ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

ဒုတိယဝန်ကြီး သတင်းများ

  • 10
  • FEB

  • 10 February 2023
  • ရန်ကုန်

ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)တွင် တည်ဆောက်လျှက်ရှိသည့် ဆိပ်ခံဗောတံတားစီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ယနေ့ ဖေဖော်ဝါရီလ(၁၀)ရက်နေ့နေ့လည်(၁၄:၃၀)နာရီအချိန်၌ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)မှ ညွှန်ကြားရေးမှူးနှင့် တာဝန်ခံအရာရှိ (ဒုတိယညွှန်ကြားရေးမှူး)တို့ လိုက်ပါလျှက် သွားရောက်စစ်ဆေးခဲ့ရာ တင်ဒါအောင်မြင်သော တည်ဆောက်ရေးကုမ္ပဏီဖြစ်သည့် Rcgal Strength Co.,Ltd. တာဝန်ရှိသူ MD ဦးပြည့်စုံဖြိုးမှ ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က လုပ်ငန်းခွင်အတွင်း တည်ဆောက်ရေး လုပ်ငန်းများအား စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်အချိန်ကာလအတွင်း အပြီးဆောင်ရွက်သွားကြရန်နှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် သတိပြုဆောင်ရွက်သွားကြရန်နှင့် လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။တည်ဆောက်ရေးလုပ်ငန်းများမှာ လုပ်ငန်းပမာဏ (၇၇.၈၅%)ပြီးစီးဆောင်ရွက်ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 04
  • JAN

  • 04 January 2023

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့် အပ်နှင်းခြင်းအခမ်းအနားကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာ သရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက် ချီးမြှင့်ပြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က သီရိပျံချီဘွဲ့ကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ဝဏ္ဏကျော်ထင်ဘွဲ့ကိုလည်းကောင်း လက်ခံရယူခဲ့ကြပါသည်။  အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်တည်ဆောက်ရာတွင် လွတ်လပ်ရေးကြိုးပမ်းမှုကာလမှ ယနေ့အထိ အသက်ခန္ဓာနှင့်သွေးချွေးများကိုပေးဆပ်ပြီး ထူးကဲစွာဆောင်ရွက်ခဲ့ကြသည့်ပုဂ္ဂိုလ်များ၊ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရာ တွင် သက်စွန့်ကြိုးပမ်း ထမ်းဆောင်ခဲ့ကြသည့်ပုဂ္ဂိုလ်များ၊ နိုင်ငံတော်၏စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ရေးရာစီမံခန့်ခွဲရေးကဏ္ဍများတွင် ထူးခြားထက်မြက်စွာ စွမ်းဆောင်နိုင်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ နယ်ဘက်နှင့် စစ်ဘက်ဆိုင်ရာတို့တွင် တိုင်းကျိုးပြည်ကျိုးကို အများနှင့်မတူအောင် ထူးခြားစွာစွမ်းဆောင်နိုင်ခဲ့ကြသည့်ပုဂ္ဂိုလ်များ၊ နိုင်ငံနှင့်လူမျိုးအတွက် သိပ္ပံပညာ၊ ဝိဇ္ဇာပညာနှင့် အခြားသောပညာရပ်တစ်ခုခုတွင် ကမ္ဘာအဆင့်မီအောင်မြင်စွာ တီထွင်ဖန်တီးစွမ်းဆောင်နိုင် သည့်ပုဂ္ဂိုလ်များ၊ စာပေနှင့်အနုသုခုမပညာရပ်များတွင် ထူးခြားကောင်းမွန်စွာ တတ်မြောက်သူ ပုဂ္ဂိုလ်များ၊ နိုင်ငံတော်လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့တွင် မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် ကြိုးပမ်းထမ်းဆောင်ခဲ့ကြသည့် ပုဂ္ဂိုလ်များအား စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဂုဏ်ထူးဆောင်ဘွဲ့များကို ဂုဏ်ပြုချီးမြှင့် အပ်နှင်းခြင်းဖြစ်ကာ ၂၀၂၂ ခုနှစ်အတွင်း ချီးမြှင့်ခဲ့သည့် ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူ (၇၄၄) ဦး အနက် အခမ်းအနားပထမနေ့တွင် အဂ္ဂမဟာသီရိသုဓမ္မဘွဲ့ရရှိသူ(၃)ဦး၊ သတိုးသီရိသုဓမ္မဘွဲ့ရရှိသူ (၁)ဦး၊ အဂ္ဂမဟာသရေစည်သူဘွဲ့ရရှိသူ (၄)ဦး၊ သတိုးမဟာသရေစည်သူဘွဲ့ရရှိသူ (၂)ဦး၊ မဟာသရေစည်သူဘွဲ့ရရှိသူ (၆)ဦး၊ သရေစည်သူဘွဲ့ရရှိသူ (၁၁)ဦး၊ စည်သူဘွဲ့ရရှိသူ (၇၈)ဦး၊ သီဟသူရဘွဲ့ရရှိသူ (၁) ဦး၊ သူရဘွဲ့ရရှိသူ(၄)ဦး၊ ဇေယျကျော်ထင်ဘွဲ့ရရှိသူ (၅၀)ဦး၊ ဝဏ္ဏ ကျော်ထင်ဘွဲ့ရရှိသူ (သံအမတ်ကြီးများ) (၂၈)ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ (အကြံပေးပုဂ္ဂိုလ်) (၈)ဦး၊ စုစုပေါင်း (၂၀၆)ဦးတို့ကိုလည်းကောင်း၊ အခမ်းအနားဒုတိယနေ့ နံနက်ပိုင်းတွင် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များဖြစ်ကြသည့် သီရိပျံချီဘွဲ့ရရှိသူ (၁၆၈) ဦးနှင့် ဝဏ္ဏ ကျော်ထင်ဘွဲ့ရရှိသူ (၂၁) ဦးတို့ကိုလည်းကောင်း၊ မွန်းလွဲပိုင်းတွင် ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ (၁၃၂) ဦး၊ အလင်္ကာကျော်စွာဘွဲ့ရရှိသူ (၁၈) ဦးနှင့် သိပ္ပကျော်စွာဘွဲ့ရရှိသူ (၅) ဦး တို့ကိုလည်းကောင်း ဂုဏ်ထူးဆောင်ဘွဲ့များ တစ်ဦးချင်း လက်ရောက်ချီးမြှင့်အပ်နှင်းခဲ့ကြောင်းသိရှိရသည်။ယခင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးနိုင်သက်လွင်အား သီရိပျံချီဘွဲ့ကိုလည်းကောင်း၊ ယခင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှမော်ဦးအား ဝဏ္ဏကျော်ထင်ဘွဲ့ကိုလည်းကောင်း ချီးမြှင့် အပ်နှင်းခဲ့ကြောင်းလည်း သိရှိရ ပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 12
  • DEC

  • 12 December 2022

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် အမြဲတမ်းအတွင်းဝန်၊ညွှန်ကြား‌ရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ၉-၁၂-၂၀၂၂ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ဥုပ္ပါတသန္တိစေတီ တပေါင်းကွင်းသို့သွားရောက်ပြီး ၇၅ နှစ် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနဂုဏ်ပြုယာဉ် တည်ဆောက်ဆင်ယင်‌ ဆောင်ရွက်နေပြီးစီးမှု အခြေအနေကိုသွားရောက်စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပြင်ဆင်ဆောင်ရွက်ရန် လမ်းညွှန်မှုပြုခဲ့ကြောင်းသတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 04
  • DEC

  • 04 December 2022

၂၉-၁၁-၂၀၂၂ ရက်နေ့၊ နံနက်(၁ဝးဝဝ)နာရီ၌ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ Vientiane မြို့ရှိ Muong Thanh Hotel ၊ အစည်းအဝေးခန်းမတွင် မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်အရ ကျင်းပပြုလုပ်သည့် တိုင်းရင်းသားရေးရာယဉ်ကျေးမှုဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mme.Livong Laoly က တက်ရောက်ခဲ့ပြီး အဖွင့်အမှာစကားပြောကြားရာတွင် လာအိုနိုင်ငံသို့ လာရောက်သည့်မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဝမ်းမြောက်နွေးထွေးစွာကြိုဆိုပါကြောင်း၊ တိုင်းရင်းသားရေးရာ ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်ကို မြန်မာနှင့်လာအိုတို့ ပထမဆုံးဆောင်ရွက်ကြခြင်းဖြစ်ပါကြောင်း၊ တိုင်းရင်းသားရေးရာကိစ္စသည် နိုင်ငံတော်အတွက်လည်း အရေးကြီးသည့်ကိစ္စဖြစ်ပါကြောင်း၊ ယခုလိုနှစ်နိုင်ငံတိုင်းရင်းသားရေးရာဆိုင်ရာ အတွေ့အကြုံများကို နှစ်ဖက်ဖလှယ်နိုင်၍ မဲခေါင်ဒေသအတွင်းချစ်ကြည်ရင်းနှီးနားလည်မှုများ တိုးပွားလာနိုင်မည်ဟုမျှော်လင့်ပါကြောင်းပြောကြားခဲ့ပါသည်။တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ နိုင်ငံတော်၏အခြေခံမူတွင်  တိုင်းရင်းသားများအရေးကို ထည့်သွင်းဖော်ပြထားပါကြောင်း၊ ထိုအခြေခံမူအရ တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးများကာကွယ်စောင့်ရှောက်သည့်ဥပဒေကို၂၀၁၅ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေအရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနကို ၂၀၁၆ခုနှစ်တွင့်ဖွဲ့စည်းခဲ့ပါကြောင်း၊ နည်းဥပဒေကို ၂၀၁၉ခုနှစ်တွင်ထုတ်ပြန်နိုင်ခဲ့ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည်သက်တမ်းအားဖြင့် ၆ နှစ်ခန့်သာရှိသေးသည့်အတွက် မူဝါဒနှင့်အတွေ့အကြုံများကို ဖလှယ်နိုင်ရေး ယခုကဲ့သို့ အစီအစဉ်ကို မဲခေါင်-လျန်ချန်းပူးပေါင်းဆောင်ရွက်ရေးအထူးရန်ပုံငွေ ၂၀၂၀ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ နှစ်နိုင်ငံ၏ တူညီသောတိုင်းရင်းသားယဉ်ကျေးမှုများနှင့် ရေးရာကိစ္စများကို အမြင်ခြင်းဖလှယ်ပြီး နောင်အနာဂါတ်တွင်ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ပြီး ရင်းနှီချစ်ကြည်သည့် ကွန်ယက်ကိုတည်‌ထောင်နိုင်ရန်မျှော်လင့်ပါကြောင်းပြောကြားခဲ့ပါသည်။၎င်းနောက် ဆွေးနွေးပွဲကိုဆက်လက်ကျင်းပရာ လာအိုနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာန ၊ တိုင်းရင်းသားနှင့်သာသနာရေးရာဌာန(Department of Ethnic and Religious Affairs)၊ ညွှန်ကြားရေးမှူးချုပ် Mr. Sosonephith Phanouvong က “လာအိုနိုင်ငံ၏ တိုင်းရင်းသား မျိုးနွယ်စုများနှင့်ယဉ်ကျေးမှုများ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးမှ လက်ထောက်အတွင်းဝန် ဦးဇော်စိုးက “တိုင်းရင်းသား ရေးရာလုပ်ငန်းစဉ်များ” ခေါင်းစဉ်ဖြင့်လည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြပြီး သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးဖြေကြားခဲ့ကြပါသည်။ ထို့နောက်  လာအိုနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာန ၊ တိုင်းရင်းသားနှင့်သာသနာ ရေးရာဌာန(Department of Ethnic and Religious Affairs)၊ ညွှန်ကြားရေးမှူးချုပ် Mr. Sosonephith Phanouvong က “လာအိုနိုင်ငံရှိ တိုင်းရင်းသား ရေးရာမူဝါဒများ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးချစ်ဇော်လင်းက “မြန်မာနိုင်ငံရှိ တိုင်းရင်းသားရေးရာမူဝါဒများ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းသူရအောင်က “ မြန်မာနိုင်ငံရှိ တိုင်းရင်းသား ယဉ်ကျေးမှုများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာန ၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးပြေဟိန်းနိုင်က “မြန်မာနိုင်ငံရှိတိုင်းရင်းသားများ၏ရိုးရာပွဲတော်များ” ခေါင်းစဉ်ဖြင့်လည်းကောင်း ရှင်းလင်း တင်ပြခဲ့ကြပြီး သိရှိလိုသည်များကို အပြန်အလှန် မေးမြန်း ဆွေးနွေးဖြေကြားခဲ့ကြပါသည်။ ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ကချင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုတို့က အခမ်းအနားတက်ရောက်လာသူများကို ဂုဏ်ပြုလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။ ယင်းနောက် ဆွေးနွေးပွဲရလဒ်မူကြမ်းကို နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့များက ညှိနှိုင်းအတည်ပြုခဲ့ကြပါသည်။ ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ဆွေးနွေးပွဲကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ပေးသည့် လာအိုနိုင်ငံပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ လာအိုနိုင်ငံတွင်လည်း တိုင်းရင်းသားများ အခွင့်အရေးကိုကာကွယ်စောင့်ရှောက်သည့် ဥပဒေပြဌာန်းထားရှိပြီး တိုင်းရင်းသားများအတွက်ဆောင်ရွက်ပေးနေကြောင်း လေ့လာသိရှိရသည့်အတွက် လာအိုနိုင်ငံအပေါ်ဝမ်းမြောက်ဂုဏ်ယူအပ်ပါကြောင်း‌ပြောကြားပါသည်။ဆက်လက်၍ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mme. Livong Laoly က နိဂုံးချုပ်အမှာစကား ပြောကြားကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြပြီးအလုပ်ရုံဆွေးနွေးပွဲ အခမ်းအနား ကို ရုပ်သိမ်းခဲ့ကြပါသည်။ဆွေးနွေးပွဲကျင်းပမှုတွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် စည်းလုံးခြင်းအတွက်သီချင်းတစ်ပုဒ်နှင့် ထာဝရသစ္စာ သီချင်းတို့ဖြင့် ကပြဖျော်ဖြေခြင်းကိုပါ ဆောင်ရွက်ခဲ့ကြပါသည်။ (၃၀-၁၁-၂၀၂၂)ရက်နေ့တွင်  ဒုတိယဝန်ကြီးဦးဇော်အေးမောင်ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည်   Laung Prabang  မြို့သို့ လေယာဉ်ဖြင့် သွားရောက်ခဲ့ကြပြီး Laung Prabang National Museum နှင့် Kuang SI ရေတံခွန်တို့သို့ သွားရောက်လေ့လာခဲ့ကြပါသည်။ ၁-၁၂-၂၀၂၂ ရက်နေ့တွင် နံနက်ပိုင်းတွင် လာအိုနိုင်ငံ ရိုးရာဓလေ့ထုံးစံဖြစ်သည့် သံဃာတော်များအားအရုဏ်ဆွမ်းလောင်းမှုကိုလေ့လာပြီး ပါဝင်လောင်းလှူခဲ့ကြပါသည်၊ ထို့နောက် မဲခေါင်မြစ်အတွင်းစက်လှေဖြင့် ကောက်ညှင်းဆန်စိုက်ပျိုးသည့်ကျေးရွာBanxang Hai Village နှင့် ယက္ကန်းယက်သည့် Xangkhong Posa Weaving and Paper Handcraft Village တို့သို့ သွားရောက်လေ့လာကြကာ ဗီယန်ကျင်းမြို့သို့ မီးရထားဖြင့် ပြန်လည်ထွက်ခွာခဲ့ကြပါသည်။ ၂-၁၂-၂၀၂၂ ရက်နေ့ နံနက်ပိုင်းတွင် ဗီယန်ကျင်းမြို့ရှိ Xieng Kuant Buddha Park သို့သွားရောက်လေ့လာခဲ့ကြပါသည်။ ၃-၁၂-၂၀၂၂ ရက်နေ့ တွင် ဒုတိယဝန်ကြီးခေါင်းဆောင်သည့်အဖွဲ့သည် ဗီယန်ကျင်းမြို့ Wattay နိုင်ငံတကာလေဆိပ်မှ လေကြောင်းခရီးစဉ်ဖြင့်ပြန်လည်ထွက်ခွာခဲ့ရာ ရန်ကုန်မြို့သို့ (၁၈:၃၀)အချိန်တွင်ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 08
  • NOV

  • 08 November 2022

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)တွင် တည်ဆောက်လျှက်ရှိသည့် ဆိပ်ခံဗောတံတားစီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ယနေ့ နိုဝင်ဘာလ(၆)ရက်နေ့ နေ့လည် ( ၁၃:၃၀ ) အချိန်၌ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)မှ တာဝန်ရှိသူများ လိုက်ပါလျက်သွားရောက်စစ်ဆေးခဲ့ရာ တင်ဒါအောင်မြင်သော တည်ဆောက်ရေး ကုမ္ပဏီဖြစ်သည့် Regal Strength Co.,Ltd. တာဝန်ရှိသူမှ ဆိပ်ခံဗောတံတားတည်ဆောက်ရေး ပိုင်ရိုက်ခြင်းလုပ်ငန်း (၂၂)တိုင် ပိုင်ရိုက်ထားမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးက ရှင်းလင်းတင်ပြချက်များအပေါ် တည်ဆောက်ရေးလုပ်ငန်းများအား စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်အချိန်ကာလအတွင်း အပြီးဆောင်ရွက်သွားကြရန်နှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် သတိပြုဆောင်ရွက်သွားကြရန်မှာကြားခဲ့ပြီး လိုအပ်သည်များ အားပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 07
  • NOV

  • 07 November 2022

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)တွင် တည်ဆောက်လျှက်ရှိသည့် ဆိပ်ခံဗောတံတားစီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ယနေ့ နိုဝင်ဘာလ(၆)ရက်နေ့ နေ့လည် ( ၁၃:၃၀ ) အချိန်၌ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)မှ တာဝန်ရှိသူများ လိုက်ပါလျက်သွားရောက်စစ်ဆေးခဲ့ရာ တင်ဒါအောင်မြင်သော တည်ဆောက်ရေး ကုမ္ပဏီဖြစ်သည့် Regal Strength Co.,Ltd. တာဝန်ရှိသူမှ ဆိပ်ခံဗောတံတားတည်ဆောက်ရေး ပိုင်ရိုက်ခြင်းလုပ်ငန်း (၂၂)တိုင် ပိုင်ရိုက်ထားမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးက ရှင်းလင်းတင်ပြချက်များအပေါ် တည်ဆောက်ရေးလုပ်ငန်းများအား စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်အချိန်ကာလအတွင်း အပြီးဆောင်ရွက်သွားကြရန်နှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် သတိပြုဆောင်ရွက်သွားကြရန်မှာကြားခဲ့ပြီး လိုအပ်သည်များ အားပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 28
  • SEP

  • 28 September 2022

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ရန်ကုန်တိုင်း ဒေသကြီး၊ သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)တွင် ဆောင်ရွက်လျက်ရှိသည့် ဆိပ်ခံဗောတံတားစီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို အောက်တိုဘာလ(၉)ရက်နေ့၊ နေ့လည်(၁၃:၀၀)အချိန်၌ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူး၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)မှ ညွှန်ကြားရေးမှူးနှင့် တာဝန်ခံအရာရှိ(ဒုတိယညွှန်ကြားရေးမှူး)တို့ လိုက်ပါလျက် သွားရောက်စစ်ဆေးခဲ့ရာ တင်ဒါအောင်မြင်သော တည်ဆောက်ရေးကုမ္ပဏီဖြစ်သည့် Regal Strength Co.,Ltd တာဝန်ရှိသူမှ ဆိပ်ခံဗောတံတားတည်ဆောက်နိုင်ရေး Pie ရိုက်ရန်အတွက် ယာယီတံတား တည်ဆောက်ထားမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပါသည်။ဆက်လက်၍ ဆိပ်ခံဗော(Pontoon) တည်ဆောက်နေသည့် ဒဂုံသင်္ဘောကျင်းသို့ သွားရောက် စစ်ဆေးခဲ့ရာ သင်္ဘောကျင်းမှ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးတင်စိုးက (Pontoon) တည်ဆောက် ပြုပြင်နေမှုအခြေအနေများနှင့် ပြုပြင်ပြီးစီးမှု(၈၀%) ရှိပြီဖြစ်ပါကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။ ရှင်းလင်းတင်ပြချက်အပေါ် ဒုတိယဝန်ကြီးက တည်ဆောက်ရေးလုပ်ငန်းများအား စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်အချိန်ကာလအတွင်း အပြီးဆောင်ရွက်သွားကြရန်နှင့် လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ပါသည်။ထို့နောက် ဒုတိယဝန်ကြီးသည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာအုပ်ချုပ်ရေးရုံး၌ ဝန်ထမ်းများ နှင့်တွေ့ဆုံကာ ယခုကာလသည် ဗုဒ္ဓဘာသာတို့၏ အထွဋ်အမြတ်ထားရာ သီတင်းကျွတ် ရုံးပိတ်ရက်ကာလ ဖြစ်ပြီး အများပြည်သူအလုပ်ပိတ်ရက်အတွင်း လာရောက်လေ့လာ အပန်းဖြေလည်ပတ်ကြသည့် တိုင်းရင်းသားပြည်သူများအား အဆင်ပြေချောမွေ့စွာ လေ့လာအပန်းဖြေနိုင်ရေး ဝန်ဆောင်မှုပေးကြရန် မှာကြားခဲ့သည်။သီတင်းကျွတ် အများပြည်သူအလုပ်ပိတ်ရက်ကာလအတွင်း ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)၏ ရိုးရာအိမ်များ၊ အပန်းဖြေနေရာများတွင် လာရောက်လေ့လာအပန်းဖြေသူများဖြင့် စည်ကားလျက်ရှိကြောင်းသိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်