တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးကကြီးမှူး၍ တိုင်းရင်းသားရေးရာအသိပညာပေးခြင်း၊ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်နှင့် ဗလငါးတန်ဖွံ့ဖြိုးစေရေး လူငယ်ရေးရာအသိပညာပေးခြင်း အခမ်းအနားကို (၂၂-၁-၂၀၂၅) ရက်နေ့တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့၊ အခြေခံပညာအထက်တန်းကျောင်း(လှိုင်းဘွဲ့) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။အဆိုပါ အခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူးဦးကျော်စိုးက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေများကိုလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါရီရီဝင်းက တိုင်းရင်းသားလူမျိုးများအကြောင်းနှင့် တိုင်းရင်းသားဘာသာသင်ကြားနိုင်ရေး ဆောင်ရွက်နေမှုကိစ္စများအားလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းရန်နောင်က ကလေးသူငယ်အခွင့်အရေး၊ ပြစ်မှုနှင့် ပြစ်ဒဏ်များအားလည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က ဗလငါးတန်ဖွံ့ဖြိုးရေး ဆိုင်ရာကိစ္စရပ်များအားလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဒေါ်မိနန္ဒာမွန်က အားကစားနှင့်လူငယ်ရေးရာကိစ္စရပ်များနှင့် အားကစားသမားကောင်း တစ်ယောက်ဖြစ်ရန် ခေါင်းစဉ်ဖြင့်လည်းကောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဦးကျော်စိုးသူက ပလက်စတစ်အန္တရာယ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တိုင်းရင်းသားအခွင့် အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးဝေယံထက်က အမုန်းစကားနှင့် အကြမ်းဖက်မှုကိုဖြစ်စေသောလှုံ့ဆော်မှုကို တားဆီးကာကွယ်ခြင်းဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း အသီးသီးဆွေးနွေး ပြောကြားခဲ့ကြပါသည်။ ထို့နောက် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် စစ်တမ်းကို ကောက်ယူခဲ့ရာ ဒေသခံတိုင်းရင်းသား (၁၂၂) ဦးတို့က စစ်တမ်းမေးခွန်းလွှာများကို ဖြေဆိုခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားသို့ လှိုင်းဘွဲ့မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှ ဖိတ်ကြားထားသူများနှင့် အခြေခံပညာအထက်တန်းကျောင်း (လှိုင်းဘွဲ့) မှ ကျောင်းသား/ကျောင်းသူများ၊ ရပ်မိ၊ ရပ်ဖများ အပါဝင် ကရင်တိုင်းရင်းသား (၆၁)ဦး၊ ဗမာတိုင်းရင်းသား(၇၇)ဦး၊ မွန်တိုင်းရင်းသား(၃)ဦး၊ ပအိုဝ့် တိုင်းရင်းသား (၂)ဦး စုစုပေါင်း (၁၄၃)ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှဦးစီး၍ တိုင်းဒေသကြီး ခွင့်ပြုဘဏ္ဍာရန်ပုံငွေဖြင့် “တိုင်းရင်းသားရေးရာအသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်” ကို (၁၆.၁.၂၀၂၅) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဟင်္သာတခရိုင်ဒုတိယအုပ်ချုပ်ရေးမှူး ဦးသူရိန်က မိတ်ဆက်စကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါ်မြမာလာစိုးက အမျိုးသမီးရေးရာ၊ မသန်စွမ်းရေးရာ၊ ကလေး သူငယ်ရေးရာနှင့်လူမှုရေးပင်စင်စသည့် လူမှုဝန်ဆောင်မှုဆိုင်ရာများကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်စန်းက တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေပါ သိမှတ်ဖွယ်ရာများ၊ ကလေးအလုပ်သမားနှင့်သက်ဆိုင်သည့် ဥပဒေပြဋ္ဌာန်းချက်ပါ ကောက်နုတ်ချက်များ၊ ပြည်ထောင်စုစိတ်ဓါတ်ရှင်သန်ရေး၊ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် နိုင်ငံသားများ၏ အခွင့်အရေးနှင့်တာဝန်များ၊ အမုန်းစကားနှင့် လူမျိုးပြုန်းစေမှု တားဆီးရေးဆိုင်ရာအကြောင်းအရာများကိုလည်းကောင်း အသိပညာပေးရှင်းလင်းပြောကြားခဲ့ ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်မောင်မောင်က တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဇလွန်မြို့နယ်၊ ဦးစီးမှူး ဦးနိုင်ကျော်စိုးက မျိုး၊ မြေ၊ ရေ၊ နည်းများ မှန်ကန်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရန်၊ မျိုးစပါးများ ရွေးချယ်စိုက်ပျိုးနိုင်ရန်၊ ပိုက်ဆံလျှော်ကဲ့သို့ သဘာဝမြေဩဇာများအသုံးပြုနိုင်ရေးနှင့် သဘာဝ ပိုးသတ်ဆေး ပြုလုပ်နည်းများစသည့် စိုက်ပျိုးရေးဆိုင်ရာ သိမှတ်ဖွယ်ရာများကိုလည်းကောင်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဇလွန်မြို့နယ်၊ ဦးစီးမှူး ဒေါက်တာလေးမွန်ကြည်က ကောင်းမွန်သော မွေးမြူရေး ကျင့်စဉ်များ အကြောင်း၊ ဇီဝလုံခြုံမှုနှင့် ရောဂါကာကွယ်ကုသနည်းများ၊ မျိုးကောင်းမျိုးသန့်များရွေးချယ်မွေးမြူနိုင်ရေး၊ မေထုံမဲ့သားစပ်ခြင်းများ၊ ဝက်မွေးမြူရေးနှင့် ဝက်အမျိုးအစားများအကြောင်း၊ ဒေသတွင်းမွေးမြူရေးလုပ်ငန်းများ အကြောင်းစသည့် မွေးမြူရေးဆိုင်ရာ သိမှတ်ဖွယ်ရာများကိုလည်းကောင်း အသိပညာပေး ရှင်းလင်းပြောကြား ခဲ့ပါသည်။ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်စစ်တမ်းများကို ကောက် ယူခဲ့ရာ ဒေသခံတိုင်းရင်းသား(၈၃)ဦးတို့မှ ဖြေဆိုခဲ့ကြပြီး တက်ရောက်လာကြသူများအား တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေစာအုပ်များ၊ လက်ကမ်းစာစောင်များနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ အခမ်းအနားသို့ ဇလွန်မြို့နယ် ကရင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များလည်း တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် တိုင်းရင်းသားလူငယ်များအတွက် အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို (၂၆-၁၂-၂၀၂၄) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အခမ်းအနားတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းမှ ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရခိုင်တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးစသဖြင့် ကဏ္ဍ ပေါင်းစုံတိုးတက်မှု ရရှိအောင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရခိုင်တိုင်းရင်းသားပြည်သူများက လည်း အတူတကွလက်တွဲ ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ယခုသင်တန်းကို ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် တိုင်းရင်းသားရေးရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းဆိုင်ရာ လိုအပ်ချက်စစ်တမ်းများကို ကောက်ယူခဲ့သည့် စစ်တမ်းရလဒ်များအရ အခြေခံစက်ချုပ်သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ စက်ချုပ် ပညာရပ်ဖြင့် ကိုယ်ပိုင်အသက်မွေးဝမ်းကြောင်းလုပ်ငန်းတစ်ခုကို တည်ဆောက်နိုင်မှာဖြစ်ပြီး တစ်ဖက်တွင်လည်း မိမိကိုယ်ကို ယုံကြည်စိတ်၊ မိမိပြည်နယ်၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုစေမှာ ဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် ယခုအခွင့်အရေးကို အကျိုး ရှိစွာအသုံးချ၍ အလေးအနက်ထား သင်ယူကြရန် တိုက်တွန်းလိုပါကြောင်း၊ သင်တန်းတက်ရောက် နေစဉ် ကာလအတွင်း စိတ်ပါဝင်စားစွာဖြင့် သင်ယူမှတ်သားကြရန်နှင့် သင်တန်းသူများ အချင်းချင်း ရိုင်းပင်းကူညီကြရန် တိုက်တွန်းအမှာစကားပြောကြားခဲ့ပါသည်။ထို့နောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှက ကျေးဇူးတင် စကားပြောကြားခဲ့ပြီး သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ လူမှု ဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးက သင်တန်းပို့ချမည့်အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းက အခြေခံစက်ချုပ်သင်တန်းအတွက် ထောက်ပံ့ငွေကျပ် (၁၈၀)သိန်းကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှအား ပေးအပ်ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ပါ သည်။ ယခုဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်းကို (၂၆-၁၂-၂၀၂၄)ရက်နေ့မှ (၂၅-၁-၂၀၂၅) ရက်နေ့အထိ (၁) လကြာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး ရခိုင် (၁၄)ဦး၊ မရမာကြီး(၁၄)ဦး နှင့် ခမီ(၂)ဦး စုစုပေါင်း(၃၀)ဦး တက်ရောက်သင်ကြားသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှဦးစီး၍ “တိုင်းရင်းသားရေးရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်များကို ဆန်းစစ်စီမံခြင်းအစီအစဉ်”ကို (၁၀-၁-၂၀၂၅) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဥဿလင်းဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မီမီဝင်းရွှေက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအကြောင်း၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေများနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းစစ်တမ်းကောက်ယူရခြင်း ရည်ရွယ်ချက်တို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ဇော်က အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းသူများအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ သက်ကြီးရွယ်အိုအခွင့်အရေး၊ လူငယ်ရေးရာမူဝါဒ၊ ရှေးဦးအရွယ်ကလေးငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးမှုဆိုင်ရာမူဝါဒတို့ကိုလည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မြတ်ဝင်းက “ရာသီဥတုပြောင်းလဲမှုလျှော့ချဖို့ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စို့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးလှထွန်းစိန်က တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဉီးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ Teaching Assistant(TA)နှင့် Language Teacher(LT) ခန့်ထားမှုအကြောင်း တို့ကိုလည်းကောင်း အသီးသီးရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ရပ်ရွာအခြေပြုအသက် မွေးဝမ်းကျောင်းပညာလိုအပ်ချက်စစ်တမ်းကောက်ယူခဲ့ရာ ဒေသခံတိုင်းရင်းသား (၆၅) ဦးတို့က ဖြေဆိုခဲ့ကြကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးကကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးချွန်စွမ်းရည်ပြပွဲ၊ ပြိုင်ပွဲ အခမ်းအနားကို (၁၂-၁-၂၀၂၅) ရက်နေ့၊ နံနက် (၇:၀၀) နာရီ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ သဲကုန်ကျေးရွာ (အောက်) ၊ မူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအကြောင်းမိတ်ဆက်ပြောကြားခြင်း၊ အခမ်းအနားကျင်းပရသည့် ရည်ရွယ်ချက်များ၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေများအကြောင်း၊ တိုင်းရင်းသားအချင်းချင်း အမုန်းစကားနှင့် အကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော်မှုကို တားဆီးရေးဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ မှော်ဘီမြို့နယ် ပညာရေးမှူး ဦးစည်သူဟိန်းက ဗလငါးတန်နှင့်ပက်သက်၍လည်းကောင်း ရှင်းလင်းပြောကြားခဲ့ကြပြီး မှော်ဘီမြို့နယ်၊ အုပ်ချုပ်ရေးမှူး ဦးအေးသိန်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။ ထို့နောက် ဗလငါးတန်နှင့် ပြည့်စုံသော ပြပွဲပြိုင်ပွဲများဖြစ်သည့် အာလူးကောက်ပြိုင်ပွဲ၊ ဘောလုံးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ဆေးရောင်ချယ်ပြိုင်ပွဲ၊ စက္ကူဖြင့် စုပေါင်းအရုပ် ခေါက်ပြိုင်ပွဲ၊ ဉာဏ်စမ်းမေးခွန်းများဖြေဆိုခြင်း စသည့်ပြိုင်ပွဲများကို ကျင်းပခဲ့ပြီး ဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများအား ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ဆက်လက်၍ အားကစားပစ္စည်းများပေးအပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းမြင့်က လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ ယင်းနောက် ကျောင်းသား/ ကျောင်းသူလေးများက ဝါးညှပ်အက၊ ဒုံးယိမ်းအကများဖြင့် ကပြဖျော်ဖြေခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်တိုင်းရင်းသားရေးရာဝန်ကြီး၏ လမ်းညွှန်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှဦးစီး၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုဘဏ္ဍာရန်ပုံငွေဖြင့် တိုင်းရင်းသားရေးရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကိုဆန်းစစ်စီမံခြင်း အစီအစဉ်ကို ၃၀-၁၂-၂၀၂၄ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ ကွန်ဟိန်းမြို့၊ နမ့်ခုံးပရဟိတခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည် ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးချစ်ဇော်လင်းက တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေများပါ အချက်အလက်များ၊ တိုင်းရင်းသားရေးရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ် ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်ကိုလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းဖုန်းကျော်က တိုင်းရင်းသားဘာသာသင် ဆရာ/ ဆရာမ Teaching Assistant (TA)နှင့် Language Teacher (LT) များခန့်အပ်ထားမှုကိစ္စများနှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက် နေမှုများအကြောင်းကိုလည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) မူးယစ်ရဲတပ်ဖွဲ့မှ ရဲမှူးတင်စိုးက မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာအန္တရာယ်တို့ကိုလည်း ကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ ဒုရဲမှူး တင်မောင်မြင့်က လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဆိုင်ရာကိစ္စရပ်များ အကြောင်းကိုလည်းကောင်း၊ ကွန်ဟိန်းမြို့၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လှိုင်ဇင်ဝင်းက အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခံရသော ကလေး အလုပ်သမားများ ဖယ်ရှားရေးကိစ္စရပ်များနှင့် လူမှုရေးပင်စင်တို့နှင့်စပ်လျဉ်းသည့် ကိစ္စရပ်များ အကြောင်းကိုလည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစည်သူနိုင်က ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကိစ္စရပ်များအကြောင်းကိုလည်းကောင်း အသီးသီးအသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြပါသည်။ ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများကို ဒေသခံများထံ ထောက်ပံ့ ပေးအပ်ခဲ့ပြီး ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို စစ်တမ်းကောက်ယူ သည့် အစီအစဉ်ကို တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဝန်ထမ်း များက ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားသို့ ကွန်ဟိန်းမြို့နယ်အတွင်းရှိ ဗမာ၊ ရှမ်း၊ လားဟူ၊ အာခါ၊ တအာင်း(ပလောင်) တိုင်းရင်းသား စုစုပေါင်း (၁၂၀) ဦး တက်ရောက်ခဲ့ပြီး စစ်တမ်း စောင်ရေ (၁၀၀) ကောက်ယူရရှိခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်တိုင်းရင်းသားရေးရာဝန်ကြီး၏လမ်းညွှန်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးမှဦးစီး၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုဘဏ္ဍာရန်ပုံငွေဖြင့် တိုင်းရင်းသားရေးရာအသိပညာပေး ဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကိုဆန်းစစ်စီမံခြင်း အစီအစဉ်ကို ၃၁-၁၂-၂၀၂၄ ရက်နေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ နမ့်လစ်ကျေးရွာအုပ်စု၊ လွယ်ဆိုင်ကျေးရွာ ဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ နမ့်စန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးထွန်းက အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေး မှူးရုံးမှ ညွှန်ကြားရေးမှူး ဦးချစ်ဇော်လင်းက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများပါ အချက်အလက်များ၊ တိုင်းရင်းသားရေးရာ အသိပညာ ပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံ ခြင်းအစီအစဉ်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကိုလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းဖုန်းကျော်က တိုင်းရင်းသားဘာသာသင် ဆရာ/ ဆရာမ Teaching Assistant (TA)နှင့် Language Teacher (LT) များ ခန့်အပ်ထားမှု ကိစ္စများနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများ အကြောင်း ကိုလည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) မူးယစ်ရဲတပ်ဖွဲ့မှ ရဲမှူးအေးမင်းကျော်က မူးယစ် ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာအန္တရာယ်တို့ကိုလည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ ဒုရဲမှူး တင်မောင်မြင့်က လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဆိုင်ရာကိစ္စရပ်များ အကြောင်းကိုလည်းကောင်း၊ နမ့်စန်မြို့၊ လူမှု ဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဆုဝေဝေဖြိုးက အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းအခွင့် အရေး၊ ကလေးသူငယ်အခွင့်အရေး၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးကိစ္စရပ်များနှင့် လူမှုရေးပင်စင်တို့နှင့်စပ်လျဉ်းသည့်ကိစ္စရပ်များ အကြောင်းကိုလည်း ကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစည်သူနိုင်က ပတ်ဝန်းကျင်စီမံ ခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကိစ္စရပ်များ အကြောင်းကိုလည်းကောင်း အသီးသီးအသိ ပညာပေး ရှင်းလင်းပြောကြားခဲ့ကြပါသည်။ ထို့နောက် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများကို ဒေသခံများထံ ထောက်ပံ့ပေး အပ်ခဲ့ပြီး ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို စစ်တမ်းကောက်ယူခြင်းကို တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားသို့ နမ့်စန်မြို့နယ်အတွင်းရှိ ယင်းကြားတိုင်းရင်းသား စုစုပေါင်း (၁၂၀) ဦး တက်ရောက်ခဲ့ပြီး စစ်တမ်းစောင်ရေ (၁၀၀) ကောက်ယူရရှိခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးက ကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသား ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးချွန်စွမ်းရည်ပြပွဲ၊ ပြိုင်ပွဲ အခမ်းအနားကို (၇-၁-၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ကျောင်းစုကျေးရွာ၊ မူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအကြောင်းမိတ်ဆက်ခြင်း၊ အခမ်းအနားကျင်းပရခြင်းရည်ရွယ်ချက်များ၊ တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေများ အကြောင်း၊ တိုင်းရင်းသားအချင်းချင်း အမုန်းစကားနှင့် အကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော်မှုကို တားဆီးရေးဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့ပြီး ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဗလငါးတန်နှင့် ပြည့်စုံသော ပြပွဲ၊ ပြိုင်ပွဲများဖြစ်သည့် အာလူးကောက်ပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ၊ အပ်ထိုးပြိုင်ပွဲ၊ စကောရွက်ပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်ပြိုင်ပွဲ၊ ဉာဏ်စမ်းမေးခွန်းများ ဖြေဆိုခြင်း စသည့် ပြိုင်ပွဲများကို ကျင်းပခဲ့ပြီး ဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများအား ဆုများ ကို ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် အားကစားပစ္စည်းများကို ပေးအပ်ခဲ့ရာ ကျောင်းအုပ်ဆရာကြီး ဦးအောင်ကျော်မိုးမှ လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ထို့နောက် ကျောင်းစုကျေးရွာ၊ မူလတန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူလေးများက ကရင်ရိုးရာအက များဖြင့် ကပြဖျော်ဖြေခဲ့ကြပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရှိ ရပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးမှဦးစီး၍ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေဖြင့် “တိုင်းရင်းသားရေးရာနှင့်ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲအခမ်းအနား”ကို (၇-၁-၂၀၂၅) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ ကန်ပြားကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း ကံ့ကော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မကွေးတိုင်းဒေသကြီး၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်သူဦးက အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့် အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မြတ်သန္တာဝင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပေါ်ပေါက် လာပုံနှင့် ဗလငါးတန်ဖွံ့ဖြိုးရေးလူငယ်ရေးရာအကြောင်းကိုလည်းကောင်း၊ တိုင်းရင်းသားစာပေ နှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မွန်မွန်အေးက ဌာန၏ လုပ်ငန်းဆောင်ရွက်ချက် များနှင့် တိုင်းရင်းသားလူမျိုးစုများအကြောင်းကိုလည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ အားကစား နှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းအောင်က အားကစားပြုလုပ်ခြင်း၏ အကျိုး ကျေးဇူးများကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းနုထွေးက လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာများ၊ ကလေးအလုပ်သမားဆိုင်ရာ ဥပဒေများအားလည်းကောင်း၊ မကွေးမြို့နယ်၊ အမှတ်(၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှ ရဲမှူးကျော်လင်းက လူကုန်ကူးမှုနှင့် လူမှောင်ခိုမှုဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း အသိပညာပေး ရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဟောပြောသည့် အကြောင်းအရာများနှင့်စပ်လျဉ်းသည့် ဉာဏ်စမ်းမေးခွန်းများအား မေးမြန်းခဲ့ပြီး ဖြေဆိုနိုင်သည့် ကျောင်းသား/သူများအား ဆုလက်ဆောင်များချီးမြှင့်ခြင်း၊ ကန်ပြားကျေးရွာ အထက်တန်းကျောင်းစာကြည့်တိုက်အတွက် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေစာအုပ်များ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေစာအုပ်များပေးအပ်ခြင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ စာသင်ကျောင်းအတွက် ဘောလုံး၊ ခြင်းလုံးစသည့် အားကစားပစ္စည်းများပေးအပ်ခြင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှ စာသင်ကျောင်းအတွက် အလှူငွေထောက်ပံ့ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါ သည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် အဆင့်မြင့်မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်းအမှတ်စဉ် (၁/၂၀၂၄)၊ ဝါးအခြေခံလက်မှုထည်ထုတ်လုပ်မှုနည်းပညာ သင်တန်း(၁/၂၀၂၄) နှင့် အခြေခံလူသုံးကုန်ပစ္စည်းများထုတ်လုပ်မှုနည်းပညာသင်တန်း(၁/၂၀၂၅) သင်တန်းများဆင်းပွဲကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ အေးသာယာမြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာ နှင့် သက်မွေးပညာသင်တန်းစင်တာ၌ ကျင်းပခဲ့ပါသည်။အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က အမှာစကားပြောကြားခဲ့ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ကထောက်ပံ့သည့် ထောက်ပံ့ပစ္စည်းများနှင့် သင်တန်းဆင်းလက်မှတ်များကို သင်တန်းသား/သူများအား ပေးအပ်ခဲ့ပါသည်။ ထို့နောက် သင်တန်းသား/သူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများက သင်တန်းမှ ထွက်ရှိသည့် ဝါးလက်မှုပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ ခင်းကျင်းပြသထားမှုများကို လှည့်လှည်ကြည့်ရှုရာ သင်တန်းနည်းပြနှင့် သင်တန်းသား/သူများမှ ကုန်ပစ္စည်းများနှင့် စပ်လျဉ်း၍ လိုက်လံရှင်းလင်းပြသခဲ့ပါသည်။အဆိုပါ သင်တန်းများတွင် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားများဖြစ်ကြသည့် ယင်းကြား၊ ရှမ်း၊ ပအိုဝ်း၊ ထနော့၊ တောင်ရိုး၊ လီဆူ၊ ဗမာ၊ ရခိုင်၊ ကရင်နှင့် ကချင်မျိုးနွယ်စုများမှ တိုင်းရင်းသား/သူ စုစုပေါင်း (၆၀) ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှဦးစီး၍ တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် “တိုင်းရင်းသားရေးရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်”ကို (၉.၁.၂၀၂၅)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အခမ်းအနားတွင် သာပေါင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဧရာထိုက်က မိတ်ဆက်စကား ပြောကြားခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါ်မြမာလာစိုးက အမျိုးသမီးရေးရာ၊ မသန်စွမ်းရေးရာ၊ ကလေးသူငယ်ရေးရာနှင့် လူမှုရေးပင်စင်စသည့် လူမှုဝန်ဆောင်မှုဆိုင်ရာများကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်စန်းက တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေပါ သိမှတ်ဖွယ်ရာများ၊ ကလေးအလုပ်သမားနှင့်သက်ဆိုင်သည့် ဥပဒေပြဋ္ဌာန်းချက်ပါ ကောက်နုတ်ချက်များ၊ ပြည်ထောင်စုစိတ်ဓါတ်ရှင်သန်ရေး၊ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် နိုင်ငံသားများ၏ အခွင့်အရေးနှင့်တာဝန်များ၊ အမုန်းစကားနှင့် လူမျိုးပြုန်းစေမှု တားဆီးရေးဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း အသိပညာပေး ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်မောင်မောင်က တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ သာပေါင်းမြို့နယ် ဦးစီးမှူး ဦးမျိုးမြင့်လွင်က မိုးစပါး၊ နွေစပါး စိုက်ပျိုးရေးနည်းစနစ်များနှင့် နေကြာ၊ နှမ်း၊ ပဲသီးနှံများ သီးထပ်စိုက်ပျိုးနိုင်ရေးအတွက် လုပ်ကိုင်ဆောင်ရွက်နည်းများစသည့် စိုက်ပျိုးရေးဆိုင်ရာ သိမှတ်ဖွယ်ရာများကိုလည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန သာပေါင်းမြို့နယ်၊ ဒုတိယကြီးကြပ်ရေးမှူး ဒေါ်ကျော့ကျော့ခိုင်က ကျွဲ၊ နွား၊ ဝက် မွေးမြူရေးလုပ်ငန်းများအကြောင်းနှင့် ကျရောက်လာနိုင်မည့် ရောဂါကာကွယ်စောင့်ရှောက်ရေးနည်းလမ်းများစသည့် မွေးမြူရေးဆိုင်ရာ သိမှတ်ဖွယ်ရာများကိုလည်းကောင်း အသိပညာပေး ရှင်းလင်းပြောကြားခဲ့ပါသည်။ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဝန်ထမ်းများက ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက် စစ်တမ်းများကို ကောက်ယူခဲ့ရာ ဒေသခံတိုင်းရင်းသား(၇၇)ဦးတို့မှ ဖြေဆိုခဲ့ကြကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားကျောင်းသား လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးချွန်စွမ်းရည်ပြပွဲ၊ ပြိုင်ပွဲအခမ်းအနားကို (၂၇-၁၂-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ လိမ္မော်ခြံကျေးရွာ၊ မူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ပထမဦးစွာ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန် တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းက တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနအကြောင်း မိတ်ဆက်ပြောကြားခဲ့ပြီး အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်ကိုလည်းကောင်း၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက် သည့်ဥပဒေ၊ နည်းဥပဒေများအကြောင်းကိုလည်းကောင်း၊ တိုင်းရင်းသားအချင်းချင်း အမုန်း စကားနှင့် အကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော်မှုကို တားဆီးရေးဆိုင်ရာသိကောင်းစရာများကို လည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ခရိုင်ပညာရေးမှူး ဒေါ်စန္ဒာဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီးနောက် ဗလငါးတန်နှင့် ပြည့်စုံသော ပြပွဲပြိုင်ပွဲများဖြစ်သည့် အာလူးကောက်ပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ၊ ထုပ်ဆီး ထိုးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ အရုပ်ထုပြိုင်ပွဲ၊ ဉာဏ်စမ်းမေးခွန်းများ ဖြေဆိုခြင်း စသည့်ပြိုင်ပွဲများကို ကျင်းပခဲ့ပြီး ဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများအား ဆုချီးမြှင့်ပေး အပ်ခြင်းနှင့် အားကစားပစ္စည်းများပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးခိုင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ ထို့နောက် ကျောင်းသား/ ကျောင်းသူလေးများက ရှမ်းရိုးရာအကများဖြင့် ကပြဖျော်ဖြေခဲ့ပြီးနောက် စုပေါင်းအမှတ်တရ ဓါတ်ပုံများ ရိုက်ကူးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး၏ လမ်းညွှန်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးမှဦးစီး၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုဘဏ္ဍာရန်ပုံငွေဖြင့် တိုင်းရင်းသားရေးရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကိုဆန်းစစ်စီမံခြင်း အစီအစဉ်ကို ၂၄-၁၂-၂၀၂၄ ရက်နေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ လွိုင်မွေကျေးရွာအုပ်စု၊ ဟိုကျင်းကျေးရွာ စာသင်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျိုင်းတုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမင်းသူကအမှာစကားပြောကြားခြင်းကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့် ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးချစ်ဇော်လင်းက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေပါများပါ အချက်အလက်များ တိုင်းရင်းသားရေးရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအခမ်းအနားအစီအစဉ် ဆောင်ရွက်ရခြင်းအကြောင်းကိုလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းဖုန်းကျော်က တိုင်းရင်းသားဘာသာသင် ဆရာ/ ဆရာမ Teaching Assistant (TA)နှင့် Language Teacher (LT) များ ခန့်အပ်ထားမှုကိစ္စများနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများ အကြောင်းကိုလည်းကောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တပ်ဖွဲ့ခွဲ(၇) မူးယစ်ရဲတပ်ဖွဲ့ခွဲမှ ရဲမှူးနိုင်သိန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ အန္တရာယ်တို့ကိုလည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ ဒုတိယရဲမှူး အောင်ကျော်ဇင်က လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဆိုင်ရာကိစ္စရပ်များအကြောင်းကိုလည်းကောင်း၊ ကျိုင်းတုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိအိခိုင်က အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ ကလေး သူငယ်အခွင့်အရေး၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးကိစ္စရပ် များနှင့် လူမှုရေးပင်စင်တို့နှင့်စပ်လျဉ်းသည့် ကိစ္စရပ်များ အကြောင်းကိုလည်းကောင်း၊ ကျိုင်းတုံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးရဲဘုန်းပိုင်က ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကိစ္စရပ်များအကြောင်းကိုလည်းကောင်း အသီးသီးအသိပညာပေး ရှင်းလင်း ပြောကြားခဲ့ကြပါသည်ထို့နောက် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများကို ဒေသခံများထံ ထောက်ပံ့ ပေးအပ်ခဲ့ပြီး ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို စစ်တမ်းကောက်ယူခြင်းကို တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားသို့ ကျိုင်းတုံမြို့နယ်အတွင်းရှိ အာခါတိုင်းရင်းသား စုစုပေါင်း ၁၂၀ ဦး တက်ရောက်ခဲ့ပြီး စစ်တမ်းစောင်ရေ (၁၀၀) ကောက်ယူရရှိခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသား ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးချွန် စွမ်းရည် ပြပွဲ၊ ပြိုင်ပွဲ အခမ်းအနားကို (၁၈-၁၂-၂၀၂၄) ရက်နေ့၊ နံနက် (၇:၀၀) နာရီ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ သဲကုန်ကျေးရွာ(အထက်)၊ မူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးပြေဟိန်းနိုင်က တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အကြောင်းမိတ်ဆက်ပြောကြားခြင်းနှင့် အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက် တို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ မှော်ဘီခရိုင်ပညာရေးမှူး ဦးအေးလွင်က အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် အ.ထ.က (၂) မှော်ဘီကျောင်းရှိ ကျောင်းသား ကျောင်းသူများ ဘင်ခရာအဖွဲ့မှ ဘင်ခရာ၊ ပန်းပွားအကတို့ဖြင့် တီးမှုတ်ဖျော်ဖြေခဲ့ကြပြီး ဗလငါးတန်နှင့် ပြည့်စုံသော ပြပွဲ၊ ပြိုင်ပွဲများဖြစ်သည့် ထုပ်ဆီးတိုး၊ အာလူးကောက်ပြိုင်ပွဲ၊ အပြေး ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ဉာဏ်စမ်းမေးခွန်းများ ဖြေဆိုခြင်းစသည့် ပြိုင်ပွဲများကို ကျင်းပခဲ့ပြီး ဆုရ ရှိသည့် ကျောင်းသား /ကျောင်းသူများအား ဆုချီးမြှင့် ပေးအပ်ခြင်းနှင့် အားကစားပစ္စည်းများကို ပေးအပ်ခဲ့ရာ သဲကုန်ကျေးရွာ (အထက်) မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝိုင်းဝိုင်းက ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ ထို့နောက် ကျောင်းသား/ ကျောင်းသူ လေးများက ကရင်ဒုံးယိမ်း အကအပါအဝင် သီချင်း(၇)ပုဒ် ဖြင့် ကပြဖျော်ဖြေခြင်းနှင့် စုပေါင်း အမှတ်တရဓါတ်ပုံများ ရိုက်ကူးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးချွန် စွမ်းရည် ပြပွဲ၊ ပြိုင်ပွဲ အခမ်းအနားကို (၂၀-၁၂-၂၀၂၄) ရက်နေ့၊ နံနက် (၇:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ ဆင်ဒိုးကျေးရွာ၊ မူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအကြောင်း မိတ်ဆက်ပြောကြားခဲ့ပြီး အခမ်းအနားကျင်းပရခြင်း၏ရည်ရွယ်ချက်ကိုလည်းကောင်း၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေများ အကြောင်းကိုလည်းကောင်း၊ တိုင်းရင်းသားအချင်းချင်း အမုန်းစကားနှင့် အကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော်မှုကို တားဆီးရေးဆိုင်ရာသိကောင်းစရာများကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ခရိုင်ပညာရေးမှူး ဒေါ်ခင်စန်းရီမှ အခမ်းအနား ကျင်းပပြုလုပ်ပေးသည့်အတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ဆက်လက်၍ ဗလငါးတန်နှင့် ပြည့်စုံသော ပြပွဲ ပြိုင်ပွဲများဖြစ်သည့် အာလူးကောက်ပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ၊ ဖားခုန်ပြိုင်ပွဲ၊ ဘောလုံးဖောက် ပြိုင်ပွဲ၊ အိတ်စွပ်ပြိုင်ပွဲ ၊ ပန်းချီပြိုင်ပွဲ၊ ဉာဏ်စမ်း မေးခွန်းများဖြေဆိုခြင်း စသည့်ပြိုင်ပွဲများကို ကျင်းပခဲ့ပြီးနောက် ဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများအား ဆုချီးမြှင့်ခြင်းနှင့် အားကစားပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ကြူ က လက်ခံရယူခဲ့ပြီး တွံတေးခရိုင် ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်း ဉက္ကဌမှ စောငယ်မင်း ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ ယင်းနောက် ကျောင်းသား/ ကျောင်းသူလေးများက ကရင်ဒုံးယိမ်းအကများဖြင့် ကပြဖျော်ဖြေခြင်း၊ စုပေါင်း အမှတ်တရဓါတ်ပုံများ ရိုက်ကူးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်