တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဝန်ထမ်းဆန္ဒဖော်ထုတ်ခြင်းနှင့် ဝန်ထမ်းသက်သာ ချောင်ချိရေးအတွက် ထောက်ပံ့ပစ္စည်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နေ့လယ်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာနအနေဖြင့် (၁၅-၁၀-၂၀၂၅) ရက်နေ့တွင် ကျရောက်မည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားတွင် ရုံးချုပ်၊ ပြည်နယ်နှင့် တိုင်းဒေကြီး၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာတို့မှ ဝန်ထမ်းများက သက်ဆိုင်ရာ ကော်မတီများအလိုက် ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထို့အတူ အဆိုပါအခမ်းအနားတွင် ဝန်ကြီးဌာန၏ပြခန်း ခင်းကျင်းပြသရာတွင်လည်း မိမိတို့ ဝန်ကြီးဌာနသည် တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုများကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်းဖြင့် ပြည်ထောင်စုစိတ်ဓာတ် တိုးတက်ခိုင်မာစေပြီး တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်စေရန် အဓိကတာဝန်ယူဆောင်ရွက်နေသည့် ဝန်ကြီးဌာန ဖြစ်သည်ကို ပေါ်လွင်စေရန် ပြသဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ဖြစ်စေသောအရာများကို ပံ့ပိုးဆောင်ရွက်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ထိခိုက်စေမည့် အရာများကို တားဆီးကြရမည်ဖြစ်ပါကြောင်း၊ လာမည့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော်တွင်လည်း ဝန်ကြီးဌာနမှ “ပြည်ထောင်စုတိုင်းရင်းသား” အမည်ရှိ စိန်နားပန်မီးပုံးပျံတစ်လုံးနှင့် မီးပုံးပျံငယ်များ လွှတ်တင်ပူဇော်သွားနိုင်ရေး ဆောင်ရွက်လျက် ရှိရာ ဖွဲ့စည်းထားရှိသည့် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများအလိုက် မိမိတို့၏ လုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ပြီးစီးနိုင်ရေး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထား ကြရန်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏ သက်သာချောင်ချိရေးနှင့် စားဝတ်နေရေး ဖူလုံစေရေးတို့အတွက် တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း ဌာနအကျိုး၊ နိုင်ငံ့အကျိုးကို ရှေ့ရှုပြီး ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စည်းလုံးညီညွတ်စွာ စနစ်တကျ လိုက်နာကျင့်သုံး ဆောင်ရွက်သွား ကြရမည်ဖြစ်ပါကြောင်း၊ ယနေ့အခမ်းအနားတွင် မိမိတို့၏ အခက်အခဲများနှင့် လိုအပ်ချက်များကို ပွင့်လင်းစွာ တင်ပြကြရန် တိုက်တွန်း ပြောကြားပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးရုံး၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတို့ရှိ အရာထမ်း၊ အမှုထမ်းများက မိမိတို့၏ အခက်အခဲများနှင့် လိုအပ်ချက်များကို အသီးသီးတင်ပြကြပါသည်။ ၎င်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက် ပေးပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဝန်ထမ်းများ သက်သာ ချောင်ချိရေးအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန် ရှမ်းပြည်နယ်မှ လေ့လာရေးခရီးလာရောက်ကြသည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များအား တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနား ကို ယနေ့ညနေ ၁၈:၀၀ နာရီ၌ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသား ရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ရှမ်းပြည်နယ်မှ လေ့လာရေးခရီးလာရောက် ကြသည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြပါသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ကြိုဆိုနုတ်ခွန်းဆက်စကား ပြောကြားရာတွင် ယခုလေ့လာရေးခရီးစဉ်သည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ (၈)ကြိမ်မြောက်လေ့လာရေးခရီးစဉ်ဖြစ်ပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့ ကိုယ်စားလှယ်များအကြား တစ်ဦးနှင့်တစ်ဦး အတွေ့အကြုံများကို အမြင်ချင်းဖလှယ်နိုင်ပြီး ရင်းနှီးမှုများ ပိုမိုရရှိစေမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် တိုင်းဒေသကြီးနှင့်ပြည်နယ်များကို ပေါင်းစုထားသည့် ပြည်ထောင်စုတစ်ခုဖြစ်သည့်အတွက် အမျိုးသားညီညွတ်ရေးသည် အလွန် အင်မတန် အရေးကြီးပါကြောင်း၊ တစ်ဦးနှင့်တစ်ဦး နားလည်မှုနှင့် အပြန်အလှန်ယုံကြည်မှု တည်ဆောက်နိုင်ပါက စစ်မှန်သည့်ညီညွတ်ရေးကို ရရှိပိုင်ဆိုင်နိုင်မည် ဖြစ်ပါကြောင်း၊ နိုင်ငံတော် တည်ဆောက်ရန်အတွက် အရေးကြီးဆုံးအချက်သည် ငြိမ်းချမ်းရေးပင်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းမှသာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုဆောင်ရွက်နိုင်မှာ ဖြစ်ပါကြောင်း၊ ယခုလေ့လာရေး ခရီးစဉ်တွင် ငြိမ်းချမ်းသည့်ဒေသများ၌ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုများကို လက်တွေ့မြင်တွေ့နိုင်မည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုသည် တိုင်းရင်းသားများ၏ ဖွံ့ဖြိုးတိုးတက်မှုပင် ဖြစ်သဖြင့် နိုင်ငံတော်က ငြိမ်းချမ်းရေး၊ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသည့် နည်းတူ တိုင်းရင်းသားညီအစ်ကို မောင်နှစ်မများအားလုံးကလည်း အတူတကွ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် လက်တွဲပူးပေါင်း ပါဝင်ကြိုးပမ်းဆောင်ရွက် ပေးကြရန်နှင့် မိမိတို့၏ ရပ်ရွာဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် စစ်မှန်သော ပြည်ထောင်စု စိတ်ဓါတ်ဖြင့် ဒို့တာဝန်အရေး (၃)ပါးကို မထိခိုက်စေဘဲ ဒီမိုကရေစီ ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ထွန်းစေရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားပါသည်။ ဆက်လက်၍ ရှမ်းပြည်နယ်မှ လေ့လာရေးခရီးလာရောက်ကြသည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့ ကိုယ်စားလှယ်များက ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့အား ဂရဝါပြုလက်ဆောင်များ ပေးအပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က အမှတ်တရ လက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ပါသည်။ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ကျေးဇူးတင်စကား ပြောကြားပါသည်။ ဆက်လက်၍ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့ကိုယ်စား ပအိုဝ့်တိုင်းရင်းသူ တစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ စုပေါင်း၍ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာ ဝန်ကြီးနှင့်တာဝန်ရှိသူများသည် လေ့လာရေးလာရောက်ကြသည့်အဖွဲ့များနှင့်အတူ ချစ်ကြည် ရင်းနှီးစွာဖြင့် ညစာသုံးဆောင်ခဲ့ကြပြီး ညစာသုံးဆောင်စဉ် တိုင်းရင်းသားရိုးရာတေးသီချင်းများ၊ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ တိုင်းရင်းသားစာပေ နှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံခြင်းအခမ်းအနားကို ယနေ့နေ့လယ်ပိုင်းတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်တည်ဆောက်ရေးတွင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေး(၃)ပါးသည် အဓိက အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါကြောင်း၊ နိုင်ငံတကာဆက်ဆံရေး ဘာသာရပ်တွင် နိုင်ငံတစ်နိုင်ငံသည် ဥပဓိရုပ်ပြည့်စုံစေရန်မှာ ပိုင်နက်နယ်မြေ၊ နိုင်ငံသားပြည်သူလူထု၊ အုပ်ချုပ်သူ အစိုးရ၊ အချုပ်အခြာအာဏာပိုင်စိုးမှု ဟူသော အင်္ဂါလေးရပ်ရှိရမည် ဖြစ်ပါကြောင်း၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးအတွက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် အရေးကြီးပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တိုင်းရင်းသားပေါင်းစုံ စုစည်းနေထိုင်လျက်ရှိရာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားလုံးစုစည်းပြီး မိသားစုစိတ်ဓာတ်ဖြင့် ပေါင်းစည်းဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ဖွံ့ဖြိုးတိုးတက်သောနိုင်ငံများသည် အသေးစား၊ အငယ်စားနှင့် အလတ်စား လုပ်ငန်းများကို အခြေခံ၍ အရည်အသွေးပြည့်မီသော ပို့ကုန်များကို ဦးစားပေး ထုတ်လုပ်ကြ ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံ့ စီးပွားရေးကဏ္ဍတွင် စိုက်ပျိုးရေးထုတ်ကုန်ကို အခြေခံသည့် ပို့ကုန်များကို Value Added ပြုလုပ်၍ ဦးစားပေး ထုတ်လုပ်ကြရမည်ဖြစ်ပါကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာပါက တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ကောင်းများ ပေးနိုင်မည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များအနေဖြင့် နိုင်ငံတော်က ချမှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေများကို လေးစား လိုက်နာပြီး ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း လိုအပ်သလို ဥပဒေဆိုင်ရာ ကိစ္စများကို အသိပေးဆောင်ရွက်သွားမည်ဖြစ်ပြီး အသင်းအဖွဲ့များ အနေဖြင့်လည်း ဥပဒေဘောင်အတွင်းမှ မိမိတို့၏ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကိစ္စရပ်များကို ဆောင်ရွက်ကြစေလိုပါကြောင်း တိုက်တွန်းပြောကြားပါသည်။ ဆက်လက်၍ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များက ၎င်းတို့ ဆောင်ရွက် နေသည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ တင်ပြကြရာ ဒုတိယဝန်ကြီးဦးဇော်အေးမောင်က တင်ပြချက် များအပေါ်ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပေးပါသည်။ ယင်းနောက် တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စု ဝန်ကြီးက နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့ များအား စာပေနှင့်ယဉ်ကျေးမှုကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက် ထောက်ပံ့ငွေများ ချီးမြှင့် ပေးအပ်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးနှင့် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့သည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများသည် ဧပြီလ (၄) ရက်နေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရုံးအမှတ် (၁၄) ၌ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား တွေ့ဆုံပြီး (၂၈-၃-၂၀၂၅) ရက်နေ့၌ ဖြစ်ပွားခဲ့သည့် အင်အားအလွန်ပြင်းထန်သော ငလျင်ဒဏ်ကြောင့် နိုင်ငံတော်က ဆက်လက်ဆောင်ရွက်ပေးမည့်အစီအစဉ်များ၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အစီအစဉ်များကို ဝန်ထမ်းများအား ရှင်းပြခဲ့ပြီး ဝန်ထမ်းများ၏ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဝန်ကြီးဌာန ရုံးအတွင်း ယာယီရုံးခန်းဖွင့်လှစ်ပြီး ဝန်ထမ်းများ၏ ရုံးလုပ်ငန်းများ ပြန်လည်ဆောင်ရွက် နေမှုများနှင့် စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အဖွဲ့တို့သည် ဝန်ထမ်း မိသားစုများ ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိသည့် နေပြည်တော် အားကစား လေ့ကျင့်ရေးကွင်း (Gold Camp) သို့ သွားရောက်ခဲ့ပြီး နေအိမ်အခန်းများ ယာယီနေရာချထားပေးမှုများ၊ အိပ်ဆောင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ တာဝန်ရှိသူများအား လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး မှာကြားခဲ့ပါသည်။ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့တို့သည် နိုင်ငံတော်နှင့် နိုင်ငံတကာမှ ငလျင်ဘေးသင့်ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများအတွက် ကူညီပေးအပ်သော ပစ္စည်းများ၊ အလှူရှင်များမှ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနသို့ ပေးအပ်သော လှူဒါန်းငွေများနှင့် ပစ္စည်းများအား ဝန်ထမ်းများသို့ စနစ်တကျ ခွဲဝေပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အောင်မြင်သူများအား ဆုချီးမြှင့်ခြင်း၊ ဝန်ထမ်းဆန္ဒဖော်ထုတ်ခြင်းနှင့် ထောက်ပံ့ပစ္စည်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နေ့လည်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ၊ ကျောင်းသား/ ကျောင်းသူများနှင့် ၎င်းတို့၏ မိသားစုဝင်များ တက်ရောက်ခဲ့ကြပါသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်မှ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းနေရေးနှင့် အနည်းဆုံး KG+9 ပြီးမြောက်သည်အထိ ပညာ သင်ယူရေး၊ ကျောင်းထွက်သူလျော့နည်းရေး၊ လုံးဝမရှိတော့သည်အထိ ဆောင်ရွက်နိုင်ရေး အစီ အစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယခုကဲ့သို့ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်မှုများ ရရှိခြင်းသည် ငယ်စဉ် ကတည်းက ပညာကို ကြိုးစားသင်ယူပြီး ခိုင်မာတည်ကြည်သည့် စိတ်ဓာတ်နှင့် ရည်မှန်းချက် ပန်းတိုင်ကို ရောက်သည့်အထိ ကြိုးစားခဲ့ခြင်းကြောင့်ဖြစ်ပါကြောင်း၊ ယခုနှစ်တွင် အင်အားပြင်းထန် သည့် မန္တလေးငလျင်ကြီး၏ ဆိုးရွားသည့် ရိုက်ခတ်မှုဒဏ်ကို ခံစားခဲ့ရသော်လည်း တက္ကသိုလ်ဝင် စာမေးပွဲကို အခက်အခဲများကြားမှ ကြိုးစားပြီးအောင်မြင်အောင် ဖြေဆိုနိုင်သည့်အတွက် ကျောင်းသား/သူများကို အထူးပင်ဂုဏ်ပြုအပ်ပါကြောင်း၊ မိဘများအနေဖြင့်လည်း မိမိတို့၏ သားသမီးများကို ပညာရည်မြင့်မားစေရန် လိုအပ်သည့်ပံ့ပိုးမှုများ၊ ကြပ်မတ်မှုများနှင့် ဝိုင်းဝန်း ဖြည့်ဆည်း ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း ဝန်ထမ်းသား/ သမီးများ၏ ပညာရေးအတွက် တတ်နိုင်သည့်ဘက်မှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါ ကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီးသူများအနေဖြင့် အဆင့်မြင့်ပညာရေးကို မဖြစ်မနေ ပြီးမြောက်အောင် ဆက်လက်ကြိုးစားသင်ယူကြရန်နှင့် ဘွဲ့အဆင့်အတန်းတစ်ခု ရရှိရုံမျှသာမက ဘက်စုံအသိဉာဏ်ကြွယ်ဝသော၊ အရည်အသွေးရှိသော၊ အဆင့်မြင့် ပညာရပ်များကို နှံ့စပ်စွာ တတ်မြောက်ထားမှသာ နိုင်ငံတော်အတွက် ပိုမိုအကျိုးရှိလာမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် ဝန်ထမ်းများ သက်သာချောင်ချိရေးနှင့် စားဝတ်နေရေး ဖူလုံရေးတို့အတွက် တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ယခုတက္ကသိုလ်ဝင်တန်းကို အောင်မြင်ခဲ့ကြသည့် သားသမီးများအနေဖြင့် မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်ရှိပြီး အနာဂတ်တွင် နိုင်ငံတော်အတွက် အားကိုးအားထားပြုနိုင်သော ပညာတတ်လူငယ်လူရွယ်များ ဖြစ်လာစေရေး ကြိုးစားကြရန်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် ကျရာကဏ္ဍမှ တစ်တပ်တစ်အား ပါဝင် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင် ခဲ့သည့် ကျောင်းသား/ ကျောင်းသူများအား ဆုချီးမြှင့်ပါသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးရုံး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတို့ရှိ အရာထမ်း၊ အမှုထမ်းများက မိမိတို့၏ အခက်အခဲများနှင့် လိုအပ်ချက်များကို အသီးသီးတင်ပြကြပါသည်။ ၎င်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ဖြည့်စွက်ဆွေးနွေးပြီး ပြည်ထောင်စု ဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးတို့နှင့်အတူ ယနေ့နံနက် (၁၀:၀၀)နာရီအချိန်တွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ အစည်းအဝေးခန်းမ၌ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းများဖြစ်သည်နှင့်အညီ ပါတီနိုင်ငံရေးကင်းရှင်းရန်လိုအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ အဓိက တာဝန် ဖြစ်သည့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများ နစ်နာဆုံးရှုံးမှုမရှိစေရေး တည်ဆဲ ဥပဒေများနှင့်အညီ ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်မှ MSME လုပ်ငန်း များကို အားပေးဆောင်ရွက်နေခြင်းကဲသို့ တိုင်းရင်းသား MSME လုပ်ငန်းများကိုလည်း ဌာနအနေဖြင့် လက်လှမ်းမှီသမျှ ကူညီဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ပညာရေး ကဏ္ဍတွင်လည်း တိုင်းရင်းသားကလေးငယ်များ ဘာသာစကားအခက်အခဲကို ကျော်လွန်၍ ကျောင်းထွက်နှုန်း လျော့နည်းလာစေရေး၊ ဝန်ကြီးဌာန၏ မျှော်မှန်းချက်နှင့်အညီ ကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ(ရန်ကုန်)တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများ ကိုလည်း ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများ၊ စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီး၍ ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)၏ ငွေလုံး ငွေရင်းဖြင့်ဆောင်ရွက်မည့် သန်း(၂၀) အောက်လုပ်ငန်းများနှင့် သန်း(၂၀)အထက် တင်ဒါ လုပ်ငန်းများ၊ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများ၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)၏ ဝင်ငွေရရှိမှုများနှင့် ပုံမှန်လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ ဝန်ထမ်းများမှ မိမိတို့၏ လိုအပ်ချက်များကို တင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက်ပြည်ထောင်စုဝန်ကြီးသည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)၏ ရိုးရာအိမ်များ၊ နန်းမြင့်မျှော်စင်၊ ဆလုံ ပြခန်းနှင့် ဝန်ထမ်းအိမ်ရာများအတွင်း အသုံးပြုနိုင်ရန်အတွက် Solar Panel စုစုပေါင်း (၅၈)လုံးအား ပေးအပ်ခဲ့ရာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများမှ လက်ခံရယူကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)အတွင်း လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများအား လှည့်လည်ကြည့်ရှု့ စစ်ဆေးပြီး လိုအပ်သည်များညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့်အတူ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းမင်းလတ်၊ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောမာ တင်လူသာနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက် (၁၀)နာရီတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီများနှင့် တွေ့ဆုံခဲ့ပါသည်။ ပထမဦးစွာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက တနင်္သာရီတိုင်းဒေသကြီးအတွင်း တိုင်းရင်းသားဒေသများတွင် ကြုံတွေ့နေရသော ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲများနှင့် ယာယီနေရပ်စွန့်ခွာ တိုင်းရင်းသားပြည်သူများကို ပန်းခင်းစီမံချက်နှင့်အညီ နိုင်ငံသားစစ်ရေးကတ်ပြား၊ အိမ်ထောင်စုလူဦးရေစာရင်းများအား သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း တိုင်းရင်းသားရိုးရာပွဲတော်အခမ်းအနားများကို စဉ်ဆက်မပြတ်စည်ကား သိုက်မြိုက်စွာကျင်းပ ဆောင်ရွက်မှုအခြေအနေများနှင့် တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ကော်မတီများမှ ဒေသ ဖွံ့ဖြိုးရေးအတွက်လိုအပ်ချက်များနှင့် တိုင်းရင်းသားဘာသာသင် TA/ LT ဆရာ၊ ဆရာမများအား ကြည့်ရှုထောက်ပံ့ပေးနိုင်ရေးတို့ကို အသီးသီးတင်ပြခဲ့ကြပါသည်။ ဆက်လက်၍ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က လမ်းညွှန်အမှာစကားပြောကြားရာတွင် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးအတွက် တစ်မြေတည်းနေတစ်ရေတည်းသောက် တိုင်းရင်းသား လူမျိုးစု ညီအစ်ကိုမောင်နှမ များအားလုံးသည် အငြင်းပွားမှုများမဖြစ်စေရန် တိုင်းရင်းသားအချင်းချင်း ချစ်ကြည်လေးစားမှု၊ ရိုင်းပင်းကူညီမှုနှင့် စစ်မှန်သောပြည်ထောင်စုစိတ်ဓါတ်ဖြင့် လူမှုဘဝဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ကို တည်ဆောက်နိုင်ရန်၊ နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် သွင်းကုန်များလျော့ချနိုင်ရန်အတွက် ပြည်တွင်းကုန်ထုတ်လုပ်ငန်းများအား ခေတ်မီနည်းစနစ်များဖြင့် ပို့ကုန်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်နိုင်ရန်၊ နိုင်ငံတော်အေးချမ်းသာယာပြီး တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပွဲတော် အခမ်းအနားများကို စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေးနှင့် ပညာရေးကိစ္စရပ်များ၊ စာပေနှင့်ယဉ်ကျေးမှုများကို မြှင့်တင်ပေးရန် လိုအပ်ပါကြောင်း၊ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားမိသားစုများအားလုံး အငြင်းပွားမှု လျော့နည်းစေရန် စီးပွားရေးဖြင့် စုစည်းရန်လိုကြောင်း၊ ဆင်းရဲမှုပပျောက်စေရန်အတွက် လူသားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု နည်းစနစ်များဖြင့် အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့ကို ကောင်းမွန်စွာဆောင်ရွက်နိုင်သော ပြည်သူ့ရေးရာ အုပ်ချုပ်မှုစနစ်များကို ဖော်ဆောင်ပေးရန် လိုအပ်ပါကြောင်း၊ လူမှုအသိပညာများတိုးတက်စေရေး အတွက် တိုင်းရင်းသားများစည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း လမ်းညွှန် အမှာစကားပြောကြားပါသည်။ ထို့နောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က စာပေနှင့်ယဉ်ကျေးမှု ကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက် ထားဝယ်စာပေနှင့်ယဉ်ကျေးမှုကော်မတီ၊ မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ၊ ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တနင်္သာရီ တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများကို ထောက်ပံ့ချီးမြှင့်ငွေများ ပေးအပ်ခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသား/သူများက ထားဝယ်ရိုးရာရေအိုးရွက်အကနှင့် ရိုးရာယဉ်ကျေးမှု အကတို့ဖြင့် တင်ဆက်ဖျော်ဖြေကြကာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ရိုးရာယဉ်ကျေးမှု အကအဖွဲ့များအား ဆုချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကိုနှင့်အတူ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့၊ ဆန်းချီရပ်တွင် တည်ဆောက်လျက်ရှိသည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး Ethnic Center အား ကြည့်ရှုစစ်ဆေးသည်။ ရှေးဦးစွာ Successful TMA Construction Co;Ltd တာဝန်ခံအင်ဂျင်နီယာ ဦးဝဏ္ဏကိုကိုက Ethnic Center တည်ဆောက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ လိုအပ်လျက်ရှိသည့် Ethnic Center အား တည်ဆောက်ပေးခြင်းဖြစ်ကြောင်း၊ Ethnic Center ၌ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုပွဲတော်များ၊ အထိမ်း အမှတ်အခမ်းအနားများ၊ အသက်မွေးဝမ်းကျောင်း ဆိုင်ရာသင်တန်းများ၊ အသိပညာပေးဟောပြောပွဲများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က Ethnic Center တည်ဆောက်နေမှုနှင့်ပတ်သက်၍ လိုအပ်သည်များကို မှာကြားပြီး Ethnic Center အတွင်း တည်ဆာက်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ၂ဝ၂၅-၂ဝ၂၆ဘဏ္ဍာရေးနှစ်၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဘဏ္ဍာရန်ပုံငွေဖြင့် တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့် ထားဝယ်မြို့ ၊ ဆန်းချီရပ်ရှိ တနင်္သာရီတိုင်း ဒေသကြီး Ethnic Center အဆောက်အဦ(၂)ထပ် RC(၅၀ပေx ၆၀ပေ)နှင့် အခြားဆက်စပ်လုပ်ငန်းများ (Roof Slab နှင့် Extension Roof အပါအဝင်) တည်ဆောက်ခြင်း လုပ်ငန်းများကို Successful TMA Construction Co;Ltd က တာဝန်ယူ တည်ဆောက်သွားမည် ဖြစ်ကြောင်းသိရသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ဇူလိုင်လ (၂၇) ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)၏ အဆင့်မြှင့်တင် လုပ်ငန်း ဆောင်ရွက်နေမှုများနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့်လုပ်ငန်းများအား သွားရောက်ကြည့်ရှုစစ်ဆေးပါသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့်တွေ့ဆုံပြီး စည်းစည်းလုံးလုံးဖြင့် လုပ်ငန်းများ အောင်မြင်အောင်ကြိုးစားဆောင်ရွက်ကြရန်နှင့် ရာထူးအဆင့်အလိုက် ပေးအပ်သည့် တာဝန်များကို ကျေပြွန်စွာထမ်းဆောင်ကြရန် မှာကြားလိုပါကြောင်း၊ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာသည် မိမိတို့ဝန်ကြီးဌာနအတွက် အဓိက ပြယုဒ်တစ်ခုပင်ဖြစ်ပြီး တိုင်းရင်းသားများ၏ ဓလေ့ထုံးစံများကို အများပြည်သူများ၊ ခရီးသွားဧည့်သည်များ စိတ်ချမ်းသာစွာ လာရောက်လေ့လာ အပန်းဖြေနိုင်ရန်အတွက် အမြဲသန့်ရှင်းသာယာလှပပြီး စိန်းလန်းစိုပြေနေရန် လိုအပ်ပါကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ပါ လုပ်ငန်းစီမံကိန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် အားလုံးဝိုင်းဝန်းကြိုးစားဆောင်ရွက်သွားရန် ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ တာဝန်ခံ ညွှန်ကြားရေးမှူးက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြပြီး တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး တို့က ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။ ယင်းနောက် ဝန်ထမ်းများက အခက်အခဲများ အထွေထွေဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာအတွင်း တိုင်းရင်းသားရိုးရာစားသောက်ဆိုင်ခန်းများ၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်နှင့် ရှမ်း တိုင်းရင်းသားရိုးရာအိမ်များကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားရိုးရာအိမ် များအား မူလအစဉ်အလာမပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရန်၊ လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်ရန်၊ လာရောက်အပန်းဖြေသည့် ပြည်သူ များအား စနစ်တကျ ရှင်းပြတတ်စေရန် မှာကြားခဲ့ပြီး ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အများပြည်သူအားလပ်ရက် ပြည်သူများ၊ ခရီးသွားဧည့်သည်များ စိတ်ချမ်းမြေ့စွာ လာရောက်လည်ပတ်အပန်းဖြေနေမှုများကို လိုက်လံကြည့်ရှုပြီး လာရောက်အပန်းဖြေသည့် ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ပါသည်။ ယင်းနောက် ဝန်ထမ်းအိမ်ယာများ၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ခွင့်ပြုဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် သောင်တူးခြင်းလုပ်ငန်း၊ မြေယာ ရှုခင်းပြုပြင် ခြင်းလုပ်ငန်း၊ ပန်းအလှ စိုက်ပျိုးခြင်းလုပ်ငန်း၊ အပျိုဆောင်အထွေထွေ ပြုပြင်ခြင်း လုပ်ငန်းနှင့်၊ သန်း (၂၀) အောက် အထွေထွေပြုပြင်ခြင်းလုပ်ငန်း (၆)ခု တို့အား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများ အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ရန်၊ သတ်မှတ်ထားသည့်အချိန်ကာလအတွင်း သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက် နိုင်ရေး တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ကွပ် ကဲရန် မှာကြားခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။ ဆက်လက်ပြီး ဝန်ထမ်းအိမ်ရာများအား လှည့်လည်ကြည့်ရှုစစ်ဆေးကာ အမှိုက်များ စနစ်တကျစွန့်ပစ်မှုရှိစေရေး၊ ဝန်ထမ်းအိမ်ရာရှိ သန့်စင်ခန်းများ ပြုပြင်ခြင်းလုပ်ငန်းများ၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြုပြင်ဆောင်ရွက်မည့် အပျိုဆောင်အဆောက်အဦ အား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆောက်အဦကြံ့ခိုင်မှုရှိစေရေး အထူး တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးသည် ဇွန်လ (၂၅) ရက်နေ့ ညနေပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးသို့ ရုံးလုပ်ငန်းဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရုံးလုပ်ငန်းဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ပါသည်။ ယင်းနောက် ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးတွင် တာဝန်ထမ်းဆောင် နေသော ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားပါသည်။ ၎င်းနောက် တာဝန်ခံ ညွှန်ကြားရေးမှူးများက လုပ်ငန်းဆောင်ရွက် နေမှုများနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံကိန်းများအား ရှင်းလင်းတင်ပြခဲ့ပြီး တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ပါသည်။ ဇူလိုင်လ (၂၆) ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်တို့နှင့်အတူ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၌ ကျင်းပ ပြုလုပ်သည့် တိုင်းဒေသကြီးအဆင့် ဝါခေါင်လကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားသို့ တက်ရောက် ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ်၊ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပရိဝုဏ်၌ကျင်းပရာ အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူး နှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပါသည်။ အဆိုပါအခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးနှင့်ဇနီးက ငါးသားပေါက်များကို ဝန်ကြီးဌာနရှိ တစ်ဖက်ပိတ်ဆည်အတွင်းသို့ ဦးစွာစိုက်ထည့်ပေးပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ငါးသားပေါက် များကို စိုက်ထည့်ပေးပြီးနောက် ဌာနဆိုင်ရာ အကြီးအကဲများနှင့် အရာထမ်းများက ငါးလုပ်ငန်း ဦးစီးဌာနမှ ပံ့ပိုးသည့် ငါးမြစ်ချင်း သားပေါက်ကောင်ရေ (၅၀၀၀)ကို စိုက်ထည့်ပေးကြကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မိသားစုများ၏ ဒသမအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးနှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြည်ညိုကြပါသည်။ အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် သံဃာ့နာယက ဥက္ကဋ္ဌ၊ အေးမြရွှေပြည် ကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တမဉ္ဇူသကမှ ဗုဒ္ဓါဘိသေက ဘုရားအနေကဇာတင်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ဒုတိယဝန်ကြီးနှင့် ဧည့်ပရိတ်သတ်များက ဆရာတော် ဘဒ္ဒန္တမဉ္ဇူသကထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်များမှ ပရိတ်တရားတော်များ ရွတ်ပွားသရဇ္စျာယ် ချီးမြှင့်တော်မူကြပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပါသည်။ ထို့နောက် ဆရာတော်ထံမှ အနုမောဒနာတရားများ နာယူကြည်ညိုကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းပြီး ဆရာတော်၊ သံဃာတော် အရှင်သူမြတ် တို့အား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ Computer Repair and Maintenance သင်တန်း (၁/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြပါသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကမ္ဘာပေါ်တွင် သိပ္ပံနှင့်နည်းပညာကဏ္ဍသည် အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိရာ မည်သည့်လုပ်ငန်းရပ်တိုင်းတွင်မဆို ကွန်ပျူတာနည်းပညာကို အခြေပြုပြီး ဆောင်ရွက်လာကြသည်ကို တွေ့မြင်ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာမြင့်မားရေးတို့သည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အဓိကကျသော အခန်း ကဏ္ဍမှ ပါဝင်လျက်ရှိရာ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရေးအတွက် သတင်းအချက်အလက်နှင့်နည်းပညာဆိုင်ရာ ပညာရပ်များကို အနည်းဆုံး အခြေခံအားဖြင့် တတ်မြောက်ထားကြရန် အထူးလိုအပ်ပါကြောင်း၊ ယခုဖွင့်လှစ်ပို့ချခဲ့သော ကွန်ပျူတာပြုပြင်ထိန်းသိမ်းရေး သင်တန်းတွင် စာတွေ့သာမက လက်တွေ့ပါ သင်ကြားပို့ချပေးခဲ့သည့်အတွက် သင်တန်းသားများအနေဖြင့် ကွန်ပျူတာနည်းပညာရပ်နှင့် သက်ဆိုင်သော အတွေ့အကြုံ ဗဟုသုတကောင်းများစွာကို ရရှိ သွားပြီး မိမိတို့၏ လုပ်ငန်းနယ်ပယ်တွင် အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်ရေးအတွက် ဆက်လက် ကြိုးစားလေ့လာသွားကြရန် မှာကြားလိုပါကြောင်း၊ သို့မှသာ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် နိုင်ငံတော်၏ အနာဂတ်အတွက် အသိပညာ၊ အတတ်ပညာပြည့်စုံသော အားကိုးအားထားပြုနိုင်သော နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်စေရေးသာမက သတင်းအချက်အလက်လုံခြုံရေးအတွက် အထောက်အကူပြုနိုင်သဖြင့် ဆက်လက်ကြိုးပမ်းသွားကြစေလိုပါကြောင်း ပြောကြားပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးကသင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသား၊ သင်တန်းသူနှစ်ဦးအား သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း၊ သင်တန်းနည်းပြဆရာများအား ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း ပေးအပ်ပါသည်။ ထို့နောက် သင်တန်းတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသည့် သင်တန်းသား၊ သင်တန်းသူများအား ဒုတိယဝန်ကြီးက ဆုချီးမြှင့်ပြီး သင်တန်းသား၊ သင်တန်းသူများ ကိုယ်စား ပထမဆုရရှိသည့် သင်တန်းသူက ကျေးဇူးတင်စကား ပြောကြား၍ အခမ်းအနားကို ရုပ်သိမ်း ခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့်အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိ ပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင် ဥက္ကဋ္ဌ ဦးစစ်အေး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင် အဖွဲ့ဝင် ဒေါက်တာ ထွန်းထွန်းဦး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် CPU အဖွဲ့ဝင်များ တက်ရောက်ကြပါသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံ့ဝန်ထမ်းများအား ယခုကဲ့သို့ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းကို ကျင်းပခြင်းအားဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့်သက်ဆိုင်သော အသိအမြင်များ တိုးပွားလာမည့်အပြင် အစိုးရဌာန၊ အဖွဲ့အစည်းများရှိ တာဝန်ရှိ ပုဂ္ဂိုလ်များအနေဖြင့်လည်း အဂတိလိုက်စားမှုမြောက်နိုင်သော ကိစ္စရပ်များ၊ နိုင်ငံတော် နစ်နာဆုံးရှုံးမှုကြောင့် အဂတိလိုက်စားမှုဖြစ်စေနိုင်သော ကိစ္စရပ်များ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ပြစ်မှု ပြစ်ဒဏ်များကို သိရှိနားလည်၍ အဂတိလိုက်စားမှု ဖြစ်ပေါ်စေနိုင်သည့် အကြောင်းအရာ များကို ရှောင်ကြဉ်လာနိုင်မည်ဖြစ်ပါကြောင်း၊ “ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမို ကောင်းမွန်သည်” ဆိုသည့်စကားနှင့်အညီ အဂတိလိုက်စားမှုများ ပေါ်ပေါက်ကာမှ စုံစမ်း စစ်ဆေးအရေးယူခြင်းထက် အဂတိလိုက်စားမှုများ မဖြစ်မီကတည်းက ကြိုတင်တားဆီးကာကွယ်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့်လည်း အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေး (Corruption Prevention Unit - CPU) များ ဖွဲ့စည်းပြီး အဂတိလိုက်စားမှုများ လျော့နည်းပပျောက်ရေးအတွက် ညွှန်ကြားချက်များနှင့်အညီ အထူးကြိုးစား ဆောင်ရွက် လျက်ရှိပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့်လည်း အများပြည်သူဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖြောင့်မတ်တည်ကြည်မှုရှိရန်၊ တာဝန်ယူမှု/ တာဝန်ခံမှု ရှိရန်နှင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ရန်အတွက် ကျောသားရင်သား မခွဲခြားဘဲ မျှတစွာ ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ သို့မှသာ အဂတိတရားကင်းရှင်းသည့် နိုင်ငံ့ဝန်ထမ်း များဖြင့် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်တစ်ခုကို အကောင်အထည်ဖော် တည်ဆောက်နိုင်မည်ဖြစ်ပြီး ပြည်သူများအတွက် အကျိုးပြုနိုင်သော အဂတိတရား ကင်းရှင်းသော ဝန်ထမ်းကောင်းများဖြစ်ကြပါစေကြောင်း ပြောကြားပါသည်။ ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကိုအမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ခံယူ၍ အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေးအရေးယူခြင်းဆိုသည့် နည်းလမ်းသုံးသွယ်ဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အဂတိလိုက်စားမှုများကို လုံးဝသည်းမခံ၊ ခွင့်မလွှတ်သည့် Zero tolerance အသိုက်အဝန်း တည်ဆောက်နိုင်ရန်အတွက် ဖြောင့်မတ်တည်ကြည်မှုရှိသည့် လူမှုအသိုက်အဝန်းကို ဦးစွာ တည်ဆောက်ရမှာဖြစ်ပါကြောင်း၊ ကော်မရှင်အနေနှင့် ဥပဒေပါ ရည်ရွယ်ချက်ဖြစ်သည့် အများ ပြည်သူဆိုင်ရာ အုပ်ချုပ်ရေးကဏ္ဍတွင် ဂုဏ်သိက္ခာနှင့် တာဝန်ယူနိုင်မှု မြင့်မားတိုးတက် လာစေရန် ရည်ရွယ်ပြီး အများပြည်သူဆိုင်ရာကဏ္ဍတွင် ဝန်ဆောင်မှုပေးနေသည့် နိုင်ငံ့ ဝန်ထမ်းများအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲများကို ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင် ဥက္ကဋ္ဌ၊ တာဝန်ရှိသူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြပါသည်။ ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဦးလင်းဝေအောင်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာများနှင့်စပ်လျဉ်း၍လည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများမှ သိရှိလိုသည့် မေးမြန်းမှုများကို ကော်မရှင်အဖွဲ့ဝင် ဒေါက်တာထွန်းထွန်းဦးနှင့် ညွှန်ကြားရေးမှူးချုပ်တို့က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ ၎င်းနောက် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာထွန်းထွန်းဦး ခေါင်းဆောင်၍ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) များနှင့် တွေ့ဆုံကာ တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့်အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ၂၀၂၅ ခုနှစ်၊ ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန၊ ရုံးမြေဧရိယာအတွင်းရှိ ခြောက်ခန်းတွဲဝန်ထမ်းအိမ်ရာဝန်းကျင်၌ ကျင်းပသည်။ အဆိုပါ အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့က ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အထိမ်းအမှတ်အဖြစ် အပင်များကို ဦးဆောင် စိုက်ပျိုးပေးကြပြီး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများက သတ်မှတ်နေရာအသီးသီးတွင် သစ်ပင်များကို စိုက်ပျိုးကြပါသည်။ အလားတူ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ညွှန်ကြားရေးမှူးရုံးများနှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)တို့တွင်လည်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို တစ်ပြိုင်တည်းကျင်းပပြုလုပ်ခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များက ဝန်ထမ်းများ သစ်ပင်ပျိုးပင် စိုက်ပျိုးနေမှုကို လိုက်လံကြည့်ရှု အားပေးခဲ့ကြပါသည်။ ယနေ့အခမ်းအနားတွင် ကံ့ကော် ၊ ပိတောက် ၊ ပျဉ်းကတိုး ၊ မန်ကျည်းပင်များ စိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိပါသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဝန်ထမ်းမိသားစုများ ဘာရှာများတွင် အခြေတကျနေထိုင်နေမှုအခြေအနေ၊ Modular House များ ဆောက်လုပ် ပြီးစီးမှုအခြေအနေ၊ လျှပ်စစ်မီးသွယ်တန်းပြီးစီးမှုနှင့် သုံးရေသွယ်တန်းထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး၍ ဝန်ထမ်းမိသားစုများ အမြန်ဆုံးနေထိုင်နိုင်ရေး စီစဉ်ဆောင်ရွက်ရန် မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဝန်ထမ်းများအား ဆီ၊ ကြက်ဥနှင့် ကြက်သွန်နီများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်