တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးနှင့် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့သည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ဧပြီလ (၂၀) ရက်နေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရုံးမြေဧရိယာ အတွင်း၌ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ခဲ့သည့် ပြည်ထောင်စုဝန်ကြီးရုံးနှင့်ဦးစီးဌာနများမှ ဝန်ထမ်းမိသားစုများ နေထိုင်ရန်အတွက် ယာယီတဲများဆောက်လုပ်ပြီးစီးမှု အခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ယာယီတဲများ အတွက် သုံးရေသွယ်တန်းထားရှိမှု အခြေအနေ၊ ယာယီတဲများဆောက်လုပ်ပြီးစီးမှု အခြေအနေနှင့် ယင်လုံအိမ်သာဆောက်လုပ်မည့် မြေနေရာတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များနှင့် နိုင်ငံတော်မှ ဆက်လက်ဆောင်ရွက်ပေးမည့် အစီအစဉ်များအား ရှင်းလင်းပြောကြားပြီး မိမိဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းများအတွက် ယာယီတဲများကို မိသားစုအလိုက် တစ်နှစ်ကျော်ခန့် လုံလုံခြုံခြုံ နေထိုင်နိုင်ရန် မူလကတည်းက ရည်ရွယ်ဆောက်လုပ်ပေးလျှက်ရှိသဖြင့် နေထိုင်မည့် စာရင်းများကို ကြိုတင် စစ်ဆေးရန်နှင့် လိုအပ်မည့်မိသားစုများကို အခြေတကျ နေထိုင်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်၍ တာဝန်ခံများအနေဖြင့် အဆင့်ဆင့် ဆင့်ကဲ၍ အောက်ခြေဝန်ထမ်းများအထိ သတင်း အချက်အလက်များ ပြန်လည်မျှဝေပေးရန်၊ သင်္ကြန်ရုံးပိတ်ရက်များအပြီး ရုံးလုပ်ငန်းများ ပုံမှန် လည်ပတ်နိုင်ရေး ကြိုတင်စီမံ ဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်နိုင်ငံတစ်ဝှမ်း ရဟန်းရှင်လူပြည်သူအများ ဘေးအန္တရာယ်ကင်းဝေးစေရန် ရည်ရွယ်၍ ၁၃၈၇ ခုနှစ် မြန်မာနှစ်ဆန်း (၁) ရက်နေ့တွင် ဇီဝိတဒါနငါးလွှတ်ပွဲနှင့် အန္တရာယ်ကင်း ပရိတ်တရားတော်နာယူခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးနှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့်ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။ ရှေးဦးစွာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးနှင့်ဇနီးနှင့် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့်ဇနီးတို့က ငါးသားပေါက် များကို ဝန်ကြီးဌာနရှိ တစ်ဖက်ပိတ်ဆည်အတွင်းသို့ ဇီဝိတဒါနငါးလွှတ်ပေးကြပြီး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများက ဆက်လက်၍ ဇီဝိတဒါနငါးလွှတ် ပေးကြပါသည်။ ၎င်းနောက် အန္တရာယ်ကင်း ပရိတ်တရားတော် နာယူခြင်းအခမ်းအနားကို ကျင်းပရာ နမောတဿ (၃) ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး အေးမြရွှေပြည်ကျောင်းတိုက် ဆရာတော် ဦးမဉ္ဇူသကထံမှ ငါးပါးသီလ ခံယူကြကာ ဆရာတော်၊ သံဃာတော်များက အန္တရာယ်ကင်း ပရိတ်တရားတော်များနှင့် အနန္တရာယိက ကမ္မဝါစာများကို ရွတ်ပွားသရဇ္စျယ်တော်မူကြရာ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးနှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့်ဇနီး နှင့် ဧည့်ပရိတ်သတ်များက နာယူကြည်ညိုကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီးနှင့် ဒုတိယဝန်ကြီးနှင့်ဇနီးတို့က ဆရာတော်၊ သံဃာတော်များအား နဝကမ္မအလှူငွေနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်း ကြပြီး ကောင်းမှုကုသိုလ်များအတွက် ရေစက်သွန်းချ အမျှပေးဝေခြင်းနှင့် သာဓု အနုမောဒနာ ခေါ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ ၎င်းနောက် နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ ပင်မရုံး၏ မြေငလျှင်ဒဏ်ကြောင့် ပျက်စီးမှုများကို ပြန်လည်ပြုပြင် နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားကာ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးသည် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ဧပြီလ (၁၁) ရက်နေ့ နံနက်ပိုင်းတွင် (၂၈-၃-၂၀၂၅) ရက်နေ့၌ ဖြစ်ပွားခဲ့သည့် အင်အားအလွန်ပြင်းထန်သော ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့သည့် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးရှိ ရုံးအဆောက် အအုံများနှင့် ဝန်ထမ်းအိမ်ရာများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မန္တလေးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးရှိ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ အားပေးစကားပြောကြားကာ နိုင်ငံတော်က ဆက်လက်ဆောင်ရွက်ပေးမည့်အစီအစဉ်များ၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ဖြည့်ဆည်း ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ဝန်ထမ်းများအား ရှင်းလင်းပြောကြားခဲ့ပြီး ဝန်ထမ်း များ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဝန်ထမ်းများအား ဆန်နှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးနှင့် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့သည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများသည် ဧပြီလ (၉) ရက်နေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရုံးမြေဧရိယာအတွင်း၌ ငလျင်ဘေးကြောင့် ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား နေထိုင်ရန်အတွက် ယာယီတဲများ စတင်ဆောက်လုပ်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည် ယာယီတဲဆောက်လုပ်ရန်အတွက် မြေနေရာအား ပန္နက်ရိုက်သွင်းပေးခဲ့ပြီး ယာယီနေအိမ်ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ ပါသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အဖွဲ့တို့သည် သုံးရေသွယ် တန်းခြင်း၊ ရေစင်ပြုပြင်ခြင်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းမိသားစုများ သန့်ရှင်းသည့်သုံးရေရရှိစေရေးဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရှိရ ပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးနှင့် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့သည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများသည် ဧပြီလ (၆) ရက်နေ့ နံနက်ပိုင်းတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရုံးအဆောက်အဦ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့တို့သည် ဝန်ကြီးဌာန ရုံးရှေ့ မျက်နှာစာ ထိခိုက်ပျက်စီးမှုများ ပြန်လည်ပြုပြင်မွမ်းမံနေမှုကို ကြည့်ရှုစစ်ဆေးပြီး ထိခိုက်ပျက်စီးခဲ့သည့် အစိတ်အပိုင်းများ ပြန်လည်ပြုပြင်ရာ၌ ကြံ့ခိုင်မှုရှိစေရန်နှင့် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး အထူးဂရုစိုက်ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။ ၎င်းနောက် ဝန်ကြီးဌာနရုံး အစည်းအဝေးခန်းမနှင့် လျှောက်လမ်းကော်ရစ်တာ မျက်နှာကျက်ပြိုကျပျက်စီးမှုများအား အမြန်ဆုံးပြုပြင်နိုင်ရန်နှင့် အဆောက်အဦ အင်ဂျင်နီယာ များ၏ လာရောက်စစ်ဆေးမှုရလဒ်များအပေါ် လိုက်နာပြုပြင်ဆောင်ရွက်သွားရန် အသေးစိတ် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ပါသည်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အဖွဲ့တို့သည် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ငလျင်ဘေးသင့်ဝန်ထမ်းများအတွက် ပြည်တွင်းအလှူရှင်များက ပေးအပ်လှူဒါန်းသည့် ဆန်အိတ် (၄၀)၊ ရေသန့်ကဒ်များနှင့် အလှူငွေကျပ် သိန်း (၁၀၀) တို့အား လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ ယင်းနောက် နိုင်ငံတော်အစိုးရ၊ နိုင်ငံတကာနှင့် ပြည်တွင်းအလှူရှင်းများမှ ငလျင် ဘေးသင့်ဝန်ထမ်းများအတွက် ကူညီပေးအပ်သော ပစ္စည်းများအား ဝန်ထမ်းများသို့ စနစ်တကျ ခွဲဝေပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ခွန့်သန့်ဇော်ထူးနှင့် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့သည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများသည် ဧပြီလ (၅) ရက်နေ့ နံနက်ပိုင်းတွင် တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန၊ ရုံးမြေဧရိယာအတွင်း၌ ငလျင်ဒဏ်ကြောင့် ပြည်ထောင်စု ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ဝန်ထမ်းများနှင့် ဝန်းထမ်းမိသားစုများအား နေထိုင်ရန်အတွက် ယာယီတဲများ တက်ဆင် ပေး နိုင်ရေး မြေညှိခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပ်သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန၊ ရုံးမြေဧရိယာအတွင်းရှိ ခြောက်ခန်းတွဲ ဝန်ထမ်းအိမ်ရာဝန်းကျင်၌ ယာယီတဲများ တည်ဆောက်ပေးနိုင်ရေး၊ သုံးရေများ လုံလောက်စွာရရှိရန်အတွက် ‌ရေသွယ်တန်းမည့်စနစ်များ၊ ယာယီ သန့်စင်ခန်းတည်ဆောက်ပေးမည့်နေရာများသို့ ကြည်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများ အမြန်ဆုံး အကောင် အထည်ဖော် ‌ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများက အဆင့်ဆင့် ကြီးကြပ်ကွပ်ကဲရန် မှာကြားခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးသည် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် မတ်လ (၂၉) ရက်နေ့ နေ့လယ်ပိုင်းတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ ဝန်ထမ်းများနေထိုင်သည့် တိုက်အမှတ် ၂၂၁၆၊ ၃၃၁၀၂၊ ၃၃၁၀၄ နှင့် ၃၃၁၁၇ အိမ်ရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းအိမ်ရာများတွင် ထိခိုက်ပျက်စီးမှုများရှိသဖြင့် ပစ္စည်း၊ ပရိဘောဂများအား လုံခြုံသည့်နေရာသို့ အမြန်ဆုံး ရွှေ့ပြောင်းပေးနိုင်ရေးနှင့် ဝန်ထမ်းမိသားစုများ ဘေးကင်းလုံခြုံမှုရှိသည့်နေရာသို့ ယာယီ ရွှေ့ပြောင်းနေထိုင်နိုင်ရေးအတွက် ပစ္စည်းများအားစုစည်းသိမ်းဆည်းထားရန် တာဝန်ရှိသူများ အား မှာကြားပြီး ဝိုင်းဝန်းကူညီပြောင်းရွှေ့မှုအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အဖွဲ့တို့သည် ဒီဇင်ဘာလ (၃၀) ရက်နေ့ နံနက်ပိုင်းတွင် ဝန်ထမ်းများနေထိုင်သည့် အိမ်ရာများသို့သွားရောက်ပြီး လတ်တလော နေထိုင်စားသောက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ သောက်သုံးရေနှင့် စားနပ်ရိက္ခာ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ အလားတူ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အဖွဲ့တို့သည် ဒီဇင်ဘာလ (၃၁) ရက်နေ့ ယနေ့နံနက်ပိုင်းတွင် ဝန်ထမ်းများနေထိုင်သည့် တိုက်အမှတ် ၂၂၁၆၊ ၃၃၁၀၂၊ ၃၃၁၀၄နှင့် ၃၃၁၁၇ အိမ်ရာများသို့ ထပ်မံသွားရောက်ပြီး ဝန်ထမ်းများအား တွေ့ဆုံ အားပေးစကားပြောကြားကာ လက်ရှိနေထိုင်သည့်နေရာများမှ ဝန်ကြီးဌာန ရုံးအတွင်းသို့ ပြောင်းရွှေ့နေထိုင်နိုင်ရေး စီမံဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ ထောက်ပံ့ငွေများ၊ ဆန်၊ ကြက်ဥ၊ မီးသွေးများနှင့် ရေသန့်ကဒ်များကို ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိ ပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးသည် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် မတ်လ (၁၉) ရက်နေ့ မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မွန်ပြည်နယ် ညွှန်ကြားရေးမှူးရုံး၏ အစည်း အဝေးခန်းမ၌ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် အတွင်းရှိ တိုင်းရင်းသားစာပေ နှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးက တွေ့ဆုံအမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနသည် တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုများ ထိန်းသိမ်း မြှင့်တင်ခြင်းနှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကိုဆောင်ရွက်ပေးလျက်ရှိသည့်အပြင် နိုင်ငံတော်အတွက် “We are Myanmar” ဆိုသည့် ပြည်ထောင်စုစိတ်ဓာတ် တိုးတက် ခိုင်မာစေရန် ဆောင်ရွက်ရပါကြောင်း၊ မိမိတို့ တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့် ပတ်သက်၍ ပွင့်လင်းစွာ တင်ပြဆောင်ရွက်ကြရန် ပြောကြားခဲ့ပါသည်။ ယင်းနောက် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ် ကျေးမှုအသင်းအဖွဲ့များက တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အထွေထွေဆွေး နွေး တင်ပြကြရာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦး က ပြန်လည် ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင် စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ပြည်နယ် တိုင်းရင်းသားရေးရာ ဝန်ကြီးတို့သည် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမိုထိန်းသိမ်း မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်းရှိ မွန်၊ ကရင်၊ ပအိုဝ်း၊ ရှမ်း နှင့် ဗမာ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များအား ရင်းနှီးစွာနှုတ်ဆက်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ Basic Networking သင်တန်း (၁/၂၀၂၅) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းမှူး၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေသော ဒီဂျစ်တယ် နည်းပညာခေတ်တွင် ICT သည် လူတိုင်းအတွက် လိုအပ်သည့် အဓိကပညာရပ်ဖြစ်ပြီး အမြဲသင်ယူလေ့လာသွားကြရန် လိုအပ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်ကြားပို့ချချက်များကို သေချာစွာ လေ့လာမှတ်သားပြီး လက်တွေ့သင်ခန်းစာများကို ကိုယ်တိုင်တတ်ကျွမ်းသည်အထိ သင်ယူလေ့ကျင့်ခြင်းများ သာမက စဉ်ဆက်မပြတ် ဆက်လက်လေ့လာ သင်ယူသွားကြရန်နှင့် မိမိတို့၏စွမ်းဆောင်ရည်များ ဖွံ့ဖြိုးတိုးတက်ရေး၊ မိမိဌာနနှင့် နိုင်ငံတော် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတို့ကို အစဉ်ရှေ့ရှုပြီး e-Government စနစ် အောင်အောင်မြင်မြင် အကောင်အထည် ပေါ်လာသည်အထိ ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြရန် ပြောကြားပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးက သင်ကြားသူ ဆရာ၊ ဆရာမများအား ကျေးဇူးတင်စကား ပြောကြားပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ ပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည် သင်တန်းတွင် အသုံးပြုမည့် သင်ထောက်ကူပစ္စည်းများနှင့် လက်တွေ့သင်ကြား ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ ယနေ့ဖွင့်လှစ်သည့်သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၁၇) ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တ (၂) ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့် တာဝန်ရှိသူများလိုက်ပါလျက် မတ်လ (၄) ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ (ရန်ကုန်)၏ အစည်းအဝေးခန်းမ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးက တွေ့ဆုံအမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနသည် တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုများ ထိန်းသိမ်း မြှင့်တင်ခြင်းနှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကိုဆောင်ရွက်ပေးလျက်ရှိသည့်အပြင် နိုင်ငံတော်အတွက် “We are Myanmar” ဆိုသည့် ပြည်ထောင်စုစိတ်ဓာတ် တိုးတက်ခိုင်မာစေရန် ဆောင်ရွက်ရပါကြောင်း၊ မိမိတို့ တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့် ပတ်သက်၍ ပွင့်လင်းစွာ တင်ပြဆောင်ရွက်ကြရန် ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက ရန်ကုန်တိုင်းဒေသကြီးအတွင်း တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြပါသည်။ ၎င်းနောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များက တိုင်းရင်းသားရေးရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အထွေထွေဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီး တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်တို့က ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ (ရန်ကုန်) တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက တွေ့ဆုံအမှာစကားပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် မိမိတာဝန်ကိုသိရှိပြီး ကျေပွန်အောင်ဆောင်ရွက်ရန်၊ ကျန်းမာရေးအသိ၊ ကျန်းမာရေး သတိရှိရန်၊ ဌာနတွင်းစည်းလုံးညီညွတ်မှုမှ တစ်မျိုးသားလုံးစည်းလုံးညီညွတ်မှုအထိ ရည်မှန်းချက်ထား ဆောင်ရွက်ကြရန် မှာကြားပါသည်။ ဆက်လက်ပြီး ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) တာဝန်ခံအရာရှိက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းများကို power point ဖြင့်ရှင်းလင်းတင်ပြပါသည်။ ယင်းနောက် ဝန်ထမ်းများက အထွေထွေဆွေးနွေးတင်ပြကြရာ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်က ဖြည့်စွက်ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးနှင့် အဖွဲ့သည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးရာ ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်နှင့် ရှမ်း တိုင်းရင်းသားများ၏ ရိုးရာနေအိမ်များ ပြုပြင်တည်ဆောက်ရေး လုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများ အပေါ် ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားယဉ်ကျေးမှုရိုးရာအိမ်များအား ၎င်းတို့၏ မူလရိုးရာအစဉ် အလာများမပျောက်ပျက်အောင် ဂရုပြုထိန်းသိမ်းစောင့်ရှောက်ရန်၊ စဉ်ဆက်မပြတ်ပြုပြင်မွမ်းမံထိန်းသိမ်းရန် မှာကြားခဲ့ပါသည်။ ယင်းနောက် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ ပင်မဝင်ပေါက်ဂိတ်၏ ရုံးလုပ်ငန်း ဆောင်ရွက်နေမှုများ၊ ဝင်္ကပါပတ်လမ်း ဆောင်ရွက်ပြီးစီးမှုလုပ်ငန်း၊ နန်းမြင့်မျှော်စင်၊ ဝန်ထမ်းအိမ်ရာ၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် တင်ဒါ ခေါ်ယူ ဆောင်ရွက်ပြီးစီးခဲ့သည့်လုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိ သူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို လမ်းညွှန်မှာကြား ခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးသည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် မတ်လ (၂) ရက်နေ့ မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးသို့ သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။ ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး တို့သည် ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း များနှင့်တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက တွေ့ဆုံအမှာစကားပြောကြားပါသည်။ ဆက်လက်ပြီး ညွှန်ကြားရေးမှူးရုံး တာဝန်ခံအရာရှိများက လုပ်ငန်းဆောင်ရွက်ပြီးစီး ခဲ့မှုအခြေအနေများနင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများကို power point ဖြင့်ရှင်းလင်းတင်ပြပါသည်။ ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က ပဲခူးတိုင်းဒေသကြီးအတွင်း တိုင်းရင်းသားရေးရာကိစ္စရပ်များဆောင်ရွက် ထားရှိမှုများနှင့်ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးပါသည်။ ၎င်းနောက် ဝန်ထမ်းများက အထွေထွေဆွေးနွေးတင်ပြကြရာ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်က ဖြည့်စွက်ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုက်ပွဲရှောင် ဒေသခံတိုင်းရင်းသားပြည်သူများအတွက် ငွေကျပ် သိန်း (၃၀) ကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးထံ ပေးအပ်ခဲ့ပါသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး အတွင်း ရုံးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ဝန်ထမ်းအိမ်ရာများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ မတ်လ (၃) ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးသို့ ရုံးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။ ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး တို့သည် ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက တွေ့ဆုံအမှာစကားပြောကြားပါသည်။ ယင်းနောက် ညွှန်ကြားရေးမှူးရုံး တာဝန်ခံအရာရှိများက လုပ်ငန်းဆောင်ရွက်ပြီးစီး ခဲ့မှုအခြေအနေများနှင့် ၂၀၂၅ -၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ဆက်လက်ဆောင်ရွက် သွားမည့်လုပ်ငန်းများကို power point ဖြင့်ရှင်းလင်းတင်ပြပါသည်။ ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးမှ ရန်ကုန်တိုင်းဒေသကြီးအတွင်း တိုင်းရင်းသားရေးရာကိစ္စရပ်များ ဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးပါသည်။ ၎င်းနောက် ဝန်ထမ်းများက အထွေထွေဆွေးနွေးတင်ပြကြရာ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်က ဖြည့်စွက်ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့် မိမိတို့၏ တာဝန်များကိုသိရှိပြီး အကောင်းဆုံး ဆောင်ရွက်ကြရန်၊ မိမိဌာနတွင်းသာမက နယ်မြေဒေသကိုပါ စည်းလုံးမှုရှိသည့် အသိပညာပေးရန်၊ ပြည်ထောင်စုစိတ်ဓာတ်ဖွံ့ဖြိုးရေး စည်းရုံးဆောင်ရွက်ကြရန်နှင့် ကျန်းမာရေးအသိ ကျန်းမာရေးသတိရှိကြရန်မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး အတွင်း ရုံးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် ဝန်ထမ်းအိမ်ရာများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနက ကြီးမှူးဆောင်ရွက်သည့် “ခြင်းရက်လုပ်နည်းသင်တန်း အမှတ်စဉ် (၁/၂၀၂၅)” ဖွင့်ပွဲ အခမ်းအနားကို (၂၄-၂-၂၀၂၅) ရက်နေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ညွှန်ကြားရေးမှူးချုပ် များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အရာထမ်းများ၊ အမှုထမ်းများ၊ သင်တန်းနည်းပြနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၌ “တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအား မြှင့်တင်၍ နိုင်ငံတော်စီးပွား မြင့်မားရေးနှင့် ပြည်သူတစ်ရပ်လုံး လူမှုစီးပွားဘဝမြင့်မားရေး ဆောင်ရွက်သွားမည်” ဟူ၍ ပါရှိရာ အဆိုပါလုပ်ငန်းစဉ်နှင့်အညီ ပြည်တွင်းမှထွက်ရှိသောကုန်ကြမ်းပစ္စည်းများကို ထိရောက်စွာ အသုံးချပြီး အဆင့်မြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပမှ သွင်းကုန်များကို အစားထိုးနိုင်မည် ဖြစ်ရာ မိမိတို့မိသားစု စားဝတ်နေရေးအတွက် ဝင်ငွေတိုးပွားလာရုံသာမက နိုင်ငံတော်ဝင်ငွေ တိုးပွားစေရန်လည်း ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ သင်တန်းမှ သင်ကြားပို့ချပေးသည့် နည်းပညာများကို ကြိုးစားသင်ယူ၍ ကိုယ်ပိုင်အသေးစားလုပ်ငန်းများကို ထူထောင်ပြီး တစ်ပိုင်တစ်နိုင် လုပ်ငန်းမှသည် နိုင်ငံတော်မှ ချမှတ်ထားသည့် စီးပွားရေးဦးတည်ချက်ကို အထောက်အကူပြုနိုင်သည့် စီးပွားဖြစ်လုပ်ငန်းများဆီသို့ တက်လှမ်းနိုင်ရေးအတွက် မိမိကျရာ အခန်းကဏ္ဍမှ အားကြိုးမာန်တက် ကြိုးစားဆောင်ရွက်ကြရန်လိုကြောင်း၊ သင်တန်းတက်ရောက် သူများအနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ဒေသခံတိုင်းရင်းသားများသို့ ထပ်ဆင့် သင်ကြားပြသပေးနိုင်သည်အထိ တတ်မြောက်ရန်လိုကြောင်း ပြောကြားပါသည်။ ဆက်လက်၍ သင်တန်းနည်းပြနှင့် သင်တန်းသား၊ သင်တန်းသူများက တစ်ဦးချင်း မိတ်ဆက်စကားပြောကြားပြီး ဒုတိယဝန်ကြီးက ကျေးဇူးတင်စကားပြောကြားပါသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်း နည်းပြ၊ သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည် သင်တန်းတွင် အသုံးပြုမည့် အ‌ထောက်အကူပစ္စည်းများနှင့် လက်တွေ့သင်ကြားဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ ယခုသင်တန်းကို (၂၄-၂-၂၀၂၅) ရက်နေ့မှစ၍ (၁၀) ရက်ကြာ စာတွေ့လက်တွေ့သင်ကြား ပို့ချ‌ပေးမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၂၀) ဦး တက်ရောက်သင်ကြားမည် ဖြစ်ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားပါသည်။ ယင်းနောက် တိုင်းဒေသကြီးနှင့်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများက တိုင်းဒေသကြီး နှင့် ပြည်နယ်အလိုက် တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များအား ညှိနှိုင်းဆွေးနွေးကြပြီး ဒုတိယဝန်ကြီးက ဆွေးနွေးချက်များအပေါ် ဖြည့်စွက်ဆွေးနွေးပါသည်။ ၎င်းနောက် တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးကြပြီး ပြည်ထောင်စု ဝန်ကြီးက တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအ‌ဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပဉ္စမအကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုး ပြိုင်ပွဲကို ယနေ့ညနေပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရုံးအမှတ်(၁၄)၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးနှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ စုံညီစွာ တက်ရောက်ကြပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး မင်္ဂလာမောင်းတီးခတ်ကာ ထမနဲထိုးပြိုင်ပွဲ စတင်ကြောင်း ကြေညာပါသည်။ ထမနဲထိုးပြိုင်ပွဲတွင် ဝန်ကြီးဌာနရှိ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ပြိုင်ပွဲဝင် အသင်း(၃)သင်းတို့က အမှတ်ပေးသတ်မှတ်ချက်များနှင့်အညီ အားကြိုးမာန်တက် ယှဉ်ပြိုင် ခဲ့ကြပြီး ဝန်ထမ်းများက သီချင်း၊ သံချပ်များဖြင့် ဖျော်ဖြေကာ မြိုင်မြိုင်ဆိုင်ဆိုင် အားပေးခဲ့ကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင် အသင်းများ၏ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများအား လိုက်လံကြည့်ရှု အားပေး ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသည့် အသင်းများကို ဆုများချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြလေ့ကျင့်ခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်း၌ ဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်ရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ အရာထမ်း၊ အမှုထမ်း များနှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ နေပြည်တော်တိုင်း မီးသတ်ဦးစီးဌာနမှူး၊ ဥတ္တရခရိုင် မီးသတ် ဦးစီးမှူးနှင့် မီးသတ်ဦးစီးမှူးရုံး အင်ဂျင်နီယာအဖွဲ့တို့ တက်ရောက်ကြပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး ပြည်ထဲရေးဝန်ကြီး ဌာန၊ နေပြည်တော်တိုင်း မီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမြတ်သီဟနှင့် ဥတ္တရခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးသက်နောင်တို့က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆိုင်ရာ အသိပညာများကို Power Point ဖြင့် အသီးသီး ရှင်းလင်းဆွေးနွေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ ဆက်လက်၍ မီးငြိမ်းသတ်မှု သရုပ်ပြလေ့ကျင့်ခြင်းအစီအစဉ်ကို ဆောင်ရွက်ရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးတို့နှင့်အတူ ဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများ ကလည်း ကြည့်ရှုအားပေးခဲ့ကြပြီး လက်တွေ့ပါဝင် စမ်းသပ်လေ့ကျင့်ခဲ့ကြကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်