တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး/ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးများ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အလိုက် တိုင်းရင်းသားရေးရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်နိုင်ရေး တတိယအကြိမ် ပုံမှန်လုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂)ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများက Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က အဖွင့်အမှာစကားပြောကြားရာ၌ ယခင်ကျင်းပခဲ့သည့် ပထမအကြိမ်နှင့် ဒုတိယအကြိမ် ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးများ တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များ၊ ပူးပေါင်းဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများအား ညှိနှိုင်းဆောင်ရွက်ခဲ့ကြပါကြောင်း၊ ပညာရေးဝန်ကြီး ဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် Teaching Assistant-TA နှင့် Language Teacher-LT ဆရာ/ဆရာမများ ခန့်ထားရေးနှင့် အခြားသောစိန်ခေါ်မှုများကို ဖြေရှင်းဆောင်ရွက်နိုင်ရန် အတွက် ပညာရေးဝန်ကြီးဌာနမှတာဝန်ရှိသူများနှင့် (၂၇-၁၀-၂၀၂၂) ရက်နေ့တွင် ကျင်းပခဲ့ ပါကြောင်း၊ အဆိုပါအစည်းအဝေးတွင် Teaching Assistant-TA နှင့် Language Teacher-LT ဆရာ/ဆရာမများ ရွေးချယ်ခန့်ထားရေးဆိုင်ရာမူ (SoP) စံပြုလုပ်ထုံးလုပ်နည်းများကို ပြန်လည် ပြင်ဆင်ရန်ဆွေးနွေးခဲ့ကြပါကြောင်း တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲများ၊ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်များ၊ ဆန်းစစ်ခြင်း နှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းသင်တန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများအနေဖြင့် ရန်ပုံငွေကူညီပံ့ပိုးမှုဖြင့် ဆောင်ရွက်ပေးနိုင်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များသို့ တင်ပြဆောင်ရွက်စေလိုပါကြောင်း၊ ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရေးစခန်း (IDP Camp)များရှိ တိုင်းရင်းသားများနှင့်ပတ်သက်၍ ဘဏ္ဍာရန်ပုံငွေ လျာထားနိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းရင်းသားရေးရာဝန်ကြီးများအနေဖြင့် ဆောင်ရွက်ပေးစေလိုပါကြောင်း၊ တိုင်းရင်းသားလူမျိုး များနေထိုင်ရာဒေသအတွင်း ဖော်ဆောင်မည့် စီမံကိန်းများနှင့်စပ်လျဉ်း၍ တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ၅၊ တိုင်းရင်းသားလူမျိုး များ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေများပါ နည်းဥပဒေ၂၀၊ ၂၁ တို့နှင့် အညီ စိစစ်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများတွင် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ဓာတ်သတ္တုထုတ်လုပ်ခြင်းလုပ်ငန်းနှင့် အစိုးရက ခွင့်ပြုသည့်ဥပဒေနှင့် ညီညွတ်သည့် အခြားလုပ်ငန်းများအတွက် အသုံးပြုရန်လျှောက်ထား လာသည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ရှိ တိုင်းရင်းသား ရေးရာဝန်ကြီးများမှ ကွင်းဆင်းစိစစ်ရန်လိုအပ်ပါကြောင်း၊ မကြာမီကာလတွင် တိုင်းရင်းသား ဘာသာ စာပေသင် Teaching Assistant(TA)နှင့် Language Teacher(LT)ဆရာ/ဆရာမများ ရွေးချယ်ခန့်ထားရာတွင် ကြုံတွေ့ရသည့်အခက်အခဲများကို ဖြေရှင်းနိုင်မည့် အကောင်းဆုံး နည်းလမ်းများရရှိရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပညာရေးဝန်ကြီးဌာန နှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများအပြင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်း/အဖွဲ့ ကိုယ်စားလှယ်များပါဝင်သည့်အစည်းအဝေးကို ကျင်းပဆောင်ရွက်ရန် စီစဉ်လျက် ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် တိုင်းရင်းသားများအတွက် ဆောင်ရွက်ပေးခဲ့သည့် အချက်များ၊ ဆက်လက်ဆောင်ရွက်ရမည့်အချက်များအား တိုင်းရင်းသားပြည်သူများ ပိုမို သိရှိလာပြီး တိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်းလုံးညီညွတ်ရေးတို့အတွက် ပိုမို ပူးပေါင်းပါဝင်လာကြမည်ဟု ယုံကြည်ပါကြောင်း၊ တာဝန်ရှိသူများအားလုံးက တိုင်းရင်းသားများ အကျိုးကိုရှေ့ရှုပြီး ဝိုင်းဝန်းဆွေးနွေးပေးကြရန် ပြောကြားခဲ့ပါသည်။ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) အခန်း(၁)၊ နိုင်ငံတော်အခြေခံမူများ ခေါင်းစဉ်အောက်ရှိ ပုဒ်မ ၂၂ (က)တွင် “နိုင်ငံတော်သည် တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေရန် ကူညီဆောင်ရွက်မည်၊ ပုဒ်မ ၂၂ (ခ)တွင် တိုင်းရင်းသားအချင်းချင်း ချစ်ကြည်လေးစားရေး၊ စည်းလုံးညီညွတ်ရေးနှင့် ရိုင်းပင်းကူညီရေးတို့ တိုးတက်ဖြစ်ထွန်းစေရန် ကူညီဆောင်ရွက်မည်၊ ပုဒ်မ ၂၂ (ဂ) တွင် တိုးတက်ဖွံ့ဖြိုးမှုနည်းပါးနေသည့် တိုင်းရင်းသားလူမျိုးများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး စသည်တို့ ပါဝင်သော လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက်မည်ဟူ၍ ပြဋ္ဌာန်းထားပါကြောင်း၊ တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဥပဒေတွင် တိုင်းရင်းသားရေးရာဆိုသည်မှာ တိုင်းရင်းသားတို့၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနှင့် ကိုးကွယ်သည့် ဘာသာ၊ သမိုင်းအမွေအနှစ်၊ ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါအခွင့်အရေးများ ရရှိရေး တို့အပါအဝင် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး စသည့်ကိစ္စရပ်များကို ဆိုခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ယနေ့ညှိနှိုင်းအစည်းအဝေးတွင် တိုင်းရင်းသားရေးရာများအား မည်ကဲ့သို့ပူးပေါင်း ဆောင်ရွက်ကြမည်ကို ညှိနှိုင်းဆွေးနွေးသွားကြမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်နည်းဥပဒေအရ ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီး/ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များနှင့်ညှိနှိုင်းပြီး လုပ်ပိုင်ခွင့်များ အပ်နှင်းထားပြီးဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉) ရပ်၊ လူမှုရေးဦးတည်ချက် (က)တွင် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေးဟုပါရှိပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁ နှစ်နှင့် ၆ လ (၁၈လ) ပြည့် နိုင်ငံတော်တာဝန် ထမ်းဆောင်ခဲ့မှုနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မိမိတို့နိုင်ငံ လွတ်လပ်ရေးရယူရာတွင် ပင်လုံစာချုပ်နှင့် ပြည်ထောင်စု တစ်ခုလုံးကိုစုစည်းပြီး လွတ်လပ်ရေး ရယူခဲ့ပါကြောင်း၊ ပင်လုံစာချုပ်ဟုဆိုရာတွင် အနှစ်သာရမှာ ပင်လုံစိတ်ဓာတ်ပင်ဖြစ်ပါကြောင်း၊ ပင်လုံစိတ်ဓာတ်ဆိုသည်မှာ ပြည်ထောင်စုစိတ်ဓာတ်ဖြစ်ပါကြောင်း၊ ဤစိတ်ဓာတ်သည်အရင်းခံ ဖြစ်သလို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် အနာဂတ်ပြည်ထောင်စုကြီး တည်ဆောက်ရေး၏အခြေခံအုတ်မြစ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ဖြစ်ပါကြောင်းကို ထည့်သွင်းပြောကြားခဲ့ပါကြောင်း၊ လူမှုရေးဦးတည်ချက်(ခ)တွင် တိုင်းရင်းသားလူမျိုးအပေါင်း တို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက် လက္ခဏာများ မပျောက်ပျက်အောင်ထိန်းသိမ်းစောင့်ရှောက်ရေးဟု ပါရှိသကဲ့သို့ ရှေ့လုပ်ငန်းစဉ် (၅)ရပ်အနက် စတုတ္ထအချက်ဖြစ်သည့် တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ပါ သဘောတူညီချက်များ အတိုင်း ဖြစ်နိုင်သမျှအလေးထား လုပ်ဆောင်သွားမည်ဟုပါရှိပါသဖြင့် မိမိတို့ဝန်ကြီးဌာနနှင့် အတူ တိုင်းဒေသကြီး/ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများနှင့်လည်း သက်ဆိုင်လျက် ရှိပါကြောင်း၊ ၂၉-၁၀-၂၀၂၂ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် (၄၇/၂၀၂၂)ဖြင့် အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်သည့် ဥပဒေပြဌာန်းခဲ့ပါကြောင်း၊ အမျိုးသားပညာရေးဥပဒေပုဒ်မ ၄၄ ကို ပြင်ဆင်အစားထိုးရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များတွင် တိုင်းရင်းသားစာပေနှင့် ဘာသာစကားသင်ကြား သင်ယူမှုကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့၏အစီအစဉ်ဖြင့် အခြေခံမူလတန်းအဆင့်တွင် ဆောင်ရွက်နိုင်သည်ဟုပါရှိသဖြင့် Teaching Assistant-TA နှင့် Language Teacher-LT ဆရာ/ဆရာမများ ခန့်ထားရေးနှင့်ပတ်သက်၍ မိမိတို့နှင့် တိုက်ရိုက်သက်ဆိုင်သည်ကို သိရှိစေ လိုပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများအနေဖြင့် ကြုံတွေ့ ရသည့် စိန်ခေါ်မှုများနှင့် လိုအပ်မှုများကို တင်ပြဆွေးနွေးကြစေလိုပါကြောင်း ပြောကြားခဲ့ ပါသည်။ယင်းနောက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများ ဖြစ်ကြသော ဦးကျော်မင်းခိုင်၊ ဦးတင်လှ၊ ဦးစန်းကို၊ ဦးစိန်ထွန်းလှ၊ ဦးစိုင်းနိုင်နိုင်ကျော်၊ ဦးစောမာတင်လူသာ၊ ဦးစောလင်းအောင်၊ ဦးထွန်းခင်၊ ဦးစိုင်းနွမ်၊ ဦးခင်မောင်ဦး၊ ဦးတင်လှ၊ ဦးစောဂျက်ကော့ထူး၊ ဦးအောင်ကြည်ဝင်း၊ ဦးစောလင်းခယ်တို့က မိမိတို့တာဝန်ယူ ဆောင်ရွက် လျက်ရှိသည့် တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ကြပြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်တို့က အထွေထွေ ဆွေးနွေးတင်ပြခဲ့ကြပါသည်။၎င်းနောက် ဆွေးနွေးချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကိုရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် နှင့် ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေးပွဲအခမ်းအနားကို နိုဝင်ဘာလ (၅) ရက်နေ့ မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံး အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကရင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ တက်ရောက်ကြပါသည်။ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားလူမျိုးများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်း၊ အမျိုးသားရေးလက္ခဏာနှင့် သမိုင်းအမွေ အနှစ်တို့ကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုနည်းပါးသည့် တိုင်းရင်းသားလူမျိုးများ၏ လူမှုဘဝမြင့်မားရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လမ်းပန်းဆက်သွယ်ရေးစသည့်လုပ်ငန်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးကို ဦးတည်ချက်ထားရှိပြီး လုပ်ငန်းများဆောင်ရွက်လျက် ရှိပါကြောင်း၊ တိုင်းရင်းသားဒေသများမှာနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ၏ အလုပ်အကိုင်အခွင့်အလမ်းများရရှိအောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉)ရပ်တွင်ပါဝင်သော လူမှုရေးဦးတည်ချက် (၃)ရပ်ထဲမှ “တိုင်းရင်းသား လူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသား ယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုသည့် ဦးတည်ချက်အတိုင်း မိမိတို့ဝန်ကြီးဌာနမှ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း အဖွဲ့များအနေဖြင့် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲမထားဘဲ မိမိတို့တိုင်းရင်းသားလူမျိုးများ၏ စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ဖွံ့ဖြိုးတိုးတက်ရေးကိုသာ အဓိကာထားဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ စာပေနှင့် ဘာသာစကားပျောက်လျှင် လူမျိုးပါပျောက်ကွယ်သွားနိုင်သဖြင့် မိမိတို့၏ စာပေ၊ ဘာသာ စကား၊ ယဉ်ကျေးမှုနှင့် မိမိတို့၏ ရိုးရာအမွေအနှစ်များကို လက်ဆင့်ကမ်းထိန်းသိမ်း စောင့်ရှောက်ရမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးသည် အလွန်အရေးကြီးပါသဖြင့် တိုင်းရင်သားစည်းလုံးညီညွတ်မှု ရရှိစေရေး အားလုံးဝိုင်းဝန်း ကြိုးစာဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားများစည်း လုံးညီညွတ်မှ နိုင်ငံတော်ငြိမ်းချမ်းမည်၊ နိုင်ငံတော်ငြိမ်းချမ်းမှ တိုင်းပြည်ဖွံ့ဖြိုး တိုးတက် မည်ဖြစ်ပါကြောင်း၊ လူငယ်များသည် နိုင်ငံတော်၏ အနာဂတ်ခေါင်းဆောင်များဖြစ်ကြသဖြင့် လူငယ်များ၏ ပညာရေးကို ဦးစားပေးကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်က ဆောင်ရွက် နေသည့် “ပန်းခင်းစီမံချက်” အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက် ပေးခြင်းလုပ်ငန်းသည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် လွန်စွာအရေးကြီးသဖြင့် တိုင်းရင်းသားများအားလုံး ဝိုင်းဝန်းပါဝင်ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးသည်လည်း ဝိုင်းဝန်းတည်ဆောက် ကြရမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။၎င်းနောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုက ကရင်းပြည်နယ်အတွင်း တိုင်းရင်းသားရေးရာကိစ္စရပ်များ၏ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက် လာကြသည့် ကရင်၊ မွန်၊ ဗမာ၊ ပအိုဝ်းနှင့် ရှမ်း စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များက အထွေထွေ ဆွေးနွေးတင်ပြကြပါသည်။ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးတို့က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။၎င်းနောက် ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များ ထိန်းသိမ်းမြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အဖွဲ့များအား ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်း အနားကို ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်ရွာ (ရန်ကုန်)၌ ဆိပ်ခံဗောတံတား တည်ဆောက်ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ဆိပ်ခံဗောတံတား ကို တာဝန်ယူတည်ဆောက်နေသည့် Regal Strength Co.,Ltd မန်နေဂျင်းဒါရိုက်တာက တည်ဆောက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ရှင်းလင်းတင်ပြမှုများ အပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီး အောင်တည်ဆောက်သွားရန်၊ ရေထဲတွင် ဆောင်ရွက်ရသည့်လုပ်ငန်းဖြစ်သည့်အညီ စံချိန်စံညွှန်းများနှင့်အညီတည်ဆောက်ပြီး ကြံ့ခိုင်မှုရှိစေရန်နှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)တွင် အများပြည်သူအားလပ်ရက်များ၌ အပန်းဖြေလာရောက်ရာတွင် ကုန်းလမ်းအပြင် ရေလမ်းဖြင့်လည်း လာရောက်လည်ပတ် နိုင်ရန်အတွက် ဆိပ်ခံဗောတံတားတစ်စင်းကို ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် Regal Strength Co.,Ltd က ကျပ် (၄၄၉.၅၀၅) သန်းဖြင့် တင်ဒါအောင်မြင်ကာ တာဝန်ယူတည်ဆောက်ပေးလျက် ရှိပါသည်။ ထို ဆိပ်ခံဗောတံတားတည်ဆောက်ပြီးစီးပါက ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ (ရန်ကုန်)သို့ ကုန်လမ်း၊ ရေလမ်းဖြင့် လမ်းနှစ်သွယ်ဝင်ရောက်နိုင်သည့်အတွက် အများပြည်သူ ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လာနိုင်တော့မည်ဖြစ်ကြောင်း သိရှိ ရပါသည်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း များနှင့် တွေ့ဆုံပြီး ဝန်ထမ်းများအနေဖြင့် စည်းစည်းလုံးလုံးနှင့်လုပ်ငန်းတာဝန် များကို အောင်မြင်အောင်လုပ်ဆောင်သွားကြရန်၊ တိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ်ပွဲများအား အောင်အောင်မြင်မြင်ဖြစ်စေရန်အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန် လမ်းညွှန် မှာကြားခဲ့ပြီး ဝန်ထမ်းများက အထွေထွေတင်ပြကြပါသည်။ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက် ပေးနိုင်ရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်သည် အောက်တိုဘာလ (၉)ရက်နေ့၊ နေ့လယ် (၁၄:၃၀) နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနွမ်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြင်ဦးလွင်မြို့ Saint Peter Angelecan Church ဘုရား ကျောင်း၌ အထက်မြန်မာပြည် ခရစ်ယာန်အသင်းတော်များကောင်စီနှင့် ပြင်ဦးလွင် ခရစ်ယာန်အသင်းတော်များ ကောင်စီများမှ ဆရာတော်များ၊ သင်းအုပ်ဆရာများတို့ကို ကိုဗစ်-၁၉ ရောကာကာကွယ်ရေးစည်းကမ်းများနှင့်အညီ မိသားစုသဖွယ် တွေ့ဆုံ မိဿဟာရပြု စကားပြောကြားခဲ့ပါသည်။ပထမဦးစွာ အခမ်းအနားတွင် သိက္ခာတော်ရဆရာမကြီး ဒေါ်အိအိမိုးက အဖွင့် ဆုတောင်းပြီး Saint Peter Angelecan Church ဘုရားကျောင်းမှ ဂိုဏ်းချုပ်ဆရာတော်ကြီး ဦးကောက်ထန်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။၎င်းနောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ကော်လော်သဲ ၃:၁၅ တွင် ဖော်ပြထားသော ကျေးဇူးတော်သိသော စိတ်ရှိကြလော့ဟုဆိုသည့်အတိုင်း ကိုဗစ်-၁၉ ရောဂါကာလဖြစ်သော်လည်း ယခုကဲ့သို့ မိသားစုအသွင် Social Distancing ဖြင့် တွေ့ဆုံခွင့်ရသည့်အတွက် ကျေးဇူးတော်ချီးမွမ်း ရမည်ဖြစ်ပါကြောင်း၊ အရာခပ်သိမ်းသည် God’s Will ဘုရားသခင်အလိုတော်ရှိ၍ ဖြစ်လာပါ ကြောင်း၊ ယခင် ရန်ကုန်ခရစ်ယာန်အသင်းတော်များကောင်စီမှာ ဆရာတော်များနှင့် နှစ်ကြိမ် မိသားစုအသွင် တွေ့ဆုံပြီး တင်ပြရန်ရှိသည်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြပေးခဲ့ပါကြောင်း၊ ယခုအထက်မြန်မာပြည် ခရစ်ယာန်အသင်းတော်များကောင်စီနှင့် ပြင်ဦးလွင် အသင်းတော်များကောင်စီမှ ဆရာတော်များ၊ သင်းအုပ်ဆရာများ၊ အသင်းဂိုဏ်းထောက်များနှင့် တွေ့ဆုံစဉ် ပြောဆိုတင်ပြချက်များနှင့် ဆက်လက် တင်ပြရန်ရှိသည်များကိုလည်း ဆက်လက်တင်ပြပေးသွားမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနအနေဖြင့် တိုင်းပြည်အတွက်လိုအပ်သော တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး Unity, Peace and Development တို့ကို ဝိုင်းဝန်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ခရစ်တော်မွေးနေ့တော် နီးလာပြီဖြစ်၍ ရှင်လုကာ ၂:၁၄ တွင် ခရစ်တော်မွေးဖွားစဉ် ကောင်းကင်တမန်များမှ “Peace on Earth and Goodwill towards man” မြေကြီးပေါ်တွင် ငြိမ်သက်ခြင်းရှိစေသတည်း၊ လူတို့အား မေတ္တာ ကရုဏာရှိစေသတည်း”ဟု မြွက်ကြားသည့်အတိုင်း မေတ္တာ ကရုဏာ ထားခြင်းဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကို ဝိုင်းဝန်း ဖော်ဆောင်နိုင်ပါကြောင်း၊ ရှင်မသဲ ၅:၁၉ တွင် ဖော်ပြထားသော သူတစ်ပါးချင်းခိုက်ရန် ပြုခြင်းကိုငြိမ်းစေသောသူသည် ဘုရားသခင်သားတော်ဟု ခေါ်ဝေါ်ခြင်းကိုခံရမည်ဟု ဖော်ပြ ထားပါသဖြင့် ငြိမ်းချမ်းရေးကို ဝိုင်းဝန်းဖော်ဆောင်ရန်လိုအပ်ပါကြောင်း၊ ရောမဩဝါဒ ၁၃:၁ တွင် အစိုးရသော မင်းအာဏာစက်၏ အုပ်စိုးခြင်းကိုဝန်ခံစေဟု ဖော်ပြထားသဖြင့် တိုင်းသူ ပြည်သားအားလုံးအကျိုးကိုရှေးရှုပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကို ဝိုင်းဝန်းလုပ်ဆောင်ကြရမည်ဖြစ်ပါကြောင်း၊ ဆာလံ ၁၃၃ တွင် ဖော်ပြထားသည့်အတိုင်း ညီအစ်ကိုတို့သည် သဘောတူညီလျက် ပေါင်းဖော်ကြသည့်အရာမှာ အလွန်ကောင်းပေ၏၊ အလွန်တင့်တယ်လှပပေ၏၊ ထိုသို့သောအရပ်ကို ဘုရားသည် ကောင်းချီးပေးတော်မူမည်ဟု ဆိုသည့်အတိုင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုဖော်ဆောင်ပြီး တိုင်းပြည်အေးချမ်း သာယာဖွံ့ဖြိုးအောင် တည်ဆောက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။၎င်းနောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနွမ်က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။ဆက်လက်ပြီး အထက်မြန်မာပြည် ခရစ်ယာန်အသင်းတော်များကောင်စီနှင့် ပြင်ဦးလွင် ခရစ်ယာန်အသင်းတော်များကောင်စီများ၏အသင်းတော်များမှ ဆရာတော်များ၊ သင်းအုပ်ဆရာများတို့က မေးမြန်းဆွေးနွေးပြီး အထွေထွေဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဆောင်ရွက်ပေးနိုင်မည့်ကိစ္စရပ်များကို ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းနှင့် ဆက်လက်တင်ပြရန်လိုအပ်သည့်ကိစ္စရပ်များအား နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသို့ ဆက်လက်တင်ပြပေးသွားမည်ဖြစ်ကြောင်းနှင့် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါသည်။၎င်းနောက် ပြင်ဦးလွင်မြို့ ခရစ်တော်၏အသင်းတော် သင်းအုပ်ဆရာ သိက္ခာတော်ရ ဆရာတော် ယုံခက အပိတ်ဆုတောင်းပေးခဲ့ပြီး အခမ်းအနားကို (၁၆:၃၅) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် သည် ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ လိုက်ပါလျက် အောက်တိုဘာလ (၁၀) ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ ကရုဏာသစ်လူငယ်ပရဟိတဖွံ့ဖြိုးရေး ဂေဟာနှင့် သက်စမ်းရေပရဟိတဂေဟာသို့ သွားရောက်ခဲ့ပြီး ဆန်နှင့် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းကာ ပရဟိတဂေဟာများတွင် ပညာသင်ကြားလျက်ရှိသော တိုင်းရင်းသားလူငယ် မောင်မယ်များအား အားပေးလမ်းညွှန် စကား ပြောကြားခဲ့ပါသည်။နံနက် (၉၀၀) နာရီတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြင်ဦးလွင်မြို့ရှိ ကရုဏာသစ်လူငယ်ပရဟိတဖွံ့ဖြိုးရေးဂေဟာသို့ သွားရောက်ခဲ့ပါသည်။ပထမဦးစွာ ကရုဏာသစ်လူငယ်ပရဟိတဖွံ့ဖြိုးရေးဂေဟာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မာလေးက ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ကျောင်းသား/ကျောင်းသူ လူငယ်များအား အားပေးလမ်းညွှန်စကားပြောကြားရာတွင် covid-19 ရောဂါသည် လုံးဝကွယ်ပျောက်သွားခြင်းမရှိသေးသည့်အတွက် အထူးဂရုပြုရန် လိုအပ်ပါကြောင်း၊ ပရဟိတကျောင်းများနေဖြင့် သက်ဆိုင်ရာဌာနများတွင် မှတ်ပုံတင်ထားရှိရန် လိုအပ်ပါ ကြောင်း၊ ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဖြစ်ပါကြောင်း၊ လူမျိုးရေးနှင့် ဘာသာရေးမခွဲခြားရန် လိုအပ်ပါကြောင်း၊ မိမိပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်အောင် နေထိုင်တတ်ရန် အလွန် အရေးကြီးပါကြောင်း၊ ကလေးသူငယ်များအနေဖြင့် မိမိကိုယ်ကို အားငယ်စိတ်မထား ကြရန်နှင့် ပညာကိုကြိုးစားရှာဖွေကြရန် မှာကြားလိုပါကြောင်း၊ ဘုရားတရားမမေ့ရန်လည်း အရေးကြီးပါကြောင်း၊ ကလေးသူငယ်များသည် နိုင်ငံတော်၏ အနာဂတ်ကြယ်ပွင့် ကလေးများဖြစ်သည့်အတွက် အခြားသူများကို အလင်းပေးနိုင်သူဖြစ်အောင် ရည်မှန်းချက် ထားရှိရမည်ဖြစ်ပါကြောင်း၊ သစ်ပင်ငယ်များပြုစုပျိုးထောင်ရာတွင် ငယ်စဉ်ကပင် ဖြောင့်တန်းနေရန်အတွက် ပြုပြင်ပေးရသကဲ့သို့ ကလေးငယ်များပြုစု ပျိုးထောင်ရာ တွင်လည်း ငယ်စဉ်ကပင် ကောင်းမွန်စွာ ဆုံးမသွန်သင်ရမည်ဖြစ်ပါကြောင်း၊ ငယ်စဉ် ကတည်းကပင် အကျင့်စာရိတ္တကောင်းမွန်အောင် နေထိုင်ရမည်ဖြစ်ပြီး စည်းကမ်း ကောင်းအောင်ပြုမှုနေထိုင်ကြရမည်ဖြစ်ပါကြောင်း၊ မိဘ၊ ဆရာများ၏ ကျေးဇူးကို သိတတ် ရမည်ဖြစ်ပြီး မိမိလူမျိုး၊ မိမိတိုင်းပြည်အတွက် အကျိုးပြုကြရမည်ဖြစ်ကြောင်း အားပေး လမ်းညွှန်စကား ပြောကြားခဲ့ပါသည်။၎င်းနောက် ပြည်ထောင်စုဝန်ကြီးက ကရုဏာသစ်လူငယ်ပရဟိတဖွံ့ဖြိုးရေးဂေဟာသို့ ဆန်(၁၀)အိတ်နှင့် ထောက်ပံ့ငွေများကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ် ဆရာမကြီး ဒေါ်မာလေးက လက်ခံရယူခဲ့ပါသည်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များက ပရဟိတဂေဟာအတွင်း တပိုင်တနိုင် စိုက်ပျိုးရေး၊ မွေးမြူရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုလေ့လာခဲ့ပြီး ကျောင်းသားကျောင်းသူများ၊ ဆရာမများနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပါသည်။ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြင်ဦးလွင်မြို့ မြို့ပတ်လမ်းရှိ သက်စမ်းရေပရဟိတဂေဟာသို့ သွားရောက်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက တိုင်းရင်းသားရိုးရာအကဖြင့် ကြိုဆိုခဲ့ကြပါသည်။၎င်းနောက် အဆိုပါ ပရဟိတဂေဟာခန်းမတွင် ကျောင်းသူကျောင်းသားများ၊ ဆရာ/ဆရာမများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပထမဦးစွာ ဆရာတော် ဦးမိုးဇက်က အဖွင့်ဆုတောင်းပေးခဲ့ပြီး သိက္ခာတော်ရဆရာတော် ဦးကျော်ကျော်က ကျေးဇူးတင် ဝမ်းမြောက်စကားပြောကြားခဲ့ပါသည်။ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးက ကျောင်းသားကျောင်းသူလူငယ်များအား အားပေးလမ်းညွှန်စကားပြောကြားရာတွင် ပထမဦးစွာ ကျေးဇူးတော်ကို ချီးမွမ်းတတ် ရမည်ဖြစ်ပါကြောင်း၊ ဘရားသခင်၏ကျေးဇူးတော်ကြောင့် ဤနေရာရှိ သား/သမီး၊ ကျောင်းသား/ကျောင်းသူများ ပညာကို အေးချမ်းစွာသင်ယူနေကြရခြင်းဖြစ်ပါကြောင်း၊ ထို့အတွက်ကြောင့် ပညာကို ကြိုးစားသင်ယူကြပြီး မိမိဘဝကို မိမိကိုယ်တိုင်ကြိုးစား တည်ဆောက်ရမည်ဖြစ်ပါကြောင်း၊ အနာဂတ်ရည်မှန်းချက်များထားရှိပြီး ရှင်သန်နေထိုင် ကြရန် အရေးကြီးပါကြောင်း၊ လုပ်ဆောင်သည့်အရာတိုင်းကို စေတနာထားပြီး လုပ်ဆောင် ကြရန်နှင့် လူမှုပေါင်းသင်းဆက်ဆံရေးသည် လည်းအရေးကြီးပါကြောင်း၊ မျှမျှတတနှင့် သဘောထားကြီးသူများ၊ ကိုယ်ချင်းစာစိတ်ရှိသူများဖြစ်လာစေရန် အစဉ်တစိုက် မိမိကိုယ်ကို ပြုပြင်နေထိုင်ကြရမည်ဖြစ်ပါကြောင်း၊ အကျင့်စာရိတ္တကောင်းမွန်ရန်လည်း အလွန်အရေးကြီး ပါကြောင်း၊ စည်းကမ်း ကောင်းမွန်ရန်နှင့် မိဘ၊ ဆရာသမားများ၏ ကျေးဇူးကို သိတတ် ရမည်ဖြစ်ပါကြောင်း၊ တိုင်းပြည်ကိုချစ်မြတ်နိုးစိတ်၊ မိမိတို့တိုင်းပြည်တိုးတက်စေလိုသော စိတ်ဖြင့် အစဉ်ရှင်သန်နေရန်လိုအပ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်း (၁၃၅)မျိုးကျော် စုစည်းနေထိုင်လျက်ရှိပြီး တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး၊ ငြိမ်းချမ်းရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရမည်ကို အစဉ်အမြဲ မှတ်သားထားရမည်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးအတွက် ဘုရားရှင်ကြွလာသည့်အချိန်တွင် ကောင်းကင်သမန်များမှ “မြေကြီးပေါ်၌ ငြိမ်သက်ခြင်းရှိစေသတည်း၊ လူတို့အားမေတ္တာ ကရုဏာရှိစေသတည်း” “Peace on Earth and Goodwill towards man” ဟု ဆိုသည့်အတိုင်း ငြိမ်းချမ်းရေးကို ရရှိစေရန် အားလုံးဝိုင်းဝန်လုပ်ဆောင် ကြရမည်ဖြစ် ပါကြောင်း၊ နိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးရေးခွဲခြားမှု မရှိစေရန် လွန်စွာအရေးကြီး မှာကြားလိုပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာကို ကြိုးစား သင်ယူကြရန်နှင့် နိုင်ငံချစ်စိတ်၊ လူမျိုးချစ်စိတ်နှင့် ငြိမ်းချမ်းရေးအတွက် အစဉ်အမြဲ ကြိုးစားဆောင်ရွက်ရန်လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။၎င်းနောက် ပြည်ထောင်စုဝန်ကြီးက သက်စမ်းရေပရဟိတဂေဟာသို့ ဆန်(၁၀) အိတ်နှင့် ထောက်ပံ့ငွေများကို ပေးအပ်လှူဒါန်းရာ သိက္ခာတော်ရဆရာတော် ဦးကျော်ကျော်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုလက်မှတ်ကို ပြန်လည်ပေးအပ်ခဲ့ပါသည်။ ထို့နောက် သိက္ခာတော်ရ ဆရာတော် ဦးမိုးဇက်က ဆုတောင်းခြင်းဖြင့် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်