ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီးသတင်းများ

  • 28
  • JAN

  • 28 January 2025
  • နေပြည်တော်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဥပဒေအသိပညာပြန့်ပွားရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးဖွင့်ပွဲအခမ်းအနားကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ညွှန်ကြားရေးမှူးရုံးများမှ အရာထမ်း၊ အမှုထမ်းများက Online စနစ်ဖြင့် တက်ရောက် ကြပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော် အကြီးအကဲ၏ မူဝါဒနှင့်အညီ ဝန်ကြီးဌာနရှိ ဝန်ထမ်းများအနေဖြင့် တည်ဆဲဥပဒေများ၊ နည်းဥပဒေများကို သိရှိနိုင်ရန်နှင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် ယခုအစီအစဉ်ကို ကျင်းပ ပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေနှင့် နည်းဥပဒေများကို ရှင်းလင်းဆွေးနွေးမှုများမှ လေ့လာမှတ်သားကြရမည့် အခြေခံအချက်များ ရရှိလာမည်ဖြစ်ပြီး ဆက်လက်၍ လေ့လာနိုင်စေရန် အစပျိုးပေးသည့် အစီအစဉ်လည်းဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်း တစ်ဦးအနေဖြင့်  မသိမဖြစ်သိရှိရမည့် ဥပဒေ၊ နည်းဥပဒေများကို လေ့လာမှတ်သားရမည်ဖြစ်ပြီး မိမိတို့ဝန်ကြီးဌာနက ကျင့်သုံးလျက်ရှိသော ဥပဒေ၊ နည်းဥပဒေများအပြင် ဆက်စပ်ဆောင်ရွက် ရသည့် အခြားသောဝန်ကြီးဌာနများ၏ ဥပဒေ၊ နည်းဥပဒေများကိုလည်း သိရှိလေ့လာရန် လိုအပ် မည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့ဆောင်ရွက်ရသည့် လုပ်ငန်းများကို စည်းမျဉ်း စည်းကမ်းများနှင့် ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်ရန်၊ ပွင့်လင်းမြင်သာမှုရှိရန်၊ ရာထူး၊ နေရာ အလိုက် စီမံခန့်ခွဲတတ်စေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒများ၊ ထုတ်ပြန်ထားရှိသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ အမိန့်နှင့်ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တိုင်းရင်းသားများ၏ လူမှုစီးပွား ဘဝမြင့်မားတိုးတက်စေရေးအတွက် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် စာဖတ်ရှိန် မြှင့်တင်ရေးနှင့်ပတ်သက်၍ ပြောကြားရာတွင် ဗဟုသုတသိမှတ်ဖွယ်ရာများကို လေ့လာဖတ်ရှု မှတ်သားခြင်းသည် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေပြီး ရသစာပေဖတ်ရှု ခြင်းအားဖြင့် ကိုယ်ချင်းစာစိတ်၊ အပြန်အလှန်လေးစားမှု၊ ယဉ်ကျေးမှု၊ သိမ်မွေ့မှု၊ ညှာတာ သနားစိတ်စသည့် နှလုံးသားအာဟာရများကို ဖြစ်ပေါ်စေမည်ဖြစ်ပါကြောင်း၊ စာအုပ်စာပေများ ဖတ်ရှုလေ့လာရာတွင် ဗဟုသုတသိမှတ်ဖွယ်ရာ စာအုပ်စာစောင်များအပြင် လူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်းအတွင်း ကောင်းမွန်စွာ ရှင်သန်နေထိုင်နိုင်ရေးအတွက် နှလုံးသားအာဟာရ ဖြစ်စေသော ရသစာပေများကိုလည်း ဖတ်ရှုကြရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ဝန်ထမ်းများအားလုံး မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစုများ၏ သမိုင်းကြောင်း၊ ရိုးရာဓလေ့ထုံးတမ်း၊ ယဉ်ကျေးမှု၊ သမိုင်းအမွေအနှစ်၊ စကားစာပေ၊ နေ့စဉ်လှုပ်ရှားနေထိုင်မှု၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်ဆိုင်သည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အချက်များအား လေ့လာမှတ်သားကြရမည် ဖြစ်ပါကြောင်း၊ သို့မှသာ တိုင်းရင်းသားလူမျိုးစုတစ်စုနှင့်တစ်စု အပြန်အလှန်လေးစား၍ ချစ်ကြည် ရင်းနှီးမှုကိုရရှိပြီး တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေပါ ရည်ရွယ်ချက်များနှင့် ဝန်ကြီးဌာန၏ မျှော်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက် နိုင်မည်ဖြစ်ပါကြောင်း၊ ယနေ့ဆွေးနွေးချက်များကို သေချာစွာ လေ့လာမှတ်သားပြီး  လုပ်ငန်း တာဝန်နှင့် ဘဝအတွက် လိုအပ်သည့်ပညာရပ်များကို ဆက်လက်လေ့လာသွားကြရန်နှင့် စည်းကမ်း၊ ဥပဒေများကို လိုက်နာမှသာ မိမိ၊ မိသားစုနှင့် အဖွဲ့အစည်းကိစ္စရပ်များ ကျေပွန်စွာ ဆောင်ရွက် နိုင်မည်ဖြစ်ပြီး  နိုင်ငံတော်နှင့် ဝန်ကြီးဌာန၏ ရည်မှန်းချက်ပန်းတိုင်များကို အခက်အခဲမရှိ ထိရောက် အောင်မြင်စွာ ဆောင်ကြဉ်းပေးနိုင်သော နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်ကြပါစေကြောင်း တိုက်တွန်း ပြောကြားပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က  ယနေ့အခမ်းအနားကို နိုင်ငံတော် အကြီးအကဲ၏ မူဝါဒအရ ဝန်ထမ်းများ ဥပဒေအသိပညာပြန့်ပွားရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အတွက် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးတည်ချက်(၉) ရပ်အနက် လူမှုရေးဦးတည်ချက်(က)တွင် “တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာမြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များ ထွန်းကား လာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည် ဖော်ဆောင်ရေး” ဟူ၍ ပါရှိပြီး (ဂ)တွင် “နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များ အနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” ဟူ၍ ပါရှိသဖြင့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ် လူရွယ်ဝန်ထမ်းကောင်းများဖြစ်စေရေးအတွက် မိမိတို့၏ စွမ်းဆောင်ရည်များကို စဉ်ဆက်မပြတ် မြှင့်တင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအားလုံး ဥပဒေကို သိရှိနားလည် လိုက်နာမှသာ အကျိုးရှိမှန်ကန်ထိရောက်သည့် လုပ်ရပ်များကို ဥပဒေဘောင်အတွင်းမှ  ဆောင်ရွက် နိုင်မည်ဖြစ်သဖြင့် နိုင်ငံတော်အတွက်သာမက ပြည်သူလူထုတစ်ရပ်လုံးအတွက်ပါ အကျိုးရလဒ် ကောင်းများ ဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ပတ်သက်၍ ပြောကြားရာတွင် စာဖတ်ခြင်းသည် အသက်အရွယ်အလျောက် သတိနှင့်အသိကျဆင်းမှုကို ကာကွယ်ပေးနိုင်သည့်အတွက် စာကိုမဖြစ်မနေ ဖတ်ရှုသင့်ပါကြောင်း၊ စာဖတ်ခြင်းအားဖြင့် အဖိုးတန်အသိပညာ၊ ဗဟုသုတများရရှိခြင်း၊ ဦးနှောက်ကို လေ့ကျင့်ပေးနိုင်ခြင်း၊ အာရုံစူးစိုက်မှု တိုးတက်ခြင်း၊ မှတ်ဉာဏ်ကောင်းခြင်း၊ စိတ်ဖိစီးမှုလျော့ချနိုင်ခြင်း၊ စိတ်ဓာတ်ကြံ့ခိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ စာပေဖတ်ရှုသည့် အလေ့အထများ ပြန်လည် ထွန်းကားလာမှသာ လူတစ်ဦးချင်းအလိုက် အသိပညာဗဟုသုတများ မြင့်မားတိုးတက်လာပြီး လူမှုပတ်ဝန်းကျင်နှင့် နိုင်ငံတော်ကို အကျိုးပြုမည်ဖြစ်ပါကြောင်း၊ ယနေ့အခမ်းအနားမှ ဝန်ကြီး ဌာနရှိ ဝန်ထမ်းများအတွက် အကျိုးရှိသော ရလဒ်များရရှိရန် မျှော်လင့်ပါကြောင်း၊  အဆိုပါ အကျိုးရလဒ်များသည် ဝန်ကြီးဌာန၊ တိုင်းရင်းသားများနှင့် နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်း စေမည်ဖြစ်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားများနှင့် နိုင်ငံသားများအားလုံး၏ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် အုပ်တစ်ချပ် သဲတစ်ပွင့် ဖြစ်ကြပါစေကြောင်း ပြောကြားပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးရုံးမှ လက်ထောက်အတွင်းဝန် ဦးကီးလိန်းက “၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ” အားလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်တင်တင်နွယ်က “တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေပါ တာဝန်နှင့် လုပ်ပိုင်ခွင့်များနှင့် တိုင်းရင်းသားရေးရာဆိုင်ရာ ပြဋ္ဌာန်းချက်များ” အားလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မိုးမိုးသန်းက “တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေပါ အခွင့်အရေးများနှင့် နည်း ဥပဒေများ” အားလည်းကောင်း အသီးသီးရှင်းလင်းပြောကြားပါသည်။ ၎င်းနောက် တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 27
  • JAN

  • 27 January 2025
  • နေပြည်တော်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တိုက်တာဝန်ခံများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဝန်ကြီးဌာနများအလိုက် ဝန်ထမ်းများအတွက် ခွဲဝေချထားပေးသော နိုင်ငံတော်ပိုင်တိုက်ခန်းများတွင် နေထိုင်ခွင့်ရရှိသူများအနေဖြင့် အိမ်ရာပတ်ဝန်းကျင်သန့်ရှင်းရေး ဆောင်ရွက်မှု ရှိ မရှိ၊ ချမှတ်ထားသော အိမ်ရာများတွင်  အိမ်ထောင်စုစာရင်းအတိုင်း နေထိုင်ခြင်း ရှိ မရှိနှင့် မသက်ဆိုင်သူများ နေထိုင်မှုမရှိစေရေးတို့အတွက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနပိုင် ဇဗ္ဗူသီရိမြို့နယ်၊ ဗလသိဒ္ဓိရပ်ကွက်အတွင်းရှိ အရာထမ်း၊ အမှုထမ်း အိမ်ရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးပါသည်။ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝန်ထမ်းအိမ်ရာများတွင် ရေ၊ မီး ရရှိမှုအခြေအနေ၊ အဆောက်အဦ ကြံ့ခိုင်မှုအခြေအနေများ၊ အိမ်ထောင်စုစာရင်းအတိုင်း နေထိုင်မှု ရှိ မရှိ၊ ယာယီနေရပ်စွန့်ခွာနေကြသည့် မိသားစုဝင်များ ဝန်ထမ်းအိမ်ရာများတွင် လာရောက်နေထိုင်ခြင်း ရှိ မရှိနှင့် ရှိပါက ဧည့်စာရင်းတိုင်ကြားမှု ရှိ မရှိ၊ အိမ်ရာပတ်ဝန်းကျင်ရှိ မြေလွတ် မြေလပ်များတွင် သီးပင်စားပင်များ စိုက်ပျိုးထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က အိမ်ရာများတွင် နေထိုင်ကြသော အရာထမ်း၊ အမှုထမ်းများအနေဖြင့် မိမိတို့တိုက် ပတ်ဝန်းကျင် သန့်ရှင်းရေးကို နေ့စဉ်/ အပတ်စဉ်အလိုက် ပူးပေါင်းဆောင်ရွက်ရန်၊ ရေနုတ်‌မြောင်းများအား ရေစီးရေလာ ကောင်းမွန်အောင် စုပေါင်းဆောင်ရွက်ကြရန်၊ အမှိုက်များကို စနစ်တကျ စွန့်ပစ်ရန်၊ ဝန်ထမ်းအိမ်ရာ စည်းကမ်းများနှင့်အညီနေထိုင်ကြရန်၊ မီးဘေးအန္တရာယ် မဖြစ်ပွားစေရေး အထူးအလေးထား နေထိုင်ကြရန်၊ လျှပ်စစ်မီး လုံခြုံရေးနှင့်ပတ်သက်၍ အရေးပေါ်အခြေအနေတွင် မည်သို့ပြုမှု ဆောင်ရွက်ရန်တို့ကို မှာကြားပါသည်။ ထို့နောက် တိုက်ခန်းနေ မိသားစုများအား လိုအပ်ချက်များ မေးမြန်းခဲ့ရာ သက်ဆိုင်ရာ တိုက်တာဝန်ခံများက လိုအပ်သည်များကို တင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဝန်ထမ်းမိသားစုများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြောင်း သတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 03
  • JAN

  • 03 January 2025
  • ရန်ကုန်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့သည် တာဝန်ရှိသူများလိုက်ပါလျက်  ဇန်နဝါရီလ (၁) ရက်နေ့ နေ့လယ်ပိုင်းတွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)သို့ သွားရောက်ခဲ့ပြီး ရုံးလုပ်ငန်းဆောင်ရွက်နေမှုများ၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ စီမံကိန်းပါ လုပ်ငန်းပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေနှင့် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေ  များဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း တင်ဒါခေါ်ယူဆောင်ရွက်လျက်ရှိသည့် ပြည်ထောင်စုခန်းမပြုပြင်ခြင်းလုပ်ငန်းများ၊ အုပ်ချုပ်မှုရုံးအဆောက်အအုံများ၊ ကပွဲခန်းမပြုပြင်ခြင်းလုပ်ငန်း၊ ရေ၊ မီးရရှိရေး စသည့် ဆောက်ရွက်ဆဲလုပ်ငန်းများတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ရာ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လုပ်ငန်းများ အရည်အသွေးပြည့်မီစေရန်၊ အချိန်မီပြီးစီးအောင်ဆောင်ရွက်ကြရန်နှင့် လိုအပ်သည် များကို အသေးစိတ်ကြည့်ရှုစစ်ဆေးမှာကြားခဲ့ပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့တို့သည် ယခင်ခရီးစဉ်များအတွင်း စစ်ဆေးကြည့်ရှုဆောင်ရွက်သွားရန် ညွှန်ကြားချက်များအပေါ် ဆောင်ရွက်ပြီးစီး ထားရှိမှုများကို လိုက်လံကြည့်ရှု စစ်ဆေးရာ ပထမဦးစွာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်နှင့် ရှမ်း တိုင်းရင်းသားများ၏ ရိုးရာနေအိမ်တည်ဆောက်ရေးပြုပြင်ထိန်းသိမ်းမှုလုပ်ငန်း များအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က တိုင်းရင်းသားယဉ်ကျေးမှုရိုးရာအိမ်များအား ၎င်းတို့၏ မူလရိုးရာအစဉ် အလာများမပျောက်ပျက်အောင် ဂရုပြုထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊  အဆောက်အအုံများ ရေရှည်တည်တံ့ခိုင်မြဲမှုရှိစေရန်လည်း စဉ်ဆက်မပြတ်ပြုပြုမွမ်းမံ ထိန်းသိမ်းရမည်ဖြစ်ပါကြောင်း၊ ယခုဘဏ္ဍာရေးနှစ်အတွင်း တင်ဒါခေါ်ယူဆောင်ရွက်လျက် ရှိသည့်လုပ်ငန်းများကို တာဝန်ရှိသူများက အနီးကပ်ကြီးကြပ် ကွပ်ကဲဆောင်ရွက်ရန်၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင်နှင့် သတ်မှတ်စံချိန်စံ ညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီအောင်ဆောင်ရွက်ရန်ကြရန်နှင့် အကြီးစားပြုပြင် ထိန်းသိမ်းရန်လိုအပ်နေသည့် လုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ဆက်လက်ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန် မှာကြားခဲ့ပါသည်။ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်)တွင်  တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကား ပြောကြားရာတွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာသည် တိုင်းရင်းသား လူမျိုးများ၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်၊ ဓလေ့ထုံးတမ်းအစဉ်အလာများနှင့် အချို့သော သမိုင်းဝင် မှတ်တမ်းများကို တစ်နေရာတည်းတွင်စုစည်း၍ လေ့လာသိရှိမှတ်သားနိုင်စေရန် မီးမှောင်းထိုး ပြသဖော်ကျူးထားသည့်နေရာဖြစ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် ယခုထက် ပိုမို ကောင်းမွန်အောင် စောင့်ကြပ်ကြည့်ရှုပြုပြင်ထိန်းသိမ်းခြင်း၊ မွမ်းမံခြင်းနှင့် လာရောက် လေ့လာကြည့်ရှုသည့် ပြည်သူလူထုများကိုလည်း စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် စနစ်တကျ ယဉ်ကျေးသိမ်မွေ့စွာဖြင့်ရှင်းလင်းတင်ပြတတ်ရန် လိုအပ်ပါကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာကို ယခင်က ဒီရေတောနယ်မြေ ဖြစ်နေသော်လည်း ဥယျာဉ်သဖွယ် စိမ်းလန်းစိုပြည်သာယာလှပရေးအတွက် နည်းပညာ များဖြင့်ဆောင်ရွက်နိုင်ရန် ယခုထက်ပိုမို ပြုပြင်ထိန်းသိမ်းရန်လိုအပ်သည့်လုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် တင်ပြတောင်းခံသွားရန်နှင့် ဆောင်ရွက်လိုသည့် လုပ်ငန်းများကို သက်ဆိုင်ရာဦးစီးဌာနသို့ အချိန်မီတင်ပြသွားရန်လိုအပ်ကြောင်း၊ နိုင်ငံတော် ဘတ်ဂျက်ရန်ပုံငွေများကိုလည်း ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ မှန်ကန်စွာ သုံစွဲရေး၊ အလေအလွင့်၊ ဆုံးရှုံးမှုနှင့်မသမာမှုများမရှိစေရေးနှင့် နိုင်ငံတော်၏ ခြိုးခြံချွေတာရေး မူများကိုလည်း အထူးအလေးဂရုပြုလိုက်နာ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အထူးသဖြင့် ဝန်ထမ်းများတို့သည် တိုင်းရင်းသားလူမျိုးများရေးရာလုပ်ငန်း ဆောင်တာများကို ဆောင်ရွက်ရာတွင် နိုင်ငံတော်မှပြဋ္ဌာန်းထားရှိသော ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ စနစ်တကျ မှန်ကန်စွာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည်နှင့်အညီ ဝန်ထမ်းများပီပီ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆) ချက်၊ ကျင့်ဝတ်အပါး (၃၀)တို့ကိုလည်း လိုက်နာ စောင့်ထိန်းတတ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းသက်သာ ချောင်ချိရေး အတွက် သီးပင်စားပင်များကို ယခုထက်ပိုမိုပြီး စနစ်တကျစိုက်ပျိုးကြရန်နှင့် အထူးသဖြင့် လုံခြုံရေး အသိ၊ လုံခြုံရေးသတိများနှင့်အညီ မိမိတို့၏လုပ်ငန်းဆောင်တာများကို အစဉ်အမြဲ ဂရုပြုမူ လုပ်ရှားဆောင်ရွက်ကြရန် အထူးမှာကြားလိုပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် ဒို့တာဝန် အရေး(၃)ပါးကိုမထိခိုက်စေဘဲ စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စု စိတ်ဓာတ်ကိုအခြေခံလျက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့နှင့်အညီ နိုင်ငံသူ၊ နိုင်ငံသားများအားလုံးတို့က မျှော်လင့်တောင့်တ နေသည့် တိုင်းပြည်သာယာဝပြောရေးကို ဖြစ်ပေါ်လာစေမည့် ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် ဝန်ထမ်းများ အားလုံးက မိမိတို့ကျရာအခန်းကဏ္ဍမှ အစွမ်းကုန်ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက် သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။၎င်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က တွေ့ဆုံအမှာစကားပြောကြားရာတွင် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာသည် တိုင်းရင်းသားများအားလုံး၏ အဓိကပြုယုဒ်တစ်ခု ဖြစ်သည့်အတွက် တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများအနေဖြင့် မိမိကိုယ်ကို ဂုဏ်ယူစွာ တာဝန်ထမ်းဆောင် ကြရမည်ဖြစ်ပါကြောင်း၊ ယခုဘဏ္ဍာနှစ်အတွင်း တင်ဒါခေါ်ယူ ဆောင်ရွက်လျက်ရှိသည့် ဘယ်ရီဂိတ်တပ်ဆင်ခြင်းလုပ်ငန်း၊ ဝင်္ကပါပတ်လမ်းလုပ်ငန်း၊ ရေပန်းအလှတပ်ဆင်ခြင်းလုပ်ငန်း၊ အဆောက်အဦဆေးသုတ်ခြင်းလုပ်ငန်းနှင့် အများပြည်သူ သုံးသန့်စင်ခန်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို သတ်မှတ်အချိန်ကာလအတွင်း အချိန်မီ ပြီးစီးအောင်ဆောင်ရွက်ကြရန်နှင့် လုပ်ငန်းများအရည်အသွေးပြည့်မီစေရေးတာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ကွပ်ကဲကြရန် မှာကြားလိုပါကြောင်း၊  လာမည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေး နှစ်တွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာအတွင်း ပြည်သူများပိုမိုစိတ်ချမ်းသာစွာ အပန်းဖြေနိုင်ရန်အတွက် ဖူဆယ်ဘောလုံးကွင်း၊ အရုပ်ကောက်စက်နှင့် ရေကူးကန်လုပ်ငန်း စသည်များကို ဆက်လက်ဆောင်ရွက်စေလိုပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံဥပဒေ ၊ ဘဏ္ဍာရေးစည်းမျဉ်း (၃၅/ ၂၀၁၇) နှင့် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ၏ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့် နည်းဥပဒေကို အမြဲလေ့လာ ဖတ်မှတ်ထားရန် ၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ/ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ကြရန်နှင့် မိမိတို့၏ ရာထူးအဆင့်နှင့်လျော်ညီစွာ အရည်အသွေးပြည့်ဝပြီး စွမ်းဆောင်ရည်မြင့်မားကြရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်ဘဏ္ဍာငွေများကို ဘဏ္ဍာရေး စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီသုံးစွဲကြရန် ပြောကြားလိုပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ ပေးအပ်သောတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရန်နှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး၏ အနီးကပ်ကြီးကြပ် ကွပ်ကဲမှုဖြင့်  ကြိုးစားဆောင်ရွက် ကြရန် ပြောကြားခဲ့ပါသည်။၎င်းနောက် ဝန်ထမ်းများက ဌာနဆိုင်ရာလုပ်ငန်းလိုအပ်ချက်များကို အထွေထွေဆွေးနွေး တင်ပြကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဌာနဆိုင်ရာလုပ်ငန်းလိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 02
  • JAN

  • 02 January 2025
  • တနင်္သာရီတိုင်းဒေသကြီး

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် ရောက်ရှိနေသော တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်၊ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောမာတင်လူသာနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဒီဇင်ဘာလ (၂၉) ရက်နေ့၊ နံနက်ပိုင်းတွင် ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ၊ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က တွေ့ဆုံအမှာစကား ပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုများကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ တိုင်းရင်းသားရေးရာများကိုဆောင်ရွက်ခြင်းနှင့် စစ်မှန်သော မျိုးချစ် စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် တိုးတက်ခိုင်မာလာစေရေးအတွက် ကျန်းမာရေး၊ ပညာရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် လုပ်ငန်းတာဝန်များကို နိုင်ငံတော်က ပြဋ္ဌာန်းထားရှိသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉)ရပ်အနက် လူမှုရေးဦးတည်ချက်ပါ “တစ်နိုင်ငံလုံး အသိပညာအတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက် အကူပြု ပညာရှင်များထွန်းကားလာစေရေးတို့အတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံ ပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေး” ဆိုသည့် ဦးတည်ချက်ကို အထောက် အကူပြုစေရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် တိုင်းရင်းသားဘာသာ စာပေ သင်ကြားနိုင်စေရန်အတွက် ပညာရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိ ပါကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များအနေဖြင့် တရားဝင်သတ်မှတ်ချက် ဥပဒေနှင့်အညီ မှတ်ပုံတင်ထားရှိရန်လိုအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေနှင့်အညီ စနစ်တကျ မှတ်ပုံတင်နိုင်ရေးကိစ္စနှင့် တိုင်းရင်းသား များအတွက် တိုက်ရိုက်အကျိုးခံစားရစေမည့်လုပ်ငန်းများကို နိုင်ငံတော်၏ လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားတို့ကိုမထိခိုက်စေဘဲ ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိ ပါကြောင်း၊ တိုင်းရင်းသားဒေသများတွင် စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများတွင် ဆောင်ရွက်မည့်လုပ်ငန်းများတွင်လည်း တိုင်းရင်းသား များ၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာအရ သက်ဆိုင်သည့်မြေများ ပါဝင်မှုရှိ/မရှိ အချိန်နှင့်တစ်ပြေးညီ ကွင်းဆင်းစိစစ်ပြီး ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများစီမံခန့်ခွဲမှုဗဟိုကော်မတီသို့ သဘောထားမှတ်ချက်များ ပြန်ကြားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့ များအနေဖြင့် မိမိတို့၏ တိုင်းရင်းသားရေးရာကိစ္စရပ်များကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံတော်နှင့် တိုင်းရင်းသားလူမျိုးများ၏အကျိုးစီးပွားကိုရှေးရှု၍  တင်ပြဆောင်ရွက်နိုင်ပါ ကြောင်း၊ ယနေ့ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ၏ တင်ပြသည့် အချက်များကို စနစ်တကျသေချာမှတ်သားပြီး သက်ဆိုင်ရာ ဆက်စပ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များတို့နှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်း (၁၃၀) ကျော် စုပေါင်းနေထိုင်ကြသည့် ပြည်ထောင်စုနိုင်ငံတော်ကြီးဖြစ်သည်နှင့်အညီ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ထားရှိကြရန်လိုအပ်ပါကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ်ဆိုသည်မှာ  တိုင်းရင်းသားများအားလုံး “တစ်မြေတည်းနေ၊ တစ်ရေတည်းသောက် တို့အားလုံးသည် တိုင်းရင်းသားညီအစ်ကိုများဖြစ်ပြီး အရေးကြီးလျှင် သွေးနီးကြမည်” ဆိုသည့်စိတ်ဓာတ်၊ “တောင်ပေါ်မြေပြန့်မခွဲခြား၊ တို့အားလုံးသည် သားချင်းများဖြစ်ကြပြီး နိုင်ငံတော်ကိုပူးပေါင်း ကာကွယ်စောင့်ရှောက်ကြမည်” ဆိုသည့်စိတ်ဓာတ်၊ “မရှိအတူ ရှိအတူ၊ အေးအတူ ပူအမျှ၊ ဥမကွဲသိုက်မပျက် ချစ်ကြည်ရင်းနှီးစွာ အတူတကွလက်တွဲနေထိုင်ကြသည့် မိသားစုများ” ဆိုသည့် စိတ်ဓာတ်များပင်ဖြစ်ပါကြောင်း၊ အထူးသဖြင့် နွားကွဲလျှင်ကျားဆွဲပြီး ပျက်စီးရ သကဲ့သို့ တိုင်းရင်းသားလူမျိုးများနှင့် မြန်မာနိုင်ငံသားအချင်းချင်း စည်းလုံးညီညွတ်မှုမရှိသရွေ့ ပြည်ပမှသွေးခွဲပြီး နိုင်ငံသားအချင်းချင်းပျက်စီးအောင် လုပ်ဆောင်မှုများရှိနေမည်ဖြစ် ပါကြောင်း၊ စည်းလုံးညီညွတ်မှုမရှိသဖြင့် ဖြစ်ပေါ်လာသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ဆုံးရှုံးပျက်စီးမှုများ၊ ဖွံ့ဖြိုးမှုနောက်ကျခဲ့ရမှုများကို ခံစားကြရသည်မှာ မြန်မာနိုင်ငံသားများပင် ဖြစ်သည်ကို သေချာစွာရှုမြင်ဆင်ခြင်ပြီး အချင်းချင်းစိတ်ဝမ်းမကွဲပြားဘဲ အပြုသဘော ကောင်းကျိုးရလဒ်ကိုရှေးရှုသည့် မှန်ကန်သည့်စည်းလုံးညီညွတ်မှုကို ခိုင်မာအောင် တည်ဆောက်၍ မိမိနိုင်ငံအကျိုးစီးပွားကို ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြရန် အထူးလိုအပ် ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများအနေဖြင့် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ တစ်မျိုးနှင့် တစ်မျိုး အမုန်းမပွားအညှိုးမထားဘဲ ချစ်စကိုရှည်စေ မုန်းစကိုတိုစေ၊ အမိနိုင်ငံတော်၏ စစ်မှန်သောအကျိုးစီးပွားကို ဦးတည်ချက်ထားရှိနိုင်သည့် ချစ်ကြည်ရင်းနှီးသွေးစည်းညီညွတ်မှု များဖြင့်  စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံ၍ ဒို့တာဝန်အရေးသုံးပါးကို မထိခိုက်စေဘဲ နိုင်ငံသူ၊ နိုင်ငံသားများနှင့် တိုင်းရင်းသားပြည်သူများ အားလုံး မျှော်လင့်တောင့်တနေသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် မိမိတို့ကျရာအခန်းကဏ္ဍမှ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသ၍ အားကြိုးမာန်တက် အစွမ်းကုန်ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက် သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက တနင်္သာရီတိုင်းဒေသကြီးအတွင်း တိုင်းရင်းသားရေးရာလုပ်ငန်း ကိစ္စရပ်များနှင့် ဒေသအတွင်း ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းကိစ္စရပ်များ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ ၎င်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အဖွဲ့များက တိုင်းရင်းသားရေးရာလုပ်ငန်းကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကိစ္စရပ်များနှင့် ပတ်သက်ပြီး အထွေထွေဆွေးနွေးတင်ပြကြရာ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်က ပြန်လည်ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပြီး ဆွေးနွေး တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး တို့က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ယင်းနောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းကိစ္စရပ်များ ပိုမို ထိန်းသိမ်းမြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး တိုင်းရင်းသား ရေးရာဝန်ကြီးတို့က ထားဝယ်၊ ကရင်၊ မွန်နှင့် ဆလုံ (မော်ကယ်)   တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များကို ချီးမြှင့်ငွေများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 02
  • JAN

  • 02 January 2025
  • ရန်ကုန်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဒီဇင်ဘာလ (၂၈) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးရုံးများသို့ သွားရောက်ခဲ့ပြီး ရုံးလုပ်ငန်းဆောင်ရွက်နေမှုများ၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ စီမံကိန်းပါ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း တိုင်းရင်းသားရေးရာကိစ္စရပ်များ ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများ အပေါ် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး များတို့က လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ၎င်းနောက် ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ပြီး ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားရာတွင် ဝန်ထမ်းများသည် မိမိတို့ရာထူးအဆင့်နှင့် လျော်ညီစွာ အရည်အသွေးပြည့်ဝပြီး စွမ်းဆောင်ရည်မြင့်မားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်ဘတ်ဂျက်ရန်ပုံငွေများကိုလည်း ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ စနစ်တကျ မှန်ကန်စွာသုံးစွဲရေး၊ အလေအလွင့်၊ ဆုံးရှုံးမှုနှင့် မသမာမှုများ မရှိစေရေးနှင့် နိုင်ငံတော်၏ ခြိုးခြံချွေတာရေးမူများကိုလည်း အထူးအလေးဂရုပြုလိုက်နာ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အထူးသဖြင့် ဝန်ထမ်းများတို့သည် တိုင်းရင်းသားလူမျိုးများရေးရာ လုပ်ငန်း ဆောင်တာများကို ဆောင်ရွက်ရာတွင် နိုင်ငံတော်မှပြဋ္ဌာန်းထားရှိသော ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ စနစ်တကျမှန်ကန်စွာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည်နှင့်အညီ ဝန်ထမ်းများပီပီ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆) ချက်၊ ကျင့်ဝတ်အပါး (၃၀)တို့ကိုလည်း လိုက်နာစောင့်ထိန်းတတ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းသက်သာ ချောင်ချိရေးအတွက် သီးပင်စားပင်များကို ယခုထက်ပိုမို စနစ်တကျစိုက်ပျိုးကြရန်နှင့် အထူးသဖြင့် လုံခြုံရေးအသိ၊ လုံခြုံရေးသတိများနှင့်အညီ မိမိတို့၏လုပ်ငန်းဆောင်တာများကို အစဉ်အမြဲ ဂရုပြုမူလုပ်ရှားဆောင်ရွက်ကြရန် အထူးမှာကြားလိုပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် ဒို့တာဝန်အရေး(၃)ပါးကို မထိခိုက်စေဘဲ စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စု စိတ်ဓာတ်ကိုအခြေခံလျက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့နှင့်အညီ နိုင်ငံသူ၊ နိုင်ငံသားများအားလုံးတို့က မျှော်လင့်တောင့်တ နေသည့် တိုင်းပြည်သာယာဝပြောရေးကို ဖြစ်ပေါ်လာစေမည့် ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် ဝန်ထမ်းများ အားလုံးက မိမိတို့ကျရာအခန်းကဏ္ဍမှ အစွမ်းကုန်ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက် သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ဆက်လက်ပြီး ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ဝန်ထမ်းများအား တွေ့ဆုံအမှာစကား ပြောကြားရာတွင်  ဝန်ထမ်းများအနေဖြင့် (၂၀၀၈)  ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဘဏ္ဍာရေး စည်းမျဉ်း (၃၅ / ၂၀၁၇)နှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့် နည်းဥပဒေကို အမြဲလေ့လာ ဖတ်မှတ်ထားရန်၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ကြရန်၊ မိမိတို့၏ ရာထူးအဆင့်နှင့်လျော်ညီစွာ အရည်အသွေးပြည့်ဝပြီး စွမ်းဆောင်ရည်မြင့်မားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်ဘဏ္ဍာငွေများကို ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သုံးစွဲကြရန် ပြောကြားလိုပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ ပေးအပ်သော တာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရန်နှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး၏ အနီးကပ်ကြီးကြပ် ကွပ်ကဲမှုဖြင့်  ကြိုးစားဆောင်ရွက်ကြရန် ပြောကြားခဲ့ပါသည်။ထိုနောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက ဝန်ထမ်းများအား တွေ့ဆုံအားပေးစကားပြောကြားပြီး ဝန်ထမ်းများက လုပ်ငန်းလိုအပ်ချက်များကို အထွေထွေဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီး တိုင်းရင်းသား ရေးရာဝန်ကြီးတို့သည် ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးတွင် သောက်သုံးရေ လုံလောက်စွာ ရရှိနိုင်ရေးအတွက် ရေသိုလှောင်ခြင်း၊ ရေတင်ခြင်းလုပ်ငန်းနှင့် ရေဖြန့်ဝေ ပေးရေးလုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၌ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် လုပ်ငန်းများဆောင်ရွက်နိုင်ရေးနှင့်ပတ်သက်၍ ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 02
  • JAN

  • 02 January 2025
  • တနင်္သာရီတိုင်းဒေသကြီး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ရောက်ရှိနေသော တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့်အတူ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများလိုက်ပါလျက် ဒီဇင်ဘာလ (၃၀) ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး များသို့ သွားရောက်ခဲ့ပြီး ရုံးလုပ်ငန်းဆောင်ရွက်နေမှုများ၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ စီမံကိန်းပါ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေနှင့် တိုင်းဒေသကြီးရန်ပုံငွေများဖြင့် ဆောင်ရွက်မည့် တနင်္သာရီတိုင်းဒေသကြီးအတွင်း တိုင်းရင်းသားရေးရာလုပ်ငန်းကိစ္စရပ်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ထားဝယ်မြို့၊ ဆန်းချီရပ်ကွက်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လျာထားရန်ပုံငွေဖြင့် တည်ဆောက်သွားမည့် တိုင်းရင်းသားရေးရာစင်တာ မြေဧရိယာသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါသည်။ထားဝယ်မြို့တွင် တည်ဆောက်မည့် တိုင်းရင်းသားရေးရာစင်တာသည် တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ ထားဝယ်၊ ကရင်၊ မွန်နှင့် ဆလုံ(မော်ကယ်) တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု အနုပညာများ၊ အသိပညာ၊ အတတ်ပညာဆိုင်ရာများ၊ ရိုးရာဓလေ့၊ ရှေးဟောင်းသမိုင်းအမွေအနှစ်နှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို ပိုမိုထိန်းသိမ်းမြှင့်တင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် တနင်္သာရီတိုင်းဒေသကြီး၏ ဂုဏ်ဆောင်ပြယုဂ်တစ်ခုဖြစ်လာနိုင်ရန် တည်ဆောက်ပေးသွားမည် ဖြစ်ပါသည်။နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး တို့သည် တနင်္သာတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ဝန်ထမ်း များနှင့် တွေ့ဆုံအမှာစကားပြောကြားရာတွင် ဝန်ထမ်းများသည် မိမိတို့ရာထူးအဆင့်နှင့် လျော်ညီစွာ အရည်အသွေးပြည့်ဝပြီး စွမ်းဆောင်ရည်မြင့်မားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်ဘတ်ဂျက်ရန်ပုံငွေများကိုလည်း ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ စနစ်တကျ မှန်ကန်စွာသုံးစွဲရေး၊ အလေအလွင့်၊ ဆုံးရှုံးမှုနှင့် မသမာမှုများ မရှိစေရေးနှင့် နိုင်ငံတော်၏ ခြိုးခြံချွေတာရေးမူများကိုလည်း အထူးအလေးဂရုပြုလိုက်နာ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အထူးသဖြင့် ဝန်ထမ်းများတို့သည် တိုင်းရင်းသားလူမျိုးများရေးရာ လုပ်ငန်း ဆောင်တာများကို ဆောင်ရွက်ရာတွင် နိုင်ငံတော်မှပြဋ္ဌာန်းထားရှိသော ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ စနစ်တကျမှန်ကန်စွာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည်နှင့်အညီ ဝန်ထမ်းများပီပီ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆) ချက်၊ ကျင့်ဝတ်အပါး (၃၀)တို့ကိုလည်း လိုက်နာစောင့်ထိန်းတတ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းသက်သာ ချောင်ချိရေးအတွက် သီးပင်စားပင်များကို ယခုထက်ပိုမို စနစ်တကျစိုက်ပျိုးကြရန်နှင့် အထူးသဖြင့် လုံခြုံရေးအသိ၊ လုံခြုံရေးသတိများနှင့်အညီ မိမိတို့၏လုပ်ငန်းဆောင်တာများကို အစဉ်အမြဲ ဂရုပြုမူလုပ်ရှားဆောင်ရွက်ကြရန် အထူးမှာကြားလိုပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် ဒို့တာဝန်အရေး(၃)ပါးကို မထိခိုက်စေဘဲ စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စု စိတ်ဓာတ်ကိုအခြေခံလျက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့နှင့်အညီ နိုင်ငံသူ၊ နိုင်ငံသားများအားလုံးတို့က မျှော်လင့်တောင့်တနေသည့် တိုင်းပြည်သာယာဝပြောရေးကို ဖြစ်ပေါ်လာစေမည့် ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် ဝန်ထမ်းများ အားလုံးက မိမိတို့ကျရာအခန်းကဏ္ဍမှ အစွမ်းကုန်ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ထိုးနောက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက ဝန်ထမ်းများအား တွေ့ဆုံအားပေးစကားပြောကြားပြီး ဝန်ထမ်းများက ဌာနဆိုင်ရာလုပ်ငန်းလိုအပ်ချက်များကို အထွေထွေဆွေးနွေးတင်ပြကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီးတို့သည် ဝန်ထမ်းသက်သာချောင်ချိရေးအတွက် ဝန်ထမ်းများအား ဆန်၊ ဆီနှင့် စားသောက်ကုန် ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 26
  • DEC

  • 26 December 2024
  • နေပြည်တော်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ “ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း” ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်  တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတိုင်းရှိ နိုင်ငံတော်အစိုးရသည် အချုပ်အချာအာဏာခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို စနစ်တကျနည်းလမ်းမှန်ကန်စွာဖြင့်  ပိုင်းခြားကျင့်သုံးလျက်ရှိရာ ဥပဒေပြုရေးအာဏာသည် အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိပါကြောင်း၊ ယခုသင်တန်းသည် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့် အညီ ဝန်ထမ်းများအား ဥပဒေသဘောတရားများကို သိရှိနားလည်ပြီး ဥပဒေကို လေးစား လိုက်နာသော၊ တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်သော၊ စွမ်းဆောင်ရည်မြင့်မားသော ဝန်ထမ်းကောင်းများ ဖြစ်စေရေးအတွက် ရည်ရွယ်၍ ဖွင့်လှစ်ခြင်း ဖြစ်ပါကြောင်း၊ ထို့အပြင် အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များကို ဥပဒေရှုထောင့် အမြင်ဖြင့် စဉ်းစား ဆုံးဖြတ်နိုင်သည့် ဝေဖန်ပိုင်းခြားတွေးခေါ်မှုစွမ်းရည်ကို တိုးတက်စေနိုင်မည် ဖြစ်ပါကြောင်း၊ ဥပဒေဆိုသည်မှာ လူအချင်းချင်း ဆက်ဆံပေါင်းသင်းရာ၌ တရားမျှတမှု ရှိစေရန်နှင့် အကွပ်အကဲ အထိန်းအကျောင်းသဖွယ်ဖြစ်စေရန် အုပ်ချုပ်သူအစိုးရက ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခြေခံ၍ သတ်မှတ်ပြဋ္ဌာန်းရေးဆွဲထားသော စည်းမျဉ်းစနစ်ဖြစ်ပါကြောင်း၊ ထို့အပြင် ဥပဒေသည် တရားဥပဒေစိုးမိုးရေးအတွက် ရည်ရွယ်ပြီး နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးတို့ကိုလည်း နည်းအမျိုးမျိုးဖြင့် ဖော်ဆောင်မှု ပေးလျက်ရှိပါကြောင်း၊ “တရားဥပဒေ စိုးမိုးရေး” (Rule of Law) ဆိုသည်မှာ တရားမျှတပြီး တည်ငြိမ်သည့် လူ့အဖွဲ့အစည်းတစ်ခု ထူထောင်ရန်အတွက် အခြေခံကျလှသည့် အယူအဆတစ်ရပ်ဖြစ်သကဲ့သို့ လူမှုရေးတည်ငြိမ်ဖို့၊ လူတစ်ဦးချင်းစီ၏ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များရရှိစေဖို့၊ အစိုးရဌာန/ အဖွဲ့အစည်းများနှင့် ပြည်သူများကို တာဝန်ခံဖို့ဆိုသည့် ရည်ရွယ်ချက်များအတွက် မရှိမဖြစ် လိုအပ်သော အယူအဆ တစ်ရပ်လည်း ဖြစ်ပါကြောင်း၊ တရားဥပဒေစိုးမိုးရေးအတွက် ဥပဒေအသိပညာ ပြန့်ပွားရေးသည် အညွှန်းကိန်း တစ်ခုဖြစ်ပြီး လူတိုင်း လူတိုင်းတွင် ဥပဒေအသိပညာရှိရန် လိုအပ်ပါကြောင်း၊ သို့ဖြစ်ရာ ဥပဒေသဘောတရားများကို သိရှိနားလည်ပြီး ဥပဒေအား လေးစားလိုက်နာသော နိုင်ငံ့ဝန်ထမ်း ကောင်းများ ဖြစ်ပေါ်စေရန်နှင့် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများကိုလည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် ရည်ရွယ်ပြီး ယခုသင်တန်းကို ဖွင့်လှစ်ပို့ချရခြင်း ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊  တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက် သည့်ဥပဒေ၊  နည်းဥပဒေများ၊ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေ၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် ဥပဒေ၊ ပြည်သူပိုင်ပစ္စည်းများ ကာကွယ်ရေးအက်ဥပဒေ၊ မှတ်တမ်းထားခြင်းများအက်ဥပဒေ၊ ယုံမှတ်အပ်နှံမှုဥပဒေ၊ ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေ၊ မတရားအသင်းများဥပဒေ၊ ပြစ်မှုဆိုင်ရာဥပဒေ၊ မြန်မာနိုင်ငံသားအက်ဥပဒေနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေများ၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေများ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေများစသည့် ဥပဒေများကို သိရှိနားလည်ထားရန် လိုအပ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့်လည်း သင်တန်းမှ ပို့ချပေးလိုက်သည့် ဥပဒေဆိုင်ရာ အသိပညာဗဟုသုတများကို စနစ်တကျ အလေးအနက်ထား၍ သေချာစွာ လေ့လာမှတ်သားပြီး မိမိတို့ တာဝန်ယူရသည့် သက်ဆိုင်ရာ နယ်ပယ်ကဏ္ဍအလိုက် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကောင်းစွာပြန်လည်အသုံးချခြင်း၊ အခြားသူများသို့ လက်ဆင့်ကမ်း မျှဝေပေးခြင်းဖြင့် ဥပဒေအား လေးစားလိုက်နာသော၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှု ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်သော၊ စွမ်းဆောင်ရည်မြင့်မားသော နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ဥပဒေ၏အဓိပ္ပာယ်၊ ဥပဒေပေါ်ပေါက် လာပုံ၊ နိုင်ငံတကာ၏ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊  မနုကျယ်ဓမ္မသတ်ကျမ်း၊ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ၊ ပြစ်မှုဆိုင်ရာဥပဒေ၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၊ တရားမဥပဒေ၊ တရားမကျင့်ထုံးဥပဒေ၊  ပြည်တွင်းဥပဒေများ၊ စီရင်ထုံးများ၊ အထူးဥပဒေများ၊ ဥပဒေ၏ အဆင့်အတန်းများ၊  အပြည်ပြည်ဆိုင်ရာဥပဒေများ စသည်ဖြင့် ဥပဒေရေးရာနှင့် ပတ်သက်သည့် သိသင့်သိထိုက်သည်တို့ကို ရှင်းလင်းပြောကြားပြီး နိုင်ငံသားတိုင်းဥပဒေကို သိရှိနားလည် လိုက်နာမှသာ အကျိုးရှိ မှန်ကန်ထိရောက်သည့် လုပ်ရပ်များကို ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်မည်ဖြစ်ရာ နိုင်ငံတော်အတွက်သာမက ပြည်သူလူထုတစ်ရပ်လုံးအတွက်ပါ အကျိုးရလဒ်ကောင်းများ ဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ခြင်းဖြင့် တရားဥပဒေ စိုးမိုးရေးနှင့် တရားမျှတမှုဖော်ဆောင်ရေးကို တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ပေးနိုင်ခြင်းဖြင့် တည်ငြိမ်အေးချမ်းသာယာသော နိုင်ငံတစ်နိုင်ငံ ဖြစ်လာနိုင်သည့် အကျိုးကျေးဇူးများ ရရှိလာနိုင်မည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ အမိန့်နှင့် ညွှန်ကြားချက်များ၊ ဘဏ္ဍာရေး စည်းမျဉ်း (၃၅/ ၂၀၁၇) တို့ကို သိရှိလိုက်နာဆောင်ရွက်ကြရမည် ဖြစ်ပြီး ဥပဒေ၏ ထီးအရိပ်အောက်တွင် နေထိုင်ခြင်းသည် အလုံခြုံဆုံးဘဝပင်ဖြစ်သည်ဟု မှာကြားလိုပါကြောင်း ပြောကြားပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်း နည်းပြဆရာများ၊ သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ အဆိုပါ သင်တန်းကာလမှာ (၂) ရက်ခန့် ကြာမြင့်မည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၃၀) ဦး တက်ရောက်ကြကြောင်း သိရှိရပါသည်။      

ဆက်လက်ဖတ်ရှုပါရန်
  • 24
  • DEC

  • 24 December 2024
  • နေပြည်တော်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဂုဏ်ပြုပွဲနှင့် ဝန်ထမ်းများ တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အဖွင့်အမှာစကား ပြောကြားရာတွင် မာရဝိဇယရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော်တွင် ဝန်ကြီးဌာန ကိုယ်စားပြု စိန်နားပန်မီးပုံးပျံကြီးအား အောင်မြင်စွာလွှတ်တင်ပူဇော်နိုင်ပြီး စည်းကမ်းလိုက်နာမှု အကောင်းဆုံးဆုကို ရရှိခဲ့ခြင်းနှင့် ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင်  ဝန်ကြီးဌာနအနေဖြင့် အားကစားနည်း (၆)နည်းကို ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် (၁) ခုရရှိခဲ့သည့်အတွက် ဝန်ကြီးဌာနအလိုက်အဆင့် (၈)နေရာ ရရှိခဲ့ခြင်းတို့အတွက် ဂုဏ်ယူပါကြောင်း၊ အဆိုပါပြိုင်ပွဲများအား တစ်ဦးချင်းစည်းကမ်း၊ အဖွဲ့အလိုက်စည်းကမ်း၊ အပြုသဘောဆောင်သည့် စိတ်ဓာတ်များဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့သည့်အတွက် ယခုကဲ့သို့ အောင်မြင်မှုများ ရရှိခဲ့ခြင်းဖြစ်သဖြင့် အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းသွားကြရမည်ဖြစ်ပါကြောင်း၊ ထို့အပြင်  ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်မှ ပြဋ္ဌာန်းထားရှိသည့် ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ ဝန်ထမ်းများ လိုက်နာရမည့်ကျင့်ဝတ်(၃၀)ပါးနှင့် နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန်(၆)ချက်တို့ကို စောင့်ထိန်းလိုက်နာကြရမည်ဖြစ်ပါကြောင်း၊ မိမိနိုင်ငံနှင့် မိမိလူမျိုးအပေါ် မှန်ကန်သည့် အတွေးအမြင်နှင့် သစ္စာရှိကြရမည်ဖြစ်ပြီး နိုင်ငံတော်၏မူဝါဒနှင့် ဝန်ကြီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များကို စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်ကို ခံယူလျက် တိုင်းပြည်သာယာဝပြောရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး တို့အတွက် ကျရာကဏ္ဍမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်ဖြစ်ပါကြောင်း တိုက်တွန်း ပြောကြားပါသည်။ဆက်လက်၍ ဒုတိယဝန်ကြီးဦးဇော်အေးမောင်က ဝန်ကြီးဌာနအနေဖြင့် မာရဝိဇယ ရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော်တွင် စိန်နားပန်မီးပုံးပျံ လွှတ်တင်ခြင်းအခမ်း အနားနှင့် ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်အခမ်းအနားများတွင်  ပြိုင်ပွဲများ ပါဝင်ဆင်နွှဲခဲ့ရာ   အောင်မြင်မှုအတိုင်းအတာတစ်ခုအထိ ရရှိပြီး ဝန်ကြီးဌာန၏ဂုဏ်ကို မြှင့်တင်စေခဲ့သည့်အတွက် ဝန်ထမ်းများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း၊  ဝန်ထမ်းများအနေဖြင့် လာမည့် နှစ်သစ်တွင် မိမိတို့ ကိုးကွယ်သည့်ဘာသာတရားများ၏ အဆုံးအမနှင့်အညီ ကိလေသာ(၁၀)ပါးကို ရှောင်ကြဉ်ပြီး ဗြဟ္မစိုရ်တရား(၄)ပါးနှင့်အညီ ကျင့်ကြံ့နေထိုင်သွားကြ မည်ဆိုပါက အောင်မြင်မှုများ ရရှိလာမည်ဖြစ်ပါကြောင်း၊ မိမိတို့၏ စွမ်းဆောင်ရည်ကို  အမြဲမြှင့်တင်သွားရန် လိုအပ်မည်ဖြစ်ပြီး စွမ်းဆောင်ရည်များမြင့်မားတိုးတက်ပါက ဌာန၏ စွမ်းဆောင်ရည်လည်း မြင့်မားလာမည်ဖြစ်ပါကြောင်း၊ သို့မှသာ တိုင်းရင်းသားရေးရာကိစ္စရပ်များကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ပါဝင်ဆောင်ရွက်နိုင်ကြပါစေကြောင်း ပြောကြားပါသည်။ ထို့နောက် မာရဝိဇယရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော်တွင် ဝန်ကြီး ဌာနကိုယ်စားပြု စိန်နားပန်မီးပုံးပျံကြီးအား အောင်မြင်စွာလွှတ်တင်ပူဇော်နိုင်ပြီး “စည်းကမ်းလိုက်နာမှု အကောင်းဆုံးဆု”ကို ရရှိခဲ့သည့်အတွက် ပြည်ထောင်စုဝန်ကြီးက အမြဲတမ်းအတွင်းဝန် နှင့်ညွှန်ကြားရေးမှူးချုပ်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ပါသည်။ ဆက်လက်၍ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင်  တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအနေဖြင့် အားကစားနည်း (၆)နည်း ပါဝင်ယှဉ်ပြိုင်ခဲ့ရာ “ရွှေတံဆိပ်” (၁)ခုရရှိခဲ့ပြီး ဝန်ကြီးဌာနအလိုက် အဆင့်(၈)နေရာ ရရှိခဲ့သည့်အတွက် ဒုတိယဝန်ကြီးက ပါဝင်ယှဉ်ပြိုင်ခဲ့သည့်  အားကစားနည်းများအလိုက် အသင်းအုပ်ချုုပ်သူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ပါသည်။ယင်းနောက် ပြည်ထောင်စုဝန်ကြီးရုံး၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများက မိမိတို့၏ အခက်အခဲများ၊ လိုအပ်ချက်များကို တင်ပြကြရာ သက်ဆိုင်ရာ ဌာနအကြီးအမှူးများက ရှင်းလင်းဖြေကြားကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြပါသည်။ယင်းနောက် အခမ်းအနားသို့တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများအားလုံး နေ့လယ်စာကို လက်ရည် တပြင်တည်း အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 17
  • DEC

  • 17 December 2024
  • စစ်တွေ

     နှစ် (၅၀) ပြည့် ရွှေရတု ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ တက်ရောက်ရန်အတွက် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ရောက်ရှိနေသော တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့သည် ဒီဇင်ဘာလ (၁၅)ရက်နေ့ နေ့လယ်ပိုင်းတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှနှင့် တာဝန်ရှိသူများလိုက်ပါလျက် စစ်တွေမြို့၊ ရခိုင်ပြည်နယ်အစိုးရ ဧည့်ရိပ်သာ၊ အစည်းအဝေးခန်းမ၌ ရခိုင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။     ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က တွေ့ဆုံအမှာစကား ပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုများကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ တိုင်းရင်းသားရေးရာများကိုဆောင်ရွက်ခြင်းနှင့် စစ်မှန်သော မျိုးချစ် စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် တိုးတက်ခိုင်မာလာစေရေးအတွက် ကျန်းမာရေး၊ ပညာရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် လုပ်ငန်းတာဝန်များကို နိုင်ငံတော်က ပြဋ္ဌာန်းထားရှိသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉)ရပ်အနက် လူမှုရေးဦးတည်ချက်ပါ “တစ်နိုင်ငံလုံး အသိပညာအတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြု ပညာရှင်များထွန်းကားလာစေရေးတို့အတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံ ပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေး” ဆိုသည့် ဦးတည်ချက်ကို အထောက် အကူပြုစေရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် တိုင်းရင်းသားဘာသာ စာပေ သင်ကြားနိုင်စေရန်အတွက် ပညာရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များအနေဖြင့် တရားဝင်သတ်မှတ်ချက် ဥပဒေနှင့်အညီ မှတ်ပုံတင်ထားရှိရန်လိုအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေနှင့်အညီ စနစ်တကျ မှတ်ပုံတင်နိုင်ရေးကိစ္စနှင့် တိုင်းရင်းသား များအတွက် တိုက်ရိုက်အကျိုးခံစားရစေမည့်လုပ်ငန်းများကို နိုင်ငံတော်၏ လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားတို့ကိုမထိခိုက်စေဘဲ ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိ ပါကြောင်း၊ တိုင်းရင်းသားဒေသများတွင် စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများတွင် ဆောင်ရွက်မည့်လုပ်ငန်းများတွင်လည်း တိုင်းရင်းသား များ၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာအရ သက်ဆိုင်သည့်မြေများ ပါဝင်မှုရှိ/မရှိ အချိန်နှင့်တစ်ပြေးညီ ကွင်းဆင်းစိစစ်ပြီး ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများစီမံခန့်ခွဲမှုဗဟိုကော်မတီသို့ သဘောထားမှတ်ချက်များ ပြန်ကြားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့ များအနေဖြင့် မိမိတို့၏ တိုင်းရင်းသားရေးရာကိစ္စရပ်များကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံတော်နှင့် တိုင်းရင်းသားလူမျိုးများ၏အကျိုးစီးပွားကိုရှေးရှု၍  တင်ပြဆောင်ရွက်နိုင်ပါ ကြောင်း၊ ယနေ့ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ၏ တင်ပြသည့် အချက်များကို စနစ်တကျသေချာမှတ်သားပြီး သက်ဆိုင်ရာ ဆက်စပ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များတို့နှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်း (၁၃၀) ကျော် စုပေါင်းနေထိုင်ကြသည့် ပြည်ထောင်စုနိုင်ငံတော်ကြီးဖြစ်သည်နှင့်အညီ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ထားရှိကြရန်လိုအပ်ပါကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ်ဆိုသည်မှာ  တိုင်းရင်းသားများအားလုံး “တစ်မြေတည်းနေ၊ တစ်ရေတည်းသောက် တို့အားလုံးသည် တိုင်းရင်းသားညီအစ်ကိုများဖြစ်ပြီး အရေးကြီးလျှင် သွေးနီးကြမည်” ဆိုသည့်စိတ်ဓာတ်၊ “တောင်ပေါ်မြေပြန့်မခွဲခြား၊ တို့အားလုံးသည် သားချင်းများဖြစ်ကြပြီး နိုင်ငံတော်ကိုပူးပေါင်း ကာကွယ်စောင့်ရှောက်ကြမည်” ဆိုသည့်စိတ်ဓာတ်၊ “မရှိအတူ ရှိအတူ၊ အေးအတူ ပူအမျှ၊ ဥမကွဲသိုက်မပျက် ချစ်ကြည်ရင်းနှီးစွာ အတူတကွလက်တွဲနေထိုင်ကြသည့် မိသားစုများ” ဆိုသည့် စိတ်ဓာတ်များပင်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများအနေဖြင့် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ တစ်မျိုးနှင့်တစ်မျိုး အမုန်းမပွားအညှိုးမထားဘဲ ချစ်စကိုရှည်စေ မုန်းစကို တိုစေ၊ အမိနိုင်ငံတော်၏ စစ်မှန်သောအကျိုးစီးပွားကို ဦးတည်ချက်ထားရှိနိုင်သည့် ချစ်ကြည် ရင်းနှီးသွေးစည်းညီညွတ်မှုများဖြင့်  စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စု စိတ်ဓာတ်ကိုအခြေခံ၍ ဒို့တာဝန်အရေးသုံးပါးကိုမထိခိုက်စေဘဲ နိုင်ငံသူ၊ နိုင်ငံသားများနှင့် တိုင်းရင်းသားပြည်သူများအားလုံး မျှော်လင့်တောင့်တနေသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက်ရေးလုပ်ငန်း များတွင် မိမိတို့ကျရာကဏ္ဍမှ ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ အားကြိုးမာန်တက် အစွမ်းကုန် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။      ၎င်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က တွေ့ဆုံအမှာစကားပြောကြားရာတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် အလွန်အရေးကြီးပါကြောင်း၊ တိုင်းရင်းသားများ စည်းလုံးညီညွတ်မှ တိုင်းပြည်ငြိမ်းချမ်းသာယာမည်ဖြစ်ပြီး တိုင်းပြည်ငြိမ်းချမ်းသာယာမှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်သည် ရေခံ၊ မြေခံ ကောင်းမွန်သည့် အတွက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များအနေဖြင့် နိုင်ငံတော်နှင့် မိမိတို့ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျရာကဏ္ဍမှ အစွမ်းကုန်ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း၊  (၂၈.၁၀.၂၀၂၂) ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥပဒေ အမှတ်(၄၆/၂၀၂၂)ဖြင့် ပြဋ္ဌာန်းခဲ့သည့် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအရ တရားဝင်အသင်းအဖွဲ့မှတ်ပုံတင်ထားရှိရန် လိုအပ်ပါကြောင်း၊ အသင်းအဖွဲ့ မှတ်ပုံတင်ထားရှိမှသာ ဥပဒေနှင့်အညီ စာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များအတွက် တရားဝင် အကူအညီပံ့ပိုးမှုများ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း၊  ပြောကြားခဲ့ပါသည်။ ယင်းနောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှက ရခိုင်ပြည်နယ်အတွင်း တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့် ဒေသအတွင်း ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ ၎င်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အဖွဲ့များက တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များနှင့်ပတ်သက်ပြီး အထွေထွေ ဆွေးနွေးတင်ပြကြရာ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်က ပြန်လည်ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပြီး ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမိုထိန်းသိမ်း မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ရခိုင်၊ မရမာကြီး၊ ခမွီးနှင့် သက်  တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များကို ချီးမြှင့်ငွေများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။     ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက တွေ့ဆုံအမှာစကားပြောကြားရာတွင် ဝန်ထမ်းများသည် မိမိတို့ရာထူးအဆင့်နှင့်လျော်ညီစွာ အရည်အသွေးပြည့်ဝပြီး စွမ်းဆောင်ရည်မြင့်မားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်ဘတ်ဂျက်ရန်ပုံငွေများကိုလည်း ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျ မှန်ကန်စွာသုံးစွဲရေး၊ အလေအလွင့်၊ ဆုံးရှုံးမှုနှင့် မသမာမှုများ မရှိစေရေးနှင့် နိုင်ငံတော်၏ ခြိုးခြံချွေတာရေးမူများကိုလည်း အထူးအလေးဂရုပြုလိုက်နာ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ အထူးသဖြင့် ဝန်ထမ်းများတို့သည် တိုင်းရင်းသားလူမျိုးများ ရေးရာလုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရာတွင် နိုင်ငံတော်မှပြဋ္ဌာန်းထားရှိသော ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ စနစ်တကျမှန်ကန်စွာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည်နှင့်အညီ ဝန်ထမ်းများပီပီ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆) ချက်၊ ကျင့်ဝတ်အပါး (၃၀)တို့ကိုလည်း လိုက်နာစောင့်ထိန်းတတ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် ဒို့တာဝန်အရေး(၃)ပါးကို မထိခိုက်စေဘဲ စစ်မှန်သောမျိုးချစ်စိတ်ဓာတ် ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံလျက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့နှင့်အညီ နိုင်ငံသူ၊ နိုင်ငံသားများအားလုံးတို့က မျှော်လင့်တောင့်တနေသည့် တိုင်းပြည်သာယာဝပြောရေးကို ဖြစ်ပေါ်လာစေမည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်း များတွင် ဝန်ထမ်းများအားလုံးက မိမိတို့ကျရာကဏ္ဍမှ အစွမ်းကုန်ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။     ၎င်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ဝန်ထမ်းများအား တွေ့ဆုံအမှာစကား ပြောကြားရာတွင်  ဝန်ထမ်းများအနေဖြင့်(၂၀၀၈)ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ဘဏ္ဍာရေးစည်းမျဉ်း (၃၅/၂၀၁၇)နှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့် နည်းဥပဒေကို အမြဲလေ့လာ ဖတ်မှတ်ထားရန်၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ကြရန်၊ မိမိတို့၏ ရာထူးအဆင့်နှင့်လျော်ညီစွာ အရည်အသွေးပြည့်ဝပြီး စွမ်းဆောင်ရည်မြင့်မားကြရန် လိုအပ် ပါကြောင်း၊ နိုင်ငံတော်ဘဏ္ဍာငွေများကို ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သုံးစွဲကြရန် ပြောကြားလိုပါကြောင်း၊ ဝန်ကြီးဌာနမှပေးအပ်သော တာဝန်များကို ကျေပွန်စွာ တာဝန်ထမ်းဆောင်ကြရန်နှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး၏ အနီးကပ်ကြီးကြပ်ကွပ်ကဲမှုဖြင့်  ကြိုးစားဆောင်ရွက် ကြရန် ပြောကြားခဲ့ပါသည်။    ၎င်းနောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှက ဝန်ထမ်းများအား တွေ့ဆုံအားပေးစကားပြောကြားပြီး ဝန်ထမ်းများက အထွေထွေဆွေးနွေး တင်ပြကြရာ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်က ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှက ဝန်ထမ်းများအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့ပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့တို့သည် သဘာဝဘေး အန္တရာယ် မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံး ရုံးအဆောက်အဦရှိ ခြံစည်းရိုးနှင့် ဂိတ်တံခါးပြုပြင်ခြင်းလုပ်ငန်း၊ ရုံးအဆောက်အဦ အမိုး၊ မျက်နှာကျက်ပျက်စီးမှု ပြုပြင်ခြင်းလုပ်ငန်းနှင့် အခြားအထွေထွေ ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး  တာဝန်ရှိသူ များက ပျက်စီးဆုံးရှုံးခဲ့သည့် ပုံသေပိုင်ပစ္စည်းများအား ဌာနပိုင်စာရင်းမှပယ်ဖျက်ပြီးစီးမှု အခြေအနေများ၊ ရုံးအဆောက်အဦပြန်လည်ပြုပြင်ခြင်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ်နှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တို့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ဒါခေါ်ယူ ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လိုအပ်သည် များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 26
  • NOV

  • 26 November 2024
  • နေပြည်တော်

တိုင်းရင်းသားလူမျိုးများရေးရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် ဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့၊ ပေါင်းလောင်း Indoor Stadium အားကစား လေ့ကျင့်ရေးစခန်း၌ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်သို့ ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်း ပိုက်ကျော်ခြင်း(အမျိုးသား)အားကစားပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ကိုယ်စားပြုအသင်းနှင့် ရှမ်းပြည်နယ်ကိုယ်စားပြုအသင်းတို့၏ ခြေစမ်းလေ့ကျင့်ယှဉ်ပြိုင်မှုအား သွားရောက်ကြည့်ရှုအားပေးသည်။ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည်  ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ဝန်ကြီးဌာနကိုယ်စားပြု အားကစားသမားများ၏ တစ်ဦးချင်း၊ အဖွဲ့လိုက်နှင့် အသင်းလိုက်လေ့ကျင့်မှုအခြေအနေများကို စစ်ဆေးရာတွင် ပထမဦးစွာ ပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများတို့က တစ်ဦးချင်း မိတ်ဆက်ကြပြီးနောက် အမှာစကားပြောကြားရာ၌ ယခုကျင်းပမည့် အမျိုးသားအားကစားပြိုင်ပွဲကြီးသည် မြန်မာတစ်မျိုးသားလုံး၏ မျိုးချစ်စိတ်ဓာတ်၊ တိုင်းပြည်ချစ်စိတ်ဓာတ်ရှိမှု၊ စည်းလုံးညီညွတ်မှု၊ ဝိုင်ဝန်းပူးပေါင်းဆောင်ရွက်မှုများနှင့် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကို ထုတ်ဖော်ပြစေနိုင်မည့် အားကစားပွဲတော်ဖြစ်ကြောင်း ၊ ဒီလိုအားကစားပြိုင်ပွဲကြီးတွင် မကြုံစဖူး ဘဝမှာတစ်ကြိမ် ပါဝင်ဆင်နွဲခွင့်ရရှိတာကို ဌာနနှင့် ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိကြသည့် အားကစား သမားများအနေဖြင့် အထူးဂုဏ်ယူဝမ်းမြောက်ကြရမည်ဖြစ်ပါကြောင်း၊ တာဝန်ရှိသူ အုပ်ချုပ်မှုနှင့် နည်းပြအဖွဲ့တို့၏ စွမ်းရည်ပြည်ဝစွာလေ့ကျင့်မှုနှင့် ပြိုင်ပွဲအတွက် အနိုင်မခံအရှုံးမပေး၊ ရေကုန်ရေခမ်း မှန်ကန်သည့်အားကစားစိတ်ဓာတ်များဖြင့် အလေးအနက်ထားယှဉ်ပြိုင်ပြီး ဝန်ကြီးဌာနအတွက် ထိုက်တန်သည့် အောင်နိုင်မှုဆုတံဆိပ်များကို ဆွတ်ခူးရရှိနိုင်ရေး အရှိန်အဟုန်မပျက် ကြိုးစား အောင်မြင်ခဲ့ပါက အားကစားသမားများကို ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ပေးအပ်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများကိုလည်း တိုးမြှင့်စီစဉ်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။အထူးသဖြင့် ဝန်ကြီးဌာနကိုယ်စားပြု အားကစားသမားများအနေဖြင့်  လေ့ကျင့်ပြင်ဆင်မှု များကို အထူးကောင်းမွန်ထိရောက်အောင်မြင်စွာ လေ့ကျင့်နိုင်ရန်အတွက် ကျန်းမာရေး၊ အိပ်ချိန် နှင့် အစားအသောက် အနေအထိုင်တို့ကိုလည်း အထူးဂရုစိုက်ကြရန် လိုအပ်ပါကြောင်း၊ အောင်နိုင် လိုစိတ်ထားရှိပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အလားအလာရှိသော မျိုးဆက်သစ် လူငယ်အားကစား သမားများ ပေါ်ထွက်လာစေရေးအတွက် မိမိတို့ကျရာအခန်းကဏ္ဍမှ အုတ်တစ်ချပ်သဲတစ်ပွင့်အနေဖြင့်  စွမ်းစွမ်းတမံ ဆက်လက်ကြိုးစား ဆောင်ရွက်သွားကြရန်  တိုက်တွန်းမှာကြားပါသည်။ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနအသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြသည်။ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က နှစ်ဖက်အသင်းအား ဂုဏ်ပြု ဆုငွေများနှင့် အင်အားဖြည့်အစားအစာများကိုပေးအပ်ရာ တာဝန်ရှိသူများကလက်ခံရယူပြီး ပြိုင်ပွဲ ဝင်အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်းသိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 11
  • NOV

  • 11 November 2024
  • ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ရောက်ရှိနေသော တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုနှင့် တာဝန်ရှိသူများလိုက်ပါလျက် နိုဝင်ဘာလ (၇) ရက်နေ့ နေ့လယ်ပိုင်းတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးတွင် တာဝန်ထမ်းဆောင် နေသော ဝန်ထမ်းများနှင့် အဆိုပါ ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာ စကားပြောကြားခဲ့ပါသည်။ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြားရာတွင် ဝန်ထမ်းများသည် မိမိတို့ရာထူးအဆင့်နှင့်လျော်ညီစွာ အရည်အသွေးပြည့်ဝပြီး စွမ်းဆောင်ရည်မြင့်မားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်ဘတ်ဂျက်ရန်ပုံငွေများကိုလည်း ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ မှန်ကန်စွာသုံးစွဲရေး၊ အလေအလွင့်၊ ဆုံးရှုံးမှုနှင့် မသမာမှုများမရှိစေရေးနှင့် နိုင်ငံတော်၏ ခြိုးခြံချွေတာရေးမူများ ကိုလည်း အထူးအလေးဂရုပြုလိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ အထူးသဖြင့် ဝန်ထမ်းများတို့သည် တိုင်းရင်းသားလူမျိုးများရေးရာလုပ်ငန်းဆောင်တာများကို ဆောင်ရွက် ရာတွင် နိုင်ငံတော်မှပြဋ္ဌာန်းထားရှိသော ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျ မှန်ကန်စွာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည်နှင့်အညီ ဝန်ထမ်း များပီပီ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆) ချက်၊ ကျင့်ဝတ်အပါး (၃၀)တို့ကိုလည်း လိုက်နာစောင့်ထိန်းတတ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် ဒို့တာဝန်အရေး (၃)ပါးကို မထိခိုက်စေဘဲ စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံလျက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့နှင့်အညီ နိုင်ငံသူ၊ နိုင်ငံသားများအားလုံးတို့က မျှော်လင့်တောင့်တနေသည့် တိုင်းပြည်သာယာဝပြောရေးကို ဖြစ်ပေါ်လာစေမည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းများတွင် ဝန်ထမ်းများအားလုံးက မိမိတို့ကျရာကဏ္ဍမှ အစွမ်းကုန်ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။၎င်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ဝန်ထမ်းများအား တွေ့ဆုံအမှာစကား ပြောကြားရာတွင်  ဝန်ထမ်းများအနေဖြင့် (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံဉပဒေ ၊ ဘဏ္ဍာရေး စည်းမျဉ်း (၃၅/ ၂၀၁၇) နှင့် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ၏ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်သည့် ဉပဒေနှင့် နည်းဉပဒေကို အမြဲ လေ့လာ ဖတ်မှတ်ထားရန် ၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ/ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ကြရန် မိမိတို့၏ ရာထူးအဆင့်နှင့် လျော်ညီစွာ အရည်အသွေးပြည့်ဝပြီးစွမ်းဆောင်ရည်မြင့်မား ကြရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်ဘဏ္ဍာငွေများကို ဘဏ္ဍာရေး စည်းမျဉ်း၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ သုံးစွဲကြရန်၊ ဝန်ကြီးဌာနမှပေးအပ်သောတာဝန်များကို ကျေပွန်စွာ တာဝန်ထမ်းဆောင်ကြရန်နှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ၏အနီးကပ်ကြီးကြပ်ကွပ်ကဲမှုဖြင့်  ကြိုးစားဆောင်ရွက် ကြရန် ပြောကြားခဲ့ပါသည်။၎င်းနောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုက ဝန်ထမ်းများအား တွေ့ဆုံအားပေးစကားပြောကြားပြီး ဝန်ထမ်းများက အထွေထွေဆွေးနွေး တင်ပြကြရာ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုက ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စု ဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပါသည်။ နိုဝင်ဘာလ (၈) ရက်နေ့ နေ့လယ်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် မွန်ပြည်နယ်၊ မော်လမြိုင်မြို့သို့ရောက်ရှိပြီး တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ မွန်ပြည်နယ် ညွှန်ကြားရေးမှူးရုံး  တာဝန်ထမ်းဆောင် နေသော ဝန်ထမ်းများနှင့် အဆိုပါ ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားခဲ့ပါသည်။ ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြား ရာတွင် ဝန်ထမ်းများသည် မိမိတို့ရာထူးအဆင့်နှင့်လျော်ညီစွာ အရည်အသွေးပြည့်ဝပြီး စွမ်းဆောင်ရည်မြင့်မားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်ဘတ်ဂျက်ရန်ပုံငွေများကိုလည်း ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ မှန်ကန်စွာသုံးစွဲရေး၊ အလေအလွင့်၊ ဆုံးရှုံးမှုနှင့် မသမာမှုများမရှိစေရေးနှင့် နိုင်ငံတော်၏ ခြိုးခြံချွေတာရေးမူများ ကိုလည်း အထူးအလေးဂရုပြုလိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ အထူးသဖြင့် ဝန်ထမ်းများတို့သည် တိုင်းရင်းသားလူမျိုးများရေးရာလုပ်ငန်းဆောင်တာများကို ဆောင်ရွက် ရာတွင် နိုင်ငံတော်မှပြဋ္ဌာန်းထားရှိသော ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ စနစ်တကျ မှန်ကန်စွာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည်နှင့်အညီ ဝန်ထမ်း များပီပီ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆) ချက်၊ ကျင့်ဝတ်အပါး (၃၀)တို့ကိုလည်း လိုက်နာစောင့်ထိန်းတတ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် ဒို့တာဝန်အရေး (၃)ပါးကို မထိခိုက်စေဘဲ စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံလျက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့နှင့်အညီ နိုင်ငံသူ၊ နိုင်ငံသားများအားလုံးတို့က မျှော်လင့်တောင့်တနေသည့် တိုင်းပြည်သာယာဝပြောရေးကို ဖြစ်ပေါ်လာစေမည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းများတွင် ဝန်ထမ်းများအားလုံးက မိမိတို့ကျရာကဏ္ဍမှ  အစွမ်းကုန်ကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်  တိုက်တွန်းပြောကြားခဲ့ပါသည်။ ၎င်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ဝန်ထမ်းများအား တွေ့ဆုံအမှာစကား ပြောကြားရာတွင်  ဝန်ထမ်းများအနေဖြင့် (၂၀၀၈)  ဖွဲ့စည်းပုံ အခြေခံဉပဒေ ၊ ဘဏ္ဍာရေး စည်းမျဉ်း (၃၅/ ၂၀၁၇)နှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့် နည်းဥပဒေကို အမြဲလေ့လာ ဖတ်မှတ်ထားရန်၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ/ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ကြရန် မိမိတို့၏ ရာထူးအဆင့်နှင့်လျော်ညီစွာ အရည်အသွေးပြည့်ဝပြီးစွမ်းဆောင်ရည်မြင့်မားကြရန်လိုအပ် ပါကြောင်း၊ နိုင်ငံတော်ဘဏ္ဍာငွေများကို ဘဏ္ဍာရေး စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သုံးစွဲကြရန်၊ ဝန်ကြီးဌာနမှပေးအပ်သောတာဝန်များကို ကျေပွန်စွာ တာဝန်ထမ်းဆောင် ကြရန်နှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး၏ အနီးကပ်ကြီးကြပ်ကွပ်ကဲမှုဖြင့်  ကြိုးစားဆောင်ရွက်ကြရန် ပြောကြားခဲ့ပါသည်။ ၎င်းနောက် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးက ဝန်ထမ်းများအား တွေ့ဆုံအားပေးစကားပြောကြားပြီး ဝန်ထမ်းများက အထွေထွေဆွေးနွေး တင်ပြကြရာ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုက ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် မော်လမြိုင်မြို့နယ် မင်းရွာကျေးရွာရှိ  မွန်ပြည်နယ် တိုင်းရင်းသားယဉ်ကျေးမှုဗဟိုဌာန (Ethnic Cultural Center)  သို့ သွားရောက်၍ ၂၀၂၃ -၂၀၂၄ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြု ဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သည့်လုပ်ငန်းများဖြစ်သော အဝင်မုခ်ဦး၊ လေးထပ် မျှော်စင်၊ ဝန်ထမ်းအိမ်ရာ ၊ဝင်းခြံစည်းရိုးစသည့် လုပ်ငန်းများနှင့် ၂၀၂၄ -၂၀၂၅ ခုနှစ် ခွင့်ပြုဘဏ္ဍာငွေဖြင့် ဆောင်ရွက် လျက်ရှိသော ယဉ်ကျေးမှုပြတိုက် အဆောက်အဦနှင့် အခြားဆက်စပ်လုပ်ငန်းများ ဆောင်ရွက် နေမှုများကို သွားရောက်ကြည့်ရှုခဲ့ရာ မွန်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး လိုအပ်သည်များကို ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။အဆိုပါ တိုင်းရင်းသားယဉ်ကျေးမှုဗဟိုစင်တာသည် မွန်ပြည်နယ်အတွင်းရှိ မွန် ၊ ဗမာ ၊ ပအိုဝ်း နှင့် ကရင် တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အနုပညာများကို တစ်နေရာတည်းတွင် အလွယ်တကူ ဝင်ရောက်လေ့လာနိုင်ရန်နှင့် ပြည်နယ်ဂုဏ်ဆောင် ပြယုဂ်တစ်ခုလည်း ဖြစ်လာနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်

ဆက်လက်ဖတ်ရှုပါရန်
  • 11
  • NOV

  • 11 November 2024
  • ရန်ကုန်တိုင်းဒေသကြီး

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့် တာဝန်ရှိသူများလိုက်ပါလျက်  နိုဝင်ဘာလ (၉) ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)သို့ လုပ်ငန်းဆောင်ရွက်နေမှု များအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း တင်ဒါခေါ်ယူ ဆောင်ရွက်လျက်ရှိသည့် ပြည်ထောင်စုခန်းမပြုပြင်ခြင်းလုပ်ငန်းများ၊ အုပ်ချုပ်မှု ရုံးအဆောက်အအုံများ၊ ကပွဲခန်းမ၊ အဆောက်အဦဆေးသုတ်ခြင်းလုပ်ငန်းများနှင့် ရေ၊ မီးရရှိရေး စသည့်ဆောက်ရွက်ဆဲလုပ်ငန်းများတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ရာ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လုပ်ငန်းများ အရည်အသွေးပြည့်မီစေရန်၊ အချိန်မီပြီးစီးအောင်ဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များကို အသေးစိတ်ကြည့်ရှုစစ်ဆေး မှာကြားခဲ့ပါသည်။ ယင်းနောက် အရာထမ်း၊ အမှုထမ်းအိမ်ရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး  အိမ်ရာများ စနစ်တကျသန့်ရှင်း သာယာလှပမှုရှိစေရေးအတွက် အပတ်စဉ်ပုံမှန်ဆောင်ရွက်ကြရန် အသေးစိတ်ကြည့်ရှု စစ်ဆေးတည့်မတ်ညွှန်ကြားခဲ့ပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးတိုင်းရင်းသားရေးရာ ဝန်ကြီးနှင့်အဖွဲ့တို့သည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်နှင့် ရှမ်း တိုင်းရင်းသားများ၏ ရိုးရာနေအိမ်များ တည်ဆောက်ရေးပြုပြင်မှုလုပ်ငန်းများအား လှည့်လည် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က တိုင်းရင်းသားယဉ်ကျေးမှုရိုးရာအိမ်များအား ၎င်းတို့၏ မူလရိုးရာအစဉ် အလာများမပျောက်ပျက်အောင် ဂရုပြုထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊  အဆောက်အအုံများ ရေရှည်တည်တံ့ခိုင်မြဲမှုရှိစေရန်လည်း စဉ်ဆက်မပြတ်ပြုပြုမွမ်းမံ ထိန်းသိမ်းရမည်ဖြစ်ပါကြောင်း၊ ယခုဘဏ္ဍာရေးနှစ်အတွင်း တင်ဒါခေါ်ယူဆောင်ရွက်လျက် ရှိသည့်လုပ်ငန်းများကို တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ကွပ်ကဲဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင်နှင့် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည် အသွေးပြည့်မီအောင် ဆောင်ရွက်ရန်ကြရန် မှာကြားခဲ့ပါသည်။ နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးတိုင်းရင်းသား ရေးရာဝန်ကြီးနှင့်အဖွဲ့တို့သည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)တွင် တာဝန် ထမ်းဆောင်နေသောဝန်ထမ်းများနှင့် တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က တွေ့ဆုံအမှာစကားပြောကြားရာတွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာသည် တိုင်းရင်းသား လူမျိုးများ၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်၊ ဓလေ့ထုံးတမ်းအစဉ်အလာများနှင့် အချို့သော သမိုင်းဝင်မှတ်တမ်းများကို တစ်နေရာတည်းတွင်စုစည်း၍ လေ့လာသိရှိမှတ်သားနိုင်စေရန် မီးမှောင်းထိုး ပြသဖော်ကျူးထားသည့်နေရာဖြစ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် ယခုထက် ပိုမို ကောင်းမွန်အောင် စောင့်ကြပ်ကြည့်ရှုပြုပြင်ထိန်းသိမ်းခြင်း၊ မွမ်းမံခြင်းနှင့် လာရောက် လေ့လာကြည့်ရှုသည့် ပြည်သူလူထုများကိုလည်း စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် စနစ်တကျရှင်းလင်းတင်ပြတတ်ရန် လိုအပ်ပါကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာကို ယခင်က ဒီရေတောနယ်မြေဖြစ်နေသော်လည်း ဥယျာဉ်သဖွယ် စိမ်းလန်းစိုပြည်သာယာလှပရေးအတွက် နည်းပညာများဖြင့်ဆောင်ရွက်နိုင်ရန် ယခုထက်ပိုမို ပြုပြင်ထိန်းသိမ်းရန်လိုအပ်သည့်လုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် တင်ပြတောင်းခံသွားရန်နှင့် ဆောင်ရွက်လိုသည့်လုပ်ငန်းများကို သက်ဆိုင်ရာ ဦးစီးဌာနသို့ အချိန်မီတင်ပြသွားရန်လိုအပ်ကြောင်း၊ နိုင်ငံတော်ဘတ်ဂျက် ရန်ပုံငွေများကိုလည်း ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျမှန်ကန်စွာသုံးစွဲရေး၊ အလေအလွင့်၊ ဆုံးရှုံးမှုနှင့် မသမာမှုများမရှိစေရေးနှင့် နိုင်ငံတော်၏ ခြိုးခြံချွေတာရေးမူများ ကိုလည်း အထူးအလေးဂရုပြုလိုက်နာဆောင်ရွက်ရန်လိုအပ်သကဲ့သို့ လျာထားရငွေများကို လည်း ပြည့်မီစေရန် အထူးတိုက်တွန်းမှာကြားလိုပါကြောင်း၊  ဝန်ထမ်းများသည် မိမိတို့ ရာထူးအဆင့်နှင့်လျော်ညီစွာ အရည်အသွေးပြည့်ဝပြီး စွမ်းဆောင်ရည်မြင့်မားကြရန် လိုအပ်ပါကြောင်း၊ အထူးသဖြင့် ဝန်ထမ်းများတို့သည် တိုင်းရင်းသားလူမျိုးများရေးရာလုပ်ငန်း ဆောင်တာများကို ဆောင်ရွက်ရာတွင် နိုင်ငံတော်မှပြဋ္ဌာန်းထားရှိသော ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ စနစ်တကျမှန်ကန်စွာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည်နှင့်အညီ ဝန်ထမ်းများပီပီ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆) ချက်၊ ကျင့်ဝတ်အပါး (၃၀)တို့ကိုလည်း လိုက်နာစောင့်ထိန်းတတ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။၎င်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က တွေ့ဆုံအမှာစကားပြောကြားရာတွင် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာသည် တိုင်းရင်းသားများအားလုံး၏ အဓိကပြုယုဒ်တစ်ခု ဖြစ်သည့်အတွက် တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများအနေဖြင့် မိမိကိုယ်ကို ဂုဏ်ယူစွာ တာဝန်ထမ်းဆောင် ကြရမည်ဖြစ်ပါကြောင်း၊ ယခုဘဏ္ဍာနှစ်အတွင်း တင်ဒါခေါ်ယူ ဆောင်ရွက်လျက်ရှိသည့် ဘယ်ရီဂိတ်တပ်ဆင်ခြင်းလုပ်ငန်း၊ ဝင်္ကပါပတ်လမ်းလုပ်ငန်း၊ ရေပန်းအလှတပ်ဆင်ခြင်းလုပ်ငန်း၊ အဆောက်အဦဆေးသုတ်ခြင်းလုပ်ငန်းနှင့် အများပြည်သူ သုံးသန့်စင်ခန်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို သတ်မှတ်အချိန်ကာလအတွင်း အချိန်မီ ပြီးစီးအောင်ဆောင်ရွက်ကြရန်နှင့် လုပ်ငန်းများအရည်အသွေးပြည့်မီစေရေးတာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ကွပ်ကဲကြရန် မှာကြားလိုပါကြောင်း၊  လာမည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေး နှစ်တွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာအတွင်း ပြည်သူများပိုမိုစိတ်ချမ်းသာစွာ အပန်းဖြေနိုင်ရန်အတွက် ဖူဆယ်ဘောလုံးကွင်း၊ အရုပ်ကောက်စက်နှင့် ရေကူးကန်လုပ်ငန်း စသည်များကို ဆက်လက်ဆောင်ရွက်စေလိုပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံဥပဒေ ၊ ဘဏ္ဍာရေးစည်းမျဉ်း (၃၅/ ၂၀၁၇) နှင့် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ၏ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့် နည်းဥပဒေကို အမြဲလေ့လာ ဖတ်မှတ်ထားရန် ၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ/ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ကြရန်နှင့် ဝန်ကြီးဌာနမှပေးအပ်သောတာဝန်များကို ကျေပွန်စွာ တာဝန် ထမ်းဆောင်ကြရန်နှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး၏ အနီးကပ်ကြီးကြပ်ကွပ်ကဲမှုဖြင့်  ကြိုးစားဆောင်ရွက် ကြရန် ပြောကြားခဲ့ပါသည်။ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)အတွင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုဘဏ္ဍာရန်ပုံငွေများဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးမှုများနှင့် ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးပါသည်။ ထို့နောက် ဝန်ထမ်းများက လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်လို သည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်က ဖြည့်စွဥက်ရှင်းလင်းဆွေးနွေးပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးနှင့်အဖွဲ့တို့သည် ကမာရွတ်မြို့နယ်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးသို့ ရုံးလုပ်ငန်းဆောင်ရွက်နေမှုများအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားခဲ့ပါသည်။ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများသည် မိမိတို့ရာထူးအဆင့်နှင့်လျော်ညီစွာ အရည်အသွေး ပြည့်ဝပြီး စွမ်းဆောင်ရည်မြင့်မားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်ဘတ်ဂျက်ရန်ပုံငွေ များကိုလည်း ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ မှန်ကန်စွာ သုံးစွဲရေး၊ အလေအလွင့်၊ ဆုံးရှုံးမှုနှင့် မသမာမှုများမရှိစေရေးနှင့် နိုင်ငံတော်၏ ခြိုးခြံချွေတာ ရေးမူများကိုလည်း အထူးအလေးဂရုပြုလိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ အထူးသဖြင့် ဝန်ထမ်းများတို့သည် တိုင်းရင်းသားလူမျိုးများရေးရာလုပ်ငန်းဆောင်တာများကို ဆောင်ရွက် ရာတွင် နိုင်ငံတော်မှပြဋ္ဌာန်းထားရှိသော ဥပဒေ၊  နည်းဥပဒေ များနှင့်အညီ စနစ်တကျ မှန်ကန်စွာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည်နှင့်အညီ ဝန်ထမ်း များပီပီ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆) ချက်၊ ကျင့်ဝတ်အပါး (၃၀)တို့ကိုလည်း လိုက်နာစောင့်ထိန်းတတ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် ဒို့တာဝန်အရေး (၃)ပါးကို မထိခိုက်စေဘဲ စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံလျက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ရှေ့လုပ်ငန်း စဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့နှင့်အညီ နိုင်ငံသူ၊ နိုင်ငံသားများအားလုံးတို့က မျှော်လင့်တောင့်တနေသည့် တိုင်းပြည် သာယာဝပြောရေးကို ဖြစ်ပေါ်လာစေမည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းများတွင် ဝန်ထမ်းများအားလုံးက မိမိတို့ကျရာကဏ္ဍမှ  အစွမ်းကုန်ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်  တိုက်တွန်းပြောကြားခဲ့ပါသည်။  ၎င်းနောက်ဝန်ထမ်းများက ဌာနဆိုင်ရာလုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ရှင်းလင်း ဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဌာနဆိုင်ရာလုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 29
  • OCT

  • 29 October 2024
  • ရှမ်းပြည်နယ်

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် လူမှုဝန်ထမ်းဦးစီးဌာနနှင့် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနတို့မှ ပူးပေါင်းဖွင့်လှစ်သည့် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ)သင်တန်း ဆင်းပွဲအခမ်းအနားကို အောက်တိုဘာလ (၂၉) ရက်နေ့၊ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီး မြို့နယ်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း အဖွဲ့များ၊ သင်တန်းနည်းပြများနှင့်သင်တန်းသူများ တက်ရောက်ကြပါသည်။            ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုဖွင့်လှစ်ခဲ့သည့်သင်တန်းဟာ ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ပတ်သက်သည့် သင်တန်းဟုထင်မြင်ယူဆရသော်လည်း နောင်အနာဂတ်နိုင်ငံနှင့် အိမ်ထောင်မိသားစုများ အတွက် ရှေးဦးကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ပတ်သက်သည့် ကနဦး အုတ်မြစ်ချ ခြင်းပင်ဖြစ်ပါကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်ဆိုသည်မှာ မွေးကင်းစမှ အသက် (၈) နှစ်ပြည့်သည့်အရွယ်အထိ ရှိသူကိုဆိုလိုခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံသားတစ်ဦးချင်းနှင့် မိသားစုများ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် တစ်ခုနှင့်တစ်ခု ကွင်းဆက်အပြန်အလှန် အကျိုးပြုသက်ရောက်နေပါကြောင်း၊ “အစကောင်းမှ အနှောင်း သေချာ” ဆိုသည့်အတိုင်း ကလေးသူငယ်များကြီးပြင်း လာသည့်အခါ ၎င်းတို့ကျင်လည် ဝင်ဆံ့ရမည့် အနာဂတ်လူ့ဘောင်အတွက် လိုအပ်သည့်ကိုယ်ကျင့်သိက္ခာနှင့်စွမ်းရည်များကို  (ကနဦး) ပြုစုပျိုးထောင်ပေးရန်နှင့် ဖွံ့ဖြိုးတိုးတက်အောင် လေ့ကျင့်ပေးဖို့ အကောင်းဆုံး အချိန်အခါလည်းဖြစ်ပါကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာလုပ်ငန်းတွင် အစိုးရဌာနများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ ဘာသာရေး အခြေပြုအဖွဲ့အစည်းများ၊ ရပ်ရွာအခြေပြုအဖွဲ့အစည်းများ၊ တတ်သိပညာရှင်အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးမိတ်ဖက် အဖွဲ့အစည်းများအားလုံး ပူးပေါင်းပါဝင်ကြရမည် ဖြစ်ပါကြောင်း၊ ဒါ့ကြောင့် မိသားစုများနှင့် ရပ်ရွာလူ့အဖွဲ့အစည်းများသည် မွေးကင်းစမှ ရှစ်နှစ်အရွယ်ကလေးအားလုံးတို့၏ သိမြင်နားလည်ခြင်းဆိုင်ရာဖွံ့ဖြိုးမှု၊ ကာယဖွံ့ဖြိုးမှု၊ ပေါင်းသင်းဆက်ဆံရေးဖွံ့ဖြိုးမှု၊ ဘာသာစကားဖွံ့ဖြိုးမှုနှင့် ဉာဏဖွံ့ဖြိုးမှုတို့အတွက် စဉ်ဆက် မပြတ်ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးရေး လုပ်ငန်းကို နည်းစနစ်မှန်ကန်စွာဆောင်ရွက်သွားကြရန်၊ သင်တန်းတက်ရောက်သင်ကြား ပြီးခဲ့သည့် သင်တန်းသူများအနေဖြင့် သင်တန်းမှပို့ချခဲ့သည့် သင်ခန်းစာများကို မိမိတို့ဒေသတွင် မှန်ကန်သော နည်းလမ်းများဖြင့် စနစ်တကျပြန်လည်အသုံးချတတ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်များကို မှန်ကန်သော အသိစိတ်ဓာတ်ကို အခြေခံသည့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ လူမှုဆက်ဆံရေး စသည်များ ဘက်စုံဖွံ့ဖြိုးစေရေးအတွက် ကလေးသူငယ်ဖွံ့ဖြိုးရေးစံနှုန်းများနှင့်အညီ ပြုစုပျိုးထောင်ရန် လိုအပ်မည်ဖြစ်ကာ အရည်အသွေးပြည့်ဝပြီး ကျွမ်းကျင်သည့် ဥယျာဉ်မှူးကောင်း၊ စေတနာ့ ဝန်ထမ်းဆရာမကောင်းများ ပေါ်ထွန်းလာစေရန် မိမိအနေဖြင့် ဆုမွန်ကောင်းတောင်း ဆန္ဒပြုကြောင်းဖြင့် ပြောကြားခဲ့ပါသည်။          ဆက်လက်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အမှာစကားပြောကြားရာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် တိုင်းရင်းသား လူမျိုးပေါင်း (၁၃၀)ကျော် စုစည်းနေထိုင်ကြပြီး ရှမ်းပြည်နယ်တွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင်ကြသည့် ပြည်နယ်တစ်ခုဖြစ်ပါကြောင်း၊ ယနေ့အခမ်းအနားသည် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုဘဏ္ဍာရန်ပုံငွေဖြင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်ပြီး ရှမ်း၊ ကချင်၊ ပအိုဝ်း၊ အင်းသား၊ ထနော့၊ ကိုးကန့်နှင့် ဗမာတိုင်းရင်းသား စုစုပေါင်း သင်တန်းသူ (၅၄) ဦး တက်ရောက်ခဲ့ပါကြောင်း၊ လူတစ်ဦး၏ ဘက်စုံဖွံ့ဖြိုးမှုအတွက် ငယ်ရွယ်စဉ်ကလေးဘဝအတွေ့အကြုံများသည် အလွန် အရေးကြီးပါကြောင်း၊ ကလေးဘဝတစ်သက်တာမှာ အရေးကြီးသည့် အသက်အရွယ် အပိုင်းအခြားတစ်ရပ်ဖြစ်ပြီး ကိုယ်ခန္ဓာနှင့်စိတ်နုနယ်ပျော့ပျောင်းသည့် အရွယ်ဖြစ်သည့် အတွက် သင်ကြားတတ်မြောက်ဖို့လည်း လွယ်ကူသည့်အချိန်၊ ပြုပြင်သွန်သင်ဖို့ အထူးကောင်းမွန်သည့်အချိန်လည်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။          ၎င်းနောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်တိုင်းရင်းသား ရေးရာဝန်ကြီးတို့သည် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ)သင်တန်းသို့ အောင်မြင်စွာတက်ရောက်ခဲ့သည့် တိုင်းရင်းသားယဉ်ကျေးမှုနှင့် စာပေအသင်းအဖွဲ့ ကိုယ်စားပြုသင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များနှင့် သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ပြီး  သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြား ခဲ့ပါသည်။          ယင်းနောက် သင်တန်းသူများက ရှမ်း၊ ပအိုဝ်း၊ အင်းသားနှင့် ထနော့ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ပြီး ပြည်ထောင်စုဝန်ကြီးက ယဉ်ကျေးမှု အကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ပါသည်။          နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် အဖွဲ့ တို့သည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက တွေ့ဆုံ အမှာစကားပြောကြားရာတွင် ဝန်ထမ်းများသည် မိမိတို့ရာထူးအဆင့်နှင့် လျော်ညီစွာ အရည်အသွေးပြည့်ဝပြီး စွမ်းဆောင်ရည်မြင့်မားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်ဘတ်ဂျက် ရန်ပုံငွေများကိုလည်း ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ စနစ်တကျ မှန်ကန်စွာသုံးစွဲရေး၊ အလေအလွင့်၊ ဆုံးရှုံးမှုနှင့် မသမာမှုများမရှိစေရေးနှင့် နိုင်ငံတော်၏ ခြိုးခြံချွေတာရေးမူများကိုလည်း အထူးအလေးဂရုပြုလိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အထူးသဖြင့် ဝန်ထမ်းများတို့သည် တိုင်းရင်းသားလူမျိုးများရေးရာလုပ်ငန်း ဆောင်တာများကို ဆောင်ရွက်ရာတွင် နိုင်ငံတော်မှပြဋ္ဌာန်းထားရှိသော ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ စနစ်တကျမှန်ကန်စွာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည်နှင့်အညီ ဝန်ထမ်းများပီပီ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆) ချက်၊ ကျင့်ဝတ်အပါး (၃၀)တို့ကိုလည်း လိုက်နာစောင့်ထိန်းတတ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် ဒို့တာဝန်အရေး (၃)ပါးကို မထိခိုက်စေဘဲ စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံလျက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့နှင့်အညီ နိုင်ငံသူ၊ နိုင်ငံသားများအားလုံးတို့က မျှော်လင့်တောင့်တနေသည့် တိုင်းပြည် သာယာဝပြောရေးကို ဖြစ်ပေါ်လာစေမည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းများတွင် ဝန်ထမ်းများအားလုံးက မိမိတို့ကျရာကဏ္ဍမှ  အစွမ်းကုန်ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်  တိုက်တွန်း ပြောကြားခဲ့ ပါသည်။          ၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက ဝန်ထမ်းများအား တွေ့ဆုံအားပေးစကားပြောကြားပြီး ဝန်ထမ်းများက အထွေထွေဆွေးနွေး တင်ပြကြရာ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုက ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။          ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံး ရုံးအဝင်လမ်းခင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။  

ဆက်လက်ဖတ်ရှုပါရန်
  • 28
  • OCT

  • 28 October 2024
  • ရှမ်းပြည်နယ်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် အောက်တိုဘာလ (၂၈) ရက်နေ့၊ နံနက်ပိုင်းတွင် ဟိုပုံးမြို့နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အစည်းအဝေးခန်းမ၌ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က တွေ့ဆုံအမှာစကား ပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုများကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ တိုင်းရင်းသားရေးရာများကိုဆောင်ရွက်ခြင်းနှင့် စစ်မှန်သော မျိုးချစ် စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် တိုးတက်ခိုင်မာလာစေရေးအတွက် ကျန်းမာရေး၊ ပညာရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် လုပ်ငန်းတာဝန်များကို နိုင်ငံတော်က ပြဋ္ဌာန်းထားရှိသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉) ရပ်အနက် လူမှုရေးဦးတည်ချက်ပါ “တစ်နိုင်ငံလုံး အသိပညာအတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက် အကူပြု ပညာရှင်များထွန်းကားလာစေရေးတို့အတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံ ပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေး” ဆိုသည့် ဦးတည်ချက်ကို အထောက် အကူပြုစေရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် တိုင်းရင်းသားဘာသာ စာပေသင်ကြားမှုကို အမျိုးသားပညာရေးမူဝါဒ ပုဒ်မ (၄၄) နှင့်အညီ ကျောင်းသင် မူလတန်းပညာရေး သင်ရိုးညွှန်းတမ်းကို ပေါင်းကူးအထောက်အကူပြု သင်ကြားနိုင်စေရန်အတွက် ပညာရေး ဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အစိုးရပညာကျောင်းများတွင် တိုင်းရင်းသား ဘာသာစာပေသင်ကြားရေး အထောက်အကူပြု ဆရာ/မ (Teaching Assistant - TA) နှင့် တိုင်းရင်းသားစာပေသင် ဆရာ/မ (Language Teacher - LT) များအဖြစ် ခန့်ထားနိုင်ရန်အတွက်    ၂၀၁၇ ခုနှစ်မှ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အထိ ပညာရေးဝန်ကြီးဌာနမှ ပညာရေးမူဝါဒများနှင့်အညီ  တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် TA/LT တိုင်းရင်းသား ဘာသာသင် ဆရာ/ဆရာမပေါင်း (၁၈၄၂၇) ဦး ခန့်အပ်ခဲ့ပါကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များ အနေ ဖြင့် တရားဝင်သတ်မှတ်ချက် ဥပဒေနှင့်အညီ မှတ်ပုံတင်ထားရှိရန် လိုအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေနှင့်အညီ စနစ်တကျ မှတ်ပုံတင်နိုင်ရေးကိစ္စနှင့် တိုင်းရင်းသားများအတွက် တိုက်ရိုက်အကျိုးခံစားရစေမည့်လုပ်ငန်းများကို နိုင်ငံတော်၏လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားတို့ကို မထိခိုက်စေဘဲ ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသားဒေသ များတွင် စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများတွင် ဆောင်ရွက်မည့်လုပ်ငန်းများတွင်လည်း တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာအရ သက်ဆိုင်သည့်မြေများ ပါဝင်မှုရှိ/မရှိ အချိန်နှင့်တစ်ပြေးညီ ကွင်းဆင်းစိစစ်ပြီး ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများစီမံခန့်ခွဲမှု ဗဟိုကော်မတီသို့ သဘောထားမှတ်ချက်များ ပြန်ကြားဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များအနေဖြင့် မိမိတို့၏ တိုင်းရင်းသားရေးရာကိစ္စရပ်များကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံတော်နှင့် တိုင်းရင်းသားလူမျိုးများ၏အကျိုးစီးပွားကို ရှေးရှု၍  တင်ပြဆောင်ရွက်နိုင်ပါကြောင်း၊ ယနေ့ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ၏ တင်ပြသည့်အချက်များကို စနစ်တကျ သေချာမှတ်သားပြီး သက်ဆိုင်ရာ ဆက်စပ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များတို့နှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးသည် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေးပင်ဖြစ်ပါကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတည်ငြိမ်အေးချမ်းမှုရှိရန်လိုပါကြောင်း၊ တိုင်းရင်းသား ဒေသများဖွံ့ဖြိုးတိုးတက်မှ တိုင်းပြည်အေးချမ်းသာယာဝပြောမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားတိုင်းသည် နိုင်ငံသားများဖြစ်သကဲ့သို့ နိုင်ငံသားတိုင်းသည် တိုင်းရင်းသားလူမျိုးများ မဟုတ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်း (၁၃၀) ကျော် စုပေါင်းနေထိုင်ကြသည့် ပြည်ထောင်စုနိုင်ငံတော်ကြီး ဖြစ်သည်နှင့်အညီ စစ်မှန်သော မျိုးချစ် စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ထားရှိကြရန်လိုအပ်ပါကြောင်း၊ ပြည်ထောင်စု စိတ်ဓာတ်ဆိုသည်မှာ  တိုင်းရင်းသားများအားလုံး “တစ်မြေတည်းနေ၊ တစ်ရေတည်းသောက် တို့အားလုံးသည် တိုင်းရင်းသားညီအစ်ကိုများဖြစ်ပြီး အရေးကြီးလျှင် သွေးနီးကြမည်” ဆိုသည့်စိတ်ဓာတ်၊ “တောင်ပေါ်မြေပြန့်မခွဲခြား၊ တို့အားလုံးသည် သားချင်းများဖြစ်ကြပြီး နိုင်ငံတော်ကိုပူးပေါင်းကာကွယ်စောင့်ရှောက်ကြမည်” ဆိုသည့်စိတ်ဓာတ်၊ “မရှိအတူ ရှိအတူ၊ အေးအတူ ပူအမျှ၊ ဥမကွဲ သိုက်မပျက် ချစ်ကြည်ရင်းနှီးစွာ အတူတကွလက်တွဲနေထိုင်ကြသည့် မိသားစုများ”ဆိုသည့် စိတ်ဓာတ်များပင်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများအနေဖြင့် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ တစ်မျိုးနှင့်တစ်မျိုး အမုန်းမပွား အညှိုးမထားဘဲ ချစ်စကို ရှည်စေ မုန်းစကိုတိုစေ၊ အမိနိုင်ငံတော်၏ စစ်မှန်သောအကျိုးစီးပွားကို ဦးတည်ချက်ထားရှိ နိုင်သည့် ချစ်ကြည်ရင်းနှီး  သွေးစည်းညီညွတ်မှုများဖြင့်  စစ်မှန်သောမျိုးချစ်စိတ်ဓာတ် ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံ၍ ဒို့တာဝန်အရေးသုံးပါးကိုမထိခိုက်စေဘဲ နိုင်ငံသူ နိုင်ငံသားများနှင့် တိုင်းရင်းသားပြည်သူများအားလုံး မျှော်လင့်တောင့်တနေသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက်ရေးလုပ်ငန်း များတွင် မိမိတို့ကျရာကဏ္ဍမှ ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ အားကြိုးမာန်တက် အစွမ်းကုန် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးတို့က ရှမ်းပြည်နယ် အတွင်း တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသတွင်း ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များနှင့် တိုင်းရင်းသားစာပေယဉ်ကျေးမှု ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ၎င်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အဖွဲ့များက တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များနှင့်ပတ်သက်ပြီး ဆွေးနွေးတင်ပြကြရာ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုအပ်ချက်များကို ဖြည့်စွက်ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ် တိုင်းရင်းသား ရေးရာဝန်ကြီးနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။ထို့နောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမိုထိန်းသိမ်းမြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသား ရေးရာဝန်ကြီးနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့က ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များအား ထောက်ပံ့ငွေများ ပေးအပ်ထောက်ပံ့ခဲ့ပါသည်။နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ခပေါင်းရေကြည်ရပ်ကွက်ရှိ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာသို့ သွားရောက်ပြီး သင်တန်းခန်းမ၊ သင်တန်းသား အိပ်ဆောင်၊ ထမင်းစားဆောင်၊ အလုပ်ရုံအဆောက်အဦတို့ကို သွားရောက်ကြည့်ရှုပြီး သန့်ရှင်းသပ်ရပ်မှုရှိရေး၊ သတ်မှတ်ထားရှိသည့် သင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ်၍ စနစ်တကျသင်ကြားပေးနိုင်ရေးအတွက် စီမံဆောင်ရွက်ထားရှိရန် မှာကြားခဲ့ပါသည်။ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သစ်ပင်ထောင်ရေထွက်မှ သက်မွေးပညာသင်တန်းစင်တာသို့ သင်တန်းသားများ သုံးရေလုံလောက်စွာရရှိနိုင်ရေးအတွက် ရေသွယ်တန်းထားရှိမှုများ၊ ရေစက်အတွက် လျှပ်စစ်ဓာတ်အားခွဲရုံ (Transformer) တည်ဆောက်ပြီးစီးမှု၊ ဆိုလာစနစ်ဖြင့် ရေပို့လွှတ်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးခဲ့ပြီး ရေစုကန်သန့်ရှင်းရေး၊ ရေပိုက်လိုင်းများ၊ ရေလှောင်ကန်များနှင့် ဆိုလာပြားများ လုံခြုံမှုရှိစွာဖြင့် ရေရှည်အသုံးပြုနိုင်ရေးတို့အတွက် မှာကြားခဲ့ပါသည်။ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာ၌ စတင်ဖွင့်လှစ်ခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီမှ အောက်တိုဘာလအထိ ဒေသခံ တိုင်းရင်းသားများအား အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများ (၁၂)ကြိမ်ထိ၊ သင်တန်းသားဦးရေ (၂၆၀) ဦးတို့အား စာတွေ့၊ လက်တွေ့ လေ့ကျင့်သင်ကြားပေးနိုင်ခဲ့ပြီး ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးများအတွက် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိနိုင်ရေးတို့အတွက် ဆက်စပ်သင်တန်းများကိုလည်း ဆက်လက်ဖွင့်လှစ် သင်ကြားပေးနိုင်ရေး စနစ်တကျစီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။  

ဆက်လက်ဖတ်ရှုပါရန်
  • 06
  • SEP

  • 06 September 2024
  • ရန်ကုန်တိုင်းဒေသကြီး

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့် တာဝန်ရှိ သူများလိုက်ပါလျက် ဩဂုတ်လ (၃၀) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ၏ လုပ်ငန်းဆောင်ရွက်မှုအခြေ အနေများကို  သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြား ခဲ့ပါသည်။ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်နှင့် ရှမ်း တိုင်းရင်းသားများ၏ ရိုးရာနေအိမ်များ တည်ဆောက်ရေးပြုပြင်မှုလုပ်ငန်း များအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားယဉ်ကျေးမှုရိုးရာအိမ်များအား ၎င်းတို့၏မူလရိုးရာအစဉ် အလာများမပျောက်ပျက်အောင် ဂရုပြုထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ အဆောက်အအုံများ ရေရှည်တည်တံ့ခိုင်မြဲမှုရှိစေရန်လည်း စဉ်ဆက်မပြတ်ပြုပြုမွမ်းမံ ထိန်းသိမ်းရမည်ဖြစ်ပါကြောင်း၊ ယခုဘဏ္ဍာရေးနှစ်အတွင်း တင်ဒါခေါ်ယူဆောင်ရွက်လျက် ရှိသည့်လုပ်ငန်းများကို တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ကွပ်ကဲဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင်နှင့် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည် အသွေးပြည့်မီအောင် ဆောင်ရွက်ရန်ကြရန် မှာကြားခဲ့ပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ နံနက်ပိုင်းတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း တင်ဒါခေါ်ယူ ဆောင်ရွက်လျက်ရှိသည့် တိုင်းရင်းသားရိုးရာအိမ်များ ပြန်လည်ပြုပြင်မွမ်းမံခြင်းလုပ်ငန်း၊ အုပ်ချုပ်မှုရုံးအဆောက်အအုံများ ဆေးသုတ်ခြင်းလုပ်ငန်း၊ ကပွဲခန်းမ၊ ပြည်ထောင်စုခန်းမ ပြုပြင်ခြင်းလုပ်ငန်းနှင့် ရေ၊ မီးရရှိရေး စသည့်ဆောက်ရွက်ဆဲလုပ်ငန်းများ၊ သောင်တူးခြင်း လုပ်ငန်းနှင့် အရာထမ်း၊ အမှုထမ်းအိမ်ရာများ စနစ်တကျသန့်ရှင်းသာယာလှပမှုရှိစေရေး တို့အား အသေးစိတ်ကြည့်ရှုစစ်ဆေးတည့်မတ်ညွှန်ကြားခဲ့ပါသည်။ ယင်းနောက် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အကသင်တန်းနှင့် ကီးဘုတ်တီးခတ်ခြင်းသင်တန်းဖွင့်လှစ်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ပါသည်။နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာသည် တိုင်းရင်းသားလူမျိုး များ၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်၊ ဓလေ့ထုံးတမ်းအစဉ်အလာများနှင့် အချို့သော သမိုင်းဝင်မှတ်တမ်းများကို တစ်နေရာတည်းတွင်စုစည်း၍ လေ့လာသိရှိမှတ်သားနိုင်စေရန် မီးမှောင်းထိုး ပြသဖော်ကျူးထားသည့်နေရာဖြစ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် ယခုထက် ပိုမိုကောင်းမွန်အောင် စောင့်ကြပ်ကြည့်ရှုပြုပြင်ထိန်းသိမ်းခြင်း၊ မွမ်းမံခြင်းနှင့် လာရောက် လေ့လာကြည့်ရှုသည့် ပြည်သူလူထုများကိုလည်း စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် စနစ်တကျရှင်းလင်းတင်ပြတတ်ရန် လိုအပ်ပါကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာကို ယခင်က ဒီရေတောနယ်မြေဖြစ်နေသော်လည်း ဥယျာဉ်သဖွယ် စိမ်းလန်းစိုပြည်သာယာလှပရေးအတွက် နည်းပညာများဖြင့်ဆောင်ရွက်နိုင်ရန် ယခုထက်ပိုမို ပြုပြင်ထိန်းသိမ်းရန်လိုအပ်သည့်လုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေး နှစ်တွင် တင်ပြတောင်းခံသွားရန်လိုအပ်ကြောင်း၊ ဝန်ထမ်းများသည် မိမိတို့ရာထူးအဆင့်နှင့် လျော်ညီစွာ အရည်အသွေးပြည့်ဝပြီး စွမ်းဆောင်ရည်မြင့်မားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်ဘတ်ဂျက် ရန်ပုံငွေများကိုလည်း ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ စနစ်တကျမှန်ကန်စွာသုံးစွဲရေး၊ အလေအလွင့်၊ ဆုံးရှုံးမှုနှင့် မသမာမှုများမရှိစေရေးနှင့် နိုင်ငံတော်၏ ခြိုးခြံချွေတာရေးမူများကိုလည်း အထူးအလေးဂရုပြုလိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အထူးသဖြင့် ဝန်ထမ်းများတို့သည် တိုင်းရင်းသားလူမျိုးများရေးရာလုပ်ငန်း ဆောင်တာများကို ဆောင်ရွက်ရာတွင် နိုင်ငံတော်မှပြဋ္ဌာန်းထားရှိသော ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ စနစ်တကျမှန်ကန်စွာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည်နှင့်အညီ ဝန်ထမ်းများပီပီ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆) ချက်၊ ကျင့်ဝတ်အပါး (၃၀)တို့ကိုလည်း လိုက်နာစောင့်ထိန်းတတ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် ဒို့တာဝန်အရေး(၃)ပါးကို မထိခိုက်စေဘဲ စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံလျက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့နှင့်အညီ နိုင်ငံသူ၊ နိုင်ငံသားများအားလုံးတို့က မျှော်လင့် တောင့်တနေသည့် တိုင်းပြည်သာယာဝပြောရေးကို ဖြစ်ပေါ်လာစေမည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းများတွင် ဝန်ထမ်းများ အားလုံးက မိမိတို့ကျရာကဏ္ဍမှ  အစွမ်းကုန်ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်  တိုက်တွန်း ပြောကြားခဲ့ပါသည်။၎င်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက ပြည်ထောင်စုတိုင်းရင်းသားကျေးရွာတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ပေးခဲ့သည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးပါသည်။၎င်းနောက် ဝန်ထမ်းများက လုပ်ငန်းလိုအပ်ချက်များကို အထွေထွေဆွေးနွေးတင်ပြကြရာ ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ၏ တင်ပြချက်များနှင့် ဌာနဆိုင်ရာလုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်