တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးက“တိုင်းရင်းသားရေးရာ အသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်” ကို (၁၃-၁၂-၂၀၂၄) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြန်အောင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးလှိုင် က မိတ်ဆက်စကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်စန်းက တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ ကလေးအလုပ်သမားနှင့် သက်ဆိုင်သည့် ဥပဒေ ပြဋ္ဌာန်းချက်ပါ ကောက်နုတ်ချက်များ၊ ပြည်ထောင်စုစိတ်ဓါတ်ရှင်သန်ရေး၊ လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးရေးနှင့် နိုင်ငံသားများ၏ တာဝန်များ၊ အမုန်းစကားနှင့် လူမျိုးပြုန်းစေမှု တားဆီးရေးဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်မောင်မောင်က တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများကိုလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ကြံခင်းမြို့နယ်ဦးစီးမှူး ဒေါ်သဉ္ဇာဝင်းက အမျိုးသမီးရေးရာ၊ မသန်စွမ်းရေးရာ၊ ကလေးသူငယ်ရေးရာနှင့် လူမှုရေးပင်စင်စသည့် လူမှုဝန်ဆောင် မှုဆိုင်ရာများကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကြံခင်းမြို့နယ်ဦးစီးမှူး ဦးစတိုင်းဆာယာက စပါး၊ နေကြာ၊ နှမ်း၊ ပဲသီးနှံများ ပန်းတိုင် အထွက်နှုန်းရရှိရေး၊ မြေယာပြုပြင်ခြင်း နည်းစနစ်များ နှင့် ပိုက်ဆံလျှော်ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် ရရှိလာမည့် အကျိူးကျေးဇူးများစသည့် စိုက်ပျိုးရေး ဆိုင်ရာသိမှတ်ဖွယ်ရာများကိုလည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ကြံခင်းမြို့နယ် ဦးစီးမှူး ဒေါက်တာဝင်းကိုက မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ နည်းများ ဖြင့် စနစ်တကျ မွေးမြူနိုင်ရေးနှင့် ရရှိလာမည့် အကျိုးကျေးဇူးများကိုလည်းကောင်း အသိပညာပေး ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ညွှန်ကြားရေးမှူးဦးဆောင်၍ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက် စစ်တမ်းများကို ကောက်ယူခဲ့ရာ ဒေသခံတိုင်းရင်းသား(၈၄)ဦးတို့မှ ဖြေဆိုခဲ့ကြပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တက်ရောက်လာသူများအား တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများ စာအုပ်များ၊ လက်ကမ်းစာစောင်များ၊ ကလေးအလုပ်သမားနှင့်သက်ဆိုင်သည့် ဥပဒေပြဋ္ဌာန်းချက် ကောက်နုတ်ချက်စာအုပ်များနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ အခမ်းအနားသို့ တိုင်းဒေသကြီးအရှိုချင်းစာပေနှင့် ယဉ်ကျေးမှု အသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များလည်း တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးချွန် စွမ်းရည် ပြပွဲ၊ ပြိုင်ပွဲ အခမ်းအနားကို (၁၂-၁၂-၂၀၂၄) ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ကျီးပင်ဆိပ်ကျေးရွာ၊ မူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအကြောင်းမိတ်ဆက်ခဲ့ပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့် ပြည့်စုံသော ကျောင်းသားလူငယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများအကြောင်း၊ တိုင်းရင်းသားအချင်းချင်း အမုန်းစကားနှင့် အကြမ်းဖက်မှု ဖြစ်စေရန် လှုံ့ဆော်မှုကို တားဆီးရေးဆိုင်ရာ သိကောင်းစရာများကို လည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးငါးရယ်က ပုံပြပုံပြင် စာအုပ် ထုတ်ဝေပေးမှုနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအကြောင်းတို့ကို လည်းကောင်း အသိပညာပေး ဟောပြောခဲ့ပါသည်။ ဆက်လက်၍ ဗလငါးတန်နှင့် ပြည့်စုံသော ပြပွဲပြိုင်ပွဲများဖြစ်သည့် အာလူးကောက်ပြိုင်ပွဲ၊ ဘောလုံးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ဆေးရောင်ချယ်ပြိုင်ပွဲ၊ စက္ကူဖြင့် စုပေါင်းအရုပ် ခေါက်ပြိုင်ပွဲ၊ ဉာဏ်စမ်းမေးခွန်းများဖြေဆိုခြင်း စသည့်ပြိုင်ပွဲများကို ကျင်းပခဲ့ပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်းနှင့် အားကစားပစ္စည်းများ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်း အတွင်းရေးမှူး မန်းသန်းဌေးနှင့် ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်စန်းနွယ်က ဗလငါးတန်နှင့် ပြည့်စုံသော ကျောင်းသား၊ ကျောင်းသူများအား ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ မိမိတို့ ရပ်ရွာသို့ လာရောက်ကျင်းပပေးခြင်းအတွက် ကျေးဇူးတင် စကားပြောကြားခဲ့ပါသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ဝါးညှပ်အက၊ ဒုံးယိမ်း အကများဖြင့် ကပြဖျော်ဖြေခဲ့ပြီးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ အခမ်းအနားသို့ ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းမှ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ မှော်ဘီမြို့နယ်အတွင်းရှိ မူလတန်းကျောင်းများမှ ကျောင်းအုပ်ဆရာမကြီးများ၊ ကျီးပင်ဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျောင်းသား မိဘများ၊ ကျောင်းသား၊ ကျောင်းသူများအပါအဝင် စုစုပေါင်း (၁၃၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့် ရှောက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး၏ ကြီးကြပ်မှုဖြင့် ပဲခူးမြို့နယ်အတွင်းရှိ တိုင်းရင်းသားကျောင်းသား လူငယ်များအား ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များဖြစ်စေရေး အသိပညာ ဟောပြောပွဲကို (၄-၁၂-၂၀၂၄) ရက်နေ့က ပဲခူးမြို့နယ်၊ ထုံးကြီးစံပြကျေးရွာ၊ အ.ထ.က(ထုံးကြီး) အမေ့ရွာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်း အောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ခိုင်ရွှေဝါက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအကြောင်း မိတ်ဆက်ပြောကြားခြင်း၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေတို့နှင့် လူငယ်ရေးရာကဏ္ဍတို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယတိုင်းပညာရေးမှူး ဦးခင်အောင်ရီက ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များဖြစ်စေရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝါဝါဝင့်ကျော်က ကလေးသူငယ်အခွင့်အရေးများနှင့် ကာကွယ်စောင့်ရှောက်ရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်မေသန်းနိုင်က အစားအသောက်နှင့်ဆေးဝါး အရည်အသွေးပြည့်မီ၊ ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲရေး ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခရိုင်အားကစားမှူး ဒေါ်သန္တာဝင်းက လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့် လည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သော်ထက်ထက်ကျော်က တိုင်းရင်းသားဘာသာစာပေသင်ကြားသည့် ကိစ္စနှင့်ပတ်သက်၍လည်းကောင်း အသိပညာပေး ဟောပြောခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က ဟောပြောပို့ချပေးသော ဌာနဆိုင်ရာမှ တာဝန်ရှိသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပြီးနောက် တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ခိုင်ရွှေဝါက ကျောင်းစာကြည့်တိုက်အတွက် အလှူငွေ ကျပ်တစ်သိန်း ငါးသောင်း တိတိအား အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) (ထုံးကြီး) မှ ကျောင်းအုပ်ဆရာကြီးထံ ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသ ကြီးညွှန်ကြားရေးမှူးရုံးက ကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောဂျက်ကော့ထူး၏ ဦးဆောင်မှုဖြင့် “အခြေခံခြင်းတောင်းရက်လုပ်ခြင်းသင်တန်း” ဖွင့်ပွဲ အခမ်းအနားကို (၉-၁၂-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် တွံတေးခရိုင်၊ ကော့မှူး မြို့နယ်၊ ရှာဘွားအုပ်စု၊ ဘောလုံးကွင်းကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန် တိုင်း ဒေသကြီးညွှန်ကြားရေးမှူးရုံးမှ၊ ညွှန်ကြားရေးမှူးဒေါ်ဖြူဖြူဝင်းက တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနအကြောင်း မိတ်ဆက်ပြောကြားခြင်း၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေများနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၂) ဦးရွှေဘော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၂) ဦးမြင့်ဦးနှင့် ကော့မှူးမြို့နယ် အုပ်ချုပ်ရေးမှူးဦးမျိုးမင်းတို့က သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးရှင်းလင်းပြောကြားခဲ့ကြ ပြီးနောက် စုပေါင်းအမှတ်တရစုပေါင်းဓါတ်ပုံရိုက်ကူးခဲ့ကြပါသည်။ အဆိုပါ အခြေခံခြင်းတောင်းရက်လုပ်ခြင်းသင်တန်းကို (၉-၁၂-၂၀၂၄) ရက်နေ့မှ (၁၃-၁၂-၂၀၂၄) ရက်နေ့အထိ (၅) ရက်ကြာဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား/သူ (၂၁) ဦးတို့က တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ(ရန်ကုန်) ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ် တင်ဒါခေါ်ယူ၍ ဆောင်ရွက်လျက် ရှိသော သောင်တူးခြင်းလုပ်ငန်း၊ ကပွဲခန်းမအထွေထွေပြုပြင်ခြင်းလုပ်ငန်း၊ အုပ်ချုပ်မှုရုံး အဆောက် အအုံဆေးသုတ်မွမ်းမံခြင်းလုပ်ငန်း၊ ပြည်ထောင်စုခန်းမအထွေထွေပြုပြင်ခြင်းလုပ်ငန်း၊ ရေရရှိရေး လုပ်ငန်း၊ မီးရရှိရေးလုပ်ငန်းနှင့် WIfi တပ်ဆင်ခြင်းလုပ်ငန်းတို့အား လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအားကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဝန်ထမ်းများအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေးလုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်တို့ကို သိရှိလိုက်နာ ရမည်ဖြစ်ပါကြောင်း မှာကြားခဲ့ပါသည်။ထို့နောက် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) ယာယီတာဝန်ခံဒေါ်မိမြတ်ခတ္တာသင်း (ဒုတိယညွှန်ကြားရေးမှူး)က လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများ ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)အတွင်း ရေပန်းကန်တွင် ရေပန်းအလှပြသထားမှုအား ကြည့်ရှုစစ်ဆေးခြင်း၊ ဝန်ထမ်းများအသုံးပြုသည့် ရှမ်းအိမ်အနီးရှိ ရေလှောင်ကန်နှင့် ရေမော်တာ တပ်ဆင်ထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခြင်း၊ ဆိပ်ခံဗောတံတားအနီး သောင်းတူးခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခြင်း၊ ကပွဲခန်းမ အထွေထွေပြုပြင်ခြင်းလုပ်ငန်း၊ အုပ်ချုပ်မှုရုံးအဆောက်အအုံ ဆေးသုတ်မွမ်းမံခြင်းလုပ်ငန်း၊ ပြည်ထောင်စုခန်းမအထွေထွေ ပြုပြင်ခြင်းလုပ်ငန်းများအား ကြည့်ရှု့စစ်ဆေးခဲ့ပြီး ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ(ရန်ကုန်)၏ ဝင်ငွေပိုမိုရရှိရေးအတွက် အလေးထား၍ ဆက်လက်ဆောင်ရွက်သွားရန်နှင့် လာရောက်ပန်းဖြေ လေ့လာသည့် ဧည့်သည်တော်များ စိတ်အေးချမ်းသာစွာ အပန်းဖြေစေနိုင်ရေး ဂရုတစိုက်ဆောင်ရွက်သွားရန်၊ ဝန်ထမ်းများမှ ဝန်ဆောင်မှု အကောင်းဆုံး ပေးကြရန်နှင့် ပြည်ထောင်စုခန်းမအတွင်း အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဖျော်ဖြေတင်ဆက်မည့် တိုင်းရင်းသား/တိုင်းရင်းသူများ၏ တိုင်းရင်းသားရိုးရာအကအလှများကို ကြည့်ရှုခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ကြီးမှူး၍ ငှက်ပျောပင်မှ တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ခြင်း သင်တန်းဆင်းပွဲအခမ်းအနားကို (၄-၁၂-၂၀၂၄) ရက်နေ့တွင် ရှမ်းပြည်နယ်၊ အေးသာယာမြို့ရှိ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှုးရုံးမှ ညွှန်ကြားရေးမှူး ဦးချစ်ဇော်လင်းက သင်တန်းသား/သူများ အား သင်တန်းပြီးမြောက်သွားပါက မိမိတို့အတွက် ကိုယ်ပိုင်အသေးစား လုပ်ငန်းတစ်ခုထူထောင်နိုင်သည်အထိ ကြိုးစားစေလိုပါကြောင်း၊ ငှက်ပျောပင်မှ ထွက်ရှိသည့် ကုန်ကြမ်းပစ္စည်းများကို အသုံးပြု၍ တဘက်၊ ပုဝါ၊ လက်ကိုင်အိတ်၊ ခြင်း၊ ဖျာ၊ ဖိနပ်၊ စက္ကူ၊ ဦးထုပ်၊ အဝတ်အထည်စသည့် လူသုံးကုန်ပစ္စည်းများကို ဖန်တီးထုတ်လုပ်ခြင်းအားဖြင့် ကျေးလက်နေနှင့် မြို့နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းအသစ်များရရှိခြင်း၊ ဝင်ငွေများရရှိခြင်း၊ သဘာဝစိုက်ခင်းနှင့် ငှက်ပျော စိုက်ဧရိယာဒေသမှ စိုက်ပျိုးတောင်သူများ ဝင်ငွေတိုးပွားလာနိုင်သကဲ့သို့ တစ်ဖက်မှာလည်း လက်မှုပညာရပ်တစ်ခု တိုးတက်လာမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ဆက်လက်၍ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးနှင့် သင်တန်းစင်တာရှိ တာဝန်ရှိသူများက သင်တန်းနည်းပြဆရာ၊ ဆရာမများအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခြင်း၊ သင်တန်းသား၊ သင်တန်းသူ တစ်ဦးချင်းစီအား သင်တန်းဆင်း လက်မှတ်များကို ပေးအပ်ခဲ့ပါသည်။ ထို့နောက် သင်တန်းသား/သူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားပြီးနောက် စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပါသည်။ ငှက်ပျောပင်မှ တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ခြင်း သင်တန်းကို (၂၀-၁၁-၂၀၂၄) ရက်နေ့မှ (၄-၁၂-၂၀၂၄) ရက်နေ့အထိ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာ သင်တန်းစင်တာ၌ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ရှမ်းပြည်နယ်အတွင်းရှိ ရှမ်း၊ ပအိုဝ်း၊ ဓနု၊ ယင်းကြား၊ လီဆူ၊ ချင်း၊ ဗမာ စသည့် တိုင်းရင်းသားမျိုးနွယ်စုမှ သင်တန်းသူ/သား စုစုပေါင်း (၂၀) ဦးတို့က တက်ရောက်သင်ကြားခဲ့ကြကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် “မဲမသမာမှု နှင့် တရားမဲ့ပြုကျင့်မှုများ” အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့်စပ်လျဉ်းသည့် Website နှင့် Mobile Application တို့ကို နိုဝင်ဘာ ၂၂ ရက်နေ့တွင် လွှင့်တင်ထားပြီးဖြစ်သဖြင့် ပြည်တွင်း၊ ပြည်ပမှ လေ့လာလိုသူများအနေဖြင့် လေ့လာဖတ်ရှုနိုင်ပြီဖြစ်ပါသည်။အဆိုပါ Website နှင့် Mobile Application တို့တွင် ရွေးကောက်ပွဲအကြိုကာလ၌ ကြိုတင်ကြံစည်ဆောင်ရွက်ခဲ့မှုများ၊ ရွေးကောက်ပွဲကာလတွင် ဆောင်ရွက်ခဲ့မှုများ၊ ရွေးကောက်ပွဲအလွန်ကာလဖြစ်စဉ်များ၊ မြန်မာနိုင်ငံတစ်ဝန်းလုံး ရွေးကောက်ပွဲကျင်းပခဲ့သည့် မြို့နယ် ၃၁၅ မြို့နယ်၏ မဲစာရင်းစိစစ်ခြင်းနှင့် မြေပြင်ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခြင်း၊ ရွေးကောက်ပွဲဖြစ်စဉ်တစ်ခုလုံး အပေါ် ခြုံငုံစစ်ဆေးတွေ့ရှိချက်၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲရလဒ်များကို ပယ်ဖျက်ခြင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပေါ် သုံးသပ်ချက်၊ မှတ်တမ်းဓာတ်ပုံများ စသည်ဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များကို တစ်နေရာတည်းတွင် ကဏ္ဍစုံလင်စွာ လေ့လာဖတ်ရှုနိုင်မည်ဖြစ်သည်။ထို့အပြင် မြန်မာ၊ အင်္ဂလိပ်၊ တရုတ်၊ ရုရှား၊ ဂျပန် စသည့် ဘာသာစကား ၅ မျိုးဖြင့် လွှင့်တင်မည်ဖြစ်ရာ လေ့လာဖတ်ရှုလိုသူများသည် https://2020election.uec.gov.mm တွင်လည်းကောင်း၊ Mobile Application ကို Website https://www.uec.gov.mm/ တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှု နိုင်ပြီဖြစ်ကြောင်း သိရသည်။
ဆက်လက်ဖတ်ရှုပါရန် ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်၌ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ကိုယ်စားပြု အားကစားအဖွဲ့အား အောင်နိုင်ရေး အလံပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ကိုယ်စားပြု အားကစားအသင်းများမှ အားကစားနည်းကြီးကြပ်သူနှင့်တာဝန်ခံများ၊ အသင်း အုပ်ချုပ်သူများ၊ နည်းပြများ၊ အားကစားသမားများ၊ အရာထမ်း အမှုထမ်းများ တက်ရောက် ကြပါသည်။ရှေးဦးစွာ အမျိုးသား အားကစားပွဲတော်၌ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ကိုယ်စားပြု အားကစားအသင်းများမှ အားကစားနည်း ကြီးကြပ်သူ နှင့်တာဝန်ခံများ၊ အသင်းအုပ်ချုပ်သူများ၊ နည်းပြများ၊ အားကစားသမားများက အားကစားနည်း များအလိုက် တစ်ဦးချင်း ဂါဝရပြုမိတ်ဆက်ခဲ့ကြပါသည်။ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက လမ်းညွှန်အမှာစကားပြောကြားရာတွင် အမျိုးသားအားကစားပွဲတော်များကို ရန်ကုန်မြို့၌ ကျင်းပခဲ့ရာ ပထမအကြိမ်ကို ၁၉၉၂ ခုနှစ် တွင်လည်းကောင်း၊ ဒုတိယအကြိမ်ကို ၁၉၉၄ ခုနှစ်တွင်လည်းကောင်း ၊ တတိယ အကြိမ်ကို ၁၉၉၇ ခုနှစ်တွင်လည်းကောင်း၊ စတုတ္ထအကြိမ်ကို ၂၀၁၅ ခုနှစ်တွင် နေပြည်တော်၌ အသီးသီး ကျင်းပခဲ့ပြီး ယခု ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို နေပြည်တော်တွင် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ တိုင်းဒေသကြီး၊ ပြည်နယ် အားကစားနည်း (၂၃)နည်း၊ ဝန်ကြီးဌာနအဆင့် အားကစားနည်း (၆) နည်းနှင့် မသန်စွမ်းအားကစား နည်း (၄)နည်းတို့ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ “အားကစားဆောင်ရွက်ခြင်းသည် မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်များနှင့် အမျိုးသားရေးစရိုက်လက္ခဏာတို့ကို ရှင်သန်ထက်မြက်စေပြီး တစ်မျိုးသားလုံး၏ ကျန်းမာကြံ့ခိုင်ရေးကိုလည်း ဖြစ်ပေါ်စေနိုင်သည့်အတွက် အားကစားနှင့်ပတ်သက်ပါက အားပေးဆောင်ရွက်ရမည်” ဟူသည့် လမ်းညွှန်ချက်နှင့်အညီ နိုင်ငံတကာပြိုင်ပွဲများတွင် အားကစားအဆင့်အတန်းမြင့်မာရေးနှင့် အောင်မြင်မှုရရှိစေရန် ယှဉ်ပြိုင်နိုင်ရေး၊ နိုင်ငံ့ ဂုဏ်ဆောင်အားကစားသမားများနှင့် အလားအလာရှိသည့် လူငယ်မျိုးဆက်သစ် အားကစား သမားများ ပေါ်ထွန်းလာစေရေး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများ၊ ဝန်ကြီးဌာနများအကြား အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိပြီး အားကစားလှုပ်ရှားမှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်လာနိုင် စေရေး၊ ပြည်သူတစ်ရပ်လုံးအားကစားကို ပိုမိုစိတ်ပါဝင်စားလာပြီး အားကစား လှုပ်ရှားမှုများတွင် ပိုမိုပါဝင်လာစေရေးစသည့် ရည်ရွယ်ချက်များဖြင့် ၂၀၂၄ ခုနှစ်၊ ပဉ္စမ အကြိမ် အမျိုးသားအားကစားပွဲတော်ကို ကျင်းပခြင်းဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် ဘောလုံး (အမျိုးသား)၊ ဖူဆယ် (အမျိုးသား)၊ ဘော်လီဘော (အမျိုးသမီး)၊ ပိုက်ကျော်ခြင်း (အမျိုးသား)၊ ဂေါက်သီး (အမျိုးသား)၊ ပြေးခုန်ပစ် (အမျိုးသား/ အမျိုးသမီး) အားကစား နည်းတို့ဖြင့် ပါဝင်ယှဉ်ပြိုင်သွားကြမည်ဖြစ်ပြီး ဌာနမှ ဝန်ထမ်းများ အနေဖြင့်လည်း အားတက်သရော ကြည့်ရှုအားပေး ကြရမည်ဖြစ်ပါကြောင်း၊ ယခုအားကစား အောင်နိုင်ရေး အလံအပ်နှင်းခြင်းသည် နည်းပြများနှင့် အားကစားသမားများကို ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ၊ အားကစားပညာရပ်ဆိုင်ရာစသည်ဖြင့် အစစအရာရာ အသင့်ဖြစ်နေသည်ဟု ယုံကြည်သည့် အတွက် အားကစား မောင်မယ်များ၏ စိတ်စွမ်းအားကို မြှင့်တင်ပေးခြင်းဖြစ်ပါကြောင်း၊ အားကစားသမားများအနေဖြင့်လည်း ပြိုင်ပွဲတိုင်း အနိုင်ရရှိစေရန် ကိုယ်အား၊ ဉာဏ်အား၊ စွမ်းအားအပြည့်၊ ရေကုန်ရေခမ်း အောင်နိုင်ရေးစိတ်ဓာတ်အပြည့်ဖြင့် အားထုတ်ကြိုးပမ်း သွားကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနမှ ဌာနကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအနေဖြင့် အားကစားနည်းအလိုက် ရွှေတံဆိပ်နှင့် အခြားဆုအသီးသီး ရယူ၍ ဝန်ကြီးဌာန၏ဂုဏ်ကို မြှင့်တင်နိုင်ရေး အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးက အားကစားဟူသည် အထူးတလည် လေ့ကျင့်တည်ဆောက် ထားသော ခွန်အား၊ သက်လုံ၊ ကျွမ်းကျင်မှု၊ နည်းစနစ်၊ စိတ်ဓာတ်နှင့်ဉာဏ်ရည်တို့ကိုအသုံးချကာ ရုပ်ပိုင်းနှင့် စိတ်ပိုင်းတို့ပါ ယှဉ်ပြိုင်ကြရခြင်းဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနကိုယ်စားပြုအားကစား သမားများအနေဖြင့် အားကစားနည်းအလိုက်ယှဉ်ပြိုင်ကြရာတွင် အောင်နိုင်လိုစိတ်များ ပြင်းပြ နေရန်လိုအပ်ပြီး ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာကာ အားကစားသမား ကောင်းပီသစွာ ပြုမူနေထိုင်သွားရန်နှင့် အနိုင်မခံအရှုံးမပေးသည့်စိတ်ဓါတ်ဖြင့် ပြိုင်ပွဲတိုင်းတွင် အောင်စိတ်ကိုမွေးမြူထားရှိပြီး အနိုင်ရရှိစေရန် ယှဉ်ပြိုင်ကြစေလိုကြောင်း၊ အုပ်ချုပ်သူ/ နည်းပြ များနှင့် အားကစားသမားများအနေဖြင့်လည်း ကိုယ်ကျိုးမဖက်ပဲ အားကစားချစ်စိတ်ကို အရင်းခံပြီး ဝန်ကြီးဌာန၏ အားကစားဂုဏ်ကို ပိုမိုမြင့်တက်စေမည့် ဂုဏ်ယူရသောသူများ ဖြစ်စေရန် ကြိုးစားကြစေလိုကြောင်း ပြောကြားပါသည်။ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အောင်နိုင်ရေးအလံကို အားကစားအဖွဲ့ခေါင်းဆောင် ဖြစ်သော ဒုတိယအမြဲတမ်းအတွင်းဝန်ထံ အပ်နှင်းခဲ့ပါသည်။ ထို့နောက် အားကစားအဖွဲ့ခေါင်းဆောင်က ဦးဆောင်၍ အားကစားအဓိဋ္ဌာန် (၄)ချက် ရွတ်ဆို၍ အားကစား ကြိုတင်ပြင်ဆင်လေ့ကျင့်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်း တင်ပြပါသည်။၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည့် ပဉ္စမအကြိမ်အမျိုးသား အားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ကိုယ်စားပြု အားကစားအသင်းများမှ ကြီးကြပ်သူနှင့်တာဝန်ခံများ၊ အသင်းအုပ်ချုပ်သူများ၊ နည်းပြများ၊ အားကစားသမားများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့် ရှောက်ရေးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးက ကြီးမှူး၍ “ငှက်ပျောပင်မှတန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ခြင်း” သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ အေးသာယာမြို့ရှိ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့်သက်မွေး ပညာသင်တန်းစင်တာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များ၊ သင်တန်းတွင်လိုက်နာရမည့် စည်းကမ်းများနှင့် သင်တန်းအား ပြီးမြောက်အောင် တက်ရောက်သင်ကြားကြရန် ပြောကြားခဲ့ပါသည်။ ထို့နောက် Green Banana Myanmar မှ သင်တန်းနည်းပြဆရာ ဦးမြင့်သိန်းက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး သင်တန်းနည်းပြဆရာ၊ ဆရာမ တစ်ဦးချင်းစီမှ အသီးသီး မိတ်ဆက်စကားပြောကြားခြင်း၊ သင်တန်းသား၊ သင်တန်းသူများမှ တစ်ဦးချင်း မိတ်ဆက်ခြင်းများ ဆောင်ရွက်ခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ပါသည်။ အဆိုပါ ငှက်ပျောပင်မှတန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ခြင်း သင်တန်းကို (၂၀-၁၁-၂၀၂၄) ရက်နေ့မှ (၄-၁၂-၂၀၂၄) ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ပြီး ရှမ်းပြည်နယ် အတွင်းရှိ ရှမ်း၊ ပအိုဝ်း၊ ဓနု၊ ယင်းကြား၊ လီဆူ၊ ချင်း၊ ဗမာ စသည့် တိုင်းရင်းသားမျိုးနွယ်စုမှ သင်တန်းသူ/သား စုစုပေါင်း (၂၀) ဦးတို့က တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့် ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးက ဦးစီး၍ “အခြေခံလူသုံးကုန်ထုတ်လုပ်မှု နည်းပညာပေးသင်တန်း” ဖွင့်ပွဲအခမ်းအနားကို (၂၁-၁၁-၂၀၂၄) ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဒုံရင်းကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင် ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးကျော်စိုးက ဝန်ကြီးဌာနအကြောင်း မိတ်ဆက် ပြောကြားခြင်းနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ပါသည်။ (၂၁-၁၁-၂၀၂၄) ရက်နေ့မှ (၂၅-၁၁-၂၀၂၄) ရက်နေ့အထိ (၅) ရက်ကြာဖွင့်လှစ်မည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းတွင် ဆပ်ပြာရည်အမျိုးမျိုးထုတ်လုပ်မှုနည်းပညာ များ၊ ဆပ်ပြာအကြည်ခဲထုတ်လုပ်မှု နည်းပညာများကို သင်တန်းသား/သူ (၂၀) ဦးတို့က တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် GNE Co.Ltd တို့ ပူးပေါင်းပြုလုပ်သည့် SolarWinds Network Monitoring System နှင့်စပ်လျဉ်းသည့် အသိပညာများ မျှဝေပေးခြင်းဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ GNE Co.Ltd မှ တာဝန်ရှိသူများ၊ ဆက်စပ်ဝန်ကြီးဌာန(၈)ခုမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အရာထမ်းများ တက်ရောက်ကြပါသည်။ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ Information Technology - IT တိုးတက်နေသည့်ခေတ်တွင် e-Government စနစ် ထူထောင်ခြင်းဖြင့် မိမိတို့ နိုင်ငံသည် တိုးတက်နေသည့် ကမ္ဘာကြီးနှင့် ရင်ဘောင်တန်းလာနိုင်ရုံမျှမက ရင်ဆိုင်နေရသည့် ပြဿနာများကိုပါ ကျော်လွှားနိုင်သည့် အခွင့်အရေးများ ရရှိလာနိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရှိ အစိုးရအဖွဲ့အစည်းအသီးသီးတို့၏ e-Government လုပ်ငန်းစဉ်များ အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ICT Infrastructure များ တည်ဆောက်ခြင်းသည် အဓိက လိုအပ်သည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး IT Environment များအား အချိန်နှင့် တစ်ပြေးညီ စောင့်ကြည့်ခြင်းသည် အရေးကြီးသော ကဏ္ဍတစ်ခုဖြစ်ပါကြောင်း၊ SolarWinds Network Monitoring System သည် ကွန်ရက်စောင့်ကြည့်ရေး Software တစ်ခုဖြစ်ပြီး မိမိတို့၏ IT Environment တွင် ပါဝင်သော Hardware and Software များ၊ Website များ၊ Database များ၏ လုံခြုံရေးနှင့် လုပ်ဆောင်ပေးနိုင်စွမ်းတို့ကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့် လေ့လာခြင်း၊ ဝန်ဆောင်မှုပေးခြင်းနှင့် စီမံခန့်ခွဲခြင်းတို့ကို ပြုလုပ်နိုင်မည်ဟု သိရှိရပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ သင်တန်းသားများအနေဖြင့် (၂) ရက်တာ နည်းပညာမျှဝေပွဲပြီးဆုံးပါက SolarWinds Network Monitoring System နှင့်စပ်လျဉ်းသော အသုံးဝင်ပုံနှင့် အသုံးပြုပုံတို့ကို လက်တွေ့လေ့လာ သိရှိနိုင်မည်ဖြစ်ပြီး အခြားသော Monitoring System Software များနှင့် အားသာချက် အားနည်းချက်များကို ချိန်ဆ၍ ရွေးချယ် အသုံးပြု နိုင်မည်ဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် ယခုနည်းပညာမျှဝေပွဲမှ လက်တွေ့ သင်ကြားမှုများကို သေချာစွာလေ့လာ သင်ယူကာ e-Government ပုံရိပ်ကို တိုးမြှင့်ဆောင်ရွက် သွားကြရန်နှင့် မိမိတို့ မျှော်မှန်းသည့် Digital အခွင့်အလမ်းများကို အမိအရဆုပ်ကိုင်နိုင်ရန် အတွက် ဒစ်ဂျစ်တယ်နည်းပညာများ၏ ခြိမ်းခြောက်မှုနှင့်အန္တရာယ်များ လျော့ပါးလာစေရေးတို့အပြင် အထူးသဖြင့် နိုင်ငံတော်၏ e-Government လုပ်ငန်းစဉ်စနစ်ကို ထိရောက်စွာ အထောက်အကူပြု အကျိုးပြုနိုင်ဖို့ အားလုံးဝိုင်းဝန်းကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားပါသည်။ဆက်လက်၍ ဒုတိယဝန်ကြီးက ယနေ့တိုးတက်ပြောင်းလဲနေသည့် ကမ္ဘာတွင် IT နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ Digital နည်းပညာများ၏ ခြိမ်းခြောက်မှု အချို့ဖြစ်သော ဆိုက်ဘာ တိုက်ခိုက်မှု၊ ဆိုက်ဘာရာဇဝတ်မှုများ စသည့် စိန်ခေါ်မှုများကိုလည်း ရင်ဆိုင်နေကြရသဖြင့် Network Monitoring System ဖြစ်သည့် ကွန်ရက်လေ့လာ၊ စောင့်ကြည့်၊ ထိန်းချုပ်ရေးစနစ်သည် အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်လာပါကြောင်း၊ ယခုကဲ့သို့ အသိပညာမျှဝေပေးခြင်းအားဖြင့် ဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်မားလာမည် ဖြစ်ပြီး သင်တန်းမှ လေ့လာသိရှိခဲ့ရသည့် အသိပညာဗဟုသုတများကို လက်တွေ့နယ်ပယ်တွင် စဉ်ဆက်မပြတ် ပြန်လည်အသုံးချ၍ လက်ဆင့်ကမ်းမျှဝေသွားကြရန်ဖြစ်ပါကြောင်း၊ သို့မှသာ ICT ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သည့် ဝန်ထမ်းများဖြင့် ဝန်ကြီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်း ချက်များကို အကောင်အထည်ဖော်ရာတွင် အထောက်အကူပြုနိုင်မည်ဖြစ်သဖြင့် အထူးကြိုးစား သင်ယူသွားကြရန် အလေးအနက်ထား မှာကြားလိုပါကြောင်း ပြောကြားပါသည်။ယင်းနောက် GNE Co., Ltd မှ Branch Office Manager က ကျေးဇူးတင်စကားပြောကြားပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်း နည်းပြဆရာများ၊ သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။အဆိုပါ သင်တန်းကာလမှာ (၂) ရက်ခန့် ကြာမြင့်မည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၃၃) ဦး တက်ရောက်ကြကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဦးဆောင်၍ “တိုင်းရင်းသား ရေးရာ အသိပညာပေးခြင်း၊ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်နှင့် ဗလငါးတန်ဖွံ့ဖြိုးစေရေးလူငယ်ရေးရာအသိပညာပေးခြင်း” အခမ်းအနားကို (၂၅-၁၀-၂၀၂၄) ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ လှာကာကျေးရွာ၊ အ.ထ.က (လှာကာ) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးကျော်စိုးက တိုင်းရင်းသားလူမျိုး များ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများ၊ အမုန်းစကားနှင့် အကြမ်းဖက်မှု ဖြစ်စေသောလှုံ့ဆော်မှုကို တားဆီးကာကွယ်ခြင်းဆိုင်ရာ အသိပညာပေးခြင်း ကိုလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ရီရီဝင်းက တိုင်းရင်းသားလူမျိုးများအကြောင်းနှင့် တိုင်းရင်းသားဘာသာသင်ကြားနိုင်ရေး ဆောင်ရွက်နေမှု ကိစ္စများအားလည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်ဆန်းက ပတ်ဝန်းကျင်နှင့် အလေ့အထကောင်းများ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းလှိုင်က ကလေးသူငယ် အခွင့်အရေး၊ အမျိုးသမီးရေးရာကိစ္စရပ်များအားလည်းကောင်း၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နော်ဩလျဖောက အားကစားနှင့် လူငယ်ရေးရာကိစ္စရပ်များကို လည်းကောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် စစ်တမ်းကို ကောက်ယူခဲ့ရာ ဒေသခံတိုင်းရင်းသား (၁၀၀) ဦးတို့မှ ဖြေဆိုခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာကြသော ဧည့်သည်တော်များအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် စွမ်းအင်စီမံခန့်ခွဲမှုအခြေခံသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ စက်မှုဝန်ကြီး ဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်တင်တင်ထူး၊ သင်တန်းဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက လူသားများ အသက်ရှင်ရပ်တည်နိုင်ရေးအတွက် စွမ်းအင်ကို မရှိမဖြစ်အသုံးပြုရပါကြောင်း၊ သဘာဝကို မှီခို၍အသုံးပြုရသည့် စွမ်းအင်များ ဖြစ်သောကြောင့် အချို့သော စွမ်းအင်များသည် ကောင်းကျိုးရှိသကဲ့သို့ ဆိုးကျိုးလည်းရှိပါကြောင်း (ဥပမာ- ရုပ်ကြွင်းလောင်စာစွမ်းအင်များ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ)၊ သဘာဝကို ထိခိုက်မှုနည်းစေပြီး စွမ်းအင်ကို အကျိုးရှိစွာအသုံးချနိုင်ခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် လေထုညစ်ညမ်းခြင်းကိုလျှော့ချနိုင်ခြင်း၊ စွမ်းအင်ချွေတာခြင်း၊ စွမ်းအင်လုံလောက်စေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေရေးအတွက် စွမ်းအင်စီမံ ခန့်ခွဲမှုစနစ် ကောင်းမွန်ရန် လိုအပ်ပါ ကြောင်း၊ မြန်မာနိုင်ငံသည် စွမ်းအင်အရင်းအမြစ် ကြွယ်ဝသော နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ စွမ်းအင်များတွင်ရှိနေသော ကောင်းကျိုး၊ ဆိုးကျိုးဆိုင်ရာများကို နားလည်သိရှိပြီး ကောင်းမွန်စွာ အသုံးချနိုင်ရေးအတွက် စွမ်းအင်စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာများကို သိရှိထားကြရမည်ဖြစ် ပါကြောင်း၊ ယနေ့ကမ္ဘာကြီးတွင် ရွေ့လျားစွမ်းအင်၊ တည်မြဲစွမ်းအင်၊ အပူစွမ်းအင်၊ အလင်း စွမ်းအင်၊ အသံစွမ်းအင်၊ လျှပ်စစ်စွမ်းအင်၊ ဓာတုစွမ်းအင်၊ အနုမြူစွမ်းအင်စသည့် စွမ်းအင်များကို ပုံစံအမျိုးမျိုးနှင့် အသုံးပြုနေကြရာ ၎င်းစွမ်းအင်အမျိုးမျိုးကို စီမံခန့်ခွဲမှုနည်းစနစ်များ၊ အကျိုးရှိ ထိရောက်စွာ သုံးစွဲရေးဆိုင်ရာ သဘောသဘာဝများ၊ လုပ်ငန်းခွင်နှင့်မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်ရှိ စွမ်းအင်စီမံခန့်ခွဲရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ခြင်းများ၊ ထို့အပြင် စွမ်းအင်သုံးစွဲမှုကို လျှော့ချနိုင်ခြင်းဖြင့် စီးပွားရေးအရ အကျိုးအမြတ်ရရှိစေသည့်အပြင် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်ခြင်းစသည့် အကြောင်းအရာများကို ကျယ်ပြန့်စွာ သင်ကြားပို့ချပေးခဲ့သည့်အတွက် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် သင်တန်းနည်းပြများအား ကျေးဇူးအထူးတင်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်တစ်ရပ်ဖြစ်သည့် လျှပ်စစ်သုံးစွဲမှု ချွေတာစွာအသုံးပြုနိုင်ရေးကို လိုက်နာဆောင်ရွက်လျက်ရှိပြီး စွမ်းအင်သုံးစွဲမှု စစ်ဆေးခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်စွမ်းအင်သုံးစွဲမှုများကို စစ်ဆေးခြင်း၊ လျှော့ချခြင်း လုပ်ငန်းများကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သင်တန်းသား သင်တန်းသူများအနေဖြင့် သင်တန်းမှ ရရှိလာသည့် စွမ်းအင်စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာ ဗဟုသုတများကို မိမိတို့ဌာနအတွက် လက်တွေ့စနစ်တကျ အသုံးချပြီး လက်ဆင့်ကမ်းမျှဝေကြရန်ဖြစ်ပါကြောင်း၊ စွမ်းအင်များကို အကျိုးရှိရှိ သုံးစွဲခြင်းအားဖြင့် မိမိတို့ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှသည် မိမိတို့နိုင်ငံသူ နိုင်ငံသားများ၏ လူနေမှုဘဝမြင့်မားတိုးတက်စေရေးအတွက် အထောက်အကူပြုစေရန် ကျရာကဏ္ဍ အသီးသီးမှ ကြိုးစားဆောင်ရွက်ကြစေလိုပါကြောင်း တိုက်တွန်းပြောကြားပါသည်။၎င်းနောက် ဒုတိယဝန်ကြီးက နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းအင်သည် မရှိမဖြစ် အရေးပါပြီး ယနေ့ကမ္ဘာတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေသော ပြန်လည် ပြည့်ဖြိုးမြဲမဟုတ်သည့် စွမ်းအင်အရင်းအမြစ်များသည် မဝေးတော့သော အနာဂတ်ကာလတွင် ကုန်ဆုံးသွားမည်ဖြစ်ပါကြောင်း၊ စွမ်းအင်ကို ခြိုးခြံချွေတာခြင်း၊ အကျိုးရှိထိရောက်စွာ သုံးစွဲခြင်းဖြင့် ကုန်ကျစရိတ်များ သက်သာစေနိုင်မည့်အပြင် သဘာဝသယံဇာတများ ပျောက်ကွယ် ခြင်းနှင့် သဘာဝပတ်ဝန်းကျင်အား ထိခိုက်ပျက်စီးမှုကို ထိန်းသိမ်းစောင့်ရှောက်နိုင်မည်ဖြစ်ပါ ကြောင်း၊ စွမ်းအင်ကို အကျိုးရှိထိရောက်စွာ သုံးစွဲရေးနည်းလမ်းများဖြင့် လုပ်ငန်းခွင်နှင့် မိမိတို့ နေထိုင်ရာ ပတ်ဝန်းကျင်၏ စွမ်းအင်စီမံခန့်ခွဲရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ ထို့အတူ ဝန်ထမ်းများအနေဖြင့်လည်း ကာယဗလ၊ ဉာဏဗလ၊ ဘောဂ ဗလ၊ စာရိတ္တဗလ၊ မိတ္တဗလဟူသော ဗလငါးတန်၏ စွမ်းအင်များကို ကောင်းမွန်စွာ စီမံခန့်ခွဲ နိုင်ပါက မိမိတို့၏ စွမ်းဆောင်ရည်များ မြင့်မားလာမည်ဖြစ်ပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော၊ စွမ်းအားရှိသော နိုင်ငံတစ်နိုင်ငံဖြစ်စေရေးအတွက် မိမိတို့၏ စွမ်းအင်များနှင့် အားလုံးဝိုင်းဝန်ပံ့ပိုးကြစေလိုပါကြောင်း ပြောကြားပါသည်။ ဆက်လက်၍ စက်မှုဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က သင်တန်းဆင်းလက်မှတ်များကို သင်တန်းသား၊ သင်တန်းသူများ ကိုယ်စား သင်တန်းသားတစ်ဦးအား ပေးအပ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများ ကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် “စွမ်းအင်စီမံခန့်ခွဲမှုအခြေခံသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ စက်မှုဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်တင်တင်ထူး၊ သင်တန်းဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပါသည်။ ရှေးဦးစွာ ဒုတိယဝန်ကြီးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းအင်သည် မရှိမဖြစ် အရေးပါပြီး ယခုစွမ်းအင်စီမံခန့်ခွဲမှုအခြေခံသင်တန်းသည် အားလုံးသိရှိထား သင့်သည့် သင်တန်းတစ်ခုဖြစ်ပါကြောင်း၊ ရုံးအဆောက်အဦများ၌ စွမ်းအင်ကိုအကျိုးရှိ ထိရောက်စွာ သုံးစွဲရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အထောက်အကူ ပြုစေမည်ဖြစ် ပါကြောင်း၊ ထို့အတူ ဝန်ထမ်းမျာအနေဖြင့်လည်း ကာယဗလ၊ ဉာဏဗလ၊ ဘောဂဗလ၊ စာရိတ္တဗလ၊ မိတ္တဗလဟူသော ဗလငါးတန်၏ စွမ်းအင်များကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ပါက ဘဝတွင် အောင်မြင်ကြီးပွားလာမည်ဖြစ်ပါကြောင်း၊ သင်တန်းမှ ပို့ချခဲ့သည့် သင်ခန်းစာများကို လက်တွေ့နယ်ပယ်တွင် စဉ်ဆက်မပြတ် ပြန်လည်အသုံးချခြင်းဖြင့် တစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်ပိုမိုမြင့်မားလာမည်ဖြစ်ပြီး သိရှိလာသည့် ဗဟုသုတများ၊ တတ်ကျွမ်းလာသည့် ပညာရပ်များကို လက်ဆင့်ကမ်းမျှဝေသွားကြရန်နှင့် ဝန်ကြီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက် များကို အကောင်အထည်ဖော်ရာတွင် ပိုမိုအထောက်အကူပြုနိုင်ရေးအတွက် အထူးကြိုးစား သင်ယူသွားကြရန် အလေးအနက်ထား မှာကြားလိုပါကြောင်း ပြောကြားပါသည်။ဆက်လက်၍ စက်မှုဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က စွမ်းအင်စီမံခန့်ခွဲမှုအခြေခံ သင်တန်းနှင့်ပတ်သက်သည့် အသိပညာပေးဆောင်ရွက်ခဲ့ခြင်းများ၊ စွမ်းအင်စီမံခန့်ခွဲမှုနှင့် ပတ်သက်သည့် ဝန်ကြီးဌာန၏ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများကို အသေးစိတ်ရှင်းလင်းပြောကြားပါသည်။ ၎င်းနောက် သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများက တစ်ဦးချင်း မိတ်ဆက်ကြပါသည်။ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းနည်းပြ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ အဆိုသင်တန်းသို့ အရာထမ်း သင်တန်းသား၊ သင်တန်းသူ (၂၀)ဦး တက်ရောက်ကြမည် ဖြစ်ပြီး သင်တန်းကာလမှာ (၃) ရက်ခန့် ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးမှ ကြီးမှူး၍ ပဲခူးမြို့နယ်ရှိ တိုင်းရင်းသား ကျောင်းလူငယ်များအား ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များဖြစ်စေ ရေး အသိပညာပေးဟောပြောပွဲကို (၂၉-၁၀-၂၀၂၄) ရက်နေ့က ပဲခူးမြို့၊ သရက်ကုန်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သရက်ကုန်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ တိုင်းရင်းသားအခွင့် အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ၊တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ခိုင်ရွှေဝါ မှ ဝန်ကြီးဌာန စတင်ဖြစ်ပေါ်လာပုံနှင့် ဝန်ကြီးဌာန၏မိတ်ဆက်၊ တိုင်းရင်းသားလူမျိုးများ၏အခွင့် အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေများတွင် ပါဝင်သောအဓိကအခန်းကဏ္ဍများ နှင့် လူငယ်နှင့်စာပေ၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်စည်းကမ်း၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့် နည်းပညာအစရှိသည့် လူငယ့်ရေးရာကဏ္ဍတို့ကိုလည်းကောင်း၊ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ တက်ရောက်လာကြသည့် တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒု-တိုင်းပညာရေးမှူး ဦးခင်အောင်ရီက ဗလငါးတန်နှင့် ပြည့်စုံသော ကျောင်းသားလူငယ်များဖြစ်စေရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ လူမှု ဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝါဝါဝင့်ကျော်က ကလေးများ၏ဖွံ့ဖြိုးမှု ခေါင်းစဉ် ဖြင့်လည်းကောင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနများမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်မေသန်းနိုင်က အစားအသောက် ဘေးကင်းလုံခြုံစိတ်ချစေရေးနှင့် ကျန်းမာကြံ့ခိုင် ကာယဗလ မာန်တိုင်ဆက်နွယ်မှုခေါင်းစဉ်ဖြင့်လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခရိုင်အား ကစားမှူး ဒေါ်သန္တာဝင်းက လူငယ်ဘဝခေါင်းစဉ်ဖြင့်လည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနိုင်ကျော်ကျော်လတ်မှ တိုင်းရင်းသားဘာသာစာပေသင်ကြားသည့် ကိစ္စ နှင့် ပတ်သက်၍ အသိပညာပေး ဟောပြောခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က ဟောပြောပို့ချပေးသော ဌာနဆိုင်ရာမှ တာဝန်ရှိသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပြီး တိုင်းရင်းသားအခွင့် အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြား ရေးမှူး ဒေါ်ခိုင်ရွှေဝါက ကျောင်းစာကြည့်တိုက်အတွက် အလှူငွေ ကျပ်တစ်သိန်း ငါးသောင်းတိတိအား အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သရက်ကုန်း ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်လှူဒါန်းခဲ့ပါ သည်။
ဆက်လက်ဖတ်ရှုပါရန်