ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကရင်၊ ဇိုမီး(ချင်း)၊ ဥပ်ပူး(ချင်း)၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကိုးကန့်၊ စသည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များမှ တာဝန်ရှိသူများအား ရန်ကုန်မြို့တွင် ရောက်ရှိနေသည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင် သည် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့်အတူ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန ရန်ကုန်တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးတွင် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးဦးဇော်အေးမောင်က ကမ္ဘာ့ပထဝီနိုင်ငံရေး၊ မြန်မာ့ ပထဝီနိုင်ငံရေး၊ လက်ရှိ ကမ္ဘာ့ပထဝီနိုင်ငံရေးများက မြန်မာနိုင်ငံအပေါ် သက်ရောက်မှုများ၊ အဆိုပါ သက်ရောက်မှုအပေါ် တိုင်းရင်းသားများကစည်းလုံးညီညွတ်စွာဖြင့် အမျိုးသားလုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားကို ရှေ့ရှု၍ဆောင်ရွက်သွားရန်၊ နိုင်ငံတော်ကဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်စေရန် ပူးပေါင်းဆောင်ရွက်ကြရန်၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များအနေဖြင့် ဥပဒေနှင့်အညီ မိမိတို့၏အသင်းအဖွဲ့များကို ပြန်လည်မှတ်ပုံ တင်နိုင်ရေး၊ လာမည့်(၁၅.၁၀.၂၀၂၃)ရက်နေ့တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်(NCA)လက်မှတ်ရေးထိုးသည့် (၈)နှစ်ပြည့် အခမ်းအနားအား နေပြည်တော်တွင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ရာ အဆိုပါအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် ဆွေးနွေးပြောကြားပါသည်။ ထို့နောက် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက အသင်းအဖွဲ့ မှတ်ပုံတင်ရေးဥပဒေအရ မှတ်ပုံတင်နိုင်ရေးဆောင်ရွက်နေမှုများနှင့် တိုင်းရင်းသားရေးရာ ကိစ္စ ရပ်များကို ဆွေးနွေးတင်ပြပြီး တက်ရောက်လာသည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အဖွဲ့များမှ တာဝန်ရှိသူများက လိုအပ်ချက်နှင့်ကူညီဆောင်ရွက်ပေးရမည့် အချက်များကို ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်းသတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၂၃)ရက်နေ့တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့မှ ရေပန်းအလှတပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများ ကြည့်ရှု့စစ်ဆေးခြင်း၊ သမင်ခြံနေရာတွင် ဝင်္ကပါပတ်လမ်း၊ ဝါးရုံတောလျှောက်လမ်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှု့စစ်ဆေးခြင်း၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)အတွင်းရှိ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများဖြစ်သည့် ရခိုင်ရိုးရာအိမ်၊ ဗမာရိုးရာအိမ်နှင့် ရိုးရာအိမ်များ အားလုံးတို့အား ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများကြည့်ရှု့၍ ပြင်ဆင်ရန်လိုအပ်သည်များ လမ်းညွှန်မှာ ကြားခြင်း၊ ဆိပ်ခံဗောတံတားဆောင်ရွက်ပြီးစီးမှုအခြေအနေ များကြည့်ရှု့စစ်ဆေးခြင်း၊ ဂိတ်ဝင်ကြေးကောက်ခံ ရရှိမှုအခြေအနေအားကြည့်ရှု့စစ်ဆေးခြင်း၊ ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ(ရန်ကုန်)အတွင်းရှိ ဝန်ထမ်း များနှင့်တွေ့ဆုံ၍ ဝန်ထမ်းများအားလုံး ဝန်ထမ်းစည်းမျဉ်း/စည်းကမ်းများနှင့်အညီ နေထိုင်ကြရန်၊ နိုင်ငံတော် ဘဏ္ဍာငွေသုံးစွဲမှုနှင့်ပက်သတ်၍ ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီသုံးစွဲကြရန်၊ ဝန်ထမ်းများအားလုံး စည်းစည်း လုံးလုံးဖြင့် လုပ်ငန်းတိုးတက်အောင်မြင်အောင် ဆောင်ရွက်ကြရန်၊ လျှပ်စစ်မီးများအားခြို့ခြံချွေတာ၍ သုံးစွဲကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖြင့် “ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာ နှင့်သက်မွေးပညာသင်တန်းစင်တာ”ကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ်(၂)ရပ်ကွက်၊ အကွက်အမှတ်(၂၂)၊ ခပေါင်းရေကြည်ရပ်၌ ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်ရန်ပုံငွေဖြင့် မူလနှစ်ထပ်အဆောက်အဦမှ လေးထပ် အဆောက်အဦအဖြစ် တိုးမြှင့်တည်ဆောက် ဆောင်ရွက်လျက်ရှိပါသည်။တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရှမ်း ပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းတို့သည် တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဩဂုတ်လ(၂၉)ရက်နေ့ ညနေခင်းပိုင်းတွင် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာ နှင့်သက်မွေးပညာသင်တန်းစင်တာ” ၌ ဆောက်လုပ်လျက်ရှိသည့် လုပ်ငန်းများ ဆောင်ရွက်ပြီး စီးမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ပထမဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေး လုပ်ငန်းဖြစ်သည့် အလုပ်ရုံဆောင်၊ ဝင်းခြံစည်းရိုး၊ ထမင်းစားဆောင်၊ မြေထိန်းနံရံနှင့် ပင်မအဆောက်အဦ ထပ်တိုးဆောင်ရွက်သည့်လုပ်ငန်းများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး မြေညီထပ်ရှင်းလင်းဆောင်တွင် တည်ဆောက်ရေးကိုတာဝန်ယူ ဆောင်ရွက်နေသည့် မိုးယံဝင့်ချီ ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို လည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အရည်အသွေးထိန်းချုပ်စိစစ်ရေးအဖွဲ့မှ တာဝန်ရှိသူများမှ တွေ့ရှိသုံးသပ်ချက်များကိုလည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးမှ စိစစ်တွေ့ရှိချက်များကိုလည်းကောင်း အသီးသီးရှင်းလင်း တင်ပြ ခဲ့ကြပါသည်။ ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက သက်မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့်အညီ တည်ဆောက်သွားရန်၊ လျှပ်စစ်မီးများကို တပ်ဆင်သည့်အခါ မီးဘေး အန္တရာယ်ကင်းရှင်းရေးအတွက် အထူးဂရုပြုဆောင်ရွက်သွားရန်၊ စက်ရေတွင်းမှ ရရှိသည့် ရေအပြင် သဘာဝရေအရင်းအမြစ်များ အသုံးပြု၍ ရေအလုံအလောက် ရရှိရေးဆောင်ရွက်ရန်၊ ရေလှောင်ကန်ရေယိုစိမ့်မှုမရှိစေရေးဆောင်ရွက်သွားရန်နှင့် သင်တန်းစင်တာဖွင့်သည့်အချိန်တွင် သင်တန်းများပါဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်စီမံဆောင်ရွက်သွားရန် လမ်းညွှန်မှာကြား ခဲ့ပါသည်။ အဆိုပါ “ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ” ပြီးစီးပါက တိုင်းရင်းသားများအတွက် သက်မွေးဝမ်းကျောင်းဆိုင်ရာသင်တန်းများ ဖွင့်လှစ် သင်ကြားခြင်းနှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များတွေ့ဆုံဆွေးနွေးမှု ဆောင်ရွက်နိုင်သည့် နေရာအဖြစ် ဆောင်ရွက်သွားရန် ရည်ရွယ်ထားပါသည်။ဆက်လက်ပြီး ဩဂုတ်လ(၃၀)ရက်နေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး တို့သည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လမ်းညွှန်အမှာစကားပြောကြားခဲ့ကြပါသည်။ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လမ်းညွှန်အမှာစကား ပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် ငွေစာရင်းဆိုင်ရာကိစ္စရပ်များသည် အလွန်အရေး ကြီးပြီး ကျွမ်းကျင်စွာတတ်မြောက်ထားရမည်ဖြစ်ပြီး စာရင်းစစ်စစ်ဆေးခံနိုင်ရန်အတွက် လည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားဒေသများတွင် စီမံကိန်းမြေယာများ အသုံးပြုရန်လျှောက်ထားလာသည့် စီမံကိန်းများနှင့် ပတ်သက်၍ တိုင်းရင်းသားဒေသများတွင် အကျိုးသက်ရောက်မှုရှိ/မရှိ၊ ဒေသခံများ၏ အလုပ်အကိုင်အခွင့် အလမ်းရရှိမှုရှိ/ မရှိကို ဌာနမှ ကိုယ်တိုင်ကွင်းဆင်းစစ်ဆေးပြီးမှ သဘောထားမှတ်ချက်ပေးရ မည်ဖြစ်ပါကြောင်း၊ TA/LT အဖြစ် ခန့်ထားရန်ဖွင့်လှစ်ခဲ့သည့် သင်တန်းတက်ရောက်ပြီးသူကို TA/ LT ဆရာ/ဆရာမများအား အမြန်ဆုံး ခန့်အပ်တာဝန်ပေးအပ်နိုင်ရေး ပညာရေးဝန်ကြီးဌာန နှင့်ညှိနှိုင်းဆောင်ရွက်ရန်၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့မှတ်ပုံတင်သည့် အခါတွင် သေချာစိစစ်ရန်၊ သဘာဝဘေးလုံခြုံရေးအတွက်လည်း အထူးဂရုပြုကြရန်လိုပါ ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည့် အတွက် နိုင်ငံဝန်ထမ်းဥပဒေနှင့် နည်းဥပဒေများ၊ နိုင်ငံဝန်ထမ်းသစ္စာအဓိဋ္ဌာန်(၆)ချက်နှင့် နိုင်ငံဝန်ထမ်း ကျင့်ဝတ်များကို အလေးထားလိုက်နာ ဆောင်ရွက်ရန်၊ ရုံးလုပ်ငန်းများ ပီပြင်အောင် ဆောင်ရွက်ကြရန်နှင့် တိုင်းရင်းသားရေးရာ ကိစ္စရပ်များကို စည်းစည်းလုံးလုံးညီညွှတ်စွာ အားသွန်ခွန်စိုက်ကြိုးစား ဆောင်ရွက်ကြရန်၊ နိုင်ငံတော်အကြီးအကဲ၏ မှာကြားချက်ဖြစ်သည့် ချိုးခြံခြွေတာကြရန် မှာကြားလိုပါကြောင်း လမ်းညွှန်မှာ ကြားခဲ့ပါ သည်။၎င်းနောက် ဝန်ထမ်းများက အထွေထွေဆွေးနွေးတင်ပြကြရာ ဆွေးနွေးတင်ပြ ချက်များ အပေါ် ဒုတိယဝန်ကြီးက ပြန်လည်ဆွေးနွေးပေါင်းစပ်ပေးခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန် မန္တလေးမြို့တွင် ရောက်ရှိနေသည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဇော်အေးမောင်သည် မန္တလေးတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနွမ် နှင့်အတူ ဩဂုတ်လ ၃၁ ရက်နေ့နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးတွင် မန္တလေးတိုင်းဒေသကြီးရှိ ကချင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း၊ တိုင်းလျမ်၊ ကိုးကန့် ၊ ပလောင်၊ လီဆူ၊ မယ်တိုင်(ကသဲ) စသည့် တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်း (၁၃)ဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးဦးဇော်အေးမောင်က ကမ္ဘာ့ပထဝီနိုင်ငံရေး၊ မြန်မာ့ ပထဝီနိုင်ငံရေး၊ လက်ရှိကမ္ဘာ့ပထဝီနိုင်ငံရေးများက မြန်မာနိုင်ငံအပေါ် သက်ရောက်မှုများ၊ အဆိုပါသက်ရောက်မှုအပေါ်တိုင်းရင်းသားများက စည်းလုံးညီညွတ်စွာဖြင့် အမျိုးသား အကျိုး စီးပွားကို ရှေ့ရှု၍ဆောင်ရွက်သွားရန်၊ နိုင်ငံတော်ကဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များ အောင်မြင်စေရန် ပူးပေါင်းဆောင်ရွက်နိုင်ကြရန်၊ အသင်းအဖွဲ့များမှတ်ပုံတင်ရေး ဥပဒေ နှင့်အညီ မိမိတို့၏အသင်းအဖွဲ့များကို ပြန်လည်မှတ်ပုံတင်နိုင်ရေးတို့ကို ဆွေးနွေးပြောကြား ပါသည်။ ထို့နောက် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနွမ်က အသင်းအဖွဲ့ မှတ်ပုံတင်ရေးဥပဒေအရ မှတ်ပုံတင်နိုင်ရေးဆောင်ရွက်နေမှုများနှင့် တိုင်းရင်းသားရေးရာ ကိစ္စ ရပ်များကို ဆွေးနွေးတင်ပြပြီး တက်ရောက်လာသည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အဖွဲ့များမှ တာဝန်ရှိသူများက လိုအပ်ချက်နှင့် ကူညီဆောင်ရွက်ပေးရမည့် အချက်များကို ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက ညှိနှိုင်းပေါင်းစပ်ပေးခဲ့ပါသည် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ဩဂုတ်လ(၃၀)ရက်နေ့ မွန်းလွဲပိုင်းတွင်လည်း မန္တလေးတိုင်းဒေသကြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးရုံးရှိ ဦးစီးဌာန ၂ ခုမှ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းများပီပီ ပါတီ နိုင်ငံရေးကင်းရှင်းရေး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရည်မှန်းချက် ၅ ရပ်၊ ဦးတည်ချက် ၉ ချက်တို့ကို အလေးထားဂရုပြုပြီး တာဝန်ဝတ္တရားများကို စိတ်အားထက်သန်စွာ ကျေပွန်စွာ ထမ်းဆောင်ရေး၊ တိုင်းရင်းသားရေးရာကိစ္စရပ်များကို သိရှိနားလည်ပြီး တိုင်းဒေသအတွင်းရှိ တိုင်းရင်းသားများ၏ လူမှုစီးပွားရေးများကို ဆောင်ရွက်ပေးနိုင်ရေး၊ စာပေယဉ်ကျေးမှုအသင်း အဖွဲ့များ ပြန်လည်မှတ်ပုံတင်နိုင်ရန် ကူညီဆောင်ရွက်ပေးနိုင်ရေး၊ ဝန်ထမ်းများ စည်းလုံး ညီညွတ်စွာ တာဝန်ထမ်းဆောင်ရေးတို့ကို ပြောကြားပြီး ဝန်ထမ်းများ၏ တင်ပြမှုများကို ညှိနှိုင်းဆောင်ရွက်ပေးပါသည်။ ထို့နောက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ရုံးဝင်းအတွင်း ပြင်ပရေများ ဝင်ရောက်ပြီး ရေကြီးရေလျှံမှုမဖြစ်စေရေးဆောင်ရွက်ထားမှု အခြေအနေများနှင့် မိုးရွာသွန်းမှုကြောင့် ရုံးဝင်းအတွင်းရှိ ရေများပြင်ပသို့စုပ်ထုတ်ရန် ဆောင်ရွက်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီးဉီးဇော်အေးမောင်၏ ရန်ကုန်တိုင်းဒေသကြီးခရီးစဉ်တွင် ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှုရုံးရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဉီးစီးဌာနမှ ဝန်ထမ်းများ၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဉီးစီးဌာနမှ ဝန်ထမ်းများနှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)မှ တာဝန်ခံတို့နှင့်တွေ့ဆုံ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှုအတိုင်း ဘတ်ဂျက်များခြိုးခြံ ချွေတာသုံးစွဲကြရန် ၊ တိုင်းရင်းသားရေးရာကိစ္စရပ်များအား အထူးကျေပွန်စွာ ထမ်းဆောင်ကြရန် ၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ ၊ နည်းဥဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ နိုင်ငံ့တာဝန်ကို ဝန်ထမ်းကောင်းပီသစွာ ကြိုးစားဆောင်ရွက်ကြရန်၊ ရုံးစာရွက်စာတမ်းများနှင့် ရုံးလုပ်ငန်းများပေါက်ကြားမှုမရှိစေရေး ရုံးတွင်းရုံးပြင် လုံခြုံရေးကိစ္စရပ်များကို အထူးဂရုပြုကြရန် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့်ပတ်သက်သည့် အမျိုးသားစီမံကိန်းဥပဒေပါ ၂၄ချက် ကိုလည်း သတ်မှတ်သည့်အချိန်အတွင်း ပြီးစီးအောင်ဆောင်ရွက်သွားရန်နှင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တိုင်းရင်းသားများအား ပြည်ထောင်စုစိတ်ဓါတ်ခိုင်မာစေရေးကို ဦးတည်ထား၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္က၊နိုင်ငံတော်ဝန်ကြီးချုပ်၊ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ရခိုင်ပြည်နယ်ခရီးစဉ်တွင် အတူလိုက်ပါလာသော တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် (၁၀.၇.၂၀၂၃)ရက်နေ့ နံနက်ပိုင်းတွင် စစ်တွေမြို့သို့ရောက်ရှိ၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပသော တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပြီး မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံး၊ ရခိုင်ပြည်နယ်သို့ ရောက်ရှိ၍ မိုခါမုန်တိုင်းကြောင့် ပျက်ဆီးမှုများဖြစ်ပေါ်ခဲ့သော ရုံးအဆောက်အဦအား ယာယီအမိုးနှင့် အခြားပြင်ဆင်ပြီး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံး၊ ရခိုင်ပြည်နယ်ရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္က၏ လမ်းညွှန်မှုအတိုင်း ဘတ်ဂျက်များခြိုးခြံချွေတာသုံးစွဲကြရန်၊ တိုင်းရင်းသားရေးရာကိစ္စရပ်များအား အထူးကျေပွန်စွာထမ်းဆောင်ကြရန်၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ နိုင်ငံ့တာဝန်ကို ဝန်ထမ်းကောင်းပီသစွာ ကြိုးစားဆောင်ရွက်ကြရန်၊ ရုံးစာရွက်စာတမ်းများနှင့် ရုံးလုပ်ငန်းများ ပေါက်ကြားမှုမရှိစေရေး ရုံးတွင်းရုံးပြင် လုံခြုံရေးကိစ္စရပ်များကိုအထူးဂရုပြုကြရန်နှင့် ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားများအား ပြည်ထောင်စုစိတ်ဓါတ်ခိုင်မာစေရေးကိုဦးတည်ထား၍ ရခိုင်ပြည်နယ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သွားရန် လမ်းညွှန်ခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၈)ရက်နေ့ နံနက်ပိုင်းတွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) ၌ ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ ထို့နောက် ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အထိမ်းအမှတ်အဖြစ် အပင်များကို ဦးဆောင် စိုက်ပျိုးပေးပြီး ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် ဧည့်သည်တော်များက သတ်မှတ်နေရာအသီးသီးတွင် စိုက်ပျိုးခဲ့ကြပါသည်။ ထို့နောက် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)အတွင်းရှိ ပြုပြင်မွမ်းမံသည့် လုပ်ငန်းများကို ကြည့်ရှု့စစ်ဆေးခဲ့ပါသည်။ ဆက်လက်ပြီး အပတ်စဉ် ပိတ်ရက်များတွင် ဖျော်ဖြေတင်ဆက်လျှက်ရှိသော တိုင်းရင်းသားရိုးရာအကအလှများကို ကြည့်ရှု့အားပေးခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးတွင် ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်မှုကြောင့်ထိခိုက်ပျက်စီးမှုများအားရှင်းလင်းရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ယနေ့ ၂၂-၅-၂၀၂၃ ရက်နေ့တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဇော်အေးမောင် ကလာရောက်ကြည့်ရှုအားပေးပါသည်။မိုခါ မုန်တိုင်းတိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံး တွင် ရေ၊ မီး၊ ဆက်သွယ်ရေးများ ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သော်လည်း ရေတိုင်ကီများပြန်လည်တပ်ဆင်ခြင်း၊ ရေပိုက်လိုင်းများ သွယ်တန်းခြင်း၊ မီးစက်ဖြင့်လျှပ်စစ်မီးရရှိစေရန် ဆောင်ရွက်ခြင်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ Mobile tower ကားဖြင့် ဆက်သွယ်ရေးမပြတ်တောက်စေရန် လာရာက်ဆောင်ရွက်ပေးထားခြင်းတို့ကြောင့် ယခုအခါ ရေ၊ မီး၊ ဆက်သွယ်ရေးများ ပြန်လည် ကောင်းမွန်လာပြီဖြစ်ပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် မေလ (၇)ရက်နေ့၊ နေ့လယ်ပိုင်းတွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ တာဝန်ခံနှင့် ဝန်ထမ်းများအား တွေ့ဆုံခဲ့ပြီး မိုးရာသီရောက်ရှိတော့မည်ဖြစ်၍ သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်ပြီး တွေ့ဆုံလမ်းညွှန်ခဲ့ပါသည်။ထိုသို့ တွေ့ဆုံ လမ်းညွှန်ပြောကြားရာတွင် ဒုတိယဝန်ကြီးက သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရန်အတွက် ပဲခူးမြစ်မှ ဒီရေလျှံတက်ဝင်ရောက်လာမည့်နေရာများတွင် ဒီရေဝင်ရောက်မှု ကာကွယ်နိုင်ရန် သဲအိတ်များ စနစ်တကျပြုလုပ်၍ ကာရန်ရေးလုပ်ငန်းများ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာအတွင်းရှိ ရေချိုသိုလှောင်ထားသောကန်များအတွင်း ပင်လယ်ဒီရေ ရေငန်များဝင်ရောက်မှုမရှိစေရန် သဲအိတ်များဖို့၍ ကြိုတင်ကာကွယ် စီမံဆောင်ရွက်ထားရန် လိုအပ်ပါကြောင်း၊ တိုင်းရင်းသားရိုးရာအိမ်များ၏ ခြံဝင်းထဲရှိပြိုလဲနိုင်ခြေ ရှိသော အပင်ကြီးများအား ကြိုတင်၍ အကိုင်းအခက်များ ခုတ်ထွင်ရှင်းလင်းထားရန်လိုပါကြောင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက လျှပ်စစ်မီး၊ transformer များအား main ခလုတ် အားကြိုတင် ပိတ်ထားရန်လည်းလိုပါကြောင်း၊ ရုံးဌာနရှိ အရေးကြီးစာရွက်စာတမ်းများကို ဉီးစားပေး(၁)၊ (၂) စသည်ဖြင့် မိုးဒဏ်လေဒဏ် ကာကွယ်သောနေရာများသို့ ပြောင်းရွှေ့ထားရန် မှာကြားလိုပါကြောင်း၊ ရှေးဦးသူနာပြုအဖွဲ့မှ လိုအပ်သည့်ဆက်စပ်ပစ္စည်းများ အားဝယ်ယူပြီး စနစ်တကျစုဆောင်း ပြင်ဆင်ဆောင်ရွက်ထားရန်လည်း မှာကြားလိုပါကြောင်း၊ သဘာဝ ဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ဆက်သွယ်ရေးပြတ်တောက်မှုများမဖြစ်ပေါ်စေရေး သက်ဆိုင်ရာ ဘေး(စီမံ)ကော်မတီများနှင့် ဆက်သွယ်ဆောင်ရွက်ထားရှိရန် လိုအပ်မည်ဖြစ်ပါကြောင်းဖြင့် လမ်းညွှန်မှာကြားခဲ့ပါသည်။၎င်းနောက် ဝန်ထမ်းများက အထွေထွေဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာရှိ တည်ဆောက်ပြီး ဆိပ်ခံဗောတံတားအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်နိုင်ရန်အတွက် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ကြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ယနေ့မွန်းလွဲပိုင်းတွင် ပျဉ်းမနား - တောင်ညိုလမ်း၌ ကျင်းပမည့် နေပြည်တော်လမ်းလျှောက်သင်္ကြန်ပွဲတွင်ပါဝင်မည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမဏ္ဍပ်နှင့် တိုင်းရင်းသားသင်္ကြန်ဖျော်ဖြေရေးဆောင်ရွက်မည့် နေရာများကိုသွားရောက်ကြည့်ရှုစစ်ဆေးရာ ညွှန်ကြားရေးမှူးချုပ်များကကြိုဆိုပြီး လမ်းလျှောက်သင်္ကြန်ရေပက်ကစားမည့်အစီအစဉ်များနှင့် ဖျော်ဖြေရေးဆောင်ရွက်မည့် အစီအစဉ်များတို့ကို ရှင်းလင်းပြသခဲ့ကြကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ဧပြီလ(၈)ရက်နေ့ (၁၅:၀၀)နာရီ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)၌ တည်ဆောက်ထားရှိသည့် ဆိပ်ခံဗောတံတား ရာနှုန်းပြည့် ပြီးစီးမှု အခြေအနေများကို သွားရောက်စစ်ဆေးခဲ့ရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များကို လမ်းညွှန်မှုပြုခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နှင့် ဒုတိယဝန်ကြီးတို့ထံမှ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတွင် အသစ်ခန့်အပ် တာဝန် ပေးအပ်ခံရသည့် ဦးစီးအရာရှိများက လမ်းညွှန်ဩဝါဒခံယူခြင်းအခမ်းအနားကို မတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ပြုလုပ်ရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပါသည်။အခမ်းအနားတွင် အသစ်ခန့်အပ် တာဝန်ပေးအပ်ခံရသည့် ဦးစီးအရာရှိ (၁၀) ဦးက တစ်ဦးချင်း မိတ်ဆက်စကားပြောကြားကြပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ဩဝါဒအမှာစကားပြောကြားရာတွင် တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဌာနချုပ်၊ တိုင်းဒေသကြီး၊ ပြည်နယ် များတွင် အသစ်ခန့်အပ် တာဝန်ပေးအပ်ခံရသည့် ဦးစီးအရာရှိများသည် မိမိဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများကို ကျေပွန်အောင် ထမ်းဆောင်ရမည်ဖြစ်ပါကြောင်း၊ တာဝန်ထမ်းဆောင်မည့် ဒေသများမှ တိုင်းဒေသကြီး/ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ခံများ၏ ညွှန်ကြားချက်များကို လိုက်နာအကောင်အထည်ဖော် ဖြည့်ဆည်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများသည် တိုင်းရင်းသား ပြည်သူလူထုနှင့် ပေါင်းကူးဆောင်ရွက်ပေးရသော ဌာနဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန၊ ဦးစီးဌာနတို့၏ ဂုဏ်သိက္ခာကို မညှိုးနွမ်းအောင် နေထိုင်ကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ မျှော်မှန်းချက်၊ ရည်ရွယ်ချက်၊ တာဝန်နှင့် လုပ်ပိုင်ခွင့်ကို သိရှိရမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးတစ်ရပ်လုံးအတွက် နိုင်ငံအကျိုးပြု စည်းရုံးရေးမှူးကောင်းများဖြစ်အောင် ကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ ဦးစီးရာထူးအဆင့်နှင့်လျော်ညီစွာ တာဝန်ထမ်းဆောင်ကြရန်၊ မလိုလားအပ်သည့် အုပ်ချုပ်မှု၊ ထူးခြားဖြစ်စဉ်များမဖြစ်ပွားအောင် တာဝန်ထမ်းဆောင်ကြရန် လိုအပ်ပါကြောင်း၊ အချိန်နှင့်တပြေးညီတင်ပြကြရန်၊ မိမိတို့သင်ကြားဆည်းပူး လေ့လာထားရှိခဲ့ကြ သည့်ပညာရပ်များကို လက်တွေ့နယ်ပယ် တာဝန်ထမ်းဆောင်ကြရာတွင် အသုံးချသွားရန်နှင့် ဆက်လက်လေ့လာသွားကြရန် မှာကြားလိုပါကြောင်း၊ ဦးစီးအရာရှိများအနေဖြင့် မိမိအထက် အရာရှိမှ ပေးအပ်လာသော လုပ်ငန်းတာဝန်ဝတ္တရားများကိုဖြစ်စေ၊ နိုင်ငံတော်၏ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပေးအပ်လာသော လုပ်ငန်းတာဝန်များကိုဖြစ်စေ၊ မိမိအထက် အကြီးအကဲ၏ ကွပ်ကဲမှုအနည်းဆုံးဖြင့် အချိန်နှင့်တပြေးညီ အချိန်မီပြီးစီးအောင်တာဝန်ကို ထမ်းဆောင်၊ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးကိုလည်း အထူးဂရုစိုက်နေထိုင် ကြရန်မှာကြားလိုပါကြောင်း၊ မိမိဌာန၊ ဒေသအတွင်းရှိ တိုင်းရင်းသားပြည်သူများနှင့် နိုင်ငံတော် ငြိမ်းချမ်းရေးနှင့် သာယာဝပြောတိုးတက်ရေးအတွက် ရှေ့ရှုပြီး ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အစွမ်းကုန် လုပ်ငန်းတာဝန်များကို ထမ်းဆောင်သွားနိုင်ကြရန် မှာကြားပါသည်။ဆက်လက်၍ ဒုတိယဝန်ကြီးက ဩဝါဒအမှာစကားပြောကြားရာတွင် ဦးစီးအရာရှိများအား တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ကြိုဆိုပါကြောင်း၊ ပြည်ထောင်စုရာထူးဝန်စာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ တာဝန်ထမ်းဆောင်ရာတွင် ပါတီနိုင်ငံရေးကင်းရှင်းပြီး နိုင်ငံဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့် နိုင်ငံ့ ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆)ချက်ကို လိုက်နာကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့ရာထူးနှင့် လျော်ညီသည့် အရည်အသွေးပြည့်ဝနေစေရန် အမြဲကြိုးစား အားထုတ်နေရမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများ သည် မိမိတို့ဌာနကို တန်ဖိုးထားရမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန သည် အရေးကြီးသော ဌာနတစ်ခုဖြစ်ပါကြောင်း၊ မိမိတို့အလုပ်ပေါ်တွင် ရိုးသားကြိုးစားကြရန်နှင့် နိုင်ငံတော်အတွက် အကောင်းဆုံး ကြိုးစားလုပ်ဆောင်သွားကြရန် ပြောကြားပါသည်။ယင်းနောက် အသစ်ခန့်အပ် တာဝန်ပေးအပ်ခံရသည့် ဦးစီးအရာရှိများမှ မိမိတို့၏ လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးမှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် မတ်လ(၈)ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီး မြို့နယ်၊ အေးသာယာမြို့တွင် တည်ဆောက်လျက်ရှိသည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ အဆောက်အဦတည်ဆောက်ပြီးစီးမှု အခြေနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ပထမဦးစွာ မြေညီထပ် ရှင်းလင်းဆောင်တွင် အဆောက်အဦကို တာဝန်ယူတည်ဆောက်နေသည့် မိုးယံဝင့်ချီကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းဆောင်ရွက် ပြီးစီးမှုအခြေအနေများနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့ပါသည်။ ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက သတ်မှတ်ကာလအတွင်း စံချိန် စံညွှန်းနှင့်အညီတည်ဆောက်သွားရန်၊ အောက်ထပ်ဘယ်/ညာပြတင်းပေါက်(၄)ပေါက် သံပန်း တပ်ဆင်ရန်၊ အောက်ထပ်ဘယ်ထိပ် ညာထိပ် exhaust fan တပ်ဆင်ရန်၊ အိမ်သာ (၂၂) ခန်း exhaust fan တပ်ဆင်ရန်နှင့် အရည်အသွေးပြည့်မှီအောင် တည်ဆောက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ ၎င်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အဆောက်အဦတည်ဆောက်ပြီးစီးမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများက ရှင်းလင်း တင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။ မတ်လ (၉) ရက်နေ့ နေ့လယ်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့် အဖွဲ့ဝင်များသည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများအား တွေ့ဆုံလမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။ ပထမဦးစွာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က တွေ့ဆုံလမ်းညွှန်အမှာစကား ပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန်(၆)ချက်နှင့်အညီ ကျင့်ကြံဆောင်ရွက်သွားရန်၊ နိုင်ငံတော်၏ ဦးတည်ချက်၊ ရှေ့လုပ်ငန်းစဉ်များအား အောင်မြင်စွာအကောင် အထည်ဖော်နိုင်ရေးအတွက် ကြိုးစားအားထုတ်ဆောင်ရွက်သွားရန်၊ ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွှတ်စွာနေထိုင်သွားရန်နှင့် ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ များပါ လိုက်နာရမည့်အချက်များ၊ ရှောင်ကြဉ်ရမည့်အချက်များနှင့်အညီ အပြစ်မရှိစေရေး ကျင့်ကြံနေထိုင်သွားရမည်ဖြစ်ပါကြောင်း၊ ရုံးအုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များနှင့် ငွေစာရင်း ဆိုင်ရာကိစ္စများအား စနစ်တကျကြပ်မတ်ဆောင်ရွက်သွားရန်၊ ရုံးအဆောက်အအုံ လုံခြုံမှု ရှိစေရေး၊ ရုံးလုပ်ငန်း လျှို့ဝှက်ချက် မပေါက်ကြားစေရေးနှင့် မီးဘေးလုံခြုံရေးတို့ကို အထူးဂရုစိုက်ရန် မှာကြားလိုပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ဝန်ထမ်းများက အထွေထွေဆွေးနွေးတင်ပြကြပြီး တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်၂၀၂၃ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်ခံတော်မူကြသည့် ပြည်တွင်း၊ ပြည်ပဆရာတော်များနှင့်သီလရှင်များအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ပရိဝုဏ်၌ ၅-၃-၂၀၂၃ ရက် တပေါင်းလပြည့်နေ့ မွန်းလွဲပိုင်းတွင် ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမိသားစု မဏ္ဍပ်၌ ပြည်ထောင်စုဝန်ကြီးကိုယ်စား ဒုတိယဝန်ကြီး ဦးဇော်အေးမောင်ဦးဆောင်၍ ဝန်ထမ်းများက နဝကမ္မအလှူငွေများနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လောင်းလှူခဲ့ကြပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ဖေဖော်ဝါရီလ(၂၇)ရက် ညနေပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးရှိ ဝန်ထမ်းများနှင့်တွေ့ဆုံအမှာစကားပြောကြားခဲ့ပါသည်။ပထမဦးစွာ ဒုတိယဝန်ကြီးဦးဇော်အေးမောင် က တွေ့ဆုံလမ်းညွှန်အမှာစကားပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဌာန် (၆)ချက်နှင့်အညီ ကျင့်ကြံဆောင်ရွက်သွားရန်၊ နိုင်ငံတော်၏ ဦးတည်ချက် ၊ ရှေ့လုပ်ငန်းစဉ်များအား အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေးအတွက် ကြိုးစားအားထုတ်ဆောင်ရွက်သွားရန်၊ ဝန်ထမ်း အချင်းချင်း စည်းလုံးညီညွှတ်စွာ နေထိုင်သွားရန်နှင့် ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများပါ လိုက်နာရမည့် အချက်များ၊ ရှောင်ကျဉ်ရမည့်အချက်များနှင့်အညီ အပြစ်မရှိစေရေး ကျင့်ကြံနေထိုင်သွားရမည် ဖြစ် ကြောင်း၊ ရုံးအဆောက်အအုံလုံခြုံမှုရှိရေး၊ ရုံးလုပ်ငန်းများ လျှို့ဝှက်ချက်မပေါက်ကြားစေရေးနှင့် မီးဘေး လုံခြုံရေးတို့ကို အထူးဂရုစိုက်ရန်မှာကြားပါသည်။ထို့နောက် ဝန်ထမ်းများအား တစ်ဦးချင်းစီတင်ပြချက်များ အပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်