ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီးသတင်းများ

  • 20
  • JUN

  • 20 June 2025
  • နေပြည်တော်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ Artificial Intelligence (AI) (ဉာဏ်ရည်တု) နည်းပညာ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ မြန်မာစာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ဒါရိုက်တာဒေါက်တာတင်ဘုန်းကျော်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ညွှန်ကြားရေးမှူးရုံးများမှ အရာထမ်း၊ အမှုထမ်းများက Online စနစ်ဖြင့် တက်ရောက်ကြပါသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် AI နည်းပညာသည်  လူသားများ၏ လုပ်ဆောင်နိုင်စွမ်းကို အတုယူပြီး ပြဿနာများကို ဖြေရှင်းရန်နှင့် ဆုံးဖြတ်ချက်များ ချမှတ်ရန်အတွက် ကွန်ပျူတာများနှင့် စက်များကို အသုံးပြုထားသည့် နည်းပညာဖြစ်ပါကြောင်း၊ အထူးသဖြင့် ကွန်ပျူတာများ၊ စက်များက လူသားတို့၏ အသိဉာဏ်ကဲ့သို့ မျှတစွာတွေးခေါ် နိုင်စွမ်း၊ သင်ယူနိုင်စွမ်း၊ ဆုံးဖြတ်နိုင်စွမ်း၊ ပြဿနာများကို ဖြေရှင်းနိုင်စွမ်းရှိသည့် ဉာဏ်ရည်တု နည်းပညာတစ်ခုပင်ဖြစ်ပါကြောင်း၊ AI နည်းပညာကို တာဝန်ယူမှုရှိစွာနဲ့ တီထွင်အသုံးချမည် ဆိုပါက လူသားများအတွက် အကျိုးများနိုင်သလို တာဝန်မဲ့စွာ အသုံးချပါက အန္တရာယ်ဖြစ်စေနိုင် သည်ကိုလည်း သတိပြုရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း e-Government စနစ်မှသည် Digital Government သို့ ဦးတည်၍ ဆက်လက်အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်လျက်ရှိပြီး ဝန်ထမ်းများအနေဖြင့်လည်း AI နှင့်ပတ်သက်၍ စိတ်ပါဝင်စားစွာ လေ့လာမှတ်သားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ယနေ့ ကျင်းပပြုလုပ်သည့် AI ဆွေးနွေးပွဲမှ တစ်ဆင့် နည်းပညာဆိုင်ရာ အသိပညာဗဟုသုတများစွာရရှိပြီး မိမိဌာနနှင့် နိုင်ငံတော်အတွက် အကျိုးပြုသော နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက် သွားကြ ရမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။ ဆက်လက်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ မြန်မာစာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ဒါရိုက်တာ ဒေါက်တာတင်ဘုန်းကျော်က AI နည်းပညာနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားရာ တက်ရောက်လာသည့် အရာထမ်း၊ အမှုထမ်းများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြပါသည်။ ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က လာရောက်ဟောပြောပေးသော ဒေါက်တာ တင်ဘုန်းကျော်နှင့်အဖွဲ့အား ကျေးဇူးတင်စကား ပြောကြားပါသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဒေါက်တာ တင်ဘုန်းကျော်အား အမှတ်တရ လက်ဆောင်ပစ္စည်း ပေးအပ်ပြီး  အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 17
  • JUN

  • 17 June 2025
  • နေပြည်တော်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ Computer Repair and Maintenance သင်တန်း (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းနည်းပြ ဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြပါသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ခေတ် သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာ (ICT) တိုးတက်ထွန်းကားလာသည်နှင့်အမျှ ကမ္ဘာပေါ်ရှိ နိုင်ငံများက ဒစ်ဂျစ်တယ်စနစ်ကို အခြေခံပြီး နိုင်ငံဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးသို့ ဦးတည်ဆောင်ရွက်လျက်ရှိကြပါကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း စဉ်ဆက်မပြတ် ပြောင်းလဲ တိုးတက်နေသည့် နည်းပညာများကို လေ့လာဆည်းပူးနိုင်ရန်အတွက် ကွန်ပျူတာနှင့် ဆက်စပ်သည့် နည်းပညာပိုင်းဆိုင်ရာ အခြေခံကောင်းများကို ကိုယ်တိုင်သိရှိနားလည် တတ်မြောက်ထားကြရန် လိုအပ်ပြီး မိမိတို့၏ ကိုယ်ပိုင်ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်များကို အသုံးချ၍ ဌာန၏ ရည်မှန်းချက်ကို နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် ချစ်ကြည်စည်းလုံးစွာဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်သည့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်ရန် ကြိုးစားကြရမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးက သင်ကြားသူ ဆရာ၊ ဆရာမများအား ကျေးဇူးတင်စကား ပြောကြားပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းနည်းပြ ဆရာများ၊ သင်တန်းသား၊ သင်တန်းသူများနှင့်အတူ  စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည် သင်တန်းတွင် အသုံးပြုမည့် သင်ထောက်ကူပစ္စည်းများနှင့် လက်တွေ့သင်ကြား ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ သင်တန်းကာလမှာ ရက်သတ္တ(၂)ပတ် ကြာမြင့်မည် ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၁၆) ဦး တက်ရောက်ကြကြောင်း သိရှိရပါသည်။ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ကျင်းပသည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားရာတွင် ယခုအစည်းအဝေးတွင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ (၂၀၂၂) ခုနှစ်အရ မှတ်ပုံတင်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေရေးရာဝန်ကြီးဌာန၏ အကြံပြုချက်အရ တိုင်းရင်းသားစာပေ နှင့်ယဉ်ကျေးမှုအသင်း အဖွဲ့များအား စိစစ်ကြီးကြပ်နိုင်ရေးနှင့်  မိမိတို့ ဝန်ကြီးဌာနက ယခင်ထောက်ခံချက်ပေးခဲ့သည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း အဖွဲ့များနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များအား  ဆွေးနွေးရန်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အဖွဲ့များသည် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ တိုင်းရင်းသားရေးရာများကို လွတ်လပ်စွာ ဆောင်ရွက်ခွင့် ရရှိနိုင်ရေးအတွက် ဝိုင်းဝန်း အကြံပြုဆွေးနွေးပေးကြစေလိုပါကြောင်း ပြောကြားပါသည်။ ယင်းနောက် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် ပြည်ထဲရေး ဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊  ဦးကျော်ကျော်ထွန်းတို့က ဝိုင်းဝန်ဆွေးနွေးကြပါသည်။ ထို့နောက် တက်ရောက်လာကြသူများက အထွေထွေ‌ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 13
  • JUN

  • 13 June 2025
  • နေပြည်တော်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်တိုင်းဒေသကြီးနှင့်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၅) ကို ယနေ့နံနက်ပိုင်းတွင်  နေပြည်တော်ရှိ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ချင်းပြည်နယ်၊ တိုင်းရင်းသား‌ရေးရာဝန်ကြီးမှ Online စနစ်ဖြင့်  တက်ရောက်ပါသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင်  ယနေ့အစည်းအဝေးသည် တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် တိုင်းရင်းသားရေးရာကိစ္စရပ်များ ဆွေးနွေးနိုင်ရေး ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေးတွင် တိုင်းရင်းသားစာပေနှင့်  ယဉ်ကျေးမှုအသင်းအဖွဲ့ မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်းသည့်ကိစ္စရပ်များ၊ တိုင်းရင်းသားစာပေသင်ကြားရေးဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံသားစိစစ်ရေးကတ်များတွင် လွဲမှားမှုများနှင့်ပတ်သက်သည့်ကိစ္စရပ်များ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများဆိုင်ရာကိစ္စရပ်များစသည့် တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ တိုင်းဒေသကြီး/ပြည်နယ်အလိုက် တိုင်းရင်းသား ရေးရာဝန်ကြီးများနှင့် တာဝန်ရှိသူများအားလုံးအနေဖြင့် တိုင်းရင်းသားများအတွက် ရှေးရှု၍ ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုပါကြောင်း ပြောကြားပါသည်။ ယင်းနောက် တိုင်းဒေသကြီးနှင့်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများက မိမိတို့ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များအား ညှိနှိုင်းဆွေးနွေးကြပြီး ဒုတိယဝန်ကြီးက ဆွေးနွေးချက်များအပေါ် ဖြည့်စွက်ဆွေးနွေးပါသည်။ ၎င်းနောက် တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအ‌ဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 12
  • JUN

  • 12 June 2025
  • နေပြည်တော်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးနှင့်စာရေးကိရိယာများပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး  တိုင်းဒေသကြီး၊ ပြည်နယ်ညွှန်ကြားရေးမှူးရုံးများမှ အရာထမ်း၊ အမှုထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများက  Online စနစ်ဖြင့်  တက်ရောက် ကြပါသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူ များအနေဖြင့် မိမိတို့သင်ကြားရသည့် အတန်းပညာ၊ စာပေပညာများကို တတ်မြောက်အောင်၊ ထူးချွန်အောင် လေ့ကျင့်သင်ကြားသွားကြရမည်ဖြစ်ပါကြောင်း၊ စာသင်ကျောင်းများတွင် သင်ကြားသည့် အတန်းပညာများသာမက အခြားဗဟုသုတနှင့် လူမှုကျင့်ဝတ်ဆိုင်ရာများကိုလည်း လေ့လာ သင်ယူပြီး လူတော်များ လူရည်ချွန်များဖြစ်ရန် ကြိုးစားသွားကြရမည်ဖြစ်ပါကြောင်း၊ မိဘများ အနေဖြင့်လည်း မိမိတို့၏ သားသမီးများ ပညာတတ်ကြီးများ ဖြစ်လာစေရန်၊ လူချွန်လူကောင်းများ ဖြစ်လာစေရန် ကျောင်းမှ ဆရာ၊ ဆရာမများကိုသာ လွှဲအပ်မထားဘဲ တတ်နိုင်သည့်ဘက်မှ ပံ့ပိုး ဖြည့်ဆည်းပေးကြရမည်ဖြစ်ပါကြောင်းနှင့် ဝန်ကြီးဌာနအနေဖြင့်လည်း ဝန်ထမ်း သားသမီးများ၏ ပညာရေးအတွက် တတ်နိုင်သည့်ဘက်မှ ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း ပြောကြားပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်တက်ရောက်နေသူများနှင့် အခြေခံပညာ အထက်တန်းအဆင့် တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများအား ပညာသင် ထောက်ပံ့ငွေနှင့် စာရေးကိရိယာပစ္စည်းများ ပေးအပ်ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ထောက်ပံ့ငွေနှင့် စာရေးကိရိယာပစ္စည်းများ အသီးသီး ပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ ယနေ့ကျင်းပသည့် အခမ်းအနားတွင် ဝန်ကြီးဌာနတစ်ခုလုံးအတွက် ပညာသင်ထောက်ပံ့ကြေး ပေးအပ်မှုမှာ မူလတန်း (၁၄၁) ဦး၊ အလယ်တန်း (၄၃) ဦး၊ အထက်တန်း (၂၈) ဦး၊ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ (၁၇)ဦး၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၂၉) ဦးအတွက် ထောက်ပံ့ငွေ စုစုပေါင်း ၁၃,၀၀၃,၈၀ဝိ/- ကျပ်အား ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 06
  • JUN

  • 06 June 2025
  • နေပြည်တော်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးနှင့် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရုံးအမှတ် (၁၄) မြေဧရိယာအတွင်း မန္တလေးငလျင်ကြောင့် ငလျင်ဒဏ်သင့်ခဲ့သည့် ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ ယာယီနေထိုင်နိုင်ရေးအတွက် အိပ်ခန်း (၂) ခန်းပါ Modular House  များတပ်ဆင်တည်ဆောက်ပြီးစီးမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က အိပ်ခန်း(၂) ခန်းပါ Modular House များ တပ်ဆင်တည်ဆောက်ပြီးစီးမှုများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး လျှပ်စစ်မီးများ သွယ်တန်းထားရှိမှု၊ သုံးရေများ ဆက်လက်သွယ်တန်းနိုင်ရေးနှင့် မိလ္လာများ တည်ဆောက်မည့်နေရာများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများ အမြန်ပြီးပြတ်အောင် ဆောင်ရွက်ရန်နှင့် မိသားစုများအား စနစ်တကျခွဲဝေချထားပေးပြီး အမြန်ဆုံးပြောင်းရွှေ့ နေထိုင်နိုင်ရေး  စီစဉ်ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် အသစ်ထပ်မံရောက်ရှိလာသည့် Modular House ပစ္စည်းများ ကွန်တိန်နာပေါ်မှ သယ်ချနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး လုပ်ငန်းများ အမြန်ဆုံးအကောင်အထည်ဖော်တပ်ဆင်ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 23
  • MAY

  • 23 May 2025
  • နေပြည်တော်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးသည် မန္တလေးငလျင်ကြောင့် ငလျင်ဒဏ်သင့်ခဲ့သည့် ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ ယာယီနေထိုင် နိုင်ရေးအတွက် Modular House များ ရောက်ရှိလာပြီး ကွန်တိန်နာပေါ်မှ သယ်ချနေမှုနှင့် တပ်ဆင်တည်ဆောက်နေမှုများအား ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ဌာနဆိုင်ရာအကြီးအကဲ များနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင်  လိုက်လံကြည့်ရှုစစ်ဆေးပါသည်။ ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က Modular House များ စနစ်တကျ တပ်ဆင်နေရာချထားနိုင်ရေး၊ မိုးမကျမီ လုပ်ငန်းများ အချိန်မီပြီးစီးရေး၊ ဝန်ထမ်းမိသားစုများ အမြန်ဆုံးပြောင်းရွှေ့ နေထိုင်နိုင်ရေးတို့ကို တာဝန်ရှိသူများက အနီးကပ် ကြီးကြပ်စီစဉ် ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူတို့သည် ဆောက်လုပ် ပြီးစီးခဲ့သည့် ယာယီအဆောက်အဦးများတွင် ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ၏ ရေ၊ မီး၊ မိလ္လာများ အဆင်ပြေစွာဖြင့် နေထိုင်မှုများအား ကြည့်ရှု စစ်ဆေးပြီး စနစ်တကျဖြင့် စည်းကမ်း တကျ နေထိုင်ကြစေရေး၊ ပတ်ဝန်းကျင်သန့်ရှင်းသာယာမှုရှိစေရေးတို့ကို  လမ်းညွှန်မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 12
  • MAY

  • 12 May 2025
  • နေပြည်တော်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆောင်ရွက်လျက်ရှိသည့် တိုင်းရင်းသားစာပေသင်ကြားရေးနှင့် စာပေသင်ကြားရေး အထောက်အကူပြု ဝန်ထမ်းများခန့်ထားရေးကိစ္စရပ်များနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူး၊ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊  တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊  ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့၏ ပူးပေါင်းဆောင်ရွက်မှုများဖြင့် တိုင်းရင်းသားများ၏ စာပေသင်ကြားရေးကိစ္စရပ်များအား ပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ ယခု အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနသည် တိုင်းရင်းသားစာပေ သင်ကြားသည့် Teaching Assistant-TA ၊ Language Teacher-LT ဆရာ/ မများ ခန့်ထားနိုင်ရေးကိစ္စနှင့်ပတ်သက်၍ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှ စတင်ကာ ပညာရေးဝန်ကြီးဌာနနှင့် စံပြုအချက်များပြုစု၍ စနစ်တကျ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါကြောင်း၊ (၂၇-၉-၂၀၂၂)  ရက်နေ့တွင် ကျင်းပခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက “တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် သင်ကြားရေး အထောက်အကူပြုနှင့် ဘာသာစကားသင် ဆရာ၊ ဆရာမများ ခန့်အပ်တာဝန်ပေးခြင်းမှာ တိုင်းရင်းသားစာပေ၊ ယဉ်ကျေးမှုနှင့် ဘာသာကို ထိန်းသိမ်းဆောင်ရွက်ကြရန်ဖြစ်ကြောင်း” ပြောကြားခဲ့သဖြင့် နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသားစာပေ သင်ကြားရေးနှင့်ပတ်သက်၍  အထူးအလေးထားသည်ကို  တွေ့မြင်နိုင်မည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနများသည် မိမိတို့၏လုပ်ငန်း၊ ကဏ္ဍအလိုက် တိုင်းရင်းသား ပြည်သူများအတွက် ဆောင်ရွက်ကြရသည်ဖြစ်ရာ တိုင်းရင်းသားများအတွက် အထူးဆောင်ရွက်ပေးသည့် ပညာရေး ဝန်ကြီးဌာနအား ကျေးဇူးတင်ရှိပါကြောင်း၊ တက်ရောက်လာကြသူများအားလုံးအနေဖြင့်လည်း တိုင်းရင်းသားစာပေသင်ကြားရေးကိစ္စရပ်များနှင့်ပတ်သက်၍ လက်ရှိကြုံတွေ့နေရသည့် အခြေအနေများကို ပိုမိုကောင်းမွန်လာစေရန် ရှေးရှုပြီး ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြ စေလိုပါကြောင်း ပြောကြားပါသည်။ ယင်းနောက် ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ပြောကြားရာတွင် မိမိတို့ပညာရေးဝန်ကြီးဌာနသည် တိုင်းရင်းသားဘာသာစကား၊ စာပေ သင်ကြားသင်ယူမှုနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိပါကြောင်း၊ တိုင်းရင်းသား စာပေသင်ကြားသည့် Teaching Assistant-TA ၊ Language Teacher-LT ဆရာ/ မများ ခန့်ထားရေးကိစ္စများနှင့် ပတ်သက်၍ နိုင်ငံတော်မှ သတ်မှတ်ပြဋ္ဌာန်းထားသည့် မူဘောင်များ ရှိပြီး အခက်အခဲများကို အတူတကွ ပြန်လည်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။ ထို့နောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ဆွေးနွေးရာတွင် (၂၀၀၈) မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း(၁) နိုင်ငံတော်၏ အခြေခံမူများ  ပုဒ်မ(၂၂)နှင့် အမျိုးသားပညာရေးဥပဒေပုဒ်မ (၄၄) တို့တွင် တိုင်းရင်းသားများ၏ စာပေနှင့်ဘာသာစကား သင်ကြားသင်ယူမှုနှင့် စပ်လျဉ်း၍ ပြဋ္ဌာန်းထားပါကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် TA ၊ LT ဆရာ/မ လျှောက်လွှာများခေါ်ယူရေးကိစ္စ၊ တိုင်းရင်းသား စာပေသင်ရိုးညွှန်းတမ်းစာအုပ်များ ပိုမိုပုံနှိပ်ထုတ်ဝေနိုင်ရေးကိစ္စ၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ အရည်အသွေးမြှင့် အထောက်အကူပြုသင်တန်းများအား သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် နီးစပ်ရာဒေသများတွင် ဖွင့်လှစ်ပေးနိုင်ရေးကိစ္စရပ်များအား ဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားပါသည်။ ၎င်းနောက် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်က တိုင်းဒေသကြီး/ပြည်နယ်များတွင် ဆောင်ရွက်လျက်ရှိသည့် တိုင်းရင်းသားစာပေသင်ကြားရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍  ဆွေးနွေးတင်ပြပါသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ်များက တိုင်းဒေသကြီး/ပြည်နယ်များတွင် ဆောင်ရွက်လျက်ရှိသည့် တိုင်းရင်းသား စာပေသင်ကြားရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အထွေထွေ ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 10
  • MAY

  • 10 May 2025
  • ရန်ကုန်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် မေလ (၉) ရက်နေ့ ညနေပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးအား သွားရောက်ပြီး ရုံးလုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးပါသည်။ ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၏ ရုံးလုပ်ငန်းဆောင်ရွက်နေမှုများ၊ ရုံးအဆောက်အဦနှင့် ရုံးမြေဧရိယာအတွင်း ကားပါကင်မြေဖို့ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည် များမှာကြားခဲ့ပါသည်။ မေလ (၁၀) ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့်လုပ်ငန်းများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ အတွင်းရှိ တိုင်းရင်းသားရိုးရာ စားသောက်ဆိုင်ခန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး  ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုဘဏ္ဍာရန်ပုံငွေဖြင့် တင်ဒါခေါ်ယူ ဆောင်ရွက်ခဲ့သည့် သောင်တူးခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုလုပ်ငန်းများအား ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များ မှာကြားပါသည်။ ဆက်လက်ပြီး ဝန်ထမ်းအိမ်ရာများအား လှည့်လည်ကြည့်ရှုစစ်ဆေးကာ အမှိုက်များ စနစ်တကျစွန့်ပစ်မှုရှိစေရေး၊ ဝန်ထမ်းအိမ်ရာရှိ သန့်စင်ခန်းများ ပြုပြင်ပေးနိုင်ရေးလုပ်ငန်းများ၊  ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ပြုပြင်ဆောင်ရွက်မည့် အပျိုဆောင်အဆောက်အဦအား ကြည့်ရှုစစ်ဆေးပြီး အင်ဂျင်နီယာအဖွဲ့ဖွဲ့စည်း၍ အဆောက်အဦကြံ့ခိုင်မှုရှိစေရေး အထူး ကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။၎င်းနောက် နန်းမြင့်မျှော်စင်အား ကြည့်ရှုစစ်ဆေးကာ ပြုပြင်သင့်သည်များအား အင်ဂျင်နီယာတွက်ချက်မှုဖြင့် ဆင့်ကဲတင်ပြခွင့်ပြုချက်ရယူပြီး ပြုပြင်ဆောင်ရွက်သွားရန် နှင့်လိုအပ်သည်များ မှာကြားခဲ့ပါသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများနှင့်တွေ့ဆုံပြီး စည်းစည်း လုံးလုံးဖြင့် လုပ်ငန်းများအောင်မြင်အောင်ကြိုးစားဆောင်ရွက်ကြရန် မှာကြားလိုပါ ကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာသည် တိုင်းရင်းသားများ၏ အဓိက ပြယုဒ် တစ်ခုပင်ဖြစ်ပြီး အများပြည်သူများ စိတ်ချမ်းသာစွာ လာရောက်အပန်းဖြေနိုင်ရန်အတွက် အမြဲသန့်ရှင်းသာယာလှပပြီး စိန်းလန်းစိုပြေနေရန် လိုအပ်ပါကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ပါ လုပ်ငန်းစီမံကိန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် အားလုံး ဝိုင်းဝန်းကြိုးစားဆောင်ရွက်သွားရန် ပြောကြားခဲ့ပါသည်။ ယင်းနောက် တာဝန်ခံအရာရှိက လုပ်ငန်းဆောင်ရွက်ခဲ့မှုများ၊ ဆက်လက်ဆောင်ရွက် သွားမည့်လုပ်ငန်းများနှင့်ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 09
  • MAY

  • 09 May 2025
  • ဧရာဝတီတိုင်းဒေသကြီး

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးသည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် မေလ (၈) ရက်နေ့ ညနေပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးအား သွားရောက်ပြီး ရုံးလုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးပါသည်။ ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန၊ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၏ ရုံးလုပ်ငန်းဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည် များမှာကြားခဲ့ပါသည်။  ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူး ရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဝန်ထမ်းများအနေဖြင့် မိမိတို့၏ ရာထူးအဆင့်အလိုက် လုပ်ငန်းတာဝန်များ ကျေပွန်စွာထမ်းဆောင်ကြရမည် ဖြစ်ပါကြောင်း၊ တိုင်းရင်းသားရေးရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် “We are Myanmar” ဆိုသည့်  “ပြည်ထောင်စုစိတ်ဓာတ်” တိုးတက်ခိုင်မာစေရန် ဆောင်ရွက်ရန်လိုပါကြောင်း၊ တိုင်းရင်းသားဒေသများ၌ မိမိတို့ဝန်ကြီးဌာနမှ ကွင်းဆင်းစစ်တမ်းကောက်ယူသည့်အချက် များအရ ဒေသခံများ၏ ဦးစားပေးဖွင့်လှစ်စေလိုသည့် သက်မွေးပညာရပ်သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်သွားရန်နှင့်၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့်လုပ်ငန်း စီမံကိန်းများအား သတ်မှတ်ကာလအတွင်း ပြီးစီးဆောင်ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည်များ ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိရန် မှာကြားခဲ့ပါသည်။ ၎င်းနောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က ဝန်ထမ်းများအား တွေ့ဆုံအားပေးစကားပြောကြားပြီး ဝန်ထမ်းများက ဌာနဆိုင်ရာလုပ်ငန်းလိုအပ်ချက်များတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကာ ငလျင်ဒဏ်ခံစားခဲ့ရသည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဝန်ထမ်းများအတွက် အလှူငွေပေးအပ်ခဲ့သည့် ဧရာဝတီတိုင်းမှ  အလှူရှင် (၂)ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပါသည်။ မေလ (၉) ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့သည် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး အစည်းအဝေး ခန်းမ၌ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပါသည်။ တွေ့ဆုံပွဲသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသား ခေါင်းဆောင်များနှင့် စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့ဝင်များ တက်ရောက်ကြပါသည်။ ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးက တွေ့ဆုံအမှာစကားပြောကြား ရာတွင် မိမိတို့ဝန်ကြီးဌာနသည် တိုင်းရင်းသားများ၏စာပေနှင့်ယဉ်ကျေးမှုများ ထိန်းသိမ်း မြှင့်တင်ခြင်းနှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကိုဆောင်ရွက်ပေးလျက်ရှိသည့်အပြင် နိုင်ငံတော်အတွက် “We are Myanmar” ဆိုသည့်  ပြည်ထောင်စုစိတ်ဓာတ် တိုးတက် ခိုင်မာစေရန်ဆောင်ရွက်ရပါကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဆိုင်ရာ အသင်း အဖွဲ့ကိစ္စရပ်များနှင့်ပတ်သက်ပြီး လုပ်ငန်းများအဆင်ပြေချောမွေ့စေရန်အတွက် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဆက်စပ်ဝန်ကြီးဌာနများနှင့် ညှိနှိုင်းပြီး ကြိုးစား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသားလူမျိုးတိုင်းသည် နိုင်ငံသားများဖြစ်သကဲ့သို့ နိုင်ငံသားတိုင်းသည် တိုင်းရင်းသားများမဟုတ်ပါကြောင်း၊ မိမိတို့ တိုင်းရင်းသားယဉ်ကျေးမှု များကို ဆန်းသစ်တီထွင်ရာတွင် မူလယဉ်ကျေးမှုအနှစ်သာရမပျောက်ပျက်စေရန် လွန်စွာ အရေးကြီးပါကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များအနေဖြင့် တိုင်းရင်းသားရေးရာကိစ္စရပ်များ ဆောင်ရွက်ရာတွင်ပုဂ္ဂိုလ်စွဲ၊ လူမျိုးစွဲမထားဘဲ ပြည်ထောင်စု၏ အကျိုးကိုရှေးရှုပြီး တိုင်းရင်းသားများအချင်းချင်း စည်းလုံးညီညွတ်မှု ပိုမိုခိုင်မြဲအောင် ဝိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ မိမိတို့ တိုင်းရင်းသား ရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ ပွင့်လင်းစွာတင်ပြဆောင်ရွက်ကြရန် ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက တွေ့ဆုံအမှာစကားပြောကြားရာတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းတွင် တိုင်းရင်းသား လူမျိုးပေါင်းစုံစုစည်းနေထိုင်လျက်ရှိပြီး ကျေးရွာနေပြည်သူအများဆုံးနေထိုင်လျက်ရှိကြ ပါကြောင်း၊ တိုင်းရင်းသားဒေသများဖွံ့ဖြိုးတိုးတက်ရေးအတွက် အစဉ်တစိုက် ကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ်အခမ်းအနားများ ကိုလည်း အမြဲပံ့ပိုးကူညီအားပေးလျက်ရှိပါကြောင်း ပြောကြားပါသည်။  ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုက်ပွဲရှောင် တိုင်းရင်းသားပြည်သူများအတွက် အလှူငွေကျပ် သိန်း (၂၀) အား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးထံပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က ဧရာဝတီတိုင်းဒေသကြီးအတွင်း တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ တိုင်းရင်းသားဘာသာသင်ဆရာ၊ ဆရာမ TA/LT ခန့်ထားရေးကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပါသည်။ ၎င်းနောက် ပိုးကရင်၊ စကောကရင် အရှိုချင်းနှင့်ရခိုင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များက တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ၊ အသင်းအဖွဲ့မှတ်ပုံတင်ခွင့်ရရှိရေး၊ တိုင်းရင်းသားဒေသ မူလတန်းစာသင်ကျောင်းများတွင် သက်ဆိုင်ရာတိုင်းရင်းသား စာပေသင်ကြားရေးသင်တန်များနှင့်စပ်လျဉ်း၍ အထွေထွေ ဆွေးနွေးတင်ပြကြရာ ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်နှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုတို့က ပြန်လည်ရှင်းလင်းဆွေးနွေးကာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 05
  • MAY

  • 05 May 2025
  • နေပြည်တော်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးနှင့် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့သည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် မေလ (၅) ရက်နေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရုံးမြေဧရိယာအတွင်း၌ မန္တလေး ငလျင်ဒဏ်ကြောင့် ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစု များ၏ ဆောက်လုပ်ပြီးစီးခဲ့သည့် ဘာရှာအဆောက်အဦသို့ ပြောင်းရွှေ့နေထိုင်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရုံးမြေဧရိယာအတွင်းရှိ ခြောက်ခန်းတွဲဝန်ထမ်းအိမ်ရာဝန်းကျင်၌ ကိုယ်စီဆောက်လုပ်ပေး ထားသော ဘာရှာအဆောက်အဦများတွင် ဝန်ထမ်းများမိသားစုအလိုက် နေအိမ်နေထိုင်မှုများ၊ လျှပ်စစ်မီးသွယ်တန်းထားရှိမှုများ၊ သုံးရေသွယ်တန်းထားရှိမှုများ၊ ရေချိုးခန်းနှင့်သန့်စင်ခန်း တည်ဆောက်ထားမှုများကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းမိသားစုများအား အားပေးစကား ပြောကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နိုင်ငံတော်မှ ပေးအပ်မည့် Container House များရရှိပါက တည်ဆောက်ထားရှိရန် ရွေးချယ်ထားသည့် နေရာများကို ကြည့်ရှု စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ထားရှိကြရန် မှာကြားခဲ့ပါသည်။ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော် အားကစား လေ့ကျင့်ရေးစခန်း (Gold Camp) ၌ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဝန်ထမ်း မိသားစုများ ယာယီပြောင်းရွှေ့နေထိုင်မှုများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်း များနှင့် တွေ့ဆုံအားပေးစကားပြောကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 05
  • MAY

  • 05 May 2025
  • နေပြည်တော်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးနှင့် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့သည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် မေလ (၅) ရက်နေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရုံးမြေဧရိယာအတွင်း၌ မန္တလေး ငလျင်ဒဏ်ကြောင့် ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစု များ၏ ဆောက်လုပ်ပြီးစီးခဲ့သည့် ဘာရှာအဆောက်အဦသို့ ပြောင်းရွှေ့နေထိုင်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရုံးမြေဧရိယာအတွင်းရှိ ခြောက်ခန်းတွဲဝန်ထမ်းအိမ်ရာဝန်းကျင်၌ ကိုယ်စီဆောက်လုပ်ပေး ထားသော ဘာရှာအဆောက်အဦများတွင် ဝန်ထမ်းများမိသားစုအလိုက် နေအိမ်နေထိုင်မှုများ၊ လျှပ်စစ်မီးသွယ်တန်းထားရှိမှုများ၊ သုံးရေသွယ်တန်းထားရှိမှုများ၊ ရေချိုးခန်းနှင့်သန့်စင်ခန်း တည်ဆောက်ထားမှုများကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းမိသားစုများအား အားပေးစကား ပြောကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နိုင်ငံတော်မှ ပေးအပ်မည့် Container House များရရှိပါက တည်ဆောက်ထားရှိရန် ရွေးချယ်ထားသည့် နေရာများကို ကြည့်ရှု စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ထားရှိကြရန် မှာကြား ခဲ့ပါသည်။ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော် အားကစား လေ့ကျင့်ရေးစခန်း (Gold Camp) ၌ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဝန်ထမ်း မိသားစုများ ယာယီပြောင်းရွှေ့နေထိုင်မှုများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်း များနှင့် တွေ့ဆုံအားပေးစကားပြောကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 01
  • MAY

  • 01 May 2025
  • တောင်ကြီး

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် မေလ (၁) ရက်နေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးအား သွားရောက် ကြည့်ရှုစစ်ဆေးပြီး ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံး၏ ရုံးလုပ်ငန်းဆောင်ရွက်နေမှုများအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ခံ ညွှန်ကြားရေးမှူးများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ် သည်များကို မှာကြားခဲ့ပါသည်။ ၎င်းနောက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပြီးစီးခဲ့သည့် ရုံးအဝင်လမ်း ခင်းခြင်းလုပ်ငန်းပြီးစီးမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ပါသည်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညွှန်ကြားရေးမှူးရုံး အစည်းအဝေး ခန်းမ၌ ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးက အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနသည် တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုများ ထိန်းသိမ်းမြှင့်တင် ခြင်းနှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကိုဆောင်ရွက်ပေးလျက်ရှိသည့်အပြင် နိုင်ငံတော်အတွက် “We are Myanmar” ဆိုသည့်  ပြည်ထောင်စုစိတ်ဓာတ် တိုးတက်ခိုင်မာစေရန် ဆောင်ရွက်ရပါကြောင်း၊ တိုင်းရင်းသားလူမျိုးတိုင်းသည် နိုင်ငံသားဖြစ်သကဲ့သို့ နိုင်ငံသား တိုင်းသည် တိုင်းရင်းသားများမဟုတ်ပါကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များအနေဖြင့် တိုင်းရင်းသားရေးရာကိစ္စရပ်များ ဆောင်ရွက်ရာတွင်ပုဂ္ဂိုလ်စွဲ၊ လူမျိုးစွဲမထားဘဲ ပြည်ထောင်စု၏အကျိုးကို ရှေးရှုပြီး တိုင်းရင်းသားများအချင်းချင်း စည်းလုံးညီညွတ်မှုပိုမိုခိုင်မြဲအောင် ဝိုင်းဝန်းဆောင်ရွက်ကြ ရန် တိုက်တွန်းလိုပါကြောင်း၊ မိမိတို့ တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့် ပတ်သက်၍ ပွင့်လင်းစွာတင်ပြဆောင်ရွက် ကြရန် ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပါသည်။ ၎င်းနောက် ရှမ်း၊ ကချင်၊ ပအိုဝ်း၊ ဓနု၊ တောင်ရိုး၊ အင်းသား၊ လီဆူ၊ ကိုးကန့်၊ ယင်းကြား၊ ယင်းနက်နှင့် ထနော့ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များက တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ၊ အသင်းအဖွဲ့မှတ်ပုံတင်ခွင့်ရရှိရေး၊ တိုင်းရင်းသားဒေသများတွင် သက်ဆိုင်ရာတိုင်းရင်းသားစာပေသင်ကြားရေးသင်တန်များနှင့်စပ်လျဉ်း၍ အထွေထွေဆွေးနွေးတင်ပြကြရာ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုတို့က ပြန်လည်ရှင်းလင်းဆွေးနွေးကာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 01
  • MAY

  • 01 May 2025
  • ရှမ်းပြည်နယ်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် မေလ (၁) ရက်နေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးအား သွားရောက် ကြည့်ရှုစစ်ဆေးပြီး ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံး၏ ရုံးလုပ်ငန်းဆောင်ရွက်နေမှုများအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ခံ ညွှန်ကြားရေးမှူးများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ် သည်များကို မှာကြားခဲ့ပါသည်။ ၎င်းနောက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပြီးစီးခဲ့သည့် ရုံးအဝင်လမ်း ခင်းခြင်းလုပ်ငန်းပြီးစီးမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ပါသည်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညွှန်ကြားရေးမှူးရုံး အစည်းအဝေး ခန်းမ၌ ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးက အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနသည် တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုများ ထိန်းသိမ်းမြှင့်တင် ခြင်းနှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကိုဆောင်ရွက်ပေးလျက်ရှိသည့်အပြင် နိုင်ငံတော် အတွက် “We are Myanmar” ဆိုသည့်  ပြည်ထောင်စုစိတ်ဓာတ် တိုးတက်ခိုင်မာစေရန် ဆောင်ရွက်ရပါကြောင်း၊ တိုင်းရင်းသားလူမျိုးတိုင်းသည် နိုင်ငံသားဖြစ်သကဲ့သို့ နိုင်ငံသား တိုင်းသည် တိုင်းရင်းသားများမဟုတ်ပါကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များအနေဖြင့် တိုင်းရင်းသားရေးရာကိစ္စရပ်များ ဆောင်ရွက်ရာတွင်ပုဂ္ဂိုလ်စွဲ၊ လူမျိုးစွဲမထားဘဲ ပြည်ထောင်စု၏အကျိုးကို ရှေးရှုပြီး တိုင်းရင်းသားများအချင်းချင်း စည်းလုံးညီညွတ်မှုပိုမိုခိုင်မြဲအောင် ဝိုင်းဝန်းဆောင်ရွက်ကြ ရန် တိုက်တွန်းလိုပါကြောင်း၊ မိမိတို့ တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့် ပတ်သက်၍ ပွင့်လင်းစွာတင်ပြဆောင်ရွက် ကြရန် ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပါသည်။ ၎င်းနောက် ရှမ်း၊ ကချင်၊ ပအိုဝ်း၊ ဓနု၊ တောင်ရိုး၊ အင်းသား၊ လီဆူ၊ ကိုးကန့်၊ ယင်းကြား၊ ယင်းနက်နှင့် ထနော့ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များက တိုင်းရင်းသား ရေးရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ၊ အသင်းအဖွဲ့မှတ်ပုံတင်ခွင့်ရရှိရေး၊ တိုင်းရင်းသားဒေသများတွင် သက်ဆိုင်ရာတိုင်းရင်းသားစာပေ သင်ကြားရေးသင်တန်များ နှင့်စပ်လျဉ်း၍ အထွေထွေဆွေးနွေးတင်ပြကြရာ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုတို့က ပြန်လည်ရှင်းလင်းဆွေးနွေးကာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 30
  • APR

  • 30 April 2025
  • ရှမ်းပြည်နယ်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ဧပြီလ (၃၀) ရက်နေ့ နေ့လယ်ပိုင်းတွင် မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာ အဆောက်အဦသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။ ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးသည် သင်တန်းစင်တာ ခန်းမဆောင်အတွင်း ဝန်ထမ်း များနှင့်တွေ့ဆုံပြီး ဝန်ထမ်းများအနေဖြင့် မိမိတို့၏ ရာထူးအဆင့်အလိုက် လုပ်ငန်းတာဝန်များ ကျေပွန်စွာ ထမ်းဆောင်ကြရမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားရေးရာကိစ္စရပ်များ ဆောင်ရွက် ရာတွင် “We are Myanmar” ဆိုသည့်  “ပြည်ထောင်စုစိတ်ဓာတ်” တိုးတက်ခိုင်မာစေရန် ဆောင်ရွက်ရန်လိုပါကြောင်း၊ ယခုသဘာဝဘေးတွင်လည်း မူလအခြေအနေထက် မြင့်မား သောအခြေအနေရောက်အောင် နိုင်ငံတော်၏ဦးဆောင်မှုဖြင့် စည်းလုံးညီညွတ်စွာဝိုင်းဝန်း ဆောင်ရွက်ကြမည်ဖြစ်ပါကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု၏ ခွင့်ပြု ဘဏ္ဍာရန်ပုံငွေနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုဘဏ္ဍာရန်ပုံငွေ တို့ဖြင့် ဒေသခံ တိုင်းရင်းသားလူငယ်များ၏ သက်မွေးပညာသင်တန်းများ ပုံမှန်ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုတင်စီမံဆောင်ရွက်ထားရန် မှာကြားလိုပါကြောင်း၊ သင်တန်းများဖွင့်လှစ်ရာတွင်လည်း ဒေသခံတိုင်းရင်းသားများ၏ ဒေသနှင့်ကိုက်ညီပြီး ပိုမိုအကျိုးဖြစ်ထွန်းစေမည့် သင်တန်းပညာ ရပ်များကို ကွင်းဆင်းစစ်တမ်းကောက်ယူပြီး သင့်တော်သောသင်တန်းများကို အသိအမှတ်ပြု  လက်မှတ်များ ပေးအပ်နိုင်သည်အထိ ရွေးချယ်ပြီးသင်ကြားစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက ဝန်ထမ်းများအား တွေ့ဆုံအားပေးစကားပြောကြားပြီး၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများက လုပ်ငန်းဆောင်ရွက်နေမှုများကို power point ဖြင့် ရှင်းလင်းတင်ပြကာ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုက ဖြည့်စွက်ရှင်းလင်းဆွေးနွေးပါသည်။ ဆွေးနွေးတင်ပြ ချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သင်တန်းစင်တာ ပင်မလေးထပ် အဆောက်အဦအတွင်းရှိ အစည်းအဝေးခန်းမ၊ သင်တန်းခန်းမများ၊ ရုံးခန်းများ၊ သင်တန်းသူ၊ သင်တန်းသား အိပ်ဆောင်များအတွင်း မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ငလျင် ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်အစိတ်အပိုင်းများကို အဆောက်အဦ အင်ဂျင်နီယာ စစ်ဆေးရေးအဖွဲ့များ၏ စစ်ဆေးအကြုံပြုချက်များအတိုင်း အမြန်ဆုံးပြုပြင်နိုင်ရေး ဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။ ယင်းနောက် ပင်မအလုပ်ရုံခန်းမများ၊ စားရိပ်သာဆောင်နှင့် သင်တန်းစင်တာ ဧရိယာအတွင်း  လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ပါသည်။ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဒေသခံတိုင်းရင်းသားလူငယ်များ၏ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးအတွက် ပြည်ထောင်စုနှင့် ရှမ်းပြည်နယ် ဘဏ္ဍာရန်ပုံငွေများဖြင့် သက်မွေးပညာသင်တန်းများ (၂၂) ကြိမ် ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပြီး သင်တန်းသူ/သား ဦးရေ (၄၄၀) ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပါသည်။ အဆိုပါသင်တန်းသူ၊ သင်တန်းသားများသည် ၎င်းတို့ရပ်ရွာဒေသများတွင် သင်တန်းမှ သင်ကြားပို့ချပေးသည့် ပညာရပ်များဖြင့် လက်တွေ့အသုံးချ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်လုပ်ကိုင် လျက်ရှိကြောင်း သိရှိရပါသည်။  

ဆက်လက်ဖတ်ရှုပါရန်
  • 22
  • APR

  • 22 April 2025
  • နေပြည်တော်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးနှင့် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့သည် တာဝန်ရှိသူများလိုက်ပါလျက် ဧပြီလ (၂၂)ရက်နေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာန (၂)ခုတို့မှ ဝန်ထမ်းများ၏ ရုံးလုပ်ငန်းများ ပုံမှန်ပြန်လည်ဆောင်ရွက်နေမှု အခြေအနေများအား   လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည် ဌာနအကြီးအကဲများ၊ ဌာနခွဲ တာဝန်ခံများနှင့် တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ထမ်းများအနေဖြင့် မူလရုံးခန်းများတွင် တာဝန်များကို စနစ်တကျ ထမ်းဆောင်နေသည်ကိုတွေ့ရပြီး  အချို့ပြင်ဆင်ရန် လိုအပ်သည့် အခန်းများအတွက်လည်း အမြန်ဆုံး ပြန်လည်ပြင်ဆင်ပြီး မူလအတိုင်း တာဝန် ထမ်းဆောင်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဝန်ထမ်းအိမ်ယာများအတွက်လည်း နိုင်ငံတော်မှ မူလအတိုင်း တိုက်များဖြင့် ပြန်လည်နေထိုင်နိုင်ရန် ဆောင်ရွက်နေစဉ်ကာလ အတွင်း မိသားစုအလိုက် လွတ်လွတ်လပ်လပ် လုံလုံခြုံခြုံ  နေထိုင်နိုင်ရန် ယာယီလုံးချင်းတဲ များကို ရေ၊ မီး၊ မိလ္လာအပြည့်အစုံဖြင့် တည်ဆောက်ပေးလျက်ရှိကြောင်း၊ မူလတာဝန်များ ဆောင်ရွက်ရာတွင်လည်း လိုအပ်ချက်များကို ဆင့်ကဲတင်ပြပြီး တက်ညီလက်ညီ ဝိုင်းဝန်း ဖြေရှင်းသွားရန်လိုကြောင်းနှင့် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် နိုင်ငံတော် အစိုးရ၊ နိုင်ငံတကာနှင့် ပြည်တွင်းအလှူရှင်များမှ ငလျင်ဘေးသင့် ဝန်ထမ်းများအတွက်  ကူညီ ပေးအပ်သော စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများအား ဝန်ထမ်းများသို့ စနစ်တကျ ခွဲဝေပေးအပ်နေသည်ကို သွားရောက်ကြည့်ရှုအားပေးခဲ့ပါသည်။ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရုံးမြေဧရိယာ အတွင်း ဝန်ထမ်းမိသားစုများ တစ်နှစ်ကျော်ခန့် စည်းစည်းလုံးလုံး  လုံလုံခြုံခြုံ နေထိုင်နိုင်ရန် အတွက် ဆောက်လုပ်လျက်ရှိသော လုံးချင်းယာယီတဲများ၊ သုံးရေသွယ်တန်းထားရှိမှု၊ လျှပ်စစ်မီး သွယ်တန်းနေမှု၊ အရန်မီးအဖြစ် အသုံးပြုနိုင်ရန်အတွက် Solar တပ်ဆင်ထားရှိမှု နှင့်ယင်လုံအိမ်သာ ဆောက်လုပ်ထားရှိမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည် များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်