ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး အနေဖြင့် ကရင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းနှင့်ပူးပေါင်း၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် နွေရာသီကရင်စာပေသင်ကြားရေး ဆရာ၊ ဆရာမများမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့၊ နံနက်ပိုင်းတွင် ပုသိမ်မြို့၊ မရမ်းချောင်း၊ ကက်သလစ်သာသနာဝင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးနှင့်အတူ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန နှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ ကရင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းဝင်များ၊ ကရင်တိုင်းရင်းသားဘာသာစာပေသင် TA/LT ဆရာ၊ ဆရာမများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားကို ကရင်အမျိုးသားသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး စောလင်းခယ်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပိုးကရင်စာပေသင် နည်းပြဆရာကြီး မန်းစမ်းစန် နှင့် စကောကရင်စာပေသင် နည်းပြ ဆရာမကြီး နော်မေဆက် တို့က သင်တန်းသားများအား နည်းစနစ်မှန်ကန်စွာပြန်လည်သင်ကြားပို့ချ နိုင်ရေးအတွက် လိုအပ်သည်များမှာကြား၍ အားပေးတိုက်တွန်းစကားပြောကြားခဲ့ပြီး သင်တန်းသား များကိုယ်စား သင်တန်းသား(၁)ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ပါသည်။ ထို့နောက် သင်တန်းနည်းပြဆရာ၊ ဆရာမများအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခြင်း နှင့် သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးခဲ့ပါသည်။ အဆိုပါ သင်တန်းကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့မှ ၃၁ ရက်နေ့အထိ (၆)ရက်တာကာလအတွင်း ဖွင့်လှစ် သင်ကြားပို့ချခဲ့ပြီး မြို့နယ် (၂၆)မြို့နယ်ရှိ ပိုးကရင် နှင့် စကောကရင်တိုင်းရင်းသားဘာသာစာပေသင် TA/LT ဆရာ၊ ဆရာမ (၇၅) ဦး တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးက ကျင်းပဆောင်ရွက်သည့် “တိုင်းရင်းသားရေးရာအလုပ်ရုံဆွေးနွေးပွဲ” ကို (၂၁-၃-၂၀၂၄) ရက်နေ့တွင် ဦးစီးဌာနညွှန်ကြားရေးမှူးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါ သည်။ ပထမဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့် အမှာစကား ပြောကြားရာတွင် မိမိတို့ဧရာဝတီတိုင်းဒေသကြီးသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ စည်းစည်းလုံးလုံးဖြင့် စုပေါင်းနေထိုင်သည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသားများ၏ စာပေသင်ကြားရေး၊ တိုင်းရင်းသားရိုးရာ ဓလေ့ပွဲတော်များ၊ နေ့ထူးနေ့မြတ်များနှင့်အခမ်းအနားများကို အစဉ်အလာမပျက်ကျင်းပနိုင်စေရန် ဆောင်ရွက်ပေး လျက်ရှိပြီး တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးစသည့် တိုင်းရင်းသားရေးရာ ကိစ္စရပ်များကိုလည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ TA/LT ဆရာ၊ ဆရာမ ၆၃၀ ဦး ထပ်မံခန့်ထားနိုင်ခဲ့ပြီး တိုင်းရင်းသားဘာသာ သင်ကျောင်း ၁၂၆ ကျောင်း ကိုလည်း တိုးချဲ့ဖွင့်လှစ်သင်ကြားနိုင်ခဲ့ပါကြောင်း၊ တိုင်းရင်းသား ဘာသာသင်ဆရာ၊ ဆရာမများကလည်း ကလေးငယ်များ ပညာရေးကောင်းမွန်စေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်များဖြစ်စေရေး ပူးပေါင်းဆောင်ရွက်ပေးကြရမှာဖြစ် ပါကြောင်း၊ ယနေ့ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲတွင် တိုင်းရင်းသားရေးရာ ကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေးကြမည်ဖြစ်၍ တက်ရောက်လာကြသည့် တိုင်းရင်းသားများအနေဖြင့် မိမိတို့၏ စကား၊ စာပေ၊ ယဉ်ကျေးမှုများကိုလည်း ထိန်းသိမ်းဆောင်ရွက်နိုင်ရေး အပြန်အလှန်အကြံပြု ဆွေးနွေးကြရန်လိုပါ ကြောင်း၊ တိုင်းဒေသကြီးအတွင်း တိုင်းရင်းသားများ၏ လူမှုစီးပွားဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆောင်ရွက်နိုင်မည့်နည်းလမ်းများကို ဝိုင်းဝန်းအကြံပြုဆွေးနွေး ကြရန်နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန် တိုက်တွန်းလိုပါကြောင်း၊ ယခုဆွေးနွေးပွဲရလဒ်မှ ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းများအား ဌာနဆိုင်ရာများနှင့် ဒေသခံတိုင်းရင်းသားများ အတူတကွလက်တွဲဖော်ဆောင်ကြစေလိုကြောင်း တိုက်တွန်းအမှာစကားများ ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ပါသည်။ ဒုတိယပိုင်းအစီအစဉ်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောလင်းခယ်က အမှာစကားပြောကြားခဲ့ပြီး ပုသိမ်တက္ကသိုလ်၊ မြန်မာစာဌာန ပါမောက္ခ ဒေါက်တာမြင့်ကြည်သိန်းက မြန်မာစကား၊ မြန်မာစာပေနှင့် မြန်မာ့ယဉ်ကျေးမှု ထိန်းသိမ်းမြှင့်တင် ခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အေးကျော့ရီက တိုင်းရင်းသားများ၏ စကား၊ စာပေနှင့် ယဉ်ကျေးမှုထိန်းသိမ်း မြှင့်တင်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းက တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုး တက်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထွေထွေဆွေးနွေးခြင်းအစီအစဉ်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်က ပြည်သူ့စစ်မှုထမ်း ဥပဒေအကြောင်းတို့ကို အသိပညာပေးဆွေးနွေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသည့် ဗမာ၊ ကရင်၊ ရခိုင်၊ ချင်းတိုင်းရင်းသားများက အုပ်စု(၄) စု ခွဲ၍ ဆွေးနွေးခြင်းနှင့် ဦးစီးဌာန(၂)မှ တာဝန်ခံအရာရှိများက ဖြည့်စွက်ဆွေးနွေးခြင်းများ ဆောင် ရွက်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က ထပ်မံဖြည့်စွက် ဆွေးနွေးခဲ့ကာ နိဂုံးချုပ်အမှာစကားပြောကြားပြီးနောက် အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ဝန်ကြီးဌာန၏ (၈)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနကို ၃၀-၃-၂၀၁၆ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယနေ့သည် ဝန်ကြီးဌာန၏ သက်တမ်း (၈)နှစ်ပြည့်မြောက်သည့် နှစ်ပတ်လည်နေ့ အခမ်းအနားဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ ရည်မှန်းချက်မှာ တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုများကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်းဖြင့် ပြည်ထောင်စုစိတ်ဓာတ် တိုးတက်ခိုင်မာစေပြီး တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝမြင့်မားတိုးတက်စေရေးပင် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနမှ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအနေဖြင့် တိုင်းရင်းသားစာပေ သင်ကြားရေးဆရာ၊ ဆရာမများ ခန့်ထားရေးကိစ္စရပ်များ၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေကို တိုင်းရင်းသားဘာသာများဖြင့် ပြန်ဆိုပုံနှိပ် ထုတ်ဝေသည့်ကိစ္စရပ်များ၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအား တိုင်းရင်းသားဘာသာများသို့ ပြန်ဆိုဖြန့်ဝေပေးခြင်းကိစ္စရပ်များ၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် NCA အား (၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားတွင် တိုင်းရင်းသားဘာသာ များသို့ ပြန်ဆိုစာအုပ်ထုတ်ဝေ၍ ဖြန့်ဝေခြင်းကိစ္စရပ်များ၊ သန်းခေါင်စာရင်းဆိုင်ရာ အချက် အလက်များအား တိုင်းရင်းသားဘာသာသို့ ပြန်ဆိုခြင်းကိစ္စရပ်များ၊ ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ (ရန်ကုန်)အား အဆင့်မြှင့်တင်ခြင်းကိစ္စရပ်များ၊ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာတွင် အသက်မွေးဝမ်းကျောင်း သင်တန်းများဖွင့်လှစ်ခြင်းစသည့် ကိစ္စရပ်များကို အကောင်းဆုံး ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဗလငါးတန် နှင့်ပြည့်စုံသူများဖြစ်စေရေးအတွက် မိမိတို့၏ အရည်အသွေး၊ အရည်အချင်းများကို စဉ်ဆက်မပြတ် မြှင့်တင်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်း(၅)ရပ်၊ ဦးတည်ချက် (၉)ရပ်တို့နှင့်အညီ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆)ချက်၊ ကျင့်ဝတ်အပါး (၃၀)တို့ကို လိုက်နာစောင့်ထိန်းကြရမည်ဖြစ်ပါကြောင်း၊ ယနေ့ နှစ်ပတ်လည်အခမ်းအနားမှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် မိမိတို့ဝန်ကြီးဌာန၊ တိုင်းရင်းသားပြည်သူများနှင့် နိုင်ငံတော်၏ အကျိုးစီးပွားရလဒ်ကောင်းများကို မိမိကျရာ အခန်းကဏ္ဍမှ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်နိုင်ကြပါစေကြောင်း ပြောကြားပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁) ၊ အခြေခံမူများ၊ ပုဒ်မ ၆၊ ၁၅၊ ၁၇ (ဂ)၊ ၂၂ တို့တွင် တိုင်းရင်းသားရေးရာနှင့် ပတ်သက်သော အချက်များ ပြဋ္ဌာန်းထားသည့်အတွက် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်သည့် ဥပဒေဖြစ်ပေါ်လာအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါကြောင်း၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေကို ၂၀၁၃ ခုနှစ်တွင် စတင်ရေးဆွဲခဲ့ပြီး ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ပြဋ္ဌာန်းနိုင်ခဲ့ပါကြောင်း၊ အဆိုပါဥပဒေအရ ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့၌ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနကို ဖွဲ့စည်းခဲ့ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၁၃ အရ တိုင်းရင်းသားရေးရာကိစ္စရပ်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးနှင့်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးဌာနများအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့၏ ရသုံးမှန်းခြေငွေစာရင်းတွင် နှစ်စဉ်ထည့်သွင်းရေးဆွဲရမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် ညှိနှိုင်း၍ တိုင်းရင်းသားရေးရာနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်နိုင်ရန်နှင့် အငြင်းပွားမှုများဖြေရှင်းနိုင်ရန်အတွက် သက်ဆိုင်ရာ တိုင်းရင်းသားရေးရာဝန်ကြီးများကို တာဝန်ခွဲဝေ အပ်နှင်းခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းသို့ တာဝန်ခွဲဝေ အပ်နှင်းထားသည့်အတွက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ညွှန်ကြားရေးမှူးရုံးများကို ကြီးကြပ်ပူးပေါင်း ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ လာမည့်နှစ်တွင် ဝန်ထမ်းများအားလုံး အတွေးအမြင်သစ်၊ အားအင်သစ်များဖြင့် တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြပါစေကြောင်း ပြောကြားပါသည်။ ထို့နောက် ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဘဏ္ဍာရေးနှစ်အတွင်း ဌာနဆိုင်ရာ သင်တန်းများ၊ ပြိုင်ပွဲများတွင် ဆုရရှိသူများအား ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဆုများ ချီးမြှင့်ပေးပြီး ဝန်ထမ်းများအား ကံစမ်းမဲဖောက်ပေးခဲ့ပါသည်။ ယင်းနောက် ဝန်ထမ်းများက တိုင်းရင်းသားရိုးရာအဆို၊ အကများဖြင့် ဧည့်ခံဖျော်ဖြေကြပြီး အခမ်းအနားသို့တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း အမှုထမ်းများအားလုံး နေ့လယ်စာကို လက်ရည်တပြင်တည်း အတူတကွသုံးဆောင်ခဲ့ကြကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဖွင့်လှစ်ဆောင်ရွက်သည့် “အခြေခံဖုန်းပြုပြင်ခြင်းသင်တန်း” ဆင်းပွဲအခမ်းအနားကို (၂၃-၃-၂၀၂၄) ရက်နေ့တွင် မြောင်းမြမြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အစီအစဉ်အရ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီ တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ မန်းသိန်းကျော်နှင့် သင်တန်းနည်းပြဆရာ ဦးသန်းလှိုင်တို့က သင်တန်းဖွင့်လှစ်မှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီ တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းက သင်တန်းတွင် ထူးချွန်ဆု ရရှိသူ သင်တန်းသား/သူများအား ဆုချီးမြှင့်ခြင်းနှင့် သင်တန်းဆင်းလက်မှတ်များပေးအပ်ခြင်း၊ ဧရာဝတီတိုင်းဒေသကြီး ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ မန်းသိန်းကျော်က သင်တန်း နည်းပြဆရာများအား ဂုဏ်ပြုလက်ဆောင်များချီးမြှင့်ခဲ့ကြပါသည်။ ထို့နောက် သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။အဆိုပါသင်တန်းကို (၄-၃-၂၀၂၄) ရက်နေ့မှ (၂၃-၃-၂၀၂၄) ရက်နေ့အထိ သင်တန်းသား/ သူ (၁၇) ဦးဖြင့် ဖွင့်လှစ်သင်ကြားခဲ့ခြင်းဖြစ်ပြီး ဖုန်း Hardware ပိုင်းနှင့် Software ပိုင်း ပြုပြင်နည်း များကို စာတွေ့လက်တွေ့သင်ကြားခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်(၇၇)ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို (၂၄.၃.၂၀၂၄)ရက်နေ့တွင် ကရင်ပြည်နယ် ဘားအံမြို့နယ်၊ ပအိုဝ်းကော့ကျိုက်စံပြကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး(ကရင်ပြည်နယ်)မှ တာဝန်ခံအရာရှိ၊ ကရင်ပြည်နယ် စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ် များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ကရင်ပြည်နယ်အတွင်းရှိ ပအိုဝ်းတိုင်းရင်းသားများ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၏ ၂၀၂၄ခုနှစ်တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတု ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားအတွက် ပေးပို့လာသည့် သဝဏ်လွှာကို ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုက ဖတ်ကြားခဲ့ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနား ကျင်းပပြုလုပ်နိုင်ရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေ ကျပ်သိန်း(၁၀၀)တိတိအား ကရင်ပြည်နယ် ဝန်ကြီးချုပ်မှ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဌ ဦးခွန်မင်းအောင်အား ပေးအပ်ချီးမြှင့်ခဲ့ပါသည်။အခမ်းအနားကို စုစုပေါင်းလူဦးရေ(၁၀၀၀)ကျော် တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှဦးစီး၍ “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်”ကို (၁၆-၃-၂၀၂၄) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ မကျည်းလဟာကျေးရွာ၊ အခြေခံ ပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရေကြည်မြို့၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘိုဘိုထွန်းက မိတ်ဆက်စကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေး များကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်စန်းက တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများ၊ အမုန်းစကားနှင့်လူမျိုးပြုန်းစေမှုတားဆီးရေး သိမှတ်ဖွယ်ရာများနှင့် စစ်တမ်းကောက်ယူရသည့် ရည်ရွယ်ချက်များကိုလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ရေကြည် မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းမေက ကိုယ်ဝန်ဆောင်မိခင်များအခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ မသန်စွမ်းအခွင့်အရေးများနှင့် လူမှုရေးပင်စင်စသည့် အကြောင်းအရာများ ကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူး ဦးလှမျိုးနွယ်က မိုးစပါး၊ နွေစပါး ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်ရမည့်နည်းလမ်းများနှင့် ကောက်ပဲသီးနှံများ ပန်းတိုင် အထွက်နှုန်းရရှိရေးဆောင်ရွက်ရမည့် နည်းလမ်းများကို အသိပညာပေး ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဝန်ထမ်း များက ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်မှု ဆန်းစစ်ချက်စစ်တမ်းများကို ကောက်ယူခဲ့ရာ ဒေသခံတိုင်းရင်းသား(၆၁)ဦးတို့မှ ဖြေဆိုခဲ့ကြပါသည်။ ထို့နောက် တက်ရောက် လာကြသူများအား တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေစာအုပ်များ၊ လက်ကမ်းစာစောင်များနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပါ သည်။ အခမ်းအနားသို့ မြို့နယ်ကရင် စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဌာနတွင်းအခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကိုယနေ့ နံနက်ပိုင်း တွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး Jeng Phangနော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းမှူး၊သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင်နိုင်ငံတော်၏ ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များတွင်စွမ်းအားစုတစ်ရပ်အဖြစ် ပါဝင်နိုင်ရေး နှင့်လူ့စွမ်းအားအရင်းအမြစ်ကောင်းများဖြစ်စေရေးတို့အတွက် ဝန်ထမ်းများ၏ လုပ်ငန်းခွင် စွမ်းဆောင်ရည်နှင့်ကိုယ်ရည်ကိုယ်သွေးများ ဖွံ့ဖြိုးတိုးတက်စေရန် ဝန်ကြီးဌာနမှ စွမ်းရည်မြှင့်သင်တန်းများ ဖွင့်လှစ်၍ လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိပါကြောင်း၊ သင်တန်းသား၊သင်တန်းသူ များအနေဖြင့် ယခုသင်တန်းမှ သင်ယူတတ်မြောက်ခဲ့သည့်ကွန်ပျူတာအခြေခံ သဘောတရား များကို အသုံးပြု၍ ရုံးလုပ်ငန်းများကိုပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ထိုမှတစ်ဆင့်အဆင့်မြင့် ITနည်းပညာများဖြစ်သည့် Artificial Intelligence (AI), Blockchain, Cloud Computing, Big Data စသည်ဖြင့် ဆန်းသစ်နေသော ပညာရပ်များကိုလည်း စဉ်ဆက်မပြတ်လေ့လာကြရန် လိုအပ်ပါကြောင်း၊ "တတ်ပြီးပညာ မလေ့လာက မကြာမရှည်ပျောက်တတ်သည်" ဟူသော ဆိုရိုးစကားနှင့်အညီ သင်တန်းမှပို့ချခဲ့သည့်သင်ခန်းစာများကို အခြေခံ၍ လေ့လာသင်ယူမှုများ၊ လေ့ကျင့်မှုများ စဉ်ဆက်မပြတ်ဆက်လက်ပြုလုပ်သွားပြီး လက်တွေ့နယ်ပယ်တွင် ပြန်လည် အသုံးချမည်ဆိုပါကပိုမိုစွမ်းဆောင်ရည် ပြည့်ဝသည့် ဝန်ထမ်းများ ဖြစ်လာကြမည်ဟုယုံကြည်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့်မိမိတို့၏လုပ်ငန်းတာဝန်များကို အပြန်အလှန် လေးစားလိုက်နာခြင်း၊ပူးပေါင်းဆောင်ရွက်ခြင်း၊ ပေါင်းစပ်ညှိနှိုင်းခြင်းများဖြင့်အလေးထားဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ မိမိဘဝတိုးတက်ရေးမှသည်မိမိဌာနတိုးတက်ပြီး အကျိုးစီးပွားရလဒ်ကောင်းများ ရရှိစေရန် ကျရာကဏ္ဍမှ ကြိုးပမ်းဆောင်ရွက်ရာတွင် အောင်မြင်ကြပါစေကြောင်း တိုက်တွန်းပြောကြားပါသည်။ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ယခုကွန်ပျူတာသင်တန်းသည် အခြေခံသင်တန်းဖြစ်ပြီး ထိုမှတစ်ဆင့်အလယ်အလတ်နှင့် အဆင့်မြင့် သင်တန်းများ ဆက်လက်ဖွင့်လှစ်ပေးရန်နှင့်လိုအပ်ပါက သင်ကြားမည့် ဆရာများကို သက်ဆိုင်ရာ ဘာသာရပ်အလိုက်နှီးနွယ်ဝန်ကြီးဌာနများ၊ ပြင်ပအဖွဲ့အစည်းများမှ ကျွမ်းကျင်ပညာရှင်များ ခေါ်ယူ၍သင်ကြားပေးရန် အကြံပြုလိုပါကြောင်း၊ သင်တန်းသား၊သင်တန်းသူများအနေဖြင့်လည်း မိမိတို့သင်ယူခဲ့ရသည့် ပညာရပ်များကို အခြေခံ၍အင်တာနက်မှ တစ်ဆင့် ICT နည်းပညာများကို ဆက်လက်လေ့လာအသုံးချခြင်းဖြင့်စွမ်းဆောင်ရည်မြင့်မားသော ဝန်ထမ်းများ ဖြစ်လာမည် ဖြစ်ပါကြောင်း၊ ယင်းသို့လေ့လာရာတွင် အင်္ဂလိပ်စာ ကျွမ်းကျင်မှုရှိခြင်းသည် အရေးပါလှသဖြင့်အင်္ဂလိပ်စာကိုလည်း အထူးကျွမ်းကျင် တတ်မြောက်ရန် လိုအပ်ပါကြောင်း၊သင်တန်းသား၊ သင်တန်းသူများအနေဖြင့် အဆင့်မြင့် ICT နည်းပညာများကိုဆက်လက်လေ့လာ၍ မိမိတို့၏ စွမ်းဆောင်ရည်များ မြင့်မားစေခြင်းဖြင့် ဝန်ကြီးဌာန၏မျှော်မှန်းချက်၊ မူဝါဒနှင့် ရည်မှန်းချက် များကို အကောင်အထည်ဖော်ရာတွင်အထောက်အပံ့ ဖြစ်ပါစေကြောင်း ပြောကြားပါသည်။ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာများကိုသင်တန်းနည်းပြများ အားလည်းကောင်း၊ သင်တန်းဆင်းလက်မှတ်များကိုသင်တန်းသားများကိုယ်စားသင်တန်းသား(၁)ဦးနှင့် သင်တန်းသူများ ကိုယ်စားသင်တန်းသူ(၁)ဦး တို့ကိုလည်းကောင်း ပေးအပ်ရာ အသီးသီးလက်ခံရယူကြပါသည်။ယင်းနောက် သင်တန်းတွင် ပထမဆုရရှိသည့် သင်တန်းသားအား ပြည်ထောင်စုဝန်ကြီးကလည်းကောင်း၊ ဒုတိယဆုနှင့် တတိယဆုရရှိသည့် သင်တန်းသူများအားဒုတိယ ဝန်ကြီးကလည်းကောင်း အသီးသီး ဆုများချီးမြှင့်ပေးအပ်ပြီး သင်တန်းသား၊သင်တန်းသူများ ကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်း ခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်ပြည်သူ့စစ်မှုထမ်းဥပဒေ ရှင်းလင်းအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ် ညွှန်ကြားရေးမှူးရုံးများနှင့် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာတို့မှ တာဝန်ခံများနှင့် အရာထမ်း၊ အမှုထမ်းများက Online စနစ်ဖြင့် တက်ရောက်ကြပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနား သည် နိုင်ငံတော်ကာကွယ်ရေးအတွက် မရှိမဖြစ်လိုအပ်သော ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း၍ ဝန်ထမ်းများအားလုံး ရှင်းလင်းစွာ သိရှိနိုင်စေရေးအတွက် ကျင်းပခြင်းဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် အလို့ငှာ စစ်ပညာသင်ကြားရန်နှင့် စစ်မှုထမ်းဆောင်ရန်အတွက် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ဥပဒေအမှတ် (၂၇/၂၀၁၀) ဖြင့် ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၄)ရက်တွင် ပြဋ္ဌာန်းခဲ့ပြီး စတင်အာဏာတည်သည့်အချိန်ကို သတ်မှတ်ခဲ့ခြင်း မရှိပါ ကြောင်း၊ ယခုအခါ နိုင်ငံတော်ကာကွယ်ရန် လိုအပ်လာသည့်အတွက် အမိန့်ကြော်ငြာစာအမှတ် (၂၇/၂၀၂၄) ဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၀)ရက်တွင် အာဏာတည်သည့်ရက်အဖြစ် သတ်မှတ်ခဲ့ပါကြောင်း၊ သို့ဖြစ်ရာ ပြည်သူ့စစ်မှုထမ်းဥပဒေပါ ပြဋ္ဌာန်းချက်များကို နိုင်ငံသားတိုင်း သိရှိလိုက်နာဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ အဆိုပါဥပဒေကို အခန်း (၈)ခန်း၊ ပုဒ်မပေါင်း (၃၃)ခုဖြင့် ပြဋ္ဌာန်းထားရှိပါကြောင်း၊ မြန်မာနိုင်ငံသားတိုင်းသည် နိုင်ငံတော်ကာကွယ်ရန်အတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်ကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၄၀၊ ၃၈၅ နှင့် ၃၈၆ တို့တွင် ဖော်ပြထားပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေကို မြန်မာတစ်နိုင်ငံတည်းတွင်သာ ထူးခြားပြီး ပြဋ္ဌာန်းထားခြင်း မဟုတ်ဘဲ အခြားကမ္ဘာ့နိုင်ငံများတွင်လည်း ပြဋ္ဌာန်း၍ ကျင့်သုံးလျက်ရှိပါကြောင်း၊ ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်းအရ နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်နိုင်ရန် အကျုံးဝင်သည့် လူဦးရေ ၁၃ သန်းခန့်ရှိပြီး အမျိုးသားအင်အား ၆ သန်းကျော် အနက် ၁ ရာခိုင်နှုူန်းဖြစ်သော ၆ သောင်း ခန့်သာ ခေါ်ယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ပြီးပါက ဦးစားပေးအလိုက် ဝန်ထမ်း ခန့်အပ်ခြင်း၊ အလုပ်အကိုင်ရရှိခြင်းစသည့် အခွင့်အလမ်းများ ရရှိလာမည်ဖြစ်ပါကြောင်း၊ နိုင်ငံသားတိုင်းသည် မိမိတို့ရပ်ရွာ လုံခြုံစိတ်ချစွာ နေထိုင်လုပ်ကိုင်နိုင်ရေး၊ မိမိတို့၏ အကျိုး စီးပွားဖြစ်ထွန်းစေရေးမှစ၍ ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်စေနိုင်မည့် အချက်များကို ကာကွယ်ရန် တာဝန်ရှိပါကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးတာဝန်သည် မိမိတို့၏ ရပ်ရွာချစ်စိတ်၊ နိုင်ငံချစ်စိတ်တို့ဖြင့် ဆောင်ရွက်ရသည့် တာဝန်ဖြစ်ပြီး တိုင်းရင်းသားများ အားလုံး၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ရသည့်အတွက် လွန်စွာမှ မွန်မြတ်ကြီးကျယ်သော လုပ်ငန်းတစ်ရပ်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်း ဥပဒေကို လိုက်နာရသကဲ့သို့ နိုင်ငံတော်ကပြဋ္ဌာန်းထားသည့် ဥပဒေများကိုလည်း လိုက်နာရန်ဖြစ်ပြီး မိမိတို့ သိရှိထားသည့် အသိပညာများကို သေချာစွာလေ့လာ၍ တိုင်းရင်းသားပြည်သူများ လိုက်နာနိုင်ရေး အတွက်လည်း လက်ဆင့်ကမ်း အသိပညာပေး ရှင်းလင်းပြောကြားရန်လိုအပ်ပါကြောင်း၊ တိုင်းရင်းသားတိုင်းသည် နိုင်ငံသားဖြစ်ပြီး နိုင်ငံသားတိုင်းသည် အမျိုးသားရေးတာဝန်(၃)ရပ်ကို လိုက်နာရန် တာဝန်ရှိသည့်အတွက် ဝန်ထမ်းများအနေဖြင့် ယခုကာလတွင် မိမိတို့ ပတ်ဝန်းကျင်ရှိ တာဝန်ထမ်းဆောင်ကြရမည့် တိုင်းရင်းသားပြည်သူများအား မိမိတို့သိရှိထားသည်များကို အပြုသဘောဖြင့်ဝေမျှပြီး နိုင်ငံတော်၏အကျိုးအတွက် ကျရာအခန်းကဏ္ဍမှတစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်း လိုပါကြောင်း ပြောကြားပါသည်။ထို့နောက် ဒုတိယဝန်ကြီးက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ စစ်မှုထမ်းဆင့်ခေါ်ခြင်း၊ စစ်မှုထမ်းကာလအတွင်း အကျိုးခံစားခွင့်များ၊ လျာထားစီမံချက်၊ ကင်းလွတ် ခွင့်ရှိသူများ၊ ရှောင်လွှဲပါက ကျသင့်မည့် ပြစ်ဒဏ်များ၊ ယာယီရွှေ့ဆိုင်းခွင့်ရှိသူများ၊ စစ်မှုထမ်းရမည့် အသက် အရွယ်အပိုင်းအခြား၊ သတ်မှတ်ကာလ၊ စစ်မှုထမ်းစနစ်ကို ကျင့်သုံးရသည့် အကြောင်းအရင်း၊ စစ်မှုထမ်းစနစ်နှင့်စပ်လျဉ်း၍ ကျင့်သုံးလျက်ရှိသည့် ကမ္ဘာ့နိုင်ငံများအကြောင်းတို့ကို ဆွေးနွေးပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်သူ့စစ်မှုထမ်း ဥပဒေအရ ပြည်သူ့ စစ်မှုထမ်းများ ခေါ်ဆိုနိုင်ရန် စနစ်တကျ စီစစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံသားများသာလျှင် ဂုဏ်ယူစွာ ဖြင့် စစ်မှုထမ်းဆောင်ခွင့် ရရှိခြင်းဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှု ထမ်းဆောင်ခြင်းဖြင့် တပ်မတော်နှင့် ပြည်သူတစ်သားတည်းဖြစ်လာပြီး နိုင်ငံတော်ကာကွယ်ရေးတွင် အင်အား တောင့်တင်းလာနိုင်မည်ဖြစ်ပါကြောင်း၊ ထိုမှတစ်ဆင့် အချင်းချင်း လေးစားယုံကြည် အကျိုးလိုလားပြီး ငြိမ်းချမ်းရေးရရှိ၍ စည်းလုံးညီညွတ်ကာ တိုင်းပြည်ငြိမ်းချမ်းသာယာ၍ နိုင်ငံ တော် ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပါကြောင်း ပြောကြားပါသည်။ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးရုံးမှ အမြဲတမ်းအတွင်းဝန်၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ပြည်သူ့စစ်မှုထမ်းဥပဒေပါ အခန်း(၈)ခန်းကို အသီးသီး ရှင်းလင်းပြောကြားပြီးနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖြင့် “ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ”ကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ်(၂) ရပ်ကွက်၊ အကွက်အမှတ်(၂၂)၊ ခပေါင်းရေကြည်ရပ်၌ ဖွင့်လှစ်လျက်ရှိပါသည်။ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းသည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ကယားပြည်နယ်ညွှန်ကြားရေးမှူးရုံးနှင့် ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများ လိုက်ပါလျက် မတ်လ(၁၉)ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ၌ဖွင့်လှစ်ခဲ့သည့် အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ ပထမဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက သင်တန်းဆင်းအမှာစကားပြောကြားရာတွင် ဤအခြေခံကွန်ပျူတာသင်တန်းသို့တက်ရောက်ခဲ့သည့် သင်တန်းသား/သင်တန်းသူများအနေဖြင့် သင်တန်းကာလမှာ (၁) လ ဖြစ်သော်လည်း အချိန် (၁) လ နှင့် ထိုက်တန်သည့်ပညာတစ်ခုရရှိခဲ့ပြီး အထိုက်အလျောက်တတ်မြောက်ပြီးဖြစ်သည်ဟု ယုံကြည်ပါကြောင်း၊ တက်မြောက်ပြီးသည့် ပညာများကိုလည်း မမေ့မလျော့အောင် အမြဲလေ့ကျင့်စေလိုကြောင်း၊ တတ်နိုင်သူများအနေဖြင့် အဆင့်မြင့် ကွန်ပျူတာစာရင်းကိုင်သင်တန်းများအားလည်း ထပ်မံသင်ကြား လေ့လာစေလိုပါကြောင်း၊ သင်တန်းစင်တာအနေဖြင့် အခြားသောဌာနများနှင့် သင်တန်းများ မထပ်စေရန် ရွေးချယ်ဖွင့်လှစ်ရပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်း/အဖွဲ့/ ကော်မတီများကိုအခြေခံ၍ သင်တန်းသားများ ခေါ်ယူသည့်အတွက် တိုင်းရင်းသား မျိုးနွယ်စုများ စုံလင်စွာ တက်ရောက်ခွင့်ရရှိကြပါကြောင်း၊ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုရရှိပြီး ယဉ်ကျေးမှု ဓလေ့ထုံးစံများဖလှယ်သည့် နေရာဖြစ်ပါကြောင်း၊ မိမိတို့ နေရာဒေသ ပြန်လည်ရောက်ရှိသည့်အခါ အခြားဒေသခံများသို့ လက်လှမ်းမီသလောက် ဤသင်တန်းစင်တာမှ ဖွင့်လှစ်သည့် သင်တန်းများ တက်ရောက်ရသည့်အကျိုးများကို လက်ဆင့်ကမ်း ပြောကြားစေလိုပါ ကြောင်း၊ သင်တန်းမှ သင်ပေးလိုက်သည့်ပညာရပ်များကို မိမိရပ်ရွာကို အထောက်အကူပြု၊ အကျိုးပြု စေလိုကြောင်းပြောကြားခဲ့ပါသည်။ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့်သင်တန်းသူများအား ဆုချီးမြှင့်ခြင်း၊ တိုင်းရင်းသားအခွင့်အရေး များကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကယားပြည်နယ်ညွှန်ကြားရေးမှူးရုံး၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ကယားပြည်နယ် ညွှန်ကြား ရေးမှူးရုံး၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးတို့မှ တာဝန်ခံအရာရှိများက သင်တန်းသား/ သင်တန်း သူများအားသင်တန်းဆင်းအောင်လက်မှတ်များပေးအပ်ခြင်း၊ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ တာဝန်ခံအရာရှိက သင်တန်းဆရာမများအတွက် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများပေးအပ်ခြင်း၊ သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခြင်းနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့ပြီး အခမ်းအနားကိုပိတ်သိမ်းခဲ့ပါသည်။ အဆိုပါသင်တန်းကို (၁၉-၂-၂၀၂၄)ရက်နေ့မှ (၁၉-၃-၂၀၂၄) ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး ရှမ်းပြည်နယ်အတွင်းရှိ ရှမ်း၊ ပအိုဝ်း၊ ဓနု၊ တောင်ရိုး၊ အင်းသား၊ လီဆူ၊ ယင်းကြား၊ ယင်းနက်၊ ထနော့ စသည့် တိုင်းရင်းသားမျိုးနွယ်စုမှ သင်တန်းသူ/သား(၂၀) ဦး တက်ရောက်သင်ကြားခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာနတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် “လူသုံးကုန်ပစ္စည်းများထုတ်လုပ်မှု နည်းပညာသင်တန်း” ဆင်းပွဲအခမ်းအနားကို မတ်လ ၂၁ ရက်နေ့ မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြပါသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် “လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်မှုနည်းပညာသင်တန်း'ကို လာရောက်သင်ကြားပို့ချပေးသည့် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ နည်းပြဆရာမများ၊ ပံ့ပိုးကူညီဆောင်ရွက်ပေးသည့် တာဝန်ရှိပုဂ္ဂိုလ်များ အားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ယခုဖွင့်လှစ်ခဲ့သည့် သင်တန်းသည် မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများအား လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့် နည်းပညာများကို သင်ယူတတ်မြောက်စေရန်၊ တတ်မြောက်လာသည့်နည်းပညာကို ဖန်တီးအသုံးချ၍ ဝန်ထမ်းမိသားစုများ သက်သာချောင်ချိရေးအတွက် နောင်တစ်ချိန်တွင် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိစေနိုင်သည့် အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများကို တစ်ပိုင်တစ်နိုင် ထူထောင်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ သင်တန်းပြီးမြောက်အောင်မြင်သွားပြီဖြစ်ပါကြောင်း၊ ယခုသင်တန်းမှ သင်ကြားပေးလိုက်သော ပညာရပ်များ၊ နည်းပညာများမှတစ်ဆင့် မိမိဘာသာဆင့်ပွားဆန်းသစ်တီထွင်၍ ပိုမိုအရည်အသွေးမြင့်မားသည့် ကုန်ပစ္စည်းများဖြစ်စေရန် ကြိုးစား ဆောင်ရွက်ပြီး ဈေးကွက်သို့ တင်ပို့နိုင်မည်ဆိုပါက အချိန်တိုအတွင်း မိသားစုစီးပွားရေးတိုးတက် နိုင်မည့် အခွင့်အလမ်းတစ်ရပ်ဖြစ်ပါကြောင်း၊ အသက်မွေးဝမ်းကျောင်းပညာရပ်များ တတ်မြောက် ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပြီး မိမိတို့၏ နေ့စဉ် လစဉ် နှစ်စဉ် ဝင်ငွေများကို သမာအာဇီဝကျကျ ရှာဖွေဆောင်ရွက်နိုင်ကြမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ဒေသထွက်ကုန်ပစ္စည်းများကို သက်ဆိုင်ရာဒေသအလိုက် ချိတ်ဆက်ပေါင်းစပ်ဆောင်ရွက်၍ မိမိဒေသတွင်သာမက တိုင်းဒေကြီး၊ ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ သုံးစွဲနိုင်ရေး ကြိုးစားဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ သင်တန်းသူ၊ သင်တန်းသားများအနေဖြင့် သင်တန်းမှ လေ့လာသင်ယူခဲ့ရသည့် နည်းပညာ၊ ဗဟုသုတများကို အသုံးချ၍ ကိုယ်ပိုင်အသေးစား၊ အငယ်စားမှသည် အလတ်စားလုပ်ငန်းများ ထူထောင်ကာ မိသားစုစီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိစေရန် ဆောင်ရွက်နိုင်ရုံ သာမက ဝင်ငွေတိုးပွားပြီး ဘာသာ သာသနာအကျိုး၊ နိုင်ငံ့အကျိုးကို ဆောင်ရွက်နိုင်ကြပါစေကြောင်း ပြောကြားပါသည်။ထို့နောက် ဒုတိယဝန်ကြီးဦးဇော်အေးမောင်က သင်တန်းသား၊ သင်တန်းသူများအနေဖြင့် မိမိတို့ ယခုလေ့လာသင်ယူခဲ့ရသည့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့် နည်းပညာများကို ကျွမ်းကျင်ပိုင်နိုင်စေရေးအတွက် အကြိမ်ကြိမ် ပြန်လည်လေ့ကျင့်၍ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ တိုင်းရင်းသားပြည်သူများအား ပြန်လည်မျှဝေ သင်ကြားပေးသွားရန်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအတွင်း၌လည်း အဆိုပါနည်းပညာများကို အသုံးပြု၍ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ပြီး ဝန်ထမ်းများအချင်းချင်း၊ ဝန်ကြီးဌာနအချင်းချင်း အပြန်အလှန် ဝယ်ယူ အားပေးခြင်းဖြင့် ဝန်ထမ်းများ၏ သက်သာချောင်ချိရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရမှလည်း ဒေသအလိုက် အဓိကထုတ်ကုန်များကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်ရေးနှင့် အသေးစား၊ အငယ်စား၊ အလတ်စား၊ အကြီးစားစီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်ဆောင်ရွက်လျက်ရှိရာ ယခုသင်တန်းမှ လေ့လာသင်ယူခဲ့ရသည့် နည်းပညာရပ်များသည် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံဖြိုးတိုးတက်ရေး အတွက် အုတ်တစ်ချပ် သဲတစ်ပွင့်ဖြစ်ပါစေကြောင်း ပြောကြားပါသည်။ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သင်တန်းနည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ရာ သင်တန်းသားများကိုယ်စား သင်တန်းသား(၁)ဦးကလည်းကောင်း၊ သင်တန်းသူများကိုယ်စား သင်တန်းသူ (၁) ဦးကလည်းကောင်း လက်ခံရယူကြပါသည်။ယင်းနောက် သင်တန်းတွင် ပထမဆုရရှိသည့် သင်တန်းသူအား ပြည်ထောင်စုဝန်ကြီးက လည်းကောင်း၊ ဒုတိယဆုရရှိသည့် သင်တန်းသူအား ဒုတိယဝန်ကြီးကလည်းကောင်း၊ တတိယဆုရရှိသည့် သင်တန်းသားအား အမြဲတမ်းအတွင်းဝန်ကလည်ကောင်း အသီးသီးဆုများ ချီးမြှင့် ပေးအပ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင် စကားပြောကြားပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သင်တန်းသား၊ သင်တန်းသူများမှ ထုတ်လုပ် ထားသည့် လူသုံးကုန်ပစ္စည်းများကို လှည့်လည်ကြည့်ရှုရာ ဆုရရှိကြသည့် သင်တန်းသား၊ သင်တန်းသူများက ထုတ်ကုန်ပစ္စည်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဦးစီး၍ “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း နှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်” နှင့် “ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲ၊ လက်သန့်ဆေးရည် လူသုံးကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း’’ အခမ်းအနားကို (၁၃-၃-၂၀၂၄) ရက်နေ့တွင် တိုက်ကြီးမြို့နယ်၊ ဖလုံဘူတာ ကျေးရွာ၊ ဃောသိတာရုံကျောင်းတိုက် ၊ မိုးဆန်းပန်း ဓမ္မစကူးလ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် တိုက်ကြီးခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ ဦးမြဝင်းက လူငယ်နှင့် အလုပ်အကိုင် အခွင့်အလမ်းများအကြောင်းကို လည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြား ရေးမှူးရုံးမှ ညွှန်ကြားရေးမှူး၊ ဦးပြေဟိန်းနိုင်က တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အကြောင်း၊ ပုံပြပုံပြင်စာအုပ် ထုတ်ဝေပေးမှုနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအကြောင်း၊ တိုင်းရင်းသားဘာသာသင် TA/LT ဆရာများ ခန့်ထားခြင်း ဆိုင်ရာအကြောင်းတို့ကို လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်အေးအေးက လူဝင်မှုကြီးကြပ် ရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအကြောင်း၊ နိုင်ငံသားစိစစ်ရေးကဒ်ပြားနှင့် အိမ်ထောင်စုဇယားဆောင်ရွက်ရန်လိုအပ်မှု အခြေအနေ၊ ပန်းခင်းစီမံချက် ဆောင်ရွက်မှု အခြေအနေ၊ တိုင်းရင်းသားလူငယ်များကျောင်း စတင်အပ်နှံချိန်မှစ၍ မိမိတို့ လူမျိုးများ၏ ဝိသေသ ရှေ့ဆောင် စကားလုံးများ ပါဝင်ထည့်သွင်း၍ ကျောင်းအမည်စာရင်းသွင်းရန် အကြောင်းတို့ကို လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြောက်ပိုင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ခင်စန်းမြင့်က အမျိုးသမီးများအခွင့်အရေး၊ လူငယ်ရေးရာမူဝါဒများ၊ လူမှုရေးပင်စင်အကြောင်းတို့ကို လည်းကောင်း၊ သမဝါယမဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးအုန်းထွန်းက သမဝါယမဝန်ကြီးဌာန၏ သမဝါယမ အကြောင်းသိကောင်းစရာများကိုလည်းကောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ပပဖြိုးက အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏အကြောင်း၊ အသေးစား စက်မှုနှင့် အသေးစားလက်မှုလုပ်ငန်းအကြောင်း၊ သင်တန်းဖွင့်လှစ်ပေးမှုအခြေအနေနှင့် သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ သင်တန်းတွင် သင်ကြားပေးမည့်အကြောင်းအရာများနှင့် အမျိုးအစားတို့ကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်ဖြူဖြူဝင်းက တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများအကြောင်းနှင့် ရပ်ရွာအခြေပြု အသက် မွေးဝမ်းကျောင်းပညာလိုအပ်ချက် စစ်တမ်းကောက်ယူရခြင်း အကြောင်းအရာများကို လည်း ကောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဝန်ထမ်း များက ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်မှုဆန်းစစ်ချက် စစ်တမ်းမေးခွန်း လွှာများအား ရှင်းလင်းခြင်းနှင့် စစ်တမ်းကောက်ယူခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ တက်ရောက် လာကြသော ဒေသခံတိုင်းရင်းသား (၆၀)ဦး ဖြေဆိုခဲ့ပါသည်။ အခမ်းအနားသို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားများအပါအဝင် ဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် လူသုံးကုန်ပစ္စည်းများထုတ်လုပ်မှု နည်း ပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို မတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူး ချုပ်များ၊ အရာထမ်းများ၊ အမှုထမ်းများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ဤသင်တန်းကို မိမိ တို့ဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့် နည်း ပညာများကို သင်ယူတတ်မြောက်စေရန်၊ တတ်မြောက်လာသည့်နည်းပညာကို အသုံးချ၍ ဝန်ထမ်း မိသားစုများ သက်သာချောင်ချိရေးအတွက် နောင်တစ်ချိန်တွင် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိ စေ နိုင်သည့် အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများကို တစ်ပိုင်တစ်နိုင် ထူထောင်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ပို့ချရခြင်းဖြစ်ပါကြောင်း၊ ယခုသင်တန်းတွင် နေ့စဉ်လူအများ မရှိမဖြစ်သုံးစွဲ လျက် ရှိသော လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့် နည်းပညာများကို သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်တန်း နည်းပြများက သင်ကြား ပို့ချပေးသွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်မှ ချမှတ်ထားသည့် စီးပွားရေး ဦးတည်ချက် (၃)ရပ်တွင် “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး” ဟူ၍ ပါရှိပါကြောင်း၊ အဆိုပါဦးတည်ချက်နှင့်အညီ မိမိတို့ဝန်ကြီးဌာနသည်လည်း နိုင်ငံသူ၊ နိုင်ငံသားများနှင့် တိုင်းရင်းသား လူမျိုးများ၏ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်၊ MSME လုပ်ငန်းများ ကျယ်ပြန့်လာစေရန် အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင် အသက်မွေးဝမ်းကျောင်းပညာ သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချပေး လျက်ရှိ ပါကြောင်း၊ ထို့အပြင် “ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာ သင်တန်းစင်တာ”ကို မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူး ရန်ပုံငွေ၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေများဖြင့် တည် ဆောက်နိုင်ခဲ့ပြီး (၅-၂-၂၀၂၄) ရက်နေ့တွင် ရှမ်းပြည်နယ်၊အေးသာယာမြို့၌ဖွင့်လှစ်ပေးနိုင်ခဲ့ပါကြောင်း၊ အဆိုပါစင်တာတွင် ဖွင့်လှစ် သင်ကြားပေးလျက်ရှိသည့် အသက်မွေးဝမ်းကျောင်းပညာ သင်တန်း များသို့ လာရောက်သင်ယူကြသည့် သင်တန်းသားများအတွက် နေစရိတ်၊ စားစရိတ်ငြိမ်း စီစဉ်ပေး လျက်ရှိပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ယခုသင်တန်းက သင်ကြားပို့ချပေး သည့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့် နည်းပညာများကို ကြိုးစားသင်ယူပြီး တစ်ဖက်တစ်လမ်း မှ အပိုဝင်ငွေရရှိရေးအတွက် ပြန်လည်အသုံးချနိုင်ရန် ကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ ကိုယ်ပိုင် အသေးစားလုပ်ငန်းများကို ထူထောင်နိုင်ပြီး တစ်ပိုင်တစ်နိုင် လုပ်ငန်းမှသည် နိုင်ငံတော်မှ ချမှတ် ထား သည့် စီးပွားရေးဦးတည်ချက်ကို အထောက်အကူပြုနိုင်သည့် စီးပွားဖြစ်လုပ်ငန်း များဆီသို့ တက်လှမ်း နိုင်ရေးအတွက် မိမိကျရာအခန်းကဏ္ဍမှ အားကြိုးမာန်တက် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်း လိုပါကြောင်း ပြောကြားပါသည်။ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာ ကွယ် စောင့်ရှောက်သည့် ဥပဒေတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ တာဝန် တစ်ရပ် အနေဖြင့် တိုင်းရင်းသားလူမျိုးများ၏ လူမှုူစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန် ဟူ၍ ပါရှိပါ ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ယခုသင်ကြားပို့ချသည့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့် နည်းပညာများကို အောင်မြင်စွာတတ်မြောက်၍ မိမိဒေသ ပတ်ဝန်းကျင်ရှိ တိုင်းရင်း သားပြည်သူများအားအသိပညာ၊နည်းပညာများပြန်လည်မျှဝေသင်ကြားပေးနိုင်သူများဖြစ်ရန် ကြိုးစား လေ့လာသင်ယူကြရမည်ဖြစ်ပါကြောင်း၊ ယနေ့ကမ္ဘာတွင် One Village One Product (OVOP) ဖြင့် နိုင်ငံအများစုသည် စီးပွားရေး အောင်မြင်မှု ရရှိလာသည်ကို တွေ့မြင်နိုင်ပါကြောင်း၊ နိုင်ငံတော် အစိုးရ မှလည်း ကျေးရွာတစ်ခု ထုတ်ကုန် တစ်ခု (One Village One Product)၊ ဒေသတစ်ခု ထုတ်ကုန် တစ်ခု (One Region One Product) ဟူသော အစီအစဉ်များဖြင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ကျေးလက်ဒေသများ ဖွံ့ဖြိုးရေး၊ ဒေသအလိုက် အဓိကထုတ်ကုန်များကို အခြေခံသည့် ကုန်ထုတ် လုပ်မှုများကို အားပေးဆောင်ရွက်ရေးနှင့် အသေးစား၊ အငယ်စား၊ အလတ်စား၊ အကြီးစားစီးပွားရေး (MSME) လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်ဆောင်ရွက် လျက်ရှိပါကြောင်း၊ သို့ဖြစ်ရာ နိုင်ငံတော် က ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်တို့နှင့် အညီ MSME လုပ်ငန်း များ အား ဖွံဖြိုးတိုးတက်စေရေးအတွက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ဖွင့်လှစ်ပို့ချပေးသည့်ယခုသင်တန်းသည် တိုင်းရင်းသား များ၏လူမှုစီးပွားဘဝဖွံဖြိုးတိုးတက်ရေးအတွက် အထောက် အပံ့ဖြစ်ပါစေကြောင်း ပြောကြားပါ သည်။ ထို့နောက် သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများက တစ်ဦးချင်း မိတ်ဆက် စကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်း နည်းပြ များ၊ သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးပြီး အခမ်းအနား ကို ရုပ်သိမ်းခဲ့ပါသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းတွင် အသုံးပြုမည့် အထောက်အကူပစ္စည်း များကို လိုက်လံကြည့်ရှုပြီး သင်တန်းနည်းပြများက ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။ယခုသင်တန်းကို (၁၄-၃-၂၀၂၄) ရက်နေ့မှစ၍ (၅) ရက်ကြာ စာတွေ့လက်တွေ့သင်ကြား ပို့ချ ပေးမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူစုစုပေါင်း(၂၀)ဦး တက်ရောက်သင်ကြားမည် ဖြစ်ကြောင်း သိရှိရပါသည်
ဆက်လက်ဖတ်ရှုပါရန်မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖြင့် “ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ”ကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ်(၂) ရပ်ကွက်၊ အကွက်အမှတ်(၂၂)၊ ခပေါင်းရေကြည်ရပ်၌ ဖွင့်လှစ်လျက်ရှိပါသည်။ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းသည် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ တာဝန်ခံအရာရှိ ဦးချစ်ဇော်လင်းနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများလိုက်ပါလျက် မတ်လ(၁၁)ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ၌ ဖွင့်လှစ်သည့် မော်တော် ဆိုင်ကယ်စက်ပြင်သင်တန်း(၂/၂၀၂၄)ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ ပထမဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်းသို့ တက်ရောက်လာကြသည့် သင်တန်းသား/သူများအနေဖြင့် စည်းစည်းလုံးလုံးနေထိုင်ရမည်ဖြစ်ကြောင်း၊ ကျောင်းနေကျောင်းစား (အခမဲ့) သင်တန်းဖြစ်သည့်အတွက်သင်တန်းပြီးဆုံးသည်အထိတက်ရောက်စေလိုပါကြောင်း၊ စင်တာမှ ချမှတ်ထားသောစည်းကမ်းများကိုလေးစားလိုက်နာရန်လိုကြောင်း၊ ယခုသင်တန်းကိုစိတ်ပါဝင် စားစွာသင်ယူကြပြီး သင်တန်းပြီးဆုံးသွားချိန်တွင်လည်း ပြန်လည်အသုံးချနိုင်သည်အထိ ပညာ ရပ်များအား စိတ်ပါဝင်စားစွာ သေချာသင်ကြားလေ့လာမှတ်သားရန်လိုပါကြောင်း အစကောင်းမှ အနှောင်းသေချာမည်ဆိုသည့်စကားအတိုင်း နေမှုထိုင်မှုမှအစ ယဉ်ကျေးသိမ်မွေ့ကြရန် လိုပါကြောင်း ပြောကြားခဲ့ပါသည်။ထို့နောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ဇော်လင်းက အမှာစကားပြောကြားရာတွင် ဤသင်တန်းစင်တာကို မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေနှင့် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေများဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ သင်တန်းများကို တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ပြီး ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ သင်တန်းစင်တာမှ ချမှတ်ထားသည့် စည်းကမ်းချက်များကို သေချာစွာလိုက်နာကြစေလိုပါကြောင်း၊ သင်တန်းသားများအနေဖြင့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၏ နိုင်ငံတော်အကြီးအကဲများနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ တိုင်းရင်းသားလူမျိုးများ အပေါ်ထားရှိသည့်စေတနာများအားသိရှိနားလည်တန်ဖိုးထားစေလိုပါကြောင်း၊ မိမိတို့၏အပြုအမူ များသည် မိမိတို့တိုင်းရင်းသားမျိုးနွယ်စု၏ပုံရိပ်မှတစ်ဆင့်၊ ဌာနနှင့်နိုင်ငံတော် အပေါ်ထင်ဟပ်စေ မည်ဖြစ်၍ အပြုအမူများကို ဂရုတစိုက်ပြုမူနေထိုင်သင့်ပါကြောင်း၊ ယခုသင်တန်းမှ သင်ယူတတ် မြောက်သွားသောပညာရပ်အားလက်တွေ့အသုံးချပြီး ဆက်လက်ပြန့်ပွားနိုင်ရန် ကြိုးစားဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ သင်တန်းများ ဖြစ်မြောက်စေရန် ဆောင်ရွက်ပေးပါသော ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် သင်ကြားပေးပါသော ဆရာ/ဆရာမ အားလုံးကိုလည်း အထူးကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့ပါသည်။ ယင်းနောက် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့ပေးသည့် သင်ထောက်ကူပစ္စည်းများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံး တာဝန်ခံ အရာရှိ၊ တိုင်းရင်းသားစားပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ကယားပြည်နယ်ညွှန်ကြားရေးမှူးရုံး တာဝန်ခံအရာရှိနှင့် ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ တာဝန်ခံအရာရှိတို့ကပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးပြီးနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီးဦးအောင်ကြည်ဝင်းသည် သင်တန်းစင်တာတွင် သင်တန်းသားများ သင်ကြား/သင်ယူနေမှုများကို လှည့်လှည်ကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။အဆိုပါသင်တန်းကို (၁၁-၃-၂၀၂၄)ရက်နေ့မှ (၅-၄-၂၀၂၄) ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး ရှမ်းပြည်နယ်အတွင်းရှိ ရှမ်း၊ ပအိုဝ်း၊ ဓနု၊ တောင်ရိုး၊ အင်းသား၊ ဗမာ၊ ကယား၊ ထနော့ စသည့် တိုင်းရင်းသားမျိုးနွယ်စုများမှ သင်တန်းသူ/သား(၂၀)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အမှုထမ်းများ ရုံးလုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို မတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ သင်တန်းသား၊ သင်တန်းသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီး/ ပြည်နယ် ညွှန်ကြားရေးမှူးရုံးများနှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)မှ သင်တန်းသား၊ သင်တန်းသူများက အွန်လိုင်းမှ တက်ရောက်ခဲ့ကြပါသည်။ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ အမှုထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းအမှတ်စဉ်(၁/ ၂၀၂၄) ကို (၂၇-၂-၂၀၂၄)ရက်နေ့မှစ၍ ရက်သတ္တ(၂)ပတ်ကြာ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား သင်တန်းသူ (၅၈) ဦးတို့အား သင်တန်းပို့ချနိုင်ခဲ့ပါကြောင်း၊ သင်တန်းကို အောင်မြင်ပြီးမြောက်အောင် အဖက်ဖက်မှ ဆောင်ရွက်ပေးကြသော သင်တန်းနည်းပြ ဆရာ၊ ဆရာမများနှင့်တကွ တာဝန်ရှိသူများအားလုံး ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ဝန်ကြီးဌာန၏ ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဝန်ကြီး ဌာနရှိ ဝန်ထမ်းတစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်မြင့်မားလာရေးကို ဦးတည်ပြီး ဌာနတွင်း စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ် ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိဝန်ကြီးဌာန၏ မူဝါဒ၊ လုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းစဉ် များနှင့် ရုံးလုပ်ငန်းများကို ကျွမ်းကျင်နှံ့စပ်စွာ သိရှိနားလည်ခြင်းအားဖြင့် ဌာနတွင်း လုပ်ငန်း တာဝန်များ ဆောင်ရွက်ရာတွင်ဖြစ်စေ၊ ပြည်သူကို ဝန်ဆောင်မှုပေးရာတွင်ဖြစ်စေ၊ သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင်ဖြစ်စေ ထိရောက်မှန်ကန် မြန်ဆန်စွာ ဖြင့် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ သည် နိုင်ငံတော်အစိုးရကိုယ်စား တာဝန်ထမ်းဆောင်ကြသူများဖြစ်သည့်အတွက် အစိုးရနှင့် ပြည်သူများအကြား ပေါင်းကူးဆက်စပ် ပေးသည့် လူပုဂ္ဂိုလ်များ၊ ဌာနများဖြစ်သည်ကို မိမိတို့၏ အသိစိတ်မှ သိရှိမှတ်သားထားရန်နှင့် နိုင်ငံသူ၊ နိုင်ငံသားများ၏ အကျိုးစီးပွားကို မှန်ကန် သစ္စာရှိစွာ ဖော်ဆောင်ပေးနိုင်သူများဖြစ်စေရန် အထူးလိုအပ်ပါကြောင်း၊ မိမိတို့တာဝန် ထမ်းဆောင်လျက်ရှိသည့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များ တွင်လည်း ပြည်သူ့ဝန်ဆောင်မှုနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို စိတ်ထားစေတနာ မှန်ကန်စွာဖြင့် ဝိုင်းဝန်းဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ ယခုသင်တန်းမှ သင်ကြား ပို့ချခဲ့သည့် ဘာသာရပ်များကို ကောင်းမွန်စွာ လေ့လာမှတ်သားပြီး လုပ်ငန်းခွင်၊ လက်တွေ့ နယ်ပယ်များနှင့်ချိတ်ဆက်၍ စဉ်ဆက်မပြတ်လေ့လာကြိုးစား အားထုတ်ပြီး လုပ်ငန်းခွင်တွင် ထိရောက်မှန်ကန်စွာ လက်တွေ့ကျကျ အသုံးချဆောင်ရွက်ပါက အောင်မြင်မှုရရှိလာမည် ဖြစ်ပါကြောင်း၊ သင်တန်းမှ ရရှိသည့် အတွေးအခေါ်၊ ဗဟုသုတများကို အခြေခံ၍ နိုင်ငံတော်နှင့် ဝန်ကြီးဌာန၏ အကျိုးစီးပွားကို ရလဒ်ကောင်းများ ဖြစ်ထွန်းစေရေးအတွက် မိမိတို့တာဝန်ကျရာ နေရာဒေသ၊ အခန်းကဏ္ဍများမှ အားကြိုးမာန်တက် စဉ်ဆက်မပြတ် ဆက်လက် တာဝန် ထမ်းဆောင်နိုင်ကြပါစေကြောင်း ပြောကြားပါသည်။ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်၏ ယန္တရားလည်ပတ်ရေးအတွက် မောင်းနှင်အားပင်ဖြစ်ပါကြောင်း၊ ဝန်ထမ်းကောင်းမှ နိုင်ငံ ကောင်းမည်ဆိုသည့် စကားအတိုင်း နိုင်ငံတော်၏ ယန္တရားများ ဟန်ချက်ညီစွာ လည်ပတ်နိုင်ရေးအတွက် ဝန်ထမ်းများ အရည်အချင်းပြည့်ဝပြီး လုပ်ငန်းပိုင်ဆိုင်ရာ အသိအမြင်ဗဟုသုတ ကြွယ်ဝသော စွမ်းဆောင်ရည်မြင့်မားတိုးတက်သည့် ဝန်ထမ်းများဖြစ်စေရေးအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများ ဖွင့်လှစ်ပို့ချခြင်းဖြစ်ပါကြောင်း၊ ယခုသင်တန်းမှ သင်ကြားပို့ချ မှုများကို လေ့လာမှတ်သားလိုက်နာပြီး မိမိတို့၏ လုပ်ငန်းခွင်တွင် လိုအပ်သလို အသုံးချ ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများက ခေါ်ယူသောသင်တန်းများ၊ ဌာနတွင်းသင်တန်းများ အားလုံးကို တက်ရောက်ခြင်းဖြင့် စွမ်းဆောင်ရည် တိုးတက်မြင့်မားလာပြီး လုပ်ငန်းတာဝန် များကို ကျေပွန်စွာထမ်းဆောင်နိုင်မည် ဖြစ်ပါကြောင်း၊ မိမိ၏ အတွေ့အကြုံ၊ ဗဟုသုတ၊ ဆင်ခြင်တုံတရားများဖြင့် အမှားအမှန်ကို ခွဲခြားစိတ်ဖြာဆန်းစစ်နိုင်သော အသိပညာရှိရန် လိုအပ်ပါကြောင်း၊ မိမိတို့၏ အရည်အသွေး၊ အရည်အချင်းများကို မြှင့်တင်နိုင်ရေးအတွက် စဉ်ဆက်မပြတ် လေ့လာသင်ယူကြရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈)၊ ပြဋ္ဌာန်းထားရှိသည့် ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများ၊ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာစည်းမျဉ်း (၃၅/၂၀၁၇)၊ နိုင်ငံ့ ဝန်ထမ်းဥပဒေ၊ နည်းဥပဒေတို့ကို သိရှိလေ့လာထားရန် လိုအပ်ပါကြောင်း၊ မိမိတို့ တာဝန်ယူ ဆောင်ရွက်ရသည့် အဖွဲ့အစည်းအပေါ်တွင် သစ္စာရှိသော၊ တာဝန်ယူသော၊ လိုလားတက်ကြွ စွာဖြင့် ထမ်းဆောင်သော ဝန်ထမ်းကောင်းများအဖြစ် ရပ်တည်ဆောင်ရွက်ရင်း နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် အုပ်တစ်ချပ်၊ သဲတစ်ပွင့်အဖြစ် ပါဝင်ဆောင်ရွက်နိုင်ကြပါစေကြောင်း ပြောကြားပါသည်။ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ရာ သင်တန်းသားများကိုယ်စား သင်တန်းသား(၁)ဦးကလည်းကောင်း၊ သင်တန်းသူများကိုယ်စား သင်တန်းသူ (၁) ဦးကလည်းကောင်း လက်ခံရယူကြပါသည်။ ထို့နောက် သင်တန်းသား သင်တန်းသူများကိုယ်စား သင်တန်းသား (၁) ဦးက ကျေးဇူးတင် စကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တိုင်းဒေသကြီး၊ ပြည်နယ်ညွှန်ကြားရေးမှူးရုံးများမှ တာဝန်ခံအရာရှိများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ပြည်နယ် ညွှန်ကြားရေးမှူးရုံးများမှ တာဝန်ခံအရာရှိများ၊ တာဝန်ရှိသူများတက်ရောက်ကြပြီး ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးများမှ တာဝန်ခံအရာရှိများက Onlilne စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ကျင်းပသည့် အခမ်းအနားသည် (၁-၈-၂၀၂၃) ရက်နေ့မှ (၃၁-၁-၂၀၂၄) ရက်နေ့ထိ (၆) လပတ်ကာလအတွင်း ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်သည့် အစည်းအဝေးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ် ညွှန်ကြားရေးမှူးရုံး များမှ တာဝန်ခံများအနေဖြင့် မိမိတို့၏ လုပ်ငန်းဆောင်ရွက်ချက်များအပေါ် အားနည်းချက်၊ အားသာချက်များကို ပြန်လည်သုံးသပ်ပြီး ပြင်ဆင်သင့်သည်များကို ပြင်ဆင်သွားကြရန် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ် ညွှန်ကြားရေးမှူးရုံးများသည် ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များ၊ မူဝါဒများနှင့်အညီ တိုင်းရင်းသားရေးရာကိစ္စရပ်များကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်နေပါသဖြင့် ဝန်ထမ်းများ၏ လုပ်ငန်း စွမ်းဆောင်ရည် ပြည့်ဝမြင့်မားရေးသည်လည်း လွန်စွာအရေးကြီးပါကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အမျိုးသားစီမံကိန်းဥပဒေပါ လုပ်ငန်း ၂၄ ခုကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ရာနှုန်းပြည့်ပြီးစီးနိုင်ရေး အထူးကြပ်မတ် ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားလိုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် (၆) လပတ် ကာလအတွင်း မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ အထောက်အပံ့ဖြင့် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာ သင်တန်းစင်တာကို ဒေသခံတိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်၍ (၅-၂-၂၀၂၄) ရက်နေ့တွင် ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ ထို့အပြင် ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ(ရန်ကုန်) အဆင့်မြှင့်တင်ခြင်းလုပ်ငန်းနှင့် သောင်တူးခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ခဲ့ခြင်း ကိစ္စရပ်များ၊ ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ တိုင်းရင်းသားစာပေ သင်ကြားရေး အထောက်အကူပြု (TA) ဆရာ၊ ဆရာမများနှင့် တိုင်းရင်းသားစာပေသင် (LT) ဆရာ၊ ဆရာမများ ခန့်ထားနိုင်ခဲ့ခြင်းကိစ္စရပ်များ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ တရားဝင် မှတ်ပုံတင်နိုင်ရေးကိစ္စရပ်များ၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများကို မြန်မာ+တိုင်းရင်းသား ဘာသာများသို့ ပြန်ဆိုထုတ်ဝေနိုင်ခဲ့သည့် ကိစ္စရပ်များကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ တာဝန်ခံများအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန် များကို အချိန်မီပြီးစီး၍ အောင်မြင်ရန် ဆောင်ရွက်ကြစေလိုပါကြောင်း၊ နိုင်ငံတော်မှ ပြဋ္ဌာန်း ထားရှိသည့် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများ၊ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့ကို အထူးအလေးထား လိုက်နာဆောင်ရွက်ကြရန် ဖြစ်ပါကြောင်းနှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် ဝန်ထမ်းများအားလုံး အောင်မြင်ထမြောက်အောင် မိမိတို့ကျရာ ကဏ္ဍမှ အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားပါသည်။ထို့နောက် ဒုတိယဝန်ကြီးဦးဇော်အေးမောင်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁)၊ အခြေခံမူများ၊ ပုဒ်မ ၆ (ခ) နှင့် ၂၂ တို့အရ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး အဆိုပါဥပဒေအရ ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့၌ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာနကို ဖွဲ့စည်းနိုင်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ် တာဝန်ခံများအနေဖြင့် ပြည်ထောင်စု ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များအကြား ကောင်းမွန် ပြေလည်စွာ ဆက်ဆံနိုင်သော အရည်အချင်းရှိရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက် ရာတွင်လည်း မိမိကိုယ်မိမိ ယုံကြည်မှုရှိရန်၊ မိမိတို့ဝန်ကြီးဌာနကို တန်ဖိုးထားလေးစားရန်နှင့် မိမိတို့၏တာဝန်ဝတ္တရားများကို ကျေပွန်အောင် ဆောင်ရွက်ရန်ဖြစ်ပြီး စီမံအုပ်ချုပ်မှုကောင်းမွန် သူများဖြစ်ရန် ကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ တာဝန်ခံများအနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈)၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေနှင့် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှု ဆိုင်ရာစည်းမျဉ်း (၃၅/၂၀၁၇)၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ စာရင်းများ ပြုစုရေးဆွဲရေး နည်းစနစ်တို့ကို ကျေညက်စွာ ဖတ်ရှုသိရှိထားရန် လိုအပ်ပါကြောင်း၊ မိမိတို့ ကိုးကွယ် ယုံကြည်သည့် ဘာသာတရား အဆုံးအမများနှင့်အညီ ကိုယ်ကျင့်တရား ကောင်းမွန်အောင် ကျင့်ကြံနေထိုင်ကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့၏ လုပ်ငန်းစွမ်းဆောင်ရည်များကို စဉ်ဆက်မပြတ် မြှင့်တင်ရန်နှင့် တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးသည် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေးတို့နှင့် အပြန်အလှန် အမှီသဟဲပြုနေသဖြင့် တိုင်းရင်းသား များ၏ အကျိုးစီးပွားကို ရှေ့ရှုဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း ပြောကြားပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးရုံးမှ အမြဲတမ်းအတွင်းဝန်၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တို့က ဌာနအလိုက် လုပ်ငန်းဆောင်ရွက်ထား ရှိမှုအခြေအနေများကို တင်ပြကြပါသည်။ယင်းနောက် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ် ညွှန်ကြားရေးမှူးရုံးများမှ တာဝန်ခံ အရာရှိများက မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် တိုင်းရင်းသားရေးရာ အပါအဝင် အထွေထွေကိစ္စရပ်များကို တင်ပြဆွေးနွေးကြရာ တင်ပြချက်များအပေါ် ဒုတိယ ဝန်ကြီးက ခြုံငုံသုံးသပ်၍ ပေါင်းစပ်ညှိနှိုင်းပေးပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီး၊ ပြည်နယ် တာဝန်ခံများအနေဖြင့် မိမိုတို့ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းကိစ္စများကို အားကြိုးမာန်တက်ဆွေးနွေးတင်ပြခြင်း၊ အကြံပြုတင်ပြခြင်းများအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များ အတွင်းရှိ အရာထမ်း၊ အမှုထမ်းများ အချင်းချင်းစည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်းဆောင်ရွက် ကြရန်နှင့် လုံခြုံရေးအသိ၊ လုံခြုံသတိဖြင့် ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သော ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံသည့် ဒို့တာဝန် အရေး(၃)ပါး ကိုမမေ့လျော့ဘဲ နိုင်ငံသူ၊ နိုင်ငံသားများ မျှော်လင့်တောင့်တနေသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်တွင် မိမိတို့ကျရာ အခန်းကဏ္ဍမှ အားကြိုးမာန်တက် ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းမှာကြားလိုပါကြောင်း နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်