ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

အခြားသတင်းများ

  • 10
  • OCT

  • 10 October 2024
  • ပဲခူးတိုင်းဒေသကြီး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးက ကြီးမှူး၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ  ပဲခူးမြို့နယ်ရှိ တိုင်းရင်းသား ကျောင်းလူငယ်များအား ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသား လူငယ်များဖြစ်စေရေး အသိပညာပေးဟောပြောပွဲကို (၂၆-၉-၂၀၂၄)ရက်နေ့က ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ ညောင်အင်းကျေးရွာအုပ်စု၊ အ.လ.က-(ညောင်အင်း) တွင်  ပထမအကြိမ် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် အ.လ.က(ညောင်အင်း)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ရပ်မိရပ်ဖများ၊  ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် တိုင်းရင်းသားအခွင့်အ‌ရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခိုင်ရွှေဝါက ဗလငါးတန် နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များ ဖြစ်ပေါ်စေရေးနှင့် လူငယ်ရေးရာကဏ္ဍ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်နီနီဝင်းသန်းက တိုင်းရင်းသားဘာသာ စာပေသင်ကြားရေးဆိုင်ရာလုပ်ငန်းများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တိုင်းဒေသ ကြီးပညာရေးမှူးရုံးမှ ဒုတိယတိုင်းပညာရေးမှူး ဦးခင်အောင်ရီက ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ  တိုင်းဒေသကြီးဦးစီးမှူး ဒေါ်မေသန်းနိုင်က အစားအသောက်နှင့် ဆေးဝါးအရည်အသွေးပြည့်မီ၊ ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ပဲခူးခရိုင်အားကစားမှူး ဒေါ်သန္တာဝင်းက လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သန္တာထွေးက ကလေးသူငယ်အခွင့်အရေးအများနှင့် ကာကွယ်စောင့်ရှောက်ရေး  ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးဟောပြောခဲ့ကြပါသည်။ ဆက်လက်၍ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က ဟောပြောပို့ချပေးသော ဌာနဆိုင်ရာများမှ တာဝန်ရှိသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပြီး တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ခိုင်ရွှေဝါက ကျောင်းစာကြည့်တိုက်အတွက် အလှူငွေ ကျပ်တစ်သိန်းငါးသောင်းတိတိအား အ.လ.က(ညောင်အင်း) ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်လှူဒါန်းခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 27
  • SEP

  • 27 September 2024
  • နေပြည်တော်

နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၊သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းဆပ်ကော်မတီနှင့်တိုင်းဒေသကြီးနှင့်ပြည်နယ်သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းဆပ်ကော်မတီများ၏ ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ် လုပ်ငန်းစီမံကိန်းများ လျာထားခြင်းနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို (၂၄-၉-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာသာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်း ဆပ်ကော်မတီဥက္ကဌ၊တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီးဦးဇော်အေးမောင်က တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ အစည်းအဝေးသို့တိုင်းဒေသကြီး နှင့်ပြည်နယ်ဒေသ ဆိုင်ရာသာသနာရေးနှင့် ယဉ်ကျေးမှုဆပ်ကော်မတီ၊ ဥက္ကဌများ၊လုပ်ငန်းဆပ်ကော်မတီဝင် တိုင်းရင်း သားလူမျိုးများရေးရာ ဝန်ကြီးဌာန၊တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ တိုင်းရင်းသား အခွင့် အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတို့မှညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ခဲ့ကြပါသည်။  အစည်းအဝေးတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းဆပ်ကော်မတီ ဥက္ကဋ္ဌ၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က အဖွင့်အမှာစကား ပြောကြားရာတွင်နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖေါ်ရေး လုပ်ငန်းကော်မတီ၏၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်လျာထားစီမံကိန်းလုပ်ငန်းများလျာထားခြင်းနှင့် စပ်လျဉ်း၍ လိုအပ်သည်များကိုတိုင်းဒေသကြီးနှင့်ပြည်နယ် သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းဆပ်ကော် မတီများနှင့်ညှိနှိုင်းဆွေးနွေးစိစစ်နိုင်ရန်ယခုအစည်းအဝေးကိုကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ တိုင်းဒေ သကြီးနှင့်ပြည်နယ်သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းဆပ်ကော်မတီများ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်လျာထားလုပ်ငန်းစီမံကိန်းများကို ဆောင်ရွက်ရာတွင် နေရာဒေသအားလုံးအချိုးမျှတစွာ လျာ ထားဆောင်ရွက်စေလိုကြောင်း၊ မိမိတို့အကောင်အထည်ဖေါ်ဆောင်ရွက်လိုသည့် လုပ်ငန်းစီမံကိန်းများ ကို သတ်မှတ်ထားသည့်စီမံကိန်းဝင်ဒေသ ၁၆၉ မြို့နယ်တွင် ထိရောက်စွာအကောင်အထည်ဖေါ်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားလူမျိုးရေးရာကိစ္စများကိုထိရောက်စွာအကောင်အထည်ဖေါ်နိုင် ရေးအတွက် ယခုကဲ့သို့လုပ်ငန်းဆပ်ကော်မတီများဖွဲ့စည်းအကောင်အထည်ဖေါ်ပေးနေခြင်းဖြစ်ကြောင်း၊  တိုင်းရင်းသားဒေသများဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ထို့ကြောင့် တိုင်း ဒေသကြီးနှင့်ပြည်နယ်သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းဆပ်ကော်မတီများအနေဖြင့် မိမိတို့ ၏တိုင်းဒေသကြီးနှင့်ပြည်နယ်အတွင်းသာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းစီမံကိန်းများကိုနေရာ ဒေသအကြားအလပ်မရှိ ဆောင်ရွက်နိုင်ရန်အတွက် ပထမဦးစားပေး၊ဒုတိယဦးစားပေး စသည်ဖြင့်ခွဲခြား ၍လျာထားအကောင်အထည်ဖေါ်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ယင်းကဲ့သို့ဆောင်ရွက်ရာတွင်လည်း ပြည်ထောင်စုမှဆောင်ရွက်မည့်လုပ်ငန်းစီမံကိန်းများနှင့်မထပ်စေရန်အတွက် သက်ဆိုင်ရာဌာနများ နှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရန်ဖြစ်ကြောင်း စသည်ဖြင့်ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက်အစည်းအဝေးသို့ တက်ရောက်လာသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်ဒေသ ဆိုင်ရာသာသနာရေးနှင့်ယဉ်ကျေးမှုဆပ်ကော်မတီဥက္ကဌများနှင့်ဆပ်ကော်မတီဝင်များက၂၀၂၅ -၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ရန်လျာထားသည့်လုပ်ငန်းစီမံကိန်းများအား ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးကအကြံပြုဆွေးနွေးပြီးနောက်ဒုတိယဝန်ကြီးကနိဂုံးချုပ်အမှာစကားပြောကြားကာ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကိုရပ်နားခဲ့ကြောင်းသိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 27
  • SEP

  • 27 September 2024
  • နေပြည်တော်

သမဝါယမအသင်းဖွဲ့စည်းရေးဆိုင်ရာ အသိပညာပေးဟောပြောသည့် အခမ်းအနားကို  (၂၅-၉-၂၀၂၄) ရက်နေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်း အဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊  သမဝါယမ နှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဉာဏ်ဝင်းမောင်နှင့် အရာထမ်း အမှုထမ်းများ တက်ရောက်ကြပါသည်။ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော် အကြီးအကဲ၏ မူဝါဒတစ်ရပ်ဖြစ်သည့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် အခြေခံအုတ်မြစ် တစ်ခုဖြစ်သည့် သမဝါယမစနစ်၊ သမဝါယမစီးပွားရေးကိစ္စရပ်များကို  နိုင်ငံ့ဝန်ထမ်း၊ ပြည်သူ့ ဝန်ထမ်းများအားလုံး သိရှိထားကြရမည်ဖြစ်ပါကြောင်း၊ သမဝါယမစနစ်သည် လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း၊ တရားမျှတခြင်းဟူသော  လောကပါလတရား သုံးပါးနှင့် ညီညွတ်ပါကြောင်း၊ ယနေ့ခေတ်သမဝါယမစနစ်သည် ကျေးလက်နေပြည်သူအများစုနှင့် မြို့ပြနေ အခြေခံလူတန်းစား များ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေပြီး တိုင်းပြည်စီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် သမဝါယမစီးပွားရေး လုပ်ငန်းများဖြင့် တစ်ဖက်တစ်လမ်းမှ အမှန်တကယ် အထောက် အကူပြုလာစေ၍ နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များကို အားပြည့်/ အားဖြည့် လာစေမည်ဖြစ်ပါကြောင်း၊ အဆိုပါသမဝါယမအသင်းဖွဲ့စည်းခြင်းဖြင့် ဌာနရှိဝန်ထမ်းများ  စနစ်တကျ စုဆောင်းတတ်သော အလေ့အကျင့်ကောင်းများရရှိခြင်း၊ သမဝါယမစနစ်ဖြင့် ငွေစုဆောင်းခြင်း၊ ငွေချေးယူခြင်း လုပ်ငန်းများဆောင်ရွက်နိုင်ခြင်းနှင့် ဝန်ထမ်းများ၏ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးစသည်တို့အတွက် အထောက်အပံ့ကောင်းများရရှိစေရန် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအားလုံး သမဝါယမအသင်းဖွဲ့စည်းခြင်းနှင့်စပ်လျဉ်းသည့် ဟောပြောချက်များအား သေချာစွာလေ့လာမှတ်သားကြရန်နှင့် လိုက်နာဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် ဝိုင်းဝန်းဆွေးနွေးပြီး မိမိ တစ်ဦးချင်းမှစ၍ မိမိအဖွဲ့အစည်း၊ မိမိ၏ဌာနအတွက် အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ် ပါဝင်၍ သမဝါယမအသင်းသားကောင်းများ ဖြစ်ကြပါစေကြောင်း ပြောကြားပါသည်။  ဆက်လက်၍ ဒုတိယဝန်ကြီးက နိုင်ငံတော်အကြီးအကဲ၏ မူဝါဒဖြစ်သော သမဝါယမ စနစ်သည် တစ်ဦးချင်းအကျိုးစီးပွားနှင့် အများအတွက်အကျိုးစီးပွားကို ဆက်စပ်ထားခြင်း ဖြစ်ရာ အသင်းသားတစ်ဦးချင်းအနေဖြင့်လည်းကောင်း၊ အသင်းလိုက်အနေဖြင့်လည်းကောင်း၊ “တစ်ဦးအကျိုးကို အများကဆောင်ရွက်၊ အများအကျိုးကို တစ်ဦးကဆောင်ရွက်” (One for all, all for One) ဟူသည့်စကားအတိုင်း အပြန်အလှန် ရိုင်းပင်းကူညီကြရန်ဖြစ်ပါကြောင်း၊ သမဝါယမအသင်း အဆင့်ဆင့်တွင် ထုတ်ကုန်သမဝါယမအသင်း၊ ဝန်ဆောင်မှုသမဝါယမအသင်း၊ ကုန်သွယ်မှုသမဝါယမအသင်းနှင့် အထွေထွေသမဝါယမအသင်း စသည်ဖြင့်ပါဝင်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနတွင် သမဝါယမစနစ်ကို ထူထောင်၍ ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်နှင့်အညီ အားလုံးပူးပေါင်း ဆောင်ရွက်ကြပါရန် တိုက်တွန်းပြောကြားပါသည်။ ထို့နောက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးက သမဝါယမအသင်းများ ဖွဲ့စည်းခြင်းဆိုင်ရာ ကိစ္စရပ်များကို Powerpoint ၊ Video Clip  များဖြင့် ရှင်းလင်းတင်ပြပါသည်။ ၎င်းနောက် အသိပညာပေး ဟောပြောပွဲတက်ရောက်လာကြသူများက သိရှိလိုသည် များကို မေးမြန်းကြရာ သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ပြန်လည်ရှင်းလင်းဆွေးနွေး ပြီးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ ဆက်လက်၍ မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာ အသိပညာဆွေးနွေးပွဲကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ကလေးအလုပ် သမားနှင့်ပတ်သက်သော အသိပညာများရရှိစေရန်နှင့် ဥပဒေရေးရာလုပ်ငန်း ကော်မတီ၏ လုပ်ငန်းများအား သိရှိနိုင်ရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီကို ၂၄-၈-၂၀၂၃ ရက်နေ့တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ်၊ ၁၈၀/ ၂၀၂၃ ဖြင့် ပြင်ဆင်ဖွဲ့စည်း ခဲ့ပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ အဖွဲ့ဝင် (၃၆)ဦး ပါဝင်ပြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊  ဥပဒေရေးရာကော်မတီတွင် လုပ်ငန်း (၁၂)ရပ် ရှိပါကြောင်း၊ ၂၀၂၂ ခုနှစ်တွင် ကမ္ဘာတစ်ဝန်းလုံး၌ ကလေးအလုပ်သမား ၈.၉ သန်းခန့်ရှိသည်ကို သိရှိရပါကြောင်း၊ အသက်(၁၅)နှစ်မှ အသက်(၁၈)နှစ်အတွင်း ကလေးသူငယ်များသည် အသိ ပညာများကြွယ်ဝလာစေရန် ကျွမ်းကျင်မှု၊ အရည်အချင်းများ လေ့လာရသည့် ကာလဖြစ်သဖြင့် အဆိုပါကလေးသူငယ်များအား လုပ်ငန်းခွင်တွင် ဆောလျင်စွာအသုံးချခြင်း၊ ဝင်ရောက်လုပ်ကိုင် စေခြင်းများကြောင့် တန်ဖိုးရှိသော လူငယ်လူရွယ်များဖြစ်ရန် အဟန့်အတားဖြစ်စေပြီး နိုင်ငံတော် အတွက် လူ့စွမ်းအားအရင်းအမြစ်ကောင်းများ ဆုံးရှုံးလျက်ရှိပါကြောင်း၊ အဆိုပါကိစ္စသည် အထူး သဖြင့် ဆင်းရဲသော မိသားစုများတွင် သက်ရောက်မှု ပိုမိုကြီးမားသည်ကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ရာ ကလေးအလုပ်သမားတိုးပွားလာမှုမရှိစေရေးအတွက် တုံ့ပြန်ဆောင်ရွက်မှုများ၊ လူမှု အကာအကွယ်များ၊ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးမှုများ၊ သင့်လျော်ကောင်းမွန်သော အလုပ်အကိုင် တိုးမြှင့်ပေးခြင်းများ၊ ကျောင်းနေအရွယ်ကလေးများ အခမဲ့ပညာသင်ကြားနိုင်ရေး တို့ကို ကလေးအလုပ်သမားဆိုင်ရာဥပဒေများဖြင့် ထိထိရောက်ရောက် ဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း၊ ထို့အပြင် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးဆိုင်ရာ ဘက်ပေါင်းစုံမှ တုံ့ပြန်ဆောင်ရွက်သည့် မူဝါဒများဖြင့် လူမှုအကာအကွယ် ပေးနိုင်မည်ဆိုပါက ကလေးအလုပ် သမားဖြစ်ပွားမှုကို အကာအကွယ်ပေးလာနိုင်မည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများအနေဖြင့် ယနေ့ရှင်းလင်းဆွေးနွေးမှုအပေါ် အပြန်အလှန် မေးခွန်းများမေးမြန်းခြင်းဖြင့် အသိပညာ ဗဟုသုတများ တိုးတက်များပြားလာစေမည်ဖြစ်ပြီး လူ့ဘောင်ဘဝလက်တွေ့နယ်ပယ်တွင် ပြဋ္ဌာန်း ထားရှိသည့် ဥပဒေများနှင့်အညီ ကာလံ ဒေသံ အဂ္ဃံ ဓနံ ဟူသည့် ဆိုရိုးအတိုင်း မိမိတို့၏ လုပ်ငန်းတာဝန်များကို လက်တွေ့ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် ပြောကြားပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးက   မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပခြင်းသည် အလွန်ကောင်းမွန်သော ဆောင်ရွက်ချက် ဖြစ်ပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်မှ မြန်မာနိုင်ငံကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေကို (၂၃-၇-၂၀၁၉) ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက်  အဓိကလူ့စွမ်းအားအရင်းအမြစ်ဖြစ်သည့် လူငယ်၊ လူရွယ်များသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါကြောင်း၊ ၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် အသက် ၁၅ နှစ်မှ ၆၄ နှစ်ရှိ အလုပ်လုပ်နိုင်သောလူဦးရေ အချိုးအစား ၆၅ ဒသမ ၆ ရာခိုင်နှုန်းရှိရာ ထိုအချိန်က “လူဦးရေ ဆိုင်ရာဆုလာဘ်” ကို ရရှိနေခြင်းပင်ဖြစ်ပြီး နှစ်ပေါင်း ၂၀ အတွင်း အကျိုးရှိရှိ အသုံးချနိုင်ပါက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ဖြစ်စေနိုင်မည်ဖြစ်သည်ဟု သိရှိရပါကြောင်း၊  မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေးသည် နိုင်ငံတော်အတွက် အလွန်အရေးပါသော ကဏ္ဍတစ်ရပ်ဖြစ်ပြီး ပညာသင်ယူရမည့်အရွယ်တွင် ပညာကိုသာ အဓိကထားသင်ကြားပေးမှသာ ထူးချွန်ထက်မြက်သော လူငယ်များဖြင့် ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို  တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့်  ဝင်ငွေထွက်ငွေများကို မျှတစွာသုံးစွဲ၍ မိမိတို့၏ ရင်သွေး သားသမီးများ ကောင်းမွန်သည့် ပညာရေးရရှိစေရန် အလေးထားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ကလေးအလုပ်သမားများ ပပျောက်ရေးအတွက် မိမိတို့ပတ်ဝန်းကျင်တွင် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် ကလေးသူငယ်များကို တွေ့ရှိပါက တတ်အားသရွေ့ ဝိုင်းဝန်းကူညီပေးကြရန် ပြောကြားပါသည်။   ထို့နောက် ပြည်ထောင်စုဝန်ကြီးရုံးမှ  လက်ထောက်အတွင်းဝန် ဦးကီးလိန်းက ကလေး အလုပ်သမားဆိုင်ရာ အခြေခံအချက်များနှင့် ဥပဒေရေးရာ လုပ်ငန်းကော်မတီ၏  လုပ်ငန်း ဆောင်ရွက်ချက်များရှင်းလင်းပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သဉ္ဇာနိုင်က ကလေးအလုပ်သမားဆိုင်ရာ ဥပဒေကောက်နုတ်ချက် များအား ရှင်းလင်းဆွေးနွေးပါသည်။ ယင်းနောက် တက်ရောက်လာကြသူများနှင့် အပြန်အလှန် မေးခွန်းများ မေးမြန်းဖြေကြားမှုများ ပြုလုပ်ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 26
  • SEP

  • 26 September 2024
  • နေပြည်တော်

တိုင်းရင်းသားဘာသာစကားကိုသာ အသုံးပြုသည့် ဒေသများတွင် ဒေသခံဘာသာ စကားဖြင့် မေးမြန်း၍ သန်းခေါင်စာရင်း ကောက်ယူနိုင်ရန်အတွက် ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ယနေ့နံနက်ပိုင်းတွင်  တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးရုံးများမှ တာဝန်ခံများက Online စနစ်ဖြင့်  တက်ရောက်ကြပါသည်။ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အစည်း  အဝေးကို ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆွေးနွေးဆုံးဖြတ်ချက်ဖြစ်သည့် “တိုင်းရင်းသားဘာသာစကားကိုသာ အသုံးပြုသည့်ဒေသများတွင် ဒေသခံဘာသာ စကားဖြင့် မေးမြန်း၍ သန်းခေါင်စာရင်းကောက်ယူနိုင်ရန် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနမှ ပူးပေါင်းကူညီဆောင်ရွက်ရန်” ဟူသည့်အချက်အား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးကြရန်ဖြစ်ပါကြောင်း၊  (၃၀-၈-၂၀၂၄) ရက်နေ့တွင် ဗဟိုသန်းခေါင် စာရင်းကော်မရှင်မှ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များတွင် သန်းခေါင်စာရင်းကောက်ယူရာတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာနမှ ပူးတွဲတာဝန်ထမ်းဆောင်မည့်သူများ၏ အမည်စာရင်းအား စိစစ်ပေးပို့နိုင်ပါရန် ညှိနှိုင်းလာသည့်အတွက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအနေဖြင့် နေပြည်တော်နှင့်တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များတွင် သန်းခေါင်စာရင်းကောက်ယူရာ၌ တိုင်းရင်းသားဘာသာစကားကိုသာ အသုံးပြုသည့် ဒေသများတွင် တိုင်းရင်းသားဒေသခံ ဘာသာစကားဖြင့် မေးမြန်းကောက်ယူနိုင်ရေးအတွက် စနစ်တကျအလေးထား ပူးပေါင်းပါဝင် ဆောင်ရွက် ပေးနိုင်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင် တိုင်းရင်းသား ရေးရာဝန်ကြီးများနှင့် (၄-၉-၂၀၂၄) ရက်နေ့တွင် ပဏာမညှိနှိုင်း အကြောင်းကြားစာပေးပို့ ဆောင်ရွက်ခဲ့ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ဝန်ထမ်းများအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် တိုင်းရင်း သားရေးရာဝန်ကြီးများနှင့် ပေါင်းစပ်ညှိနှိုင်း၍ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များမှ  အားကြိုးမာန်တက် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးနိုင်ရေးကိုလည်း (၅-၉-၂၀၂၄) ရက်နေ့တွင် ထပ်မံညှိနှိုင်းအကြောင်းကြားမှုများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့ညှိနှိုင်း ဆောင်ရွက်ချက်များအရ တိုင်းဒေသကြီး/ ပြည်နယ် တိုင်းရင်းသားရေးရာ ညွှန်ကြားရေးမှူးရုံးမှ ဝန်ထမ်းများအပါအဝင် ဝန်ထမ်း (၁၀၇)ဦးနှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များမှ ပြင်ပပုဂ္ဂိုလ် (၃၂၂)ဦးတို့ဖြင့် အသီးသီး ပါဝင်ပံ့ပိုးနိုင်ရေးညှိနှိုင်းထားရှိပြီးဖြစ်ပါကြောင်း၊   ပြင်ပ (၃၂၂)ဦးသည်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့အသီးသီးတို့၏ အဖွဲ့ခေါင်းဆောင်/ အဖွဲ့ဝင်များသာဖြစ်ပါကြောင်း၊ ၎င်းတို့မှ တစ်ဆင့် တိုင်းရင်းသားဘာသာစာပေသင်ကြားရေး အထောက်အကူပြု Teaching Assistant-TA နှင့် တိုင်းရင်းသားဘာသာစာပေသင် Language Teacher-LT စုစုပေါင်း (၁၈၁၇၆) ဦးဖြင့်  ပိုမိုကျယ်ပြန့်စွာ အထောက်အကူပြု ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများက  ဆက်လက်ပေါင်းစပ် ညှိနှိုင်းကြီးကြပ်ဆောင်ရွက်ပေးရန်ဖြစ်ပါကြောင်း၊  သို့ဖြစ်ရာ သက်ဆိုင်ရာ ဒေသအလိုက် တိုင်းရင်းသားဘာသာစကားသာ ပြောဆိုသည့် ဒေသများစာရင်းအား အသေးစိတ်သိရှိရန် လိုအပ်လာမည်ဖြစ်သဖြင့် တိုင်းဒေသကြီး/ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးများက ညှိနှိုင်းတာဝန်ယူဆောင်ရွက်နိုင်ရန်နှင့် နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်သန်းခေါင်စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီများနှင့်လည်း လိုအပ်သလို ပူးပေါင်းဆောင်ရွက်ရန် အထူးမေတ္တာရပ်ခံလိုပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်း အထိမ်းအမှတ် ပြည်သူသို့ ပြောကြားခဲ့သည့် မိန့်ခွန်းတွင် “တစ်နိုင်ငံလုံး၏ စာရင်းအင်းဆိုင်ရာ ကိန်းဂဏန်း အချက်အလက်တွေ တိတိကျကျ မှန်မှန်ကန်ကန် ရရှိနိုင်ရေးဟာ အလွန်ပဲ အရေးကြီးသည်” ဟု ပြောကြားခဲ့သည့် လမ်းညွှန်ချက်နှင့်အညီ အားလုံးကအလေးထား၍ တက်ညီလက်ညီ ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊  တိုင်းရင်းသားဘာသာစကားကိုသာ အသုံးပြုသည့် တိုင်းရင်းသားများအတွက် ၎င်းတို့၏ ဘာသာစကားဖြင့် မေးခွန်းများကို သေချာစွာ နားလည်သဘောပေါက်မှသာ မှန်မှန်ကန်ကန် ဖြေဆိုနိုင်မည်ဖြစ်ပြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအနေဖြင့် လိုအပ်သည့် နေရာများမှ ပူးပေါင်းပါဝင်ဆောင်ရွက် နိုင်ရန် အလေးထားစီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် သန်းခေါင်စာရင်းကောက်ယူမှု၏ မေးခွန်းပါ အချက်အလက်များ မှန်မှန်ကန်ကန်ရရှိမှုသည် အလွန်အရေးကြီးပါကြောင်း၊  ရရှိလာသည့် လုပ်ငန်းစဉ်လိုအပ်ချက်များကို မှန်ကန်စွာ ဆက်လက်အကောင်အထည်ဖော်နိုင်မှသာ ပင်မနိုင်ငံသားများဖြစ်ကြသည့် ပြည်ထောင်စုဖွား မိမိတို့တိုင်းရင်းသားလူမျိုးများအားလုံးအတွက်   လိုအပ်သည့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ရလာဒ်ကောင်းကို ပိုမိုပြီး စနစ်တကျ ရရှိနိုင်မည် ဖြစ်ပါကြောင်း၊  တာဝန်ရှိသူများအနေဖြင့် တိုင်းရင်းသားဘာသာစကားကိုသာ အသုံးပြုသည့် ဒေသများတွင် လူဦးရေနှင့် အိမ်အကြောင်းအရာစနစ်တကျ ကောက်ယူနိုင်ရေးအတွက် နယ်မြေ အနေအထားအရ လိုအပ်သည်များကို အမျိုးသားရေးစိတ်ဓာတ်ဖြင့် အကြံပြုဆွေးနွေး ပေးကြ စေလိုပါကြောင်း၊  တိုင်းရင်းသားဘာသာစကားဖြင့် ပံ့ပိုးမည့်ဝန်ထမ်းများ၊ သက်ဆိုင်ရာ တိုင်း ဒေသကြီး/ ပြည်နယ်များမှ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တိုင်းရင်း သားဘာသာစာပေသင် TA LT  ဆရာ ဆရာမများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် တာဝန်ရှိသူများအားလုံး စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ စေတနာအား စိတ်ဓာတ်ခွန်အားဖြင့် မိမိတို့ တာဝန်ကျနေရာဒေသ၊ နယ်မြေများအလိုက် ပြည်နယ်/တိုင်းဒေသကြီးအကျိုး၊ နိုင်ငံအကျိုးကို တတ်စွမ်းသရွေ့ဝိုင်းဝန်းကူညီ ပံ့ပိုးဖော်ဆောင် ဆောင်ရွက်ကြပါရန် တိုက်တွန်းပြောကြားပါသည်။ ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာများ သန်းခေါင်းစာရင်း ကောက်ယူရသည့် ရည်ရွယ်ချက် များအနေဖြင့် မြန်မာနိုင်ငံ၏ တိကျမှန်ကန်သည့် လူဦးရေနှင့် လူမှုစီးပွားဆိုင်ရာ စာရင်း အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ်ရရှိရန်အတွက် လိုအပ်သော စီမံကိန်း၊ မဟာဗျူဟာနှင့် နည်းဗျူဟာများ ချမှတ်နိုင်ရန်ဖြစ်ပါကြောင်း၊ ကော်မတီ အဆင့်ဆင့် ဖွဲ့စည်း၍  ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၂-၈-၂၀၂၄ ရက်နေ့တွင် ကျင်းပသည့် ဗဟိုသန်းခေါင် စာရင်းကော်မရှင်၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းရင်းသားဘာသာ စကားကို အသုံးပြုသည့်ဒေသများတွင် ဒေသခံဘာသာစကားဖြင့် မေးမြန်း၍  သန်းခေါင်စာရင်း ကောက်ယူရန်အတွက် တိုင်းရင်သားလူမျိုးများရေးရာဝန်ကြီးဌာနမှ ပူးပေါင်းပါဝင် ကူညီ ဆောင်ရွက်ပေးရန် ဆုံးဖြတ်ချက်အရ  သန်းခေါင်စာရင်းကောက်ယူရာတွင် အထောက်အကူပြု ဆောင်ရွက်ရန် နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များမှ ပူးပေါင်းပါဝင်ပံ့ပိုးမည့် လူဦးရေ ၄၂၅ ဦးစာရင်းကို  ဗဟိုသန်းခေါင်စာရင်းကော်မရှင်သို့ ပေးပို့ခဲ့ပြီးဖြစ်ပါကြောင်း၊ ဗဟိုသန်းခေါင်စာရင်းကော်မရှင်မှ တိုင်းဒေသကြီး/ ပြည်နယ်ဗဟိုသန်းခေါင်စာရင်း ကော်မတီ များသို့ ထပ်ဆင့် အကြောင်းကြားထားပြီးဖြစ်ပါကြောင်း၊  လူထုလှုံဆော်ရေးအနေဖြင့် တိုင်းရင်း သားစာပေများဖြင့် လက်ကမ်းစာစောင်များလည်း ရိုက်နှိပ်ဖြန့်ဝေပေးလျက်ရှိပါကြောင်း၊ လူဦးရေနှင့် အိမ်အကြောင်းအရာများ သန်းခေါင်းစာရင်း ကောက်ယူခြင်းလုပ်ငန်းစဉ်သည် လွန်စွာအရေးပါပြီး အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊    လွတ်လပ်ရေးမတိုင်မီမှစ၍ ဆယ်နှစ်တစ်ကြိမ် သန်းခေါင်းစာရင်းကောက်ယူခဲ့ပါကြောင်း၊ ၂၀၁၄ ခုနှစ်တွင် နောက်ဆုံးကောက်ယူခဲ့သည့် အချက်အလက်များအရ  မြန်မာနိုင်ငံလူဦးရေ ၅၈.၄၈၆ သန်း ရှိပါကြောင်း၊ ယခု ၂၀၂၄ ခုနှစ်တွင် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို  အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး  ကြိုတင် ပြင်ဆင်ခြင်း၊ စာရင်းကောက်ယူခြင်း၊ စာရင်းဇယားများ ပြုစုခြင်း၊ ဆန်းစစ်လေ့လာခြင်းနှင့် အစီရင်ခံစာ ထုတ်ပြန်ခြင်းဟူသည့်  အစီအစဉ် (၄)ရပ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လူဦးရေနှင့် အိမ်အကြောင်းအရာများ သန်းခေါင်းစာရင်း ဥပဒေနှင့် စာရင်းအင်းဥပဒေများကို အသုံးပြုသွားမည်ဖြစ်ပါကြောင်း၊ စာရင်းဇယားများကောက်ယူရာတွင် CAPI စနစ်  Mobile  Phone/  Tablet ဖြင့် ကောက်ယူသွားမည်ဖြစ်ပါကြောင်း၊  ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာများ   သန်းခေါင်းစာရင်းကောက်ယူခြင်းလုပ်ငန်းကို  ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ လမ်းညွှန်ချက်နှင့်အညီ အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့ အစည်းများနှင့် ပြည်သူလူထုတစ်ရပ်လုံးက အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့်  ပူးပေါင်း ပါဝင်မှသာ အောင်မြင်မည်ဖြစ်သောကြောင့် “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်းစာရင်း ကောက်ကြစို့” ဟု  တိုက်တွန်းလိုပါကြောင်း ပြောကြားပါသည်။ ထို့နောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန  ဒုတိယဝန်ကြီးက လူဦးရေနှင့် အိမ်အကြောင်းအရာများ သန်းခေါင်းစာရင်း ကောက်ယူခြင်းလုပ်ငန်းသည် အလွန်အရေး ကြီးသော လုပ်ငန်းတစ်ရပ်ဖြစ်ပါကြောင်း၊    ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆွေးနွေးဆုံးဖြတ်ချက်အရ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနအနေဖြင့် နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များတွင် သန်းခေါင်စာရင်းကောက်ယူရာ၌ တိုင်းရင်းသားဘာသာစကားကိုသာ အသုံးပြုသည့်ဒေသများတွင် တိုင်းရင်းသားဒေသခံ ဘာသာစကားဖြင့် မေးမြန်း ကောက်ယူနိုင်ရေးအတွက် ကူညီပေးနိုင်မည့် လူဦးရေ (၄၂၅)ဦး စာရင်းကို ဗဟိုသန်းခေါင်းစာရင်းကော်မရှင်းသို့ ပေးပို့ပြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများအနေဖြင့် အဆိုပါစာရင်း အတည် ပြုနိုင်ရေးအတွက် ဝိုင်းဝန်ဆွေးနွေးပေးကြစေလိုပါကြောင်း၊ စာရင်းကောက်၊ စာရင်းစစ်များ အဖြစ် ပံ့ပိုးကူညီဆောင်ရွက်ကြမည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များအနေဖြင့် လူဦးရေနှင့် အိမ်အကြောင်းအရာများ သန်းခေါင်းစာရင်း ဥပဒေပါ ဥပဒေ ပုဒ်မ ၁၄ ၊ ပုဒ်မ ၁၇၊  ပုဒ်မ ၁၉ တို့အား  ဂရုပြုဆောင်ရွက်ကြရန်ဖြစ်ပြီး စာရင်းအင်းဥပဒေကိုလည်း လေ့လာသိရှိထားရန် လိုအပ်ပါကြောင်း၊ သန်းခေါင်စာရင်းကို  အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ကောက်ယူမည်ဖြစ်သည့်အတွက် ၁၀ ရက်ခန့်သာလိုတော့ပါကြောင်း၊ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူရာတွင် နိုင်ငံတကာ၏ အကူအညီမပါဘဲ မိမိတို့နိုင်ငံ၏ ဘဏ္ဍာငွေအရင်း အမြစ် စွမ်းအားဖြင့်သာ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊  ရရှိသော အချက်အလက်များသည် သယံဇာတအရင်းအမြစ်များခွဲဝေသတ်မှတ်ခြင်း၊  နယ်မြေဧရိယာ နယ်နိမိတ်များကို ပြန်လည် ဆန်းစစ်နိုင်ခြင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများ ချမှတ်ရေးဆွဲခြင်းနှင့် ဝန်ဆောင်မှု လုပ်ငန်းများ၊ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများ  စသည့်တို့အတွက် အထောက်အပံ့ ပေးနိုင်ပြီး လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်လည်း မဲစာရင်းမှန်ကန်စေရေးကို အထောက်အကူ ဖြစ်စေမည် ဖြစ်ပါကြောင်း၊ နေပြည်တော် ကောင်စီမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ ညွှန်ကြားရေးမှူးရုံးများရှိ ဝန်ထမ်းများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အဖွဲ့များ၊  တိုင်းရင်းသားဘာသာ စာပေ သင်ကြားရေးအထောက်အကူပြု Teaching Assistant-TA နှင့် တိုင်းရင်းသားဘာသာစာပေသင် Language Teacher-LT  ဆရာ ဆရာမများအားလုံး သန်းခေါင်းစာရင်းကောက်ယူရေး လုပ်ငန်းများကို  မိမိတို့၏ သမိုင်းပေးတာဝန် တစ်ရပ်အနေဖြင့် ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း ပြောကြားပါသည်။  ၎င်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်က ပြည်ထောင်စုနယ်မြေမြို့နယ် ၈ မြို့နယ်တွင် အတွင်းမှာ စာရင်းကောက်သင်တန်းများကို ၁၇-၉-၂၀၂၄ မှ ၁၈-၉-၂၀၂၄ ရက်နေ့ထိ တစ်ကြိမ်တည်း တစ်ပြိုင်တည်း သင်တန်းပို့ချပြီးဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရာတွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနမှ နေပြည်တော်ကောင်စီနယ်မြေအတွင်း ဒေသခံဘာသာစကားဖြင့် အထောက် အကူပြုနိုင်ရန်အတွက် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်း ၂၆ ဦးနှင့် ပြင်ပပုဂ္ဂိုလ်ဝန်ထမ်း ၂၄ ဦးတို့၏  အမည်စာရင်းများ ပေးပို့ထာပြီးဖြစ်ပါကြောင်း၊ စာရင်းကောက်အဖွဲ့အား အိမ်ထောင်စု များနှင့် အဖွဲ့အစည်းများကို ၁-၁၀-၂၀၂၄ မှစ၍ ၁၅-၁၀-၂၀၂၄ ရက်နေ့အထိ သန်းခေါင်စာရင်း ကောက်ယူသွားမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ တာဝန်ပေးအပ် ထားသည့်ဝန်ထမ်းများနှင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို အောင်မြင်စွာကောက်ယူနိုင်ရေး အလေးထားပြီး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။ယင်းနောက် တိုင်းဒေသကြီးနှင့် ပြည်နယ်တိုင်းရင်းသားရေးရာ ဝန်ကြီးများက သန်းခေါင် စာရင်းကောက်ယူရာ၌ ပူးပေါင်းပါဝင်ကူညီဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို   ဆွေးနွေးကြပါသည်။ ၎င်းနောက် တက်ရောက်လာသူများက အထွေထွေဆွေးနွေးကြပြီးနောက် ပြည်ထောင်စု ဝန်ကြီးက ခြုံငုံသုံးသပ်၍ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ထို့နောက် ပြည်ထောင်စုဝန်ကြီးက ယနေ့စုပေါင်းဆွေးနွေးချက်မှ ရရှိလာသည့် ဆုံးဖြတ်ချက်(၈)ချက်ရှိပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသို့ အစည်းအဝေး မှတ်တမ်းနှင့် ဆုံးဖြတ်ချက်များကို ဆက်လက်တင်ပြသွားမည်ဖြစ်ပြီး သီးသန့်/ သီးခြား လမ်းညွှန်ချက်များရှိလာပါက အချိန်မီ ဆက်လက်အသိပေးအကြောင်းကြားသွားမည်ဖြစ်ပါ ကြောင်း၊  ၂၀၂၄ ခုနှစ်၊ “လူဦးရေနှင့် အိမ်အကြောင်းအရာများ သန်းခေါင်းစာရင်း” ကောက်ယူ ရေးလုပ်ငန်းသည် နိုင်ငံတော်အတွက် အမျိုးသားလုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားညီအစ်ကို မောင်နှမများ အားလုံး၏ ညီညွတ်သော စုဖွဲ့မှုပေါင်းစုအင်အားကို ဆက်လက်ရယူပြီး ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များတို့ ညှိနှိုင်းပေါင်းစပ်မှုအားကို ထပ်မံဖြည့်တင်း၍ စစ်မှန်သော အမျိုးသားရေးစိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်များ အခြေခံလျက် နိုင်ငံတော်၏ သမိုင်း မှတ်တိုင်တစ်ခု စိုက်ထူနိုင်အောင် တာဝန်သိသိ၊ သစ္စာရှိရှိဖြင့်လာမည့် ၂၀၂၄ ခုနှစ်၊ “လူဦးရေနှင့် အိမ်အကြောင်းအရာများ သန်းခေါင်းစာရင်း”   ကောက်ယူရေး လုပ်ငန်းများကို  စေတနာအား၊ စိတ်ဓာတ်ခွန်အားတို့ဖြင့် စည်းလုံးညီညွတ်စွာ အင်တိုက်အားတိုက် ဝိုင်းဝန်ပူးပေါင်းပါဝင် အကောင်အထည်ဖော်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားကာ အစည်းအ‌ဝေးကို ရုပ်သိမ်း ခဲ့ကြောင်း သတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 05
  • SEP

  • 05 September 2024
  • ပဲခူးတိုင်းဒေသကြီး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ပံ့ရန်ပုံငွေဖြင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးဆောင်၍ ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို (၂၉.၈.၂၀၂၄) ရက်နေ့က ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊  ပြည်ထောင်စု ဝန်ကြီးနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး  တရားလွှတ်တော် တရားသူကြီးချုပ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင် ရာများ၊ ကရင်၊ အရှို(ချင်း)၊ မွန်၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ကရင်တိုင်းရင်းသားများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြ ပါသည်။  ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းတို့က ကရင်ဖားစည်အား (၉)ချက်တီး၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က အဖွင့်အမှာစကားပြောကြားပြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းတို့က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။ ကရင်ရိုးရာချည်ဖြူဖွဲ့ခြင်းဖြစ်ပေါ်လာပုံနှင့် ပတ်သက် ၍ ကရင်တိုင်းရင်းသားဘာသာစာပေသင် ဆရာမတစ်ဦးက ရှင်းလင်း ပြောကြားခဲ့ပါသည်။ ထို့နောက် သရက်ကုန်း၊ ညောင်အင်း၊ ပျဉ်းမငူကျေးရွာများမှ ကရင်တိုင်းရင်းသား၊ တိုင်းရင်းသူ လေးများက ဖဲကြိုးကျစ်အက၊ ကရင်ရိုးရာအကများဖြင့်  ဖျော်ဖြေခဲ့ကြပါသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးက ဦးဆောင်၍ လက်ချည်ဖွဲ့ပစ္စည်း များနှင့် ဘိုးဘွားများ သတ်မှတ်နေရာများတွင် နေရာယူပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်မန်းငြိမ်းမောင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီးနှင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများအား ချည်ဖြူဖွဲ့ပေးကြပြီး ကရင်အဘိုးအဘွားများအတွက် ထောက်ပံ့ငွေအား နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ကလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီအတွက် ထောက်ပံ့ငွေအား ပြည်ထောင်စုဝန်ကြီးကလည်းကောင်း၊ ကရင် ရိုးရာအကအဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ကျေးဇူးတင်စကား ပြောကြားပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ အခမ်းအနား တက်ရောက်လာကြ သူများအား နေလယ်စာဖြင့်  တည်ခင်းဧည့်ခံခဲ့ပါသည်။ ဒုတိယပိုင်း အခမ်းအနားအစီအစဉ်တွင် ကရင်ရိုးရာဒုံးအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 05
  • SEP

  • 05 September 2024
  • နေပြည်တော်

နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၄) ကို (၃-၉-၂၀၂၄) ရက်နေ့၊ နေ့လည် (၁၃:၀၀) နာရီတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ရာတိုင်းဒေသကြီးနှင့်ပြည်နယ်ဒေသဆိုင်ရာသာသနာရေးနှင့်ယဉ်ကျေးမှုဆပ်ကော်မတီ၊ ဥက္ကဌများ၊လုပ်ငန်းဆပ်ကော်မတီဝင် ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၊ စစ်သမိုင်းပြတိုက်နှင့်တပ်မတော်မော်ကွန်းတိုက်မှူးရုံး၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊သာသနာရေး ဦးစီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ အမျိုးသားမှတ်ပုံတင်နှင့်နိုင်ငံသားဦးစီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ တိုင်းရင်းသား အခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းဆပ်ကော်မတီ ဥက္ကဋ္ဌ၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က အဖွင့်အမှာစကား ပြောကြားရာတွင်နယ်စပ်ဒေသများမှာရှိတဲ့ ဘာသာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ အဆောက်အဦများ၊ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် အဓိကဆောင်ရွက်နေကြသည့် ဦးစီးဌာနများအနေဖြင့် သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်း များကို အကောင်အထည်ဖေါ် ဆောင်ရွက်ကြရာမှာ တိုင်းဒေသကြီး/ ပြည်နယ်အားလုံး အချိုးမျှတစွာ ရှိစေရေးနှင့် ဌာန၏လိုအပ်ချက်တို့ကို ပေါင်းစပ်ပြီး စီမံကိန်းများကို ဦးစားပေးအဆင့် သတ်မှတ်ဆောင်ရွက်ခြင်း အားဖြင့် နယ်စပ်ဒေသများ၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ ဖြစ်စေမှာ ဖြစ်ပါကြောင်း၊ ဆပ်ကော်မတီဝင်ဦးစီးဌာနများအနေနဲ့ မိမိတို့ဆောင်ရွက်ရန် လျာထားသည့် လုပ်ငန်းစီမံကိန်းများကို ဦးစားပေး(၁)၊ ဦးစားပေး(၂)နဲ့ ဦးစားပေး(၃) ခွဲခြားပြီး နယ်စပ်ဒေသများတွင် သာသနာရေးနှင့်ယဉ်ကျေးမှု ဆိုင်ရာလုပ်ငန်းများအတွက် အကျိုးရှိမဲ့ လုပ်ငန်းစီမံကိန်းများကိုသာ ရွေးချယ် လျာထားတင်ပြရန်လို ကြောင်း၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေနဲ့ အကောင်အထည်ဖေါ်မဲ့ လုပ်ငန်းများနဲ့ တိုင်းဒေသကြီး/ ပြည်နယ် ရန်ပုံငွေနဲ့ အကောင်အထည်ဖေါ်ဆောင် ရွက်မည့်လုပ်ငန်းများ မထပ်စေရန်အတွက်လည်း ဂရုပြုဆောင်ရွက်ကြစေလိုကြောင်း၊နိုင်ငံတော်ကဆောင်ရွက်အကောင်အထည်ဖေါ်လျက်ရှိသည့် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင်သာသနာရေးနှင့်ယဉ်ကျေးမှု၏အခန်းကဏ္ဍသည်အရေးကြီးကြောင်း၊သာသနာရေးနှင့်ယဉ်ကျေးမှုသည်အပြန်အလှန်အကျိုးပြုလျက်ရှိကြောင်း၊ထို့ကြောင့် မိမိတို့လုပ်ငန်းဆပ်ကော်မတီဝင်ဦးစီးဌာနများအနေဖြင့် သာသနာရေးနှင့်ယဉ်ကျေးမှု ကို ဖွံ့ဖြိုးတိုးတက် စေမည့်လုပ်ငန်းစီမံကိန်းများကိုသတ်မှတ်စီမံကိန်းဝင်ဒေသများတွင်အကောင်အထည်ဖေါ်ကြရန်တိုက်တွန်းပါကြောင်း စသည်ဖြင့်ဆွေးနွေးမှာကြားခဲ့ပါသည်။ထို့နောက်အစည်းအဝေးသို့ တက်ရောက်လာသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်ဒေသ ဆိုင်ရာသာသနာရေးနှင့်ယဉ်ကျေးမှုဆပ်ကော်မတီဥက္ကဌများ၊ဆပ်ကော်မတီဝင်ဌာနများက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ပထမ ၄ လပါတ်ကာလအတွင်း အကောင်အထည်ဖေါ်ဆောင်ရွက်ပြီးစီး သည့်လုပ်ငန်းများအခြေအနေနှင့်၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက်ရန်လျာထားသည့်လုပ်ငန်း စီမံကိန်းများအားရှင်းလင်းတင်ပြကြရာဒုတိယဝန်ကြီးနှင့်အစည်းအဝေးတက်ရောက်လာသူများကအကြံပြုဆွေးနွေးကြပြီးနောက်ဒုတိယဝန်ကြီးကနိဂုံးချုပ်အမှာစကားပြောကြားကာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကိုရပ်နားခဲ့ကြောင်းသိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 03
  • SEP

  • 03 September 2024
  • နေပြည်တော်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် GNE Co., Ltd တို့ ပူးပေါင်းဖွင့်လှစ်သည့် “e-Government ဆိုင်ရာ Firewall Administration User  Training (Cyber Security) သင်တန်း” ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အရာထမ်း၊ အမှုထမ်းများ၊ GNE Co., Ltd မှ Branch Office Manager ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ ဒီဂျစ်တယ် ခေတ်တွင် ဆက်သွယ်ရေးစနစ်များနှင့် ICT နည်းပညာများ မြန်ဆန်စွာ ဖွံ့ဖြိုးတိုးတက်လာ             ခြင်းကြောင့် အကျိုးကျေးဇူးများရှိသကဲ့သို့ တစ်ချိန်တည်းတွင် ဆိုက်ဘာတိုက်ခိုက်မှု၊ ဆိုက်ဘာ ရာဇဝတ်မှုများ စသည့်စိန်ခေါ်မှုများကိုလည်း ရင်ဆိုင်လာရပါကြောင်း၊  သို့ဖြစ်ရာ ဆိုက်ဘာလုံခြုံရေး အစီအမံများကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် နိုင်ငံတော်မှ ဆိုက်ဘာလုံခြုံရေး ဆိုင်ရာ မူဝါဒကို ၂၀၂၃ ခုနှစ်၊ မတ်လတွင် ထုတ်ပြန်ခဲ့ပြီး ဥပဒေပြဋ္ဌာန်းနိုင်ရေးကိုလည်း ဆက်လက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံရှိ အစိုးရအဖွဲ့အစည်းအသီးသီးတို့၏   e-Government လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ဆောင်ရာတွင် ICT Infrastructure များ တည်ဆောက်ခြင်းသည်လည်း အဓိကလိုအပ်သည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနအနေဖြင့် ဘဏ္ဍာရေးနှစ်အလိုက် ICT အခြေခံအဆောက်အအုံများ ဖြည့်ဆည်းခြင်းအနေဖြင့်  Networking တိုးချဲ့တပ်ဆင်ခြင်း၊ CCTV (16) Channel တပ်ဆင်ခြင်း၊ Website (Web Portal) အသစ်ပြန်လည်ရေးဆွဲခြင်း၊ Internet Bandwidth တိုးချဲ့ခြင်း၊ Networking Device များ ပြုပြင်ထိန်းသိမ်းခြင်းများကို ဆောင်ရွက်ထားရှိခဲ့ပါကြောင်း၊ ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဝန်ကြီးဌာန ဆိုက်ဘာလုံခြုံရေးအတွက် GNE Co., Ltd နှင့် ပူးပေါင်း၍  Firewall - FortiGate 101F (Hardware) ကို တပ်ဆင်ထားရှိပြီး ဖြစ်၍ Firewall တပ်ဆင်အသုံးပြု ဆောင်ရွက်ထားရှိမှုများနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အစီအမံများ နှင့်ပတ်သက်၍ သိရှိနားလည်စေရန် ဤသင်တန်းကို ဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း၊ သင်တန်းသူ သင်တန်းသားများအနေဖြင့် သင်တန်းမှ ပို့ချမည့် သင်ခန်းစာများအပေါ် သေချာစွာ လေ့လာ သင်ယူကာ e-Government ပုံရိပ်ကို တိုးမြှင့်ဆောင်ရွက်သွားကြရန်နှင့်  မိမိတို့မျှော်မှန်းသည့် Digital အခွင့်အလမ်းများကို အမိအရ ဆုပ်ကိုင်နိုင်ရန်အတွက် ဒစ်ဂျစ်တယ် နည်းပညာများ၏ ခြိမ်းခြောက်မှုနှင့်အန္တရာယ်များ လျော့ပါးလာစေရေးတို့ကို အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက် သွားကြရန် တိုက်တွန်းပြောကြားပါသည်။ယင်းနောက် ဒုတိယဝန်ကြီးက  ယနေ့ခေတ်တွင် နည်းပညာဖွံ့ဖြိုးတိုးတက်လာသည်နှင့် အညီ ဆိုက်ဘာတိုက်ခိုက်မှု၊ ဆိုက်ဘာရာဇဝတ်မှုများ စသည့်စိန်ခေါ်မှုများကိုလည်း ရင်ဆိုင် လာရသဖြင့် Cyber Security သည် အရေးပါလာသောကြောင့် ယခု “e-Government ဆိုင်ရာ Firewall Administration User  Training (Cyber Security) သင်တန်းကို ဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း၊   Firewall ဆိုသည်မှာ Organization က ကြိုတင်သတ်မှတ်ထားသော လုံခြုံရေး စည်းမျဉ်းများအပေါ် အခြေခံ၍ အဝင်အထွက် ကွန်ရက်အသွားအလာ (Network Traffic) ကို စောင့်ကြည့်ထိန်းချုပ်သည့် Network Security Device တစ်ခုပင်ဖြစ်ပါကြောင်း၊ Firewall ၏ အဓိကရည်ရွယ်ချက်မှာ ယုံကြည်ရသော အတွင်းပိုင်းကွန်ရက် (Internal Network) နှင့် အင်တာနက်ကဲ့သို့သော ပြင်ပကွန်ရက် (External Network) များအကြားတွင် အတားအဆီး တစ်ခုအဖြစ် တည်ဆောက်ထားခြင်းဖြစ်ပါကြောင်း၊ ယခုကဲ့သို့ လုပ်ငန်းခွင်မပျက် သင်တန်းများ ဖွင့်လှစ်ခြင်းဖြင့် ဝန်ထမ်းများအားလုံး ကွန်ပျူတာတတ်ကျွမ်းလာပြီး ရုံးလုပ်ငန်းစီမံခန့်ခွဲခြင်းနှင့် ပြည်သူ့ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းများတွင် အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ သင်တန်းမှ ပို့ချခဲ့သည့် သင်ခန်းစာများကို လက်တွေ့နယ်ပယ်တွင် စဉ်ဆက်မပြတ် ပြန်လည်အသုံးချခြင်း အားဖြင့် တစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်ပိုမိုမြင့်မားလာမည်ဖြစ်ပြီး တတ်ကျွမ်းလာသည့် ပညာရပ်များကို လက်ဆင့်ကမ်းမျှဝေ သွားကြရမည်ဖြစ်ပါကြောင်း၊ ICT ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သည့် ဝန်ထမ်းများ ပိုမိုထွက်ပေါ်လာပါက ဝန်ကြီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက် များကို အကောင်အထည်ဖော်ရာတွင် ပိုမိုအထောက်အကူပြုနိုင်မည်ဖြစ်သဖြင့် အထူးကြိုးစား သင်ယူသွားကြရန် အလေးအနက်ထား မှာကြားလိုပါကြောင်း ပြောကြားပါသည်။ဆက်လက်၍ GNE Co., Ltd မှ Branch Office Manager က သင်တန်းနည်းပြဆရာ များနှင့် မိတ်ဆက်ပေးပြီး Powerpoint ဖြင့် ရှင်းလင်းတင်ပြပါသည်။ ယင်းနောက် သင်တန်းသား၊ သင်တန်းသူများက တစ်ဦးချင်း  မိတ်ဆက်ကြပါသည်။ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်း နည်းပြဆရာများ၊ သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။အဆိုပါ သင်တန်းကာလမှာ (၃) ရက်ခန့် ကြာမြင့်မည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၁၄) ဦး တက်ရောက်ကြကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 03
  • SEP

  • 03 September 2024
  • ကရင်ပြည်နယ်

ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များဖြစ်စေရန် ရည်ရွယ်၍ အသိပညာပေး စာပေဟောပြောပွဲကို တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ  ကရင်ပြည်နယ်၊ ဘားအံမြို့နယ် အ.လ.က(ခွဲ)မိန်းမလှကျွန်းကျောင်း၌ ဩဂုတ်လ(၂၈) ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ရီရီဝင်းက အဖွင့်အမှာစကားနှင့် “လူငယ်နှင့်စာပေ ယဉ်ကျေးမှု” ခေါင်းစဉ်ဖြင့်  ပြောကြားခဲ့သည်။ ဆက်လက်၍ ဘားအံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေး က “လူငယ်နှင့် စာဖတ်ခြင်းအကျိုးကျေးဇူး”ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဘားအံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းက “လူငယ်နှင့်ပတ်ဝန်းကျင်ချစ်စိတ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်စာကြည့်တိုက်ဖောင်ဒေးရှင်းအသင်းမှ ဆရာကြီး ဦးသန်းအောင်က “လူငယ်နှင့်ဗလငါးတန်” ခေါင်းစဉ်ဖြင့် အသီးအသီး ဟောပြောခဲ့ကြပြီး ကျောင်းသား၊ကျောင်းသူများမှ  ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါဟောပြော ပို့ချမှုအပေါ် ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားမှုရှိ၊ မရှိ ဉာဏ်စမ်းမေးခွန်းများဖြင့် အမေး၊ အဖြေ ပြုလုပ်ခဲ့ကြပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခဲ့ကာ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးပြီး အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ဌာနဆိုင်ရာမှ ဖိတ်ကြားထားသူများ၊ အ.လ.က(ခွဲ)မိန်းမလှ ကျွန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 30
  • AUG

  • 30 August 2024
  • နေပြည်တော်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မိသားစုများ၏ နဝမအကြိမ်မြောက် ဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြည်ညိုကြပါ သည်။ အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး ဆရာဒကာကျောင်း ဖြစ်သည့် ဥတ္တရသီရိမြို့နယ်၊ မသိမ်ကျေးရွာ၊ မသိမ်ကျောင်းသစ်ကျောင်း ဆရာတော် ဦးသောဘဏထံမှ ဒုတိယဝန်ကြီးနှင့် ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်များမှ ပရိတ်တရားတော်များ ရွတ်ပွားသရဇ္စျာယ် ချီးမြှင့် တော်မူကြပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပါသည်။ထို့နောက် ဆရာတော်ထံမှ အနုမောဒနာတရားများ နာယူကြပြီး လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချ အမျှပေးဝေ၍ သာဓုအနုမောဒနာခေါ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းပါသည်။အခမ်းအနားအပြီးတွင် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်  (၅)ပါးအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းပြီးနောက် ဒုတိယဝန်ကြီး၊ တာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများအားလုံး နေ့လယ်စာကို လက်ရည်တပြင်တည်း အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 26
  • AUG

  • 26 August 2024
  • ကရင်ပြည်နယ်

ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များဖြစ်စေရန် ရည်ရွယ်၍ အသိပညာပေးစာပေ ဟောပြောပွဲကို တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ကရင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ဦးဆောင်၍ ကရင်ပြည်နယ်၊ ဘားအံမြို့နယ် အ.ထ.က(ဖဲကတာ)ကျောင်း၌ ဩဂုတ်လ(၂၁) ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ရီရီဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောင်းသားလူငယ်များအား အသိ ပညာရရှိစေရန် ရည်ရွယ်၍ “လူငယ်နှင့်စာပေယဉ်ကျေးမှု” အကြောင်းအရာကို ရှင်းလင်းပြောကြားခဲ့ပါ သည်။ ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက “လူငယ်နှင့်စာဖတ်ခြင်းအကျိုးကျေးဇူး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းက “လူငယ်နှင့်ပတ်ဝန်းကျင် ချစ်စိတ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဘားအံမြို့နယ်ဦးစီးမှူး ဒေါ်နော်အောလျဖောက “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကရင်ပြည်နယ် စာကြည့်တိုက် ဖောင်ဒေးရှင်းအသင်းမှ ဆရာကြီး ဦးသန်းအောင်က “လူငယ်နှင့်ဗလငါးတန်” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးအသီး ဟောပြောခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများမှ  ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။ဆက်လက်ပြီး ဟောပြောပို့ချမှုအပေါ် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စိတ်ပါဝင်စားမှုရှိ၊ မရှိ ဉာဏ်စမ်းမေးခွန်းများဖြင့် အမေး၊အဖြေများ ပြုလုပ်ခဲ့ကြပါသည်။ထို့နောက် ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ဌာနဆိုင်ရာမှ ဖိတ်ကြားထားသူများ၊ အ.ထ.က(ဖဲကတာ)ကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၃၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 23
  • AUG

  • 23 August 2024
  • ရှမ်းပြည်နယ် ၊ တောင်ကြီးမြို့နယ်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနသည်  ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ ရှမ်းပြည်နယ်တိုင်းရင်းသားစင်တာ၌ ရှမ်းပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝတိုးတက်မြင့်မားစေရန်အတွက် အသက်မွေးဝမ်းကြောင်း ပညာသင်တန်းများ ဖွင့်လှစ်ပို့ချရန်၊ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးထမ်းများကို အချင်းချင်းဖလှယ်နိုင်ရန်၊ တိုင်းရင်းသားများ၏ ဒေသတွင်းတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အထောက်အကူပြုစေရန်၊ မဲခေါင်ဒေသတွင်း နိုင်ငံများအတွင်း ဖွံ့ဖြိုးတိုးတက်မှုကွာဟချက် ကိုလျှော့ချရန် ရည်ရွယ်ချက်များဖြင့် သက်မွေးပညာသင်တန်းများ ဖွင့်လှစ်လျက်ရှိပါသည်။တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာကို ဖွင့်လှစ်တည်ထောင်၍ မော်တော်ဆိုင်ကယ်စက်ပြင်၊ အခြေခံကွန်ပျူတာ၊ Bakery & Snack မုန့်အမျိုးမျိုးထုတ်လုပ်မှုနည်းပညာ၊ လူသုံးကုန် အမျိုးမျိုးထုတ်လုပ်မှုနည်းပညာနှင့်ကွန်ပျူတာအဆင့်မြင့် ပြုပြင်ထိန်းသိမ်းခြင်းစသည့် သင်တန်းများ ဖွင့်လှစ်သင်ကြားလျက်ရှိပါသည်။အေးသာယာမြို့ရှိ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်း စင်တာအစည်အဝေးခန်းမ၌ ကွန်ပျူတာအဆင့်မြင့်ပြုပြင်ထိန်းသိမ်းခြင်းသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲနှင့် မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်း (၅/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ရာ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနမှ  ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုက ကွန်ပျူတာအဆင့်မြင့်ပြုပြင် ထိန်းသိမ်းနည်းသင်တန်းကို ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်၍ ယခုသင်တန်းစင်တာမှ ဖွင့်လှစ်ပေးခဲ့သည့် သင်တန်းများကို ပြန်လည်အသုံးချနိုင်စေရန်နှင့် သက်ဆိုင်ရာဌာနရှိ ဝန်ထမ်းများအနေဖြင့် ဌာနရှိကွန်ပျူတာများကို ပြုပြင်ထိန်းသိမ်းနိုင်ရန် ပြင်ပမှသင်တန်း သားများအနေဖြင့်လည်း လက်တွေ့အသုံးချနိုင်ရန် ရည်ရွယ်ပါကြောင်း၊   E-Government စနစ်လည်ပတ်နိုင်စေရေးအတွက် ကွန်ပျူတာများသည် မရှိမဖြစ်လိုအပ်ပါကြောင်း၊ သင်တန်းဆရာများမှ ပို့ချလိုက်သည့်သင်ခန်းစာကို သေချာစွာလေ့လာမှတ်သားရန် မျှော်လင့်ပါကြောင်းနှင့် မမေ့မလျော့ပဲဆက်လက် အသုံးချစေလိုကြောင်း၊ မော်တော်ဆိုင်ကယ် စက်ပြင်သင်တန်းနှင့်ပတ်သက်၍ ပြောကြားလိုသည်မှာ မော်တော်ဆိုင်ကယ်သည် သယ်ယူ ပို့ဆောင်ရေးကဏ္ဍတွင် ယခုဖွင့်လှစ်မည့်သင်တန်း၌ လက်တွေ့ဆောင်ရွက်သည့် လုပ်ငန်းများတွင် သင်တန်းသားများမှကိုယ်တိုင်ဆောင်ရွက်ရန်လိုကြောင်း၊ သို့မှသာ ပြန်လည်အသုံးချနိုင်မည်ဖြစ်ပါသဖြင့် လေ့လာအားထုတ်ရန် တိုက်တွန်းလိုပါကြောင်း၊ ယခင်ဖွင့်လှစ်သည့် သင်တန်းများသို့ တက်ရောက်ခဲ့သည့် သင်တန်းသားများမှ တစ်ပိုင်တစ်နိုင် လုပ်ကိုင်နေသည်ကို တွေ့ရှိရပါကြောင်း သင်တန်းအားပြီးဆုံးအောင် တက်ရောက်စေလိုကြောင်း ပြောကြားခဲ့ပါသည်။ထို့နောက် သင်တန်းဆင်းလက်မှတ်များကို ချီးမြှင့်ပေးအပ်ခြင်း၊ သင်တန်းဆင်း သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူတင်စကားပြောကြားခြင်း၊ သင်တန်းတက်ရောက်မည့် သင်တန်းသားသင်တန်းသူများမှ အသီးသီးမိတ်ဆက်စကား ပြောကြားခြင်းတို့ဆောင်ရွက်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ပါသည်။ အဆိုပါ ကွန်ပျူတာအဆင့်မြင့်ပြုပြင်ထိန်းသိမ်းခြင်းသင်တန်း(၁/၂၀၂၄)ကို (၅-၈-၂၀၂၄) ရက်နေ့မှ (၁၄-၈-၂၀၂၄) ရက်နေ့အထိ ဖွင့်လှစ်ပို့ချခဲ့ပြီး  တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာနတို့မှ ဝန်ထမ်းများ၊ ရှမ်းပြည်နယ်အတွင်းရှိ  ပအိုဝ်း၊ ဓနု၊ ကချင်နှင့် လားဟူစသည့် တိုင်းရင်းသား မျိုးနွယ်စုမှ သင်တန်းသူ/သားများ စုစုပေါင်း(၂၀) ဦးတို့ဖြင့် ဖွင့်လှစ်သင်ကြားခဲ့ပြီး မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်းအမှတ်စဉ် (၅/၂၀၂၄)တွင် သင်တန်းသား စုစုပေါင်း (၂၀) ဖြင့် ဖွင့်လှစ်သင်ကြားလျက်ရှိပါသည်။အဆိုပါသင်တန်းစင်တာတွင် သင်တန်းများကိုဖွင့်လှစ်ပေးခဲ့ရာ သင်တန်းသား သင်တန်းသူ (၂၄၀) ဦးအား ဖွင့်လှစ်သင်ကြားမွေးထုတ်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 23
  • AUG

  • 23 August 2024
  • ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ဒိုင်းပြကျေးရွာတွင် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့တွင် အခြေခံလူသုံးကုန်အိမ်သုံးဆပ်ပြာအမျိုးမျိုး ထုတ်လုပ်မှုနည်းပညာပေးသင်တန်းဖွင့်ပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ တိုင်းရင်းသားတို့၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ကရင်ပြည်နယ်အစိုးရ အဖွဲ့ဘဏ္ဍာရန်ပုံငွေဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနက ကြီးမှူး၍ ဖွင့်လှစ်ခြင်းဖြစ်ပါသည်။ သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်စိုးက ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးစေရေး၊ တစ်ရွာထုတ်ကုန် တစ်မျိုးထုတ်လုပ်နိုင်သည့် လုပ်ငန်းငယ်များ ပေါ်ပေါက်ပြီး တိုင်းရင်းသားတို့၏လူမှုစီးပွားဘဝကို အထောက်အကူပြုစေရန်နှင့် ဈေးကွက်ဝင်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်စေရန် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း  ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါ အခြေခံလူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းကို (၅-၈-၂၀၂၄) ရက်နေ့မှ (၉-၈-၂၀၂၄) ရက်နေ့အထိ (၅) ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး လှိုင်းဘွဲ့မြို့၊ ဒိုင်းပြ ကျေးရွာမှ သင်တန်းသူ၊ သင်တန်းသား (၂၀)ဦး တက်ရောက်လျက်ရှိကာ ဘက်စုံသုံးဆပ်ပြာ၊ ရေချိုးဆပ်ပြာ၊ အဝတ်လျှော်ဆပ်ပြာ၊ ဆပ်ပြာခဲအမျိုးမျိုးနှင့် ခေါင်းလျှော်ရည် ပြုလုပ်နည်းများကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 23
  • AUG

  • 23 August 2024
  • ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့

တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကရင်ပြည် နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ထီလုံကျေးရွာ၊ ပအိုဝ်းဓမ္မာရုံ၌ ဩဂုတ်လ ၁၃ ရက်နေ့ နေ့လယ် ၁:၀၀ နာရီတွင် အခြေခံစားသောက်ကုန်ထုတ်လုပ်မှု နည်းပညာပေးသင်တန်းဖွင့်ပွဲ ကျင်းပခဲ့ပါသည်။ ကရင်ပြည်နယ်အစိုးရအဖွဲ့ဘဏ္ဍာရန်ပုံငွေဖြင့်  တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားတွင် ကရင်ပြည်နယ် တိုင်းရင်း သားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်စိုးက ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးစေရေး၊  တစ်ရွာထုတ်ကုန်တစ်မျိုး ထုတ်လုပ်နိုင်သည့် လုပ်ငန်းငယ်များပေါ်ပေါက်ပြီး တိုင်းရင်းသားတို့၏ လူမှုစီးပွားကို အထောက်အကူပြုစေရန်နှင့် ဒေသခံတိုင်းရင်းသားများအနေဖြင့် မိမိတို့၏ ကျေးရွာတွင်ထွက်ရှိသောအသီးအနှံများကို လေလွင့်မှုနည်းပါးပြီး ဈေးကွက်ဝင်စားသောက် ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်စေရန် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ကာ သင်တန်းထောက်ပံ့ငွေနှင့် သင်တန်းအတွက် လိုအပ်သောထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။ အဆိုပါအခြေခံစားသောက်ကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းကို (၇) ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ထီလုံကျေးရွာမှ သင်တန်းသား၊ သင်တန်းသူ (၂၀) ဦး တက်ရောက်လျက်ရှိကာ သစ်သီးယိုမျိုးစုံ၊ သစ်သီးဖျော်ရည်၊ နှမ်းယို၊ မြေပဲယိုနှင့် သစ်သီးဂျယ်လီအမျိုးမျိုး ပြုလုပ်နည်းများကို သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးကျော်စိုး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းရန်နောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိနန္ဒာမွန်၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူး ဒေါ်နွယ်နွယ်အောင်နှင့် ဌာနဆိုင်ရာမှ ဧည့်သည်တော်များ၊ ကျေးရွာသူ၊ ကျေးရွာသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 23
  • AUG

  • 23 August 2024
  • ကရင်ပြည်နယ်

ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များဖြစ်စေရန် ရည်ရွယ်၍ အသိပညာပေးစာပေ ဟောပြောပွဲကို တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ကရင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ  ဦးဆောင်၍ ကရင်ပြည်နယ်၊ ဘားအံမြို့နယ် အ.ထ.က(ကော့ကျိုက်)ကျောင်း၌ ဩဂုတ်လ(၁၆) ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ရီရီဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောင်းသားလူငယ်များအား အသိ ပညာရရှိစေရန်ရည်ရွယ်၍ “လူငယ်နှင့်စာပေယဉ်ကျေးမှု” အကြောင်းအရာကို ရှင်းလင်းပြောကြားခဲ့ပါ သည်။ ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက “လူငယ်နှင့်ရည်မှန်းချက်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းက “လူငယ်နှင့်ပတ်ဝန်းကျင်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မိုမိုမောင် က “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ကရင်ပြည်နယ်စာကြည့်တိုက်ဖောင်ဒေးရှင်းအသင်းမှ ဆရာကြီး ဦးသန်းအောင်က “လူငယ်နှင့်ဗလငါးတန်” ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးအသီး ဟောပြော ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများမှ  ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။ဆက်လက်ပြီး ဟောပြောပို့ချမှုအပေါ် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စိတ်ပါဝင်စားမှုရှိ၊ မရှိ ဉာဏ်စမ်းမေးခွန်းများဖြင့် အမေး၊အဖြေများ ပြုလုပ်ခဲ့ကြပါသည်။ထို့နောက် ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ဌာနဆိုင်ရာမှ ဖိတ်ကြားထားသူများ၊ အ.ထ.က(ကော့ကျိုက်)ကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၀၄)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 16
  • AUG

  • 16 August 2024
  • နေပြည်တော်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ရည်မှန်းချက်များနှင့် မျှော်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လိုအပ်သော လူ့စွမ်းအားအရင်းအမြစ်များ စဉ်ဆက်မပြတ်ဖြစ်ပေါ်လာစေရေးနှင့် ဝန်ထမ်းများ အဂတိတရားကင်းရှင်းစွာဖြင့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်နိုင်စေရေးအတွက်  အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပူးပေါင်း၍ အဂတိ လိုက်စားနိုင်ခြေ အန္တရာယ်ရှိမှု ဆန်းစစ်လေ့လာခြင်း (Corruption Risk Assessment-CRA) နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ သင်တန်းနည်းပြ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့် အရာထမ်း အမှုထမ်းများ တက်ရောက်ကြပါသည်။ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အဖွင့်အမှာစကား ပြောကြား ရာတွင် ယခုကဲ့သို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပူးပေါင်း၍ အဂတိလိုက်စား နိုင်ခြေ အန္တရာယ်ရှိမှု ဆန်းစစ်လေ့လာခြင်း (Corruption Risk Assessment-CRA) နည်းပညာ သင်တန်းပို့ချခြင်းအားဖြင့် အစိုးရဌာန၊ အဖွဲ့အစည်းများ၊ တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် အဂတိ လိုက်စားမှု ဖြစ်မြောက်နိုင်သည့်ကိစ္စရပ်များ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများ၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်ပြီး အဂတိလိုက်စားမှု ဖြစ်ပေါ်စေနိုင်သည့် အကြောင်းအရာများကို ရှောင်ကြဉ်လာနိုင်မည်ဖြစ်ပါ ကြောင်း၊ အဂတိလိုက်စားမှုသည် “ကိုယ်ကျင့်တရား ပျက်ယွင်းခြင်း” တစ်နည်းအားဖြင့် အကျိုး အမြတ်တွက်ချက်ပြီး ကျူးလွန်သည့် ရာဇဝတ်မှုဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုသည် နယ်ပယ် အသီးသီးတွင် ပုံစံမျိုးစုံဖြင့် ဖြစ်ပွားနိုင်ပြီး အဂတိလိုက်စားမှုကျူးလွန်ပါက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် အရေးယူခံရစေမည့်အပြင် မိမိပတ်ဝန်းကျင် အသိုင်းအဝိုင်းတွင်လည်း ဂုဏ်သိက္ခာ ထိခိုက်ကျဆင်းစေမည်ဖြစ်သဖြင့် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူ့ဝန်ထမ်းများအနေဖြင့် အထူးသတိပြု ရှောင်ကြဉ်ရန်လိုအပ်ပါကြောင်း၊ အဂတိကင်းရှင်းသည့် နိုင်ငံ့ဝန်ထမ်းများဖြင့် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်တစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါက လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း၊ တရားမျှတခြင်း ဟူသော လောကပါလ တရား (၃)ပါးနှင့်အညီ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း၊  “ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုကောင်းမွန်သည်” ဆိုသည့်စကားနှင့်အညီ အဂတိ လိုက်စားမှုများ ပေါ်ပေါက်လာမှ စုံစမ်းစစ်ဆေး အရေးယူခြင်းထက် အဂတိလိုက်စားမှုများ မဖြစ်မီကတည်းက ကြိုတင်တားဆီးကာကွယ်ရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး (Corruption Prevention Unit - CPU) များကို ဌာနစိတ်၊ ဌာနစု၊ ဌာနခွဲအလိုက် ဖွဲ့စည်းပြီး အဂတိလိုက်စားမှုများ လျော့နည်းပပျောက်ရေး အတွက် ညွှန်ကြားချက်များနှင့်အညီ အထူးကြိုးစား ဆောင်ရွက်လျက်ရှိပါကြောင်း၊ သင်တန်းသူ သင်တန်းသားများအနေဖြင့် ယခုပို့ချချက်များမှ ရရှိလာသည့် အသိအမြင် ဗဟုသုတများကို မှတ်သားလိုက်နာ၍ မိမိမှတစ်ဆင့် မိမိပတ်ဝန်းကျင်၊ မိမိအဖွဲ့အစည်းသို့ ပြန်လည်မျှဝေပေးကြရန်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်တွင် ပါဝင်ကြရန်နှင့် မိမိမှစ၍ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ အဂတိလိုက်စားမှုကို ငြင်းဆန်ရန် တိုက်တွန်းလိုပါကြောင်း၊ အဂတိ တရားကင်းရှင်းပြီး နိုင်ငံတော်နှင့် ပြည်သူများအား အကျိုးပြုမည့် ဝန်ထမ်းကောင်းများ ဖြစ်ကြပါစေကြောင်း တိုက်တွန်းပြောကြားပါသည်။ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ကမ္ဘာ့နိုင်ငံများတွင် ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲ နှင့် ဖွံ့ဖြိုးတိုးတက်မှုနည်းပါးသော နိုင်ငံများဟူ၍ရှိပါကြောင်း၊ အဂတိလိုက်စားမှုကင်းရှင်းမှသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ပါက အဂတိလိုက်စားမှု ကင်းရှင်းမည်ဖြစ်ရာ အဂတိလိုက်စားမှုကင်းရှင်းခြင်းနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ခြင်းသည်  အပြန်အလှန် အမှီသဟဲပြု‌နေပါကြောင်း၊ အဂတိလိုက်စားမှုသည် တာဝန်နှင့် လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုလုပ်ခြင်းမှ ပေါ်ပေါက်လာခြင်းဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုများကြောင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အဟန့်အတားဖြစ်စေပြီး ပြည်သူလူထု၏ ယုံကြည်မှုလျော့ကျ စေနိုင်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပြဋ္ဌာန်းထားရှိသည့် ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊  လုပ်ထုံးလုပ်နည်းများ၊ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်း (၃၅/၂၀၁၇)၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေတို့ကို သိရှိလေ့လာထားခြင်းဖြင့် အဂတိလိုက်စားခြင်းကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရှောင်ကြဉ်နိုင်မည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ သင်တန်းများ ဖွင့်လှစ်ခြင်းဖြင့် အများပြည်သူဆိုင်ရာ အုပ်ချုပ်ရေးတွင် ဂုဏ်သိက္ခာနှင့် တာဝန်ယူနိုင်မှု မြင့်မားတိုးတက်လာမည်ဖြစ်ပြီး ဝန်ထမ်းများ၏ အနာဂတ်ကာလများတွင်ပါ အဂတိလိုက်စားမှုများ ဆက်လက်မပေါ်ပေါက်စေရေးအတွက် တားမြစ်သွားနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ အဂတိလိုက်စားမှုကင်းရှင်းပါက အစိုးရဌာနများ၊ အဖွဲ့အစည်းများ ဖွံဖြိုး တိုးတက်မည်ဖြစ်ပြီး အစိုးရဌာနများ၊ အဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မည်ဖြစ်သဖြင့် သာယာဝပြောသည့် နိုင်ငံတော်၏အသီးအပွင့်များကို တိုင်းရင်းသား ပြည်သူများ ရရှိခံစားကြရမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။ထို့နောက် သင်တန်းနည်းပြ ဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများက တစ်ဦးချင်း မိတ်ဆက်ကြပါသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်း နည်းပြ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။အဆိုပါသင်တန်းသို့ အရာထမ်း သင်တန်းသား၊ သင်တန်းသူ (၁၅) ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ (၂) ရက် ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်