာ၊ ကရင်စာပေနှင့်ယဉ်ကေျးမှုရုံးတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။      အခမ်းအနားသို့ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းနှင့်ဝန်ထမ်းများ၊ ကွမ်းခြံကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် (၂) ဦးရဲတင့်၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ သင်တန်းနည်းပြ ဦးလှမျိုး နှင့်အဖွဲ့၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းဇော်ထွန်း၊ ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူများနှင့်အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဒေါ်ဖြူဖြူဝင်းက အဖွင့်အမှာစကားပြောကြားခြင်း၊ ကွမ်းခြံကုန်းမြို့နယ်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် (၂) ဦးရဲတင့်မှ သင်တန်းသားများအား အားပေးစကားပြောကြားခြင်း၊  အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ သင်တန်းနည်းပြ ဦးလှမျိုးက သင်တန်းနှင့်စပ်လျဉ်းသည့် အကြောင်းအရာများအား ရှင်းလင်းပြောကြာခြင်းများဆောင်ရွက်ခဲ့ကြပြီး အမှတ်တရစုပေါင်းဓါတ်ပုံ ရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။“ဂဟေဆက်သင်တန်း” ကို ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ ထင်းပုံကျေးရွာ၊ ကရင်စာပေနှင့်ယဉ်ကျေးမှုရုံးတွင် (၁၆-၇-၂၀၂၄) ရက်နေ့မှ (၃၀-၇-၂၀၂၄) ရက်နေ့အထိ သင်တန်းသား၊ သင်တန်းသူ (၂၀) ဦးဖြင့် (၁၅) ရက်ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 17
  • JUL

  • 17 July 2024
  • နေပြည်တော်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ “Computer Repair and Maintenance သင်တန်း (၁/၂၀၂၄)” သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး  Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြပါသည်။ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် လူသားတိုင်းသည် ပညာကို မွေးကင်းစအရွယ်မှစ၍ ဘဝတစ်သက်စာ လေ့လာသင်ယူခြင်းဖြင့် ရှင်သန်နေထိုင်ကြရပါကြောင်း၊ လေ့လာသင်ယူခြင်းသည် ကျွမ်းကျင်တတ်မြောက်စေရေးအတွက် ပထမဦးဆုံး ခြေလှမ်းပင်ဖြစ်ပြီး ထိုမှတစ်ဆင့် ဒုတိယခြေလှမ်းဖြစ်သည့် လေ့ကျင့်မှုများကို ပြုလုပ်ကြရပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှပို့ချလိုက်သည့် နည်းပညာရပ်များကို အသုံးပြု၍ ကိုယ်တိုင် ကိုယ်ကျ လက်တွေ့လေ့ကျင့်မှုများကို စဉ်ဆက်မပြတ် ဆက်လက် လုပ်ဆောင်သွားကြရန် လိုအပ်ပါကြောင်း၊ ယနေ့ခေတ်တွင် ကွန်ပျူတာပညာရပ်သည် လူမှုစီးပွားရေး ဆောင်ရွက်မှုတိုင်းအတွက် မရှိမဖြစ်အရေးပါသော ခေတ်မီ နည်းပညာရပ်တစ်ခုဖြစ်သဖြင့် ဝန်ထမ်းများ အားလုံး လေ့လာဆည်းပူးထားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ဌာန၊ ဌာနခွဲ၊ ဌာနစု၊ ဌာနစိတ်များ၌ အသုံးပြုနေသည့် ကွန်ပျူတာများကို ပုံမှန်စစ်ဆေးပြီး ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်သွားကြရန်နှင့် တစ်စုံတစ်ရာ ချို့ယွင်းမှုရှိလာသည့်အခါ သင်တန်းမှလေ့လာသိရှိခဲ့သော ပညာရပ် များကို ပြန်လည်အသုံးချမည်ဆိုပါက ပြင်ပမှဝန်ဆောင်မှုများ မလိုအပ်သဖြင့် ဌာနလုံခြုံရေး ကောင်းမွန်စေခြင်းနှင့် နိုင်ငံတော်ဘဏ္ဍာငွေကို ခြိုးခြံချွေတာရာရောက်ပြီး ရုံးလုပ်ငန်းများကို အချိန်မီ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ICT (Information and Communication Technology) ကို အသုံးချ၍ စွမ်းဆောင်ရည်ပြည့်ဝသော၊ ဖန်တီးနိုင်စွမ်းရှိသော ဝန်ထမ်းကောင်းများ ဖြစ်လာစေရေး ကြိုးစားကြစေလိုပါကြောင်း၊ မိမိတို့၏စွမ်းဆောင်ရည်များ မြင့်မားတိုးတက်စေခြင်းဖြင့် နိုင်ငံတော်နှင့် ဝန်ကြီးဌာန၏ လုပ်ငန်းစဉ်၊ မျှော်မှန်းချက်၊ မူဝါဒနှင့် ရည်မှန်းချက်များကို အကောင်အထည်ဖော်ရာတွင်လည်း အထောက်အပံ့ကောင်းများ ရရှိစေနိုင်မည်ဖြစ်ပါကြောင်း၊ တိုင်းပြည်တစ်ပြည် ဖွံ့ဖြိုးတိုးတက်ခြင်း၏ အခြေခံအနေဖြင့် အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်ကောင်းများ မရှိမဖြစ်လိုအပ်ပါကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များတွင် ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်အပေါ် သစ္စာရှိသော၊ အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသော၊ အားကိုးအားထားပြုနိုင်သော စွမ်းဆောင်ရည်မြင့်မားသည့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်စေရေး အထူးကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြား ပါသည်။ယင်းနောက် ဒုတိယဝန်ကြီးက ယနေ့ IT (Information Technology) ခေတ်တွင် နည်းပညာများ  တိုးတက်ထွန်းကားလာနှင့်အညီ ကွန်ပျူတာသည် ရုံးလုပ်ငန်းများတွင်သာမက ပြင်ပစီးပွားရေး လုပ်ငန်းများအတွက်ပါ မရှိမဖြစ် အသုံးဝင်လာသဖြင့် ကွန်ပျူတာနှင့်ဆက်စပ် သည့် နည်းပညာများကို သိရှိတတ်ကျွမ်း နားလည်ရုံမျှသာမက စနစ်တကျ ပြုပြင်ထိန်းသိမ်း တတ်ရန်လည်း အထူးပင်လိုအပ်လှပါကြောင်း၊ ယခုသင်တန်းမှ မိမိတို့လေ့လာသင်ယူခဲ့ရသည့် ကွန်ပျူတာ  ပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာ ပညာရပ်များကို တာဝန်ကျရာဒေသများရှိ  လုပ်ဖော် ကိုင်ဖက်များအား ပြန်လည်မျှဝေ သင်ကြားပေးခြင်းဖြင့် မိမိတို့ကိုယ်တိုင်လည်း ပိုမိုနားလည်သိရှိ နိုင်မည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက်(၉)ရပ်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ စစ်မှန်သောပြည်ထောင်စုစိတ်ဓာတ်နှင့် မျိုးချစ်စိတ်ဓာတ်တို့ဖြင့် မိမိတို့၏ တာဝန်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်နိုင်ကြပါစေကြောင်း ပြောကြားပါသည်။ဆက်လက်၍ သင်တန်းနည်းပြဆရာများအား ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များနှင့် ထူးချွန်ဆုများကို လည်းကောင်း  ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်တို့က အသီးသီး ပေးအပ်ချီးမြှင့်ကြပြီး သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 15
  • JUL

  • 15 July 2024
  • နေပြည်တော်

ငါးသယံဇာတများ တိုးပွားလာစေရေး၊ ငါးမျိုးပြုန်းတီးမှု မဖြစ်ပေါ်စေရေး၊ သဘာဝရေပြင်နှင့်ကန်များတွင် ငါးမျိုးများ ရေရှည်စဉ်ဆက်မပြတ် တည်တံ့ခိုင်မြဲပြီး ငါးသယံဇာတ ပေါကြွယ်ဝစေရေး၊ နိုင်ငံတော်၏ငါးထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရန် တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပေးနိုင်ရေးနှင့် သက်ရှိလူသားများနှင့် သဘာဝပတ်ဝန်းကျင်တို့အကြား အချိုးညီစွာတည်ရှိ နေသော ဂေဟစနစ် ရေရှည်တည်တံ့နိုင်စေရေး ရည်ရွယ်၍ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပရိဝုဏ်၌ ကျင်းပရာ အခမ်းအနားသို့ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။အခမ်းအနားတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့က ငါးလုပ်ငန်းဦးစီးဌာနက ပံ့ပိုးသည့် ငါးသားပေါက်များကို ဝန်ကြီးဌာနရှိ တစ်ဖက်ပိတ်ဆည်အတွင်းသို့   ဦးစွာ စိုက်ထည့် ပေးကြပြီး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊   ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်  အရာထမ်း၊  အမှုထမ်းများက ငါးမျိုးများကို ဆက်လက် စိုက်ထည့်ပေးကြသည်။ယနေ့ကျင်းပသည့် ငါးမျိုးစိုက်ထည့်ပွဲတွင် ငါးသားပေါက်ကောင်ရေ စုစုပေါင်း ၁၂၀၀၀ စိုက်ထည့်ခဲ့ကြသည်။ အဆိုပါ တစ်ဖက်ပိတ်ဆည်အတွင်းသို့ ၂၀၂၂ ခုနှစ်တွင် ငါးသားပေါက် ကောင်ရေ ၇၀၀၀ နှင့် ၂၀၂၃ ခုနှစ်တွင် ငါးသားပေါက်ကောင်ရေ ၇၀၀၀ စိုက်ထည့်ထားခဲ့ရာ စုစုပေါင်း ငါးသားပေါက်ကောင်ရေ ၂၆၀၀၀ ရှိပြီဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 11
  • JUL

  • 11 July 2024
  • နေပြည်တော်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ၂၀၂၄ ခုနှစ် မေလအတွင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ သွားရောက်၍ ဆွေးနွေးပွဲ တက်ရောက်ခဲ့ကြသူများ၏ အတွေ့အကြုံ မျှဝေ ရှင်းလင်းပွဲအခမ်းအနားကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် ညွှန်ကြားရေးမှူးရုံးများမှ အရာထမ်း၊ အမှုထမ်း များက Online စနစ်ဖြင့်  တက်ရောက်ကြပါသည်။ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနမှ အရာထမ်းများအား နိုင်ငံတကာ အတွေ့အကြုံကောင်းများရရှိ စေရေး၊  ဝန်ထမ်းများ၏  စွမ်းဆောင်ရည် မြင့်မားလာပြီး အရည်အသွေးများ ပြည့်ဝလာစေရေး တို့အတွက် နိုင်ငံတကာသို့ ဆွေးနွေးပွဲများ၊ သင်တန်းများ၊ လေ့လာရေးခရီးစဉ်များကို ညီညွတ် မျှတစွာ ရွေးချယ်၍ စေလွှတ်လျက်ရှိပါကြောင်း၊ ယနေ့အခမ်းအနားသည် ၂၀၂၄ ခုနှစ်၊ မေလ အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသည့် အရာထမ်းများ၏ အတွေ့အကြုံ မျှဝေရှင်းလင်းပွဲဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အတွေ့အကြုံ မျှဝေရှင်းလင်းသည့် အစဉ်အလာကောင်းများကို ဆောင်ရွက်ခြင်းဖြင့်  မိမိတို့ကိုယ်တိုင်သာမက လုပ်ဖော်ကိုင်ဘက် ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်မားရေးအတွက်လည်း အထောက်အကူပြုနိုင်မည် ဖြစ်ပါ ကြောင်း၊  ဆွေးနွေးပွဲတက်ရောက်ခဲ့ကြသူများအနေဖြင့် မိမိတို့လေ့လာသိရှိခဲ့ရသည့် အတွေ့အကြုံ၊ ဗဟုသုတများကို ဝေမျှရှင်းလင်းရုံမျှသာမက ကိုယ်တိုင် ထိုးထွင်းသိမြင်မှု၊ သုံးသပ်ဆင်ခြင်မှု၊ တီထွင်ဖန်တီးနိုင်မှုတို့ဖြင့် ဝန်ကြီးဌာန၏ မူဝါဒ၊ လုပ်ငန်းစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက်  ညီနောင်ဆက်စပ် ဝန်ကြီးဌာနများနှင့်အတူ  ပေါင်းစပ် ညှိနှိုင်းပြီး အထူး ကြိုးစားဆောင်ရွက်သွားကြစေလိုပါကြောင်း၊ ပြည်ပနိုင်ငံများသို့သွားရောက်ရာတွင် အင်္ဂလိပ်စာနှင့် ကွန်ပျူတာကျွမ်းကျင်ခြင်းသာမက သတင်းအချက်အလက်နှင့် နည်းပညာရပ် များကိုလည်း ကျွမ်းကျင်မှုရှိရန် လိုအပ်ပါကြောင်း၊  ကျန်သော ဝန်ထမ်းများအနေဖြင့် ယနေ့ ရှင်းလင်းပြောကြားသည့် အတွေ့အကြုံ၊ ဗဟုသုတများကို ဂရုပြုမှတ်သား လိုက်နာကြပြီး နောင်တစ်ချိန်တွင် ပြည်ပနိုင်ငံများသို့ သွားရောက်ရန် ရွေးချယ်စေလွှတ်ခြင်းခံရပါက နိုင်ငံတကာ နှင့်ရင်ဘောင်တန်း ပါဝင်လှုပ်ရှားဆောင်ရွက်နိုင်ရန်အတွက် မိမိတို့၏ စွမ်းဆောင်ရည်များကို မြင့်မားစေရန် စဉ်ဆက်မပြတ် ကြိုးစားအားထုတ်ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများ အားလုံး မိမိတို့၏ အရည်အချင်း၊ အရည်အသွေး၊ မြင့်မားမှသာ မိမိ၏ ဌာနအကျိုး၊ နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူတို့အတွက် အကျိုးရလဒ်ကောင်းများ ရရှိစေရေး ဦးတည် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ ပြဋ္ဌာန်းထားရှိသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်း၊ အမိန့်နှင့် ညွှန်ကြားချက်များကို နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာ စဉ်ဆက်မပြတ် လိုက်နာ၍ ဆတက်ထမ်းပိုး ဆက်လက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားပါသည်။ဆက်လက်၍ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့  ဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသည့် အရာထမ်းများသည် နိုင်ငံတော်နှင့် ဝန်ကြီး ဌာနကိုကိုယ်စားပြု သွားရောက်ကြခြင်းဖြစ်ပြီး မိမိတို့လေ့လာသိရှိခဲ့ရသည့် အတွေ့အကြုံ၊ ဗဟုသုတများကို ပြန်လည်မျှဝေခြင်းဖြင့် မိမိတို့ကိုယ်တိုင်လည်း ပိုမိုနားလည် သိရှိစေမည် ဖြစ်ပါကြောင်း၊ တက်ရောက်လာကြသူများအနေဖြင့် ရှင်းလင်းပွဲမှ ရရှိလာသည့် ဗဟုသုတ များ၊ အတုယူသင့်သည်များ၊ လေ့လာသင့်သည်များကို မှတ်သား၍ မိမိတို့၏လုပ်ငန်းခွင်တွင် လိုအပ်သလို ဆက်လက်အသုံးချ ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအကျိုး၊ နိုင်ငံတော်အကျိုးအတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်ဖြစ်စေသော အတွေ့အကြုံမျှဝေရှင်းလင်းခြင်း ဖြစ်ပါစေကြောင်း ပြောကြားပါသည်။ ၎င်းနောက် ၂၀၂၄ ခုနှစ် မေလအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချန်ဒူးမြို့၊ ဝူဟန်မြို့ နှင့် ပေကျင်းမြို့တို့တွင် ကျင်းပခဲ့သည့် “မဲခေါင်-လန်ချန်းဒေသ နိုင်ငံများအကြား တိုင်းရင်းသား ရေးရာကိစ္စရပ်များတွင် ကောင်းမွန်သောအုပ်ချုပ်မှုဆိုင်ရာဆွေးနွေးပွဲ” သို့ တက်ရောက် ခဲ့သည့် ကိုယ်စားလှယ်အဖွဲ့ကိုယ်စား ပြည်ထောင်စုဝန်ကြီးရုံးမှ လက်ထောက်အတွင်းဝန် ဒေါ်အေးမြသိန်းနှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သဉ္ဇာနိုင်တို့ကလည်းကောင်း၊ ပေကျင်းမြို့တွင်ကျင်းပခဲ့သည့် “ဖွံ့ဖြိုးဆဲ နိုင်ငံများမှ အမျိုးသမီးအရာထမ်းများ၏ တရုတ်ဘာသာစကားနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆွေးနွေးပွဲ” သို့ တက်ရောက်ခဲ့သည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ရှိုင်းမြမြခက်ကလည်းကောင်း၊ ချန်းရှမြို့တွင် ကျင်းပခဲ့သည့် “မြန်မာနိုင်ငံ အတွက် ရေအရင်းအမြစ် စီမံခန့်ခွဲခြင်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးဆွေးနွေးပွဲ” သို့ တက်ရောက်ခဲ့သည့် ပြည်ထောင်စုဝန်ကြီးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထူးထူးဝင်းနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နှင်းဝတ်ရည် တို့ကလည်းကောင်း ကိုယ်စားလှယ်များအဖြစ် တက်ရောက်ခဲ့မှုနှင့်စပ်လျဉ်း၍ အတွေ့အကြုံ များကို Powerpoint များ၊ Video Clip များဖြင့် အသီးသီး ရှင်းလင်းတင်ပြခဲ့ကြပါသည်။  ယင်းနောက် တက်ရောက်လာကြသူများနှင့် အပြန်အလှန် မေးမြန်းဖြေကြားမှုများ ပြုလုပ်ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 10
  • JUL

  • 10 July 2024
  • ရှမ်းပြည်နယ် ၊ တောင်ကြီးမြို့နယ်

၂၀၂၄ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်အမျိုးသမီးကော်မတီမှ ကြီးမှူးကာ တိုင်းရင်းသားရိုးရာဝတ်စား ဆင်ယင်ထုံးဖွဲ့မှုများပြသခြင်း အခမ်းအနားကို (၃-၇-၂၀၂၄)ရက်နေ့က တောင်ကြီးမြို့၊ မြို့တော် ခန်းမ၌ ကျင်းပပြုခဲ့ပါသည်။အဆိုပါ အခမ်းအနားတွင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြား‌ရေးမှူးရုံး၊ ရှမ်းပြည်နယ်မှ ကြီးကြပ်၍ မြန်မာနိုင်ငံအတွင်းနေထိုင်ကြသော လူမျိုးကြီးဖြစ်သည့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းတိုင်းရင်းသား(၈)မျိုးနှင့် ရှမ်းပြည်နယ်အတွင်း နေထိုင်ကြသော  တိုင်းလုံ၊ ပအိုဝ်း၊ တောင်ရိုး၊ ဓနု၊ အင်းသား၊ ထနော့၊ ကိုးကန့်၊ လီဆူ၊ ယင်းကြား၊ ယင်းနက်၊ အာခါ၊ လားဟူ၊ ကွီ၊ အဲန်၊  တိုင်းမောဝ်(ခ)မောဝ်ရှမ်း၊ ဂုံရှမ်း၊ တိုင်းလွယ်(ခ)ပလန်၊ တိုင်းနေ၊ တိုင်းလိ(ခ)တိုင်းလေ့၊ “ဝ”၊ ပလောင်၊ မြောင်ဇီး တိုင်းရင်းသားမျိုးနွယ်စု (၂၂)စု  စုစုပေါင်း (၃၀)စုတို့၏ တိုင်းရင်းသားရိုးရာဝတ်စားဆင်ယင်ထုံးဖွဲ့မှုများအား ပါဝင်ပြသခဲ့ပါသည်။ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က တိုင်းရင်းသားရိုးရာဝတ်စားဆင်ယင်ထုံးဖွဲ့မှုများတွင် ပါဝင်ပြသခဲ့ကြသည့် တိုင်းရင်းသားမောင်မယ် များအား ဂုဏ်ပြုချီးမြင့်ငွေကျပ် ၂,၀၀၀,၀၀ဝိ/-(ကျပ်သိန်းနှစ်ဆယ်တိတိ/-)အားပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 10
  • JUL

  • 10 July 2024
  • တောင်ကြီး

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ကြီးမှူး ဖွင့်လှစ်သည့် “Bakery & Snack အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်းအမှတ်စဉ် (၃/၂၀၂၄) ဖွင့်ပွဲ” ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်နေ့က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာ မြို့၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့်သက်မွေး ပညာသင်တန်းစင်တာ၌ ကျင်းပခဲ့ပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး တာဝန်ရှိသူများက ရှမ်းပြည်နယ်အစိုးရ အဖွဲ့မှ ထောက်ပံ့ပေးသည့် သင်ထောက်ကူပစ္စည်းများကို သင်တန်းသား/သူများအား ပေးအပ်ခဲ့ ပါသည်။ထို့နောက် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက သင်တန်းစင်တာ ၌ သင်တန်းသား/သူများ သင်ယူနေမှုများကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။သင်တန်းကို (၁၀-၇-၂၀၂၄)ရက်နေ့မှ (၁၇-၇-၂၀၂၄) ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး ရှှမ်းပြည်နယ်အတွင်းရှိ ရှမ်း၊ ပအိုဝ်း၊ ဓနု၊ တောင်ရိုး၊ အင်းသား၊ လီဆူ၊ ထနော့ စသည့် တိုင်းရင်းသား မျိုးနွယ်စုမှ သင်တန်းသား/သူ(၂၀)ဦး တက်ရောက်သင်ကြားလျက်ရှိပါသည်။ 

ဆက်လက်ဖတ်ရှုပါရန်
  • 04
  • JUL

  • 04 July 2024
  • နေပြည်တော်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ဌာနတွင်း အလယ်အလတ်အဆင့်ကွန်ပျူတာသင်တန်း အမှတ်စဉ်(၂/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းနည်းပြဆရာ/ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြပါသည်။ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကမ္ဘာပေါ်၌ သိပ္ပံနှင့်နည်းပညာကဏ္ဍသည် တစ်ရှိန်ထိုး တိုးတက်လျက်ရှိပြီး မည်သည့်ကိစ္စတွင်မဆို နည်းပညာကို အခြေပြု၍ ဆောင်ရွက်လာကြပါကြောင်း၊  နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် နိုင်ငံ့ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာမြင့်မားရေးသည် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိရာ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရေးအတွက် သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာ ပညာရပ်များအား အနည်းဆုံး အခြေခံအားဖြင့် တတ်မြောက်ထားရန် အထူးလိုအပ်ပါကြောင်း၊ ကွန်ပျူတာနည်းပညာနှင့် ဆက်စပ်သည့် ပညာရပ်များကို ဝန်ထမ်းများအားလုံး စဉ်ဆက်မပြတ် လေ့လာသင်ယူလေ့ကျင့်မှုများ ပြုလုပ်သွား မည်ဆိုပါက စွမ်းဆောင်ရည်၊ အရည်အချင်းပြည့်ဝသည့် ဝန်ထမ်းကောင်းများ ဖြစ်လာမည်ဖြစ် ပါကြောင်း၊ ထို့အပြင် လူ့စွမ်းအားအရင်းအမြစ်များ စီမံခန့်ခွဲရာ၌ AI (Artificial Intelligent) နည်းပညာများကို အချို့သော ဖွံ့ဖြိုးပြီးနိုင်ငံများ၌ အသုံးပြုနေကြပြီဖြစ်ရာ  မိမိတို့အနေဖြင့်လည်း ဆက်သွယ်ရေး ဥပဒေ၊ နည်းပဒေများနှင့်အညီ အများနည်းတူ ရင်ပေါင်တန်းလိုက်ပါနိုင်ရေး ကြိုးစားရန်လိုအပ်ပါကြောင်း၊ ယခုသင်တန်းမှ သင်ကြားပေးလိုက်သည့် ဘာသာရပ်များကို မိမိတို့လုပ်ငန်းခွင်များတွင် အကျိုးရှိရှိ ပေါင်းစပ်အသုံးပြုသွားရန် မှာကြားလိုပါကြောင်း၊ ထို့အပြင် နည်းပညာအခြေပြု ရုံးလုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင်လည်း တိကျလျင်မြန်မှုနှင့်သတင်းအချက်အလက်လုံခြုံမှုရှိရန် လိုအပ်သဖြင့် အလေးထား ဆောင်ရွက်သွားကြရန်နှင့် e-Government လုပ်ငန်းများတွင်လည်း ဟန်ချက်ညီညီ ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည်ဟု မျှော်လင့်ပါကြောင်း၊ သင်တန်းမှပို့ချခဲ့သည့် သင်ခန်းစာများကို လက်တွေ့နယ်ပယ်တွင် အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်ရေးအတွက် အပတ်တကုတ် လေ့လာ ကြိုးစားသွားကြရန်နှင့် ဝန်ထမ်းများအချင်းချင်း မိသားစုစိတ်ဓာတ်ဖြင့် အပြန်အလှန် သင်ယူခြင်း၊ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ခြင်းများဖြင့် မိမိဘဝတိုးတက်ရေး၊ မိမိဌာနတိုးတက်ရေးမှသည် မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအထိ ကျရာကဏ္ဍမှ သယ်ပိုးဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားပါသည်။ဆက်လက်၍ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ယနေ့ခေတ်သည် IT (Information Technology) ခေတ်ဖြစ်ပြီး ဝန်ထမ်းများအနေဖြင့် ကွန်ပျူတာနှင့်ဆက်စပ်သော နည်းပညာများကို တတ်ကျွမ်းထားရန် လိုအပ်ပါကြောင်း၊ ယခု ကွန်ပျူတာသင်တန်းသည် အလယ်အလတ်အဆင့်ဖြစ်ပြီး ထိုမှတစ်ဆင့် အဆင့်မြင့်သင်တန်းများကိုလည်း ဆက်လက် ဖွင့်လှစ်ပေးရန် လိုအပ်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် မိမိတို့သင်ယူခဲ့ ရသည့် ပညာရပ်များကို စဉ်ဆက်မပြတ် လေ့လာအသုံးချခြင်းဖြင့် စွမ်းဆောင်ရည်မြင့်မားသော ဝန်ထမ်းများ ဖြစ်လာမည်ဖြစ်ပြီး မိမိတို့၏ စွမ်းဆောင်ရည်များ မြင့်မားလာစေခြင်းဖြင့် ဝန်ကြီး ဌာန၏ မျှော်မှန်းချက်၊  မူဝါဒနှင့် ရည်မှန်းချက်များကို အကောင်အထည်ဖော်ရာတွင် အထောက် အပံ့ ဖြစ်ပါစေကြောင်း ပြောကြားပါသည်။ယင်းနောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းနည်းပြဆရာ၊ ဆရာမများအား ဂုဏ်ပြု မှတ်တမ်းလွှာများကိုလည်းကောင်း၊ သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသား တစ်ဦးအား သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း ပေးအပ်၍ သင်တန်းတွင် ပထမဆု ရရှိသည့် သင်တန်းသူအား ဆုချီးမြှင့်ပေးအပ်ပါသည်။၎င်းနောက် ဒုတိယဆုနှင့် တတိယဆုရရှိသည့်   သင်တန်းသူများအား  ဒုတိယဝန်ကြီးက  ဆုချီးမြှင့်ပြီး သင်တန်းသား၊  သင်တန်းသူများကိုယ်စား  ပထမဆုရရှိသည့် သင်တန်းသူက  ကျေးဇူးတင်စကား ပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 03
  • JUL

  • 03 July 2024
  • ပဲခူးတိုင်းဒေသကြီး

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ  တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များသည် ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွား တော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြသည်။ဦးစွာ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များသည် မာရဝိဇယရုပ်ပွား တော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင် ကျောက်များအသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိတိုက်များအတွင်း၌ လေ့လာကြည့်ရှုကြသည်။ထို့နောက် ရှင်းလင်းဆောင်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့က ဘုရားကြီး တည်ထားကိုးကွယ် ပူဇော်ရခြင်း ရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ်ကြီး အား လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့် အောင်မြင်စွာတည်ထားပူဇော်နိုင်ခဲ့မှု၊ လက်ရှိထိန်းသိမ်း ဆောင်ရွက် နေမှု၊ ကျောက်စာရုံစေတီတော်များ တည်ထား ဆောင်ရွက်ခဲ့မှုနှင့် သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့မှု အခြေအနေများနှင့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာတည်ထား ပူဇော်နိုင်ရန် အဆင့်ဆင့် ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းကိုပြသသည်။ယင်းနောက် လေ့လာရေးအဖွဲ့သည် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့  သွားရောက် ဖူးမြှော်ကြည့်ညိုကြပြီး ရတနာဆင်ဖြူတော် အဆောင်ရှိဆင်ဖြူတော်များအား အစာကျွေးကြကာအမှတ်တရ လက်ဆောင်ပစ္စည်းအရောင်းဆိုင်များမှ အမှတ်တရ လက်ဆောင်ပစ္စည်းများဝယ်ယူကြသည်။ ဆက်လက်၍ လေ့လာရေးအဖွဲ့သည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန သို့ရောက်ရှိကြရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင် နှင့်တာဝန်ရှိသူများကရင်းနှီးစွာ ကြိုဆိုနှုတ်ဆက်ကြပြီး နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။ မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် လေ့လာရေးအဖွဲ့များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး  ကမ္ဘာ့ပထဝီနိုင်ငံရေး၊ မြန်မာ့ပထဝီနိုင်ငံရေး၊ ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်နှင့် ပြည်သူ့ စစ်မှုထမ်းဥပဒေအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားပြီး ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌက ကျေးဇူးတင် စကားပြောခဲ့သည်။

ဆက်လက်ဖတ်ရှုပါရန်
  • 03
  • JUL

  • 03 July 2024
  • ကချင်ပြည်နယ်

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ကချင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကို ဇွန် (၂၁)ရက်နေ့ နံနက်ပိုင်းက အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်း ရွှေသွေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ရှေးဦးစွာ အခမ်းအနားကို အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများက တိုင်းရင်းသားရိုးရာအကအလှများဖြင့် ကပြဖျော်ဖြေဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပါသည်။ ထို့နောက် ကချင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ စာရေးဆရာ အကြီးကိုကို (ကသာ)က လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် အထိမ်းအမှတ်အထက်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ များကိုလည်းကောင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီးက ပွဲတော်တွင် ပါဝင်ကူညီခဲ့ကြသော အကအဖွဲ့များ နှင့် ဘင်ခရာအဖွဲ့တို့အတွက် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း အသီးသီး ချီးမြှင့်ခဲ့ကြကာ Grade-4 ကျောင်းသူလေးများ၏ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကိုလည်း ကြည့်ရှုအားပေးခဲ့ကြပါသည်။ယင်းနောက် ပန်းချီပြိုင်ပွဲ(အထက်တန်း/အလယ်တန်းအဆင့်) ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာစီ စာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများကိုလည်းကောင်း၊ ကလေးများ ဉာဏ်ပညာ တိုးပွားစေမည့် ဉာဏ်စမ်းမေးခွန်းများ မေးမြန်းခြင်းနှင့် စကားပုံဆက်ခြင်းများကိုလည်းကောင်း၊ ကျောင်းသား/ကျောင်းသူများအတွက် စာအုပ်စာစောင်များပြသခြင်းနှင့် ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲ များကိုလည်းကောင်း ဆက်လက်ကျင်းပခဲ့ရာ မြစ်ကြီးနားမြို့ပေါ်ရှိ အမှတ်(၁)နှင့် အမှတ်(၉) အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။ အဆိုပါလူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်တွင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ဝန်ထမ်း များအနေဖြင့် ပန်းချီပြိုင်ပွဲ(အထက်တန်း/အလယ်တန်း) ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ကျပန်းစကားပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲများတွင် ဒိုင်လူကြီးများအဖြစ်လည်းကောင်း၊ ဉာဏ်စမ်းမေးခွန်းတွင် တိုင်းရင်းသား ရေးရာနှင့်ပတ်သက်သည့် အကြောင်းအရာများကိုလည်းကောင်း ပါဝင်ဆောင်ရွက်ခဲ့ပြီး ဖြေဆိုနိုင်သော ကျောင်းသား/ကျောင်းသူများအား ဗလာစာအုပ်နှင့် ဘောပင်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 03
  • JUL

  • 03 July 2024
  • ဧရာဝတီတိုင်းဒေသကြီး

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဦးစီး၍ တိုင်းဒေသကြီး ခွင့်ပြုဘဏ္ဍာရန်ပုံငွေဖြင့် “တိုင်းရင်းသားရေးရာအသိပညာ ပေးခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကိုဆန်းစစ်စီမံခြင်း အစီအစဉ်” ကို (၂၅-၆-၂၀၂၄)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့၊ မြို့နယ်အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး လေးမျက်နှာမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဆိုင်က မိတ်ဆက်စကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါ်မြမာလာစိုးက အမျိုးသမီးရေးရာ၊ မသန်စွမ်းရေးရာ၊ ကလေးသူငယ်ရေးရာနှင့် လူမှုရေးပင်စင်စသည့် လူမှုဝန်ဆောင်မှု ဆိုင်ရာများကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်စန်းက တိုင်းရင်းသားရေးရာ ကိစ္စရပ်များ၊ ကလေးအလုပ်သမားနှင့် သက်ဆိုင်သည့် ဥပဒေပြဋ္ဌာန်းချက်ပါ ကောက်နုတ်ချက်များ၊ တိုင်းရင်းသားလူမျိုးများ၏ ဝိသေသရှေ့ဆောင် စကားလုံးများ မှန်ကန်ရေး၊ ပြည်ထောင်စုစိတ်ဓါတ် ရှင်သန်ရေး၊ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် နိုင်ငံသားများ၏ တာဝန်များ၊ အမုန်းစကားနှင့် လူမျိုးပြုန်းစေမှု တားဆီးရေးဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း အသိပညာပေး ရှင်းလင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်း ဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြတ်စုငြိမ်းက တိုင်းရင်းသား လူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊နည်းဥပဒေများကိုလည်းကောင်း၊ စိုက်ပျိုးရေး ဦးစီးဌာန၊ လေးမျက်နှာ မြို့နယ်ဦးစီးမှူး ဒေါ်နော်တပိုးရာက စိုက်ပျိုးရေးဆိုင်ရာ သိမှတ်ဖွယ်ရာများကို လည်းကောင်း အသိပညာပေး ရှင်းလင်းပြောကြားခဲ့ပါသည်။ထို့နောက် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက် စစ်တမ်းများကို ကောက်ယူ ခဲ့ရာ ဒေသခံတိုင်းရင်းသား(၈၇)ဦးတို့မှ ဖြေဆိုခဲ့ကြပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့် ရှောက်ရေးဦးစီးဌာနမှတက်ရောက်လာကြသူများအား တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ် စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေစာအုပ်များ၊ လက်ကမ်းစာစောင်များနှင့် အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်ခဲ့ပြီးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ 

ဆက်လက်ဖတ်ရှုပါရန်