ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

ဒုတိယဝန်ကြီး သတင်းများ

  • 26
  • MAR

  • 26 March 2024
  • ရန်ကုန်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းသူရအောင်တို့သည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)တွင် ၂၀၂၃-၂၀၂၄ခုဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့်ဆောင်ရွက်လျှက်ရှိသော ရေပန်းအလှ တပ်ဆင်ခြင်းလုပ်ငန်း၊ သောင်တူးခြင်းလုပ်ငန်းနှင့်ဝါးရုံတောလျှောက်လမ်းနှင့်ဝင်္ကပါပတ်လမ်း လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခြင်း၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)မှ ဝန်ထမ်းများနှင့်တွေ့ဆုံဆွေးနွေးခြင်း၊ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက် ၍ ဝန်ထမ်းများကျယ်ကျယ်ပြန့်ပြန့်သိရှိရန်အသိပညာပေးဟောပြောပို့ချခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 22
  • MAR

  • 22 March 2024
  • ရန်ကုန်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ၊ ညွှန်ကြားရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ၂၂.၃.၂၀၂၄ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးရုံးရှိ အရာထမ်း ၊ အမှုထမ်းများ ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် ဖိတ်ကြားထား သော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ရှေးဦးစွာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် အလွန်အရေးကြီးပါကြောင်း၊ တိုင်းရင်းသားများ စည်းလုံးညီညွတ်မှ တိုင်းပြည်ငြိမ်းချမ်းသာယာမှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ ပြီး ပြည်သူ့စစ်မှုထမ်းဆိုင်ရာ ကိစ္စရပ်များဖြစ်သည့် ပြည်သူ့စစ်မှုထမ်းဉပဒေ၏ ရည်ရွယ်ချက်များ၊ နောက်ခံသမိုင်းကြောင်း၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းစနစ် ကျင့်သုံးရခြင်း၏ရည်ရွယ်ချက်၊ စစ်မှုထမ်းဉပဒေကျင့်သုံးလျက်ရှိသည့် ကမ္ဘာ့နိုင်ငံများအကြောင်း၊ ပြည်သူ့စစ်မှုထမ်းတို့၏ခံစားခွင့်များ ၊ ကင်းလွတ်ခွင့်များနှင့် ယာယီ ရွှေ့ဆိုင်းနိုင် သူများ အစရှိသည်များကို ဆွေးနွေးဟောပြောခဲ့ပါသည်။ထို့နောက်တွေ့ဆုံပွဲသို့တက်ရောက်လာသည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များက ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာကိစ္စရပ်များ၊ တိုင်းရင်းသားရေးရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး အထွေထွေဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ 

ဆက်လက်ဖတ်ရှုပါရန်
  • 24
  • JAN

  • 24 January 2024
  • ဧရာဝတီတိုင်းဒေသကြီး

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်နှင့်အတူ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ဇန်နဝါရီ လ(၂၂)ရက်နေ့ နေ့လယ်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကရင်/ရခိုင်/ချင်း တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းများ နှင့် တိုင်းရင်းသားလူမှုရေးအသင်းများအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ပထမဦးစွာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က တွေ့ဆုံအမှာစကားပြောကြားရာတွင် ဧရာဝတီ တိုင်းဒေသကြီးသည် ရေခံ၊ မြေခံကောင်းပြီး တည်ငြိမ်းအေးချမ်းသော တိုင်းဒေသကြီးဖြစ်သည့်အတွက် တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝတိုးတက်မြင့်မားအောင် ဆောင်ရွက်နိုင်ပါကြောင်း၊ ကမ္ဘာ့ပထဝီ နိုင်ငံရေး၊ မြန်မာ့နိုင်ငံရေးသမိုင်း နောက်ခံအချက်အလက်များကို သိရှိထားနိုင်ရန်နှင့် သင်ခန်းစာများ ရယူနိုင်ရန် လိုအပ်ပါကြောင်း၊ လက်ရှိကမ္ဘာ့ပထဝီနိုင်ငံရေးက မြန်မာနိုင်ငံအပေါ်သက်ရောက်မှုများ၊ အဆိုပါ သက်ရောက်မှုများအပေါ် တိုင်းရင်းသားများက စည်းလုံးညီညွတ်စွာဖြင့် အမျိုးသားလုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားကို ရှေ့ရှု၍ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်ကဆောင်ရွက်နေ သည့် ငြိမ်းချမ်းစေရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေးကို တိုင်းရင်းသားများအနေဖြင့် ပူးပေါင်းဆောင်ရွက် သွားရန်လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊တိုင်းရင်းသားရေးရာဝန်ကြီးကတိုင်းဒေသကြီးအတွင်းရှိတိုင်းရင်းသားစာပေသင်ကြားနေမှုများ၊ တိုင်းရင်းသားများ၏ ရိုးရာဓလေ့၊ နေ့ထူးနေ့မြတ်အခမ်းအနား ကျင်းပဆောင်ရွက်မှုများ၊ အခွင့်အရေး ဆိုင်ရာအသိပညာပေးဟောပြောခြင်း နှင့် သက်မွေးဝမ်း ကျောင်းဆိုင်ရာ သင်တန်းများဖွင့်လှစ်ထားရှိမှု နှင့် လိုအပ်သည်များကို ရှင်းလင်း တင်ပြခဲ့ပါသည်။ဆက်လက်၍ ကရင်/ ရခိုင်/ ချင်း တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းများနှင့် တိုင်းရင်းသားလူမှုရေးအသင်းများ၏ ဥက္ကဋ္ဌများက အသင်း၏လုပ်ငန်းဆောင် ရွက်မှုများနှင့် လိုအပ်ချက်များကို ဆွေးနွေး တင်ပြကြရာ ဆွေးနွေးတင်ပြချက်များအပေါ် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်က ပြန်လည်ဆွေးနွေးတင်ပြပေးခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များပိုမိုထိန်းသိမ်းမြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက်ဒုတိယဝန်ကြီး ဦးဇော်အေးမောင်မှ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းများအား တစ်ဖွဲ့လျှင် ထောက်ပံ့ငွေ (၅)သိန်းစီ အသီးသီး ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 24
  • JAN

  • 24 January 2024
  • ဧရာဝတီတိုင်းဒေသကြီး

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊ဦးဇော်အေးမောင်သည်ဇန်နဝါရီလ(၂၃)ရက်နေ့တွင်ဧရာဝတီတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး၌ တိုင်းရင်း သားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီး ဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတို့မှ တာဝန်ခံအရာရှိများနှင့် ဝန်ထမ်းများအား တွေ့ဆုံ၍ လမ်းညွှန်အမှာစကားပြောကြားခဲ့ပါသည်။ ပထမဦးစွာ ဝန်ထမ်းများက တစ်ဦးချင်းမိတ်ဆက်တင်ပြခဲ့ပြီး တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က အမှာစကားပြောကြားရာတွင် ဝန်ထမ်းများသည် မိမိတို့ရာထူးအဆင့်နှင့် လျော်ညီစွာ အရည်အသွေးပြည့်ဝပြီး စွမ်းဆောင်ရည် မြင့်မားကြရန် လိုအပ်ပါ ကြောင်း၊ နိုင်ငံတော်ဘတ်ဂျက်ရန်ပုံငွေများကိုလည်း ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျမှန်ကန်စွာ အလေအလွင့်ဆုံးရှုံးမှုမရှိစေရေးဂရုပြုသုံးစွဲရမည် ဖြစ်ပါကြောင်း၊ နိုင်ငံ့ ဝန်ထမ်းများ ဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းဉပဒေနှင့်နည်းဉပဒေများ၊ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဌာန် (၆)ချက်နှင့် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်များကို အလေးထားလိုက်နာ ဆောင်ရွက်ကြရန်၊ ဝန်ကြီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်လျက်ရှိသည့် စီမံကိန်း(၂၄)ချက်တွင် ပါဝင်သည့် ဆောင်ရွက်ရမည့် လုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို စည်းလုံးညီညွတ်စွာ ကြိုးစားဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။ဆက်လက်၍ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က ဦးစီး(၂)ဌာန ဝန်ထမ်းများသည် စည်းလုံးညီညွတ်စွာဖြင့် ဆက်လက်လုပ်ဆောင်သွားရန်နှင့် ပါတီနိုင်ငံ ရေးကင်းရှင်းရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် တိုင်းရင်းသားစာပေတစ်မျိုးမျိုးကို တတ်မြောက်ထားရန် လိုအပ်ပါကြောင်းမှာကြားခဲ့ပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က အရာထမ်း၊ အမှုထမ်းများ တင်ပြချက်များအပေါ် ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ပြီး ဒုတိယဝန်ကြီး ဦးဇော်အေးမောင် က လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး နှင့် ဝန်ထမ်းအိမ်ရာအား ကြည့်ရှုစစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါ သည်။

ဆက်လက်ဖတ်ရှုပါရန်
  • 21
  • JAN

  • 21 January 2024
  • ရန်ကုန်

 ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၁)ရက်နေ့တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးမင်းသူရအောင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၏  ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် စီမံကိန်းလုပ်ငန်း (၂၄)ချက်တွင် ပါဝင်သော ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) အဆင်မြှင့်တင်ခြင်းလုပ်ငန်းများဖြစ်သည့် ဆိပ်ခံဗော တံတားအနီး သောင်တူးခြင်းလုပ်ငန်း၊ ဝင်္ကပါပတ်လမ်းနှင့် ဝါးရုံတောလျှောက်လမ်း တည်ဆောက်ခြင်း လုပ်ငန်း၊ သန့်စင်ခန်းများနှင့် ဝန်ထမ်းအိမ်ရာပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ တို့အား ကြည့်ရှု့စစ်ဆေးခဲ့ပါသည်။ရှေးဦးစွာ ဒုတိယဝန်ကြီးသည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ အစည်းအဝေးခန်းမ၌ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ သာကေတမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံပွဲတွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ တာဝန်ခံအရာရှိ ဦးစန်းလှိုင် (ဒုတိယညွှန်ကြားရေးမှူး)မှ တိုင်းရင်းသားကျေးရွာ(ရန်ကုန်)၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အတွင်း ဝင်ငွေရရှိမှုအခြေအနေနှင့် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် မတ်လအတွင်းတွင် ဆိပ်ခံဗောတံတား အနီး သောင်တူးခြင်းလုပ်ငန်းအပါအဝင် လုပ်ငန်းများအားလုံး  အချိန်မီ ပြီးစီးအောင် ဆောင်ရွက်ကြ ရမည်ဖြစ်ပါကြောင်း၊  နိုင်ငံတော်ဘဏ္ဍာငွေကို ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ အလေအလွင့် မရှိအောင် သုံးစွဲကြရမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအားလုံး ဝန်ထမ်းကျင့်ဝတ် စည်းမျဉ်းစည်းကမ်းများ၊ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာနေထိုင်ကြရမည်ဖြစ်ပါကြောင်း၊ သာကေတမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များအနေဖြင့် ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ(ရန်ကုန်)အတွင်း အခါအားလျော်စွာ ကျင်းပပြုလုပ်သည့် အခမ်းအနားနှင့် တိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ် အခမ်းအနားများတွင် ပေါင်းစပ်၍ လုံခြုံရေးကိစ္စရပ်များအား လစ်ဟင်းမှုမရှိအောင် ဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြား ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 20
  • JAN

  • 20 January 2024
  • ရန်ကုန်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးဇော်အေးမောင်သည် ဇန်နဝါရီလ(၂၀)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများအား တွေ့ဆုံ၍ အမှာစကားပြောကြားခဲ့ပါသည်။ပထမဦးစွာ ဝန်ထမ်းများက တစ်ဦးချင်းမိတ်ဆက်တင်ပြခဲ့ပြီး တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က အမှာစကားပြောကြားရာတွင် ဝန်ထမ်းများ သည် မိမိတို့ရာထူးအဆင့်နှင့် လျော်ညီစွာ အရည်အသွေးပြည့်ဝပြီး စွမ်းဆောင်ရည် မြင့်မားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်ဘတ်ဂျက် ရန်ပုံငွေများကိုလည်း ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျ မှန်ကန်စွာ အလေအလွင့်ဆုံးရှုံးမှုမရှိစေရေး ဂရုပြုသုံးစွဲရမည် ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်း ဉပဒေနှင့် နည်းဉပဒေများ၊ နိုင်ငံ့ဝန်ထမ်းသစ္စာ အဓိဌာန်(၆)ချက်နှင့် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်များကို အလေးထားလိုက်နာ ဆောင်ရွက်ကြရန်၊ ဝန်ကြီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်လျက်ရှိသည့် စီမံကိန်း(၂၄)ချက်တွင် ပါဝင်သည့် ဆောင်ရွက်ရမည့် လုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးစား ဆောင်ရွက်ကြရန်နှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို စည်းလုံးညီညွတ်စွာ ကြိုးစားဆောင်ရွက် ကြရန် မှာကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 16
  • JAN

  • 16 January 2024
  • မန္တလေးတိုင်းဒေသကြီး

 မန္တလေးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးတွင် ရောက်ရှိနေသည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် တိုင်းရင်း သားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင်မန္တလေးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးအဝင် ကွန်ကရစ်လမ်းပြုပြင် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ပါသည်။ ဆက်လက်ပြီး ညွှန်ကြားရေးမှူးမှ ပြုပြင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို တင်ပြရာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။  ထို့နောက် ဒုတိယဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ၍  လမ်းညွှန်အမှာစကားပြောကြားရာတွင် ကမ္ဘာ့ပထဝီနိုင်ငံရေး၊ မြန်မာ့ နိုင်ငံရေးသမိုင်း နောက်ခံအချက်အလက်များကို သိရှိထားနိုင်ရန်နှင့် သင်ခန်းစာများရယူနိုင်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်ငြိမ်းချမ်းစေရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေးကို ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့ မှတ်ပုံတင်သည့်အခါတွင် သေချာစိစစ်ရန်နှင့် ကူညီဆောင်ရွက်ပေးရန်၊ သဘာဝဘေးအန္တရာယ် လုံခြုံရေးအတွက်လည်း အထူးဂရုပြုကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန်(၆)ချက်နှင့် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်များကို အလေးထား လိုက်နာဆောင်ရွက်ရန်၊ ရုံးလုပ်ငန်းများ ပီပြင်အောင်ဆောင်ရွက်ကြရန်၊  ဝန်ကြီး ဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်နေသည့် စီမံကိန်း(၂၄)ချက်တွင် ပါဝင်သည့် ဦးစီးဌာနများမှ ဆောင်ရွက်ရမည့်လုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်ကြရန်နှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို စည်းစည်းလုံးလုံးညီညွတ်စွာ ကြိုးစားဆောင်ရွက်ကြရန် လမ်းညွှန်မှာကြား ခဲ့ပါသည်။ ထို့နောက် ဝန်ထမ်းများက လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ တင်ပြချက် များအပေါ် ဒုတိယဝန်ကြီးက ပြန်လည်ဆွေးနွေးပေါင်းစပ်ပေးခဲ့ကြောင်း သိရှိခဲ့ရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 14
  • JAN

  • 14 January 2024
  • တောင်ကြီး

 ရှမ်းပြည်နယ် တောင်ကြီးမြို့တွင်‌ရောက်ရှိနေသည့် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းတို့သည် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ဇန်နဝါရီလ(၁၃)ရက်နေ့ ညနေခင်းပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် တည်ဆောက်လျက်ရှိသည့် တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဌာန၊ “ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ”၏ ဆောက်လုပ် လျက်ရှိသည့် အလုပ်ရုံဆောင်၊ ဝင်းခြံစည်းရိုး၊ ထမင်းစားဆောင်နှင့် ပင်မအဆောက်အဦ ထပ်တိုးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။ ပထမဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မဲခေါင်-လန်းချန်အထူးရန်ပုံငွေနှင့် ပြည်ထောင်စုဘဏ္ဍာရန်ပုံများဖြင့် ဆောင်ရွက်လျက်ရှိသော  တည်ဆောက်ရေးလုပ်ငန်း ဖြစ်သည့် အလုပ်ရုံဆောင်၊ ဝင်းခြံစည်းရိုး၊ ထမင်းစားဆောင်၊ ပင်မအဆောက်အဦထပ်တိုး လုပ်ငန်းများနှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုးပြေရေးများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး  မြေညီထပ်ရှင်းလင်းဆောင်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး၊ အဆောက်အဦကို တာဝန်ယူတည်ဆောက်နေသည့် မိုးယံဝင့်ချီကုမ္ပဏီလီမိတက်မှ တာဝန် ရှိသူများနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အရည်အသွေးထိန်းချုပ်စိစစ်ရေးအဖွဲ့မှ တာဝန်ရှိသူများတို့အား   စိစစ်တွေ့ရှိချက်များအပေါ် လိုအပ်သည်ကို ညှိနှိုင်းမှုများ ဆောင်ရွက် ပေးခဲ့ပြီး အဆောက်အဦကို ၇၇ နှစ်မြောက်ရှမ်းပြည်နယ်နေ့အမီ ဖွင့်လှစ်နိုင်‌ရေးနှင့် အရည်အသွေးစံချိန်စံညွှန်းနှင့်အညီဆောင်ရွက်ရန် ဆွေးနွေးပြောကြားခဲ့ပါသည်။အဆိုပါ “ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာ” ပြီးစီးပါက တိုင်းရင်းသားများအတွက် သက်မွေးဝမ်းကျောင်းဆိုင်ရာသင်တန်းများ ဖွင့်လှစ် သင်ကြားခြင်း၊ တိုင်းရင်းသားရေးရာကိစ္စရပ်များတွေ့ဆုံဆွေးနွေးမှုဆောင်ရွက်နိုင်သည့် နေရာအဖြစ် ဆောင်ရွက်သွားရန် ရည်ရွယ်ဆောင်ရွက်ထားပါသည်။ ဆက်လက်ပြီး ဇန်နဝါရီလ(၁၄)ရက်နေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး တို့သည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လမ်းညွှန်အမှာစကားပြောကြားခဲ့ကြပါသည်။ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လမ်းညွှန်အမှာစကား ပြောကြားရာတွင် ကမ္ဘာ့ပထဝီနိုင်ငံရေး၊ မြန်မာ့နိုင်ငံရေးသမိုင်း နောက်ခံအချက် အလက်များကို သိရှိထားနိုင်ရန်နှင့် သင်ခန်းစာများရယူနိုင်ရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော် ငြိမ်းချမ်းစေရေးနှင့်ဖွံ့ဖြိုးတိုးတက်စေရေးကို ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများကို သိရှိနားလည်ထားရန် လိုအပ်ပြီး စာရင်းစစ်စစ်ဆေးခံနိုင်ရန်အတွက်လည်း ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားဒေသများတွင် စီမံကိန်းမြေယာများ အသုံးပြုရန် လျှောက်ထားလာသည့် မြေလွှတ်၊ မြေလပ်နှင့် မြေရိုင်းဆိုင်ရာကိစ္စရပ်များကို  အမြန်ဆုံးပြီးစီး‌ရေးဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့ မှတ်ပုံတင်သည့်အခါတွင် သေချာစိစစ်ရန်နှင့်ကူညီဆောင်ရွက်ပေးရန်၊ သဘာဝဘေး လုံခြုံရေးအတွက်လည်း အထူးဂရုပြုကြရန်လိုပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည့်အတွက် နိုင်ငံဝန်ထမ်းဥပဒေနှင့် နည်းဥပဒေများ၊ နိုင်ငံဝန်ထမ်းသစ္စာ အဓိဋ္ဌာန်(၆)ချက်နှင့် နိုင်ငံဝန်ထမ်း ကျင့်ဝတ်များကို အလေးထားလိုက်နာဆောင်ရွက်ရန်၊ ရုံးလုပ်ငန်းများ ပီပြင်အောင် ဆောင်ရွက်ကြရန်နှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို စည်းစည်းလုံးလုံးညီညွှတ်စွာ အားသွန်ခွန်စိုက်ကြိုးစား ဆောင်ရွက်ကြရန်မှာကြားလို ပါကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။ ထိုနောက် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီးမှ တိုင်းရင်းသားရေးရာဆိုင်ရာ ဆောင်ရွက်ထားမှုများနှင့် လိုအပ်သည်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။၎င်းနောက် ဝန်ထမ်းများက လိုအပ်ချက်များကိုဆွေးနွေးတင်ပြကြရာ ဆွေးနွေးတင်ပြ ချက်များ အပေါ် ဒုတိယဝန်ကြီးက ပြန်လည်ဆွေးနွေးပေါင်းစပ်ပေးခဲ့ကြောင်းနှင့် ဒုတိယ ဝန်ကြီးဦးဇော်အေးမောင်မှ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းအား တောင်ကြီးတက္ကသိုလ်နှင့် တောင်ကြီးပညာရေးကောလိပ်တွင် ထားနိုင်ရန်အတွက် ရခိုင်သမိုင်းဆိုင်ရာစာအုပ်များကို ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 13
  • JAN

  • 13 January 2024
  • ရှမ်း

    တိုင်းရင်းသားလူမျိုးများရေးရာဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် လူမှုဝန်ထမ်းကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဦးအောင်ဇော်အေး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်တို့နှင့်အတူ လိုက်ပါလျက် ၁၃-၁-၁၀၂၄ရက်‌နေ့တွင် ရှမ်းပြည်နယ် တောင်ပိုင်း ကလောခရိုင်၊ ညောင်ရွှေမြို့နယ်အတွင်းသို့ ရောက်ရှိခိုလှုံနေကြသည့်ကယားပြည်နယ်မှ ယာယီနေရပ်စွန့်ခွါပြည်သူများအား အသုံးအဆောင်၊ စားရေ ရိက္ခာနှင့်ထောက်ပံ့ငွေများ ပေးအပ်သည့် အခမ်းအနားသို့ ပါဝင်တက်ရောက်ပြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ထောက်ပံ့ငွေ ကျပ်သိန်းသုံးဆယ်အား ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 17
  • DEC

  • 17 December 2023
  • ရန်ကုန်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် တာဝန်ရှိသူများလိုက်ပါလျက် ဒီဇင်ဘာလ (၁၇) ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ထားရှိသည့် ငွေလုံးငွေရင်းလုပ်ငန်းများဖြစ်သော သမင်ခြံနေရာအတွင်း ဝင်္ကပါပတ်လမ်းနှင့် ဝါးရုံတောလျှောက်လမ်းပြုလုပ်ခြင်း၊ ရေပန်းအလှ တပ်ဆင်ခြင်းလုပ်ငန်း၊ ဆိပ်ခံဗောတံတားနှင့် ဆိပ်ခံဗောတံတားအနီးရှိ သောင်တူးခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက လုပ်ငန်းများ အရည်အသွေးကောင်းမွန်စေရေးနှင့် အချိန်မီပြီးစီးနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။ 

ဆက်လက်ဖတ်ရှုပါရန်
  • 15
  • DEC

  • 15 December 2023
  • စစ်တွေ

       တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှတို့သည် တာဝန်ရှိသူများ လိုက်ပါလျက် ဒီဇင်ဘာလ (၁၅)ရက်နေ့ နေ့လယ်ပိုင်းတွင် စစ်တွေမြို့ရှိ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)၌ ရခိုင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ပထမဦးစွာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က တွေ့ဆုံအမှာစကားပြောကြား ရာတွင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များအနေဖြင့် (၂၈.၁၀.၂၀၂၂) ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေ အမှတ်(၄၆/၂၀၂၂)ဖြင့် ပြဋ္ဌာန်းခဲ့သည့် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေအရ တရားဝင်အသင်းအဖွဲ့ မှတ်ပုံတင်ထားရှိရန် လိုအပ်ပါကြောင်း၊ အသင်းအဖွဲ့မှတ်ပုံတင်ထားရှိမှသာ ဥပဒေနှင့်အညီ စာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များအတွက် တရားဝင်အကူအညီပံ့ပိုးမှုများ ဆောင်ရွက် ပေးနိုင်မည်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။  ၎င်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အဖွဲ့များက အထွေထွေဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ယင်းနောက် ဒုတိယဝန်ကြီး   ဦးဇော်အေးမောင်သည်   တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များအား စာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမိုထိန်းသိမ်းမြှင့်တင် ဆောင်ရွက်နိုင်ရေးအတွက် တစ်ဖွဲ့လျှင် ထောက်ပံ့ငွေကျပ် (၁၀)သိန်းစီနှင့် သက်ဆိုင်ရာ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌများကိုလည်း (၁)ဦးချင်းစီ ထောက်ပံ့ငွေများ ပေးအပ်ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာ ဝန်ကြီးတို့သည် မိုခါမုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံး ပြန်လည်ပြုပြင်ခြင်းငန်းများကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး တင်ဒါခဲ့အောင်မြင်သည့် Coral Akyab Co.,ltdမှ တာဝန်ခံနှင့် တာဝန်ရှိ သူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ပါသည်။   ထို့နောက် ဒုတိယဝန်ကြီးနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာ ဝန်ကြီးတို့သည် ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ဒုတိယဝန်ကြီးက ဝန်ထမ်းများအနေဖြင့်  နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ နိုင်ငံ့တာဝန်များကို ဝန်ထမ်းကောင်း ပီသစွာကြိုးစားဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊  နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန်(၆)ချက် နှင့်အညီ နိုင်ငံတော်အပေါ် သစ္စာစောင့်သိရိုသေရန်လိုပါကြောင်း၊ ဝန်ထမ်းများ သက်သာ ချောင်ချိရေး၊ ဒေသအတွက်အကျိုးရှိစေရေးအတွက် ရုံးဝန်းအတွင်းရှိ မြေလွတ်၊ မြေရိုင်း များတွင် စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ကြရန်နှင့် ဒေသခံတိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။ ထို့နောက် ဝန်ထမ်းများက အထွေထွေဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက ဝန်ထမ်း များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ 

ဆက်လက်ဖတ်ရှုပါရန်
  • 13
  • NOV

  • 13 November 2023
  • ရန်ကုန်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၂)ရက်နေ့တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)တွင် ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ ငွေလုံးငွေရင်းအသုံးစရိတ် တင်ဒါလုပ်ငန်းဖြင့် ဆောင်ရွက်လျက်ရှိသော ရေပန်းအလှတပ်ဆင်ခြင်းလုပ်ငန်းနှင့် ဝင်္ကပါပတ်လမ်း (ဝါးရုံတော လျှောက်လမ်း) လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခြင်း၊ ရိုးရာအိမ်များ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ကပွဲခန်းမအတွင်း ဆေးသုတ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆက်လက် ဆောင်ရွက်ရန်လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 26
  • OCT

  • 26 October 2023
  • ရန်ကုန်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)တွင် ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများ၊ ရိုးရာအိမ်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများအား ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ကြည့်ရှု့စစ်ဆေးခြင်း အောက်တိုဘာလ (၂၆)ရက်၊ ရန်ကုန် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၂၆)ရက်နေ့တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် တို့သည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ထားရှိမှုအခြေအနေများအား တာဝန်ခံအရာရှိ ဦးစန်းလှိုင်(ဒုတိယညွှန်ကြားရေးမှူး)မှ ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးမှ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)အတွင်း ဆက်လက် လုပ်ဆောင်ရမည့် လုပ်ငန်းများ၊ သန့်ရှင်းရေးလုပ်ငန်းအား စနစ်တကျစီမံဆောင်ရွက်ရန် (ပလပ်စတစ် အမှိုက်များ ကွင်းအတွင်း လုံးဝမရှိအောင်ဆောင်ရွက်ရန်) ကွန်ကရစ်လမ်းများ အက်ကွဲကြောင်းများ မရှိစေရေးဆောင်ရွက်ထားရန်၊ ရုံးအဆောက်အဦများအားဆေးသုတ်ထားရန်၊ ကပွဲခန်းမနှင့် အစည်း အဝေးခန်မအား နိုင်ငံတော်အဆင့်မီပြုပြင်ဆောင်ရွက်ထားရန်၊ ဆိပ်ခံဗောတံတားတည်ဆောက်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခြင်း၊ နန်းမြင့်မျှော်စင်မျက်နှာကျက်များ ပြုပြင်ဆောင်ရွက်ရန်၊ နန်းမြင့်မျှော်စင်ဆေးသုတ်ခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ရေးဆောင်ရွက်ရန်၊ ပြည်ထောင်စုတိုင်းရင်း သားကျေးရွာသို့ အဝင်စည်ပင်အဝင်လမ်းပလက်ဖောင်းကပ်တုံးများအား ဖြူနီကြားဆေးသုတ်ရန် အတွက် ဆောင်ရွက်ထားရှိရန်၊ ကျေးရွာအဝင်စည်ပင်လမ်းနံဘေးရှိဈေးဆိုင်များ၊ အငှားယာဉ်နှင့် ဆိုင်ကယ်ဘေးတွဲများ ရပ်နားမှုမရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 25
  • OCT

  • 25 October 2023
  • ရန်ကုန်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်)တွင် သံဃာတော်(၄၁၇)ပါးအား ဆွမ်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့ ၊ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊  သီတင်းကျွတ်လဆန်း (၁၁)ရက်နေ့ ယနေ့ နံနက် (၁၀:၀၀)နာရီတွင် ရန်ကုန်မြို့ရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် မိသားစုဝင်များ၊  တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ တာဝန်ခံ ညွှန်ကြားရေးမှူး ဦးပြေဟိန်းနိုင်၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်း၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ တာဝန်ခံ ဦးစန်းလှိုင်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားသို့ ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်ပြီး ဦးစွာ နမောတဿ(၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကာ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)မှ ဒုတိယပါ‌မောက္ခချုပ်(သင်/ကြား) ဒေါက်တာ ဘဒ္ဒန္တဇောတိက က ငါးပါးသီလခံယူပြီး တရားတော်များ ရွတ်ပွားသရဇ္စျယ်တော်မူကြရာ ဒုတိယ ဝန်ကြီးနှင့်မိသားစုနှင့် ဧည့်ပရိတ်သတ်များက နာယူကြည်ညိုကြပါသည်။ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် မိသားစုဝင်များ၊ တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား နဝကမ္မအလှူငွေနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆပ်ကပ်လှူဒါန်းကြပြီး ကောင်းမှုကုသိုလ်များအတွက် ရေစက်သွန်းချ အမျှပေးဝေခြင်းနှင့် သာဓုအနုမောဒနာခေါ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်)မှ သံဃာတော် (၄၁၇)ပါးအား ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါသည်။ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) မဟာတိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ပိဋကတ်စာကြည့်တိုက်တွင် ရခိုင်သမိုင်းစာအုပ် (၆)မျိုး (၂)စုံနှင့် ဝန်ကြီးဌာနမှထုတ်ဝေလျက်ရှိသည့် ပြည်ထောင်စုတိုင်းရင်းသားမဂ္ဂဇင်းစာအုပ် (၁၀)အုပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 24
  • OCT

  • 24 October 2023
  • ရန်ကုန်

  ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရခိုင်လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများအား ရန်ကုန်မြို့တွင် ရောက်ရှိနေသည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသား‌ရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့်အတူ အောက်တိုဘာလ ၂၄ ရက်နေ့ နေ့လည်(၁၃:၀၀)နာရီ အချိန်တွင် ရန်ကုန်မြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးတွင် တွေ့ဆုံခဲ့ပါသည်။  ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ကမ္ဘာ့ပထဝီနိုင်ငံရေး၊ မြန်မာ့ပထဝီနိုင်ငံရေး၊ လက်ရှိ ကမ္ဘာ့ပထဝီနိုင်ငံရေးများက မြန်မာနိုင်ငံအပေါ် သက်ရောက်မှုများ၊ အဆိုပါ သက်ရောက်မှု အပေါ် တိုင်းရင်းသားများကစည်းလုံးညီညွတ်စွာဖြင့် အမျိုးသားလုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားကို ရှေ့ရှု၍ ဆောင်ရွက်သွားရန်၊ မြန်မာ့ပထဝီနိုင်ငံရေးတွင် ရခိုင်ပြည်နယ်၏ အရေးပါမှု အခြေအနေ များနှင့် နိုင်ငံတော်ကဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်စေရေး ပူးပေါင်း ဆောင်ရွက်ကြရန် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။  ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးက မိတ်ဆက် အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသည့် လူမှုရေးအသင်းအဖွဲ့များက တစ်ဦးချင်း မိတ်ဆက်ခဲ့ကြပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ရခိုင်လူမှုရေး အသင်းအဖွဲ့များအား ၂၀၂၂ ခုနှစ် အောက်တိုဘာလ (၂၈)ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ပြဌာန်းခဲ့သည့် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေနှင့်အညီ မှတ်ပုံတင်နိုင်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ Power Point ဖြင့် ရှင်းလင်းပြောကြားခဲ့ရာ လူမှုရေးအသင်းအဖွဲ့များမှ သိရှိလိုသည်များ နှင့် ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် အချက်များအား ပြန်လည်ဆွေးနွေးခဲ့ကြပြီး ဒုတိယဝန်ကြီးက ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကာ အခမ်းအနားကို ညနေ(၁၆:၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါရန်