ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီးသတင်းများ

  • 28
  • OCT

  • 28 October 2024
  • ရှမ်းပြည်နယ်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် အောက်တိုဘာလ (၂၈) ရက်နေ့၊ နံနက်ပိုင်းတွင် ဟိုပုံးမြို့နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အစည်းအဝေးခန်းမ၌ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က တွေ့ဆုံအမှာစကား ပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုများကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ တိုင်းရင်းသားရေးရာများကိုဆောင်ရွက်ခြင်းနှင့် စစ်မှန်သော မျိုးချစ် စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် တိုးတက်ခိုင်မာလာစေရေးအတွက် ကျန်းမာရေး၊ ပညာရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် လုပ်ငန်းတာဝန်များကို နိုင်ငံတော်က ပြဋ္ဌာန်းထားရှိသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉) ရပ်အနက် လူမှုရေးဦးတည်ချက်ပါ “တစ်နိုင်ငံလုံး အသိပညာအတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက် အကူပြု ပညာရှင်များထွန်းကားလာစေရေးတို့အတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံ ပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေး” ဆိုသည့် ဦးတည်ချက်ကို အထောက် အကူပြုစေရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် တိုင်းရင်းသားဘာသာ စာပေသင်ကြားမှုကို အမျိုးသားပညာရေးမူဝါဒ ပုဒ်မ (၄၄) နှင့်အညီ ကျောင်းသင် မူလတန်းပညာရေး သင်ရိုးညွှန်းတမ်းကို ပေါင်းကူးအထောက်အကူပြု သင်ကြားနိုင်စေရန်အတွက် ပညာရေး ဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အစိုးရပညာကျောင်းများတွင် တိုင်းရင်းသား ဘာသာစာပေသင်ကြားရေး အထောက်အကူပြု ဆရာ/မ (Teaching Assistant - TA) နှင့် တိုင်းရင်းသားစာပေသင် ဆရာ/မ (Language Teacher - LT) များအဖြစ် ခန့်ထားနိုင်ရန်အတွက်    ၂၀၁၇ ခုနှစ်မှ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အထိ ပညာရေးဝန်ကြီးဌာနမှ ပညာရေးမူဝါဒများနှင့်အညီ  တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် TA/LT တိုင်းရင်းသား ဘာသာသင် ဆရာ/ဆရာမပေါင်း (၁၈၄၂၇) ဦး ခန့်အပ်ခဲ့ပါကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များ အနေ ဖြင့် တရားဝင်သတ်မှတ်ချက် ဥပဒေနှင့်အညီ မှတ်ပုံတင်ထားရှိရန် လိုအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေနှင့်အညီ စနစ်တကျ မှတ်ပုံတင်နိုင်ရေးကိစ္စနှင့် တိုင်းရင်းသားများအတွက် တိုက်ရိုက်အကျိုးခံစားရစေမည့်လုပ်ငန်းများကို နိုင်ငံတော်၏လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားတို့ကို မထိခိုက်စေဘဲ ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသားဒေသ များတွင် စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများတွင် ဆောင်ရွက်မည့်လုပ်ငန်းများတွင်လည်း တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာအရ သက်ဆိုင်သည့်မြေများ ပါဝင်မှုရှိ/မရှိ အချိန်နှင့်တစ်ပြေးညီ ကွင်းဆင်းစိစစ်ပြီး ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများစီမံခန့်ခွဲမှု ဗဟိုကော်မတီသို့ သဘောထားမှတ်ချက်များ ပြန်ကြားဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များအနေဖြင့် မိမိတို့၏ တိုင်းရင်းသားရေးရာကိစ္စရပ်များကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံတော်နှင့် တိုင်းရင်းသားလူမျိုးများ၏အကျိုးစီးပွားကို ရှေးရှု၍  တင်ပြဆောင်ရွက်နိုင်ပါကြောင်း၊ ယနေ့ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ၏ တင်ပြသည့်အချက်များကို စနစ်တကျ သေချာမှတ်သားပြီး သက်ဆိုင်ရာ ဆက်စပ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များတို့နှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးသည် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေးပင်ဖြစ်ပါကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတည်ငြိမ်အေးချမ်းမှုရှိရန်လိုပါကြောင်း၊ တိုင်းရင်းသား ဒေသများဖွံ့ဖြိုးတိုးတက်မှ တိုင်းပြည်အေးချမ်းသာယာဝပြောမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားတိုင်းသည် နိုင်ငံသားများဖြစ်သကဲ့သို့ နိုင်ငံသားတိုင်းသည် တိုင်းရင်းသားလူမျိုးများ မဟုတ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်း (၁၃၀) ကျော် စုပေါင်းနေထိုင်ကြသည့် ပြည်ထောင်စုနိုင်ငံတော်ကြီး ဖြစ်သည်နှင့်အညီ စစ်မှန်သော မျိုးချစ် စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ထားရှိကြရန်လိုအပ်ပါကြောင်း၊ ပြည်ထောင်စု စိတ်ဓာတ်ဆိုသည်မှာ  တိုင်းရင်းသားများအားလုံး “တစ်မြေတည်းနေ၊ တစ်ရေတည်းသောက် တို့အားလုံးသည် တိုင်းရင်းသားညီအစ်ကိုများဖြစ်ပြီး အရေးကြီးလျှင် သွေးနီးကြမည်” ဆိုသည့်စိတ်ဓာတ်၊ “တောင်ပေါ်မြေပြန့်မခွဲခြား၊ တို့အားလုံးသည် သားချင်းများဖြစ်ကြပြီး နိုင်ငံတော်ကိုပူးပေါင်းကာကွယ်စောင့်ရှောက်ကြမည်” ဆိုသည့်စိတ်ဓာတ်၊ “မရှိအတူ ရှိအတူ၊ အေးအတူ ပူအမျှ၊ ဥမကွဲ သိုက်မပျက် ချစ်ကြည်ရင်းနှီးစွာ အတူတကွလက်တွဲနေထိုင်ကြသည့် မိသားစုများ”ဆိုသည့် စိတ်ဓာတ်များပင်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများအနေဖြင့် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ တစ်မျိုးနှင့်တစ်မျိုး အမုန်းမပွား အညှိုးမထားဘဲ ချစ်စကို ရှည်စေ မုန်းစကိုတိုစေ၊ အမိနိုင်ငံတော်၏ စစ်မှန်သောအကျိုးစီးပွားကို ဦးတည်ချက်ထားရှိ နိုင်သည့် ချစ်ကြည်ရင်းနှီး  သွေးစည်းညီညွတ်မှုများဖြင့်  စစ်မှန်သောမျိုးချစ်စိတ်ဓာတ် ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံ၍ ဒို့တာဝန်အရေးသုံးပါးကိုမထိခိုက်စေဘဲ နိုင်ငံသူ နိုင်ငံသားများနှင့် တိုင်းရင်းသားပြည်သူများအားလုံး မျှော်လင့်တောင့်တနေသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက်ရေးလုပ်ငန်း များတွင် မိမိတို့ကျရာကဏ္ဍမှ ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ အားကြိုးမာန်တက် အစွမ်းကုန် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးတို့က ရှမ်းပြည်နယ် အတွင်း တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသတွင်း ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များနှင့် တိုင်းရင်းသားစာပေယဉ်ကျေးမှု ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ၎င်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အဖွဲ့များက တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များနှင့်ပတ်သက်ပြီး ဆွေးနွေးတင်ပြကြရာ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုအပ်ချက်များကို ဖြည့်စွက်ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ် တိုင်းရင်းသား ရေးရာဝန်ကြီးနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။ထို့နောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမိုထိန်းသိမ်းမြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသား ရေးရာဝန်ကြီးနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့က ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များအား ထောက်ပံ့ငွေများ ပေးအပ်ထောက်ပံ့ခဲ့ပါသည်။နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ခပေါင်းရေကြည်ရပ်ကွက်ရှိ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာသို့ သွားရောက်ပြီး သင်တန်းခန်းမ၊ သင်တန်းသား အိပ်ဆောင်၊ ထမင်းစားဆောင်၊ အလုပ်ရုံအဆောက်အဦတို့ကို သွားရောက်ကြည့်ရှုပြီး သန့်ရှင်းသပ်ရပ်မှုရှိရေး၊ သတ်မှတ်ထားရှိသည့် သင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ်၍ စနစ်တကျသင်ကြားပေးနိုင်ရေးအတွက် စီမံဆောင်ရွက်ထားရှိရန် မှာကြားခဲ့ပါသည်။ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သစ်ပင်ထောင်ရေထွက်မှ သက်မွေးပညာသင်တန်းစင်တာသို့ သင်တန်းသားများ သုံးရေလုံလောက်စွာရရှိနိုင်ရေးအတွက် ရေသွယ်တန်းထားရှိမှုများ၊ ရေစက်အတွက် လျှပ်စစ်ဓာတ်အားခွဲရုံ (Transformer) တည်ဆောက်ပြီးစီးမှု၊ ဆိုလာစနစ်ဖြင့် ရေပို့လွှတ်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးခဲ့ပြီး ရေစုကန်သန့်ရှင်းရေး၊ ရေပိုက်လိုင်းများ၊ ရေလှောင်ကန်များနှင့် ဆိုလာပြားများ လုံခြုံမှုရှိစွာဖြင့် ရေရှည်အသုံးပြုနိုင်ရေးတို့အတွက် မှာကြားခဲ့ပါသည်။ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာ၌ စတင်ဖွင့်လှစ်ခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီမှ အောက်တိုဘာလအထိ ဒေသခံ တိုင်းရင်းသားများအား အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများ (၁၂)ကြိမ်ထိ၊ သင်တန်းသားဦးရေ (၂၆၀) ဦးတို့အား စာတွေ့၊ လက်တွေ့ လေ့ကျင့်သင်ကြားပေးနိုင်ခဲ့ပြီး ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးများအတွက် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိနိုင်ရေးတို့အတွက် ဆက်စပ်သင်တန်းများကိုလည်း ဆက်လက်ဖွင့်လှစ် သင်ကြားပေးနိုင်ရေး စနစ်တကျစီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။  

ဆက်လက်ဖတ်ရှုပါရန်
  • 25
  • SEP

  • 25 September 2024
  • နေပြည်တော်

သမဝါယမအသင်းဖွဲ့စည်းရေးဆိုင်ရာ အသိပညာပေးဟောပြောသည့် အခမ်းအနားကို  (၂၅-၉-၂၀၂၄) ရက်နေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်း အဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊  သမဝါယမ နှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဉာဏ်ဝင်းမောင်နှင့် အရာထမ်း အမှုထမ်းများ တက်ရောက်ကြပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော် အကြီးအကဲ၏ မူဝါဒတစ်ရပ်ဖြစ်သည့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် အခြေခံအုတ်မြစ် တစ်ခုဖြစ်သည့် သမဝါယမစနစ်၊ သမဝါယမစီးပွားရေးကိစ္စရပ်များကို  နိုင်ငံ့ဝန်ထမ်း၊ ပြည်သူ့ ဝန်ထမ်းများအားလုံး သိရှိထားကြရမည်ဖြစ်ပါကြောင်း၊ သမဝါယမစနစ်သည် လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း၊ တရားမျှတခြင်းဟူသော  လောကပါလတရား သုံးပါးနှင့် ညီညွတ်ပါကြောင်း၊ ယနေ့ခေတ်သမဝါယမစနစ်သည် ကျေးလက်နေပြည်သူအများစုနှင့် မြို့ပြနေ အခြေခံလူတန်းစား များ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေပြီး တိုင်းပြည်စီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက် လာစေရန် သမဝါယမစီးပွားရေး လုပ်ငန်းများဖြင့် တစ်ဖက်တစ်လမ်းမှ အမှန်တကယ် အထောက် အကူပြုလာစေ၍ နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များကို အားပြည့်/ အားဖြည့် လာစေမည်ဖြစ်ပါကြောင်း၊ အဆိုပါသမဝါယမအသင်းဖွဲ့စည်းခြင်းဖြင့် ဌာနရှိဝန်ထမ်းများ  စနစ်တကျ စုဆောင်းတတ်သော အလေ့အကျင့်ကောင်းများရရှိခြင်း၊ သမဝါယမစနစ်ဖြင့် ငွေစုဆောင်းခြင်း၊ ငွေချေးယူခြင်း လုပ်ငန်းများဆောင်ရွက်နိုင်ခြင်းနှင့် ဝန်ထမ်းများ၏ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးစသည်တို့အတွက် အထောက်အပံ့ကောင်းများရရှိစေရန် ဆောင်ရွက်ပေး နိုင်မည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအားလုံး သမဝါယမအသင်းဖွဲ့စည်းခြင်းနှင့်စပ်လျဉ်းသည့် ဟောပြောချက်များအား သေချာစွာလေ့လာမှတ်သားကြရန်နှင့် လိုက်နာဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် ဝိုင်းဝန်းဆွေးနွေးပြီး မိမိ တစ်ဦးချင်းမှစ၍ မိမိအဖွဲ့အစည်း၊ မိမိ၏ဌာနအတွက် အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ် ပါဝင်၍ သမဝါယမအသင်းသားကောင်းများ ဖြစ်ကြပါစေကြောင်း ပြောကြားပါသည်။           ဆက်လက်၍ ဒုတိယဝန်ကြီးက နိုင်ငံတော်အကြီးအကဲ၏ မူဝါဒဖြစ်သော သမဝါယမ စနစ်သည် တစ်ဦးချင်းအကျိုးစီးပွားနှင့် အများအတွက်အကျိုးစီးပွားကို ဆက်စပ်ထားခြင်း ဖြစ်ရာ အသင်းသားတစ်ဦးချင်းအနေဖြင့်လည်းကောင်း၊ အသင်းလိုက်အနေဖြင့်လည်းကောင်း၊ “တစ်ဦးအကျိုးကို အများကဆောင်ရွက်၊ အများအကျိုးကို တစ်ဦးကဆောင်ရွက်” (One for all, all for One) ဟူသည့်စကားအတိုင်း အပြန်အလှန် ရိုင်းပင်းကူညီကြရန်ဖြစ်ပါကြောင်း၊ သမဝါယမအသင်း အဆင့်ဆင့်တွင် ထုတ်ကုန်သမဝါယမအသင်း၊ ဝန်ဆောင်မှုသမဝါယမ အသင်း၊ ကုန်သွယ်မှုသမဝါယမအသင်းနှင့် အထွေထွေသမဝါယမအသင်း စသည်ဖြင့်ပါဝင် ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနတွင် သမဝါယမစနစ်ကို ထူထောင်၍ ဝန်ထမ်းများ သက်သာ ချောင်ချိရေးအတွက် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်နှင့်အညီ အားလုံးပူးပေါင်း ဆောင်ရွက်ကြပါရန် တိုက်တွန်းပြောကြားပါသည်။ ထို့နောက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးက သမဝါယမအသင်းများ ဖွဲ့စည်းခြင်းဆိုင်ရာ ကိစ္စရပ်များကို Powerpoint ၊ Video Clip  များဖြင့် ရှင်းလင်းတင်ပြပါသည်။           ၎င်းနောက် အသိပညာပေး ဟောပြောပွဲတက်ရောက်လာကြသူများက သိရှိလိုသည် များကို မေးမြန်းကြရာ သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ပြန်လည်ရှင်းလင်းဆွေးနွေး ပြီးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။           ဆက်လက်၍ မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာ အသိပညာဆွေးနွေးပွဲကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ကလေးအလုပ် သမားနှင့်ပတ်သက်သော အသိပညာများရရှိစေရန်နှင့် ဥပဒေရေးရာလုပ်ငန်း ကော်မတီ၏ လုပ်ငန်းများအား သိရှိနိုင်ရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီကို ၂၄-၈-၂၀၂၃ ရက်နေ့တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ်၊ ၁၈၀/ ၂၀၂၃ ဖြင့် ပြင်ဆင်ဖွဲ့စည်း ခဲ့ပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ အဖွဲ့ဝင် (၃၆)ဦး ပါဝင်ပြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊  ဥပဒေရေးရာကော်မတီတွင် လုပ်ငန်း (၁၂)ရပ် ရှိပါကြောင်း၊ ၂၀၂၂ ခုနှစ်တွင် ကမ္ဘာတစ်ဝန်းလုံး၌ ကလေးအလုပ်သမား ၈.၉ သန်းခန့်ရှိသည်ကို သိရှိရပါကြောင်း၊ အသက်(၁၅)နှစ်မှ အသက်(၁၈)နှစ်အတွင်း ကလေးသူငယ်များသည် အသိ ပညာများကြွယ်ဝလာစေရန် ကျွမ်းကျင်မှု၊ အရည်အချင်းများ လေ့လာရသည့် ကာလဖြစ်သဖြင့် အဆိုပါကလေးသူငယ်များအား လုပ်ငန်းခွင်တွင် ဆောလျင်စွာအသုံးချခြင်း၊ ဝင်ရောက်လုပ်ကိုင် စေခြင်းများကြောင့် တန်ဖိုးရှိသော လူငယ်လူရွယ်များဖြစ်ရန် အဟန့်အတားဖြစ်စေပြီး နိုင်ငံတော် အတွက် လူ့စွမ်းအားအရင်းအမြစ်ကောင်းများ ဆုံးရှုံးလျက်ရှိပါကြောင်း၊ အဆိုပါကိစ္စသည် အထူး သဖြင့် ဆင်းရဲသော မိသားစုများတွင် သက်ရောက်မှု ပိုမိုကြီးမားသည်ကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ရာ ကလေးအလုပ်သမား တိုးပွားလာမှုမရှိစေရေးအတွက် တုံ့ပြန် ဆောင်ရွက်မှုများ၊ လူမှု အကာအကွယ်များ၊ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးမှုများ၊ သင့်လျော်ကောင်းမွန်သော အလုပ်အကိုင် တိုးမြှင့်ပေးခြင်းများ၊ ကျောင်းနေအရွယ်ကလေးများ အခမဲ့ပညာသင်ကြားနိုင်ရေး တို့ကို ကလေးအလုပ်သမားဆိုင်ရာဥပဒေများဖြင့် ထိထိရောက်ရောက် ဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း၊ ထို့အပြင် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးဆိုင်ရာ ဘက်ပေါင်းစုံမှ တုံ့ပြန်ဆောင်ရွက်သည့် မူဝါဒများဖြင့် လူမှုအကာအကွယ် ပေးနိုင်မည်ဆိုပါက ကလေးအလုပ် သမားဖြစ်ပွားမှုကို အကာအကွယ်ပေးလာနိုင်မည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများအနေဖြင့် ယနေ့ရှင်းလင်းဆွေးနွေးမှုအပေါ် အပြန်အလှန် မေးခွန်းများမေးမြန်းခြင်းဖြင့် အသိပညာ ဗဟုသုတများ တိုးတက်များပြားလာစေမည်ဖြစ်ပြီး လူ့ဘောင်ဘဝလက်တွေ့နယ်ပယ်တွင် ပြဋ္ဌာန်း ထားရှိသည့် ဥပဒေများနှင့်အညီ ကာလံ ဒေသံ အဂ္ဃံ ဓနံ ဟူသည့် ဆိုရိုးအတိုင်း မိမိတို့၏ လုပ်ငန်းတာဝန်များကို လက်တွေ့ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် ပြောကြားပါသည်။           ဆက်လက်၍ ဒုတိယဝန်ကြီးက   မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပခြင်းသည် အလွန်ကောင်းမွန်သော ဆောင်ရွက်ချက် ဖြစ်ပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်မှ မြန်မာနိုင်ငံကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေကို (၂၃-၇-၂၀၁၉) ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက်  အဓိကလူ့စွမ်းအားအရင်းအမြစ်ဖြစ်သည့် လူငယ်၊ လူရွယ်များသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါကြောင်း၊ ၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် အသက် ၁၅ နှစ်မှ ၆၄ နှစ်ရှိ အလုပ်လုပ်နိုင်သောလူဦးရေ အချိုးအစား ၆၅ ဒသမ ၆ ရာခိုင်နှုန်းရှိရာ ထိုအချိန်က “လူဦးရေ ဆိုင်ရာဆုလာဘ်” ကို ရရှိနေခြင်းပင်ဖြစ်ပြီး နှစ်ပေါင်း ၂၀ အတွင်း အကျိုးရှိရှိ အသုံးချနိုင်ပါက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ဖြစ်စေနိုင်မည်ဖြစ်သည်ဟု သိရှိရပါကြောင်း၊  မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေးသည် နိုင်ငံတော်အတွက် အလွန်အရေးပါသော ကဏ္ဍတစ်ရပ်ဖြစ်ပြီး ပညာသင်ယူရမည့်အရွယ်တွင် ပညာကိုသာ အဓိကထားသင်ကြားပေးမှသာ ထူးချွန်ထက်မြက်သော လူငယ်များဖြင့် ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို  တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့်  ဝင်ငွေထွက်ငွေများကို မျှတစွာသုံးစွဲ၍ မိမိတို့၏ ရင်သွေး သားသမီးများ ကောင်းမွန်သည့် ပညာရေးရရှိစေရန် အလေးထားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ကလေးအလုပ်သမားများ ပပျောက်ရေးအတွက် မိမိတို့ပတ်ဝန်းကျင်တွင် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် ကလေးသူငယ်များကို တွေ့ရှိပါက တတ်အားသရွေ့ ဝိုင်းဝန်းကူညီပေးကြရန် ပြောကြားပါသည်။            ထို့နောက် ပြည်ထောင်စုဝန်ကြီးရုံးမှ  လက်ထောက်အတွင်းဝန် ဦးကီးလိန်းက ကလေး အလုပ်သမားဆိုင်ရာ အခြေခံအချက်များနှင့် ဥပဒေရေးရာ လုပ်ငန်းကော်မတီ၏  လုပ်ငန်း ဆောင်ရွက်ချက်များရှင်းလင်းပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သဉ္ဇာနိုင်က ကလေးအလုပ်သမားဆိုင်ရာ ဥပဒေကောက်နုတ်ချက် များအား ရှင်းလင်းဆွေးနွေးပါသည်။           ယင်းနောက် တက်ရောက်လာကြသူများနှင့် အပြန်အလှန် မေးခွန်းများ မေးမြန်း ဖြေကြားမှုများ ပြုလုပ်ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 20
  • SEP

  • 20 September 2024
  • နေပြည်တော်

တိုင်းရင်းသားဘာသာစကားကိုသာ အသုံးပြုသည့် ဒေသများတွင် ဒေသခံဘာသာ စကားဖြင့် မေးမြန်း၍ သန်းခေါင်စာရင်း ကောက်ယူနိုင်ရန်အတွက် ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ယနေ့နံနက်ပိုင်းတွင်  တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးရုံးများမှ တာဝန်ခံများက Online စနစ်ဖြင့်  တက်ရောက်ကြပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အစည်း  အဝေးကို ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆွေးနွေးဆုံးဖြတ်ချက်ဖြစ်သည့် “တိုင်းရင်းသားဘာသာစကားကိုသာ အသုံးပြုသည့်ဒေသများတွင် ဒေသခံဘာသာ စကားဖြင့် မေးမြန်း၍ သန်းခေါင်စာရင်းကောက်ယူနိုင်ရန် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနမှ ပူးပေါင်းကူညီဆောင်ရွက်ရန်” ဟူသည့်အချက်အား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးကြရန်ဖြစ်ပါကြောင်း၊  (၃၀-၈-၂၀၂၄) ရက်နေ့တွင် ဗဟိုသန်းခေါင် စာရင်းကော်မရှင်မှ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များတွင် သန်းခေါင်စာရင်းကောက်ယူရာတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာနမှ ပူးတွဲတာဝန်ထမ်းဆောင်မည့်သူများ၏ အမည်စာရင်းအား စိစစ်ပေးပို့နိုင်ပါရန် ညှိနှိုင်းလာသည့်အတွက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအနေဖြင့် နေပြည်တော်နှင့်တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များတွင် သန်းခေါင်စာရင်းကောက်ယူရာ၌ တိုင်းရင်းသားဘာသာစကားကိုသာ အသုံးပြုသည့် ဒေသများတွင် တိုင်းရင်းသားဒေသခံ ဘာသာစကားဖြင့် မေးမြန်းကောက်ယူနိုင်ရေးအတွက် စနစ်တကျအလေးထား ပူးပေါင်းပါဝင် ဆောင်ရွက် ပေးနိုင်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင် တိုင်းရင်းသား ရေးရာဝန်ကြီးများနှင့် (၄-၉-၂၀၂၄) ရက်နေ့တွင် ပဏာမညှိနှိုင်း အကြောင်းကြားစာပေးပို့ ဆောင်ရွက်ခဲ့ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ဝန်ထမ်းများအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် တိုင်းရင်း သားရေးရာဝန်ကြီးများနှင့် ပေါင်းစပ်ညှိနှိုင်း၍ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များမှ  အားကြိုးမာန်တက် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးနိုင်ရေးကိုလည်း (၅-၉-၂၀၂၄) ရက်နေ့တွင် ထပ်မံညှိနှိုင်းအကြောင်းကြားမှုများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့ညှိနှိုင်း ဆောင်ရွက်ချက်များအရ တိုင်းဒေသကြီး/ ပြည်နယ် တိုင်းရင်းသားရေးရာ ညွှန်ကြားရေးမှူးရုံးမှ ဝန်ထမ်းများအပါအဝင် ဝန်ထမ်း (၁၀၇)ဦးနှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များမှ ပြင်ပပုဂ္ဂိုလ် (၃၂၂)ဦးတို့ဖြင့် အသီးသီး ပါဝင်ပံ့ပိုးနိုင်ရေးညှိနှိုင်းထားရှိပြီးဖြစ်ပါကြောင်း၊   ပြင်ပ (၃၂၂)ဦးသည်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့အသီးသီးတို့၏ အဖွဲ့ခေါင်းဆောင်/ အဖွဲ့ဝင်များသာဖြစ်ပါကြောင်း၊ ၎င်းတို့မှ တစ်ဆင့် တိုင်းရင်းသားဘာသာစာပေသင်ကြားရေး အထောက်အကူပြု Teaching Assistant-TA နှင့် တိုင်းရင်းသားဘာသာစာပေသင် Language Teacher-LT စုစုပေါင်း (၁၈၁၇၆) ဦးဖြင့်  ပိုမိုကျယ်ပြန့်စွာ အထောက်အကူပြု ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများက  ဆက်လက်ပေါင်းစပ် ညှိနှိုင်းကြီးကြပ်ဆောင်ရွက်ပေးရန်ဖြစ်ပါကြောင်း၊  သို့ဖြစ်ရာ သက်ဆိုင်ရာ ဒေသအလိုက် တိုင်းရင်းသားဘာသာစကားသာ ပြောဆိုသည့် ဒေသများစာရင်းအား အသေးစိတ်သိရှိရန် လိုအပ်လာမည်ဖြစ်သဖြင့် တိုင်းဒေသကြီး/ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးများက ညှိနှိုင်းတာဝန်ယူဆောင်ရွက်နိုင်ရန်နှင့် နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်သန်းခေါင်စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီများနှင့်လည်း လိုအပ်သလို ပူးပေါင်းဆောင်ရွက်ရန် အထူးမေတ္တာရပ်ခံလိုပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်း အထိမ်းအမှတ် ပြည်သူသို့ ပြောကြားခဲ့သည့် မိန့်ခွန်းတွင် “တစ်နိုင်ငံလုံး၏ စာရင်းအင်းဆိုင်ရာ ကိန်းဂဏန်း အချက်အလက်တွေ တိတိကျကျ မှန်မှန်ကန်ကန် ရရှိနိုင်ရေးဟာ အလွန်ပဲ အရေးကြီးသည်” ဟု ပြောကြားခဲ့သည့် လမ်းညွှန်ချက်နှင့်အညီ အားလုံးကအလေးထား၍ တက်ညီလက်ညီ ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊  တိုင်းရင်းသားဘာသာစကားကိုသာ အသုံးပြုသည့် တိုင်းရင်းသားများအတွက် ၎င်းတို့၏ ဘာသာစကားဖြင့် မေးခွန်းများကို သေချာစွာ နားလည်သဘောပေါက်မှသာ မှန်မှန်ကန်ကန် ဖြေဆိုနိုင်မည်ဖြစ်ပြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအနေဖြင့် လိုအပ်သည့် နေရာများမှ ပူးပေါင်းပါဝင်ဆောင်ရွက် နိုင်ရန် အလေးထားစီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် သန်းခေါင်စာရင်းကောက်ယူမှု၏ မေးခွန်းပါ အချက်အလက်များ မှန်မှန်ကန်ကန်ရရှိမှုသည် အလွန်အရေးကြီးပါကြောင်း၊  ရရှိလာသည့် လုပ်ငန်းစဉ်လိုအပ်ချက်များကို မှန်ကန်စွာ ဆက်လက်အကောင်အထည်ဖော်နိုင်မှသာ ပင်မနိုင်ငံသားများဖြစ်ကြသည့် ပြည်ထောင်စုဖွား မိမိတို့တိုင်းရင်းသားလူမျိုးများအားလုံးအတွက်   လိုအပ်သည့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ရလာဒ်ကောင်းကို ပိုမိုပြီး စနစ်တကျ ရရှိနိုင်မည် ဖြစ်ပါကြောင်း၊  တာဝန်ရှိသူများအနေဖြင့် တိုင်းရင်းသားဘာသာစကားကိုသာ အသုံးပြုသည့် ဒေသများတွင် လူဦးရေနှင့် အိမ်အကြောင်းအရာစနစ်တကျ ကောက်ယူနိုင်ရေးအတွက် နယ်မြေ အနေအထားအရ လိုအပ်သည်များကို အမျိုးသားရေးစိတ်ဓာတ်ဖြင့် အကြံပြုဆွေးနွေး ပေးကြ စေလိုပါကြောင်း၊  တိုင်းရင်းသားဘာသာစကားဖြင့် ပံ့ပိုးမည့်ဝန်ထမ်းများ၊ သက်ဆိုင်ရာ တိုင်း ဒေသကြီး/ ပြည်နယ်များမှ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တိုင်းရင်း သားဘာသာစာပေသင် TA LT  ဆရာ ဆရာမများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် တာဝန်ရှိသူများအားလုံး စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ စေတနာအား စိတ်ဓာတ်ခွန်အားဖြင့် မိမိတို့ တာဝန်ကျနေရာဒေသ၊ နယ်မြေများအလိုက် ပြည်နယ်/တိုင်းဒေသကြီးအကျိုး၊ နိုင်ငံအကျိုးကို တတ်စွမ်းသရွေ့ဝိုင်းဝန်းကူညီ ပံ့ပိုးဖော်ဆောင် ဆောင်ရွက်ကြပါရန် တိုက်တွန်းပြောကြားပါသည်။ ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာများ သန်းခေါင်းစာရင်း ကောက်ယူရသည့် ရည်ရွယ်ချက် များအနေဖြင့် မြန်မာနိုင်ငံ၏ တိကျမှန်ကန်သည့် လူဦးရေနှင့် လူမှုစီးပွားဆိုင်ရာ စာရင်း အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ်ရရှိရန်အတွက် လိုအပ်သော စီမံကိန်း၊ မဟာဗျူဟာနှင့် နည်းဗျူဟာများ ချမှတ်နိုင်ရန်ဖြစ်ပါကြောင်း၊ ကော်မတီ အဆင့်ဆင့် ဖွဲ့စည်း၍  ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၂-၈-၂၀၂၄ ရက်နေ့တွင် ကျင်းပသည့် ဗဟိုသန်းခေါင် စာရင်းကော်မရှင်၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းရင်းသားဘာသာ စကားကို အသုံးပြုသည့်ဒေသများတွင် ဒေသခံဘာသာစကားဖြင့် မေးမြန်း၍  သန်းခေါင်စာရင်း ကောက်ယူရန်အတွက် တိုင်းရင်သားလူမျိုးများရေးရာဝန်ကြီးဌာနမှ ပူးပေါင်းပါဝင် ကူညီ ဆောင်ရွက်ပေးရန် ဆုံးဖြတ်ချက်အရ  သန်းခေါင်စာရင်းကောက်ယူရာတွင် အထောက်အကူပြု ဆောင်ရွက်ရန် နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များမှ ပူးပေါင်းပါဝင်ပံ့ပိုးမည့် လူဦးရေ ၄၂၅ ဦးစာရင်းကို  ဗဟိုသန်းခေါင်စာရင်းကော်မရှင်သို့ ပေးပို့ခဲ့ပြီးဖြစ်ပါကြောင်း၊ ဗဟိုသန်းခေါင်စာရင်းကော်မရှင်မှ တိုင်းဒေသကြီး/ ပြည်နယ်ဗဟိုသန်းခေါင်စာရင်း ကော်မတီ များသို့ ထပ်ဆင့် အကြောင်းကြားထားပြီးဖြစ်ပါကြောင်း၊  လူထုလှုံဆော်ရေးအနေဖြင့် တိုင်းရင်း သားစာပေများဖြင့် လက်ကမ်းစာစောင်များလည်း ရိုက်နှိပ်ဖြန့်ဝေပေးလျက်ရှိပါကြောင်း၊ လူဦးရေနှင့် အိမ်အကြောင်းအရာများ သန်းခေါင်းစာရင်း ကောက်ယူခြင်းလုပ်ငန်းစဉ်သည် လွန်စွာအရေးပါပြီး အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊    လွတ်လပ်ရေးမတိုင်မီမှစ၍ ဆယ်နှစ်တစ်ကြိမ် သန်းခေါင်းစာရင်းကောက်ယူခဲ့ပါကြောင်း၊ ၂၀၁၄ ခုနှစ်တွင် နောက်ဆုံးကောက်ယူခဲ့သည့် အချက်အလက်များအရ  မြန်မာနိုင်ငံလူဦးရေ ၅၈.၄၈၆ သန်း ရှိပါကြောင်း၊ ယခု ၂၀၂၄ ခုနှစ်တွင် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို  အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး  ကြိုတင် ပြင်ဆင်ခြင်း၊ စာရင်းကောက်ယူခြင်း၊ စာရင်းဇယားများ ပြုစုခြင်း၊ ဆန်းစစ်လေ့လာခြင်းနှင့် အစီရင်ခံစာ ထုတ်ပြန်ခြင်းဟူသည့်  အစီအစဉ် (၄)ရပ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လူဦးရေနှင့် အိမ်အကြောင်းအရာများ သန်းခေါင်းစာရင်း ဥပဒေနှင့် စာရင်းအင်းဥပဒေများကို အသုံးပြုသွားမည်ဖြစ်ပါကြောင်း၊ စာရင်းဇယားများကောက်ယူရာတွင် CAPI စနစ်  Mobile  Phone/  Tablet ဖြင့် ကောက်ယူသွားမည်ဖြစ်ပါကြောင်း၊  ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာများ   သန်းခေါင်းစာရင်းကောက်ယူခြင်းလုပ်ငန်းကို  ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ လမ်းညွှန်ချက်နှင့်အညီ အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့ အစည်းများနှင့် ပြည်သူလူထုတစ်ရပ်လုံးက အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့်  ပူးပေါင်း ပါဝင်မှသာ အောင်မြင်မည်ဖြစ်သောကြောင့် “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်းစာရင်း ကောက်ကြစို့” ဟု  တိုက်တွန်းလိုပါကြောင်း ပြောကြားပါသည်။ ထို့နောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန  ဒုတိယဝန်ကြီးက လူဦးရေနှင့် အိမ်အကြောင်းအရာများ သန်းခေါင်းစာရင်း ကောက်ယူခြင်းလုပ်ငန်းသည် အလွန်အရေး ကြီးသော လုပ်ငန်းတစ်ရပ်ဖြစ်ပါကြောင်း၊    ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆွေးနွေးဆုံးဖြတ်ချက်အရ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနအနေဖြင့် နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များတွင် သန်းခေါင်စာရင်းကောက်ယူရာ၌ တိုင်းရင်းသားဘာသာစကားကိုသာ အသုံးပြုသည့်ဒေသများတွင် တိုင်းရင်းသားဒေသခံ ဘာသာစကားဖြင့် မေးမြန်း ကောက်ယူနိုင်ရေးအတွက် ကူညီပေးနိုင်မည့် လူဦးရေ (၄၂၅)ဦး စာရင်းကို ဗဟိုသန်းခေါင်းစာရင်းကော်မရှင်းသို့ ပေးပို့ပြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများအနေဖြင့် အဆိုပါစာရင်း အတည် ပြုနိုင်ရေးအတွက် ဝိုင်းဝန်ဆွေးနွေးပေးကြစေလိုပါကြောင်း၊ စာရင်းကောက်၊ စာရင်းစစ်များ အဖြစ် ပံ့ပိုးကူညီဆောင်ရွက်ကြမည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များအနေဖြင့် လူဦးရေနှင့် အိမ်အကြောင်းအရာများ သန်းခေါင်းစာရင်း ဥပဒေပါ ဥပဒေ ပုဒ်မ ၁၄ ၊ ပုဒ်မ ၁၇၊  ပုဒ်မ ၁၉ တို့အား  ဂရုပြုဆောင်ရွက်ကြရန်ဖြစ်ပြီး စာရင်းအင်းဥပဒေကိုလည်း လေ့လာသိရှိထားရန် လိုအပ်ပါကြောင်း၊ သန်းခေါင်စာရင်းကို  အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ကောက်ယူမည်ဖြစ်သည့်အတွက် ၁၀ ရက်ခန့်သာလိုတော့ပါကြောင်း၊ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူရာတွင် နိုင်ငံတကာ၏ အကူအညီမပါဘဲ မိမိတို့နိုင်ငံ၏ ဘဏ္ဍာငွေအရင်း အမြစ် စွမ်းအားဖြင့်သာ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊  ရရှိသော အချက်အလက်များသည် သယံဇာတအရင်းအမြစ်များခွဲဝေသတ်မှတ်ခြင်း၊  နယ်မြေဧရိယာ နယ်နိမိတ်များကို ပြန်လည် ဆန်းစစ်နိုင်ခြင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများ ချမှတ်ရေးဆွဲခြင်းနှင့် ဝန်ဆောင်မှု လုပ်ငန်းများ၊ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများ  စသည့်တို့အတွက် အထောက်အပံ့ ပေးနိုင်ပြီး လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်လည်း မဲစာရင်းမှန်ကန်စေရေးကို အထောက်အကူ ဖြစ်စေမည် ဖြစ်ပါကြောင်း၊ နေပြည်တော် ကောင်စီမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ ညွှန်ကြားရေးမှူးရုံးများရှိ ဝန်ထမ်းများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အဖွဲ့များ၊  တိုင်းရင်းသားဘာသာ စာပေ သင်ကြားရေးအထောက်အကူပြု Teaching Assistant-TA နှင့် တိုင်းရင်းသားဘာသာစာပေသင် Language Teacher-LT  ဆရာ ဆရာမများအားလုံး သန်းခေါင်းစာရင်းကောက်ယူရေး လုပ်ငန်းများကို  မိမိတို့၏ သမိုင်းပေးတာဝန် တစ်ရပ်အနေဖြင့် ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း ပြောကြားပါသည်။  ၎င်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်က ပြည်ထောင်စုနယ်မြေမြို့နယ် ၈ မြို့နယ်တွင် အတွင်းမှာ စာရင်းကောက်သင်တန်းများကို ၁၇-၉-၂၀၂၄ မှ ၁၈-၉-၂၀၂၄ ရက်နေ့ထိ တစ်ကြိမ်တည်း တစ်ပြိုင်တည်း သင်တန်းပို့ချပြီးဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရာတွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနမှ နေပြည်တော်ကောင်စီနယ်မြေအတွင်း ဒေသခံဘာသာစကားဖြင့် အထောက် အကူပြုနိုင်ရန်အတွက် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်း ၂၆ ဦးနှင့် ပြင်ပပုဂ္ဂိုလ်ဝန်ထမ်း ၂၄ ဦးတို့၏  အမည်စာရင်းများ ပေးပို့ထာပြီးဖြစ်ပါကြောင်း၊ စာရင်းကောက်အဖွဲ့အား အိမ်ထောင်စု များနှင့် အဖွဲ့အစည်းများကို ၁-၁၀-၂၀၂၄ မှစ၍ ၁၅-၁၀-၂၀၂၄ ရက်နေ့အထိ သန်းခေါင်စာရင်း ကောက်ယူသွားမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ တာဝန်ပေးအပ် ထားသည့်ဝန်ထမ်းများနှင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို အောင်မြင်စွာကောက်ယူနိုင်ရေး အလေးထားပြီး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။ ယင်းနောက် တိုင်းဒေသကြီးနှင့် ပြည်နယ်တိုင်းရင်းသားရေးရာ ဝန်ကြီးများက သန်းခေါင် စာရင်းကောက်ယူရာ၌ ပူးပေါင်းပါဝင်ကူညီဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို   ဆွေးနွေးကြပါသည်။  ၎င်းနောက် တက်ရောက်လာသူများက အထွေထွေဆွေးနွေးကြပြီးနောက် ပြည်ထောင်စု ဝန်ကြီးက ခြုံငုံသုံးသပ်၍ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ယနေ့စုပေါင်းဆွေးနွေးချက်မှ ရရှိလာသည့် ဆုံးဖြတ်ချက်(၈)ချက်ရှိပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသို့ အစည်းအဝေး မှတ်တမ်းနှင့် ဆုံးဖြတ်ချက်များကို ဆက်လက်တင်ပြသွားမည်ဖြစ်ပြီး သီးသန့်/ သီးခြား လမ်းညွှန်ချက်များရှိလာပါက အချိန်မီ ဆက်လက်အသိပေးအကြောင်းကြားသွားမည်ဖြစ်ပါ ကြောင်း၊  ၂၀၂၄ ခုနှစ်၊ “လူဦးရေနှင့် အိမ်အကြောင်းအရာများ သန်းခေါင်းစာရင်း” ကောက်ယူ ရေးလုပ်ငန်းသည် နိုင်ငံတော်အတွက် အမျိုးသားလုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားညီအစ်ကို မောင်နှမများ အားလုံး၏ ညီညွတ်သော စုဖွဲ့မှုပေါင်းစုအင်အားကို ဆက်လက်ရယူပြီး ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များတို့ ညှိနှိုင်းပေါင်းစပ်မှုအားကို ထပ်မံဖြည့်တင်း၍ စစ်မှန်သော အမျိုးသားရေးစိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်များ အခြေခံလျက် နိုင်ငံတော်၏ သမိုင်း မှတ်တိုင်တစ်ခု စိုက်ထူနိုင်အောင် တာဝန်သိသိ၊ သစ္စာရှိရှိဖြင့်လာမည့် ၂၀၂၄ ခုနှစ်၊ “လူဦးရေနှင့် အိမ်အကြောင်းအရာများ သန်းခေါင်းစာရင်း”   ကောက်ယူရေး လုပ်ငန်းများကို  စေတနာအား၊ စိတ်ဓာတ်ခွန်အားတို့ဖြင့် စည်းလုံးညီညွတ်စွာ အင်တိုက်အားတိုက် ဝိုင်းဝန်ပူးပေါင်းပါဝင် အကောင်အထည်ဖော်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားကာ အစည်းအ‌ဝေးကို ရုပ်သိမ်း ခဲ့ကြောင်း သတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 06
  • SEP

  • 06 September 2024
  • ရန်ကုန်တိုင်းဒေသကြီး

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့် တာဝန်ရှိ သူများလိုက်ပါလျက် ဩဂုတ်လ (၃၀) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ၏ လုပ်ငန်းဆောင်ရွက်မှုအခြေ အနေများကို  သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြား ခဲ့ပါသည်။ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်နှင့် ရှမ်း တိုင်းရင်းသားများ၏ ရိုးရာနေအိမ်များ တည်ဆောက်ရေးပြုပြင်မှုလုပ်ငန်း များအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားယဉ်ကျေးမှုရိုးရာအိမ်များအား ၎င်းတို့၏မူလရိုးရာအစဉ် အလာများမပျောက်ပျက်အောင် ဂရုပြုထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ အဆောက်အအုံများ ရေရှည်တည်တံ့ခိုင်မြဲမှုရှိစေရန်လည်း စဉ်ဆက်မပြတ်ပြုပြုမွမ်းမံ ထိန်းသိမ်းရမည်ဖြစ်ပါကြောင်း၊ ယခုဘဏ္ဍာရေးနှစ်အတွင်း တင်ဒါခေါ်ယူဆောင်ရွက်လျက် ရှိသည့်လုပ်ငန်းများကို တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ကွပ်ကဲဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင်နှင့် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည် အသွေးပြည့်မီအောင် ဆောင်ရွက်ရန်ကြရန် မှာကြားခဲ့ပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ နံနက်ပိုင်းတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း တင်ဒါခေါ်ယူ ဆောင်ရွက်လျက်ရှိသည့် တိုင်းရင်းသားရိုးရာအိမ်များ ပြန်လည်ပြုပြင်မွမ်းမံခြင်းလုပ်ငန်း၊ အုပ်ချုပ်မှုရုံးအဆောက်အအုံများ ဆေးသုတ်ခြင်းလုပ်ငန်း၊ ကပွဲခန်းမ၊ ပြည်ထောင်စုခန်းမ ပြုပြင်ခြင်းလုပ်ငန်းနှင့် ရေ၊ မီးရရှိရေး စသည့်ဆောက်ရွက်ဆဲလုပ်ငန်းများ၊ သောင်တူးခြင်း လုပ်ငန်းနှင့် အရာထမ်း၊ အမှုထမ်းအိမ်ရာများ စနစ်တကျသန့်ရှင်းသာယာလှပမှုရှိစေရေး တို့အား အသေးစိတ်ကြည့်ရှုစစ်ဆေးတည့်မတ်ညွှန်ကြားခဲ့ပါသည်။ ယင်းနောက် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အကသင်တန်းနှင့် ကီးဘုတ်တီးခတ်ခြင်းသင်တန်းဖွင့်လှစ်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ပါသည်။နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာသည် တိုင်းရင်းသားလူမျိုး များ၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်၊ ဓလေ့ထုံးတမ်းအစဉ်အလာများနှင့် အချို့သော သမိုင်းဝင်မှတ်တမ်းများကို တစ်နေရာတည်းတွင်စုစည်း၍ လေ့လာသိရှိမှတ်သားနိုင်စေရန် မီးမှောင်းထိုး ပြသဖော်ကျူးထားသည့်နေရာဖြစ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် ယခုထက် ပိုမိုကောင်းမွန်အောင် စောင့်ကြပ်ကြည့်ရှုပြုပြင်ထိန်းသိမ်းခြင်း၊ မွမ်းမံခြင်းနှင့် လာရောက် လေ့လာကြည့်ရှုသည့် ပြည်သူလူထုများကိုလည်း စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် စနစ်တကျရှင်းလင်းတင်ပြတတ်ရန် လိုအပ်ပါကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာကို ယခင်က ဒီရေတောနယ်မြေဖြစ်နေသော်လည်း ဥယျာဉ်သဖွယ် စိမ်းလန်းစိုပြည်သာယာလှပရေးအတွက် နည်းပညာများဖြင့်ဆောင်ရွက်နိုင်ရန် ယခုထက်ပိုမို ပြုပြင်ထိန်းသိမ်းရန်လိုအပ်သည့်လုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေး နှစ်တွင် တင်ပြတောင်းခံသွားရန်လိုအပ်ကြောင်း၊ ဝန်ထမ်းများသည် မိမိတို့ရာထူးအဆင့်နှင့် လျော်ညီစွာ အရည်အသွေးပြည့်ဝပြီး စွမ်းဆောင်ရည်မြင့်မားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်ဘတ်ဂျက် ရန်ပုံငွေများကိုလည်း ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ စနစ်တကျမှန်ကန်စွာသုံးစွဲရေး၊ အလေအလွင့်၊ ဆုံးရှုံးမှုနှင့် မသမာမှုများမရှိစေရေးနှင့် နိုင်ငံတော်၏ ခြိုးခြံချွေတာရေးမူများကိုလည်း အထူးအလေးဂရုပြုလိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အထူးသဖြင့် ဝန်ထမ်းများတို့သည် တိုင်းရင်းသားလူမျိုးများရေးရာလုပ်ငန်း ဆောင်တာများကို ဆောင်ရွက်ရာတွင် နိုင်ငံတော်မှပြဋ္ဌာန်းထားရှိသော ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ စနစ်တကျမှန်ကန်စွာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည်နှင့်အညီ ဝန်ထမ်းများပီပီ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆) ချက်၊ ကျင့်ဝတ်အပါး (၃၀)တို့ကိုလည်း လိုက်နာစောင့်ထိန်းတတ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် ဒို့တာဝန်အရေး(၃)ပါးကို မထိခိုက်စေဘဲ စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံလျက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့နှင့်အညီ နိုင်ငံသူ၊ နိုင်ငံသားများအားလုံးတို့က မျှော်လင့် တောင့်တနေသည့် တိုင်းပြည်သာယာဝပြောရေးကို ဖြစ်ပေါ်လာစေမည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းများတွင် ဝန်ထမ်းများ အားလုံးက မိမိတို့ကျရာကဏ္ဍမှ  အစွမ်းကုန်ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်  တိုက်တွန်း ပြောကြားခဲ့ပါသည်။၎င်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက ပြည်ထောင်စုတိုင်းရင်းသားကျေးရွာတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ပေးခဲ့သည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးပါသည်။၎င်းနောက် ဝန်ထမ်းများက လုပ်ငန်းလိုအပ်ချက်များကို အထွေထွေဆွေးနွေးတင်ပြကြရာ ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ၏ တင်ပြချက်များနှင့် ဌာနဆိုင်ရာလုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 03
  • SEP

  • 03 September 2024
  • ပဲခူးတိုင်းဒေသကြီး

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်နှင့် တာဝန်ရှိ သူများလိုက်ပါလျက် ဩဂုတ်လ (၂၈) ရက်နေ့ ညနေပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးသို့ လည်းကောင်း၊ ဩဂုတ်လ (၂၉) ရက်နေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့် တာဝန်ရှိသူများလိုက်ပါလျက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးသို့လည်းကောင်း ရုံးလုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကား ပြောကြားခဲ့ပါသည်။ ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးက ညွှန်ကြားရေးမှူးရုံးအသီးသီးရှိ ဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြားရာတွင် ဝန်ထမ်းများသည် မိမိတို့ရာထူးအဆင့်နှင့်လျော်ညီစွာ အရည်အသွေးပြည့်ဝပြီး စွမ်းဆောင်ရည်မြင့်မားကြရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်ဘတ်ဂျက် ရန်ပုံငွေများကိုလည်း ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ မှန်ကန်စွာသုံးစွဲရေး၊ အလေအလွင့်၊ ဆုံးရှုံးမှုနှင့် မသမာမှုများမရှိစေရေးနှင့် နိုင်ငံတော်၏ ခြိုးခြံချွေတာရေးမူများကိုလည်း အထူးအလေးဂရုပြုလိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အထူးသဖြင့် ဝန်ထမ်းများ တို့သည် တိုင်းရင်းသားလူမျိုးများရေးရာလုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရာတွင် နိုင်ငံတော်မှပြဋ္ဌာန်းထားရှိသော ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျမှန်ကန်စွာ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ ဝန်ထမ်းများပီပီ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆) ချက်၊ ကျင့်ဝတ်အပါး (၃၀)တို့ကိုလည်း လိုက်နာစောင့်ထိန်းတတ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် ဒို့တာဝန် အရေး(၃)ပါးကို မထိခိုက်စေဘဲ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စု စိတ်ဓာတ်ကိုအခြေခံလျက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့နှင့်အညီ နိုင်ငံသူ၊ နိုင်ငံသားများအားလုံးတို့မှ မျှော်လင့်တောင့်တ နေသည့် တိုင်းပြည်သာယာဝပြောရေးကို ဖြစ်ပေါ်လာစေမည့် ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းများတွင် ဝန်ထမ်းများအားလုံးက မိမိတို့ကျရာကဏ္ဍမှ  အစွမ်းကုန်ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်  တိုက်တွန်း ပြောကြားခဲ့ပါသည်။ ဝန်ထမ်းများနှင့် တွေ့ဆုံစဉ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောလင်းအောင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောဂျက်ကော့ထူးတို့က တိုင်းဒေသကြီးအတွင်း တိုင်းရင်းသားရေးရာကိစ္စရပ် များနှင့် တိုင်းရင်းသားဒေသများတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုတို့ကို ရှင်းလင်း တင်ပြခဲ့ပါသည်။ ၎င်းနောက် ဝန်ထမ်းများက လုပ်ငန်းလိုအပ်ချက်များကို အထွေထွေဆွေးနွေးတင်ပြ ကြရာ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုက ဖြည့်စွက်ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ၏ တင်ပြချက်များနှင့် ဌာနဆိုင်ရာလုပ်ငန်းလိုအပ်ချက် များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 28
  • AUG

  • 28 August 2024
  • နေပြည်တော်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် GNE Co., Ltd တို့ ပူးပေါင်းဖွင့်လှစ်သည့်             “e-Government ဆိုင်ရာ Firewall Administration User  Training (Cyber Security) သင်တန်း” ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အရာထမ်း၊ အမှုထမ်းများ၊ GNE Co., Ltd မှ Branch Office Manager ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ ဒီဂျစ်တယ် ခေတ်တွင် ဆက်သွယ်ရေးစနစ်များနှင့် ICT နည်းပညာများ မြန်ဆန်စွာ ဖွံ့ဖြိုးတိုးတက်လာ             ခြင်းကြောင့် အကျိုးကျေးဇူးများရှိသကဲ့သို့ တစ်ချိန်တည်းတွင် ဆိုက်ဘာတိုက်ခိုက်မှု၊ ဆိုက်ဘာ ရာဇဝတ်မှုများ စသည့်စိန်ခေါ်မှုများကိုလည်း ရင်ဆိုင်လာရပါကြောင်း၊  သို့ဖြစ်ရာ ဆိုက်ဘာလုံခြုံရေး အစီအမံများကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် နိုင်ငံတော်မှ ဆိုက်ဘာလုံခြုံရေး ဆိုင်ရာ မူဝါဒကို ၂၀၂၃ ခုနှစ်၊ မတ်လတွင် ထုတ်ပြန်ခဲ့ပြီး ဥပဒေပြဋ္ဌာန်းနိုင်ရေးကိုလည်း ဆက်လက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံရှိ အစိုးရအဖွဲ့အစည်းအသီးသီးတို့၏          e-Government လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ဆောင်ရာတွင် ICT Infrastructure များ တည်ဆောက်ခြင်းသည်လည်း အဓိကလိုအပ်သည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနအနေဖြင့် ဘဏ္ဍာရေးနှစ်အလိုက် ICT အခြေခံအဆောက်အအုံများ ဖြည့်ဆည်းခြင်းအနေဖြင့်  Networking တိုးချဲ့တပ်ဆင်ခြင်း၊ CCTV (16) Channel တပ်ဆင်ခြင်း၊ Website (Web Portal) အသစ်ပြန်လည်ရေးဆွဲခြင်း၊ Internet Bandwidth တိုးချဲ့ခြင်း၊ Networking Device များ ပြုပြင်ထိန်းသိမ်းခြင်းများကို ဆောင်ရွက်ထားရှိခဲ့ ပါကြောင်း၊ ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဝန်ကြီးဌာန ဆိုက်ဘာလုံခြုံရေးအတွက် GNE Co., Ltd နှင့် ပူးပေါင်း၍  Firewall - FortiGate 101F (Hardware) ကို တပ်ဆင်ထားရှိပြီး ဖြစ်၍ Firewall တပ်ဆင်အသုံးပြု ဆောင်ရွက်ထားရှိမှုများနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အစီအမံများ နှင့်ပတ်သက်၍ သိရှိနားလည်စေရန် ဤသင်တန်းကို ဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း၊ သင်တန်းသူ သင်တန်းသားများအနေဖြင့် သင်တန်းမှ ပို့ချမည့် သင်ခန်းစာများအပေါ် သေချာစွာ လေ့လာ သင်ယူကာ e-Government ပုံရိပ်ကို တိုးမြှင့်ဆောင်ရွက်သွားကြရန်နှင့်  မိမိတို့မျှော်မှန်းသည့် Digital အခွင့်အလမ်းများကို အမိအရ ဆုပ်ကိုင်နိုင်ရန်အတွက် ဒစ်ဂျစ်တယ် နည်းပညာများ၏ ခြိမ်းခြောက်မှုနှင့်အန္တရာယ်များ လျော့ပါးလာစေရေးတို့ကို အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက် သွားကြရန် တိုက်တွန်းပြောကြားပါသည်။ ယင်းနောက် ဒုတိယဝန်ကြီးက  ယနေ့ခေတ်တွင် နည်းပညာဖွံ့ဖြိုးတိုးတက်လာသည်နှင့် အညီ ဆိုက်ဘာတိုက်ခိုက်မှု၊ ဆိုက်ဘာရာဇဝတ်မှုများ စသည့်စိန်ခေါ်မှုများကိုလည်း ရင်ဆိုင် လာရသဖြင့် Cyber Security သည် အရေးပါလာသောကြောင့် ယခု “e-Government ဆိုင်ရာ Firewall Administration User  Training (Cyber Security) သင်တန်းကို ဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း၊   Firewall ဆိုသည်မှာ Organization က ကြိုတင်သတ်မှတ်ထားသော လုံခြုံရေး စည်းမျဉ်းများအပေါ် အခြေခံ၍ အဝင်အထွက် ကွန်ရက်အသွားအလာ (Network Traffic) ကို စောင့်ကြည့်ထိန်းချုပ်သည့် Network Security Device တစ်ခုပင်ဖြစ်ပါကြောင်း၊ Firewall ၏ အဓိကရည်ရွယ်ချက်မှာ ယုံကြည်ရသော အတွင်းပိုင်းကွန်ရက် (Internal Network) နှင့် အင်တာနက်ကဲ့သို့သော ပြင်ပကွန်ရက် (External Network) များအကြားတွင် အတားအဆီး တစ်ခုအဖြစ် တည်ဆောက်ထားခြင်းဖြစ်ပါကြောင်း၊ ယခုကဲ့သို့ လုပ်ငန်းခွင်မပျက် သင်တန်းများ ဖွင့်လှစ်ခြင်းဖြင့် ဝန်ထမ်းများအားလုံး ကွန်ပျူတာတတ်ကျွမ်းလာပြီး ရုံးလုပ်ငန်းစီမံခန့်ခွဲခြင်းနှင့် ပြည်သူ့ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းများတွင် အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ သင်တန်းမှ ပို့ချခဲ့သည့် သင်ခန်းစာများကို လက်တွေ့နယ်ပယ်တွင် စဉ်ဆက်မပြတ် ပြန်လည်အသုံးချခြင်း အားဖြင့် တစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်ပိုမိုမြင့်မားလာမည်ဖြစ်ပြီး တတ်ကျွမ်းလာသည့် ပညာရပ်များကို လက်ဆင့်ကမ်းမျှဝေ သွားကြရမည်ဖြစ်ပါကြောင်း၊ ICT ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သည့် ဝန်ထမ်းများ ပိုမိုထွက်ပေါ်လာပါက ဝန်ကြီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက် များကို အကောင်အထည်ဖော်ရာတွင် ပိုမိုအထောက်အကူပြုနိုင်မည်ဖြစ်သဖြင့် အထူးကြိုးစား သင်ယူသွားကြရန် အလေးအနက်ထား မှာကြားလိုပါကြောင်း ပြောကြားပါသည်။ ဆက်လက်၍ GNE Co., Ltd မှ Branch Office Manager က သင်တန်းနည်းပြဆရာ များနှင့် မိတ်ဆက်ပေးပြီး Powerpoint ဖြင့် ရှင်းလင်းတင်ပြပါသည်။ ယင်းနောက် သင်တန်းသား၊ သင်တန်းသူများက တစ်ဦးချင်း  မိတ်ဆက်ကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်း နည်းပြဆရာများ၊ သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ အဆိုပါ သင်တန်းကာလမှာ (၃) ရက်ခန့် ကြာမြင့်မည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၁၄) ဦး တက်ရောက်ကြကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 28
  • AUG

  • 28 August 2024
  • ပဲခူး၊ ရန်ကုန်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်နှင့် တာဝန်ရှိ သူများလိုက်ပါလျက် ဩဂုတ်လ (၂၈) ရက်နေ့ ညနေပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးသို့ လည်းကောင်း၊ ဩဂုတ်လ (၂၉) ရက်နေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့် တာဝန်ရှိသူများလိုက်ပါလျက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးသို့လည်းကောင်း ရုံးလုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကား ပြောကြားခဲ့ပါသည်။           ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးက ညွှန်ကြားရေးမှူးရုံးအသီးသီးရှိ ဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြားရာတွင် ဝန်ထမ်းများသည် မိမိတို့ရာထူးအဆင့်နှင့်လျော်ညီစွာ အရည်အသွေးပြည့်ဝပြီး စွမ်းဆောင်ရည်မြင့်မားကြရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်ဘတ်ဂျက် ရန်ပုံငွေများကိုလည်း ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ မှန်ကန်စွာသုံးစွဲရေး၊ အလေအလွင့်၊ ဆုံးရှုံးမှုနှင့် မသမာမှုများမရှိစေရေးနှင့် နိုင်ငံတော်၏ ခြိုးခြံချွေတာရေးမူများကိုလည်း အထူးအလေးဂရုပြုလိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အထူးသဖြင့် ဝန်ထမ်းများ တို့သည် တိုင်းရင်းသားလူမျိုးများရေးရာလုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရာတွင် နိုင်ငံတော်မှပြဋ္ဌာန်းထားရှိသော ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျမှန်ကန်စွာ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ ဝန်ထမ်းများပီပီ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆) ချက်၊ ကျင့်ဝတ်အပါး (၃၀)တို့ကိုလည်း လိုက်နာစောင့်ထိန်းတတ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် ဒို့တာဝန် အရေး(၃)ပါးကို မထိခိုက်စေဘဲ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စု စိတ်ဓာတ်ကိုအခြေခံလျက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့နှင့်အညီ နိုင်ငံသူ၊ နိုင်ငံသားများအားလုံးတို့မှ မျှော်လင့်တောင့်တ နေသည့် တိုင်းပြည်သာယာဝပြောရေးကို ဖြစ်ပေါ်လာစေမည့် ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းများတွင် ဝန်ထမ်းများအားလုံးက မိမိတို့ကျရာကဏ္ဍမှ  အစွမ်းကုန်ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်  တိုက်တွန်း ပြောကြားခဲ့ပါသည်။           ဝန်ထမ်းများနှင့် တွေ့ဆုံစဉ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောလင်းအောင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောဂျက်ကော့ထူးတို့က တိုင်းဒေသကြီးအတွင်း တိုင်းရင်းသားရေးရာကိစ္စရပ် များနှင့် တိုင်းရင်းသားဒေသများတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုတို့ကို ရှင်းလင်း တင်ပြခဲ့ပါသည်။           ၎င်းနောက် ဝန်ထမ်းများက လုပ်ငန်းလိုအပ်ချက်များကို အထွေထွေဆွေးနွေးတင်ပြ ကြရာ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုက ဖြည့်စွက်ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ၏ တင်ပြချက်များနှင့် ဌာနဆိုင်ရာလုပ်ငန်းလိုအပ်ချက် များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 15
  • AUG

  • 15 August 2024
  • နေပြည်တော်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ရည်မှန်းချက်များနှင့် မျှော်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လိုအပ်သော လူ့စွမ်းအားအရင်းအမြစ်များ စဉ်ဆက် မပြတ်ဖြစ်ပေါ်လာစေရေးနှင့် ဝန်ထမ်းများ အဂတိတရားကင်းရှင်းစွာဖြင့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်နိုင်စေရေးအတွက်  အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပူးပေါင်း၍ အဂတိ လိုက်စားနိုင်ခြေ အန္တရာယ်ရှိမှု ဆန်းစစ်လေ့လာခြင်း (Corruption Risk Assessment-CRA) နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ သင်တန်းနည်းပြ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့် အရာထမ်း အမှုထမ်းများ တက်ရောက်ကြပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အဖွင့်အမှာစကား ပြောကြား ရာတွင် ယခုကဲ့သို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပူးပေါင်း၍ အဂတိလိုက်စား နိုင်ခြေ အန္တရာယ်ရှိမှု ဆန်းစစ်လေ့လာခြင်း (Corruption Risk Assessment-CRA) နည်းပညာ သင်တန်းပို့ချခြင်းအားဖြင့် အစိုးရဌာန၊ အဖွဲ့အစည်းများ၊ တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် အဂတိ လိုက်စားမှု ဖြစ်မြောက်နိုင်သည့်ကိစ္စရပ်များ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများ၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်ပြီး အဂတိလိုက်စားမှု ဖြစ်ပေါ်စေနိုင်သည့် အကြောင်းအရာများကို ရှောင်ကြဉ်လာနိုင်မည်ဖြစ်ပါ ကြောင်း၊ အဂတိလိုက်စားမှုသည် “ကိုယ်ကျင့်တရား ပျက်ယွင်းခြင်း” တစ်နည်းအားဖြင့် အကျိုး အမြတ်တွက်ချက်ပြီး ကျူးလွန်သည့် ရာဇဝတ်မှုဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုသည် နယ်ပယ် အသီးသီးတွင် ပုံစံမျိုးစုံဖြင့် ဖြစ်ပွားနိုင်ပြီး အဂတိလိုက်စားမှုကျူးလွန်ပါက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် အရေးယူခံရစေမည့်အပြင် မိမိပတ်ဝန်းကျင် အသိုင်းအဝိုင်းတွင်လည်း ဂုဏ်သိက္ခာ ထိခိုက်ကျဆင်းစေမည်ဖြစ်သဖြင့် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူ့ဝန်ထမ်းများအနေဖြင့် အထူးသတိပြု ရှောင်ကြဉ်ရန်လိုအပ်ပါကြောင်း၊ အဂတိကင်းရှင်းသည့် နိုင်ငံ့ဝန်ထမ်းများဖြင့် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်တစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါက လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း၊ တရားမျှတခြင်း ဟူသော လောကပါလ တရား (၃)ပါးနှင့်အညီ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း၊  “ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုကောင်းမွန်သည်” ဆိုသည့်စကားနှင့်အညီ အဂတိ လိုက်စားမှုများ ပေါ်ပေါက်လာမှ စုံစမ်းစစ်ဆေး အရေးယူခြင်းထက် အဂတိလိုက်စားမှုများ မဖြစ်မီကတည်းက ကြိုတင်တားဆီးကာကွယ်ရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး (Corruption Prevention Unit - CPU) များကို ဌာနစိတ်၊ ဌာနစု၊ ဌာနခွဲအလိုက် ဖွဲ့စည်းပြီး အဂတိလိုက်စားမှုများ လျော့နည်းပပျောက်ရေး အတွက် ညွှန်ကြားချက်များနှင့်အညီ အထူးကြိုးစား ဆောင်ရွက်လျက်ရှိပါကြောင်း၊ သင်တန်းသူ သင်တန်းသားများအနေဖြင့် ယခုပို့ချချက်များမှ ရရှိလာသည့် အသိအမြင် ဗဟုသုတများကို မှတ်သားလိုက်နာ၍ မိမိမှတစ်ဆင့် မိမိပတ်ဝန်းကျင်၊ မိမိအဖွဲ့အစည်းသို့ ပြန်လည်မျှဝေပေးကြရန်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်တွင် ပါဝင်ကြရန်နှင့် မိမိမှစ၍ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ အဂတိလိုက်စားမှုကို ငြင်းဆန်ရန် တိုက်တွန်းလိုပါကြောင်း၊ အဂတိ တရားကင်းရှင်းပြီး နိုင်ငံတော်နှင့် ပြည်သူများအား အကျိုးပြုမည့် ဝန်ထမ်းကောင်းများ ဖြစ်ကြပါစေကြောင်း တိုက်တွန်းပြောကြားပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ကမ္ဘာ့နိုင်ငံများတွင် ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲ နှင့် ဖွံ့ဖြိုးတိုးတက်မှုနည်းပါးသော နိုင်ငံများဟူ၍ရှိပါကြောင်း၊ အဂတိလိုက်စားမှုကင်းရှင်းမှသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ပါက အဂတိလိုက်စားမှု ကင်းရှင်းမည်ဖြစ်ရာ အဂတိလိုက်စားမှုကင်းရှင်းခြင်းနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ခြင်းသည်  အပြန်အလှန် အမှီသဟဲပြု‌နေပါကြောင်း၊ အဂတိလိုက်စားမှုသည် တာဝန်နှင့် လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုလုပ်ခြင်းမှ ပေါ်ပေါက်လာခြင်းဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုများကြောင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အဟန့်အတားဖြစ်စေပြီး ပြည်သူလူထု၏ ယုံကြည်မှုလျော့ကျ စေနိုင်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပြဋ္ဌာန်းထားရှိသည့် ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊  လုပ်ထုံးလုပ်နည်းများ၊ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်း (၃၅/၂၀၁၇)၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေတို့ကို သိရှိလေ့လာထားခြင်းဖြင့် အဂတိလိုက်စားခြင်းကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရှောင်ကြဉ်နိုင်မည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ သင်တန်းများ ဖွင့်လှစ်ခြင်းဖြင့် အများပြည်သူဆိုင်ရာ အုပ်ချုပ်ရေးတွင် ဂုဏ်သိက္ခာနှင့် တာဝန်ယူနိုင်မှု မြင့်မားတိုးတက်လာမည်ဖြစ်ပြီး ဝန်ထမ်းများ၏ အနာဂတ်ကာလများတွင်ပါ အဂတိလိုက်စားမှုများ ဆက်လက်မပေါ်ပေါက်စေရေးအတွက် တားမြစ်သွားနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ အဂတိလိုက်စားမှုကင်းရှင်းပါက အစိုးရဌာနများ၊ အဖွဲ့အစည်းများ ဖွံဖြိုး တိုးတက်မည်ဖြစ်ပြီး အစိုးရဌာနများ၊ အဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မည်ဖြစ်သဖြင့် သာယာဝပြောသည့် နိုင်ငံတော်၏အသီးအပွင့်များကို တိုင်းရင်းသား ပြည်သူများ ရရှိခံစားကြရမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။           ထို့နောက် သင်တန်းနည်းပြ ဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများက တစ်ဦးချင်း မိတ်ဆက်ကြပါသည်။           ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်း နည်းပြ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။           အဆိုပါသင်တန်းသို့ အရာထမ်း သင်တန်းသား၊ သင်တန်းသူ (၁၅) ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ (၂) ရက် ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 07
  • AUG

  • 07 August 2024
  • နေပြည်တော်

ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးတို့အတွက် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို မိမိတို့၏အသက်ကို ပဓာနမထားပဲ ရဲရင့်စွာ စွမ်းစွမ်းတမံထမ်းဆောင်နေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များအတွက် စေတနာရှင်ပြည်သူများနှင့် ဝန်ကြီးဌာနဝန်ထမ်းမိသားစုများက  အလှူငွေများနှင့် စားသောက်ဖွယ်ရာများကို ပေးပို့လှူဒါန်းလျက်ရှိသည်။ ထိုသို့ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများက စာနာမှု၊ စေတနာ၊ မေတ္တာ ပြည့်ဝစွာဖြင့် စုပေါင်းချက်ပြုတ် ကြော်လှော်ကြပြီး စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်းနိုင်ရေး စိတ်အားထက်သန်စွာဖြင့် ပြင်ဆင်ဆောင်ရွက် ထုပ်ပိုးနေမှုများကို ပြည်ထောင်စုဝန်ကြီး     Jeng Phang နော်တောင်နှင့် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့ လိုက်လံကြည့်ရှုအားပေး သည်။ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ငါးနီတူ အသားတု မြေပဲ ဘာလချောင်ကြော်၊ ငါးနီတူ ပဲပုပ် ဘာလချောင်ကြော်၊ ကော်ဖီ/လက်ဖက်ရည်ထုပ်၊ ကောင်းသန့်ဆန်ပြုတ်ထုပ်၊ မားမားခေါက်ဆွဲခြောက်ထုပ်၊ အသင့်စားဇလုံကြီးချဉ်ပေါင်ကြော်၊ ရှမ်းရွှေတောင်ရှူးရှဲလက်ဖက်၊ ဘုရင်ဘီစကစ်၊  Love သကြားလုံး၊ ကျောက်ဆူး ဆေးပေါ့လိပ်များကို ပေးပို့လှူဒါန်းသွားမည် ဖြစ်သည့်အပြင် ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများက ရှေ့တန်းရောက်  တပ်မတော်သားများ စိတ်ဓာတ်ခွန်အား တက်ကြွစေရန် “တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် တိုက်ပွဲဝင် နေသော ပြည်ချစ်စစ်သည်များ၏ တရားသောစစ် မုချအောင်ရမည်”၊ “လှေခွက်ချည်းကျန် အလံမလှဲသည့် စိတ်ဓာတ်ဖြင့် ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်နေသော တပ်မတော်သားများအားလုံး  ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသမားများ၏ ဂုဏ်ကျေးဇူးတော်ကြောင့် ကျန်းမာပါစေ၊ ဘေးအန္တရာယ် ကင်းရှင်းပါစေ၊ ဆင်နွှဲသည့်စစ်ပွဲတိုင်းအောင်မြင်ကြပါစေ” အစရှိသည့် ဆုတောင်းမေတ္တာစာလွှာ များကို ရေးသားထည့်သွင်းခဲ့ကြပြီး ငွေကျပ် ၅၇,၀၀,၀၀၀ိ/- (ကျပ် ငါးဆယ့်ခုနှစ်သိန်းတိတိ)  တန်ဖိုးရှိ စားသောက်ဖွယ်ရာ (၁၀) မျိုးပါဝင်သော အထုပ်ပေါင်း (၅၀၀) နှင့် လှူဒါန်းငွေကျပ်  ၄၂,၀၀,၀၀၀ိ/- (ကျပ် လေးဆယ့်နှစ်သိန်းတိတိ)၊ စုစုပေါင်းငွေကျပ် ၉၉,၀၀,၀၀၀ိ/- (ကျပ် ကိုးဆယ့်ကိုးသိန်းတိတိ) တန်ဖိုးရှိသည့် အလှူငွေနှင့် စားသောက်ဖွယ်ရာများကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်သို့ သွားရောက်ပေးပို့လှူဒါန်းခဲ့ကြပါသည်။ အဆိုပါ စားသောက်ဖွယ်ရာများကို တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များ၊ မော်တော် ယာဉ်များဖြင့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ် အရောက် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 15
  • JUL

  • 15 July 2024
  • နေပြည်တော်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့်အဖွဲ့သည် ယနေ့ နေ့လယ်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဝန်ကြီးဌာနများအလိုက် ဝန်ထမ်းများအတွက် ခွဲဝေချထားပေးသော နိုင်ငံတော်ပိုင် တိုက်ခန်းများတွင် နေထိုင်ခွင့်ရရှိသူများအနေဖြင့် အိမ်ရာ ပတ်ဝန်းကျင်သန့်ရှင်းရေး ဆောင်ရွက်မှု ရှိ မရှိ၊ ချမှတ်ထားသော အိမ်ရာများတွင်  နေထိုင်ခြင်း ရှိ မရှိ၊ နေအိမ်ခန်းများတွင် အိမ်ထောင်စုစာရင်းအတိုင်း နေထိုင်ခြင်း ရှိ မရှိနှင့် မသက်ဆိုင် သူများ နေထိုင်မှုမရှိစေရေးတို့အတွက်   တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနပိုင် ဇဗ္ဗူ သီရိမြို့နယ်၊ ဗလသိဒ္ဓိရပ်ကွက်အတွင်းရှိ အရာထမ်း၊ အမှုထမ်း အိမ်ရာ တိုက်အမှတ် (၂၂၁၆)သို့ သွားရောက်ကြည့်ရှုစစ်ဆေးပါသည်။ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝန်ထမ်းအိမ်ရာများတွင် ရေ၊ မီး ရရှိမှု အခြေအနေ၊ LED မီးတပ်ဆင်ထားရှိမှုအခြေအနေ၊ အဆောက်အဦ ကြံ့ခိုင်မှုအခြေအနေ များ၊ အိမ်ထောင်စုစာရင်းအတိုင်း နေထိုင်မှု ရှိ မရှိ အခြေအနေနှင့် အိမ်ရာပတ်ဝန်းကျင်ရှိ သီးပင်စားပင်များ စိုက်ပျိုးထားရှိမှုူ အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက အိမ်ရာများတွင် နေထိုင်ကြသော အရာထမ်း၊ အမှုထမ်းများအနေဖြင့် မိမိတို့ တိုက်ပတ်ဝန်းကျင် သန့်ရှင်းရေးကို နေ့စဉ်/ အပါတ်စဉ်အလိုက် ပူးပေါင်းဆောင်ရွက်ရန်၊ ရေနုတ်‌မြောင်းများအား ရေစီးရေလာကောင်းမွန်စေရေး စုပေါင်းဆောင်ရွက်ကြရန်၊ အမှိုက်များကို စနစ်တကျစွန့်ပစ်ရန်၊ ဝန်ထမ်းအိမ်ရာ စည်းကမ်းများနှင့်အညီ နေထိုင်ကြရန်၊ လျှပ်စစ်မီး လုံခြုံရေးနှင့်ပတ်သက်၍ အရေးပေါ်အခြေအနေတွင် မည်သို့ပြုမှု ဆောင်ရွက်ရန်၊ အိမ်ရာ ပတ်ဝန်းကျင်ရှိ မြေလွတ် မြေလပ်များတွင် သီးပင်စားပင်များ စိုက်ပျိုးထားရှိကြရန်တို့ကို မှာကြားပါသည်။ ထို့နောက် တိုက်ခန်းနေမိသားစုများအား လိုအပ်ချက်များ မေးမြန်းရာ သက်ဆိုင်ရာ တိုက်တာဝန်ခံများက လိုအပ်ချက်များကို တင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝန်ထမ်းမိသားစုများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြောင်း သတင်း ရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 14
  • JUL

  • 14 July 2024
  • နေပြည်တော်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့်အဖွဲ့သည် ယနေ့ နေ့လယ်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဝန်ကြီးဌာနများအလိုက် ဝန်ထမ်းများအတွက် ခွဲဝေချထားပေးသော နိုင်ငံတော်ပိုင် တိုက်ခန်းများတွင် နေထိုင်ခွင့်ရရှိသူများအနေဖြင့် အိမ်ရာ ပတ်ဝန်းကျင်သန့်ရှင်းရေး ဆောင်ရွက်မှု ရှိ မရှိ၊ ချမှတ်ထားသော အိမ်ရာများတွင်  နေထိုင်ခြင်း ရှိ မရှိ၊ နေအိမ်ခန်းများတွင် အိမ်ထောင်စုစာရင်းအတိုင်း နေထိုင်ခြင်း ရှိ မရှိနှင့် မသက်ဆိုင် သူများ နေထိုင်မှုမရှိစေရေးတို့အတွက်   တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနပိုင် ဇဗ္ဗူ သီရိမြို့နယ်၊ ဗလသိဒ္ဓိရပ်ကွက်အတွင်းရှိ အရာထမ်း၊ အမှုထမ်း အိမ်ရာ တိုက်အမှတ် (၂၂၁၆)သို့ သွားရောက်ကြည့်ရှုစစ်ဆေးပါသည်။ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝန်ထမ်းအိမ်ရာများတွင် ရေ၊ မီး ရရှိမှု အခြေအနေ၊ LED မီးတပ်ဆင်ထားရှိမှုအခြေအနေ၊ အဆောက်အဦ ကြံ့ခိုင်မှုအခြေအနေ များ၊ အိမ်ထောင်စုစာရင်းအတိုင်း နေထိုင်မှု ရှိ မရှိ အခြေအနေနှင့် အိမ်ရာပတ်ဝန်းကျင်ရှိ သီးပင်စားပင်များ စိုက်ပျိုးထားရှိမှုူ အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက အိမ်ရာများတွင် နေထိုင်ကြသော အရာထမ်း၊ အမှုထမ်းများအနေဖြင့် မိမိတို့ တိုက်ပတ်ဝန်းကျင် သန့်ရှင်းရေးကို နေ့စဉ်/ အပါတ်စဉ်အလိုက် ပူးပေါင်းဆောင်ရွက်ရန်၊ ရေနုတ်‌မြောင်းများအား ရေစီးရေလာကောင်းမွန်စေရေး စုပေါင်းဆောင်ရွက်ကြရန်၊ အမှိုက်များကို စနစ်တကျစွန့်ပစ်ရန်၊ ဝန်ထမ်းအိမ်ရာ စည်းကမ်းများနှင့်အညီ နေထိုင်ကြရန်၊ လျှပ်စစ်မီး လုံခြုံရေးနှင့်ပတ်သက်၍ အရေးပေါ်အခြေအနေတွင် မည်သို့ပြုမှု ဆောင်ရွက်ရန်၊ အိမ်ရာ ပတ်ဝန်းကျင်ရှိ မြေလွတ် မြေလပ်များတွင် သီးပင်စားပင်များ စိုက်ပျိုးထားရှိကြရန်တို့ကို မှာကြားပါသည်။ ထို့နောက် တိုက်ခန်းနေမိသားစုများအား လိုအပ်ချက်များ မေးမြန်းရာ သက်ဆိုင်ရာ တိုက်တာဝန်ခံများက လိုအပ်ချက်များကို တင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝန်ထမ်းမိသားစုများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြောင်း သတင်း ရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 12
  • JUL

  • 12 July 2024
  • နေပြည်တော်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏  ၂၀၂၄ ခုနှစ်၊ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပရိဝုဏ်၌ ကျင်းပရာ အခမ်းအနားသို့ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။           အခမ်းအနားတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့က ငါးလုပ်ငန်းဦးစီးဌာနက ပံ့ပိုးသည့် ငါးသားပေါက်များကို ဝန်ကြီးဌာနရှိ တစ်ဖက်ပိတ်ဆည်အတွင်းသို့   ဦးစွာ စိုက်ထည့် ပေးကြပြီး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊   ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်  အရာထမ်း၊  အမှုထမ်းများက ငါးမျိုးများကို ဆက်လက် စိုက်ထည့်ပေးကြသည်။ ယနေ့ကျင်းပသည့် ငါးမျိုးစိုက်ထည့်ပွဲတွင် ငါးသားပေါက်ကောင်ရေ စုစုပေါင်း ၁၂၀၀၀ စိုက်ထည့်ခဲ့ကြသည်။ အဆိုပါ တစ်ဖက်ပိတ်ဆည်အတွင်းသို့ ၂၀၂၂ ခုနှစ်တွင် ငါးသားပေါက် ကောင်ရေ ၇၀၀၀ နှင့် ၂၀၂၃ ခုနှစ်တွင် ငါးသားပေါက်ကောင်ရေ ၇၀၀၀ စိုက်ထည့်ထားခဲ့ရာ စုစုပေါင်း ငါးသားပေါက်ကောင်ရေ ၂၆၀၀၀ ရှိပြီဖြစ်ကြောင်း သိရှိရသည်။           

ဆက်လက်ဖတ်ရှုပါရန်
  • 11
  • JUL

  • 11 July 2024
  • နေပြည်တော်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ၂၀၂၄ ခုနှစ် မေလအတွင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ သွားရောက်၍ ဆွေးနွေးပွဲ တက်ရောက်ခဲ့ကြသူများ၏ အတွေ့အကြုံ မျှဝေ ရှင်းလင်းပွဲအခမ်းအနားကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် ညွှန်ကြားရေးမှူးရုံးများမှ အရာထမ်း၊ အမှုထမ်း များက Online စနစ်ဖြင့်  တက်ရောက်ကြပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနမှ အရာထမ်းများအား နိုင်ငံတကာ အတွေ့အကြုံကောင်းများရရှိ စေရေး၊  ဝန်ထမ်းများ၏  စွမ်းဆောင်ရည် မြင့်မားလာပြီး အရည်အသွေးများ ပြည့်ဝလာစေရေး တို့အတွက် နိုင်ငံတကာသို့ ဆွေးနွေးပွဲများ၊ သင်တန်းများ၊ လေ့လာရေးခရီးစဉ်များကို ညီညွတ် မျှတစွာ ရွေးချယ်၍ စေလွှတ်လျက်ရှိပါကြောင်း၊ ယနေ့အခမ်းအနားသည် ၂၀၂၄ ခုနှစ်၊ မေလ အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသည့် အရာထမ်းများ၏ အတွေ့အကြုံ မျှဝေရှင်းလင်းပွဲဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အတွေ့အကြုံ မျှဝေရှင်းလင်းသည့် အစဉ်အလာကောင်းများကို ဆောင်ရွက်ခြင်းဖြင့်  မိမိတို့ကိုယ်တိုင်သာမက လုပ်ဖော်ကိုင်ဘက် ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်မားရေးအတွက်လည်း အထောက်အကူပြုနိုင်မည် ဖြစ်ပါ ကြောင်း၊  ဆွေးနွေးပွဲတက်ရောက်ခဲ့ကြသူများအနေဖြင့် မိမိတို့လေ့လာသိရှိခဲ့ရသည့် အတွေ့အကြုံ၊ ဗဟုသုတများကို ဝေမျှရှင်းလင်းရုံမျှသာမက ကိုယ်တိုင် ထိုးထွင်းသိမြင်မှု၊ သုံးသပ်ဆင်ခြင်မှု၊ တီထွင်ဖန်တီးနိုင်မှုတို့ဖြင့် ဝန်ကြီးဌာန၏ မူဝါဒ၊ လုပ်ငန်းစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက်  ညီနောင်ဆက်စပ် ဝန်ကြီးဌာနများနှင့်အတူ  ပေါင်းစပ် ညှိနှိုင်းပြီး အထူး ကြိုးစားဆောင်ရွက်သွားကြစေလိုပါကြောင်း၊ ပြည်ပနိုင်ငံများသို့သွားရောက်ရာတွင် အင်္ဂလိပ်စာနှင့် ကွန်ပျူတာကျွမ်းကျင်ခြင်းသာမက သတင်းအချက်အလက်နှင့် နည်းပညာရပ် များကိုလည်း ကျွမ်းကျင်မှုရှိရန် လိုအပ်ပါကြောင်း၊  ကျန်သော ဝန်ထမ်းများအနေဖြင့် ယနေ့ ရှင်းလင်းပြောကြားသည့် အတွေ့အကြုံ၊ ဗဟုသုတများကို ဂရုပြုမှတ်သား လိုက်နာကြပြီး နောင်တစ်ချိန်တွင် ပြည်ပနိုင်ငံများသို့ သွားရောက်ရန် ရွေးချယ်စေလွှတ်ခြင်းခံရပါက နိုင်ငံတကာ နှင့်ရင်ဘောင်တန်း ပါဝင်လှုပ်ရှားဆောင်ရွက်နိုင်ရန်အတွက် မိမိတို့၏ စွမ်းဆောင်ရည်များကို မြင့်မားစေရန် စဉ်ဆက်မပြတ် ကြိုးစားအားထုတ်ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများ အားလုံး မိမိတို့၏ အရည်အချင်း၊ အရည်အသွေး၊ မြင့်မားမှသာ မိမိ၏ ဌာနအကျိုး၊ နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူတို့အတွက် အကျိုးရလဒ်ကောင်းများ ရရှိစေရေး ဦးတည် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ ပြဋ္ဌာန်းထားရှိသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်း၊ အမိန့်နှင့် ညွှန်ကြားချက်များကို နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာ စဉ်ဆက်မပြတ် လိုက်နာ၍ ဆတက်ထမ်းပိုး ဆက်လက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့  ဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသည့် အရာထမ်းများသည် နိုင်ငံတော်နှင့် ဝန်ကြီး ဌာနကိုကိုယ်စားပြု သွားရောက်ကြခြင်းဖြစ်ပြီး မိမိတို့လေ့လာသိရှိခဲ့ရသည့် အတွေ့အကြုံ၊ ဗဟုသုတများကို ပြန်လည်မျှဝေခြင်းဖြင့် မိမိတို့ကိုယ်တိုင်လည်း ပိုမိုနားလည် သိရှိစေမည် ဖြစ်ပါကြောင်း၊ တက်ရောက်လာကြသူများအနေဖြင့် ရှင်းလင်းပွဲမှ ရရှိလာသည့် ဗဟုသုတ များ၊ အတုယူသင့်သည်များ၊ လေ့လာသင့်သည်များကို မှတ်သား၍ မိမိတို့၏လုပ်ငန်းခွင်တွင် လိုအပ်သလို ဆက်လက်အသုံးချ ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအကျိုး၊ နိုင်ငံတော်အကျိုးအတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်ဖြစ်စေသော အတွေ့အကြုံမျှဝေရှင်းလင်းခြင်း ဖြစ်ပါစေကြောင်း ပြောကြားပါသည်။           ၎င်းနောက် ၂၀၂၄ ခုနှစ် မေလအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချန်ဒူးမြို့၊ ဝူဟန်မြို့ နှင့် ပေကျင်းမြို့တို့တွင် ကျင်းပခဲ့သည့် “မဲခေါင်-လန်ချန်းဒေသ နိုင်ငံများအကြား တိုင်းရင်းသား ရေးရာကိစ္စရပ်များတွင် ကောင်းမွန်သောအုပ်ချုပ်မှုဆိုင်ရာဆွေးနွေးပွဲ” သို့ တက်ရောက် ခဲ့သည့် ကိုယ်စားလှယ်အဖွဲ့ကိုယ်စား ပြည်ထောင်စုဝန်ကြီးရုံးမှ လက်ထောက်အတွင်းဝန် ဒေါ်အေးမြသိန်းနှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သဉ္ဇာနိုင်တို့ကလည်းကောင်း၊ ပေကျင်းမြို့တွင် ကျင်းပခဲ့သည့် ဖွံ့ဖြိုးဆဲနိုင်ငံများမှ အမျိုးသမီးအရာထမ်းများ၏ တရုတ်ဘာသာစကားနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆွေးနွေးပွဲ” သို့ တက်ရောက်ခဲ့သည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ရှိုင်းမြမြခက်ကလည်းကောင်း၊ ချန်းရှမြို့တွင် ကျင်းပခဲ့သည့် “မြန်မာနိုင်ငံ အတွက် ရေအရင်းအမြစ် စီမံခန့်ခွဲခြင်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးဆွေးနွေးပွဲ” သို့ တက်ရောက်ခဲ့သည့် ပြည်ထောင်စုဝန်ကြီးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထူးထူးဝင်းနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နှင်းဝတ်ရည် တို့ကလည်းကောင်း ကိုယ်စားလှယ်များအဖြစ် တက်ရောက်ခဲ့မှုနှင့်စပ်လျဉ်း၍ အတွေ့အကြုံ များကို Powerpoint များ၊ Video Clip များဖြင့် အသီးသီး ရှင်းလင်းတင်ပြခဲ့ကြပါသည်။           ယင်းနောက် တက်ရောက်လာကြသူများနှင့် အပြန်အလှန် မေးမြန်းဖြေကြားမှုများ ပြုလုပ်ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။            

ဆက်လက်ဖတ်ရှုပါရန်
  • 04
  • JUL

  • 04 July 2024
  • နေပြည်တော်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ဌာနတွင်း အလယ်အလတ်အဆင့်ကွန်ပျူတာသင်တန်း အမှတ်စဉ်(၂/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊                             ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းနည်းပြဆရာ/ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကမ္ဘာပေါ်၌ သိပ္ပံနှင့်နည်းပညာကဏ္ဍသည် တစ်ရှိန်ထိုး တိုးတက်လျက်ရှိပြီး မည်သည့်ကိစ္စတွင်မဆို နည်းပညာကို အခြေပြု၍ ဆောင်ရွက်လာကြပါကြောင်း၊  နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် နိုင်ငံ့ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာမြင့်မားရေးသည် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိရာ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရေးအတွက် သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာ ပညာရပ်များအား အနည်းဆုံး အခြေခံအားဖြင့် တတ်မြောက်ထားရန် အထူးလိုအပ်ပါကြောင်း၊ ကွန်ပျူတာနည်းပညာနှင့် ဆက်စပ်သည့် ပညာရပ်များကို ဝန်ထမ်းများအားလုံး စဉ်ဆက်မပြတ် လေ့လာသင်ယူလေ့ကျင့်မှုများ ပြုလုပ်သွား မည်ဆိုပါက စွမ်းဆောင်ရည်၊ အရည်အချင်းပြည့်ဝသည့် ဝန်ထမ်းကောင်းများ ဖြစ်လာမည်ဖြစ် ပါကြောင်း၊ ထို့အပြင် လူ့စွမ်းအားအရင်းအမြစ်များ စီမံခန့်ခွဲရာ၌ AI (Artificial Intelligent) နည်းပညာများကို အချို့သော ဖွံ့ဖြိုးပြီးနိုင်ငံများ၌ အသုံးပြုနေကြပြီဖြစ်ရာ  မိမိတို့အနေဖြင့်လည်း ဆက်သွယ်ရေး ဥပဒေ၊ နည်းပဒေများနှင့်အညီ အများနည်းတူ ရင်ပေါင်တန်းလိုက်ပါနိုင်ရေး ကြိုးစားရန်လိုအပ်ပါကြောင်း၊ ယခုသင်တန်းမှ သင်ကြားပေးလိုက်သည့် ဘာသာရပ်များကို မိမိတို့လုပ်ငန်းခွင်များတွင် အကျိုးရှိရှိ ပေါင်းစပ်အသုံးပြုသွားရန် မှာကြားလိုပါကြောင်း၊ ထို့အပြင် နည်းပညာအခြေပြု ရုံးလုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင်လည်း တိကျလျင်မြန်မှုနှင့် သတင်းအချက်အလက်လုံခြုံမှုရှိရန် လိုအပ်သဖြင့် အလေးထား ဆောင်ရွက်သွားကြရန်နှင့်     e-Government လုပ်ငန်းများတွင်လည်း ဟန်ချက်ညီညီ ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည်ဟု မျှော်လင့်ပါကြောင်း၊ သင်တန်းမှပို့ချခဲ့သည့် သင်ခန်းစာများကို လက်တွေ့နယ်ပယ်တွင် အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်ရေးအတွက် အပတ်တကုတ် လေ့လာ ကြိုးစားသွားကြရန်နှင့် ဝန်ထမ်းများအချင်းချင်း မိသားစုစိတ်ဓာတ်ဖြင့် အပြန်အလှန် သင်ယူခြင်း၊ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ခြင်းများဖြင့် မိမိဘဝတိုးတက်ရေး၊ မိမိဌာနတိုးတက်ရေးမှသည် မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအထိ ကျရာကဏ္ဍမှ သယ်ပိုးဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြား ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ယနေ့ခေတ်သည် IT (Information Technology) ခေတ်ဖြစ်ပြီး ဝန်ထမ်းများအနေဖြင့် ကွန်ပျူတာနှင့်ဆက်စပ်သော နည်းပညာများကို တတ်ကျွမ်းထားရန် လိုအပ်ပါကြောင်း၊ ယခု ကွန်ပျူတာသင်တန်းသည် အလယ်အလတ်အဆင့်ဖြစ်ပြီး ထိုမှတစ်ဆင့် အဆင့်မြင့်သင်တန်းများကိုလည်း ဆက်လက် ဖွင့်လှစ်ပေးရန် လိုအပ်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် မိမိတို့သင်ယူခဲ့ ရသည့် ပညာရပ်များကို စဉ်ဆက်မပြတ် လေ့လာအသုံးချခြင်းဖြင့် စွမ်းဆောင်ရည်မြင့်မားသော ဝန်ထမ်းများ ဖြစ်လာမည်ဖြစ်ပြီး မိမိတို့၏ စွမ်းဆောင်ရည်များ မြင့်မားလာစေခြင်းဖြင့် ဝန်ကြီး ဌာန၏ မျှော်မှန်းချက်၊  မူဝါဒနှင့် ရည်မှန်းချက်များကို အကောင်အထည်ဖော်ရာတွင် အထောက် အပံ့ ဖြစ်ပါစေကြောင်း ပြောကြားပါသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းနည်းပြဆရာ၊ ဆရာမများအား ဂုဏ်ပြု မှတ်တမ်းလွှာများကိုလည်းကောင်း၊ သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသား တစ်ဦးအား သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း ပေးအပ်၍ သင်တန်းတွင် ပထမဆု ရရှိသည့် သင်တန်းသူအား ဆုချီးမြှင့်ပေးအပ်ပါသည်။ ၎င်းနောက် ဒုတိယဆုနှင့် တတိယဆုရရှိသည့်   သင်တန်းသူများအား  ဒုတိယဝန်ကြီးက  ဆုချီးမြှင့်ပြီး သင်တန်းသား၊  သင်တန်းသူများကိုယ်စား  ပထမဆုရရှိသည့် သင်တန်းသူက  ကျေးဇူးတင်စကား ပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။                      

ဆက်လက်ဖတ်ရှုပါရန်
  • 01
  • JUL

  • 01 July 2024
  • ဧရာဝတီတိုင်းဒေသကြီး

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ဇွန်လ (၂၉) ရက်နေ့၊ နေ့လယ်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်နှင့် မအူပင်ခရိုင်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က တွေ့ဆုံအမှာစကား ပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားများ၏စာပေနှင့် ယဉ်ကျေးမှုများကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ တိုင်းရင်းသားရေးရာများကိုဆောင်ရွက်ခြင်းနှင့် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် တိုးတက်ခိုင်မာလာစေရေးအတွက် ကျန်းမာရေး၊ ပညာရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် လုပ်ငန်းတာဝန်များကို နိုင်ငံတော်က ပြဋ္ဌာန်းထားရှိသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉)ရပ်အနက် လူမှုရေး ဦးတည်ချက်ပါ တစ်နိုင်ငံလုံး အသိပညာအတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ် လုပ်မှုအထောက်အကူပြု ပညာရှင်များထွန်းကားလာစေရေးတို့အတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေး ဆိုသည့် ဦးတည်ချက်ကို အထောက်အကူပြုစေရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် တိုင်းရင်းသားဘာသာ စာပေသင်ကြားမှုကို ပညာရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အစိုးရစာသင်ကျောင်းများတွင် တိုင်းရင်းသားဘာသာစာပေသင်ကြားရေး အထောက် အကူပြု ဆရာ/မ (Teaching Assistant - TA)နှင့် တိုင်းရင်းသားစာပေသင် ဆရာ/မ (Language Teacher - LT)များအဖြစ် ခန့်ထားနိုင်ရန်    ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၌ ဧရာဝတီတိုင်းဒေသကြီးတွင် တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ(၃/ ၂၀၂၄) သို့ တက်ရောက်ခွင့်ရရှိသည့် ပုသိမ်မြို့ ပညာရေးဒီဂရီကောလိပ်တွင် (၇၆၀)ဦး၊  မြောင်းမြမြို့ ပညာရေးဒီဂရီ ကောလိပ်တွင် (၃၉၁)ဦး၊ ဘိုကလေးမြို့ပညာရေး ဒီဂရီကောလိပ်တွင် (၁၆၇)ဦး သင်တန်း တက်ရောက်ရန် စုစုပေါင်း (၁၃၁၈)ဦး ရွေးချယ်ခံရပြီး  သင်တန်းတက်ရောက်ပြီးသူ (၁၁၀၃)ဦးနှင့် သင်တန်းမတက် ရောက်နိုင်သူ (၂၁၅)ဦး ဖြစ်သည်ကိုကြောင်းတွေ့ရှိရ ပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် သင်တန်းတက်ရောက်နိုင်ခြင်း မရှိသည်ကို တွေ့ရှိရပြီး သင်တန်းတက်ရောက်ပြီးသူများကို ပညာရေးဝန်ကြီးဌာနမှ ပညာရေးမူဝါဒများနှင့်အညီ  TA/LT များအဖြစ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တိုင်းရင်းသား ဘာသာသင် (Teaching Assistang-TA နှင့် Language Teacher-LT) ဆရာ/ဆရာမပေါင်း (၁၇၂၁)  ခန့်အပ်သည့်အနက်တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ (၁၁၀၃) ဦး ခန့်ထားပါကြောင်း၊ “စာပေရှိမှ လူမျိုးရှိမည်”၊ စာပေတင့်တယ်မှ လူမျိုးတင့်တယ်မည်” ဆိုသည့် ဆိုရိုးစကားရပ်များရှိသည်နှင့်အညီ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များအနေဖြင့် တရားဝင်ဥပဒေနှင့်အညီ မှတ်ပုံတင်ထားရန်လိုအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် အသင်းအဖွဲ့မှတ်ပုံတင်ခြင်း ဆိုင်ရာဥပဒေနှင့်အညီ စနစ်တကျ မှတ်ပုံတင်နိုင်ရေးကိစ္စနှင့် တိုင်းရင်းသားများအတွက် တိုက်ရိုက်အကျိုးခံစားစေမည့်လုပ်ငန်းများကို နိုင်ငံတော်၏ လုံခြုံရေးနှင့်အမျိုးသား အကျိုးစီးပွားတို့ကို မထိခိုက်စေဘဲ ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသားဒေသများတွင် စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ မြေလွတ်၊ မြေလတ်၊ မြေရိုင်းများ၌ ဆောင်ရွက်မည့်လုပ်ငန်းများတွင်လည်း တိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာအရ သက်ဆိုင်သည့်မြေများ ပါဝင်မှုရှိ/မရှိ အချိန်နှင့် တပြေးညီ ကွင်းဆင်းစိစစ်ပြီး ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ မြေလွတ်၊ မြေလတ်၊ မြေရိုင်းများ စီမံခန့်ခွဲမှုဗဟိုကော်မတီသို့ သဘောထားမှတ်ချက်များ ပြန်ကြားဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ မိမိတို့တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ အဓိက လုပ်ငန်းဖြစ်သည့် တိုင်းရင်းသားရေးရာနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် တိုင်းရင်းသားအချင်းချင်း (သို့မဟုတ်) တိုင်းရင်းသားလူမျိုးများအကြား ဖြစ်ပွားသည့် အငြင်းပွားမှုများကို ပေါင်းစပ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များနှင့် တိုင်းရင်းသားရေးရာဝန်ကြီးများထံ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ တာဝန်ခွဲဝေအပ်နှင်းထားပြီးဖြစ်ပါကြောင်း၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များအနေဖြင့် မိမိတို့၏ တိုင်းရင်းသားရေးရာကိစ္စရပ်များကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံတော်နှင့် တိုင်းရင်းသား၏အကျိုးစီးပွားကို ရှေးရှု၍  တင်ပြဆောင်ရွက်နိုင်ပါကြောင်း၊ ယနေ့ တိုင်းရင်းသားခေါင်းဆောင်များ၏ တင်ပြသည့် အချက်များကို စနစ်တကျသေချာမှတ်သားပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး နှင့်ပြည်နယ်အစိုးရအဖွဲ့များတို့နှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးသည် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေးပင်ဖြစ် ပါကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ်အေးချမ်းမှုရှိရန်လိုပါကြောင်း၊ တိုင်းရင်းသားဒေသများဖွံ့ဖြိုးတိုးတက်မှ တိုင်းပြည်အေးချမ်း သာယာဝပြောမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများအနေဖြင့် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ တစ်မျိုးနှင့်တစ်မျိုး အမုန်းမပွားဘဲ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံ၍ ဒို့တာဝန်အရေးသုံးပါးကို မထိခိုက်စေဘဲ နိုင်ငံသူ နိုင်ငံသားများနှင့် တိုင်းရင်းသားပြည်သူများ မျှော်လင့်တောင့်တနေသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက်ရေးလုပ်ငန်းများတွင် မိမိတို့ကျရာကဏ္ဍမှ ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ အားကြိုးမာန်တက် အစွမ်းကုန်ကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က ဧရာဝတီတိုင်းဒေသကြီးအတွင်း တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့် ဒေသတွင်းဖြိုးရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြ ခဲ့ပါသည်။ ၎င်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အဖွဲ့များက တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များနှင့်ပတ်သက်ပြီး အထွေထွေ ဆွေးနွေးတင်ပြကြရာ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်က ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး တိုင်းရင်းသား ရေးရာဝန်ကြီးတို့က လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။ထို့နောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမိုထိန်းသိမ်းမြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီးတို့က ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ များအား ထောက်ပံ့ငွေများ ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်