တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် (၁၅.၁၁.၂၀၂၅)ရက်နေ့ နေ့လည် (၁၃:၀၀) နာရီအချိန်တွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) အစည်းအဝေး ခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ပါသည်။ ရှေးဦးစွာ ဒုတိယဝန်ကြီးက (၂၈.၁၂.၂၀၂၅) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲတွင် ဝန်ထမ်းများအနေဖြင့် မဲဆန္ဒပေးပိုင်ခွင့် အခွင့်အရေးများ မဆုံးရှုံးစေရေးနှင့် မိမိ နေထိုင်သည့် မြို့နယ်မှ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင် အဖွဲ့ရုံးခွဲများသို့ သွားရောက်ပြီး မိမိတို့၏ မဲစာရင်းကျန်ရှိမှုမရှိစေရေး ဆောင်ရွက်ရမည်ဖြစ်ကာ နိုင်ငံ့သားကောင်းများ ပီသစွာဖြင့် (၂၈.၁၂.၂၀၂၅)ရက်နေ့တွင် တစ်ဦးမကျန် သက်ဆိုင်ရာမဲရုံများသို့ သွားရောက်မဲပေးရန် လိုအပ်ပါ ကြောင်း၊ ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) အဆင့်မြှင့် တင်နိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းများ၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေးနှင့် ဝင်ငွေပိုမိုတိုးတက်ရရှိရေး ဝိုင်းဝန်း ဆောင်ရွက်သွားကြရန် ပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) တာဝန်ယူကြီးကြပ်သူ၊ ညွှန်ကြားရေးမှူး ဦးပြေဟိန်းနိုင်က ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းများအကောင် အထည်ဖော် ဆောင်ရွက်မှုအခြေအနေများနှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) ဝင်ငွေရရှိမှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးက ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)အတွင်းရှိ ရိုးရာ အိမ်များနှင့် ဆောင်ရွက်လျက်ရှိသည့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ အဆင့်မြှင့်တင်ရေးလုပ်ငန်း များအား လိုက်လံကြည့်ရှု့စစ်ဆေးခဲ့ပြီး ဝန်ထမ်းများအားလုံး နိုင်ငံတော်အပေါ်သစ္စာရှိရန်နှင့် အလုပ်ကို ကြိုးကြိုးစားစားလုပ်ဆောင်ကြရန် မှာကြားပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ပေးခဲ့ပါသည်။ (၁၆.၁၁.၂၀၂၅)ရက်နေ့ နံနက် (၁၀း၀၀)နာရီ အချိန်တွင် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၏ ရုံးအဆောက်အအုံပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများနှင့် စာကြည့်တိုက်ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးကာ လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ပြည်နယ် အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့်အတူ အောက်တိုဘာ ၂၄ ရက် နံနက်ပိုင်းက မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ အားကစားနှင့်ကာယပညာဦးစီးဌာန အစည်း အဝေးခန်းမ၌ ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေ နှင့်ယဥ်ကျေးမှု အသင်း/အဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ရွေးကောက်ပွဲနှင့်စပ်လျဉ်းသည့် သိသင့်/သိထိုက်သည့် ရွေးကောက်ပွဲဆိုင်ရာအချက်အလက်များ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားတို့၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များ၊ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာများနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်း ဥပဒေပါအချက် အလက် များအပေါ် ပြည့်ပြည့်ဝဝသိရှိနားလည်စေရေး အသိပညာပေးဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ တက်ရောက်လာကြသည့် ပြည်နယ်အတွင်းရှိ ဌာနေတိုင်းရင်းသားများ ဖြစ်ကြသည့် ကချင်မျိုးနွယ်စု (၆)မျိုး၊ ရှမ်းမျိုးနွယ်စု (၅)မျိုး၊ ဗမာတိုင်းရင်းသားအပါအဝင် ရခိုင် တိုင်းရင်းသား၊ ကရင်နှင့်ချင်းတိုင်းရင်းသား စာပေနှင့်ယဥ်ကျေးမှုအသင်းအဖွဲ့မှ ဥက္ကဋ္ဌများနှင့် ဝာာဝန်ရှိသူများက မျိုးနွယ်စုများအလိုက် ရိုးရာယဉ်ကျေးမှု၊ စာပေ၊ ဂီတ၊ ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များနှင့် သိလိုသည်များကို မေးနွေးဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြန်လည် ရှင်းလင်းဖြေကြားခဲ့သည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးတို့က ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုအသင်းအဖွဲ့ (၁၅)ဖွဲ့နှင့် မြန်မာနိုင်ငံကချင်လူမျိုးရိုးရာယဉ်ကျေးမှု အဖွဲ့၊ ကချင်ပြည်နယ်ရှမ်းမျိုးနွယ်စုများ ရိုးရာယဉ်ကျေးမှုအသင်းတို့အတွက် တစ်ဖွဲ့လျှင် ငွေကျပ် (၅) သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ်(၈၅)သိန်းကို တာဝန်ရှိသူများထံ ပေးအပ်ချီးမြှင့်ခဲ့ကြရာ တိုင်းရင်းသား စာပေနှင့် ယဥ်ကျေးမှုအသင်းအဖွဲ့များကိုယ်စား ကိုယ်စားလှယ်တစ်ဦးက‌ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။ ယင်းနောက် ဒုတိယဝန်ကြီး၊ ဒေါက်တာဆလိုင်းငွန်းကျုံးလျန်၊ ပြည်နယ် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပြည်နယ်တိုင်းရင်းသား စာပေ နှင့်ယဉ်ကျေးမှုဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းများ၊ တက်ရောက်လာကြသည့် အသင်းအဖွဲ့ များနှင့်အတူ အမှတ်တရစုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်းသိရသည်။
ဆက်လက်ဖတ်ရှုပါရန်
ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုများ၊ ဒေသခံများအား ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဥပဒေများကို သိရှိနားလည်ပြီး ဥပဒေများနှင့် နိုင်ငံသားအခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေးများနှင့် ရပိုင်ခွင့်များကို ပြည့်ပြည့်ဝဝသိရှိနားလည်စေရန်ရည်ရွယ်၍ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ (ဖိုရမ်) ဒုတိယနေ့ကို ယနေ့ နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်၊ မနောကွင်းအတွင်းရှိ မဂျွယ်ခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဖိုရမ်ကို ပြည်နယ်ဝန်ကြီးချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်ထွေး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ဒေါက်တာဆလိုင်းငွန်ကျုံးလျန်၊ စာရေးဆရာ အကြီးကိုကို(ကသာ)တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ဖိုရမ်ဒုတိယနေ့ကို ဆက်လက်ကျင်းပရာ လော်ဝေါ်ရိုးရာယဉ်ကျေးမှုအကအဖွဲ့က တေးသီချင်းသရုပ် ဖော်အကအလှဖြင့် ဖျော်ဖြေတင်ဆက်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ ဖိုရမ်ကို တက်ရောက်လာသူများအနေဖြင့် နားထောင်ရုံသက်သက်မဟုတ်ဘဲ အားလုံးက သိလိုသည်များနှင့် မိမိတို့၏ သဘောထားအမြင်များ ဖလှယ်ပေးကြရန်လိုအပ်ပါကြောင်း၊ သို့မှသာ အမျိုးသားရေး လိုအပ်ချက်များကို ဥပဒေနှင့်အညီ ဖော်ဆောင်လာနိုင်မည်ဖြစ်သည့်အတွက် ပြည်နယ်၏အကျိုးစီးပွား၊ တိုင်းပြည်၏ အကျိုးစီးပွားဖွံ့ဖြိုးရေးအတွက် ပြည်သူများ၏ စည်းလုံး ညီညွတ်သောအားဖြင့် အစိုးရနှင့် ပြည်သူလက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်မည် ဖြစ်ပါကြောင်း တိုက်တွန်း ပြောကြားသည်။ ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ပြည်နယ် အတွင်းနေထိုင်ကြသည့် တိုင်းရင်းသားမျိုးနွယ်စုများ၊ ဘာသာရေးအဖွဲ့အစည်းများ၊ လူမှုရေး အသင်းအဖွဲ့များ နှင့် ရပ်မိရပ်ဖများအားလုံးအတွက် နိုင်ငံသားအခွင့်အရေးများ၊ တိုင်းရင်းသားအခွင့်အရေးရပိုင်ခွင့်များကို ပြည့်ပြည့်ဝဝသိရှိနားလည်စေရေး ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြသည်။ ယင်းနောက် ဖိုရမ်ဒုတိယနေ့အတွက် ဒေါက်တာဆလိုင်းငွန်ကျုံးလျန်၏ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ပထဝီနိုင်ငံရေးနှင့် သမိုင်းကြောင်းခေါင်းစဉ်ဖြင့် မြန်မာ့ပထဝီနိုင်ငံရေး၊ ကမ္ဘာ့ပထဝီနိုင်ငံရေး၊ လက်ရှိကမ္ဘာ့အခြေအနေ နှင့် ပြည်ထောင်စုစိတ်ဓာတ်စသည့် အကြောင်းအရာများကိုလည်းကောင်း ဟောပြောဆွေးနွေးခဲ့ ကြပြီး မွန်းလွဲပိုင်းတွင် စာရေးဆရာအကြီးကိုကို (ကသာ)က ငါ့တို့ချစ်တဲ့ ငါတို့နိုင်ငံတော် ခေါင်းစဉ် ဖြင့် လည်းကောင်း အသီးသီးဆွေးနွေးဟောပြောပို့ချမှုကို တက်ရောက်လာကြသည့် ဌာန ဆိုင်ရာများ၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ၊ ဘာသာရေးအဖွဲ့အစည်းများ၊ မြစ်ကြီးနား တက္ကသိုလ်ကျောင်းသား/ ကျောင်းသူများ၊ ပညာရေးဒီဂရီကောလိပ်နှင့် သူနာ ပြုသားဖွား သင်တန်းကျောင်းများမှ သင်တန်းသား/ သင်တန်းသူများ၊ နိုင်ငံရေးပါတီအသီးသီးမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် လူမှုရေးအသင်းအဖွဲ့များက သိရှိလိုသည်များနှင့် ၎င်းတို့၏ အမြင် သဘောထားများအပေါ် မေးမြန်းဆွေး နွေးခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်းများကို ဆောင်ရွက် ခဲ့ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က (၂)ရက်တာ ကျင်းပပြုလုပ်ခဲ့သည့် ဖိုရမ်အတွက် ဆွေးနွေးဟောပြောပေးကြသည့် ဒုတိယဝန်ကြီးနှင့်ပညာရှင်များ၊ တက်ရောက်အားပေးခဲ့ကြသူများ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိကြောင်းနှင့် ယနေ့ ဖိုရမ်မှသည် တိုင်းရင်းသားအားလုံးက ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် တိုင်းရင်းသားအခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံသားတစ်ယောက်၏ တာဝန်များကို သိရှိနားလည်ပြီး မိမိတို့၏လူမှုစီးပွား ဘဝမြှင့်တင်ရေး အတွက် အားလုံးကအတူတကွဝိုင်းဝန်းကြိုးစားကြရေး တိုက်တွန်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ် နှင့်ဇနီးတို့က ဖိုရမ်ဆွေးနွေးဟောပြောပေးကြသည့် ဒုတိယဝန်ကြီးနှင့် ပညာရှင်ပုဂ္ဂိုလ်များအား အမှတ်တရလက်ဆောင်ပစ္စည်းများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ပြည်နယ်အစိုးရ အဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့်အတူ အောက်တိုဘာ ၂၁ ရက် ညနေပိုင်းက မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ကချင်ပြည်နယ် ညွှန်ကြားရေးမှူးရုံး၌ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများနှင့်တွေ့ဆုံပြီး စီတာပူရပ်ကွက်၊ မဂျွယ်ခန်းမ၌ ကျင်းပပြုလုပ်မည့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေး ဆိုင်ရာ(ဖိုရမ်) အတွက် ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးတို့သည် ကချင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးသို့ သွားရောက်ခဲ့ကြပြီး ညွှန်ကြား‌ရေးမှူးရုံး၌ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့်ဇနီးတို့မှ လှူဒါန်းထားသည့် ပြည်နယ်အတွင်းရှိ ဌာနေတိုင်းရင်းသားများဖြစ်ကြသည့် ကချင်မျိုးနွယ်စု (၆)မျိုး၊ ရှမ်းမျိုးနွယ်စု (၅)မျိုး၊ ဗမာတိုင်းရင်းသားတို့၏ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြ ပုံစံတူအရုပ်များကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ထို့နောက် ဦးစီးဌာန(၂)ခုမှ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဒုတိယဝန်ကြီးက ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို အလေးထားလိုက်နာပြီး တိုင်းရင်းသား များ၏ အခွင့်အရေးများကို ဖြည့်ဆည်းဆောင်ရွက်ပေးရာတွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေးများနှင့် ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အလေးထားလိုက်နာဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ ဝန်ထမ်းဥပဒေ၊ နည်းဥပဒေနှင့်အညီ နေထိုင်ကျင့်ကြံ့လုပ်ကိုင်ဆောင်ရွက်ကြရန်နှင့် နိုင်ငံတော် ဘဏ္ဍာငွေများကို အလေ့အလွင့်မရှိစေရေး ဘဏ္ဍာရေးစည်းမျဉ်းစည်ကမ်း၊ လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျသုံးစွဲကြရန် လိုအပ်ပါကြောင်းမှာကြားသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးက ပြည်နယ်အတွင်း တိုင်းရင်းသားများအရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်နယ်အစိုးရအဖွဲ့၏ ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး တိုင်းရင်းသားအခွင့်ရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနတို့မှ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် လိုအပ်ချက်များကို တင်ပြ ကြရာ ဒုတိယဝန်ကြီးက လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဝန်ထမ်းများအတွက် ချီးမြှင့် ထောက်ပံ့ငွေများကို ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးတို့သည် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့် အရေးဆိုင်ရာ(ဖိုရမ်) ကျင်းပပြုလုပ်သွားမည့် စီတာပူရပ်ကွက် မနောကွင်း အတွင်းရှိ မဂျွယ်ခန်းမ၌ ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ပြည်နယ်ဝန်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ယနေ့ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဒုတိယဝန်ကြီးက လာမည့် ဒီဇင်ဘာလ (၂၈.၁၂.၂၀၂၅) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲတွင် ဝန်ထမ်းများအနေဖြင့် မဲဆန္ဒပေးပိုင်ခွင့်အခွင့်အရေးများ မဆုံးရှုံးစေရေးနှင့် မိမိနေထိုင်သည့်မြို့နယ်မှ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင် အဖွဲ့ရုံးခွဲများသို့ သွားရောက်ပြီး မိမိတို့၏ မဲစာရင်းကျန်ရှိမှု မရှိစေရေး ဆောင်ရွက်ရမည်ဖြစ်ကာ နိုင်ငံ့သားကောင်းများပီသစွာဖြင့် တစ်ဦးမကျန် သက်ဆိုင်ရာမဲရုံများသို့ သွားရောက်မဲပေးကြရန် လိုအပ်ပါကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်းများ၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) တာဝန်ယူကြီးကြပ်သူ ဦးပြေဟိန်းနိုင်က ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများနှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) ဝင်ငွေရရှိမှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး ဒုတိယဝန်ကြီးက ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ(ရန်ကုန်)အတွင်းရှိ ရိုးရာအိမ်များနှင့် ဆောင်ရွက်လျက်ရှိသည့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ အဆင့်မြှင့်တင်ရေးလုပ်ငန်းများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကာ ဝန်ထမ်းများစည်းလုံးညီညွတ်စွာဖြင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) ဝင်ငွေပိုမိုတိုးတက်ရရှိရေး ကြိုးပမ်းဆောင်ရွက် သွားကြရန် မှာကြားခဲ့ပါသည်။ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)၏ ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာရေးနှစ်တွင် မူလ ခန့်မှန်း လျာထားငွေအပေါ် (၁၉.၁၀.၂၀၂၅) ရက်နေ့ထိ ကောက်ခံရရှိငွေမှာ (၈၉.၂၅%) ရရှိခဲ့ပြီးဖြစ်ပါသဖြင့် ဝင်ငွေတိုးတက်လျက်ရှိကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် စက်တင်ဘာလ ၁၆ ရက်နေ့ နေ့လယ်ပိုင်း၌ ရန်ကုန်မြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးနှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ပါသည်။ ရှေးဦးစွာ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ဝန်ထမ်းများသည် မိမိတို့ ရာထူးအဆင့်နှင့်လျော်ညီစွာ အရည်အသွေးပြည့်ဝပြီး စွမ်းဆောင်ရည် မြင့်မားကြရန် လိုအပ်ပါကြောင်း ၊ နိုင်ငံတော်ဘတ်ဂျက်ရန်ပုံငွေများကိုလည်း ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ မှန်ကန်စွာသုံးစွဲရေး၊ အလေလွင့်ဆုံးရှုံးမှုမရှိစေရေး၊ ကျပ်သန်း(၂၀)အောက် လုပ်ငန်းများ ကို နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် (၁/၂၀၁၇)နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရုံး၏ ညွှန်ကြားချက်အမှတ်(၁/၂၀၂၂)တို့တွင် ပါရှိသောတင်ဒါလုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်သွားရေး၊ လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ စနစ်တကျ ဆောင် ရွက်သွားရေး၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဦးတည်ချက်(၄)ရပ်နှင့်အညီ ဦးစီးဌာနများမှ ဆောင်ရွက်ရမည့်လုပ်ငန်းများကို အားသွန်ခွန်စိုက်ကြိုးစား ဆောင်ရွက်ကြရန်နှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို စည်းစည်းလုံးလုံးညီညွတ်စွာ ကြိုးစားဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးနှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာတာဝန်ယူကြီးကြပ်သူ ညွှန်ကြားရေးမှူး၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးတို့က လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ရှေ့လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် ရောက်ရှိနေသော တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာနှင့်အတူ ဆန်းချီရပ်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးသို့ ဩဂုတ်လ (၁၈) ရက် မွန်းလွဲ ၁ နာရီက သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ပါသည်။ ဦးစွာတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က အမှာစကား ပြောကြားရာတွင် ဝန်ထမ်းများသည် မိမိတို့၏ စွမ်းဆောင်ရည်များကို စဉ်ဆက်မပြတ်မြှင့်တင်ကြရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်ဘတ်ဂျက်ရန်ပုံငွေများကို ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျမှန်ကန်စွာ သုံးစွဲရေး၊ ဝန်ထမ်းများသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဆောင်ပုဒ်နှင့် ဦးတည်ချက်(၄)ရပ်ကို သိရှိလိုက်နာဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းသစ္စာ အဓိဋ္ဌာန်(၆)ချက်နှင့် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်များကို အလေးထား လိုက်နာ ဆောင်ရွက်ရန်လိုပါကြောင်း၊ တိုင်းရင်းသားရေးရာကိစ္စရပ်များကို စည်းလုံးညီညွတ်စွာ အားသွန် ခွန်စိုက် ကြိုးစားဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပြီး ရုံးပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် အမှိုက်များကို စနစ်တကျ စွန့်ပစ်မှုများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထို့နောက် တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန နှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ တာဝန်ခံများက ရုံးလုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် တိုင်းရင်းသားရေးရာကိစ္စရပ်များအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းရင်း သားရေးရာဝန်ကြီး ဦးစောမာတင်လူသာက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်) ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာရေးနှစ် အထွေထွေအရပ်ရပ်လုပ်ငန်းလိုင်စင် (၁၈) မျိူး တင်ဒါအောင်မြင်သူများနှင့်တွေ့ဆုံကာ လုပ်ငန်းအောင်မြင်ရေးအတွက် ကြိုစား၍ ပူးပေါင်း‌ဆောင်ရွက် ကြရန် မှာကြားခဲ့ပြီး တင်ဒါလုပ်ငန်းလိုင်စင်အောင်မြင်သူများမှ မိမိတို့၏အခက်အခဲများကို တင်ပြကြရာ ဒုတိယဝန်ကြီးက တာဝန်ရှိသူများနှင့်ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) တာဝန်ခံအရာရှိ ညွှန်ကြားရေးမှူး ဦးပြေဟိန်းနိုင်က လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေအား Power Point ဖြင့် ရှင်းလင်း တင်ပြခဲ့သည်။ ဆက်လက်၍ ဒုတိယဝန်ကြီးက ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) အတွင်းရှိ ရိုးရာအိမ်များ၊ သောင်တူးခြင်းလုပ်ငန်း‌ဆောင်ရွက်မှုအခြေအနေများ၊ ဝန်ထမ်းအိမ်ရာများ ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်) ဝင်ငွေပိုမိုတိုးတက်ရရှိရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
ရန်ကုန်မြို့တွင် ရောက်ရှိနေသည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ဧပြီလ ၂၅ ရက်နေ့ နေ့လည်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားခဲ့ပါသည်။ ရှေးဦးစွာ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ဝန်ထမ်းများသည် မိမိတို့ ရာထူး အဆင့်နှင့်လျော်ညီစွာ အရည်အသွေးပြည့်ဝပြီး စွမ်းဆောင်ရည်မြင့်မားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်ဘတ်ဂျက်ရန်ပုံငွေများကိုလည်း ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ မှန်ကန်စွာသုံးစွဲရန်၊ အလေလွင့်ဆုံးရှုံးမှုမရှိစေရန် မှာကြားလိုပါကြောင်း၊ (၂၈.၃.၂၀၂၅) ရက်နေ့က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ဖြစ်ပေါ်ခဲ့သည့် ပင်မရုံးအဆောက်အဦ အက်ကြောင်းအချို့အား အင်ဂျင်နီယာများနှင့် ညှိနှိုင်းစစ်ဆေးဆောင်ရွက်သွားရန် လိုပါကြောင်း၊ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်နှင့်အညီ ဦးစီးဌာနများမှ ဆောင်ရွက်ရမည့် လုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်ကြရန်နှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို စည်းစည်းလုံးလုံးညီညွတ်စွာ ကြိုးစားဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး နှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးတို့က လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ ၊ ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးဦးဇော်အေးမောင်က သဘာဝဘေးအန္တရာယ်နှင့် မိုးရာသီ လေပြင်းဒဏ်ကြောင့် အန္တရာယ်ဖြစ်ပေါ်နိုင်သည့် အုပ်မိုးသစ်ပင်ကြီးများအား ကြိုတင်ရှင်းလင်း နိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ဌာနမှ တာဝန်ရှိ သူများနှင့်အတူ ယနေ့ နံနက်(၉)နာရီအချိန်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ သွားရောက်၍ တိုက်ပွဲရှောင်ပြည်သူများအတွက် ကျပ် (၂၅)သိန်းတိတိ လှူဒါန်းခဲ့ပါသည်။ ယင်းနောက် နံနက်(၁၀)နာရီအချိန်တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးသို့ ရောက်ရှိ၍ ရုံးအဝင်လမ်းခင်းခြင်းနှင့် အုတ်ရေမြောင်း ပြုလုပ်ခြင်းလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပါသည်။ ဆက်လက်၍ ဝန်ထမ်းများနှင့် တွေ့ဆုံရာတွင် ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့် ဝန်ထမ်းစည်းမျဉ်း စည်းကမ်း ညွှန်ကြားချက်များနှင့်အညီ လိုက်နာ နေထိုင် ကြရန်၊ ရုံးနှင့် ရုံးပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် လုံခြုံရေးကိစ္စကို အလေးထား ဆောင်ရွက်ရန်၊ ဘဏ္ဍာငွေများကို သတ်မှတ်ထားသည့် ငွေစာရင်း ထိန်းသိမ်းရေး နည်းလမ်းများ နှင့်အညီ စနစ်တကျသုံးစွဲရန် လမ်းညွှန်မှာကြား၍ ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ပြီးနောက် ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ဦးစီးဌာန(၂)ခုရှိ ပုံသေပိုင်ပစ္စည်းများကို စာရင်းနှင့် ပစ္စည်းများ တိုက်ဆိုင်စစ်ဆေးခဲ့ပါသည်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက ဦးစီး ဌာန(၂)ခုလိုအပ်သည်များကို လမ်းညွှန်မှာကြားပေးခဲ့ပါသည်။ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးအနေဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဘဏ္ဍာနှစ်အတွင်း တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ခြင်း၊ တိုင်းရင်းသားသံစုံတီးဝိုင်းဖော်ထုတ်ခြင်း၊ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေး ပညာသင်တန်းစင်တာ၌ ကာလတိုသက်မွေးပညာသင်တန်းများကို(၁၆)ကြိမ်၊ ရပ်ရွာအခြေပြုသင်တန်း(၅)ကြိမ်၊ စုစုပေါင်း သင်တန်း(၂၁)ကြိမ်၊ တိုင်းရင်းသားရေးရာ အသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်(၅)ကြိမ် ဆောင်ရွက်နိုင်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ(၄၂၀)ဦးအား သက်မွေးပညာသင်တန်းများ သင်ကြားပေးနိုင်ခဲ့ပါကြောင်း၊ ၎င်း သင်တန်းသား၊ သင်တန်းသူများအနေဖြင့် မိမိတို့ရပ်ရွာဒေသတွင် သက်မွေးပညာရပ်များ ပြန်လည်အသုံးချနိုင်နေပြီးဖြစ်ကြောင်း သတင်း တင်ပြအပ်ပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ဌာနမှ တာဝန်ရှိ သူများနှင့်အတူ ယနေ့ မွန်းလွဲ(၁)နာရီအချိန်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာသို့ ရောက်ရှိ၍ သင်တန်းစင်တာ၌ တည်ဆောက်ရေးလုပ်ငန်းများဖြစ်သည့် လုံခြုံရေး အဆောက်အဦး၊ လျှပ်စစ်မီးစက်ရုံတည်ဆောက်ထားရှိမှုနှင့် လျှပ်စစ်မီးစက်တပ်ဆင်ထားရှိမှုနှင့် ရေလှောင်ကန် ရေယိုစိမ့်မှုအား ပြုပြင်ဆောင်ရွက်ပြီးစီးနေမှုအခြေအနေအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ ယင်းနောက် စင်တာရှိ ဝန်ထမ်းများတွေ့ပြီး ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့် ဝန်ထမ်းစည်းမျဉ်းစည်းကမ်း ညွှန်ကြားချက်များနှင့်အညီ လိုက်နာနေထိုင်ကြရန်၊ သင်တန်းစင်တာသည် မဲခေါင်-လန်ချန်းရန်ပုံငွေဖြင့် တည်ဆောက်၍ ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးများအတွက် သက်မွေးပညာသင်တန်းများဖွင့်လှစ်ပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ပေးနေခြင်းဖြစ်၍ ဝန်ထမ်းများက စံနမူနာပြ ဦးဆောင်၍ သင်တန်းသား၊ သင်တန်းသူများ စည်းကမ်းတကျ နေထိုင်ပြုမူတတ်ရေးကို သေချာလေ့ကျင့်သင်ကြားပေးရန်၊ သင်တန်းသား၊ သင်တန်းသူများ စားသောက်ရေးကို ကျန်းမာရေးနှင့်ညီညွတ်၍ သန့်ရှင်း လတ်ဆတ်သည့် အစားအသောက်ဖြစ်စေရေးကို ကြီးကြပ်စီမံဆောင်ရွက်ပေးရန်နှင့် နေ့စဉ် အသုံးစရိတ်ကို သေချာစိစစ်သုံးစွဲရန်၊ စင်တာရှိ ဌာနပိုင်ပစ္စည်းများ ပျောက်ဆုံး ပျက်ဆီးမှု မရှိစေရေးအတွက် စာရင်း/ဇယားဖြင့်ပြုစုပြီး မှတ်တမ်းထားရှိရန်၊ လစဉ်စစ်ဆေး ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ ၎င်းနောက် ဌာနရှိ ပုံသေပိုင်ပစ္စည်းစာရင်းနှင့်ပစ္စည်းများ ကြည့်ရှု တိုက်ဆိုင်စစ်ဆေးပြီး ဝန်ထမ်းများက အထွေထွေဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပါသည်။ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာသည် သက်မွေးပညာ သင်တန်းများကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် (၈)ကြိမ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေဖြင့် (၁၆)ကြိမ် စုစုပေါင်း သင်တန်း(၂၂)ကြိမ် ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ (၄၄၀)ဦးအား သက်မွေးပညာသင်တန်းများသင်ကြားပေးနိုင်ခဲ့ကာ ၎င်းသင်တန်းသား/သူများအနေဖြင့် မိမိတို့ရပ်ရွာဒေသတွင် သက်မွေးပညာရပ်များ ပြန်လည် အသုံးချနိုင်နေပြီဖြစ်ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများအား တွေ့ဆုံခဲ့ပါသည်။ရှေးဦးစွာ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ဝန်ထမ်းများသည် မိမိတို့ ရာထူး အဆင့်နှင့်လျော်ညီစွာ အရည်အသွေး ပြည့်ဝပြီး စွမ်းဆောင်ရည် မြင့်မားကြရန် လိုအပ်ပါကြောင်း ၊ နိုင်ငံတော်ဘတ်ဂျက် ရန်ပုံငွေများကိုလည်း ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ စနစ်တကျ မှန်ကန်စွာ သုံးစွဲရေး၊ အလေလွင့်ဆုံးရှုံးမှုမရှိစေရေး၊ ရုံးတွင်းရုံးပြင်သန့်ရှင်းရေး၊ လျှပ်စစ် မီးချွေတာသုံးစွဲကြရန်၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်း ဉပဒေနှင့် နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းသစ္စာ အဓိဌာန်(၆)ချက်နှင့် နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်များကို အလေးထား လိုက်နာဆောင်ရွက်ကြရန်၊ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက် (၉)ရပ်နှင့်အညီ ဝန်ကြီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်နေသည့် အမျိုးသားစီမံကိန်း(၁၈)ချက်တွင် ပါဝင်သည့် ဦးစီးဌာနများမှ ဆောင်ရွက်ရမည့် လုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်ကြရန်၊ တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေယဉ်ကျေးမှုအသင်းအဖွဲ့များကို အသင်းအဖွဲ့ဆိုင်ရာ ဥပဒေနှင့်အညီ မှတ်ပုံတင်ထားရှိနိုင်ရေး စိစစ် ပူးပေါင်းကူညီဆောင်ရွက်ရန်၊ နိုင်ငံတော်အခမ်းအနားများတွင် တိုင်းရင်းသား ရိုးရာအကများ ဖျော်ဖြေတင်ဆက်နိုင်ရေး သက်ဆိုင်ရာ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု အသင်းများအား အကြောင်းကြားဆောင်ရွက်ထားရန်၊ ဝန်ထမ်းများ သက်သာ ချောင်ချိရေးအတွက် ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်၊ မိမိတို့ဝန်ကြီးဌာနသည် တိုင်းရင်းသားရေးရာကိစ္စရပ်များကို ဝန်ဆောင်မှုပေးသည့် ဝန်ကြီးဌာနဖြစ်ပါသဖြင့် တိုင်းရင်းသား ပြည်သူများ၏ လိုအပ်ချက်များကို အဆင်အပြေအောင် ပူးပေါင်းကူညီအကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်း သားရေးရာဝန်ကြီး၏ အနီးကပ် ကြီးကြပ်မှုဖြင့် စည်းလုံးညီညွတ်စွာ ကြိုးစားဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ထို့နောက် ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ရှေ့လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြခဲ့ရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ(ရန်ကုန်) ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ် တင်ဒါခေါ်ယူ၍ ဆောင်ရွက်လျက် ရှိသော သောင်တူးခြင်းလုပ်ငန်း၊ ကပွဲခန်းမအထွေထွေပြုပြင်ခြင်းလုပ်ငန်း၊ အုပ်ချုပ်မှုရုံး အဆောက် အအုံဆေးသုတ်မွမ်းမံခြင်းလုပ်ငန်း၊ ပြည်ထောင်စုခန်းမအထွေထွေပြုပြင်ခြင်းလုပ်ငန်း၊ ရေရရှိရေး လုပ်ငန်း၊ မီးရရှိရေးလုပ်ငန်းနှင့် WIfi တပ်ဆင်ခြင်းလုပ်ငန်းတို့အား လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအားကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဝန်ထမ်းများအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေးလုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်တို့ကို သိရှိလိုက်နာ ရမည်ဖြစ်ပါကြောင်း မှာကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) ယာယီတာဝန်ခံဒေါ်မိမြတ်ခတ္တာသင်း (ဒုတိယ ညွှန်ကြားရေးမှူး)က လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများ ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုတို င်းရင်းသားကျေးရွာ(ရန်ကုန်)အတွင်း ရေပန်းကန်တွင် ရေပန်းအလှပြသထားမှုအား ကြည့်ရှုစစ်ဆေးခြင်း၊ ဝန်ထမ်းများအသုံးပြုသည့် ရှမ်းအိမ်အနီးရှိ ရေလှောင်ကန်နှင့် ရေမော်တာ တပ်ဆင်ထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခြင်း၊ ဆိပ်ခံဗောတံတားအနီး သောင်းတူးခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခြင်း၊ ကပွဲခန်းမ အထွေထွေပြုပြင်ခြင်းလုပ်ငန်း၊ အုပ်ချုပ်မှုရုံးအဆောက်အအုံ ဆေးသုတ် မွမ်းမံခြင်းလုပ်ငန်း၊ ပြည်ထောင်စုခန်းမအထွေထွေ ပြုပြင်ခြင်းလုပ်ငန်းများအား ကြည့်ရှု့စစ်ဆေးခဲ့ပြီး ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ(ရန်ကုန်)၏ ဝင်ငွေပိုမိုရရှိရေးအတွက် အလေးထား၍ ဆက်လက် ဆောင်ရွက်သွားရန်နှင့် လာရောက်ပန်းဖြေ လေ့လာသည့် ဧည့်သည်တော်များ စိတ်အေးချမ်းသာစွာ အပန်းဖြေစေနိုင်ရေး ဂရုတစိုက်ဆောင်ရွက်သွားရန်၊ ဝန်ထမ်းများမှ ဝန်ဆောင်မှု အကောင်းဆုံး ပေးကြရန်နှင့် ပြည်ထောင်စုခန်းမအတွင်း အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဖျော်ဖြေတင်ဆက်မည့် တိုင်းရင်းသား/ တိုင်းရင်းသူများ၏ တိုင်းရင်းသားရိုးရာအကအလှများကို ကြည့်ရှုခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ် သည့် “စွမ်းအင်စီမံခန့်ခွဲမှုအခြေခံသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ စက်မှုဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်တင်တင်ထူး၊ သင်တန်းဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပါသည်။ ရှေးဦးစွာ ဒုတိယဝန်ကြီးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းအင်သည် မရှိမဖြစ် အရေးပါပြီး ယခုစွမ်းအင်စီမံခန့်ခွဲမှုအခြေခံသင်တန်းသည် အားလုံးသိရှိထား သင့်သည့် သင်တန်းတစ်ခုဖြစ်ပါကြောင်း၊ ရုံးအဆောက်အဦများ၌ စွမ်းအင်ကိုအကျိုးရှိ ထိရောက်စွာ သုံးစွဲရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အထောက်အကူ ပြုစေမည်ဖြစ် ပါကြောင်း၊ ထို့အတူ ဝန်ထမ်းများအနေဖြင့်လည်း ကာယဗလ၊ ဉာဏဗလ၊ ဘောဂဗလ၊ စာရိတ္တဗလ၊ မိတ္တဗလဟူသော ဗလငါးတန်၏ စွမ်းအင်များကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ပါက ဘဝတွင် အောင်မြင်ကြီးပွားလာမည်ဖြစ်ပါကြောင်း၊ သင်တန်းမှ ပို့ချခဲ့သည့် သင်ခန်းစာများကို လက်တွေ့နယ်ပယ်တွင် စဉ်ဆက်မပြတ် ပြန်လည်အသုံးချခြင်းဖြင့် တစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်ပိုမိုမြင့်မားလာမည်ဖြစ်ပြီး သိရှိလာသည့် ဗဟုသုတများ၊ တတ်ကျွမ်းလာသည့် ပညာရပ်များကို လက်ဆင့်ကမ်းမျှဝေသွားကြရန်နှင့် ဝန်ကြီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက် များကို အကောင်အထည်ဖော်ရာတွင် ပိုမိုအထောက်အကူပြုနိုင်ရေးအတွက် အထူးကြိုးစား သင်ယူသွားကြရန် အလေးအနက်ထား မှာကြားလိုပါကြောင်း ပြောကြားပါသည်။ ဆက်လက်၍ စက်မှုဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က စွမ်းအင်စီမံခန့်ခွဲမှုအခြေခံ သင်တန်းနှင့်ပတ်သက်သည့် အသိပညာပေးဆောင်ရွက်ခဲ့ခြင်းများ၊ စွမ်းအင်စီမံခန့်ခွဲမှုနှင့် ပတ်သက်သည့် ဝန်ကြီးဌာန၏ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများကို အသေးစိတ်ရှင်းလင်းပြောကြားပါသည်။ ၎င်းနောက် သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများက တစ်ဦးချင်း မိတ်ဆက်ကြပါသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းနည်းပြ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ အဆိုသင်တန်းသို့ အရာထမ်း သင်တန်းသား၊ သင်တန်းသူ (၂၀)ဦး တက်ရောက်ကြမည် ဖြစ်ပြီး သင်တန်းကာလမှာ (၃) ရက်ခန့် ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
ရန်ကုန်မြို့တွင် ရောက်ရှိနေသည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့်အတူ အောက်တိုဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရခိုင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းနှင့် ရခိုင်လူမှုရေးအသင်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးဦးဇော်အေးမောင်က ကမ္ဘာ့ပထဝီနိုင်ငံရေး ၊ မြန်မာ့ပထဝီ နိုင်ငံရေး၊ သဘောတရားများက မြန်မာနိုင်ငံအပေါ် သက်ရောက်မှုများ၊ အဆိုပါ သက်ရောက်မှုအပေါ် တိုင်းရင်းသားများကသိရှိနားလည်၍ စည်းလုံးညီညွတ်စွာဖြင့် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွား ကို ရှေ့ရှု၍ဆောင်ရွက်သွားရန်၊၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီလ(၂၄)ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည့် တိုင်းရင်း သားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး ဥပဒေနှင့်အညီ တိုင်းရင်းသားရေးရာကိစ္စရပ်များကို ဆက်စပ်ဌာနများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်၊ အသင်းအဖွဲ့များ အနေဖြင့် စာပေနှင့်ယဉ်ကျေးမှုအသင်း၊ လူမှုရေးအသင်း ၊ ဘာသာရေးအသင်း အစရှိသဖြင့် အသင်း များ၏ ရည်ရွယ်ချက်လုပ်ငန်းစဉ်များ လုပ်ကိုင်ရာဆောင်ရွက်ရာတွင် ဥပဒေဘောင်အတွင်း၌ ဆောင်ရွက်နိုင်ရန်အတွက် အသင်းအဖွဲ့များ မှတ်ပုံတင်ရေးဥပဒေနှင့်အညီ မိမိတို့၏အသင်းအဖွဲ့ကို တိုင်းဒေသကြီးအဆင့်ထိ မှတ်ပုံတင်နိုင်ရေးဆောင်ရွက်ထားကြရန် မှာကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက အသင်းအဖွဲ့ မှတ်ပုံတင်ရေးဥပဒေအရ မှတ်ပုံတင်နိုင်ရေးဆောင်ရွက်နေမှုများနှင့် တိုင်းရင်းသားရေးရာကိစ္စရပ် များကို ဆွေးနွေးတင်ပြပြီး တက်ရောက်လာသည့် ရခိုင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့ တာဝန်ရှိသူများက လိုအပ်ချက်နှင့် ကူညီဆောင်ရွက်ပေးရမည့် အချက်များကို ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်